Chapter 66
Viewers 9k

အပိုင်း(၆၆)


သူမရှေ့မှာဖြစ်ပျက်နေတဲ့ အခြေအနေကို လင်ရှန်း ဝေဖန်ဆန်းစစ်ကြည့်နေလေတယ်. တုရီက စစ်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားခဲ့တယ်. ဒါ့အပြင်ကို သူက သူနဲ့အတူ သူ့လက်အောက်ငယ်သားနှစ်ယောက်ကိုပါ အတူခေါ်ဆောင်လာခဲ့လေတယ်. 'အိုး...ရှောင်လုပြောတာ မှန်နေတာပဲ.. တုရီက အရမ်းကို ခန့်ညားတဲ့ယောက်ျားတစ်ယောက်ပဲကိုး.. သူ့ရဲ့ရုပ်ဆင်းရူပါကာ ကိုထည့်မပြောဘဲနဲ့တောင် သူက အရမ်းအားပြည့်အင်ပြည့် မာန်ဟုန်အပြည့်နဲ့ပါလား.. သူတို့က အင်ပါယာရဲ့နန်းဆောင်ထဲကိုတောင် လက်နက်တွေယူလာရဲတာလား။ ဒါကတော့ အရမ်းမလေးစားလွန်းရာကျသွားပြီပဲ!


လင်ရှန်းက သူမစိတ်ထဲမှာပဲ အတွေးအမျှင်တွေ တစ်ခုနဲ့တစ်ခု အပြေးအလွှားသွားနေစဉ်မှာပဲ တုဟောင်က အင်ပါယာ၏အိပ်ရာဘေးကနေပြီးတော့ ကျယ်လောင်စွာဖြင့် ရုတ်တရက် အော်ပြောလိုက်လေတယ်. သူက တုရီနောက်က ငယ်သားနှစ်ယောက်ကို စူးစူးဝါးဝါးဖြင့် အော်ဟစ်လိုက်ခဲ့သည်. – "အတင့်ရဲလှချည်လား.. အစေခံတွေ? ဒီနေရာကိုလက်နက်တွေယူလာဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားတာလဲ? ထွက်သွားကြစမ်း!" တုဟောင်က ထောက်ထားညာတာမှုကိုပင် မပြသတော့ပေ. သူက အစေခံတွေကို အော်ဟစ်ဆူပူကြိမ်းမောင်းနေသော်လဲ တုရီကို တဲ့တိုးပင်ကြည့်ပြော နေတာပဲဖြစ်သည်။


ဘာကပိုပြီးတော့ အံအားသင့်စရာကောင်းလဲဆိုတော့ အဲဒီလက်အောက်ငယ်သားနှစ်ယောက်က တုဟောင်အော်ဟစ်လိုက်တာကို အရေးစိုက်သည့်ပုံ တစ်စက်လေးမှ မပြခဲ့ပေ. အခြားတစ်ဖက်မှာတော့ သူတို့က အေးဆေးတည်ငြိမ်စွာဖြင့် တုရီရဲ့မျက်လုံးထဲကို စိုက်ကြည့်လိုက်ကာ သူ့ရဲ့ခွင့်ပြုမိန့်ကို တောင်းခံနေခဲ့သည်. သူတို့တွေက တုရီရဲ့ခွင့်ပြုချက်ကို ရရှိလိုက်မှသာလျှင် နန်း​ဆောင်ထဲကနေ ထွက်ခွာသွားကြတော့သည်။


လင်ရှန်းတစ်ယောက် တုရီကိုကြည့်ပြီးတော့ အထင်ကြီးလေးစားသွားတော့သည်. တုရီရဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေအမြင်မှာ ဩဇာကြီးမားခြင်းနှင့် ကြီးစိုးခြယ်လှယ်နိုင်ခြင်းက သူတစ်ယောက်ထဲတွင်သာ သက်ရောက်နိုင်အောင် လေ့ကျင့်ပေးသည့်အချက်ကိုပင်ဖြစ်သည်. 'တုရီက ဒီနေရာကို မီးလောင်နေတုန်းမှာ လုယက်ဖို့ရောက်လာတာ သေချာတာပဲကိုး! ကြည့်ရတာတော့ တုဟောင်တစ်ယောက်တော့ ဒုက္ခတော့​ရောက်ပြီဟေ့!


