Chapter 63
Viewers 11k

အပိုင်း(၆၃)


လတ်စသတ်တော့ အဘွားအိုစုံတွဲက ဒီရွာသားတွေတောင် မဟုတ်ကြပေ. တကယ်တော့ သူတို့တတွေက နယ်လှည့်သွားလာကြသောကျန်းဟူသမားတော်စုံတွဲပင်ဖြစ်ကြသည်. အမည်းရောင်သစ်တောကို သူတို့ဝင်ရောက်လာရသည့်အကြောင်းတရားက သူတို့ကို သူတို့ရဲ့ရန်သူတွေဖြစ်ကြသည့် မော်တယ်သိုင်းပညာရှင်တွေက သူတို့နောက်ကို လိုက်နေကြလို့ပဲဖြစ်သည်. အမည်းရောင်သစ်တောမှ ရွာသားတွေက သူတို့ကို ကယ်တင်ထားလိုက်ပြီးတော့ သူတို့လဲ ဒီနေရာဒေသမှာ အခြေချနေထိုင်ခြင်းဖြင့် အဆုံးသတ်သွားတာပဲဖြစ်လေသည်။


သို့သော်ငြားလဲ တစ်နှစ်ကြာပြီးနောက်တွင် ကူးစက်တတ်သည့် ထူးဆန်းသောရောဂါပိုးတစ်မျိုးက ဖြစ်ပွားလာခဲ့သည်. ရောဂါပိုးကူးစက်ကြသည့် ရွာသားအားလုံးက အဝါရောင်အစက်အပျောက်တွေ ပေါ်လာခဲ့ကာ အစက် အပျောက်ပျောက်တွေကတဖြေးဖြေးချင်းဖြင့် တစ်စတစ်စ ကျယ်ပြန့်လာကာ သူတို့ကိုယ်ခန္တာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်. ကူးစက်ခံရသူသားကောင်တွေက နောက်ဆုံးတွင် နာနာကျင်ကျင်ဖြင့် ဝေဒနာခံစားသွားရကာ သေဆုံးသွားကြတော့တယ်။


အဖွားအိုစုံတွဲက လူကောင်းပတိစင်စစ်တော့ မဟုတ်ကြပေမယ့်လဲ ရွာသားတွေ နာနာကျင်ကျင်ဖြင့် ဝေဒနာခံစားကာ သေဆုံးသွားကြရတာကို သူတို့လဲ မကြည့်ရက်ကြပေ။သူတို့က သူတို့လုပ်နိုင်သမျှအကောင်းဆုံးနည်းဖြင့် သက်သာစေနိုင်သောဆေးဝါးတစ်ချို့ကို ကြိုးစားပမ်းစားနဲ့ တီထွင်ခဲ့ကြတော့သည်. ဒါပေမယ့်လဲ ရောဂါပိုးက အလွန်ပင်ထူးခြားဆန်းပြားလွန်းလှတယ်. ဒါကြောင့်သူတို့လဲ သူတို့ရဲ့ကျေးဇူးရှင်တွေက အဝါရောင်ပြောင်းပြီးတော့ သေဆုံးသွားတာကိုသာလျှင် ကြည့်ရှုဖို့ရာ တတ်နိုင်တော့တယ်။


နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး အကုန်သေဆုံးသွားကြတော့သည်. ကလေးတွေသာလျင် ကျန်ရှိနေတော့သည်. ဖြစ်နိုင်တာက ကလေးတွေက ငယ်ရွယ်သောကြောင့် သူတို့ရဲ့ ကိုယ်ခံအားစနစ်က အားကောင်းတာကြောင့်ပင် ဖြစ်နိုင်သည်။


