Chapter 67
Viewers 9k

အပိုင်း(၆၇)**


ထူးဆန်းသည့်အဖျားပိုးကို ကုသပေးနိုင်မည့်ဖြေဆေးကို ဖြစ်နိုင်သမျှ မြန်မြန်ရအောင်ရှာဖွေနိုင်ဖို့ရန်အတွက် လိန်ဖန်နဲ့ပူးပေါင်း၍ အမည်းရောင်သစ်တောထဲသို့ ဝင်ရောက်နိုင်ရန် ညတွင်းချင်းပင် တုဟောင်က သူ့ကိုယ်ပိုင်စစ်တပ်က လူတွေကို စုဆောင်းတော့သည်။


လင်ရှန်းမှာတော့ အတူလိုက်ပါဖို့ ခွင့်ပြုချက်မရခဲ့လေတော့ သူမက သူမအိပ်ရာထက်တွင်သာ ဒေါကန်ပြီးတော့သာ လှိမ့်နေလိုက်ရတော့သည်. သူမက ရွှေပြားတွဲတစ်ထောင်ရဖို့ အရမ်းကိုပင် နီးနီးလေးဖြစ်သွားကာမှ အခုတော့ သူမနဲ့လွဲချော်သွားခဲ့လို့ပါပဲ. သူမက မကျိတ်နိုင်မခဲနိုင်ဖြင့် ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်နဲ့ အိပ်ရာထဲတွင် ဆက်တိုက်လူးလှိမ့်လိုက်နေတော့သည်။


ထူးဆန်းနေတာက ရုတ်တရက်ကြီး သူမရင်ထဲမှာ တစ်ခုခုမတင်မကျဖြစ်နေသလို ခံစားလိုက်ရသည်. တစ်စုံတစ်ရာက ငါးစာချနေသလို သူမထင်သွားခဲ့သည်. သို့သော်လည်း အချိန်အကြာကြီးယူကာ စဉ်းစားကြည့်လိုက်တာတောင် ဘာဖြစ်​ေနတာမှန်း သူမတွေးလို့မရခဲ့ပေ. ဘာမှတွေးလို့မရခဲ့တဲ့အစား သူမ အိပ်ပျော်နိုင်ဖို့ ပိုပိုခက်ခက်လာနေခဲ့သည်. 'မနက်ဖြန်ကျရင် လိန်ဖန်ထွက်သွားမှာကြောင့်များ ငါအိပ်လို့မရတာများ ဖြစ်နေမလားမသိဘူး. ရလဒ်တစ်ခုအ​နနဲ့ ဒီထူးထူးဆန်းဆန်းအာရုံက ပိုပိုပြီးတော့ဆိုးလာတာကိုပဲ သူမ ကျိတ်မှိတ်ခံစားနေရတော့မှာလား?'


လင်ရှန်းက အကြိမ်အရေအနည်းငယ်လောက် လူးလွန့်လိုက်ကာ လိန်ဖန်ဆီကို တိတ်တိတ်လေး သွားလည်ပတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။


သူမရဲ့ကိုယ်ပိုင်အစေခံမလေးဖြစ်တဲ့ ရှောင်လုက သူမနဲ့အတူတစ်ခန်းထဲမှာ အိပ်နေကျရှိတာပဲဖြစ်သည်. ရှောင်လုက အိပ်မှုန်စုန်မွှားဖြင့် သူမမျက်စိတွေကို ပွတ်သတ်လိုက်ကာ မေးလိုက်လေတယ်.- "သခင်၊ နောက်ကျနေပြီလေ၊ သခင်ဘယ်သွားမလို့လဲ"


"ငါ အရာရှိလိန် ခရီးထွက်ဖို့ ပြင်ဆင်နေတာကို သွားပြီးကြည့်မလို့"


