Chapter 64
Viewers 9k

အပိုင်း(၆၄)


လင်ရှန်းတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားသွားရတော့လေတယ်. သူမက အရမ်းရှားပါးလွန်းလှတဲ့ လိန်ဖန်ရဲ့အပြုံးရိပ်လေးကိုတောင် တွေ့နေခဲ့ရ​ေလသည်. မျက်နှာဖုံးတစ်ခုကသာ ဖုံးမထားခဲ့လျှင်တော့ အပြုံးတစ်ပွင့်ရဲ့စွမ်းအားကို သူမခံစားသိနိုင်မှာပဲဖြစ်တယ်. ဒီကမ္ဘာလောကကြီးထဲတွင် အအေးစက်ဆုံးသောမျက်နှာဖုံးက လိန်ဖန်တွင် ရှိနေပေမယ့်လဲ သူက သူမကိုတော့ အနွေးထွေးဆုံးသောခံစားချက်ကို ပေးစွမ်းနေခဲ့ပါတယ်. သူမက ရုတ်တရက်ကြီး ရင်ထဲမှာဖော်မပြနိုင်လောက်အောင်ကို နင့်နင့်နဲနဲကို ခံစားသွားရပါတယ်။


ဒါဟာ ပျော်ရွှင်ဝမ်းမြောက်မှုပဲလား။ သူမနှာခေါင်းထိပ်က တင်းဆို့လာပြီးတော့ သူမမျက်လုံးတွေက အနီရောင်သို့ပြောင်းလဲသွားတော့တယ်။


လင်ရှန်းက သူ့ရှေ့တည့်တည့်မှာတင် မျက်ရည်တွေတောက်တောက်ကျဆင်းနေလိမ့်မယ်လို့ လိန်ဖန်လဲမမျှော်လင့်ထားခဲ့ပေ. သူ ဘာလုပ်ရမှန်းမသိဖြစ်သွားတော့တယ်. ထိုအခိုက်တွင် သူ့မျက်နှာဖုံးကို ချွတ်ဖို့ လင်ရှန်းလက်က ရောက်လှမ်းနေခဲ့ပါတယ်။


နှစ်ပေါင်းများစွာတိုင်တိုင် အလေ့အကျင့်ရှိမှုအရပင် လိန်ဖန်က အလိုအလျောက်ပင် နောက်ကိုခြေလှမ်းတော်တော်များများ ဆုတ်လိုက်မိသွားပါတယ်။


လင်ရှန်းရဲ့လက်က လမ်းတစ်ဝက်နဲ့တင် ရပ်တန့်သွားခဲ့ရတော့တယ်. သူမက အနည်းငယ်ပင် စိတ်မသက်မသာဖြစ်သွားခဲ့ကာ.- "တစ်မျိုးမထင်ပါနဲ့.......ကျွန်မက...ရုတ်တရက်...ရှင့်မျက်နှာကိုမြင်ချင်လာလို့......"


ဒါက အမှန်ပါပဲ။ သူက သူမကို ပြုံးပြလိုက်တဲ့အခါတွင် အဲဒီအပြုံးက သူမနှလုံးသားကို မယူလိုက်သလိုပင်ခံစားလိုက်ရသည်. ဒီလိုအေးစက်တဲ့မျက်နှာဖုံးကိုတပ်ရတာ သူ့အတွက်လဲသေချာပေါက်ကို သင့်တော်မှုမရှိပါဘူး. ဘာဖြစ်လို့ သူက သူ့ရဲ့ခံစားချက်အားလုံးကို ဖုံးကွယ်ထားရမှာလဲ? သူမ မျက်လုံးထဲမှာတော့ လိန်ဖန်တစ်ယောက်သာလျှင်ရှိပါတယ်. သူ့လိုမျိုးမျက်နှာမျိုးနဲ့ လူတစ်ယောက်ရှိနေတာတောင်မှ ထိုသူက သူမနှလုံးသားထဲမှာရှိနေသည့် အထူးနေရာကိုရယူထားတဲ့ လိန်ဖန်ရဲ့နေရာမှာ အစားထိုးဖို့ မဖြစ်နိုင်ပါဘူး။