လင်ရှန်းက တုဟောင်အတွက် စိုးရိမ်သွားစဉ်မှာပဲ တုရီက ပြောလိုက်တယ်.- "ဒုတိယညီတော်.. ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားလိုက်ပါ၊ အစ်ကိုတော်က စစ်တပ်ကိုနန်းမြို့တော်ကို ခေါ်လာတာက ခမည်းတော်က အရမ်း မကျန်းမမာဖြစ်နေတယ်လို့ သတင်းကြားရလို့ပါ၊ အစ်ကိုတော်က စိုးရိမ်သွားတာကြောင့်နဲ့ သတင်းပို့သမားအလာကို မစောင့်နိုင်တော့ဘဲနဲ့ ရောက်ချလာရတာပါပဲ၊ အစ်ကိုတော် နည်းနည်းရိုင်းပျသလိုဖြစ်သွားတယ်၊ ကျေးဇူးပြုပြီးတော့ အစ်ကိုတော့်ကို ခွင့်လွှတ်ပေးပါ..ဒုတိယညီတော်။"


တုရီက အရမ်းကိုယဉ်ကျေးပြူငှာစွာပြောဆိုနေသော်လဲ သူစကားထဲမှာက ဆိုလိုနေသည့် မြုတ်ကွက်တွေရှိနေသည်. ပထမဆုံး.. သူက တုဟောင်ကို အိမ်ရှေ့မင်းသားလို့ အမည်တပ်ကာ ထည့်မပြောသွားခဲ့ဘဲ ဒုတိယညီတော်လို့သာ ပြောသွားခဲ့တယ်. ဒီအဓိပ္ပာယ်က သူက တုဟောင်ရာထူးကိုအသိမှတ်ပြုဖို့ ငြင်းဆန်နေတာပဲမဟုတ်လား. ဒုတိယကတော့ တုရီက သူ့စစ်တပ်က နန်းမြို့တော်အပြင်ဘက်မှာရှိနေတယ်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရိပ်အမွက်ပြောနေတာပဲမို့လား. သူက သူ့ရဲ့သဘောထားရပ်တည်ချက်ကို အလွန်ပင်ရှင်းရှင်းလင်းလင်းပြောကြားနေတာပဲဖြစ်တော့သည်။


"အိုး..ဟုတ်လား" တုဟောင်က ရေပင်အေးခဲမတတ်အသံဖြင့် အေးစက်စွာဖြင့်ရယ်မောလိုက်ခဲ့သည်. "တကယ်လို့ အစ်ကိုတော်သာ ဒီလောက်အချိန်ကိုက်ရောက်လာမယ်မှန်းသာ ညီတော်သိရင် ညီတော်က သတင်းပို့သမားကို ပို့ဖို့မလိုလောက်တော့ဘူးပေါ့၊ ညီတော်က သူ့ကိုပြန်ပြီးတော့ပဲ ဆင့်ခေါ်လိုက်ပါ့မယ်လေ၊ သူလည်း အရမ်းဝေးဝေးလံလံ ရောက်လောက်သေးမှာ မဟုတ်ပါဘူး"


"ဒုတိယညီတော် က စက်ယန္တရားတစ်လုံးလို အလုပ်များတာပဲကိုး.. အစ်ကိုတော့်ဆီကို သတင်းပို့သမားတစ်ယောက်နဲ့ စေလွှတ်ပြီး သတင်းပို့ဖို့တောင်မှ အချိန်တွေကျန်ရှိနေသေးတာပဲ၊ အစ်ကိုတော်ကတော့ ညီတော် ကျေနပ်လောက်အောင် ကျေးဇူးမတင်နိုင်တော့ဘူးပဲ။"


"အစ်ကိုတော်...အစ်ကိုတော် က အရမ်းရိုးရိုးကုပ်ကုပ်နေတတ်တာပဲ၊ ညီတော်က ဘယ်လိုလုပ်ပြီးတော့ အစ်ကိုတော်နဲ့ နှိုင်းယှဉ်လို့ရနိုင်မှာလဲ? စစ်သူကြီးတစ်ယောက်အနေနဲ့ အစ်ကိုတော်က ညီတော်တို့တိုင်းပြည်အတွက် ရန်သူတွေကို တိုက်ထုတ်ဖို့လိုအပ်တယ်နော်.. အစ်ကိုတော်မှာလဲ နန်းတော်ထဲကကိစ္စရပ်တွေကို စိုးရိမ်ဖို့ အချိန်ရှိနေတာပဲကိုး၊ အဲဒါက အစ်ကို့တော်အတွက် ပြဿနာအများကြီးရှိလာနိုင်တယ်နော်"