"ဖူး... သခင် က ရွှေဓားစလွယ်ကို မမေ့နိုင်သေးဘူးလား..အာ.. သခင်...သခင်ကတော့လေ ရင့်ကျက်ဖို့လိုနေပြီ...." ရှောင်လုက လင်ရှန်း သူမအပေါ်ကို ဒေါသချောင်းချောင်း ထွက်မလာခင် နောက်ပြန်လှည့်လို့သွားခဲ့ကာ ဆက်လက်အိပ်လိုက်တော့သည်။


"နင်....နင့်ကို ငါ ဟင်္ဿာပြဒါးကွေးအိမ်တော်ကို မောင်းမထုတ်နိုင်အောင်လို့ နင်သတိကြပ်ကြပ်ထားနေ!" လင်ရှန်းက သူမခိုးကြောင်ခိုးဝှက်နဲ့ ထွက်မသွားခင်ကို ရှောင်လုအား ကျိန်းဝါးလိုက်ခဲ့သည်။


နွေရာသီ နှောင်းပိုင်းနားရောက်နေတာဖြစ်ပေမယ့်လဲ ညလေပြေညင်းက အအေးဓာတ်ကိုတောင် စတင်ခံစားရနေလေသည်. လင်ရှန်းက ဝတ်ရုံအလွှာပါးပါးလေးဝတ်ဆင်ထားတော့ ကျောတောင်စိမ့်တက်သွားတော့တယ်. သူမက သူမလက်ကိုယ်သူမ တင်းတင်းထွေးပတ်လိုက်ကာ လိန်ဖန်ရဲ့နန်းဆောင်ရှိရာကို ဦးတည်သွားလိုက်ခဲ့သည်။


သူမက သွားတဲ့လမ်းကို အတော်လေးတောင်ရင်းနှီးလို့နေတော့ လိန်ဖန်နန်းဆောင်ကိုရောက်ရှိဖို့ အချိန်တအောင့်လေးနဲ့ပင် သူမရောက်သွားပါတယ်. သို့သော်လည်း အပြင်ဘက်ကနေ သူမ လှမ်းကြည့်လိုက်တော့ ဘာအလင်းရောင်မျှကို မမြင်ရခဲ့ပေ. 'သူ များ အိပ်ပျော်နေပြီလား.' တကယ်လို့ သူမသာ တည့်တည့်ကြီးဝင်လိုက်ခဲ့ရင် လိန်ဖန်များ သူမကို သူခိုးတစ်ကောင်နဲ့အထင်မှားပြီးတော့ သူ့ဓားရှည်ကိုဆွဲထုတ်ပြီးတော့ သူမကိုဓားနဲ့လာထိုးလေမလားဆိုတာကိုလည်း လင်ရှန်းက စိုးရိမ်နေမိခဲ့တယ်. သူမရဲ့အသက်အန္တာရာယ်လုံခြုံရေးအတွက် သူမက ပြတင်းပေါက်တံခါးကိုပဲ ခေါက်လိုက်ရန် စိတ်ဆုံးဖြတ်လိုက်ခဲ့တယ်။


"လိန်ဖန်.. ရှောင်ဖန်... လိန်လိန်... ဖန်ဖန်.. ရှောင်ဖန်ဖန်......"


သူမနောက်မှ လှုပ်ရှားမှုတစ်ခုက ထွက်ပေါ်လာခဲ့တော့ လင်ရှန်းက နောက်ကိုချက်ချင်းလှည့်ကြည့်လိုက်ခဲ့တယ်. သူမကို အံဩသွားစေလိုက်တာက လိန်ဖန်ဖြစ်နေလို့ပါပဲ. မျက်နှာဖုံးအောက်ကနေပြီးတော့ သူ့ပါးစပ်က တွန့်ကွေးလျက်ရှိနေတာကို သူမတွေ့မြင်နေရတော့လေသည်။


