အပိုင်း၄
Viewers 24k

Chapter 4


CHAPTER 4

- ​သေ​လောက်​အောင် ဆူပူမယ်



ကျန်းကျန့်က အမျိုးသမီးကျန်း၏ ဆူပူမှုများကို နားထိုင်းချင်​ယောင်​ဆောင်လိုက်​သော်လည်း ဤမိသားစုအတွင်း အမျိုးသမီးကျန်း၏ ​နေရာကို ထပ်ပြီး ရှင်းရှင်းလင်း သ​ဘော​ပေါက်သွားသည်။


အကယ်၍ အကြီးဆုံးကျန်းကသာ ​ပေ​တေ​နေပြီး ပျင်းရိ​နေပါက သူ့မိသားစုမှ ဖယ်ကြဥ်ခံရသည်က အံ့သြစရာ မရှိ​ပေ။ သို့​​သော်လည်း အ​ကြောင်းတစ်ခုမှာ ဤမိသားစုအတွင်း အလုပ်ကြမ်း အများစုကို အကြီးဆုံးကျန်းကသာ လုပ်ခဲ့ရသည်။


လွန်ခဲ့သည့် နှစ်နှစ်​ကျော်ကာလအတွင်း အကြီးဆုံးကျန်းမှာ နာကျင်​နေရပြီး သူ့​ခြေလှမ်းများက ​လေးလံ​နေကာ သူ့ဝိဥာဏ်က တစ်စုံတစ်ခု လုပ်​ဆောင်ရန် စိတ်မတင်းနိုင်​တော့ဟု ခံစား​နေရ​သော်လည်း သူ့မိဘများ၏ ​ဆန္ဒအရ တစ့်​နေ့တာလုံး လယ်ကွင်းထဲမှာသာ အလုပ်လုပ်​နေရဆဲ ဖြစ်သည်။ သူက ဘယ်တုန်းကမှ စကားမ​ပြောခဲ့ဘဲ အခြားသူများနှင့်လည်း စကားစမြည် ​ပြော​လေ့မရှိခဲ့။ သူ့ထံတွင် ခက်ခဲပြီး က​မောက်ကမ ဘဝ ရှိ​နေခဲ့သည်။ သူ့ကို အား​ပေးနှစ်သိမ့်နိုင်သည့် တစ်ခုတည်း​သော အရာမှာ ကျန်း​ရှောင်မိန် မ​ကြာခဏ ​ခေါ်​လေ့ ရှိသည့် "အစ်ကိုကြီး" ဟူ​သော ​ခေါ်သံနှင့် သူ့ကို အာရုံစိုက်​ပေးမှု​ကြောင့်သာ ဖြစ်သည်။


"နင် မျိုးမစစ်​​ကောင်..." အဘွားကြီးကျန်းက ဆဲ​ရေး​နေဆဲ ဖြစ်​သော်လည်း ကျန်းကျန့်က ရုတ်တရက်ပင် တည့်တည့်​လျှောက်လာပြီး စားပွဲတွင် ထိုင်ချကာ တူများကို ကိုင်၍ စတင်စား​သောက်​လေ​တော့သည်။


"နင့်ကို ဘယ်သူက စားပွဲ​ပေါ်မှာ စားခွင့် ​​ပေးလို့လဲ"


အဘွားကြီးကျန်းက ​ဒေါသထွက်​နေနှင့်ပြီးသား ဖြစ်​သော်လည်း ကျန်းကျန့် စားပွဲတွင် ဝင်ထိုင်လိုက်​သောအခါ ပို၍ပင် ​​ဒေါသထွက်လာခဲ့သည်။


အကြီးဆုံးကျန်းက တစ်​လျှောက်လုံး စားပွဲ​ပေါ်တွင် ထိုင်စားခွင့် မရခဲ့။ လူတိုင်း စားပြီးသွားမှသာ ပန်းကန်​များကို ​ဆေး​ကြောရပြီး စားကြွင်းစားကျန် အချို့ကို စား​သောက်ရသည်။ ရံဖန်ရံခါ စားကျန် မရှိသည့် အချိန်မျိုး၌ ဆာ​လောင်​နေခဲ့ရ​လေသည်။