သူတို့နှစ်ယောက် မျက်လုံးချင်းဆုံမိလိုက်ကြပြီးတော့ လိန်ဖန်က လင်ရှန်းရဲ့ စိတ်ရင်းအမှန်ကြောင့် သူ့ရင်ထဲတွင်ထိရှခံစားသွားရတော့သည်. သူက မျက်နှာဖုံးကို တပ်ဆင်ထားရတာ အရမ်းအကျင့်ရနေတာကြောင့်ပင် ဖြစ်နိုင်ပါတယ်. သူဟာ သူ့လက်တွဲဖော်ရဲ့ခံစားချက်တွေကိုတော့ လုံးဝကိုထည့်မစဉ်းစားမိခဲ့ပါဘူး. မျက်နှာဖုံးတစ်ခုတပ်ထားတဲ့ ယောက်ျားတစ်ယောက်ကို အချိန်တိုင်းလိုလို ပွေ့ဖက်နမ်းရှိုက်နေရတာ သူမအတွက်တော့ စိတ်မချမ်းမြေ့စရာ ဖြစ်နေရှာမှာပဲ. သူက သူမအတွက် မျှတမှုမရှိခဲ့သူပါပဲ။


အခုတော့ လိန်ဖန်က နောက်ထပ် ထပ်ပြီးတော့ပိတ်ပင်မနေတော့ပေ လင်ရှန်းကလဲ ရဲဝံ့စွာနဲ့ပင် ရှေ့ကိုအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်လိုက်သည်. သူမက သေ​​သေချာချာလေး ဂရုတစိုက်ဖြင့် သူမ လက်ကိုရှေ့သို့လှမ်းလိုက်ပြီးတော့ သူမလက်ချောင်းတွေက သိမ်မွေ့ညင်သာစွာဖြင့် မျက်နှာဖုံးကိုထိတွေ့လိုက်ခဲ့သည်. ထူးထူးဆန်းဆန်းပင် သူမလက်တွေက တုန်ရီနေခဲ့ပါတယ်. သူမက သူ့မျက်နှာကို အရင်က မြင်ဖူးခဲ့ခြင်းမရှိသလိုပါပင် ဖြစ်နေခဲ့သည်. ဒါပေမယ့်လဲ အချို့သောအကြောင်းပြချက်တွေကြောင့် သူမ စိတ်တွေက စိတ်လှုပ်ရှားနေကာ တုန်ရီလှိုက်ဖိုနေခဲ့ပါတယ်. မတော်တဆနဲ့လိန်ဖန်ကို စိတ်ရှုပ်အောင်လုပ်မိသွားမှာကို သူမစိုးရိမ်နေခဲ့လို့ပါပဲ။


လိန်ဖန်က တုတ်တုတ်မျှမလှုပ်ရှားခဲ့ပေ. သူက အသာတကြည်နဲ့ ကြည့်ရှုနေပြီးတော့ လင်ရှန်းက သူ့မျက်နှာဖုံးကို ထိတွေ့နေတာကို ခွင့်ပြုပေးနေခဲ့ပါတယ်. သူမက ဖြည်းဖြည်းချင်းဖြင့် မျက်နှာဖုံးကို ချွတ်ယူနေသည်။


ထိုလိုမျိုးခံစားချက်တွေ ပြင်းထန်နေသည့်အခိုက်အတန့်တွင် လိန်ဖန်က သူတို့သွားနေသည့် လမ်းကြောင်းတွင် အပြန်အလှန်စကားပြောဆိုနေကြတာကို သူမတို့ကြားလိုက်ရ​ေလသည်. လိန်ဖန်က လင်ရှန်းကို သူ့လက်မောင်းထဲသို့ ချက်ချင်းပင်ဆွဲသွင်းလိုက်ခဲ့ကာ သူမပါးစပ်ကိုဖုံးအုပ်လိုက်ကာ မြေကြီးထိလုမတတ် ကုန်းငုံ့လိုက်ခဲ့သည်။


လိန်ဖန်က ရုတ်တရက်ကြီး သူမကိုဆွဲလိုက်သည့်အချိန်တွင်တော့ လင်ရှန်းရဲ့လက်တွေက လိန်ဖန်မျက်နှာဖုံးပေါ်မှာပဲရှိနေပါသေးတယ်. သူမက ကြက်သေ သေသွားခဲ့ကာ လိန်ဖန်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်လိုက်ခဲ့သည်. လိန်ဖန်က 'အသံတစ်ချက်မှမထွက်နဲ့လို့' လို့အမူအရာလုပ်ပြကာ သူ့ရဲ့နားကို ညွှန်ပြလိုက်ခဲ့သည်။