သူတို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် လျှာဖျားပေါ်မှာ စကားစစ်ခင်းနေကြသည်. စကားတစ်ခွန်းတိုင်းစီက ထီးနန်းပလ္လင်ကို ရည်ညွှန်းပြောဆိုနေကြ​ေလသည်. လင်ရှန်းလည်းသက်ပြင်းသဲ့သဲ့သာ ချမိလိုက်တော့တယ်... 'သူတို့နှစ်ယောက်က မတူဘူးလို့ ဘယ်သူတွေကများ ပြောလိုက်တာလဲ? သူတို့ညီအကိုနှစ်ယောက် ဘာမဟုတ်တာလေးနဲ့ ငြင်းခုန်နေတာကို ကြည့်လိုက်ရင် သူတို့နှစ်ယောက်က ပုံစံခွက် တစ်ခုတည်းကနေပြီး ပုံသွင်းပြီးတော့ ထွက်လာတာကျနေတာပဲ!'


ထိုအခိုက်တန့်တွင် ရုတ်တရက် ကြေညာချက်တစ်ခုက ပေါ်ထွက်လို့လာခဲ့ကာ- "အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်၊ အမတ်လျို၊ အမတ်ဝမ် နဲ့ အမတ်ချိုင်တို့ က နန်းဆောင်ထဲကိုဝင်လာဖို့အတွက် အပြင်ဘက်မှာ စောင့်ဆိုင်းရောက်ရှိနေကြောင်းပါ"


" ခမည်းတော် မကျန်းမမာဖြစ်နေတာ မင်းမမြင်ဖူးလား။ သူတို့ကို မောင်းထုတ်လိုက်စမ်း!" တုဟောင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ခဲ့သည်။


"ဒါပေမယ့်......." မိန်းမစိုးရဲ့ သွင်ပြင်လက္ခဏာက ကြည့်ရတာ သိပ်ပြီးတော့မကောင်းခဲ့ပေ. "အမတ်လျိုက ပြောပါတယ်ခင်ဗျ...သူတို့တွေ အရှင်မင်းမြတ်ကို မတွေ့ရမချင်း မထွက်သွားဘူးတဲ့....."


"အရှက်မဲ့လိုက်တာ! ဒီသက်ကြားအိုကြီးတွေက အရှင်ဘုရင်ကိုတောင်မှ အရေးတယူမပြုကြတော့ဘူးပေါ့။


ငါ့စကားကို ပြန်သွားပြောလိုက်စမ်း၊ မထွက်သွားချင်တဲ့ဘယ်သူမဆို ရာထူးအဆင့်လျှော့ချခံရပြီးတော့မှ အိမ်တော်ကို ပြန်ပို့မယ်လို့!"


"အာ...." တစ်ဖက်မှာတော့ မိန်းမစိုး​က အိမ်ရှေ့စံမင်းသားကို မဆန့်ကျင်ရဲဘဲ အခြားတစ်ဖက်မှာတော့ သူက တော်ဝင်အကြံပေးအမတ်တွေကိုလဲ ဆန့်ကျင်ဘက်မလုပ်ရဲဖြစ်လို့နေသည်. မိန်းမစိုးက ပဲကြီးလှော်ကြားထဲတွင် ဆားညှပ်နေခဲ့ပြီးတော့ ဘာဆက်လုပ်ရမှန်း မသိတော့ချေ. သူ့ကိုကြည့်ရတာ ထိတ်လန့်ကြောက်ရွံ့နေသည့်ပုံပေါက်လို့နေခဲ့သည်။


ထိုအခိုက်တွင် တုရီက ရုတ်တရက် ဝင်ပြောလိုက်သည်.- "လျိုအမတ်က နန်းဆောင်ထဲကို ဝင်လာချင်နေတော့လဲ၊ ဒုတိယညီတော်...ဘာဖြစ်လို့ သူ့ကို အထဲဝင်ခွင့်မပြုတာလဲ"