ကံအား​လျော်စွာဖြင့် သံဒယ်အိုးကြီးနှင့် ချက်ပြုတ်သည့် အချိန်အများ၌ ကပ်ကျန်​နေခဲ့သည့် ထူထဲပြီး နှစ်မြို့စရာ မရှိ​သော အကျန်အလွှာတစ်ခုကသာ အကြီးဆုံးကျန်းကို ဆာ​လောင်ခြင်းမှ ကယ်တင်​ပေးနိုင်ခဲ့သည်။


ကျန်းကျန့်က တူများဖြင့် နှိုက်စား​နေပြီး အဘွားကြီးကျန်း၏ စကားများကို နား​ထောင်မ​နေခဲ့​ပေ။ သူက ထမင်းပန်းကန် မယူဘဲ အသီးအရွက်များကိုသာ ဆက်တိုက် စား​နေရသည်။ သူ့ခန္ဓါကိုယ်က အပြည့်အဝ ပြန်မကောင်း​သေးသည့်အတွက် အသားများစွာ မစားရဲ​သေးဘဲ အသားတစ်ဝက် အသီးအရွက် တစ်ဝက်ပါ​သော ဟင်းပွဲများကိုသာ စား​နေသည်။


သို့​သော်လည်း အဘွားကြီးကျန်းကမူ ဆက်သည်းမခံနိုင်​တော့။ သူမက ထရပ်ကာ ကျန်းကျန့်၏ ပန်းကန်နှင့် တူများကို ဆွဲယူလိုက်သည်။


"ဒီဟင်း​တွေက မနက်ဖြန်အတွက်... နင့်ကို ဘယ်သူက စားခွင့်​ပေးလို့လဲ"


ပြီး​နောက် အဘွားကြီးကျန်းက ထရပ်လာကာ ကျန်းကျန့်ကို ရိုက်ရန်အတွက် နံ​ဘေးမှ တံမြက်စည်းကို ​ကောက်ယူလိုက်သည်။


အဘွားကြီးကျန်း ထရပ်သည်နှင့် ကျန်းကျန့်ကလည်း ထရပ်လာသည်။ သူက ကြက်​တောင်ပံ နှစ်ခုထည့်ထား​သော ပန်းကန်လုံးကြီးကို ​ကောက်ယူ၍ ၎င်းအထဲတွင် ထမင်းအိုးထဲမှ ထမင်းတစ်ပန်းကန် ခူးထည့်ကာ ပန်းကန် ​မောက်လျှံလာသည်အထိ ဖြည့်လိုက်သည်။


"အကြီးဆုံး... ဘာလုပ်​နေတာလဲ"


ကျန်း​ချောင်ဝမ်မှာ သူ့အစ်ကိုကြီးက ထင်မှတ်မထားစွာပင် မနက်ဖြန် သူ့သားစားရန်အတွက် ချန်ထား​သော ကြက်​တောင်ပံ နှစ်ခုအား ​ကောက်ယူလိုက်သည်ကို ​တွေ့​သောအခါ မျက်​မှောင်ကြုံ့မိသွားသည်။ သူ့အသံ ထွက်ကျလာသည်နှင့် ကျန်းကျန့်မှာ ပန်းကန်လုံးကို လက်တစ်ဖက်ဖြင့် ကိုင်၍ အခြားတစ်ဖက်ဖြင့် စားပွဲ​ထောင့်ကို ကိုင်ကာ စားပွဲကို လှန်လိုက်သည်အား ​တွေ့လိုက်ရ​လေသည်။


အမတ ရှစ်ပါး သစ်သား စားပွဲမှာ ​မြေပြင်​ပေါ်သို့ လှန်ကျသွားပြီး စားပွဲ​ပေါ်မှ ​ကြွေပန်းကန် ​မြောက်များစွာတို့က အပိုင်းပိုင်းအစစ ​ကြွေမွ၍ ဟင်းပွဲများမှာလည်း ​မြေပြင်​ပေါ်သို့ ​ရော​နှောသွား​လေ​တော့သည်။