လင်ရှန်းက အရမ်းလန့်ဖျန့်သွားခဲ့ပါတယ်. သူမက တွန်းထိုးလိုက်မိမတတ်ဖြစ်သွားခဲ့တယ်. ကံကောင်းစွာနဲ့ သူ့မျက်နှာဖုံးကို မှတ်မိသွားတော့ သူမအချိန်မီ နောက်ဆုတ်လိုက်နိုင်ခဲ့ပါတယ်. – " ရှင်ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲနဲ့ ကျွန်မနောက်မှာ လာရပ်နေရတာလဲ။ ရှင် ကျွန်မကို လန့်ပြီးသေအောင် လာလုပ်နေတာလား......ဟမ်.. ရှင် ဘာဖြစ်လို့ မအိပ်နေရတာလဲ"


"ကိုယ် မင်းကို လာတွေ့တော့မလို့ပဲ" လိန်ဖန်က ပြောလိုက်တယ်။


"ဪ" လင်ရှန်းက သိချင်စိတ်ပြင်းပြသွားတော့လေတယ်. "ဘာဖြစ်လို့ ရှင်ကကျွန်မကို လာရှာမှာလဲ"


သူမရဲ့မေးခွန်းအတွက် လိန်ဖန်မှာ အဖြေမရှိပေ. အဲဒီအစား သူက ပြန်မေးလိုက်လေတယ်.- " မင်းကရော ဘာဖြစ်လို့ ကိုယ့်ကို လာတွေ့တာလဲ"


'ကျွန်မလား' လင်ရှန်းက သူမ လာရတဲ့အကြောင်းရင်းကို စဉ်းစားလိုက်တယ်. သူမက အကြောင်းပြချက်တစ်ခုလေးတောင် စဉ်းစားလို့မရခဲ့ပေ. ထို့ကြောင့် သူမက ပြောလိုက်တယ်.- "ကျွန်မ မသိဘူး၊ ကျွန်မ အိပ်လို့မရလို့၊ ရှင့်ကို တွေ့ချင်လာလို့.....ရှင်ရော ကျွန်မလိုပဲလားဟင် ဟ! ကျွန်မတို့တွေက စိတ်ချင်းဆက်သွယ်နေတာပဲ!" လင်ရှန်းကိုကြည့်ရတာ သူမက လောကအသစ်ကို ရှာဖွေတွေ့ရှိခဲ့လိုက်သလိုမျိုးပင်. သူမက လိန်ဖန်ပုခုံးပေါ်ကို ဖွဖွပုတ်ခဲ့လိုက်ရင်း ပြောလိုက်ခဲ့တော့တယ်။


လေက အတော်လေးအားပြင်းပြင်းတိုက်ခတ်ခဲ့တော့ သူမ လက်တွေကလဲ အေးစက်လို့နေခဲ့သည်. သူမလက်ချောင်းတွေက မတော်တဆနဲ့ လိန်ဖန်လည်ပင်းကို ထိမိသွားခဲ့တယ်. လိန်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူမလက်တွေကို ဖမ်းဆွဲယူလိုက်ခဲ့သည်။


"မင်းလက်တွေက ဘာဖြစ်လို့ အရမ်းအေးနေရတာတုန်း" သူက မေးလိုက်ခဲ့သည်။


ထိုလှုပ်ရှားမှုက အရမ်းရုတ်တရက်နိုင်သွားတော့ လင်ရှန်းမှာ မဆိုသလောက်လေးတောင် ရှက်ရွံ့သွားခဲ့ရသည်. သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်ခဲ့သည်. "အမ်.......ကျွန်မလည်း အေးနေတယ်လို့ ခံစားရ....." သူမ စကားမဆုံးခင်တွင် လိန်ဖန်က အနဲငယ်လေးတောင်မှ တုန့်ဆိုင်းခြင်းမရှိဘဲနဲ့ သူ့ဝတ်ရုံကို ချွတ်လိုက်ခဲ့ကာ သူက သူ့ကိုယ်ငွေ့အနွေးဓာတ်တွေရှိနေသည့် ဝတ်ရုံကို သူမကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ခဲ့ပါတယ်. လင်ရှန်းတစ်ယောက် သူမရင်တွေ တဒိန်းဒိန်းခုန်သွားခဲ့တော့သည်။


