Chapter 65
Viewers 9k

အပိုင်း(၆၅)


ရက်အနည်းငယ်ကြာပြီးနောက်တွင် အင်ပါယာ၏ဖျားနာမှုက ထိန်းချုပ်လို့ရနိုင်သော အခြေအနေသို့ပြန်ဖြစ်သွားခဲ့ပြန်သည်. သို့သော်ငြားလဲ သူ့ရဲ့အခြေအနေက ဆိုးရွားနေတုန်းပင်. တော်ဝင်သမားတော်တွေက သူတို့ရဲ့မျက်နှာပေါ်တွင်စိုးရိမ်ကြောင့်ကြနေပုံပေါက်နေမှုများနှင့်အတူ အင်ပါယာရဲ့နန်းဆောင်ပတ်ဝန်းကျင်တွင် ပြေးချည်လွှားချည်လုပ်လို့နေကြတာကို တွေ့မြင်နေကြရတာက သူ့တို့တွေရဲ့ဆေးကုသဆောင်တစ်ခုလုံးပင် အင်ပါယာနန်းဆောင်တော်ထဲသို့ ရွေ့ပြောင်းရောက်ရှိနေကြသလိုပင်။


ထိုကဲ့သို့ အရေးပေါ်နေချိန်တွင်တော့ လင်ရှန်းက သူမနေရာမှာသူမ သိုသိုသိပ်သိပ်ဖြင့် ကုပ်နေရမယ်ဆိုတာ သူမသိပါတယ်. သူမက သူမရဲ့ကိုယ်ပိုင်နန်းဆောင်ထဲမှာပဲ နေ နေခဲ့ပါတယ်. တကယ်လို့ သူမက တစ်စုံတစ်ခုကို ပြုလုပ်ချင်တယ်ဆိုရင်တောင်မှ သူမက ရှောင်လုကို သူမအတွက် သွားလုပ်ခိုင်းပါတယ်. သူမက ရှောင်လုကို အတွင်းသတင်းတွေကို ပိုပြီးတော့ရအောင်လဲ သွားရှာခိုင်းလိုက်သည်. ရှောင်လုကလဲ လေရှည်ပြီးစပ်စပ်စုစုနိုင်တဲ့ကောင်မလေးဖြစ်ပြန်တော့ တစ်ချို့သတင်းတွေကို အသေးစိတ်ကအစ တိတိကျကျပင် တူးဖော်နိုင်ခဲ့သည်။


"ကြင်ယာတော်မင်းသား... အခုဖြစ်နေတဲ့ အရှင်မင်းမြတ်ရဲ့ဖျားနာမှုက အရမ်းထူးဆန်းလွန်းနေတယ်ရှင့်!" ရှောင်လုက လင်ရှန်းအနားကိုကပ်ခါ တီးတိုးပြောလိုက်သည်။


"တုံးလိုက်တာ ၊သေချာပေါက်ကို ထူးဆန်းတာပေါ့! မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဒီလောက်မြန်မြန်ကြီး နေမကောင်းဖြစ်မှာလဲ!? အဓိက အချက်ကိုသာ ပြောစမ်းပါ!" လင်ရှန်း လောလိုက်ခဲ့သည်။


"ကြင်ယာတော်မင်းသား၊ စိတ်အေးအေးထားပါဦး! အလျင်မလိုပါနဲ့၊ ဒီအစေခံကို ဖြေးဖြေးသက်သာပဲ ပြောခွင့်ပေးပါ၊ သတင်းအရဆိုရင်တော့ မနေ့တုန်းကပေါ့ နေက သာသာယာယာရှိ ပြီးတော့ လေညင်းလေးတွေကလဲ တဖြူးဖြူးနဲ့ ၊ သာယာတဲ့ လေညင်းလေး...နဲ့ ငှက်ကလေးတစ်ကောင်ကလဲ သစ်ပင်ပေါ်မှာ ကျီကျီကြာကြာနဲ့ ......"


"လိုရင်းအချက်ကိုသာ ပြောလိုက်စမ်းပါ!"