လင်ရှန်းကလဲ ဉာဏ်ပြေးတဲ့သူဖြစ်ပြန်တော့ လိန်ဖန် သူမကို နားစွင့်စေချင်မှန်း သဘောပေါက်လိုက်ခဲ့သည်. ထို့ကြောင့် သူမလဲ ဆိတ်ဆိတ်ပင်နေလိုက်တော့ပါတယ်. ခဏလေးအတွင်းမှာပဲ သူမက သူမနားထဲကို စကားခွန်း​ကြီးခွန်းငယ်တုံ့ပြန့်ကာ စကားများရန်ဖြစ်နေကြသည့်အဖြစ်ပျက်တစ်ခုကို ကြားလိုက်ရသည်. အသံတွေက တဖြည်းဖြည်းနဲ့နီးလာတာနဲ့အမျှ အသံကပိုမိုကြည်လင်လာကာ ပြတ်သားစွာကြားလာခဲ့ရသည်။


"မင်း ငါ့ကို ဒေါသထွက်လို့ ပြီးပြီလား မိန်းကလေး။ ငါ့ကို သတိထားနေနော် ငါမင်းကို ပြန်ရိုက်လိုက်မှာနော်!"


"ရှင် က ဒီမင်းသမီးကို ရိုင်းစိုင်းရဲတယ်ပေါ့လေ။ ကျွန်မ ရှင့်ရဲ့ဒုတ်ချောင်းကို ဖြတ်ထုတ်ပစ်လိုက်မယ်!"


(အဲဒီစာသားက တော်တော်ခေါတ်စားတယ်နော်😂)


"ဘာဖြစ်လို့ ငါမလုပ်ရဲရမှာလဲ။ မင်းမှာ အစွမ်းရှိရင် ကြိုးစားကြည့်လိုက်လေ! မင်းကလေ တော်တော့်ကို ဆိုးဆိုးရွားရွား စိတ်ကြီးဝင်နေတဲ့ မိန်းကလေးပဲ! မင်းဟာလေ ဘယ်လိုမျိုး ကြီးတောင့်ကြီးကျယ်တွေပဲပြောဖို့ပဲသိတဲ့.....အမေရေ!!! မင်း ငါ့ကို ထပ်ပြီးကိုက်လိုက်ပြန်ပြီ! ငါ မင်းကို ရိုက်မိလိုက်တော့မယ်နော်!"


"ဝါး ..... အားနည်းတဲ့အမျိုးသမီးကို လာအနိုင်ကျင့်နေတယ်၊ ထုံထိုင်းတဲ့ကောင်စုတ်၊ ရှင်က အရှက်မရှိတဲ့သူ! ကျွန်မကို ရိုက်လေ! ကျွန်မကို သေအောင်သာရိုက်ပစ်လိုက်! သနားဖို့ကောင်းလိုက်တဲ့ ငါ့ဘဝ၊ ငါ့မှာ ဆိုးရွားတဲ့ဘဝ ရှိနေတာပဲ၊ အဲဒါက ရှင်ကျွန်မကို ခေါ်လာလို့ပဲ၊ ဝါး....." သူမက ဝမ်းနည်းပက်လက် အော်ဟစ်ငိုကြွေးလိုက်တော့တယ်။


"အာ....မငိုပါနဲ့! ကိုယ်က တုံးအတဲ့သူပါ! ကိုယ့်မှာ အရှက်လဲမရှိပါဘူး၊ ကျေးဇူးပြုပြီးတော့ ကိုယ်တောင်းပန်ပါတယ်ကွာ၊ မငိုပါနဲ့တော့! ထိုသူက ခယစွာဖြင့် ချော့မြူလိုက်ခဲ့သည်။


"ဝါး.......!!"


"မငိုနဲ့တော့နော်! ကိုယ် မင်းကို


ဝက်ကောင်လုံးကင်ပေးမယ်ဆိုရင်ရော ဘယ်လိုနေမလဲဟင်"


"ဝူး..! ကျွန်မ ဝက်ကောင်လုံးကင် မလိုချင်ဘူး! ကျွန်မ ယုန်ကောင်လုံးကင်ပဲ လိုချင်တာ!