"အပြင်မှာအေးတယ်၊ ငါတို့ အထဲဝင်ပြီးတော့ ပြောကြရအောင်" လိန်ဖန်က သူမကို အခန်းထဲကိုခေါ်မလို့ လုပ်လိုက်ချိန်တွင် ရုတ်တရက် သူ အတွန်းခံလိုက်ရပြီးတော့ နောက်ကို ခြေလှမ်းအနဲငယ်ဆုတ်မိသွားသည်. သူ့နောက်ဘက်တွင် နံရံတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ရှိနေခဲ့လို့တော်သေးသည်. "မင်း...." သူ မတုံ့ပြန်လိုက်နိုင်ခင်မှာပဲ လင်ရှန်းက သူမကိုယ်သူမ သူ့ဆီကို ပစ်ဝင်လာလိုက်ကာ သူနဲ့ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်တော့သည်။


အနေအထားက အလွန်ပင်ထူးဆန်းဖွယ်ရာကောင်းလွန်းနေခဲ့သည်. စိတ်ကူးကြည့်လိုက်ရင်တော့ ရှည်လျားတဲ့အရပ်ရှိသည့်ယောကျ်ားတစ်ယောက်က အုတ်နံရံကိုကျောပေးနေစဉ်မှာတော့ သေးသွယ်တဲ့အမျိုးသမီးငယ်လေးက ခြေဖျားထောက်ပြီးတော့ သူ့ကိုအနမ်းပေးနေခဲ့သည်. ကြယ်ရောင်စုံတွေလင်းလက်ပြီးတော့ လေပြေလေးညင်းလေးတွေ တဖြူးဖြူးတိုက်ခတ်နေသည့်ညအမှောင်ထုအောက်တွင် သူတို့နှစ်ဦးကို ဝိုးတိုးဝါးတား ထင်မြင်အောင်ပင် ပြုလုပ်နေခဲ့ပါတယ်. တွေ့မြင်ရသူအဖို့ ပန်းချီကားတစ်ချပ်လိုမျိုး စွဲငင်မက်မောစရာကောင်းနေတော့လေသည်။


ခြံဝန်းထဲတွင်ရှိသော လူလုပ်ကျောက်တောင်အတုတစ်ခု၏နောက်ကွယ်တွင်‌တော့ တစ်စုံတစ်ဦးက တုံ့ခနဲ ရပ်ဆိုင်းလျက်ရှိနေခဲ့ပါတယ်။


လင်ရှန်းက အနမ်းချင်းဖလှယ်နေဆဲပင်ဖြစ်သည်. သတ္တိခွန်အားတွေက သူမထံသို့ ဘယ်နေရာကဘယ်လိုရောက်လာမှန်း သူမလဲမသိတော့ပါဘူး. အနမ်းဖလှယ်နေတာကနေပြီးတော့ သူမ ကသိကအောက်ဖြစ်သလိုခံစားနေရာကနေ ရုတ်ချည်းပင် အစအနဖော်လို့မရတော့ပေ. လောလောဆယ်မှာတော့ သူမက ပြန်လည်လန်းဆန်းလို့လာကာ လွတ်လပ်ပေါ့ပါးနေသလို ခံစားနေရပါတယ်. သူမကိုယ်သူမ ထိန်းသိမ်းလို့မရနိုင်တော့ဘဲ လိန်ဖန်ရဲ့မျက်နှာဖုံးကို ချွတ်ဖို့ သူမလက်ကိုအပေါ်ကိုမြှောက်လိုက်တော့သည်။