"မလောပါနဲ့ဦး.! ကျွန်တော်မျိုးမ ပြောပြပါ့မယ်ဆို၊ ဟွန့်.. ကျွန်တော်မျိုးမ ပြောနေတာ ဘယ်နားမှာ ရပ်လိုက်တာလဲ။ အမ်း..... ကျွန်တော်မျိုးမ အစကနေပြန်ပြီးပြောမယ်၊ မနေ့တုန်းက နေကသာပြီးတော့ လေပြေတွေကလဲ တဖြူးဖြူးတိုက်နေတယ်၊ လေပြေလေညင်းတွေကလဲ သာသာယာယာနဲ့...."


လင်ရှန်းတစ်ယောက် သွေးတစ်ပွက်ပင် အန်ထွက်လိုက်ချင်တော့သည်။


နောက်ပိတ်ဆုံးမှာတော့ ရှောင်လုက အဓိကဆိုလိုရင်းအချက်ကို ရောက်သွားတော့​ေလသည်. သူမ တော်ဝင်ဆေးသမားတော်ဌာနကို သွားတဲ့လမ်းမှာ တော်ဝင်သမားတော်နှစ်ဦးက အင်ပါယာရဲ့ဖျားနာမှုကို ခေါင်းချင်းဆိုင်တိုက်ပြီး ဆွေးနွေးနေကြတာကို သူမပက်ပင်းတိုးမိခဲ့သည်. တော်ဝင်သမားတော်တွေထဲက တစ်ဦးက ပြောနေတာက အင်ပါယာရဲ့ဖျားနာမှုက အလွန်ထူးဆန်းနေသည် ဘာလို့လဲဆိုတော့ အင်ပါရာရဲ့ ကိုယ်ခန္တာပေါ်မှာ အဝါရောင်အစက်ပျောက်တွေဖုံးနေတယ်ဟု ပြောနေကြလို့ပင်ဖြစ်သည်။


'အဝါရောင်အစက်ပျောက်တွေလား။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုဖျားနာတဲ့ပုံစံမျိုးက ဟိုနယ်လှည့်သမားတော်တွေပြောနေကြတဲ့ ရောဂါလိုမျိုးနဲ့ ကြားရတာ ဆင်တူသလိုမျိုးဖြစ်နေရတာလဲ? အင်ပါယာရဲ့ဖျားနာမှုက အဲဒါနဲ့ ဆက်စပ်နေတာများလား? တကယ်လို့ အဲလိုမျိုးသာဆိုရင် သူမတို့မှာ အခုကုသမယ့် နည်းတစ်ခုရှိနေပြီမို့လား! ?'


လင်ရှန်းတစ်ယောက် အတွေးထဲနစ်မြောသွားနေတုန်းမှာပဲ ရှောင်လုက ဆက်ပြောလိုက်ခဲ့သည်. _ "ပြီးတော့လဲ အိမ်ရှေ့စံမင်းသားမှာလည်း အရှင်မင်းမြတ်နေမကောင်းဖြစ်မှုကြောင့်နဲ့ အစာစားချင်စိတ်မရှိတဲ့ ဝေဒနာခံစားနေရတယ်လို့ မိန်းမစိုးတစ်ယောက်က ပြောနေတာကိုလဲ ကျွန်တော်မျိုးမ ကြားလိုက်ရသေးတယ်၊ နောက်ပြီးတော့ အိမ်ရှေ့စံမင်းသားက အရှင်မင်းမြတ်ကို ကုသနိုင်တဲ့ ဘယ့်သူ့ကိုမဆို ရွှေပြားတွဲတစ်ထောင် ဆုချီးမြှင့်မယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်တဲ့၊ ဒီသမားတော်အိုကြီးတွေ ဒီလောက် သဲသဲလှုပ်နေတာ အံ့ဩစရာမကောင်းတော့ပါဘူးလေ...''