ကျန်း​ရှောင်မိန်မှာ လက်တစ်ဖက်ဖြင့် တူကိုင်၍ အခြားလက်ဖြင့် ကြက်​တောင်ပံကိုက်ကာ ကြက်​သေ​သေသွား​​နေ​ခဲ့သည်။ ကျန်းအကြီးဆုံးသား၏ မျက်နှာချင်းဆိုင်တွင် ထိုင်​နေ​သော လူအိုကြီးကျန်းမှာ စားပွဲ​မှောက်ပြီး​နောက် အခံရဆုံးသူ ဖြစ်သည်။ သူ့အဝတ်အစားများမှာ အသီးအရွက်ဟင်းရည်များ ဆီများဖြင့် ​ပေပွ​နေပြီး ​ဒေါသထွက်ရလွန်း၍ စကားပင် မ​ပြောနိုင်​တော့။ တစ်​ယောက်​ယောက်ကို တံမြက်စည်းဖြင့် ရိုက်နှက်​တော့မည့် အဘွားကြီးကျန်းသည်ပင် ကြက်​သေ​သေသွားသည်။


အကြီးဆုံးကျန်းက အမြဲတမ်း တိတ်ဆိတ်​နေခဲ့သည်။ သူတို့အားလုံးက သူ စကားတစ်ခွန်းမှ မ​ပြောဘဲ အရိုက်ခံလိမ့်မည်ဟု ​တွေးထားခဲ့ကြသည်။


“​သောက်ကျိုးနည်း... နင်က စားပွဲကို ​မှောက်ရဲတယ်​ပေါ့... နင် ငါတို့ကို ဆန့်ကျင်​နေတာလား"


အဘွားကြီးကျန်းက တံမြက်စည်းကို ကိုင်၍ ကျန်းကျန့်ထံသို့ အ​ပြေးလာ​နေခဲ့သည်။ထိုစားပွဲ​ပေါ်၌ အစား​ကောင်း အ​​သောက်​​ကောင်းများစွာ ရှိ​နေပြီး ယခုတွင် သူမ၏ ဟင်းပွဲတစ်ဝက်ကို ဆုံးရှုံးလိုက်ရကာ ပန်းကန်များစွာကလည်း ကျကွဲသွားခဲ့သည်။ သူမက စိတ်​သောက​ရောက်ရလွန်း၍ အသက်ကို ခက်ခက်ခဲခဲ ရှူ​နေရသည်။


အကြီးဆုံးကျန်းက သူမအလိုကျ ​နေ​ပေးလိမ့်မည် ဖြစ်​သော်လည်း ကျန်းကျန့်က​တော့ ထိုသို့ မဟုတ်။ သူက ကြက်​တောင်ပံပန်းကန်နှင့် ထမင်းပန်ကန်တို့ကို ယူကာ အဘွားကြီးကျန်းကို ​ရှောင်ကွင်း၍ အကြီးဆုံးကျန်း ​နေထိုင်ရာ ကျန်းမိသားစု သို​လှောင်ခန်းအတွင်းသို့ င်သွားလိုက်သည်။


“​ခွေးမသား... နင်က ​ကောင်းကင်ကို ဆန့်ကျင်​နေတာပဲ"


အဘွားကြီးကျန်းက သူ့​နောက်ကို လိုက်လာပြီး လူရိုက်ရန်အတွက် သို​လှောင်ခန်းထဲသို့ ဝင်သွားမည် ပြုသည်။ သို့​သော်လည်း ကျန်းကျန့်က တံခါးကို မင်းတုံးထိုးသား ပြီးသား ဖြစ်​နေသည်။ အဘွားကြီးကျန်း ဘယ်လိုလုပ်ပြီး ဝင်သွားနိုင်ပါ့မလဲ...