အဖွားအိုစုံတွဲလဲ ကလေးတွေကိုကယ်တင်နိုင်ဖို့ကို အကောင်းဆုံးကြိုးပမ်းခဲ့ကြတော့သည်. နေ့စဉ်ဆက်တိုက် လေ့လာဆန်းစစ်ခဲ့ပြီးနောက်တွင်တော့ သူတို့တွေက ရောဂါပိုးကို ပျောက်ကင်းကုသနိုင်သည့် နည်းလမ်းတစ်ခုကို နောက်ဆုံးရှာတွေ့ခဲ့ကြသည်. သို့သော်လဲ အဲဒီဆေးနည်းကို ထိရောက်မှုရှိစေဖို့အတွက်က ဆေးထဲကို လေးဆယ့်ကိုးယောက်သော အပျိုစင်သွေးကို ရောစပ်ပေါင်းထည့်ဖို့ လိုအပ်ခဲ့သည်။


လေးဆယ့်ကိုးယောက်သော အပျိုစင်သွေးကို စုဆောင်းနိုင်ဖို့ရာ သူတို့တွေက သူတို့ရဲ့မော်တယ်သိုင်းရန်သူတွေရှိရာသို့ တစ်ကြိမ်ပြန်၍ စွန့်စားခုန်ဝင်ကြရလေသည်. သူတို့တွေ လူသတ်ခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားတော့မည့် အချိန်တွင်တော့ သူတို့တွေက အပျိုစင်သွေးနှစ်ယောက်စာကိုသာလျှင် လိုအပ်နေတော့တာပဲဖြစ်သည်. ထို့ကြောင့်ပင် သူတို့လဲ ရွေးချယ်စရာမရှိတော့ဘဲ ကွဲပြားခြားနားတဲ့ အစီအစဉ်တစ်ခုကို စဉ်းစာဖို့ရာ အမည်းရောင်သစ်တောထဲသို့ ပြန်ဝင်ရောက်လာခဲ့ရတော့တာပဲဖြစ်လေသည်။


ထိုအပိုင်းရောက်ခိုက်တွင် အဖွားအိုက အသေးစိတ်ပြောပြခဲ့တယ်.- "တကယ်တော့ ငါတို့တွေက သွေးကို လက်ချောင်းထိပ်ကနေပဲ ဖောက်ယူချင်တာပါကွယ်၊ ငါတို့တွေက သူ့ကိုသတ်ဖို့ရော အခြားဘာမှလုပ်ဖို့ မစီစဉ်ထားပါဘူး၊ ငါတို့တွေရဲ့ရည်ရွယ်ချက်က ကလေးတွေကို ကယ်တင်ချင်လို့ပါ၊ ကျေးဇူးပြုပြီးတော့ ငါတို့ကို လွှတ်ပေးပါ!"


လင်ရှန်းတစ်ယောက် အလွန်ပင် အယုံကြည်မဲ့သွားတော့လေသည်. 'ဘာ.. သူတို့ကရုတ်တရက်ကြီး လူဆိုးနေရာကနေပြီး ဘယ်လိုဖြစ်ပြီးတော့ လူကောင်းတွေဖြစ်သွားကြတာတုန်း။ သူတို့က သူတို့စကားနဲ့သူတို့တော့ ပြောတာတော့ အဆင်ကိုချောနေတာပဲ. သူတို့က ကြွက်ကို ကြောင်ဖြစ်အောင် ပြောနိုင်ကြတာပဲကိုး. ငါလောင်းရဲတယ် သူတို့က မိန်းကလေးတစ်ယောက်ကိုတောင် သီလရှင်တစ်ပါးဖြစ်အောင်လို့ ပြောင်းပြောလို့ရရင် ရနေမှာ. ဒီလူတွေက လူလိမ်တွေပဲ!!!'


လင်ရှန်းက ရှေ့တိုးသွားလိုက်ကာ လူအိုကြီးဆီကနေ ဓားမြှောင်ကို ဆွဲယူလိုက်ခဲ့ပြီးတော့ မြေကြီးပေါ်သို့ဆွဲပစ်ပေါက်လိုက်ခဲ့သည်. သူမက ရက်စက်ကြမ်းကြုတ်ပုံပေါက်စွာ ဟန်ဆောင်လိုက်၍ ခြိမ်းခြောက်လိုက်တယ်.


