အပိုင်း(၆၂)
မြက်ခြောက်အခင်းက အခုတော့ ဖျာလိုပြားချပ်လို့သွားခဲ့ပါပြီ. လင်ရှန်းကို လိန်ဖန်က နမ်းလိုက်တဲ့အချိန်တုန်းက မြက်ခြောက်ပေါ်ကို ယိုင်လဲကျသွားလို့ပါပဲ. ဒါပေမယ့် လိန်ဖန်က စိတ်ကျေနပ်မှု မရသေးပါဘူး. အနမ်းတွေကို နက်ရှိုင်းသထက်နက်ရှိုင်းလာအောင်လို့ သူလက်တွေကပါ နယ်ပယ်ချဲ့ထွင်နေခဲ့လေသည်. လင်ရှန်းရဲ့ခါးစည်းကြိုးက ပြေလျော့လျော့လာကာ သူမရဲ့ပုခုံးသားတွေကပါ ထင်းထင်းပေါ်လွင်လို့လာခဲ့သည်. ကြမ်းတမ်းတဲ့မြက်ခြောက်ဖျာကနေပြီး နာကျင်မှုအနည်းငယ်အားသူမ ခံစားလိုက်ရသည်. ဒါပေမယ့် အဲဒီနာကျင်မှုက အလေးထားခြင်းမခံလိုက်ရပေ. ထိုအခိုက်တွင်တော့ အခြေအနေတွေက ရပ်တန့်လို့မရတဲ့ပုံပေါက်နေခဲ့ကာ.....
ဒါပေမယ့် ရုတ်တရက် အရာဝတ္ထုတစ်ခုခုက သူမ နောက်ကျောကို လာပြီးထိုးနေသလို လင်ရှန်းခံစားလိုက်ရသည်. အဲဒီအရာက မြက်ခြောက်ဖျာတော့ လုံးဝမဟုတ်နိုင်ပေ. ထိုအရာက မာမာတောင့်တောင့်ကြီးဖြစ်နေတဲ့အရာတစ်ခုပင်. သူမစိတ်ထဲမှာ စတင်ပြီးတော့ရှင်းလင်းစွာသိလာခဲ့ကာ သူမက လိန်ဖန်ကို ဖွဖွပုတ်နိုးလိုက်တော့သည်။
"ခဏ...ခဏ.လေးနေပါဦး.....ဒီနားမှာတစ်ခုခုရှိနေတယ်......"
အဲလိုလုပ်လိုက်တာက လိန်ဖန်အတွက် ရပ်တန့်လိုက်ဖို့ရာ အလွန်ခက်ခဲနေခဲ့သည်. သူက စိတ်တိုသွားတော့သည်။ "အဲဒါ ဘာမို့လို့လဲ"
လင်ရှန်း က အသက်ဝဝရှူသွင်းလိုက်ပြီးတော့ ညွှန်ပြလိုက်တယ်.- "ကျွန်မနောက်ကျောကို တစ်ခုခုက လာထိုးနေတယ်" သူမက နောက်ပြန်လှည့်ကြည့်လိုက်တော့ မြက်ခြောက်ကြားထဲကနေပြီး ဖြိုးဖြိုးဖျက်ဖျက်ဖြစ်နေတဲ့အရာတစ်ခုကို သတိထားမိလိုက်ခဲ့တယ်. လင်ရှန်းရဲ့တန်ဖိုးကြီးမားတဲ့အရာတွေကို စန်းစန်းတင့်ဖြစ်မှုအပေါ်ကို အခြေခံလိုက်ရရင်ဖြင့် အဲဒီအရာက ရွှေဆိုတာ ချက်ချင်းလက်ငင်းသိလိုက်တော့တယ်!
လင်ရှန်းရဲ့မျက်လုံးလေးတွေက ရွှန်းစိုဝင်းလဲ့လို့သွားကာ အငမ်းမရလှမ်းယူလိုက်သည်. အဲဒီအရာက ရွှေဆံထိုးတစ်ချောင်းပင် ဖြစ်နေခဲ့ပေသည်! ပြီးတော့လဲ ရှားပါးကျောက်မြတ်တွေက အဲဒီအပေါ်မှာစီခြယ်လို့ထားသည်. အနုလက်ရာက လွန်စွာပင်လက်ရာမြောက်နေခဲ့သည်။
ဒါက အဖိုးတော်တော်တော်လေးတန်ရမယ်. အိုးဟိုး!.... ငါ ဒီလိုနေရာမှာတောင်မှ ရွှေရှာတွေ့နိုင်တာပဲလား!? ငါ့ရဲ့ကံဇာတာလေးက အရမ်းအရမ်းကို ကောင်းနေတာပဲကိုး!