မူလကတော့ လိန်ဖန်က အချွတ်မခံချင်ဘဲ ဝန်လေးလို့နေခဲ့ပါတယ်. ဒါပေမယ့်လဲ အဆုံးမှာတော့ သူ သူမကို မတားမြစ်ခဲ့ပါဘူး. ခဏလေးအတွင်းတွင် မျက်နှာဖုံးက ဖယ်ရှားခြင်းခံလိုက်ရတော့လေသည်. မျက်နှာဖုံး ခြားနားခြင်းမခံထားတဲ့ သူတို့နှစ်ယောက်ရဲ့ကြားမှာတော့ သူတို့ရဲ့အနမ်းက အရင်ထက်စာရင် ပိုပြီးတော့နက်နက်နဲနဲဖြစ်လို့လာခဲ့ပါတယ်. သူမရဲ့ခြေထောက်တွေက အားနည်းလာသလို လင်ရှန်းခံစားလိုက်ရသည်. သူမကိုယ်သူမ လဲမသွားအောင် ဟန်ချက်ထိန်းနိုင်ဖို့အတွက် သူမက သူမလက်မောင်းတွေကို လိန်ဖန်ရဲ့လည်တိုင်တွင် ကိုအာလာဝက်ဝံလေးတစ်ကောင် သစ်ပင်ကို ဖက်တွယ်ထားသလိုမျိုး ရစ်ပတ်ထားလိုက်တော့သည်။


သူတို့နှစ်ဦးသားက လိုချင်တက်မက်မောခြင်းနှင့်အတူဖြည့်ဆည်းနေကြရင်းနဲ့ သူတို့တွေကအပြန်အလှန်ပူးပေါင်းဆောင်ရွက်လို့နေကြပါတယ်. ရုတ်တရက် တိမ်မည်းမည်းက လရောင်ခြည်ကို ဖုံးလွှမ်းလိုက်ကာ အစောင့်တစ်ယောက်က သူတို့နေရာသို့ ပတ္တရောင်လှည့်လာခဲ့ပါတယ်။


လိန်ဖန်က လင်ရှန်းကို ထွေးပွေ့ထားလိုက်ကာ တိုင်လုံးတစ်လုံးအရိပ်နောက်ကွယ်တွင် ပုန်းကွယ်လိုက်ခဲ့သည်. ကံအားလျော်စွာဘဲ အစောင့်က သူတို့တွေကို သတိမပြုမိလိုက်ခဲ့ချေ. သူက စက်ဝိုင်းတစ်ပတ်လှည့်ကာ ပြန်လည်ထွက်သွားလိုက်ခဲ့သည်. လင်ရှန်း လိန်ဖန်တစ်ယောက် အရမ်းအရမ်းကို စိုးရိမ်တကြီးဖြစ်နေပုံကို ကြည့်ပြီးတော့ အလွန်ပင်အူယားသွားက စနောက်ချင်သွားတော့လေသည်. အစောင့်က မလှမ်းမကမ်းတွင်ရှိနေပေမယ့် သူမက ခြေဖျားထောက်ပြီးတော့ လိန်ဖန်ရဲ့နှုတ်ခမ်းသားတွေကို ကြောင်ပေါက်စနလေးတစ်ကောင်လိုမျိုး ချစ်ကျီစယ်စွာဖြင့် သူမလျှာဖျားဖြင့်စတင်သပ်လိုက်တော့သည်။


လင်ရှန်း၏နူးညံ့ပျော့ပြောင်းပြီး စွတ်စိုနေတဲ့လျှာဖျားလေးကို လိန်ဖန်မှာတော့ တွန်းလှန်နိုင်ရုံမျှ ဖြစ်ခဲ့ပါတယ်. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက အစောင့်က သူတို့ကိုရှာဖွေတွေ့ရှိသွားမှာကို ရင်ထိတ်နေရခဲ့ပါတယ်. ထို့ကြောင့်သူက သူ့လက်ဖဝါးနဲ့ လင်ရှန်းရဲ့ပါးစပ်ကိုပိတ်ဆို့လိုက်ခဲ့ပါတယ်။