" ကျွန်မတို့ကို လာလိမ်မနေနဲ့၊ အဲဒီအမျိုးသမီးက ဘယ်မှာလဲဆိုတာသာ ပြောစမ်း! ရှင်တို့က သူ့ကို ရှင်တို့ဆေးဖော်ဖို့ သုံးရဲတယ်ပေါ့လေ! ကျွန်မ ရှင်တို့နှစ်ယောက်စလုံးကို သတ်ပစ်ချင်လာပြီနော်!!!"


လူအိုကြီးက မျက်ရည်ရွှဲလဲ ငိုချနီးပါးဖြစ်သွားခဲ့သည်. 'အိုး....ငါမှာလဲ အရမ်းအသက်တွေ ကြီးနေပါပြီလေ...ဘာဖြစ်လို့ငါ့ကျမှ အမြဲတမ်း ဒီလိုပုံစံမျိုး အမျိုးသမီးတွေချည်းနဲ့ လာ လာတိုးနေရတာလဲ? အရင်က မိန်းကလေးနဲ့တင် ကြောက်ရတာ လုံလောက်နေပါပြီပဲကို. ဒီတစ်ယောက်က ပိုတောင်ဆိုးနေပါရောလား!'


လူအိုကြီးက ငိုသံပါစွာဖြင့် မြည်တမ်းလိုက်တော့တယ်. " မိန်းကလေး ခင်ဗျာ....ကျုပ်တို့က အမှန်တိုင်းပဲပြောနေတာပါကွယ်၊ တကယ်လို့ မိန်းကလေး ကျုပ်တို့ကို မယုံလို့ရှိရင် ကျုပ်တို့ရဲ့မြေတိုက်ထဲကို သွားစစ်ကြည့်လို့ရပါတယ်ကွယ်၊ ကလေးတွေက ကျုပ်တို့ရဲ့ဆေးကို စောင့်နေကြတုန်းပါပဲကွယ်!"


ဒီတစ်ကြိမ်တွင်တော့ သူပြောလိုက်တာက ယုံကြည့်နိုင်ဖွယ်ရာပိုကောင်းနေခဲ့သည်. လင်ရှန်းက လိန်ဖန်ကိုကြည့်လိုက်တော့ သူ ငြိမ်ငြိမ်​သက်သက်​ဖြစ်နေတာကို သတိထားမိလိုက်ပါတယ်. ထို့ကြာင့် သူမက ဆက်လက်ဖိအားပေးလိုက်တယ်.- "အဲဒီအမျိုးသမီးဘယ်နေရာမှာလဲ။ သူ့ကို ရှင်တို့ ဘယ်နေရာမှာ ဖွက်ထား​ကြလဲ?"


"ဘယ်သူကများ ဒီအမျိုးသမီးကို ဖွက်ထားနိုင်မှာတဲ့လဲကွယ်။ အမျိုးသားတစ်ယောက်က သူ့ ကို အဝေးကို ခေါ်သွားတာပါပဲကွယ်၊ သူတို့ထွက်သွားတုန်းကတောင် သူမက အဲဒီယောက်ျားကို ကိုက်တောင်ကိုက်ဖဲ့နေခဲ့တာ၊ သူ့လက်မောင်းသားတွေကအကုန်လုံးမှာလဲ သွေး​တွေလူးပလဲနေတာပဲ........." လူအိုကြီးက တသိမ့်သိမ့်တုန်စွာဖြင့် ပြန်ပြီးတွေးတောကာပြောလိုက်ခဲ့သည်။