"အင်းပါ..အင်းပါ.... ယုန်ကောင်လုံးကင်ဆိုလဲ ယုန်ကောင်လုံးကင်ပဲပေါ့....."


ဒီအသံက တုမင်ယွဲ့အသံ သေချာနေတာပဲ! လင်ရှန်းက ဝမ်းသာပျော်ရွှင်မှုနဲ့အတူ ဒေါသတွေကပါ ရောယှက်လို့နေခဲ့ပါတယ်. သူမ ဝမ်းသာရတာကတော့ နောက်ဆုံးတော့ တုမင်ယွဲ့ကို ပြန်ရှာတွေ့ခဲ့လို့ပါပဲ! ဒါပေမယ့် ဒေါသထွက်ရတာကတော့ သူမမှာ စိတ်ဒဏ်ရာတွေ များစွာရခဲ့လို့ပါပဲ. ဒီမိန်းကလေးက


ဒီနေရာမှာလာပြီးတော့ ဝက်ကောင်လုံးကင်နဲ့ ယုန်ကောင်လုံးကင်တောင် လာရွေးနေသေးတယ်. ဒါတော့ တော်တော့်ကို မတရားဘူး..လက်လဲလက်ခံလို့မရဘူးပဲ!


လင်ရှန်းက ဒေါသငွေ့တွေက တဟွမ်းဟွမ်းဆူပွက်လာခဲ့တော့သည်. သူမက သူမရဲ့ပစ်မှတ်ကို အပြေးအလွှားသွားဖမ်းဆီးမယ်လို့ လုပ်လိုက်သည့်အခါတွင်တော့ လိန်ဖန်က သူမကို တားလိုက်ခဲ့သည်။


လိန်ဖန်က သူမကို "ငြိမ်ငြိမ်နေ စိတ်မလှုပ်ရှားနဲ့" အကြည့်တစ်ချက်ပေးလိုက်ခဲ့သည်. တစ်ချိန်တည်းမှာပဲ သူက သူ့ဓားရှည်ကို မြဲမြဲဆုပ်ကိုင်၍ အာရုံစိုက်ကာ ရှေ့ကိုတည့်တည့်ဘဲဦးတည်လိုက်ခဲ့သည်. သူက ကျားသစ်တစ်ကောင်လိုမျိုးပင် သူ့ရဲ့သားကောင်ကိုစောင့်ဆိုင်းနေလိုက်ခဲ့သည်။


သူတို့နှစ်ယောက် စောင့်နေကြစဉ်တွင် အကြီးနဲ့အသေးပုံရိပ်တစ်ခုက သူတို့ရဲ့မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်. လင်ရှန်း သူတို့ကို မြင်လိုက်သည့်အချိန်တွင်တော့ သူမမှာ သွေးပင်အန်ထွက်မတက် ဖြစ်သွားခဲ့ရသည်။


'ဘယ်လို ဝဋ်ကြွေးမျိုးလဲဟ!? အဲဒါက ဟယ်လောင်စန်းမဟုတ်လား။ တောင်ပေါ်ဓားပြတစ်ကောင်က တုမင်ယွဲ့နဲ့ ဘာဖြစ်လို့အတူတူရှိနေရတာလဲ။ သူ့ရဲ့အလုပ်ဟောင်းကို သူသတိရပြီးတော့ နန်းတော်ထဲကိုဝင်ပြီးတော့ လူတစ်ယောက်ကို နောက်တစ်ခေါက်ထပ်ပြီးတော့ ပြန်ပေးဆွဲခဲ့ပြန်တာပဲလား'


လင်ရှန်းတစ်ယောက် အတွေးတွေနဲ့စိတ်ရှုပ်နေစဉ်မှာပဲ လိန်ဖန်က သူ့ရဲ့ဓားရှည်ကို ဆွဲထုတ်လိုက်၍ တရကြမ်းထွက်သွားလိုက်တော့တာပါပဲ။


ဟယ်လောင်စန်းက သစ်တောအလယ်ထဲကနေပြီးတော့ လူတစ်ယောက်က ဒုန်းစိုင်းကြီးပြေးထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး သူ ရှော့ရသွားခဲ့သည်. သူ အနီးကပ်ကြည့်မိသွားတော့ သူ့လိပ်ပြာဝိဉာဏ်ပင် လွင့်ထွက်မတတ်ဖြစ်သွားခဲ့ရတော့သည်။


