Chapter 68
Viewers 9k


အပိုင်း(၆၈)


မကြာမီတွင် လူတစ်ယောက်က လူလုပ်‌ကျောက်တောင်အတုနောက်ကွယ်မှ ထွက်လာခဲ့တော့သည်. မှုန်ဝါးဝါးလရောင်ခြည်က သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်သို့ ကျဆင်းနေကာ တောက်ပလင်းလက်လျက်ရှိနေသည်။ သူတို့ထဲမှတစ်ယောက်ကိုကြည့်ရသည်မှာ အေးဆေးတည်ငြိမ်နေပုံရပြီး နောက်တစ်ယောက်ကတော့ ကြည့်ရတာ လေးလေးနက်နက်ဖြစ်နေသည့်ပုံပေါက်နေခဲ့လေသည်။


"ခင်ဗျား ကျုပ်တို့ကို မြင်လိုက်တယ်မဟုတ်လား" တုဟောင်ထံမှ စကားသံထွက်မလာခင် လိန်ဖန်က အရင်ဦးအောင် အသံပြုလိုက်သည်။


"မင်းက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို မြင်စေချင်လိုက်ပြီးမှ ဘာဖြစ်လို့ လာမေးနေရတာလဲ...အရာရှိလိန်၊ အိုး မဟုတ်သေးဘူးပဲ! ငါ မင်းကို ညီတော်လို့‌မခေါ်သင့်ပေဘူးလား" တုဟောင်ရဲ့သွင်ပြင်လက္ခဏာက အေးစက်စက်ဖြစ်လို့နေပြီး သူ့မျက်လုံးထဲမှာတော့ သိပ်နှစ်မြို့ပုံမရသည့် အရိပ်ယောင်တစ်ခုကို ပြသလျက်ရှိနေသည်။


"အရှင့်သား.... ကိစ္စကြီး​မားလာအောင် လုပ်ဖို့မလိုတော့ပါဘူးလေ၊ ခင်ဗျားလည်း ကျုပ်ရဲ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်းသိနေပြီးသင့်တာပဲမို့လား" လိန်ဖန်က တည်ငြိမ်စွာဖြင့်ထုတ်ဆိုလိုက်သည်။


"အဲဒါက ဖုံးထားလို့မလိုအပ်တော့မှလည်း မင်းက ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း ချမပြနိုင်သေးရတာလဲ"


လိန်ဖန်က တုဟောင်ရဲ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်ကာ ပြောလိုက်တယ်.- "ကျုပ် ခင်ဗျားနဲ့ အလဲအလှယ်တစ်ခု လုပ်ချင်တယ်၊ လူတစ်ယောက်အတွက် အလဲအလှယ်လုပ်ဖို့ ကျုပ် လောကကြီးတစ်ခုလုံးကိုတောင် ခင်ဗျားကို ပေးနိုင်တယ်"


...............


ငွေလရောင်ခြည်က တိမ်စိုင်တွေရဲ့ နောက်ထပ် အုပ်မိုးခြင်းကို ခံလိုက်ရပြန်ပါပြီ။ လင်ရှန်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီးတော့ တိုးတိုးရေရွတ်လိုက်တယ်.- "တိမ်တွေကလဲ ထူလိုက်တာ၊ မနက်ဖန် မိုးရွာမလားမသိဘူး......."


ရှောင်လုက ထသန်းလိုက်ပြီးတော့ တီးတိုးပြောလိုက်တယ်.- "သခင်...အိပ်တော့လေ၊ မနက်ဖန် မိုးရွာရင်တောင်မှ သခင်က နန်းတော်ထဲမှာ ရှိနေမှာလေ၊ ဘာလို့ လိုက်ပူပန်နေတာလဲ"