" မင်းက အိမ်ရှေ့မင်းသားလား ဒါမှမဟုတ် ငါက အိမ်ရှေ့မင်းသားလား? ငါ့စကားကို သွားပြန်ပြောလိုက်စမ်း၊ သူတို့ကို သွားပြောလိုက်!" တုဟောင်က သူ့မျက်လုံးတွေကပါ စူးစူးရဲရဲဖြစ်သွားကာ ပြန်အော်ဟစ်လိုက်ခဲ့သည်။


လင်ရှန်းလည်း သက်ပြင်းပဲ ချမိတော့သည်. အိမ်ရှေ့စံမင်းသားတစ်ပါးဖြစ်ရတာက ဒီခေါတ်ကာလမှာတော့ မလွယ်ပါလား. ဝံပုလွေတစ်ကောင်က ရှေ့မှာရှိနေပြီးတော့ ကျားတစ်ကောင်ကလဲ နောက်ကျောကနေ ချောင်းမြောင်းနေတာပဲဖြစ်လေသည်. တုဟောင်တစ်ယောက် အင်ပါယာဘုရင်ဖြစ်လာနိုင်ဖို့က ခက်ခဲကြမ်းတမ်းလိမ့်မှာတော့ သေချာတယ်. ဆူးငြောင့်ခလုတ်ကသင်းတွေကို သူ ကျော်ဖြတ်ရဦးမှာပဲ. ဒီလိုဖြစ်နေတာကို ကြည့်ရတာကတော့ တုဟောင်နဲ့တုရီက အခုပဲထပြီးတော့ သတ်ဖြတ်ကြတော့မလို့လို့တောင် ပုံပေါက်နေတာပဲမို့လား!။


ဒက်ဒီအင်ပါယာ.... ရှင့်သားတော်တွေက ထသတ်ကြတော့မယ်နော်...ဖျန်ဖြေလိုက်တော့လေ!


မမျှော်လင့်ထားဘဲ အင်ပါယာက တကယ်ကြီးပင် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ခဲ့သည်.- " သူတို့အထဲကို ဝင်ပါစေ......"


"မှန်လှပါ! ဒီအစေခံလိုက်နာပါ့မယ်!" နောက်ဆုံးတွင်တော့ အင်အားအကြီးမားဆုံး တစ်စုံတစ်ယောက်က ပြောလိုက်ခဲ့တော့ မိန်းမစိုးက ဖြေးညင်းစွာဖြင့် ကြမ်းပြင်ပေါ်မှ မတ်တပ်ပြန်ရပ်လိုက်ကာ သူ့လည်ချောင်းကို အစွမ်းကုန်ချဲ့လိုက်၍ ကျယ်လောင်စွာဖြင့် အော်ပြောလိုက်ခဲ့တယ်.- " အရှင်မင်းမြတ်က အမတ်မင်းတွေကို နန်းဆောင်ထဲသို့ဝင်လာဖို့ ခွင့်ပြုတယ်၊ အမတ်မင်းတို့တတွေ ဝင်လာနိုင်ပြီ!"


"ဝင်ရောက်လာပါပြီ... ဝင်ရောက်လာပါပြီ... ဝင်ရောက်လာပါပြီ..." နန်းဆောင်တော်ထဲသို့ ဖြတ်သန်းလာနေသည့် စင်္ကြန်လမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်သံတွေက စွဲထင်ရှိနေတော့သည်. ချက်ချင်းပင် အမှုထမ်းဝတ်စုံပြည့် ဝတ်စားဆင်ယင်ထားကြသော တော်ဝင်အကြံပေးအမတ်တစ်စုက နန်းဆောင်တော်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်. လင်ရှန်းက အကြမ်းဖျင်းရေတွက်ကြည့်လိုကတော့ သူတို့တွေက အနည်းဆုံးဆယ်ယောက်လောက်ရှိတာကို သိလိုက်ရသည်. အုပ်စုထဲမှ ထူးထူးခြားခြားရှိတာကတော့ အုပ်စုခေါင်းဆောင်ဖြစ်သူ အရာရှိလျိုပင်ဖြစ်သည်. အမတ်မင်းလျိုက ပြီးခဲ့သည့်အင်ပါယာဟောင်းက ခန့်အပ်ထားခဲ့တာဖြစ်တော့ သူ့ရဲ့ရာထူးက အားလုံးသော အကြံပေးအမတ်တွေထဲမှာ အတော်ပင် ရိုသေလေးစားခြင်းခံရသူပင် ဖြစ်တယ်။