'ဘာဖြစ်လို့ ဒီမျက်နှာဖုံးကောင်ပဲ ထပ်ဖြစ်နေရတာတုန်း။ အရင်တုန်းကလဲ ဒီကောင်က ငါ့အနာဂတ်ဇနီးလောင်းကို အဝေးခေါ်ပြေးသွားခဲ့တယ်. ဒီတစ်ခါကျပြန်တော့လဲ သူက ဒီဒေါသကြီးတဲ့မိန်းမကိုလဲ ယူချင်နေပြန်တာပဲလား။ ဒီကောင် ငါ့ကို အသက်ရှင်ဖို့ နေရာလေးတစ်ခုတောင် မပေးချင်တော့ဘူးလား!


ဟယ်လောင်စန်းရင်ထဲတွင် ချဉ်စူးသွားခဲ့ကာ သူ့ရဲ့လက်နက်ကိုတော့ မထုတ်ယူလိုက်ခဲ့ပေ. မထုတ်ဘဲနဲ့ သူက တုမင်ယွဲ့ကောက်ပွေ့ချီပြီးတော့ သုတ်တင်ပြေးသွားတော့လေသည်။


လင်ရှန်းက ကြောင်အသွားခဲ့တော့သည်. ရှင် ကျွန်မကို ကြံဖန်ဖန်လာနောက်နေတာလား။ သူက ယုန်နှစ်မှာ မွေးလာတာပဲ ဖြစ်ရမယ်. သူ့ကိုကြည့်ရတာ ဝက်ဝံတစ်ကောင်လို ကြီးကောင်ကြီးမားဖြစ်နေပြီးတော့ သူက ယုန်တစ်ကောင်ထက်တောင်မှ ပြေးတာမြန်နေသေးတယ်!


တုမင်ယွဲ့ကတစ်ယောက် မြင်ကွင်းထဲကနေ ပျောက်လုနီးပါးဖြစ်သွားခဲ့ပါတယ်. လင်ရှန်းလဲ နောက်ဆုံးအသိပြန်ကပ်သွားပြီးတော့ သူမလဲ ပြေးလိုက်သွားရန် ဆုံးဖြတ်လိုက်ခဲ့သည်။


"ဒီမှာ နေနေခဲ့!" လိန်ဖန်က ချက်ချင်း သူမကို တားလိုက်ခဲ့သည်. သူက လေထဲသို့ ဝဲပျံတက်သွားခဲ့ပြီးတော့ ဟယ်လောင်စန်းထွက်ပြေးသွားတဲ့ဘက်ကို ဦးတည်သွားလိုက်သည်. စက္ကန့်အနည်းငယ်အတွင်းပင် သူက ပျောက်ကွယ်သွားခဲ့တော့သည်။


လင်ရှန်းက သိုင်းပညာလဲ မတတ်ခဲ့တော့ သူမလဲ နာနာခံခံနဲ့ပဲ လိန်ဖန်စကားကို နားထောင်လိုက်ခဲ့သည်. သူမ နေရာမှာပဲ နေနေလိုက်ကာ လိန်ဖန်တစ်ယောက် တုမင်ယွဲ့ကိုပြန်ခေါ်လာနိုင်အောင်ပဲ ဆုတောင်းနေလိုက်တော့သည်. အဲလိုမှ မဟုတ်ရင်တော့ သူမတော့ ကြမ္မာဆိုးဝင်တော့မှာပဲ ဖြစ်​ေလသည်။


ကံမကောင်းတာကတော့ လိန်ဖန်ရဲ့ပျံသန်းနိုင်တဲ့စွမ်းရည်က ဟယ်လောင်စန်းနဲ့ တစ်တန်းတည်းနီးပါးဖြစ်သော်လဲပဲ သစ်တောနဲ့သူနဲ့က အစိမ်းသက်သက်ဖြစ်နေခဲ့ပါတယ်. သိထားရမှာက ဟယ်လောင်စန်းက ဒီနေရာမှာ တောင်ပေါ်ဓားပြအဖြစ်နဲ့နေလာခဲ့တာက ဆယ်စုနှစ်တစ်ခုတောင် ရှိတာပဲဖြစ်ပေသည်. သူက တောင်တစ်တောင်လုံးနီးပါးမှာရှိတဲ့ မြက်ပင်တိုင်း သစ်ပင်ကြီးတိုင်းကို သူသိနေတာပဲဖြစ်လေတယ်. ရှောင်တိမ်းထွက်ပြေးသွားဖို့က သူ့အတွက်တော့ သေချာပေါက် လွယ်လွယ်လေးဖြစ်နေလေသည်။