လင်ရှန်းက အမည်းရောင်သစ်တောထဲက ကူးစက်ရောဂါပိုးအကြောင်းကို တွေးမိလိုက်ချိန်မှာတော့ သူမနားရွက်တွေတောင် တွန့်ကွေးသွားတော့သည်. သူမမျက်လုံးတွေက ရွှန်းလဲ့လို့လာကာ သူမက ရှောင်လုကို အပြုံးပန်းဝေဖြာစွာ ကြည့်လိုက်ကာ- "နင် ဘာပြောလိုက်တယ်? ဘယ်လောက် ဆုချီးမြှင့်မယ်ဟုတ်လား"


"ရွှေပြားတွဲတစ်ထောင်လေ..ပြီးတော့လည်း မြေယာနဲ့ အိမ်တော်ကောင်းကောင်းတစ်အိမ်ရောပဲတဲ့၊ အိုး...ပြီးတော့ နောက်ထပ်တိုးထားသေးတယ်.....အီးရား..! ကြင်ယာတော်မင်းသား... အရှင် ဘယ်သွားလိုက်ပြန်ပြီလဲ"


မျက်စိတစ်မှိတ်အတွင်းပင် လင်ရှန်းတစ်ယောက်စုန်းစုန်းပျောက်လို့သွားခဲ့ပါပြီ။


လင်ရှန်းတစ်ယောက် သူမနန်းဆောင်တော်ထဲမှ ပြေးထွက်သွားခဲ့တယ်. သူမက လိန်ဖန်ကိုရှာပြီးတော့ သူနဲ့အတူ ဖျားနာမှုအကြောင်းကို ဆွေးနွေးချင်တာပါ. သို့သော်လဲ လိန်ဖန်ကို သွားရှာနေမယ့်အစား တုဟောင်ထံကို ဒုန်းခနဲဒိုင်းခနဲပေါက်ချသွားခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့တယ်။


" ဒီထဲကို မင်း ဘယ်လို​​ဖြစ်ပြီး ပြေးဝင်လာတာလဲ။ မင်း ဘာလုပ်ချင်နေတာလဲ!" တုဟောင်က အလွန်ပင်ပန်းနေပုံပေါက်နေရကာ နွမ်းဖတ်လို့နေ နေသည်။


"အရှင့်သား.... ကျွန်တော်မျိုးမှားမှန်းသိပါပြီ!" လင်ရှန်းက ချက်ချင်းပင် သူမ၏ကျော်ကြားသောစကားကို ပြောချလိုက်ကာ တောင်းပန်လိုက်သည်. ပြီးနောက်ချက်ချင်းပင် သူမက တုဟောင်ရဲ့ဝတ်ရုံစကို ဆွဲလိုက်ကာ တီးတိုးပြောလိုက်သည်- "အရှင့်သား၊ အရှင်မင်းမြတ်ရဲ့ အဖျားက ဘယ်လိုနေသေးလဲ"


တုဟောင်က သူ့ခေါင်းကို ခါရမ်းလိုက်ပြခဲ့သည်. သူ့မျက်နှာအမူအရာက ပိုလို့ပင်ညို့မှိုင်းအုံဆိုင်းလို့သွားတော့သည်။


လင်ရှန်းက ဆက်လက်၍- "ကျွန်တော်မျိုး တော်ဝင်သမားတော်တွေထံကနေကြားထားရသလောက်တော့ အရှင်မင်းမြတ်က သူ့ တစ်ကိုယ်လုံးမှာ အဝါရောင်အစက်ပျောက်တွေ ထွက်နေတယ်ဆို၊ အဲဒါအမှန်ပဲလား"


"အတင့်ရဲလိုက်တာ!" တုဟောင်က မျက်နှာက ဖြူဖတ်သွားပြီးတော့ အော်ဟစ်ကြိမ်းမောင်းပြောဆိုလိုက်တယ်. "မင်းကို ဘယ်သူပြောလဲ။ ဒီအကြောင်းကို ဆွေးနွေးဖို့ မင်းတို့ကို ဘယ်သူကခွင့်ပြုထားလို့လဲ"


လင်ရှန်းက တုဟောင်အရမ်းကြီးပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခဲ့မယ်လို့ မထင်ထားခဲ့ပေ. သူမ အလွန်အံ့အားသင့်လို့သွားခဲ့သည်. သိုသော်လဲ တုဟောင်နဲ့သူမက အချိန်များစွာ အတူကုန်ဆုံးခဲ့ရတော့ သူမက တုဟောင်ဟာ "ပါးစပ်ကြမ်းပြီးတော့ နှလုံးသားပျော့သူ" တစ်ယောက်ဆိုတာ သူမ သိပါတယ်. ဒါ့ကြောင့် သူမက အလေ့အကျင့်ဖြစ်နေပြီးတော့ အထိတ်အလန့်မဖြစ်သွားတော့ချေ. အဲဒီအစား သူမက တုဟောင်အနားကို ပိုတိုးသွားပြီးတော့ တိုးတိုးလေးကပ်ပြောလိုက်တယ်- "မလန့်သွားပါနဲ့ဦး၊ ကျွန်တော်မျိုးကို အရှင်မင်းမြတ်နဲ့ တွေ့ခွင့်သာပေးပါ၊ ကျွန်တော်မျိုးက ဒီထူးထူးဆန်းဆန်းဖျားနာမှုကို ကုသနိုင်ချင်နိုင်လိမ့်မှာပါ......"