အကြံပေးအမတ်များ ရောက်ရှိလာသည့်အချိန်တွင် သူတို့က သူတို့ရဲ့ဒူးတွေကို ညွှတ်ကွေးကာ ဒူးထောက်လိုက်ခဲ့ကြပါတယ်။


"အရှင်မင်းမြတ်!" အမတ်အိုကြီးလျိုသဲ့ချွမ်က ဒူးထောက်ချလိုက်ခဲ့သည်. သူ့မျက်နှာအမူအရာကတော့ အလွန်ပင်လေးလေးနက်နက်ရှိနေကာ စိုးရိမ်ဖွယ်ရာဖြစ်လို့နေသည်. "ကျွန်တော်မျိုးတို့ မှာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဆိုင်ရာအံ့ဖွယ်ဖြစ်ရပ်တစ်ခု ရှိနေကြောင်းပါ..အရှင်မင်းမြတ်၊ ကျွန်တော်မျိုးတို့ တိုင်းပြည်တော့ ဘေးဒုက္ခကျရောက်နေပါပြီ၊ ကျွန်တော်မျိုးတို့ရဲ့ စီရင်စုပြည်နယ်တစ်ချို့တွေမှာ လတော်တော်များများ မိုးခေါင်ရေရှားခြင်းကို ကြုံတွေ့ရတယ်လို့ဆိုတဲ့သတင်းတွေကို လက်ခံရရှိထားကြောင်းပါ၊ ကောက်ပဲသီးနှံတစ်ခုတစ်လေတောင်မှ ရိတ်သိမ်းလို့မရခဲ့ပါဘူး အရှင်မင်းမြတ်၊ မြစ်ကြောင်းက ကျယ်ပြန့်လာတာကနေ ကပ်ဘေးဆိုးတွေ ဖြစ်ပေါ်လာနေကြောင်းပါ၊ ကျွန်တော်မျိုးတို့ရဲ့ပြည်သူလူထုတွေ အသက်မရှင်သန်နိုင်တော့ပါဘူး၊ ထပ်ပြီးတော့လဲ ဂျပန်ပင်လယ်ဓားပြတွေက ကျွန်တော်မျိုးတို့တွေကို ကျားတစ်ကောင်က သားကောင်ကို စောင့်ကြည့်နေသလိုမျိုး မျက်စိထောက်ထောင့်ပြီးတော့ ပေါ်ပေါ်ထင်ထင်စောင့်ကြည့်နေကြောင်းပါ အရှင်မင်းမြတ်၊ ဒီငယ်သားက အလွန်အလေးအနက်ထားပြီးတော့ တောင်းဆိုချင်တာကတော့ အလွန်အမင်းစိုးရိမ်ဖွယ်ရာဖြစ်နေတဲ့အချိန်မှာ အရှင်မင်းမြတ်အနေနဲ့ ဧကရာဇ်အသစ်ကို တိုးမြှင့်ချီးမြှင့်တင်မြှောက်ဖို့ရာ တိုက်တွန်းနိုးဆော်ချင်ကြောင်းပါ အရှင်ဘုရင်မင်းမြတ်!"


"ဒီလက်အောက်ငယ်သားတွေက ဒီလိုစိုးရိမ်ဖွယ်ရာတွေ ဖြစ်ပေါ်နေတဲ့ အချိန်အခါမျိုးမှာ အရှင်မင်းမြတ်အနေနဲ့ ဧကရာဇ်အသစ်နေရာကို ချီးမြှင့်တင်မြှောက်ပေးဖို့ လေးလေးနက်နက်နဲ့တောင်းဆိုချင်ပါတယ်!" သူ့ရဲ့နောက်ကနေပြီးတော့ အခြားတော်ဝင်အကြံပေးအမတ်အားလုံးက ထပ်လောင်းပြောဆိုလိုက်ကြလေသည်။