သူမက မဝင်နိုင်​သော်လည်း အပြင်ဘက်မှ ကျိန်ဆဲနိုင်​နေ​သေးသည်။ ထို့အပြင် သူမနှုတ်မှ ထွက်ကျလာသည့် စကားလုံးတိုင်းကလည်း အခန်းထဲတွင် ရှိ​နေသူမှာ သူမ၏ သား မဟုတ်ဘဲ သူမ၏ မိသားစုကို သတ်ခဲ့သည့် ရန်သူ ဖြစ်​နေသည့် အတိုင်းပင်။


သို့​သော်လည်း အမှန်တကယ်မှာ ကျန်းကျင့်​ဝေက သူမကို တစ်ခါမှ မနာကျင်​စေခဲ့။


လူအိုကြီးကျန်း စစ်ထဲ ဝင်သွား​သောအခါ သူ့ကို လုံးဝ ဆက်သွယ်၍ မရ​တော့။ သူမသာ ကျန်းကျန့်​ဝေကို မ​မွေးခဲ့ပါက ​စစ်မှုထမ်း ကာလ ငါးနှစ်ကြာပြီး​နောက် လူတိုင်းက သူမ၏ ခင်ပွန်းကို ​သေဆုံးလိမ့်မည်ဟုသာ ​တွေးခဲ့ကြသဖြင့် မြေကို ဦး​လေးကျန်းထံမှ လုယက်ခံရလိမ့်ဖြစ်သည်။


​နောက်ပိုင်းတွင် အဘွားကြီးကျန်း၏ ဘဝက ပိုပို ​ကောင်းမွန်လာခဲ့ပြီး သူမက အကြီးဆုံးကျန်းနှင့် ဆက်ဆံ​ရေးကို မပယ်ရှားနိုင်ခဲ့။ ကျန်းကျန့်​ဝေက သူ့မိခင် သူ့အား ​ကောင်း​ကောင်းမွန်မွန် ဆက်ဆံလာမည်ကို စိတ်အားထက်သန်​နေသဖြင့် သူမ​ပြောသမျှ နား​ထောင်ခဲ့သည်။


အပြင်ဘက်မှ အသံများကို နား​ထောင်​နေရင်း ကျန်းကျန့်၏ နှလုံးသားက အမည်းရိပ်များ ​ပေါ်ထွက်လာကာ သူ့ကို မလွဲဧကန်ပင် စိတ်တိုသွား​စေခဲ့သည်။


ကျန်းကျန့်က ​လှောင်ရယ်ကာ သို​လှောင်ခန်းထဲမှ ထင်းခုတ်ဓါးကို ဆွဲထုတ်၍ ​ခြေလှမ်း အနည်းငယ် လှမ်းကာ တံခါးဖွင့်လိုက်သည်။


"အရိုင်းအစိုင်း​ကောင်" အဘွားကြီးကျန်းက တံခါးဖွင့်လာသည်ကို ​တွေ့​သောအခါ သူ့ကို ဆဲ​ရေးရန်အတွက် ပါးစပ်ဟလိုက်​သော်လည်း တုံ့သွား​လေသည်။


သူမ၏ မျက်နှာ​ရှေ့တွင် ဓါးအကြီးကြီး တစ်ခု ရှိ​နေသည်။ ညအ​လင်း​​ရောင် ​အောက်တွင် ၎င်းက ​သွေးဆာ​နေသည့်ပုံ ​ပေါ်​နေ​သည်။ သူမက ခပ်မြန်မြန် ​ရှေ့တိုးလိုက်ပါက မျက်နှာကို ဓါးဖြင့် ခုတ်မိနိုင်​လောက်သည်။


"ဆူ​လေ... ဆက်ဆူစမ်း... လာစမ်းပါ"


ကျန်းကျန့်က ဓါးကိုင်ကာ ​လှောင်ရယ်​နေရင်းဖြင့် ​ရှေ့တစ်လှမ်းတိုးလိုက်သည်။


အဘွားကြီးကျန်းက မသိစိတ်မှ ​ခြေတစ်လှမ်း ပြန်ဆုတ်မိသွားပြီး ကျန်းကျန့်ကို သရဲတစ်​ကောင်ကို မြင်​နေရသည့်အလား ကြည့်​နေခဲ့သည်။


"နင်... နင်..."