သူ့စကားတွေအရဆိုရင်တော့ တုမင်ယွဲ့လုပ်လေ့ရှိတဲ့ပုံစံမျိုးလို့တော့ထင်ရတယ်. တုမင်ယွဲ့က ဒီဒေသပတ်လည်မှာ ရှိနေတာများလား။ ပြီးတော့ သူ့ဘေးနားမှာ အတူရှိတဲ့ယောက်ျားကရော ဘယ်သူလဲ။ သူက တုမင်ယွဲ့ကို ပြန်ပေးဆွဲသွားတဲ့သူပဲလား'


လင်ရှန်းက အဖြေမရှိတဲ့ မေးခွန်းတွေတစ်သီတစ်တန်းကြီးကို သူမစိတ်ထဲမှာတွေးနေခဲ့ကာ စိတ်ရှုပ်လာတော့သည်. သူမက လိန်ဖန်ကိုပဲ နောက်ဆုံးအချုပ်လုပ်လိုက်စေဖို့ ဆုံးဖြတ်လိုက်တော့သည်။


လိန်ဖန်က ပြတ်သားသည့်အသံနေအထားဖြင့် - "သူတို့ ဘယ်ဘက်ကို ဦးတည်သွားကြတာလဲ"


လူအိုကြီးစုံတွဲက တုမင်ယွဲ့တို့ထွက်သွားတဲ့ ဘက်ကို ညွှန်ပြလိုက်ခဲ့ပြီးနောက် လိန်ဖန်က ကျန်ရှိနေသည့် ကိုယ်ရံတော်တွေကို နိုးလိုက်ပြီးတော့ သုံးသပ်ဆွေးနွေးမှုတစ်ချို့ကိုလုပ်လိုက်ခဲ့သည်. ပြီးနောက် သူတို့က တုမင်ယွဲ့တည်ရှိနေတဲ့လမ်းကြောင်းအတိုင်း ဆက်လက်ခရီးဆက်စေလိုက်သည်။


သူတို့တွေထွက်ခွာသွားပြီးနောက်တွင် လင်ရှန်းက မိမိစိတ်နဲ့ပင် အဖိုးအိုစုံတွဲကို သူမသွေးစက်အနည်းငယ်ကို ပေးလိုက်ခဲ့သည်. အဖိုးအိုးစုံတွဲလဲ အလွန်ဝမ်းမြောက်ပျော်ရွှင်သွားကြတော့သည်။


သူတို့နှစ်ယောက် သူမတို့သွားမည့်လမ်းပေါ်အရောက်မှာတော့ လင်ရှန်းက မနေနိုင်တော့ဘဲ လိန်ဖန်ကို မေးလိုက်တော့တယ်. _ " သူတို့ ဒီလိုမျိုးအရာတွေ လုပ်တာမဟုတ်မှန်း ရှင်ကဘယ်လိုလုပ်ပြီးတော့ သိ​နေတာလဲ။ ရှင် က ကြိုပြီးတော့တော့ သိနေတာမဟုတ်ပါဘူးနော်။


"ဘယ်လိုလုပ်သိနိုင်ပါ့မလဲ" လိန်ဖန်က ပြန်ပြောလိုက်ခဲ့တယ်. "တကယ်တော့ ငါတို့တွေ သစ်တောထဲကို ဝင်လာကတည်းက တစ်ခုခုက မသင်္ကာစရာကောင်းနေတာကို ငါသိနေခဲ့ပြီးသား၊ ဒီနှစ်ယောက်ကလဲ သိုင်းပညာကို သေချာတတ်ထားကြတယ်လေ"


လင်ရှန်းက ရှင်းလင်းချက်တစ်ခုကို ဦးတည်လိုက်ခဲ့တယ်. _ "ဒါဆို ရှင်က တမင်တကာ အဖွားအိုနောက်ကိုလိုက်ပြီးတော့ သူမအိမ်ထဲကို ဝင်လိုက်တာလား"


"အင်း" လိန်ဖန်က ခေါင်းညိတ်လိုက်သည်။


"ဒီလိုဆို...သူတို့ကျွန်မတို့ကို လိမ်ပြောနေတာမဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ ရှင်ကသေချာနေတာလဲ"