"မင်းကလား" တုဟောင်က မယုံတယုံဖြစ်လို့သွားတယ်. သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီးတော့ သူက လင်ရှန်းကိုစူးစမ်းသလို ကြည့်လိုက်သည်. သူ့မှာ သံသယတွေနှင့် ပြည့်နှက်သွားတော့သည်။


"ကျွန်တော်မျိုးကို ကြည့်ခွင့်လေးပဲပေးလိုက်ရုံပါပဲ၊ အဲဒါက အရှင့်သားကို မသတ်နိုင်ပါဘူး၊ ဒါပြီးတော့ အရှင့်သား...ဒီလိုပြောတာမသိဘူးလား.... မြင်းသေတစ်ကောင်ကို ကုသဖို့ အဲဒါက အသက်ရှိတဲ့.....အာ့! မဟုတ်သေးဘူး! ကျွန်တော်မျိုးဆိုလိုတာက.. အသက်ရှင်နေတာကို သေတဲ့လူတစ်ယောက်လိုဟန်ဆောင်ပြီးတော့....အွတ်..မဟုတ်ဘူး! အားရား...ဘာပဲဖြစ်ဖြစ်... ကျွန်တော်မျိုးကို တစ်ချက်လေးသာ ကြည့်ခွင့်ပေးလိုက်ပါတော့!"


လင်ရှန်းက ကောင်းကင်ဘုံနဲ့တောင် တိုင်တည်၍ သစ္စာတစ်ခုပြုလိုက်ခဲ့လေသည်. လောလောဆယ်တွင်တော့ သူမစိတ်ထဲတွင် ရွှေပြားတွဲတစ်ထောင်ကိုသာလျှင် တွေးနေမိလေသည်. ဒါပေမယ့် သူမက သန္နိဌာန်ချနေစဉ်တွင်တော့ သူမမျက်လုံးတွေက အလွန့်အလွန်ပင် စိတ်အားထက်သန်လို့နေကာ စိတ်ရောကိုယ်ပါ စစ်မှန်သည့်ပုံစံပေါက်နေတော့ တုဟောင်ပင် အနည်းငယ်လေးတောင် စိတ်လှုပ်ရှားသွားရတော့လေသည်။


"ကောင်းပြီလေ၊ ဒါပေမယ့် မင်း ပြဿနာမဖန်တီးရင် ပိုကောင်းလိမ့်မယ်..နားလည်လား" တုဟောင်က သတိပေးလိုက်ခဲ့သည်။


"လုံးဝပြဿနာမရှိဘူး!" လင်ရှန်းက ခေါင်းညိတ်ပြလိုက်ခဲ့ကာ လျင်မြန်စွာပင် တုဟောင်နောက်သို့လိုက်ပါလို့သွားတော့သည်။