လင်ရှန်းက ဆံထိုးပေါ်က အမှုန်တွေကို သူမပါးစပ်နဲ့ တဖူးဖူးနဲ့မှုတ်ကာ ရှင်းထုတ်လိုက်သည်. သူမက ဆံထိုးအား သူမပိုင်တဲ့ပစ္စည်းအဖြစ်နဲ့ သူမအိတ်ကပ်ထဲကို ထည့်မလိုလုပ်လိုက်တဲ့အခါမှာတော့ လိန်ဖန်က လက်လှမ်းလိုက်ကာ သူမဆီကနေ ဆံထိုးကို ယူဆောင်သွားခဲ့လေသည်။
"ဒါက လက်ဖွဲ့ထဲမှာ မပါဘူးလေ!" လင်ရှန်းက စိုးရိမ်တကြီးဖြင့် ပြန်ဆွဲယူလိုက်ရန် ကြိုးပမ်းလိုက်ခဲ့သည်။
လိန်ဖန်က သူမကို ပြန်တားလိုက်ခဲ့သည်. သူ့မျက်နှာက အလွန် လေးလေးနက်နက်ရှိသွားတဲ့ပုံဖြစ်သွားခဲ့သည်. သူက သူ့အသံကိုနှိမ့်လိုက်ကာ-
" ဒီဆံထိုးက နန်းတော်ထဲကပဲ"
'နန်းတော်ကလား' လိန်ဖန်စကားကြောင့် လင်ရှန်းတစ်ယောက် စိတ်ထဲမှာအနည်းငယ်ပင် ပဟေဠိဖြစ်လို့သွားခဲ့သည်. သို့သော်ငြားလဲ လိန်ဖန်က လေးလေးနက်နက်ပြောလိုက်ကတည်းက သူမက ပြန်အသိဝင်သွားတော့လေသည်။
'အိုး တကယ်ကြီးလား! ဒီနေရာ လူသွားလူလာနည်းတဲ့ဒေသလေ. ပြီးတော့ ဒီနေရာက ထင်းတဲတစ်တဲမှာလေ. ဘာလို့ ဒီနေရာမှာ ရွှေဆံထိုးတစ်ချောင်းက လာရှိနေတာလဲ။ ပစ္စည်းကို အကဲဖြတ်ရရင်တော့ ဒီပစ္စည်းက သေချာပေါက်ကို သာမာန်ပြည်သူတွေရှိနိုင်တဲ့ အရာမဟုတ်ဘူးပဲ. အကယ်၍များသာ လိန်ဖန်က တကယ်အစစ်လို့ပြောရင်တော့ အဖြစ်နိုင်ဆုံးက......ဒီဆံထိုးက တုမင်ယွဲ့ပိုင်တာပဲ ဖြစ်ရမယ်!'
ဒီလိုတွေးလိုက်ပြီးတော့ လင်ရှန်းက ချက်ချင်းပင် အာရုံပြန်စိုက်လိုက်ခဲ့သည်. တကယ်လို့ တုမင်ယွဲ့ပစ္စည်းက ဒီနေရာမှာ လာပေါ်လာတာဆိုတော့ အဓိပ္ပာယ်က ဒီနေရာကို သူရောက်ခဲ့တာပဲ. သတင်းပို့သမားတွေရဲ့ သတင်းပို့ချက်က တကယ်မှန်နေတာပဲကိုး.. တုမင်ယွဲ့က နဂါးနက်တောင်ကြောမှာ ရှိနေတာပဲ!