ဒါက အင်ပါယာကို နန်းစွန့်ဖို့ဖိအားပေးတဲ့ သမိုင်းဝင်ထဲကအပိုင်းလား။


လင်ရှန်းက သူမမျက်လုံးတွေပင် ထောင်လိုက်ကြီးအပေါ်တက်သွားသလိုပင် ခံစားလိုက်ရသည်. လက်ရှိအခြေအနေတွေ ဆက်တိုက်ဆိုသလို ကသောင်းကနင်းဖြစ်နေတာကို ကြည့်လိုက်ရင် အင်ပါယာက သူ့နေရာကို အိမ်ရှေ့မင်းသားအတွက် ထီးနန်းစွန့်လွှတ်အောင်လို့ ဖိအားပေးခံနေရတာပါပဲဖြစ်သည်. သို့သော်လဲ ဒီလိုအချိန်တွင် အမတ်မင်း(၁) က ရှေ့ကိုထွက်ရှိလာပြီးတော့ တုဟောင်က အရိုက်အရာအတွက် သင့်တော်မှုမရှိကြောင်းကို ပြောကြားလိုက်သည်. ထိုအစား တုရီကသာ တုဟောင်နေရာမှာ အစားထိုးသင့်ကြောင်းပြောလိုက်ခဲ့ပါတယ်. ထို့နောက် အမတ်မင်း(၂) က အမတ်မင်း(၁) ပြောကြားလိုက်တာကို ထောက်ခံလိုက်ခဲ့သည်. နောက်ထပ် အမတ်မင်း(၃)၊ (၄)၊ (၅)၊ (၆).....အားလုံးသော အမတ်တွေကပါ ရှေ့ကိုထွက်ရှိလာပြီးတော့ အင်ပါယာအား ပြန်စဉ်းစားပေးဖို့ရာ တောင်းပန်နေခဲ့ကြတော့သည်. "အကြီးဆုံးမင်းသားမှာ အရည်အချင်းရော စရိုက်လက္ခဏာကောင်း ရှိကြောင်းပါ! သူသာလျှင် နောက်တက်မည့် အရှင်ဘုရင်လောင်းလျာတစ်ယောက် ဖြစ်သင့်ကြောင်းပါ!"


please! ရှင်တို့တွေ ဒီထက်ပိုပြီးတော့ မဖန်တီးနိုင်တော့ဘူးလား? ဒီဇာတ်ကွက်ကြီးက တီဗီထဲမှာ ပြလာတာ နှစ်ရာချီနေပြီလေ... ဘာဖြစ်လို့ ရှင်တို့တွေက တူညီတဲ့ဇာတ်ညွှန်းကိုပဲ ထပ်တလဲလဲ ပြန်သုံးနေရတာလဲ? ရှင်တို့တွေက စာဖတ်သူတွေက ငပိန်းတွေလို့များ ထင်နေကြတာလား။ နိုး! ကျွန်မ စာဖတ်သူတွေအပေါ်ကို ဒီလိုမျိုးလုပ်ဖို့ ကျွန်မကန့်ကွက်တယ်!


တာဝန်ယူမှုရှိတဲ့ အမျိုးသမီးအဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ လင်ရှန်းတစ်ယောက် အားအင်တစ်ခုက တလိပ်လိပ်ထိုးတက်လို့လာခဲ့သည်. သူမက သူမဝတ်ရုံစကို မတင်လိုက်ကာ ထောင့်စွန်းကနေပြီးတော့ ရှေ့ကို ထွက်လာခဲ့သည်. သူမက အားပြည့်အင်ပြည့်ဖြင့် ဟစ်အော်လိုက်တော့လေသည်.- "ခင်ဗျားတို့အားလုံး တော်လိုက်ကြစမ်း!"


သူမစကားလုံးက အလွန်တရာပင်ထိရောက်မှု ရှိသွားခဲ့ပါတယ်. အမတ်အားလုံးက ရုတ်ချည်းပင် နေရာမှာတင် အေးခဲသွားတော့သည်. တုရီရဲ့မျက်နှာပေါ်တွင်တော့ ထူးဆန်းသော အပြုံးတစ်ပွင့်က ပေါ်ထွက်လို့လာခဲ့သည်။