အင်ပါယာ၏နန်းဆောင်တော်က အနီးအနားတွင်ရှိနေခဲ့ပါတယ်. လင်ရှန်းက တုဟောင်နောက်ကနေပြီးလိုက်ပါသွားခဲ့တော့ တော်ဝင်အကြံပေးအမတ်တွေက အနောက်ဘက်မှာရော အပြင်ဘက်မှာရော နေရာယူနေကြကာ စိုးရိမ်ပူပန်နေကြသည့်ပုံပေါက်နေတာကို သတိထားမိလိုက်သည်. သူတို့အားလုံးက အင်ပါရာထံ လာရောက်ပြီးတော့ ဖူးမြှော်ချင်နေကြတာဖြစ်သည်. ဒါပေမယ့်လဲ သူတို့အားလုံးက အတွေ့မခံလိုက်ရဘဲ မောင်းထုတ်ခံလိုက်ရပါတယ်. ဒီလိုတွေ့နေရတာက အံ့ဩစရာ မကောင်းတော့ပါဘူး. အခုလိုမျိုးအင်ပါယာက ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေတော့ မင်းမှုထမ်း အမတ်အားလုံး ကလဲ သူတို့ရဲ့လုပ်ဆောင်မှုတွေက ရပ်တန့်သွားကြတဲ့ အခြေအနေတစ်ခုထဲသို့ ရောက်သွားလို့ပင်ဖြစ်ပေသည်. မိန်းမစိုးလေးတစ်ယောက်ရဲ့လုပ်ဆောင်မှုအရိပ်အကဲလေးတစ်ခုကတောင် ပတ်ဝန်းကျင်ရှိ လူတိုင်း၏စိတ်အာရုံကို လွှမ်းမိုးလို့နေခဲ့သည်။


ဩဇာအာဏာအသစ်တစ်ခုက တော်ဝင်နန်းတွင်းတစ်ခုလုံးကို လှည့်ပြောင်းနိုင်လေသည်. တစ်ချိန်ကလူကြိုက်များခဲ့သည့်လူကတော့ အဆင့်တော်တော်များနိမ့်ကျမှုနဲ့ အဆုံးသတ်သွားနေစဉ်မှာ အောက်ဆုံးသို့ရောက်ရှိသွားခဲ့တဲ့လူကတော့ ရုတ်တရက်ကြီး တရှိန်ထိုးမြင့်တက်လာနိုင်ပေသည်. သူတို့ရဲ့ရာထူးနေရာကို ခိုင်ခန့်တည်မြဲစေဖို့အတွက် တော်ဝင်အကြံပေးအမတ်တွေကလဲ လေသင့်ရာအရပ်ကို သွားရကာ အမှားအကင်းနိုင်ဆုံးလူကတော့ အရာအားလုံးကို တစ်ချိန်လုံး ရရှိပေလိမ့်မည်။


လင်ရှန်း အင်ပါယာရဲ့နန်းဆောင်တော်ကိုဝင်ရောက်သွားတဲ့အခါမှာတော့ တော်ဝင်အကြံပေးအမတ်တွေကို နောက်ထပ်မတွေ့ရတော့ချေ. ထိုအစား များစွာသော အစေခံတွေနှင့် မိန်းမစိုးတွေက လူးလားခေါက်ပြန်ပြေးလွှားလို့နေကြသည်. တော်ဝင်သမားတော်များစွာကလဲ စိတ်ဓာတ်ကျဆင်းနေပုံပေါက်နေကြသည်။


"စန်းသမားတော်!" တုဟောင်က သမားအိုကြီးတစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်. ထိုသူက ဆေးကုသဆောင်က အကြီးအကဲတစ်ယောက်ပင် ဖြစ်သည်. "ကိုယ်တော့် ခမည်းတော် ဘယ်လိုနေသေးလဲ"


သမားအိုကြီးက သူ့ခေါင်းကို ခါရမ်းလိုက်ကာ- "အရှင့်သား... ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုး အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ....."


"အကောင်းဆုံးကြိုးစားတာလား။ ဘာအကောင်းဆုံးလဲ။ တော်ဝင်သမားတော်ဌာနာက 'မ'တည်ပျိုးထောင်ထားတာက ခင်ဗျားတို့အုပ်စုရဲ့အသုံးမဝင်တဲ့လူတွေကိုလား။ ကျုပ်မျက်စိရှေ့က ထွက်သွားကြစမ်း!" တုဟောင်က ဒေသတကြီးအော်ဟစ်ကာ မောင်းထုတ်လိုက်သည်. လင်ရှန်းက တုဟောင်ကို ဒီလိုမျိုးအရင်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့ချေ. တုဟောင်က ကြမ်းတမ်းတမ်းဒေါသကြီးတတ်တဲ့စရိုက်ရှိသော်လဲ လူထုရှေ့မှာတော့ သူ့ကိုယ့်သူကို ဒီလိုမျိုးအထိန်းအကွပ်မဲ့တဲ့သူတစ်ယောက်တော့ လုံးဝမဟုတ်ခဲ့ပေ. သံသယဝင်စရာမလိုတာက သူ အလွန်တရာကို စိတ်ဆိုးဒေါသထွက်နေတာပဲ ဖြစ်သည်။