လင်ရှန်း သူမရဲ့အသက်လေးကို ဆက်ဆွဲခေါ်လိုက်ဖို့ မျှော်လင့်ချက်လေး ရှိလာသလို ခံစားလိုက်ရကာ အလောတကြီးထရပ်လိုက်မိသွားတယ်. သူမက လူအိုစုံတွဲကို မေးခွန်းထုတ်ချင်သွားတော့တယ်. ဒါပေမယ့် လိန်ဖန်က သူမကို နောက်ပြန်ဆွဲလိုက်ခဲ့သည်။
"ဘာဖြစ်လို့လဲ" လင်ရှန်းကစိတ်လှုပ်ရှားသွားကာ ဘာမသင်္ကာဖွယ်ရာကိုမှ သတိမထားမိခဲ့တာပဲဖြစ်သည်။
"တစ်ခုခုက မှားနေတယ်" လိန်ဖန်က ရှင်းပြလိုက်ခဲ့သည်. "အဘွားအိုစုံတွဲက ငါတို့ကို ပြောတာက သူတို့တွေ မင်းသမီးကို မတွေ့မိဘူးလို့ ပြောတာမို့လား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဆံထိုးက သူတို့ထင်းတဲထဲကလေ......" လင်ရှန်းရုတ်တရက် စကားကိုရပ်လိုက်ခဲ့သည်. အိုး ဟုတ်သားပဲ! ဆံထိုးက ဒီနေရာကဆိုတော့.... တုမင်ယွဲ့ကို သူမကို မတွေ့တာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ? သူတို့ လိမ်ပြောလိုက်တာပဲ!'
'ဘာလို့ သူတို့က လိမ်ပြောရတာလဲ။ သူတို့က မင်းသမီးကို ပြန်ပေးဆွဲတဲ့သူတွေများ ဖြစ်နေတာလား'
ဒီလိုတွေးလိုက်ပြီးတော့ လင်ရှန်း အလွန်မူမမှန်သလို ခံစားလိုက်ရသည်. အခုတော့ သူမဒီလိုတွေဆက်စပ်တွေးလိုက်မှ အဘွားအို သူမတို့တတွေကိုကြည့်တဲ့ပုံစံက အရမ်းထူးဆန်းနေတာပဲ. ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ တစ်ခုခုကတော့ သံသယဖြစ်စရာကောင်းနေတာပဲ. သူမက လိန်ဖန်ကို သူမတွေးမိတာပြောပြဖို့လုပ်လိုက်တော့ ချက်ချင်းပဲလိန်ဖန်က သူမပါးစပ်ကိုအုပ်လိုက်ကာ သူမအကြောအားလှမ်းပိတ်လိုက်ခဲ့သည်။
အခုတော့ လင်ရှန်းက လက်ကျန်ခွန်အားတစ်စိမှ မကျန်တော့ဘဲ သူမ ကြမ်းပြင်ပေါ်ကို သာသာလေးလဲကျသွားတော့တယ်. သို့သော်ငြားလည်း သူမစိတ်ထဲမှာတော့ သတိရှိနေတုန်းပါပဲ. လိန်ဖန်က သူမအဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင်လုပ်ပေးလိုက်ပြီးတော့ လွှားခနဲခုန်ထွက်သွားလိုက်တာကို ခံစားသိလိုက်ရသည်။
'ဘာ....ဘာတွေဖြစ်ကုန်တာလဲ'
လင်ရှန်းက မူးမေ့မတတ်ဖြစ်သွားတော့တယ်. သို့သော်ငြားလဲ သူမ ခမျှာ စကားလဲပြောလို့မရ လှုပ်လဲ လှုပ်လို့မရတော့ပါဘူး. သူမ မြေကြီးပေါ်ရှိ မြက်ဖျာပေါ်တွင်သာ တည်ရှိနေတော့သည်။
ခဏကြာပြီးနောက်တွင် တံခါးကရုတ်ချည်းပွင့်လာခဲ့ကာ တစ်စုံတစ်ယောက်က အထဲကို ဝင်လာခဲ့တယ်။