"နင်က ဘာသိလို့လဲ!" လင်ရှန်းက သူမကို မျက်စောင်းထိုးလိုက်ကာ ပြန်လှည့်လိုက်ပြီးတော့ ကောင်းကင်ကြီးကို ဆက်လက်ကြည့်ရှုနေလိုက်တော့တယ်။ ခဏကြာပြီးနောက်မှာတော့ ရှောင်လုက ပြန်အိပ်ပျော်သွားတော့လေတယ်. မကြာခင်မှာပဲ သူမရဲ့ဟောက်သံများနဲ့ တစ်ခန်းလုံးပြည့် ဗလောင်ဆူသွားတော့သည်. ရှောင်လုက ဝက်လေးတစ်ကောင်လိုမျိုး တခေါခေါတဟူးဟူးဟောက်နေတာက လင်ရှန်းကို ရှုးနှောက်သွားချင်အောင်လာလာလုပ်နေ နေပါတယ်။


လင်ရှန်းက ခေါင်းအုံးတစ်လုံးနဲ့ ရှောင်လုအား ပစ်ပေါက်လိုက်တော့သည်။ ဒါပေမယ့်လည်း ရှောင်လုက အဲဒါကို ဆွဲသိမ်းလိုက်ပြီးတော့ သူမရဲ့သွားရေတွေနဲ့ သုတ်ပစ်လိုက်တော့လေသည်။


သနားဖို့ကောင်းတဲ့ လင်ရှန်းကတော့ အိပ်စရာခေါင်းအုံးတောင် မရှိတော့ပါဘူး. ထို့ကြောင့် သူမက ဆက်မအိပ်တော့ရန် ဆုံးဖြတ်လိုက်တော့သည်. သူမက သူမရဲ့ဝမ်းဗိုက်ကိုကွေးကာ လက်နှစ်ဘက်လုံးပေါ်ကို သူမမျက်နှာအပ်လိုက်ပြီးတော့ သူမ ပထမဆုံးအကြိမ် လိန်ဖန်နဲ့တွေခဲ့တာကို တွေးတောနေခဲ့ပါတယ်။ သူမက သူမတို့အတူတကွသွားလာလှုပ်ရှားနေမှုအားလုံးကို ပြန်လည်တွေးတောရင်း အရှုးတစ်ယောက်လိုမျိုး စပ်ဖြီးဖြီးပြုံးနေလိုက်သည်. သူမက ညတစ်ညလုံးပင် အရှုးလိုမျိုး ပြုံးဖီးဖီး


စပ်ဖြဲဖြဲပြုံးရင်းဖြင့် အချိန်ကုန်ဆုံးခဲ့တော့သည်. ရှောင်လုသာ သူမကို မြင်လိုက်လို့ကတော့ သူမ ထိတ်လန့်ကြောက်ရွံ့သွားမှာတော့ သေချာပေါက်ပင်။


သူမစိတ်ထဲမှာတော့ သူမတို့ရဲ့သွားလာလှုပ်ရှားနေတဲ့ပုံရိပ်တွေအားလုံး ပျောက်ကွယ်သွားတဲ့အချိန်မှာတော့ မနက်မိုးလင်းသွားခဲ့ပါပြီ. လင်ရှန်းလည်း တစ်ညလုံး တစ်ရေးမှ မအိပ်လိုက်ရ‌ေပ။ အံဩစရာကောင်းတာက သူမက အလွန်ပင် နိုးကြားတက်ကြွနေသလို ခံစားနေရလို့ပါပဲ။ သူမက လိန်ဖန်ကို နှုတ်ဆက်ဖို့ရာ နန်းတော်ဂိတ်တံခါးပေါက်ဝကို သွားဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ သူက သူမကို မလာဖို့ပြောထားသော်လည်း မော်ဒန်ကမ္ဘာက မိန်းကလေးတစ်ယောက်အနေနဲ့ကတော့ သူ့စကားကို သူမက ဘာဖြစ်လို့ တဝေမသိမ်းလိုက်နာနေရမှာလဲလေ။