"ဒါက ရှင်းပါတယ်၊ ပထမ... လူအိုကြီးရဲ့ဓားက သိပ်ချွန်ထက်မနေဘူး၊ တကယ်လို့ အဲဒီဓားနဲ့ သူတို့လုပ်ခဲ့မယ်ဆိုရင် သွေးလွှတ်ကြောတစ်ခုကိုတောင် ဖြတ်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် သူက မင်းရဲ့အသက်ကိုယူဖို့ စီစဉ်ထားတာမဟုတ်ဘူး၊ ဒုတိယက သူတို့တွေက အပေါ်ထပ်မှာအသားခြောက်တွေကို တွဲလဲချိတ်ဆွဲထားတယ်၊ ဒီလိုအသက်ကြီးနေတဲ့ လူကြီးနှစ်ယောက်က အဲဒီအသားခြောက်ကို ကိုက်နိုင်မှာမဟုတ်ဘူး၊ သူတို့တွေမှာ သွားမရှိတော့ဘူးလေ။


ပြီးတော့ သူတို့အိမ်ထဲမှာ ကလေးတွေရဲ့ရှူးဖိနပ်​တွေရှိနေတယ်..ဒီတော့ ကလေးတွေက သူတို့နဲ့အတူတူနေတယ်ဆိုတာ ငါသံသယမရှိတော့တာပဲ၊ ငါ့ရဲ့လေ့လာနိုင်စွမ်းပေါ်မူတည်ပြီးပြောရရင်တော့ သူတို့ လိမ်နေတာမဟုတ်ဘူးလို့ ငါသေချာပြောနိုင်တာပဲ"


လိန်ဖန်က သူကိုယ်တိုင်ကိုယ်ကျ ခ​ရေစေ့တွင်းကျရှင်းပြခဲ့တော့ လင်ရှန်းလည်း သူမရဲ့လူကိုသူမ ကောင်းကောင်းကြီး ဂုဏ်ယူဝင့်ကြွားစွာ ပီတိဖြစ်နေတော့တယ်. သူမက နှေးတိနှေးကန်နဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေတတ်နေစဉ်မှာတေ့ လိန်ဖန်က ဒီလောက်များပြားတဲ့ သဲလွန်စတွေကို သူ့ကိုယ်ပိုင်စဉ်းစားဆင်ခြင်နိုင်ပြီးတော့ သတိထားမိနေတာပဲ. သူက ဒဏ္ဍာရီထဲက ဘက်ပေါင်းစုံ ကျွမ်းကျင်တဲ့ ရှင်ဘုရင်တစ်ပါးများလား။ သူက အရမ်းမက်​မောချင်စရာကောင်းလိုက်တာ ! ထိုအခိုက်တွင်


လင်ရှန်းက သူမကိုယ်သူမ လေပေါ်မျောလွင့်သွားသလိုပင် ခံစားလိုက်ရသည်။


အခုကျမှပဲ အခြားလမ်းအများအပြားနဲ့ သူတို့သတ်မှတ်ထားပြီးသားနေရာတွေကို သွားစရာမလိုတော့ဘဲ သူတို့မှာ ဘယ်နေရာကိုသွားရလဲဆိုတာ သေချာသိသွား​ကြတော့တယ်. သူတို့ရဲ့ခွန်အားတွေကို မင်းသမီးကိုရှာတဲ့နေရာမှာပဲ များများအသုံးချနိုင်ဖို့အတွက် လိန်ဖန်က သူ့ရဲ့အုပ်စုကို ဖျက်သိမ်းလိုက်ခဲ့သည်. သူလိုချင်တာက သူ့လက်အောက်ငယ်သားတွေကို အမည်းရောင်သစ်တောပတ်လည်မှာရှိနေတဲ့ တခြားလူတွေအားဆက်သွယ်ပြီးတော့ အဖွဲ့သေးသေးချင်းစီကနေပြီး သူတို့က တူညီတဲ့ဘက်ကိုပဲ အားလုံးဦးတည်စေလိုက်တော့တယ်. သူနဲ့လင်ရှန်းအတွက်ကတော့ 'ဝူရင်'ရဲ့အကူအညီဖြင့် ရှာဖွေဖို့ရာ အရင်သွားနှင့်လိုက်ခဲ့သည်။