လင်ရှန်းက အကြောပိတ်ခံထားရတော့ သူမက ရွေ့လျားလို့မရခဲ့ပေ. ထိုအခိုက်တွင် ကျုးကျော်ဝင်လာသူက အခန်းထဲကို ရောက်လာကာ မီးထွန်းညှိလိုက်ခဲ့သည်။
"ကြည့်ကြည့်လိုက်ပါဦး ၊ သူက လူသေတစ်ယောက်လို အိပ်နေတယ်ဆိုတာ မင်းသေချာလိုလား?" လူအိုကြီးက
တီးတိုးပြောလိုက်ခဲ့သည်။
"ဘာမှကြည့်စရာ မလိုဘူး! ကျုပ်ရဲ့အိပ်ဆေးအငွေ့တွေကို ရှူမိတဲ့သူမှန်သမျှက တုံးလုံးပစ်လဲသွားမှာပဲ၊ နွားတစ်ကောင်တောင် ဆေးကိုခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" အဖွားအိုက မော်ကြွားစွာပြောလိုက်ကာ လင်ရှန်းကို ငုံ့ကြည့်လိုက်ခဲ့သည်။
အိပ်ဆေးငွေ့တွေ ဟုတ်လား? လင်ရှန်းစတင်ပြီးတော့ ကြောက်စိတ်ဝင်လာတော့သည်. ဒါက မှောင်ခိုဈေးကွက်က အထင်ကရလူပြောများတဲ့ဟာလိုများလား။ သူမစိတ်ထဲတွင် တွေးတောလိုက်သည်. လိန်ဖန်က အဖွားအိုစုံတွဲပြောဆိုနေကြတာကို အပြင်ဘက်ကနေပြီးတော့ အကုန်လုံးကြားနေရလေသည်. သူက ငါးစာချထားပြီးတော့ မြွေကိုတွင်းထဲက ထွက်လာအောင်လုပ်လိုက်တာပဲဖြစ်သည်။
လိန်ဖန်က သူမအနီးအနားမှာ စောင့်ကြည့်နေမှာ ကို သိနေတော့ မှောင်ခိုဈေးကွက်ကြောင့်ဖြစ်တည်လာခဲ့တဲ့ လင်ရှန်းရဲ့ကြောက်စိတ် တော်တော်များများက ပြန်ကျသွားခဲ့ကာ သူမသတိမေ့ချင်ယောင်ဆောင်ပြီးတော့ပဲ နေ နေလိုက်တော့သည်။
လင်ရှန်းကိုကြည့်ရတာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည့်ပုံပေါက်နေခဲ့တော့ အဖွားအိုစုံတွဲလဲ သူတို့အသံတွေကို ကျယ်ကျယ်လောင်လောင်ပင် ပြောနေလိုက်ကြသည်. လူအိုကြီးက ချီတုံချီချဖြစ်စွာဖြင့်- "အမယ်အိုကြီး သူက မိန်းကလေးတစ်ယောက်ဆိုတာ သေချာလို့လား။ အဲလိုမျိုးလို့လဲ မထင်ရပါဘူးဟ၊ သူ အိပ်နေတဲ့ပုံစံကို ကြည့်စမ်းပါအုံး။ ဝက်တစ်ကောင်နဲ့တောင်မှ ယှဉ်လို့ရနေပြီ၊ မြက်ခြောက်တွေကလဲ ပြန့်ကျဲရှုပ်ပွနေတာပဲ"
'ရှင်တို့ကသာ ဝက်! ရှင်တို့တစ်မိသားစုလုံးပဲ ဝက်တွေ!' စိတ်ထဲကနေပြီးတော့ စိတ်ဆိုးပန်းဆိုးဖြင့် လင်ရှန်းအော်ဟစ်ပစ်လိုက်သည်။
"ဟွန်း...! ကျုပ်ရဲ့စွမ်းရည်ကို လာသံသယမဝင်စမ်းပါနဲ့၊ ဒီအမယ်အိုကြီးက မိန်းမတစ်ယောက် အနံ့ကို ခံလိုရနေတယ်၊ ပြီးတော့ သူက အပျိုစင်တစ်ယောက်ပဲ၊ အရင်က တစ်ယောက်လိုပဲ၊ သူက ကျုပ်တို့ဆေးရည်ဖော်ဖို့ အကောင်းဆုံးပဲ"
'အမေရေ! ဒီမှောင်ခိုကုန်သည်တွေက လူသတ်ရုံသာမကဘူး သူတို့က လူတွေကို ဆေးဖော်ဖို့အတွက်ပါ ချက်ပစ်တာလား?!'