လင်ရှန်း လူအများကြီးက သူမကိုပဲ ဝိုင်းကြည့်နေကြတော့ အနည်းငယ်ပင် စိတ်ဖိစီးသလိုဖြစ်သွားခဲ့ပါတယ်. ဒါပေမယ့်လဲ readersတွေအားလုံးအတွက် သူမက အားလုံးကိုမောင်းထုတ်ပစ်ရလိမ့်ပေမည်! သူမ သွားတင်းတင်းစေ့လိုက်ကာ ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်၍ သူမရင်ဘတ်ကိုဖိလိုက်ခဲ့ပြီးတော့ သူမခေါင်းကို မော့မော့ထားလိုက်ခဲ့သည်. သူမက အလွန်ပင်ယုံကြည်အားကိုးလောက်စရာကောင်းနေပုံပေါက်နေကာ- "ခင်ဗျားတို့တွေ အတင့်ရဲလှချည်လား။ အရှင်မင်းမြတ်က နေမကောင်းဖြစ်ရုံပဲ၊ သူ ဆေးကုသလို့ မရတော့ဘူးလို့ ဘယ်သူပြောလို့လဲ။ အရှင်မင်းမြတ် သေတော့မှာလို့ ခင်ဗျားတို့ကသွယ်ဝိုက် ပြောချင်နေကြတာလား။ ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်တွေက ဘာလဲ။"


တော်ဝင်အကြံပေးအမတ်တွေက နည်းနည်းနောင်တရသလိုပင် ခံစားသွားရတော့သည်. သို့သော်လဲ ဂျင်ဆင်းအရင့်အမာက ဂျင်ဆင်းနုထက် ပိုပြီးတော့ပူတယ်မဟုတ်ပေလား..


အမတ်မင်းလျိုက ချက်ချင်းပင် ပုံမှန်အဆိုပြုချက်တစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်ခဲ့သည်.. – "ကြင်ယာတော်မင်းသား.. မင်းပြောနေတာက မင်းကပဲ အရှင်မင်းမြတ်ကို ကုသပေးနိုင်တဲ့ စွမ်းရည်တွေရှိသလိုမျိုးပါလား"


ဟင်းဟင်း! အကွက်မိပြီ! လင်ရှန်းက အေးအေးဆေးဆေးပင် ပြန်တုံ့ပြန်လိုက်ခဲ့ကာ- "ကျွန်တော်ကတော့ အရှင်မင်းမြတ်ကို မကုသပေးနိုင်ပါဘူး၊ ဒါပေမယ့် ကုသပေးနိုင်တဲ့သူကိုတော့ ကျွန်တော်သိနေတယ်!"


"အမှန်တကယ်ပဲလား" တုဟောင်က မေးခွန်းထုတ်လိုက်ခဲ့သည်။


လင်ရှန်းက အသက်ကိုဝဝရှူရှိုက်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်.- "ဟုတ်တယ်၊ တကယ်လို့ အရှင့်သားက ကျွန်တော့်မျိုးကို မယုံရင် အရှင့်သား...အရာရှိလိန်ကို မေးလို့ရတယ်၊ ကျွန်တော်တို့တတွေ ဒီလိုအဖျားမျိုးနဲ့ ပက်ပင်းတွေ့ခဲ့ဖူးတယ်၊ အဲဒီအဖျားက တကယ်တမ်းကျတော့ ကုလို့ရနေတယ်!"


တုဟောင်က သူ့အကြည့်ကို လိန်ဖန်ဆီကိုပဲ တည့်တည့်ရောက်လိုက်သည်. "အရာရှိလိန်၊ ကြင်ယာတော်မင်းသားပြောတာ အမှန်​တွေပဲလား" တုဟောင်က မေးလိုက်တယ်။


လိန်ဖန်က ခေါင်းညိတ်ပြလိုက်ကာ.- "အရှင်မင်းမြတ်ရဲ့အဖျားက ကျွန်တော်တို့တွေ့ခဲ့တဲ့ အဖျားမျိုးနဲ့ အရမ်းကိုတူညီနေတယ်၊ အဖွားအိုစုံတွဲ ကျွန်တော်တို့ကို ပြောတာကတော့ သူတို့တွေ ဒီအဖျားကို ကုနိုင်တယ်လို့ ပြောတယ်" လိန်ဖန်က လင်ရှန်းပြောတာနဲ့နိုင်းယှဉ်ရင် သူ့စကားတွေကို အလွန်ကိုဂရုစိုက်စွာနဲ့ ပြောလိုက်တယ်. သူ့စကားလုံးတွေကို သိုသိုသိပ်သိပ်ဖြင့် အပိုအလိုမရှိရွေးချယ်ထားခဲ့တယ်။


"ကောင်းတယ်!" တုဟောင်လဲ အသက်ရှူပေါက်ချောင်သွားခဲ့ပါတယ်. " အရှင်မင်းမြတ်ရဲ့ အဖျားကို ကုသဖို့ အဲဒီကျော်ကြားတဲ့သမားတော်ကို ရှာဖို့ ပထမဆုံးအရာအဖြစ်နဲ့ သည်မနက်ခင်းမှာပဲ ကျုပ် အရာရှိလိန်ကို တာဝန်ပေးလိုက်ပြီ!"