လူအိုကြီးစုံတွဲရဲ့ညွှန်ပြလိုက်မှုအရ တုမင်ယွဲ့ထွက်သွားခဲ့တာက နှစ်ရက်သုံးရက်လောက်ရှိသွားခဲ့ပါပြီ. သို့သော်ငြားလဲ အမည်းရောင်သစ်တောရဲ့မြေပြင်အနေအထားက တမူထူးခြားပြီးတော့ ကြီးမားလှသည့်သစ်ပင်တော်တော်များများဖြင့် ဖုံးအုပ်ပြည့်နှက်နေခဲ့တော့ တုမင်ယွဲ့ ဝေးဝေးလံလံတော့ မရောက်သေးမှာ ဖြစ်နိုင်ပေသည်။


မျှော်လင့်ထားသလိုပင် လိန်ဖန်နှင့်လင်ရှန်းက တစ်ရက်လောက်ရှာဖွေခဲ့ပြီးနောက်တွင် သဲလွန်စအချို့ကိုရှာတွေ့လိုက်ခဲ့သည်. သဲလွန်စတစ်ခုက အဝါရောင်ပိုးချည်မျှင်စလေးတစ်ခုဖြစ်သည်. ဒီပစ္စည်းကနန်းတော်ထဲကနေ ရောက်လာတာ သိသာလွန်းနေပါတယ်. လင်ရှန်းလဲ တုမင်ယွဲ့တစ်ယောက် အနီးအနားမှာရှိနေတယ်လို့ စိတ်ထဲမှာ ထင်နေတော့သည်။


ဒါပေမယ့် သုံးရက်မြောက်နေ့တွင်တော့ သူတို့မှာ သူတို့ကို ပေးထားတဲ့အချိန်ဆယ်ရက်ထဲမှ တစ်ရက်သာကျန်ရှိတော့သည်. တကယ်လို့များ မနက်ဖန်​ေနမွန်းတည့်ချိန်အထိ တုမင်ယွဲ့ကို ရှာမတွေ့သေးလို့ကတော့ သူတို့မှာ သစ်တောထဲကနေပြီးတော့ ပြန်ထွက်လာပြီးတော့ နန်းတော်ကိုပြန်သတင်းပို့ရမှာပဲဖြစ်သည်. အချိန်က အရမ်းကကျဉ်းထဲကျပ်ထဲရောက်လွန်းကာ တမျှော်မျှော်တလင့်လင့်နေရတာက လင်ရှန်း တဖြည်းဖြည်းဖြင့် အားပျက်လာတော့သည်။


တကယ်လို့ တုမင်ယွဲ့ကိုရှာဖို့ သူတို့ရှုံးနိမ့်ခဲ့ရင် အဲဒီနောက် သူမတို့ဘာဖြစ်မှာလဲ? အင်ပါရာရဲ့စကားအရဆိုရင်တော့ သူမတို့တစ်မိသားစုလုံးများ နန်းမြို့တော်ကနေပြီး နယ်နှင်ဒဏ်ပေးခံရလိမ့်မှာပဲလား. သူမရဲ့အဖေက သူ့ဘဝတစ်ခုလုံးကို မင်းမှုထမ်းတစ်ယောက်အဖြစ်နဲ့ပဲ မြုတ်နှံထားခဲ့ရတာ. သူ့ဘဝက သူ့သမီး​​ဖြစ်သူအတွက် ကြောင့်နဲ့ အခုလိုမျိုး စုန်းစုန်းမြုတ်သွားတော့မှာပဲလား။