လင်ရှန်းက အရှုံးမပေးချင်ခဲ့ဘဲနဲ့ သူ့လက်ဖဝါးပေါ်ကို တစ်တိတိကိုက်ဝါးလိုက်ခဲ့ပါတယ်. သူမလက်တွေကလဲ အထိန်းချုပ်မဲ့စွာနဲ့ အမှောင်ထုထဲတွင် ပတ်ဝန်းကျင်ကို စတင်ပြီးတော့ စမ်းတဝါးဝါးလုပ်လို့‌နေခဲ့ပါတယ်. နောက်ဆုံးမှာတော့ မာကျောက်ပြီးတော့တောင့်တောင့်ကြီးဖြစ်နေတဲ့ တစ်စုံတစ်ရာကို သူမ ထိတွေ့လိုက်မိတော့လေတယ်။


လိန်ဖန်ထံမှ ဟောက်ဟိန်းသံတစ်ခုထွက်ရှိလို့လာပြီးတော့ လင်ရှန်းကို အုတ်တိုင်လုံးနဲ့ကျောခင်းလိုက်ခဲ့ကာ အကြမ်းပတမ်းပင် အနမ်းပေးလိုက်ခဲ့တော့သည်။


ရူးရူးမူးမူးနမ်းရှိုက်ခြင်းခံလိုက်ရတာက လင်ရှန်းကို လေနှင့်အတူလွင့်ပါလုမတတ်ပင်. သူမက လိန်ဖန်ကိုညင်ညင်သာသာဆန့်ကျင်ကာ အမောတကောဖြင့် အသက်လုရှူလိုက်ရပါတယ်. လမင်း၏လင်းရောင်ခြည်တန်းတစ်ခုက တိမ်အုပ်နေသည့်ကြားမှ ရုတ်တရက်ကြီး ထွက်ပေါ်လို့လာခဲ့ပါတယ်. မှောင်ရီဝိုးတဝါးဖြစ်လို့နေသည့် လရောင်ခြည်က သူမကို အလွန်တရာပင်ညို့ယူဖမ်းစားနိုင်သည့်ပုံပေါက်အောင်လို့ ပြုလုပ်နေခဲ့ပါတယ်။


လိန်ဖန်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီးတော့ သူမဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သပ်ပေးလိုက်ဖို့ ကြိုးပမ်းလိုက်ခဲ့သည်. သို့သော်လည်း သူ့လက်ချောင်းတွေက သူမရဲ့ချောမွတ်နေသည့် ချစ်စဖွယ်မျက်နှာလေးက​ေန ရုန်းမထွက်ချင်ခဲ့ပါဘူး. သူက သူမပါးပြင်မို့မို့ကို သူ့လက်ချောင်းများဖြင့် တဖြေးဖြေးချင်း ပွတ်သပ်လိုက်ခဲ့သည်။


အရင်က လူတွေရာနဲ့ချီပြီးတော့ကို အသက်ဇီဝိန်ခြွေဖူးခဲ့တဲ့သူ့ရဲ့လက်တွေက နေပြီးတော့ မယုံကြည်နိုင်ဖွယ်ရာကောင်းတဲ့တစ်စုံတစ်ရာက သူ့ထံမှာဖြစ်တည်လာခဲ့ပါတယ်. အဲဒီလက်တွေနဲ့တူညီတဲ့လက်တွေက သူ အသည်းနင့်အောင်ချစ်မြတ်နိုးရတဲ့အမျိုးသမီးကို ထိတွေ့လိုက်ခဲ့လို့ပါပဲ. သူ့ရဲ့အေးစက်စက်ဓားကတောင် သူ့ကိုဒီလိုမျိုးဘယ်တုန်းကမှ ဒီလိုစိတ်ကျေနပ်စေလောက်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခြင်းမရှိခဲ့တာပင်။