တစ်စက္ကန့်လောက်ကြာပြီးနောက် လင်ရှန်းရုတ်တရက် တစ်ခုခုက မှားနေတယ်ဆိုတာ သဘောပေါက်သွားခဲ့တယ်. အရင်တစ်ယောက်တဲ့လား? အဲဒါက တုမင်ယွဲ့များဖြစ်နေမလား'
လင်ရှန်းက မြက်ခြောက်ပုံကြားက သူမရှာတွေ့ခဲ့တဲ့ ရွှေဆံထိုးကို ပြန်စဉ်းစားလိုက်မိပြီးတော့ ချက်ချင်းပင် နေမထိထိုင်မသာဖြင့် ရင်ထိတ်သွားတော့တယ်။
တကယ်လို့ တုမင်ယွဲ့သာ ဆေးအဖော်ခံလိုက်ရရင် ဘယ်လိုဖြစ်သွားမှာလဲ' လင်ရှန်း စိတ်ထဲတွင် အလွန်ကြောက်ရွံ့တုန်လှုပ်လာတော့သည်. ပြီးနောက် သူမက အဘွားအိုရဲ့ ရေရွတ်လိုက်သံကိုကြားလိုက်ရသည်.- "လူတစ်ယောက် အပျိုစစ် မစစ်ကို မင်း က ဘယ်လိုလုပ်များ အနံ့ခံလိုက်တာလဲ။ ငါလဲ သွားပြီးတော့ စစ်ကြည့်......"
"တော့် ရဲ့ခေါင်းကိုပဲ သွားစစ်ဆေးလိုက်ပါလား! ဖောက်ပြန်ချင်တဲ့ လူအိုကြီး! ကျုပ်ကိုကြည့်ထား တော့်ရဲ့ဒုတ်ကို ဖြတ်ထုတ်ပြီးတော့ ဝိုင်အရက်ထဲကို ထည့်စိမ်ပစ်လိုက်မယ်!" အဖွားအိုကြီးက ရာဇသံပေးကာ ခြိမ်းခြောက်လိုက်တော့သည်။
လင်ရှန်းက တုမင်ယွဲ့အတွက် စိုးရိမ်ပူပန်လို့နေစဉ်မှာပဲ ခိုက်ခိုက်တုန်ရင်သွားတော့လေတယ်. အိုး.....အဘွား! အဘွားဟာက တော်တော်များ လွန်လွန်းမနေဘူးလား!
အဘွားအို မာန်မဲလိုက်တာခံလိုက်ရပြီးသည့်နောက် လူအိုကြီးက ဆိတ်ဆိတ်ငြိမ်ကျသွားတော့သည်. ခဏကြာပြီးနောက်တွင် တစ်ခုခုနဲ့ ချွန်ထက်တဲ့လက်နက်တစ်ခု ကို တိုက်သွေးနေတဲ့ အသံကို လင်ရှန်း ကြားလိုက်ရသည်. ပြီးနောက် အဘွားအိုကြီးရဲ့ရေရွတ်နေသံကို ကြားလိုက်ရသည်.-
"တော် ဘာလို့ ဒီလိုမျိုး နှေးနှေးကွေးကွေးတိုက်နေရတာလဲ? မြန်မြန်သွေးပြီးတော့ သွေးဖောက်ယူလိုက်တော့!"
'ရှင်တို့ ကျွန်မကို လာနောက်နေတာလား။ ဘာလို့ ရှင်တို့က ကျမ်းမာရေးနဲ့မညီညွတ်ဘဲ အရမ်းညစ်ညစ်ပတ်ပတ်နိုင်ရတာလဲ။ ရှင်တို့က ကျွန်မကို သန့်တောင်မသန့်ရှင်းရသေးဘဲနဲ့များ ရှင်တို့က သွေးဖောက်ထုတ်ချင်နေရတာလဲ။ ရှင်တို့ဆေးကို ဘယ်လိုလူတွေက သောက်ချင်ပါတဲ့မလဲ' စိတ်ထဲကနေပြီးတော့ လင်ရှန်းက အသံကုန်အော်ဟစ်နေလိုက်တော့သည်။
မကြာမီတွင် သူမဆီကို လျှောက်လာနေတဲ့ ခြေသံတွေကို ကြားလိုက်ရသည်. သူမက မီးရောင်အကူနဲ့ တိတ်တိတ်လေး ချောင်းကြည့်လိုက်တော့ ဓားမြှောင်တိုတစ်ချောင်းကနေ ဖျော့တော့တော့ထွက်ပေါ်လာတဲ့ အလင်းတဝင်းဝင်းလေးကို သူမ သတိထားမိလိုက်ခဲ့သည်။