သူမ အမေကျတော့ရော သူမကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘူးပဲ. တကယ့်လောကကြီးထဲက ကြမ်းတမ်းရုန်းရမ်းတဲ့အခြေအနေတွေနဲ့ သူမ နေနိုင်ပါ့မလား။


သူမ အစ်ကိုဖြစ်သူကတော့ ကောင်းကောင်းဖြတ်ကျော်နိုင်မှာပါ. ခြုံပြောလိုက်ရရင်တော့ သူ့မှာအရမ်းဆိုးဆိုးရွားရွားဖြစ်တာတောင်မှ လွတ်အောင်ရုံးနိုင်မှာပါ. ဆင်းရဲဒုက္ခအချို့တစ်လေကိုတော့ သူ ကြံ့ကြံခံနိုင်မှာပါ။


သူမကိုယ်တိုင်ကျတော့ရော.....


လင်ရှန်းက သူမရှေ့ကလူကို တိတ်တိတ်လေး ချောင်းကြည့်ပြီး အကဲဖြတ်လိုက်ပါတယ်။


တကယ်လို့ သူမသာ ထွက်သွားခဲ့မယ်ဆိုရင်... သူ...သူမနောက်ကို လိုက်ခဲ့မှာလား'


လိန်ဖန်ရဲ့လျို့ဝှက်ချက်ကို သူမရှာတွေ့လိုက်ပြီးကတည်းက လင်ရှန်းမှာ တော်တော်လေးကိုစိုးရိမ်ပူပန်နေခဲ့ရပါတယ်. ဘာလို့ဆို လိန်ဖန်က သူ့ရဲ့ခမည်းတော်အင်ပါယာဘုရင်နဲ့ သူမကြားမှာ ရွေးချယ်ခိုင်းဖို့ကိုပါပဲ. ဘာပဲဖြစ်ဖြစ် လိန်ဖန်က လိန်ခွန်နဲ့နှစ်တွေအများကြီးအတူနေလာရင်း ကြီးပြင်းလာခဲ့ရတာပဲဖြစ်တယ်. မိသားစုဆိုတဲ့ အဓိပ္ပာယ်က သူ့အတွက်တော့ အများကြီး....ဒါပေမယ့် တကယ်လို့ လိန်ဖန်က တကယ်ပဲမြို့တော်မှာ နေဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ရော....သူမတို့ရဲ့ဆက်ဆံရေးကလဲ......


ဒီလိုတွေတွေးပြီးတော့ လင်ရှန်း သူမရင်ဘတ်ထဲမှာ ဒေါသတွေနဲ့တင်းကျပ်ဆို့နင့်လာတော့တယ်. သူမက ခြေလှမ်းတွေက နှေးတုံ့ လေးပင်သွားခဲ့သည်။


လိန်ဖန်က ချက်ချင်းပင် ဒီပြောင်းလဲမှုကို သတိပြုမိသွားတော့ ချက်ချင်းပင်နောက်ပြန်လှည့်လိုက်ကာ သူမကို မေးလိုက်လေတယ်.- "တစ်ခုခုဖြစ်လို့လား"


သူတို့မျက်လုံးတွေ ဖလှယ်လိုက်မိကြတော့ လင်ရှန်းက လိန်ဖန်ရဲ့အင်္ကျီစကို ဆွဲလိုက်ကာ စိတ်ထဲတွင် ခံစားချက်တွေက ပြင်းပြလာခဲ့ကာ အော်ဟစ်လိုက်ခဲ့တော့လေသည်.- "ရှင် ရှင့်အဖေလား ကျွန်မလား ရွေးရမယ်? ရှင်တစ်ယောက်ပဲ ရွေးလို့ရမယ်၊ အခုချက်ချင်းရွေးလိုက်! အခုချက်ချင်းပဲ! တကယ်လို့ ရှင် ရှင့်အဖေကို ရွေးလို့ကတော့ ကျွန်မ ရှင့်ရဲ့ဒုတ်ချောင်းကို ဖြတ်ပစ်လိုက်မှာပဲ!"