လင်ရှန်းကလည်း တုဟောင်နောက်မှာ ရှိနေခဲ့သည်. သူမက ဘာပြောရမှန်း မသိတော့ချေ. သူမက တုဟောင်ဖြတ်သန်းနေရတာတွေအတွက် အနည်းငယ်ပင် သနားတဲ့စိတ်လေးဝင်သွားခဲ့ရသည်. ဘာပဲဖြစ်ဖြစ် သူရဲ့အဖေက အသည်းအသန်နေမကောင်းဖြစ်နေတာပဲလေ. သူဘယ်လိုလုပ်ပြီးတော့ မစိုးရိမ်ဘဲနေမှာလဲ။ လိန်ဖန်ကရော ဒီလိုမျိုးများ ဖြစ်နေမလား။'


လင်ရှန်းစိတ်ထဲတွင် ဖြတ်ခနဲပင် အတွေးတွေက ဝင်ရောက်လာခဲ့ကာ ရုတ်တရက် သူမက ခန်းစီးလိုက်ကာစ နောက်ကွယ်တွင် ရင်းနှီးကျွန်းဝင်နေတဲ့အမည်းရောင်ပုံရိပ်တစ်ခုက မတ်တပ်ရပ်လျက်ရှိနေတာကို သတိထားမိသွားခဲ့သည်. ဒါတကယ်ကြီးလား။ အိုး..ငါများ သူ့အကြောင်းကို တွေးနေလို့များ သူဒီနေရာမှာ ရှိနေတာများလား! သူ့အကြောင်းပြောနေတုန်းပဲရှိသေးတာပဲ! ဒါပေမယ့် ဘာဖြစ်လို့ လိန်ဖန်က ဒီနေရာမှာ ရှိနေရတာလဲ။ အင်ပါရာက သူ့နေမကောင်းဖြစ်နေလို့ လိန်ဖန်ကို ဆင့်ခေါ်လိုက်တာလား။'


အခုတွင်တော့ တုဟောင်နဲ့လင်ရှန်းက ခန်းစီးလိုက်ကာစကို ကျော်ဖြတ်သွားကာ အင်ပါယာရဲ့အိပ်ရာရှေ့တွင် မတ်တပ်ရပ်လိုက်ကာ- "ခမည်းတော် ဒီသားတော် ခမည်းတော်ကို လာရောက်ဖူးမြှော်ကြောင်းပါ''


အင်ပါယာက ပါးလွှာတဲ့ချည်သားလေးနောက်ကွယ်မှ အိပ်ရာ​ပေါ်တွင်လဲလျောင်းနေသည်. သူ့အသံကိုကြားရတာကတော့ သူ့အခြေအနေက အပြင်းအထန်ဖြစ်နေတာ ထင်ရှားလို့နေသည်. အင်ပါယာက လေသံတိုးလျစွာဖြင့် မပြောဆိုနိုင်ခင်တွင် အချိန်ကြာမြင့်စွာ ချောင်းတစ်လုပ်ဆိုးလိုက်ခဲ့သည်. – "ဟောင်အာ... မင်းဒီကိုရောက်လာတာ ခမည်းတော် ဝမ်းသာလိုက်တာ၊ လာ ခမည်းတော်ဘေးနားကို လာခဲ့"