"ဆူချင်ရင် ဆက်ဆူ​လေ... ခင်ဗျားကို ​သေ​အောင် ခုတ်မပစ်နိုင်ဘူးလို့ ထင်​နေတာလား"


ကျန်းကျန့်က အညှာအတာ ကင်းမဲ့သည့် မျက်လုံးများဖြင့် အဘွားကြီးကျန်းကို ကြည့်လိုက်သည်။ အမှန်တကယ်တွင် သူက အ​တော်​လေး အကြမ်းဖက်တတ်သည်။ စစ်တပ်မှ အနားယူစအချိန်တွင် အမြင်ကျဥ်း​သော လူအချို့ထံမှ အနိုင်ကျင့်ခံခဲ့ရသည်။ သူက အခြားသူ၏ လည်ပင်းကို ချိုးပစ်ချင်သည့် စိတ်လိုက်မာန်ပါ စိတ်ထားတစ်ခုလည်းအမြဲတမ်း ရှိ​နေခဲ့သည်။ စစ်တပ်ထဲမှ စိတ်​ရောဂါ အထူးကု ဆရာဝန်များ၏ ဦး​နှောက်​ဆေးခြင်း ပညာ​ရေးကို ​ကျေးဇူးတင်ရ​ပေမည်။ သူတို့က လူများကို ကာကွယ်ရန်အတွက် နိုင်ငံသားများကို မသတ်ဖြတ်နိုင်​ပေ။ သူက ​လူသတ်ခြင်းကို ရူးသွပ်သူ ဖြစ်မလာဘဲ လူအများကို ကယ်ဆယ်ရန် သူ့ဘဝကိုပင် ဆုံးရှုံးခဲ့ရသည်။


အဘွားကြီးကျန်းက အိမ်မှာသာ စိတ်ကြီးဝင်တတ်​သော်လည်း အခြားသူများကို ဓါးနှင့် ရွယ်ရဲသူ မဟုတ်​​ပေ။ ယခုတွင် သူမက ကျန်းကျန့်က ရက်စက်သည့် အမူအယာဖြင့် ဓါးကိုင်ထားသည်ကို ​တွေ့လိုက်ရသည်။ သူမ၏ ​ခြေ​ထောက်များ တုန်ယင်လာပြီး​နောက် သူမ၏ ​ခြေ​ထောက်များ ​ပျော့​ခွေကာ ​မြေ​ပေါ်သို့ လဲကျသွား​လေသည်။ အ​ကြောင်းတစ်ချို့​​ကြောင့် သူမ၏ သားက သူမကို အမှန်တကယ်ပင် သတ်​ပစ်​တော့မည်ဟု ခံစား​နေရသည်။


ဒီအရိုင်းအစိုင်း​ကောင်...


"ကျုပ်ကို လွှတ်​ပေးထားတာ ​ကောင်းမယ်"


ကျန်းကျန့်က သူ့ဓါးကို ​ဝှေ့ယမ်ကာ ​အေးတိ​အေးစက် ​ပြောလိုက်ရင်း အခန်းထဲသို့ပြန်သွားပြီး တံခါးကို အသံမြည်​အောင် ပိတ်ကာ အပြင်ဘက်မှ ကျန်ကျန်းမိသားစုဝင်များကို သူ့တံခါးအား ထိတ်လန့်စွာ ကြည့်​နေ​စေလျက် ချန်ထားခဲ့လိုက်သည်။


ဒီ... ဒီလူက တကယ်ကြီး အကြီးဆုံးကျန်း​တော့ ဟုတ်ပါတယ်​နော်...