လိန်ဖန်က သူ့နောက်ကို နေ့တစ်ဝက်နီးပါးလောက် လိုက်နေခဲ့ပေမယ့်လဲ ဟယ်လောင်စန်းကို ရှာမတွေ့ခဲ့ပေ. သူက ဆက်ပြီးတော့ ရှာချင်ပေမယ့် နေလုံးက စတင်ဝင်နေခဲ့သည်. အမည်းရောင်သစ်တောက နန်းမြို့တော်နဲ့တော့ နိုင်းယှဉ်လို့မရပေ. နေဝင်သွားလိုက်တာနဲ့ တောကောင်တွေက ထွက်လာတော့မှာပဲ ဖြစ်လေသည်. လင်ရှန်းကလဲ တစ်ယောက်တည်းကျန်နေတော့ သူ့အတွက်ဆို အတော်လေးအန္တရာယ်ရှိတာပဲဖြစ်သည်. ထိုသို့တွေးလိုက်ခဲ့ရင်းဖြင့် လိန်ဖန်က ပြန်လှည့်ပြီးတော့ လင်ရှန်းကို​​​ပြန်ရှာလိုက်ဖို့ပဲ စိတ်ပိုင်းဖြတ်လိုက်တော့တယ်။


ထိုအချိန်တွင်တော့ လင်ရှန်းတစ်ယောက် သစ်ပင်ကြီးတစ်ပင်အောက်တွင် ထိတ်လန့်တစားစားဖြစ်လို့နေပါတယ်. ကောင်းကင်က တဖြည်ဖြည်းနဲ့မှောင်ရိပ်သန်းလာခဲ့ကာ သစ်တောပတ်ဝန်းကျင်ပတ်လည်က အလင်းရောင်ကလဲ မှောင်မည်းသထက်မည်းလာခဲ့သည်. သူမပတ်ပတ်လည်မှာရှိနေသော သစ်ပင်တွေအားလုံးကလဲ မှောင်ရိပ်ခိုလာခဲ့သည်. လိန်ဖန်ကိုတော့ ဘယ်နေရာမှ မမြင်ရသေးချေ။


လင်ရှန်းတစ်ယောက် 'ဝူရင်'ရဲ့မြင်းဇာတ်ကြိုးကို ကိုင်ဆွဲထားကာ ထိတ်လန့်နေတော့သည်. သူမက နံပါတ်တွေကို တစ် နှစ် သုံး လေး စတင်ပြီးတော့ ရေတွက်နေခဲ့တော့သည်။


နံပါတ် တစ်ရာထိအောင် ရေပြီးနောက် လိန်ဖန်က ထွက်ပေါ်လာတော့သည်။


သူမ လိန်ဖန်ကို မြင်လိုက်သည့်အချိန်တွင်တော့ လင်ရှန်းက အလောတကြီးဖြင့် လိန်ဖန်ထံကို ပြေးသွားခဲ့ကာ.-


"သူတို့ကို ရှာတွေ့လားဟင်"


လိန်ဖန်က သူ့ခေါင်းကို ခါရမ်းလိုက်ပြခဲ့သည်။


လင်ရှန်းရဲ့စိတ်က ဟိုးကျောက်တုံးအောက်ဆုံးသို့ ထိတိုက်မိသွားတော့​ေလတယ်. နတ်ဘုရားတွေက သူမကို တကယ်ပဲသေစေချင်နေတာများလား? ကိုယ့်ရဲ့နှုတ်ခမ်းအောက်ကို ရောက်နေတဲ့ ဘဲတစ်ကောင်က အဝေးကိုထွက်ပြေးသွားခဲ့တာလား. သူမက သူမရဲ့တာဝန်ကို ပြီးမြောက်လုနီးပါးဖြစ်နေခဲ့တာလေ...ဒါပေမယ့် တုမင်ယွဲ့ကတော့ လွတ်သွားခဲ့ပြန်ပီပေါ့!