"ဟုတ်ကဲ့ပါ..ခမည်းတော်!" တုဟောင်က အင်ပါရာထံသို့ လျှောက်သွားလိုက်ခဲ့သည်။


တုဟောင် သူ့ရွေ့လျားမှု တခဏလေးဖြင့် ချည်သားလိုက်ကာစပါးပါးလေးကို မတင်လိုက်ကာ အင်ပါယာဘေးနားကို ဝင်ရောက်သွားခဲ့သည်. လင်ရှန်းက အင်ပါယာရဲ့မျက်နှာကို တစ်စက္ကန့်လောက်လေးသာ တွေ့မြင်လိုက်ရသည်. ထင်ထားသလိုပင် သူ့မျက်နှာက အလွန်ဝါထိန်နေပုံပေါက်ခဲ့သည်. သို့သော်လည်း အဲဒီအဝါက အလွန်ထူးဆန်းသော အဝါရောင်အမျိုးအစားတစ်ခုပင် ဖြစ်နေသည်. 'ဟိုအဝါရောင်နဲ့ ရောဂါတူတူပဲများ ဖြစ်နေမလား' လင်ရှန်းလဲ သိပ်တော့သေချာမပြောနိုင်ပေ. သူမက လိန်ဖန်ကိုကြည့်ရန် သူမခေါင်းကို နောက်လှည့်လိုက်သည်. သူမက လိန်ဖန် ဟုတ်လားမဟုတ်လားဆိုတာ သေချာအောင်လို့ ကြည့်ချင်နေတာပဲဖြစ်သည်. ထိုအခိုက်တွင် ရုတ်တရက် ဝင်ပေါက်တွင် စောင့်ကြပ်နေသော မိန်းမစိုးတစ်ယောက်၏ ငိုကြီးချက်မဖြင့်ပြောလိုက်သံကို ကြားလိုက်ရတယ်။


"သတင်း....အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်.....မင်းသားကြီးက နန်းမြို့တော်ကို ပြန်ရောက်လာပါတယ်!!"


'တုရီလား?' တုဟောင်က သတိအနေအထားဖြစ်သွားခဲ့သည်. 'သူက နယ်ခြားတန်းက စစ်ပွဲတစ်ခုမှာ တိုက်ခိုက်နေသင့်တာ မဟုတ်ဘူးလား? ဘာဖြစ်လို့ သူက ရုတ်တရက်ကြီးပြန်ရောက်ချလာတာလဲ'


တုဟောင်က သူ့ခမည်းတော်ကို ကြည့်ရှုလိုက်ခဲ့တယ်. ဆိုးဆိုးရွားရွား အဖျားကြီးနေတဲ့ဘုရင်ကြီးက အလွန်အမင်းပင် ညိုးနွမ်းယုတ်ရော်နေခဲ့တာက တုဟောင်လဲ သူ့စိတ်အခြေအနေကို ကြာကြာမဖတ်နိုင်လောက်အောင်ပင်ဖြစ်ခဲ့သည်.


အင်ပါယာက သူ့လက်ကိုဝေ့ရမ်းလိုက်ကာ လေသံပျော့စွာဖြင့် တိုးတိုးလေးပြောလိုက်တယ်.- " တစ်ယောက်ယောက်ကို ဂိတ်တံခါးဆီလွှတ်လိုက်.....သူ့ကို အထဲဝင်ဖို့ ကြိုဆိုခိုင်းလိုက်....."


"အရှင်....အရှင်မင်းမြတ်ကို ပြန်သတင်းပို့ရရင်ဖြင့် အ..မင်းသားကြီးက ...မြို့အပြင်ဂိတ်မှာ မဟုတ်ပါဘူး....သ..သူသူ..က ခန်းမဆောင်အပြင်ဘက်မှာ ရောက်ရှိနေပါတယ်!"


'ဘာ? တုရီက ပြန်ရောက်ရုံတင်မကသေးဘူး...သူက ခန်းမဆောင်မှာတောင် စောင့်နေတာလား။ တုဟောင်ရဲ့နှလုံးက ခြိမ်းခြောက်မှုတစ်ခုဖြင့် ရမ်းခါသွားတော့လေသည်. သူ ကြိုတင်ခန့်မှန်းထားတဲ့ မုန်တိုင်းက နောက်ဆုံးရောက်လာပြီပေါ့!'