လင်ရှန်းက စိတ်ထဲတွင် ကြောက်စိတ်ကြောင့် တုန်တုန်ရင်ရင်ဖြစ်နေတော့သည်. ဘာလို့ လိန်ဖန်က ပုန်းနေသေးတာလဲ။ ဟေး....ကိုကိုလေးရေ! သူတို့က ရှင့်ဇနီးလေးရဲ့သွေးကိုလိုချင်နေတယ်တဲ့!!! စိတ်ထဲတွင်တော့ လင်ရှန်းက နောက်တွန့်ကာကျုံ့ဝင်လို့သွားကာ ဓားမြောင်ကနေ အလင်းပြန်လာမှုက တစ်စထက်တစ်စ သူမနဲ့နီးကပ်လို့လာခဲ့သည်။
ချွန်ထက်သော ဓားဦးချွန်က သူမကို ထိတော့လို လုပ်လိုက်ချိန်တွင်တော့ ဓားရှည်ရဲ့အလင်းရောင်ကို ဖြတ်ခနဲကို မြင်လိုက်ရပြီးတော့ သူမရဲ့အကြောပိတ်ခံထားရတာက ပြေသွားတော့သည်. ပြီးနောက် သန်မာတဲ့အားတစ်ခုက သူမကိုဆွဲခေါ်ထူလိုက်ခဲ့ပြီးတော့ သူမကို သူ့ရဲ့နောက်ကျောသို့ ဖြည်းငြင်းစွာဖြင့်ပို့ဆောင်လိုက်ခဲ့သည်။
"ပြောစမ်း ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ" လိန်ဖန်က ရေခဲတမျှအေးစက်သော လေသံဖြင့် ပြောလိုက်တယ်. သူ့ဓားသွားက လူအိုကြီးရဲ့လည်မြို တည့်တည့်ကို ချိန်ရွယ်ထားရှိနေသည်။
လင်ရှန်းက လိန်ဖန်နောက်တွင် ပုန်းကွယ်နေခဲ့လိုက်သည်. သူမက လူအိုကြီးက ထူးဆန်းတဲ့ဓားမြှောင်တစ်ချောင်းကိုင်ထားတာကို သတိထားမိလိုက်သည်. အဲဒီဓားမြှောင်ကို ကြည့်ရတာ ဓာတ်ခွဲခန်းထဲမှာ သူမတို့သုံးလေ့ရှိတဲ့ ဟာမျိုးနဲ့များစွာဆင်တူနေခဲ့တာကို တွေ့ရသည်။
လူအိုကြီးက ကြောက်ရွံ့မှုကြောင့် တသိမ့်သိမ့်တုန်နေခဲ့သည်. သူ့အမျိုးသမီးကတော့ အံအားသင့်နေပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတာ မသိဖြစ်နေခဲ့သည်. သူမက ထိုနေရာတွင် ရပ်ပဲရပ် နေခဲ့သည်။
"ကျုပ် နောက်တစ်ခေါက်ထပ်မေးမယ်၊ ခင်ဗျားက ဘယ်သူလဲ?" လိန်ဖန်က သူ့ရဲ့ဓားရှည်ကိုရှေ့ကို ပိုတိုးလိုက်သည်. ဓားသွားက လူအိုကြီးရဲ့လည်ပင်းပေါ်သို့ ရောက်သွားတော့သည်. လူအိုကြီးက ကလေးတစ်ယောက်လိုမျိုး ဗလုံးဗထွေးဖြင့်စတင်ပြောလိုက်ခဲ့သည်.- "အမ်..အမ်....ဒီကသူရဲကောင်းက .....အဲဒါက နားလည်မှုလွဲနေတာပါ..... နားလည်မှုလွဲနေတာပါ..... နားလည်မှုလွဲနေတာပါ!!! အဖိုးတို့က မကောင်းတဲ့လူတွေ မဟုတ်ရပါဘူးကွယ်....."
တကယ်လို့ လူကသာ အသက်ကြီးနေတာ မဟုတ်ရင်တော့ လင်ရှန်းတော့ သူ့မျက်နှာကို ဖျန်းခနဲသာ ပိတ်ရိုက်ပစ်လိုက်ချင်တော့သည်။
' အဘိုး.. အဘိုးက အသက်ခုနှစ်ဆယ်ကျော်...ရှစ်ဆယ်နီးပါးရှိနေပြီနော်. ဆက်ဟန်ဆောင်မနေပါနဲ့တော့ ညလယ်ခေါင်ကြီးမှာတောင် အိပ်ဆေးငွေ့တွေလွှတ်လိုက်တာမို့လား။ ပြီးတော့လဲ ဆေးဖော်ဖို့ဆိုပြီးတော့ ကျွန်မရဲ့သွေးကို ဖောက်ထုတ်ဖို့လုပ်လိုက်သေးတယ် မဟုတ်လား။ အဘိုးက အဘိုးကိုယ်အဘိုး အပြစ်ကင်းသလိုမျိုး ဘာလို့ ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ??'