လင်ရှန်းက အိပ်ရာထဲမှ လူးလဲထလိုက်ပြီးတော့ ရှောင်လုကို သူမနဲ့အတူသွားဖို့ ဆွဲခေါ်လိုက်တယ်. သိုသော်လည်း ရှောင်လုကတော့ အိပ်ချင်မူးတူးဖြစ်နေတုန်းပါပဲ. သူမကိုကြည့်ရသည်မှာ မတရားသဖြင့်သေသွားခဲ့တဲ့ သရဲတစ္ဆေတစ်‌ေကာင်လိုပင်. သူမတို့လမ်းပေါ်ရောက်သွားတော့ နန်းတွင်းအစေခံများစွာက သူမမျက်နှာပုံပန်းကြောင့် ထိတ်လန့်ကြောက်ရွံ့လို့သွားကြပါတယ်။


ထိုအချိန်တွင်တော့ တိမ်ထူထပ်နေတဲ့ ကောင်းကင်ယံကနေ မိုးလေးတဖွားဖွားက စတင်ကျလာခဲ့ကာ မနက်ဝေလီဝေလင်းကို အနညငယ်လေးပင် ချမ်းစိမ့်လို့သွားတော့သည်. ရှောင်လုက နှာချေလိုက်ပြီးတော့မှ မျက်လုံးကျယ်ကာနိုးလာတော့သည်. သူမက လင်ရှန်းနောက်ကို အပြေးအလွှားလိုက်သွားပြီးတော့ သူမရဲ့ထီးအမိုးအောက်ကိုဆွဲသွင်းလိုက်ကာ ထပ်တွန့်တက်လိုက်လေသည်. - "သခင်..ကျွန်တော်မျိုးမတို့ ဘာဖြစ်လို့ဒီလောက်အစောကြီးထရတာလဲ။ အပြင်မှာ ဘယ်သူမှတောင် မရှိသေးဘူး!"


"နင်က ဘာသိလို့လဲ။" လင်ရှန်းက တီးတိုးငေါက်လိုက်ကာ နန်းတော်ဂိတ်တံခါးဝကို ဦးတည်လိုက်ခဲ့သည်။


"ကျွန်တော်မျိုးမ မသိပါဘူး. ကျွန်တော်မျိုးမ မသိပါဘူး... သခင်က ပြောလိုက်ရင် ကျွန်တော်မျိုးမ မသိပါဘူးကြီးပဲ...." ရှောင်လုက တီးတိုးလေးပြောလိုက်တယ်... "တကယ်တော့ ကျွန်တော်မျိုးမ သိတယ်! သခင်က ရွှေဓားစလွယ်ပိုင်ရှင်နဲ့ ရွှေဓားစလွယ်ကို လိုချင်နေတာမို့လား.၊ သခင်က သူ့ဓားကိုရော သူ့ခန္တာကိုယ်ကိုရော လိုချင်နေတာပဲ၊ သခင်က အရမ်းအကျင့်ပျက်နေတာပဲ!"


လင်ရှန်းမှာ ခလုတ်တိုက်ပြီးတော့ ချော်လဲလုနီးပါးတောင်ဖြစ်သွားတယ်. သူမက ရှောင်လုကို မကျေမချမ်းကြည့်လိုက်တယ်.-'ဒီပန့်ခေါင်းစဉ်စာသားက အရမ်းခေါတ်ဆန်နေတယ်နော်! နင်က မော်ဒန်ကမ္ဘာကလာခဲ့တာ ဟုတ်တယ်မို့လား'


ရှောင်လုက မျက်နှာနီမြန်းသွားပြီးတော့- "သခင်၊ ကျွန်တော်မျိုးမကို ဒီလိုမျိုးမကြည့်ပါနဲ့၊ ကျွန်တော်မျိုးမ ရှက်တယ်......"