လူအိုကြီးကျန်းက သားသတ်သမား တစ်​ယောက် ဖြစ်ခဲ့ပြီး အလွန်သန်မာသည်။ သူကို ဟင်းများလာစင်ခဲ့သည်။ ထို့​ကြောင့် အကြီးဆုံးသားကို သင်ခန်းစာ​ကောင်း​ကောင်း ​ပေးရန် ကြံစည်လိုက်​သော်လည်း ဓါးကို ​တွေ့လိုက်ရပြီး သူ့သား၏ ​အေးစက်စက် အသံကို ကြားလိုက်ရ​သောအခါ သူသည်လည်း မလှုပ်ရဲ​တော့​ပေ။


ကျန်း​ချောင်ဝမ်၊ သူ့ဇနီး ဟွမ်မင်နှင့် ကျန်း​ရှောင်မိန်တို့က လှုပ်ရှားရန်အတွက် ပို၍ပင် ​ကြောက်လန့်​နေကြပြီး ​နေရာမှာပင် ​မိုက်မဲစွာ ရပ်​နေခဲ့ကြသည်။


"ဒီအရိုင်းအစိုင်း​ကောင်က​တော့..."အဘွားကြီးကျန်းက ထိတ်လန့်​နေဆဲသာ ဖြစ်ပြီး သူမက အခြားသူများကို ကျိန်ဆဲလိုက်​သော်လည်း ကျိန်ဆဲမိသွားပြီး​နောက် မ​နေနိုင်ဘဲ တုန်ယင်သွား​လေသည်။


"အဟမ်း... ထားလိုက်​တော့... ဒီ​နေ့က တတိယ​လေးရဲ့ မင်္ဂလာညပဲ... ဆူညံမ​နေနဲ့​တော့... တတိယ​ချွေးမကို ဒီလိုဟာသမျိုး​တွေ မြင်မသွား​စေနဲ့" အဘိုးကြီးကျန်းက ​ပြောလိုက်ပြီး​နောက် တတိယသားကို ကြည့်လိုက်သည်။ "​ချောင်ဝမ်... မင်းနဲ့ မင်းမိန်းမလည်း အခန်းကို ပြန်နားကြ​တော့... ဆူညံသံ​တွေ ကြားပြီး ယွန်ဝမ်ကို နှိုးမိသွားဦးမယ်"


အဘိုးကြီးကျန်းက အဘွားကြီးကျန်းကို အချက်ပြလိုက်ပြီး​နောက် ​ကြောက်လန့်​နေသည့် အဘွားကြီးကျန်းလည်း တည်ငြိမ်သွားခဲ့သည်။ သူမက ​ဒေါသထွက်ရလွန်း၍ အကြီးဆုံးသားကို ရိုက်နှက်ချင်ပါ​သော်လည်း ခုနက ဖြစ်ခဲ့သည့် ကိစ္စများကို ​ကြောက်လန့်​နေဆဲ ဖြစ်သည်။


ဒီအရိုင်းအစိုင်း​ကောင်ကို ရှင်းဖို့ မနက်အထိ ​စောင့်လိုက်ကြတာ​ပေါ့... အဘွားကြီးကျန်းက ​မြေ​ပေါ်မှ ထလိုက်ပြီး​နောက် ​ဟောခန်းထဲမှ အရှုပ်အ​ထွေးများကို ကြည့်လိုက်သည်။ သူမက အလွန် ဝမ်းနည်းသွားခဲ့ပြီး ကျန်း​ရှောင်မိန်ကို ခပ်မြန်မြန် ​ပြောလိုက်သည်။


"အငယ်ဆုံးသမီး... သမီး​လေး... ဟင်းပန်းကန်​တွေ သွားယူလာခဲ့... အထူးသဖြင့် အသား​တွေ... ​ဆေးလိုက်ရင် စားလို့ ရ​နေတုန်းပဲ"


ကျန်းမိသားစုက ဟယ့်ရှီရွာတွင် ချမ်းသာ​သော မိသားစု တစ်စု ​ဖြစ်​သော်လည်း အုတ်ခံအိမ်တွင် မ​နေနိုင်​သေး။ သူတို့၏ အိမ်က ရွှံ့များဖြင့် ​ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ​နေ​ရောင်ခြည်ကို အ​ပေါ်မှ အမိုးအကာဖြင့် ဖုံးကာထား​သော်လည်း ​မြေပြင်ကမူ ရွှံ့များ ရှိ​နေဆဲ ဖြစ်သည်။ ရွှံ့မြေ​ပေါ်သို့ ကျသွား​သောထိုဟင်းများမှာ မ​ဆေးဘဲနှင့် စားလို့မရနိုင်​ပေ။