"ကျွန်တော်မျိုးလဲ အတူတူသွားလိုက်ပါ့မယ်!" လင်ရှန်းက ဘေးကနေပြီး အလိုက်သင့်ဝင်ပြောလိုက်ခဲ့သည်။


"မရဘူး!"


"မင်းကို လိုက်သွားဖို့ ပိတ်ပင်တယ်!"


လိန်ဖန်နှင့်တုဟောင်တို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ညီတူညီညာ ပြောထွက်လာခဲ့သည်. တုရီရဲ့ပါးစပ်က အပြုံးတစ်ခုသို့ တွန့်လိပ်သွားခဲ့ပါတယ်. သူက အဆိုပြုလိုက်ခဲ့သည်. " ခမည်းတော်ရဲ့အဖျားကိုကုသဖို့ ဆေးနည်းတစ်ခုရှိတယ်ဆိုတော့လဲ အဲဒါကို ဦးစားပေးအနေနဲ့ ငါတို့ သတ်မှတ်သင့်တယ်၊ တကယ်လို့ အရာရှိလိန်က အကူအညီလိုတယ်ဆိုရင် ငါက ငါ့ရဲ့စစ်တပ်ကို ခင်ဗျားနဲ့အတူလိုက်ပေးဖို့ ထည့်ပေးနိုင်ပါတယ်"


"အဲလောက်ထိ မလိုအပ်ဘူး" တုဟောင်က လိန်ဖန်ကိုယ်စား ပြတ်ပြတ်သားသားပင် ငြင်းချက်ထုတ်လိုက်ခဲ့သည်. "ညီတော်က ညီတော့်ကိုယ်ပိုင်စစ်တပ်ကို အရာရှိလိန်နဲ့ အတူပူးပေါင်းလိုက်ဖို့ စေလွှတ်လိုက်ပါ့မယ်၊ အစ်ကိုတော့်အတွက်ကတော့ အစ်ကိုတော်က အစ်ကိုတော့စစ်သည်တော်တပ်မကို ခပ်ဝေးဝေးမှာပဲ တပ်စွဲထားနိုင်တယ်၊ ခမည်းတော်ကို အခစားဝင်ဖို့ အစ်ကိုတော့်အဝတ်အစားတွေကိုလဲပြီးတော့ အစ်ကို့တော့် ဓားရှည်ကို ဘာဖြစ်လို့ မဖြုတ်သေးရတာလဲ..အစ်ကိုတော်"


"ဒုတိယညီတော်ရဲ့စကားက လျော်ကန်သင့်မြတ်လှပါပေတယ်၊ အစ်ကိုတော် ထွက်ခွာလိုက်တော့ပါအုံးမယ်" တုရီက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်ခဲ့တယ်. သူမထွက်သွားခင်တွင် သူက တမင်တကာပင် လင်ရှန်းအား တည့်မတ်သောအကြည့်တစ်ချက်ဖြင့်ကြည့်သွားခဲ့သည်။


'ရှင် ဘာကြည့်တာလဲ။ ရှင် ယောက်ကလျှာတစ်ယောက်ကို တစ်ခါမှမတွေ့ဖူးဘူးလား။ တကယ်လို့ ရှင်ကြည့်ချင်ရင်လဲ ရှင့်ရဲ့တတိယညီလေးကိုပဲ သွားကြည့်လိုက်ပါလား!'


စူးစူးရဲရဲပြန်ကြည့်လိုက်ဖို့ရာ ကြိုးပမ်းနေစေကာမူ လင်ရှန်းရင်ထဲတွင်တော့ အကြည့်တစ်ခုကနေပြီးတော့ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေ ထောင်တက်သွားသလိုပင် ခံစားလိုက်ရသည်. တုရီက လွယ်ကူတဲ့ပြိုင်ဘက်တစ်ယောက်လိုမျိုးတော့ ထင်လို့ရမည့်သူတစ်ယောက်တော့ လုံးဝမဟုတ်ပေ!


To Be continued❤❤❤


..........


End....