လင်ရှန်းက အခုချိန်ခါမှာတော့ အရမ်းအရမ်းကိုလိမ္မာလွန်းနေခဲ့ပါတယ်. သူမက လိန်ဖန်သူမကို ကြင်နာယုယစွာပွတ်သပ်ပေးလိုက်တာကို ငြိမ်ငြိမ်သက်သက်ပင် ခွင့်ပြုပေးလိုက်ခဲ့ကာ သူမမျက်နှာကို သူ့ရင်ဘတ်နဲ့ဖိအပ်လိုက်ခဲ့တယ်. သူမက အလိုကြီးစွာဖြင့် သူ့ရင်ဘတ်ထဲမှ နှလုံးခုံသံကို နားထောင်လိုက်ခဲ့သည်. သူမဆီမှာဖြစ်ပျက်နေသည့် ပြဿနာအားလုံးပင် ပျောက်ကွယ်သွားသလိုပင် သူမခံစားလိုက်ရတော့သည်. – "ရှင်ပြန်လာတဲ့အချိန်ကျရင် ဒီနေရာကထွက်သွားဖို့ နည်းလမ်းရှာကြရအောင်လား"


လိန်ဖန်ရဲ့လက်တွေက လှုပ်ရှားနေရာမှ တန့်သွားခဲ့သည်. သူက စကားတစ်ခွန်းမှတော့ မပြောခဲ့ပေ။


"ဘာဖြစ်လို့လဲဟင်" လင်ရှန်းက သူမခေါင်းကိုမော့လိုက်ပြီးတော့ သူ့ကို ကြည့်လိုက်ကာမေးလိုက်တယ်. ဒါပေမယ့် လိန်ဖန်က သူမခေါင်းလေးကို သူ့ရင်ဘတ်နဲ့ ပြန်လည်ဖိကပ်လိုက်ခဲ့ပါတယ်။


"အဲလိုပဲလုပ်ရအောင်" သူက ကတိပေးလိုက်ခဲ့သည်။


လင်ရှန်းမှာတော့ သူမထံမှာ မဖော်ပြနိုင်သည့် ချိမြိန်မှုတစ်ခုက ဖြစ်တည်လာခဲ့တော့သည်. သူမ နှလုံးသားက ပျားသကာကိုစားလိုက်မိသည့်အတိုင်းပင်ဖြစ်တော့သည်. သူက သူမလက်မောင်းတွေကို လိန်ဖန်ရဲ့ခါးတွင်ဖက်တွယ်လိုက်ခဲ့ကာ ဆက်ပြောလိုက်တယ်. – "ရှင် စောစောသွားပြီးတော့ စောစောပြန်လာခဲ့နော်၊ ရှင့်ကို လမ်းမှာ အခြားမိန်းကလေးတွေကို ကြည့်ဖို့ခွင့်မပြုဖူး!"


"အင်း"


"မင်းကိုလဲ အခြားယောက်ျားတွေကို ကြည့်ဖို့ခွင့်မပြုဘူး!"


".........."


"မင်းကို 'ဝူရင်"ကိုတောင် ကြည့်ဖို့ခွင့်မပြုနိုင်ဖူး!"


".........."


ဒီလိုနဲ့ပင် လင်ရှန်းတစ်ယောက် လိန်ဖန်ကိုပွေ့ဖက်ကာ ထွေကာလေးပါးလျှောက်ပြီးတော့ စကားပြောနေလိုက်တော့သည်။


ခပ်လှမ်းလှမ်းမှနေပြီးတော့ ရှောင်လုရဲ့အသံကို ကြားလိုက်ရသည်. " ကြင်ယာတော်မင်းသားရေ! ကြင်ယာတော်မင်းသား!"