"........" လင်ရှန်းတစ်ယောက် သွေးတစ်ပွက်ပင်အန်ထွက်လုနီးပါးဖြစ်သွားတော့တယ်။


သူတို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စကားနာထို့း စနောက်ရင်းနဲ့ ဆက်သွားလိုက်ကြသည်. နောက်ဆုံးတွင် သူမတို့တွေ နန်းတော်ဂိတ်တံခါးဝကို ရောက်ရှိသွားခဲ့ပါတယ်. အခုမှပင် နေလုံးကြီးက စတင်ထွက်လာခဲ့သည်။ မျှော်လင့်ထားသလိုပင် ထိုနေရာတွင် အဖွဲ့တစ်ဖွဲ့က ရောက်ရှိနေကြပါတယ်။ အရေးပေါ်အကြောင်းကိစ္စရပ်တစ်ခုနဲ့ ရှာဖွေဖို့သွားရတာဖြစ်တာကြောင့် လိန်ဖန်က သူနဲ့အတူ လူအများကြီးကို ခေါ်မသွားခဲ့ပါဘူး။ သူတို့ လူအများကြီးကိုခေါ်မသွားရတာက သူတို့ အမြန်သွားပြီးတော့ အမြန်ပြန်လာဖို့ စီစဉ်ထားခဲ့လို့ပင်ဖြစ်သည်။


ရှောင်လုက မျက်လုံးရှင်ရှင်နဲ့ကြည့်လိုက်ပြီးတော့ လူအုပ်စုကြားကို လက်ညိုးထိုးညွှန်ပြလိုက်တယ်- "သခင့်၊ ကျွန်တော်မျိုးမ အရာရှိကိုတွေ့ပြီ၊ သူ ဟိုနားမှာလေ!"


"ရှူး... နင့်အသံကို တိုးတိုးပြောစမ်းပါ!" လင်ရှန်းက ရှောင်လုကို ကျောက်ဆစ်ရုပ်တုနောက်နားသို့ အမြန်ဆွဲခေါ်လိုက်သည်။


ရှောင်လုက အူကြောင်ကြောင်ဖြစ်သွားပြီးတော့- "သခင်၊ သခင် ဒီနေရာတောင် ရောက်လာပြီပဲ၊ အရာရှိကို တွေ့သွားမှာကို ဘာဖြစ်လို့ကြောက်နေတာလဲ? ဪ..ကျွန်တော်မျိုးမ သိပြီ! သခင် ရှက်နေတာလား!!"


"နင့် ညီမပဲ ရှက်နေလိုက်!" လင်ရှန်းက ရှောင်လုခေါင်းကို ဆတ်ခနဲ ခေါင်းခေါက်လိုက်တော့တယ်။


'မနေ့ကညကဘဲ သူမ မလာတော့ဘူးဆိုပြီးတော့ သူမကိုယ်တိုင်ပဲ ပြောထားခဲ့တာလေ. သူမပြောတဲ့စကားကို သူမပြန်ရုတ်သိမ်းလိုက်တာကို လိန်ဖန်သိသွားရင် သူမ မျက်နှာပူရမှာပဲမို့လား။ ထို့ကြောင့် သူမက သူမြင်သွားအောင်လို့ လုံးဝ ကိုယ်ထင်ပြလိုက်လို့မရဘူးလေ။'


လောလောဆယ်တွင်တော့ မြင်းနှင့်လူအားလုံးက ထွက်ခွာရန် အဆင်သင့်ဖြစ်လို့နေကြပါပြီ။ လိန်ဖန်က သူတို့ရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေပါတယ်။ သူ့ရဲ့ ရှည်လျားဖြောင့်တန်းတဲ့ပုံရိပ်က ဒီလိုမိုးလေးတဖွဲဖွဲကျဆင်းနေသည့်ရာသီဥတုမှာ အလွန်ပင်ပေါ်လွင်ထင်ရှားသည့်ပုံပေါက်နေခဲ့သည်။


'အိုးဟိုး... အရမ်းကြည့်ကောင်းလိုက်တဲ့ ယောက်ျားတစ်ယောက်ပါလား။ လင်ရှန်းတစ်ယောက် သူမပိုပြီးတော့ ငမ်းငမ်းတက်ကြည့်လေ ပိုပြီးတော့ စိတ်လှုပ်ရှားရင်ခုန်လေဖြစ်လို့နေသည်။ ရိုးသားစွာပြောရရင်တော့ သူမက လိန်ဖန်ရှိရာကို ပြေးထွက်သွားပြီးတော့ သူ့လက်မောင်းထဲကို ပစ်ဝင်လိုက်ချင်နေလေသည်။