"စိတ်မပူပါနဲ့၊ ဟယ်လောင်စန်း ထွက်ပြေးနိုင်တာတောင်မှ ငါတို့က မင်းသမီးကိုပြန်ပေးဆွဲသွားတာ ဘယ်သူဆိုတာ သိရပြီပဲ..ငါတို့ သူ့ကိုပြန်ရမှာပါ" လိန်ဖန်က နှစ်သိမ့်သလို ပြောလိုက်ခဲ့သည်။


လင်ရှန်းလဲ စိတ်ဓာတ်ကျစွာဖြင့် - "ဒါပေမယ့် ကျွန်မတို့တွေ သူတို့ကို မနက်ဖန်ရှာလို့ မရတော့ဘူးမို့လား၊ အရှင်မင်းမြတ်က ကျွန်မတို့မိသားစုကို ကျိန်းသေပေါက် အလွတ်ပေးမှာ မဟုတ်ဘူး၊ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ......ကျွန်မတို့ ဘာတွေဆက်လုပ်ကြမလဲ...."


"အဲလိုလဲ မဟုတ်သေးပါဘူး၊ မျှော်လင့်ချက်တော့ ရှိပါသေးတယ်......." လိန်ဖန်က သူမကို အားပေးလိုက်ခဲ့ပါတယ်. ရုတ်တရက် လေထုထဲတွင် အချက်ပြမီးကျည်ပန်းအလင်းရောင်က ရှူးခနဲဆို ထွန်းလင်းလာခဲ့သည်. ထိုအလင်းရောင်က ရှာဖွေနေကြသောသူတို့အဖွဲ့ရဲ့ အသိပေးချက်တစ်ခုပင်ဖြစ်သည်။


'သူတို့ တုမင်ယွဲ့နေရာကို တွေ့နေပြီလား? နောက်ထပ်တစ်ကြိမ်ပင် မျှော်လင့်ခြင်းရောင်ခြည်က လင်ရှန်းရဲ့နှလုံးသားနှင့်အတူ လင်းလက်လာခဲ့တော့သည်. သူမက လိန်ဖန်၏မျက်လုံးထဲကို ကြည့်ရှုလိုက်ခဲ့ကာ သူတို့နှစ်ယောက်သားလဲ သူမတို့အဖွဲ့နဲ့ချိန်းဆိုထားကြတဲ့နေရာကို ဦးတည်လိုက်ကြတော့တယ်။


အံအားသင့်စရာကောင်းတာက အချက်ပြချက်က တုမင်ယွဲ့ကြောင့် မဟုတ်ခဲ့​ပြန်ပေ. ထိုအစား နန်တော်ထဲမှ သတင်းပို့ချက်တစ်ခု ဖြစ်လို့နေသည်. သတင်းကတော့ အင်ပါယာဘုရင်ကြီး အသည်းအသန်နေထိုင်မကောင်းဖြစ်နေလို့ပါပဲ!


အင်ပါယာက အသည်းအသန်နေထိုင်မကောင်းဖြစ်နေတယ်။ ဘာလို့လဲ။ ဒါက အရမ်းရုတ်တရက်ဆန်မနေဘူးလား! စစဦးဆုံးတော့ လင်ရှန်းက ဒီသတင်းကို မယုံကြည်ခဲ့ပါဘူး. သူတို့တွေ နန်းတော်ကို ပြန်ရောက်ပြီးတော့ တော်ဝင်သမားတော်တွေ ဟိုပြေးဒီပြေးဖြင့် ရန်ရင်းဆန်ခတ်ဖြစ်နေတာကို သူတို့တွေ့လိုက်သည်တွင်မှ သူတို့တွေက အင်ပါယာဘုရင်ကြီးက အမှန်တကယ် မကျမ်းမမာဖြစ်နေသည်ကို လက်ခံလိုက်ရတော့သည်။