လိန်ဖန်ရဲ့ဓားသွားက တစ်လက်မချင်းနီးကပ်သွားခဲ့သည်. အခုတော့ လူအိုကြီးရဲ့လည်ပင်းတောင် ရှပ်ထိနေပါပြီ။
"တတိယအကြိမ်မေးမယ်၊ မဟုတ်ရင်တော့ ဆက်ဖြစ်မယ့်ဟာအတွက် ကျုပ်ကို အပြစ်မတင်လိုက်နဲ့!" လိန်ဖန်က သတိပေးလိုက်ခဲ့သည်။
"ကျုပ်ကို မသတ်ပါနဲ့! ကျုပ်ကို မသတ်ပါနဲ့!" လူအိုကြီးက ငိုယိုကာပြောလိုက်ခဲ့သည်။
လင်ရှန်းက လိန်ဖန်ကို အားပေးအားမြှောက် ပြုလိုက်ခဲ့သည်. "ဟုတ်တယ်၊ သူ့ကို မသတ်လိုက်ပါနဲ့ဦး၊ သူက တော်တော်အိုနေပြီပဲ၊ ရှင် လူကြီးတွေကို လေးစားတတ်ဖို့လိုတယ်လေ၊ ကျွန်မဆိုလိုတာက ရှင် သူ့ရဲ့ဒုတ်ချောင်းကို ဖြတ်ထုတ်ပစ်ပြီးတော့ အဲဒါကို ဝိုင်ထဲမှာ ထည့်စိမ်လိုက်မယ့်အစား....."
လူအိုကြီးရဲ့ခြေထောက်တွေက ကွေးညွှန့်ကျသွား၍ သူ့မှာ လဲကျလုနီးပါးတောင် ဖြစ်သွားတယ်။
ထိုအခိုက်တွင် အဘွားအိုက တုန်လှုပ်နေရာမှ ရုန်းထွက်နိုင်လိုက်သည့်ပုံပေါက်သွားက အပြေးလေးထွက်လာ၍- "ကျေးဇူးပြုပြီးတော့ စိတ်လျော့ပေးပါဦး သူရဲကောင်းကြီးရယ်! အဘွား မင်းကိုပြောပြပါ့မယ်၊ အဘွား မင်းကို အားလုံးကို ပြောပြပေးပါ့မယ်ကွယ်!"
အဘွားအိုကြီးက ပြောပြဖို့ ဆန္ဒရှိကတည်းက လူအိုကြီးကို ဒဏ်ရာရအောင်လုပ်ဖို့ပဲလိုတော့သလို သူ စိတ်ရှည်ရှည်မထားနိုင်တော့ပေ. သို့သော်ငြားလဲ သူ့ရဲ့ဓားသွားကိုတော့ လူအိုကြီးရဲ့လည်ပင်းပေါ်တွင် ထောက်ထားတုန်းပင်ဖြစ်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘာကိစ္စ ခင်ဗျားတို့က ကျုပ်တို့တွေကို ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်ဖို့ ကြံစည်ရတာလဲ? ပြီးတော့ ခင်ဗျားခုနတုန်းကပြောလိုက်တဲ့ မိန်းကလေးက ဘယ်နေရာမှာလဲ။ ရှင်းရှင်းလင်းလင်းနဲ့ အတိအကျပြောစမ်း မဟုတ်လို့ကတော့ ခင်ဗျားတို့ အဲဒီအတွက် နောင်တရနေလိမ့်မယ်"
လိန်ဖန်၏အသံနှုန်းထားက ခက်ထန်လွန်းနေခဲ့သည်။
"ငါ မင်းကို ပြောပါ့မယ်! ငါ မင်းကို ပြောပါ့မယ်ကွယ်! အဘွားအိုက တုန်တုန်ရီရီနဲ့ ပြောကြားလိုက်ခဲ့သည်။
********
End.....