ထိုအခိုက်တွင် တုဟောင် ရောက်ရှိလာခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက သူက သူနဲ့အတူတစ်ယောက်မျှကို ခေါ်လာခဲ့ခြင်းမရှိပေ. ဒါပေမယ့် သူက ခမ်းနားထည်ဝါတဲ့ဝတ်ရုံနဲ့ရှိနေတာက သူ့ကိုကြည့်ရသည်မှာ အလွန်အင်မတန်ပင် ခြိမ်းခြောက်နိုင်စွမ်းတွေရှိနေသည့်ပုံပေါက်နေသည်။ လိန်ဖန်ရဲ့ဘေးမှ လူတိုင်းက ဒူးထောက်ချလိုက်ကြကာ အရိုသေပြုလိုက်ကြသည်. သို့သော်လည်း လိန်ဖန်ကတော့ ခေါင်းလေးဆတ်လိုက်ရုံသာ အရိုသေပြုလိုက်ခဲ့တယ်။ သူက ကြောက်ရွံ့သည့်ပုံစံကို စိုးစဉ်းမျှ မပြသခဲ့ပေ။


"အိုး.....! အရာရှိလိန်က အရမ်းယောကျ်ားပီသတာပဲနော်!" ရှောင်လုကိုကြည့်ရသည်မှာ အသည်းခိုက်သွားပုံရသည်။


'သေချာတာပေါ့.....နေပါဦး! နင်က ငါ့လူကို လာချိန်နေတာလား။ နင် တော့ အသက်မရှင်ချင်တော့ဘူးထင်တယ်နော်' လင်ရှန်းက ရှောင်လုကို အကြည့်တစ်ချက်နဲ့တင် သေစေနိုင်သည့်အကြည့်ဖြင့် ကြည့်လိုက်တော့ ရှောင်လုက ချက်ချင်းပင် သူ့စကားကို ပြန်ပြောင်းပြောလိုက်လေတယ်. - "ဒီအစေခံက ဆိုလိုချင်တာကလေ..အိမ်ရှေ့မင်းသားက အရမ်းယောက်ျားပီသတယ်လို့ ပြောတာပါ!"


'နင်က ငါ့လူကို ယောကျာ်းသိပ်မပီသဘူးလို့ စောင်းပြောချင်နေတာလား' လင်ရှန်းရဲ့မျက်လုံးများက နက်မှောင်သွားတော့သည်။


ရှောင်လုက သူမပြောတာ နောက်ထပ်မှားသွားပြန်ပြီဆိုတာကို နားလည်လိုက်ပြီးတော့ ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်တော့တယ်.- "ကြည့်ပါဦး! သူတို့တွေ သွားကြတော့မယ်!"


လင်ရှန်းက သူမအာရုံကို နန်းတော်ဂိတ်တံခါးဝကို ပြန်ပြောင်းထားလိုက်တော့သည်။ သူတို့တွေက အဆင်သင့်ဖြစ်နေပါပြီ။ လိန်ဖန်က 'ဝူရင်'ပေါ်ကို လွှားခနဲခုန်တက်လိုက်တော့ 'ဝူရင်'က ဟီခနဲ မြည်သံပေးလိုက်ခဲ့သည်။ မြင်းဟီသံတွေ ပဲ့တင်ထပ် ခြံရံလျက်ရှိနေသည့် နန်းတော်မုဒ်ဦးပေါက်ဝက ဂိတ်တံခါးကို ဖွင့်ချလိုက်တော့လေသည်။ "ထွက်ကြတော့!" လိန်ဖန်က အမိန့်ပေးလိုက်ခဲ့တော့သည်။