ဒါပေမယ့်လဲ ဘယ်လိုလုပ်ပြီးတော့ ဘုရင်ကြီးက ဘယ်နေရာကနေ ဘယ်လို နေထိုင်မကောင်း ဖြစ်သွားရတာလဲ။ သူမ နန်းတော်ထဲက မထွက်ခွာခင်တုန်းကတောင် အင်ပါယာက သူမကို ဆင့်ခေါ်ပြီးတော့ ဆူပူကြိမ်းမောင်းနေတာပဲမဟုတ်လား. အဲဒီအချိန်တုန်းကတော့ သူ့မှာ မကျမ်းမာဘူးလို့ တစ်စက်လေးမှတွေးထင်စရာ မရှိဘူးပဲမို့လား. တစ်ခုခုကို ငါးစာချတာများ ဖြစ်နေမလား။


လင်ရှန်း သူမရင်ထဲက သံသယတွေကို အသာထားပြီးတော့ စိတ်သက်ရာရလို့နေပေသည်. ဘာလို့လဲဆိုတော့ အင်ပါယာက အရမ်းမကျမ်းမမာဖြစ်နေတာနဲ့ အရာအားလုံးက ဆက်စပ်နေလို့ပါပဲ. ရှာဖွေထောက်လှန်း​နေမှုအားလုံးက ယာယီရပ်နားထားလိုက်ရပါတယ်။


ရှောင်လုစကားအရဆို အင်ပါယာရဲ့ဖျားနာမှုက ရုတ်တရက်ကြီးကောက်ခါငင်ကာ ထဖြစ်တာဆိုပဲ. သူက သူမတို့နန်းမြို့တော်က ထွက်သွားတဲ့ညမှာပဲ ဖျားနာခဲ့တာဖြစ်သည်. နောက်တစ်နေ့ရောက်တော့ သူကလမ်းပင်ထလျှောက်ဖို့ အင်အားမရှိတော့ဘူးတဲ့. သူ့အခြေအနေက တဖြည်းဖြည်းဆက်ဆိုးရွားလာပြီးတော့ မနေ့ကပဲ အင်ပါယာက သတိလစ်မေ့မြောလဲကျသွားခဲ့သည်လို့ ကြားရသည်။


ရှောင်လုစကားကို ကြားလိုက်ရတော့ လင်ရှန်းစိတ်ထဲမှာ ရောထွေးကာ အကုန်ရှုပ်ထွေးသွားတော့လေတယ်. တစ်ဖက်မှာတော့ သူမက ပျော်ရွှင်နေရလေသည်. ဘာဖြစ်လို့လဲဆိုတော့ အခုဆို သူမအဖေက နယ်နင်ဒဏ်ပေးခံရစရာမလိုတော့ဘူးပဲလေ. အခြားတစ်ဖက်မှာတော့ သူမက စိုးရိမ်ပူပန်နေရရှာသည် ဘာဖြစ်လို့လဲဆိုတော့ အင်ပါယာက လိန်ဖန်ရဲ့အဖေပဲ မဟုတ်လား. တကယ်လို့ တစ်စုံတစ်ခုများ သူ့ဆီမှာဖြစ်သွားခဲ့ရင် လိန်ဖန်လဲ စိတ်ဆင်းရဲရရှာမှာပဲမဟုတ်လား။


ပြီးတော့လဲ အင်ပါ။ဘုရင်ကြီး ဖျားနာမှုနဲ့ ပတ်သတ်ပြီးတော့ လင်ရှန်းမှာ အလွန်တရာကိုထူးဆန်းတဲ့ခံစားချက်တစ်ခုက ရှိနေခဲ့ပြန်ပါတယ်. လျို့ဝှက်ထားတဲ့ ပူးပေါင်းကြံစည်မှုမျိုးများ ဖြစ်လိမ့်လေမလားပဲ. အရာအားလုံးက ဖြစ်နိုင်ချေရှိနေလေတယ်. အန္တရာယ်ဆိုတာက အမြဲတမ်းလိုလိုပင် မမျှော်လင့်ထားသည့်အချိန်တွင်မှ ဖြစ်ပေါ်လာတတ်သည်မဟုတ်ပါလား. နည်းနည်းလောက်သတိပိုထားတာက ဆိုးဝါးတဲ့အရာတစ်ခုတော့ မဖြစ်စေနိုင်မှာပင်။


To be continued❤❤❤


နောက်တစ်ခန်းဆိုရင်တော့ မင်းသားကြီးဖြစ်တဲ့တုရီအကြောင်းက စပါလာပါပြီ..


********


End......