ဒါပေမယ့် သူမက မိန်းမသဘာဝဆန်တဲ့အခြမ်းသေးသေးလေးသာ သူမဘက်မှာ ရှိခဲ့ပါတယ်. စကားလုံးတွေက သူမလည်ချောင်းထဲမှာပဲ ခဏလောက် တစ်ဆို့သွားခဲ့ပါတယ်. နောက်ဆုံးထွက်ရှိလာတဲ့ စကားလုံးကတော့ အဲဒါက အလွန်ပင် သိမ်မွေ့ညင်သာနေသည့်အသံပေါက်နေပါတယ်. – "လိန်ဖန် တကယ်လို့လေ.. အရှင်မင်းကြီးက ကျွန်မအဖေကို နယ်နှင်ဒဏ်ပေးမယ်ဆိုရင်လေ ရှင် ကျွန်မနဲ့ အတူလိုက်ခဲ့မှာလား"


လင်ရှန်းက ဒီစကားတွေကို ပြောပြီးသည့်အခိုက်တွင် သူမက ချက်ချင်းပဲ နောင်တပြန်ရသွားမိတော့တယ်. တကယ်လို့ လိန်ဖန်က သဘောတူခဲ့မယ်ဆိုရင်ရော..အဲဒါဆိုရင် ပြဿနာမဖြစ်လောက်ဘူးလား? ဒါပေမယ့် သူက မလိုက်ချင်ဘူးဆိုရင်ရော သူမ ဘာလုပ်ရမှာလဲ? ဒီလိုမျိုးတွေးလိုက်ပြီးတော့ လင်ရှန်းထံမှာ ယုန်တစ်ကောင်ခုန်ဆွခုန်ဆွပြေးနေသလိုပင် နှလုံးသားက တဒိတ်ဒိတ်ခုန်လာခဲ့တော့သည်. သူမက လိန်ဖန်ရဲ့ပါးစပ်ကနေပြီး သူ့ရဲ့တုံ့ပြန့်လာမည့်စကားသံကို ငေးကြည့်နေခဲ့တယ်. ဒါပေမယ့် လိန်ဖန်က ပြောတော့မလို့လုပ်လိုက်သည့်အခိုက်တွင်တော့ သူမက ကြားဖြတ်ကာဝင်တန့်လိုက်ပါတယ်။


"အမ်း....ကျွန်မက ဒီအတိုင်းပဲ ကြုံသလိုမေးလိုက်တာပါ၊ ရှင် ပြန်ဖြေဖို့မလိုပါဘူး၊ သွားရှာကြရအောင်....." သူမစကားမပြီးသေးခင်မှာပဲ လိန်ဖန်က သူ့လက်ချောင်းတွေကို အပေါ်မြှောက်လိုက်ပြီးတော့ သူမနှုတ်ခမ်းတွေပေါ်ပိတ်ကွယ်ထားလိုက်ခဲ့သည်။


လက်ချောင်းနှင့် နှုတ်ခမ်းသား အတူလှုပ်ရှားသွားခဲ့တော့ လင်ရှန်းတစ်ယောက် အေးခဲကာတုံ့ခနဲဖြစ်သွားတော့လေတယ်. သူမက လိန်ဖန်ကို စူးစိုက်ကြည့်လိုက်တော့သည်။


"ကိုယ် လိုက်မှာ" လိန်ဖန်က ညင်ညင်သာသာဖြင့် ပြန်တုံ့ပြန်လိုက်ခဲ့သည်. သူ့အသံက လုံးဝမထင်လိုက်ရအောင် အရင်တုန်းကထက်ညင်သာနူးညံ့နေခဲ့ပါတယ်။


********


To be continued❤❤❤


End.....