ကျန်ရှိသည့်ကိုယ်ရံတော်တွေက နောက်မှလိုက်ပါလာကာ ပြီးနောက်တွင်တော့ တုဟောင်တစ်ဦးတည်းသာ ကျန်နေရစ်တော့သည်။ သူ့ကိုကြည့်ရသည်မှာ သူတို့ထွက်ခွာသွားကြတာကို ကြည့်ရင်းနဲ့ အတွေးနက်နက်စဉ်းစားနေပုံရသည်။ သူက ဂိတ်တံခါးပြန်မပိတ်နိုင်ခင်တွင် တူညီသောနေရာတစ်ခုတည်းတွင်သာ ကျောက်ချရပ်လျက်ရှိနေလေသည်။


ရုတ်တရက်ကြီးတွင် မိုးက သည်းကြီးမဲကြီးရွာချလိုက်လေတော့သည်. လင်ရှန်းက အရမ်းအေးလာပြီးတော့ စိတ်ထဲတွင် ဟာတာတာဖြစ်သွားသလိုခံစားလိုက်ရသည်။ အဲဒါက မိုး ရုတ်တရက်ရွာချလိုက်လို့ပဲလား လိန်ဖန်ထွက်သွားတာကြောင့်လားဆိုတာကိုတော့ သူမလဲ သေချာ မသိတော့ချေ။ "သွားရအောင်" သူမက ရှောင်လုကို ကြည့်ကာပြောလိုက်တယ်. ဒါပေမယ့် အဲဒီအစား ရှောင်လုက သူမရှေ့တည့်တည့်ကို ထိတ်လန့်ကြောက်ရွံ့စွာ စိုက်ကြည့်နေသည်ကို သူမ သတိထားမိသွားတယ်။ လင်ရှန်းက စိတ်ထဲတွင် ထင့်သွားပြီးတော့ နောက်ပြန်လှည့်ကြည့်လိုက်တော့သည်။


သူမက အံဩမှင်သက်ကာ ကြောင်အလို့သွားတော့သည်။ ဘာလို့လဲဆိုတော့ တုဟောင်က သူ့အကြည့်တွေကို သူမတို့တွေထံကို စူးစိုက်ကြည့်နေလို့ပါပဲ. သူက သူတို့နှစ်ယောက်လုံးကို ရှင်းရှင်းလင်းမြင်သွားခဲ့တော့ သူတို့နဲ့ မျက်လုံးချင်းတွေ့ဆုံမိလို့နေလေသည်။


တုဟောင်ရဲ့အကြည့်တွေက ကနေ့တွင် အနဲငယ်လေးကွဲပြားသလိုဖြစ်နေခဲ့တာကို လင်ရှန်း သတိထားမိတယ်. ထိုအကြည့်ကို ကြည့်ရသည်မှာ အရမ်းအရမ်းပင် သိကာ္ခရှိပုံပေါက်ပြီးတော့ အေးစက်စက်ဖြစ်နေတယ်လို့တောင် ထင်ရသည်. ဒီအကြည့်ပုံစံမျိုးက လူတစ်ဖက်သားကို စိတ်သောကကျရောက်စေနိုင်အောင်ပင် လုပ်ဆောင်နေသလိုပင်. အဲဒီအကြည့်ကနေ သူမကို သတိသွားရလိုက်တာကတော့ သူတို့နှစ်ယောက်၏ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တုန်းက သူမက သူ့ကို ပေါ့ပါးသွက်လက်စွာ ကြိုဆိုခဲ့တာက မဖြစ်နိုင်လောက်သည့်အရာကို လုပ်ဆောင်ခဲ့သလိုပင် ဖြစ်နေသည်။


'အွန်း....ငါက မနက်စောစောထလာပြီးတော့ မသွားခင်လေး နှုတ်ဆက်ရုံပါပဲ၊ ငါ ဘာဥပဒေမှလဲ မချိုးဖောက်မိပါဘူး ဟုတ်တယ်မို့လား။ ရှင်က ဘာဖြစ်လို့ ကျွန်မကို ဒီလိုမျိုးကြီး လာကြည့်နေရတာလဲ။ ကျွန်မ မျက်နှာမှာ ဘာစာလုံးမှ ကပ်မနေပါဘူးနော်...အားရား! ကျေးဇူးပြုပြီးတော့....ကျွန်မကို အဲလိုမျိုး မကြည့်ပါနဲ့တော့! ရှင်က ကျွန်မကို နှလုံးတုံရင်တုန်ဖြစ်အောင် လာလုပ်နေတာပဲ!!