"အာ့!" လင်ရှန်းက ထိတ်ခနဲဖြစ်သွားခဲ့ကာ လိန်ဖန်ရင်ခွင်ထဲမှ ပြန်ကန်ထွက်လိုက်သည်. –"ရှောင်လု နိုးလာပြီးတော့ ကျွန်မပျောက်သွားတာ သတိထားမိသွားလို့ထင်တယ်၊ သူ ကျွန်မကို လာရှာနေပြီ! ကျွန်မ မြန်မြန်ပြန်သွားမှရတော့မယ်၊ အိပ်လိုက်တော့နော်! ကျွန်မ မနက်ဖန်ကျမှ နှုတ်ဆက်စကားပြောဖို့ လာလိုက်တော့မယ်!"


"မလိုတော့ပါဘူး" လိန်ဖန်က သူ့ခေါင်းကိုခါးရမ်းလိုက်ကာပြောလိုက်တယ်. "ကိုယ် မနက်နေမထွက်ခင် သွားမှာ ၊ မလာနဲ့တော့၊ ကိုယ် အတင်းအဖျင်းစကားတွေကို ရှောင်ချင်တယ်"


'ဟွန်း:::::::! ဟန်ဆောင်နေလိုက်တော့! ရှင် ကျွန်မကို ညသန်းခေါင်ယံကြီးမှာ တိုင်လုံးနဲ့ဖိကပ်ပြီးတော့တောင် နမ်းပြီးသွားတောမှ ရှင်က အတင်းတုတ်ခံရမှာ ကြောက်နေတာလား။ ယောက်ျားတွေများလေ...ဒီပုတ်ထဲကဒီပဲ အကုန်လုံးတူတူကြီးပဲ!' လင်ရှန်းက လိန်ဖန်ကို တိတ်တိတ်လေး အကဲဖြတ်နေလိုက်တယ်. အခုတော့ ရှောင်လုရဲ့အသံက တဖြေးဖြေးနဲ့ နီးလာခဲ့ပါတယ်။


"ပြီးရော၊ ကျွန်မ ရှင့်အခန်းကို ပြန်လိုက်မပို့တော့ဘူး! ကျွန်မ ပြန်သွားပြီးအိပ်တော့မယ်!" လင်ရှန်းက နှုတ်ခမ်းကို စူပုတ်ပြီးတော့ စိတ်တိုစွာနဲ့ကြည့်လိုက်တယ်. ပြီးနောက် သူမဘေးပတ်ဝန်းကျင်ကို သတိဝီရိယနဲ့ကြည့်လိုက်သည်. သူမက ပတ်ဝန်းကျင်တွင် လူတစ်ယောက်မျှ မတွေ့တာသေချာသွားမှ တိုင်လုံးအကွယ်ကနေ ခုန်ကူးထွက်လိုက်ကာ ရှောင်လုအော်သံကြားတဲ့နေရာဆီသို့ ပြေးသွားလိုက်တော့သည်။


" မြန်မြန်သွားပြီး မြန်မြန်ပြန်လာဖို့ မမေ့လိုက်နဲ့နော်!" ခပ်ဝေးဝေးရောက်တော့မှ လင်ရှန်းက နောက်ပြန်လှည့်လိုက်ကာ လိန်ဖန်ကို တီးတိုးလှမ်းပြောလိုက်သည်။


လိန်ဖန်က တိုင်လုံးနောက်ကွယ်တွင် မတ်တပ်ရပ်လျက်ရှိနေပြီးတော့ တဖြည်းဖြည်းချင်း လင်ရှန်းပျောက်ကွယ်သွားသည်ကို ငေးကြည့်နေလိုက်ခဲ့သည်. ပြီးနောက် သူ့မျက်လုံးတွေက နက်မှောင်သွားတော့သည်။


"ထွက်လာခဲ့" သူက မှောင်ရိပ်ထဲမှ ခြေလှမ်း၍ ထွက်လိုက်ရင်း‌ ပြောလိုက်လေတယ်။


To be continued❤❤❤


End....