လင်ရှန်းက တုရီနဲ့ တစ်ခါမှ မဆုံဖူးပေမယ့် သူ့နာမည်ကို အခေါက်ပေါင်းများစွာပင် သူမ ကြားဖူးထားခဲ့ပါတယ်. သူက နန်းမြို့တော်ရဲ့ ဒုတိယရေပန်းအစားဆုံး နံပါတ်ချိတ်တဲ့ လူတစ်ယောက်ပင်. ပြီးတော့လဲ တုရီရဲ့အမေက တကယ်တမ်းတော့ သာမာန်အရပ်သူတစ်ယောက်ဖြစ်တော့ ရလဒ်တစ်ခုအနေနဲ့က တုရီက အကြီးဆုံးမင်းသားပင် ဖြစ်ပင်ဖြစ်ငြားသော်လဲ သူက အိမ်ရှေ့မင်းသားအရာကို မရနိုင်ခဲ့ချေ. သို့သော်လဲ အဲဒီအချက်က မြောက်များစွာသော အကြံပေးအမတ်တွေရဲ့ ရင်ထဲမှာရှိတဲ့ တုရီရဲ့နေရာကို မသက်ရောက်နိုင်ခဲ့ပါဘူး. တစ်ချို့က တိတ်တိတ်လေးတောင် တုရီနဲ့ တုဟောင်ကို နိုင်းယှဉ်ရဲနေကြသည်. သူတို့တွေက စွမ်းရည်စွမ်းပကား အပြုအမူပိုင်းဆိုင်ရာတွေကို ထည့်မတွက်ဘဲနဲ့တောင် တုရီကသာ ပိုပြီးသာလွန်လို့ အိမ်ရှေ့မင်းသားအရိုက်အရာဟာ သူ့ပဲရသင့်ရထိုက်တယ်လို့တောင် ထိုးညွှန်ပြလို့နေခဲ့ကြသည်။


ဒီစကားတွေက ပွင့်ပွင့်လင်းလင်းဖွင့်ချပြောနေတာတော့ မဟုတ်သော်လဲ များစွာသော အကြံပေးအမတ်တွေရဲ့ စိတ်ထဲကနေပြီးတော့မှ ထင်မြင်ယူဆချက်တွေကနေပြီး တဖြည်းဖြည်းချင်း ထွက်ပေါ်လာတာပဲဖြစ်လေသည်. ထို့အကြောင်းအရင်းကြောင့်ပင် အင်ပါယာက သူ့ရဲ့သားတော်နှစ်ပါးလုံးကို စစ်ပွဲထဲသို့ စေလွှတ်လိုက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာပဲဖြစ်ပေသည်. သူက သားတစ်ယောက်ကို တိုးတက်အောင် ပျိုးထောင်ပြီးတော့ နောက်သားတော်တစ်ယောက်ကို ပထုတ်လိုက်ကာ အားလုံးနဲ့ကင်းကွာအောင် အဆက်ဖြတ်ချင်တာပဲဖြစ်သည်။


အံဩစရာကောင်းတာက အခုလိုမျိုးအင်ပါယာက အသည်းအသန်နေထိုင်မကောင်းထဖြစ်လိုက်တာနဲ့ တုရီက ရုတ်ချည်းပင် နယ်ခြားကနေပြီးတော့ ပြန်ရောက်ချလာတာပဲဖြစ်လေတယ်. သူက အချိန်ကိုက်ကို ရောက်ချလာတာပဲဖြစ်သည်။


ဒီအကြောင်းအရာတွေကို ဘယ်သူကမှ ပြောင်ပြောင်တင်းတင်းဖွင့်မပြောရဲကြပေမယ့် လင်ရှန်းကတော့ ဒီအကြောင်းနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တစ်ခုလုံးကို သိမြင်နိုင်နေတာပဲဖြစ်သည်. တုရီက ရည်ရွယ်ချက်ရှိရှိ "မီးလောင်နေတုန်း ဓားပြတိုက်ဖို့" ပြန်လာတာတော့ ထင်ရှားနေတာပဲလေ. သို့သော်လဲ သူပြန်ရောက်ချလာတာတဲ့ အမြန်နှုန်းပေါ်ကို အခြေခံရရင် သူ နန်းတော်ကိုရောက်လာတာက "ဓားပြတိုက်" ရုံသက်သက်သာမကဘဲ နောက်ထပ်ဖြစ်နိုင်ချေတွေ ရှိနေလေသည်. အများဆုံးဖြစ်နိုင်ချေရှိတာကတော့ သူက နန်းတွင်းထဲက အဠိကရုန်းတွေကို ဖြစ်​ပေါ်လာအောင်လို့ မီးကိုစတင်မွှေးခဲ့တဲ့သူလဲ ဖြစ်နိုင်ပေလိမ့်မည်!


To be continued❤❤❤


*********


End....