"သခင်....အိမ်ရှေ့မင်းသားဆီမှာ ထီးမရှိဘူးနော်" ရှောင်လုက မှတ်ချက်ချလိုက်သည်။


'အိုး..ဟုတ်သားပဲ! သူ ငါတို့ထီးကို လိုချင်နေတာပဲ ဖြစ်ရမယ်! မိုးတွေ ဒီလောက်သည်းသည်းမဲမဲရွာနေသော်လည်း သူမကို ရှောင်လုကို တွန်းထုတ်လိုက်ပြီးတော့- "သွား! ထီးယူပြီးတော့ အိမ်ရှေ့စံမင်းသားကို သွားပေးလိုက်!"


'ကျွန်မ တကယ်တောင်းပန်ပါတယ်နော်... ထီးကို ယူလိုက်ပြီးတော့ ထွက်သွားလိုက်ပါတော့.. ကျွန်မရဲ့ ဖန်အသည်းနှလုံးက ရှင်ကျွန်မကို စိုက်ကြည့်နေတာကို အကြည့်မခံနိုင်လို့ပါ!'


"ဟမ်?" ရှောင်လုက ငိုချင်နေတဲ့ရုပ်နဲ့ ပြန်ကြည့်လိုက်ပြီးတော့.- "သခင်... ကျွန်မ သွားရမှာလားဟင်?" သူမရဲ့အမြင်မှာ တုဟောင်က အတော်လေး ဆိုးသွမ်းနေတာ အသိသာကြီးပါပဲ။


လင်ရှန်းက စိတ်ပျက်သည့်ပုံနဲ့ကြည့်လိုက်ပြီးတော့- " အဲဒီအစား ငါ ပဲ သွားသင့်တယ်လို့ နင်ပြောနေတာလား?" ပြီးနောက် သူမခေါင်းကို ပြန်မော့ကြည့်လိုက်တော့.- "ဘာဖြစ်တာလဲ? သူ ဘယ်ရောက်သွားတာလဲ။ သူတို့နှစ်ယောက် ခဏလေးစကားပြောနေတုန်းမှာပဲ တုဟောင်က ထွက်ခွာသွားခဲ့ပါပြီ။ ခပ်ဝေးဝေးက သူ့ရဲ့ပုံရိပ်သေးသေးလေးကိုသာ မြင်လိုက်ရပါတော့တယ်. အဲဒီပုံရိပ်လေးက တစ်ဖြေးဖြေးနဲ့ မြင်ကွင်းထဲကနေပြီးတော့ ပျောက်ကွယ်သွားပါတော့တယ်။


ထိုအချိန်အခိုက်တွင် လင်ရှန်းမှာ နောက်ထပ်ထူးထူးဆန်းဆန်းခံစားချက်တစ်ခုက ရှိလာခဲ့ပါတယ်။အဲဒါက....တကယ်လို့ .....သူမကသာ တုဟောင်ကို နောက်ထပ်ဘယ်တော့မှ ပြန်တွေ့ခွင့်ရတော့ရင်... လင်ရှန်းက သူမရဲ့ထူးထူးဆန်းဆန်းအတွေးကြီးကြောင့် လန့်သွားခဲ့ကာ အမြန်ပင် အသိပြန်ဝင်လိုက်တော့သည်. သူမက ရှောင်လုကို ခေါ်လိုက်ကာ ပြန်သွားတော့မလို့ လုပ်လိုက်ချိန်မှာတော့ အခြားအသံတစ်ခုက သူမကို ဟန့်တားလိုက်ခဲ့ပြန်ပါတယ်။


"ကြင်ယာတော်မင်းသားက အစောကြီးနိုးနေတာပဲကိုး"


To be continued


......


End....