"မိသားစုထဲမှာ ပန်းကန် နည်းနည်းပဲ ရှိ​တယ်... ဒါကို သူက တစ်ခါတည်းနဲ့ အများကြီး ခွဲပစ်လိုက်တယ်... ဘာလို့ ဒီအ​ကြွေးရှင်က ​သေမသွားလိုက်တာလဲ"


အဘွားကြီးကျန်းက ​ကြွေပန်းကန် အကွဲများကို ​တွေ့​သောအခါ သူမ၏ နှလုံးသား နာကျင်လာရသလိုပါပင်။


ကျန်း​ရှောင်မိန်မှာ အိမ်၌ အလွန် ဖူးဖူးမှုတ် ခံထားရ​လေ့ ရှိ​သော်လည်း ဤတစ်ကြိမ်၌ စကားတစ်ခွန်းပင် မ​ပြောရဲ​ပေ။ သူမက တိတ်တဆိတ်ပင် စားလို့ရ​သေး​သော အစား​အ​သောက်များကို ​ဆေး​ကြော့ သန့်ရှင်းကာ စား၍ မ​ရ​တော့​သော အစားအ​သောက်များကို ဝက်များအား ​ကျွေးလိုက်သည်။ သူမက အိပ်ရာမဝင်ခင် နာရီအ​တော်ကြာအဘွားကြီးကျန်း​နောက်လိုက်၍ ပန်းကန်များ ​ဆေးခဲ့ရသည်။


ကျန်းမိသားစုက အိပ်ရာဝင်သွားကြပြီး လှုပ်ရှားမှုတစ်ခုပင် မရှိခဲ့။ ကျန်းကျန့်က အဆုံးတွင် စိတ်​​အေးလက်​အေး အိပ်စက်နိုင်​ပေပြီ။


သူ အခု​လေးတင် အဘွားကြီးကျန်းအား နှင်ထုတ်ပြီး​နောက် ​မြေ​​ပေါ်သို့ လဲကျသွားသည်။ ဤခန္ဓါကိုယ်က အမှန်တကယ်ပင် အသုံးမကျ​ပေ။


ခန္ဓါကိုယ်၏ ကျန်းမာ​ရေးကို ဂရုစိုက်ရန်က အ​ဆောတလျင် လုပ်ရမည့် ကိစ္စပင်။


သို​လှောင်ခန်းထဲ၌ ကုတင်မရှိ​ဘဲ ထောင့်​နားလေးတွင်သာ ​ကောက်ရိုးများစွာ ရှိ​နေပြီး ၎င်းက အကြီးဆုံးကျန်း၏ အိပ်ရာသာ ဖြစ်သည်။


ယန့်ကျီမြစ်၏ ​တောင်ဘက် ​မြေ​နေရာက ​မြေသြဇာ​​ကောင်းပြီး မိသားစုတိုင်းက စပါးစိုက်ကြသည်။ ​နေ့တိုင်း ကန်စွန်းဥသာ စားနိုင်သည့် အလွန်ဆင်းရဲ​သော ကျောက်မိသားစုမှလွဲ၍ ပျမ်းမျှ အိမ်​ထောင်စုတိုင်းက ထမင်းနှစ်နပ်နှင့် ယာဂုတို့ကို စား​သောက်နိုင်ကြသည်။ ချက်ပြုတ်ရန်အတွက် သုံး​သော ​လောင်စာကလည်း များ​သောအားဖြင့် ​​ကောက်ရိုးသာ ဖြစ်သည်။


ကျန်းမိသားစုက လယ်များစွာ ပိုင်သဖြင့် ​ကောက်ရိုးများစွာ ရှိသည်။ အကြီးဆုံးကျန်းက ကျန်းမိသားစု၏ သို​လှောင်ရုံအတွင်းမှ ​ကောက်ရိုးပုံအတွင်း ကျင်း​လေးတစ်ခုတူးကာ ထို​နေရာတွင်သာ ​နေထိုင်သည်။ သူက ​အေးခဲမ​နေ​သော်လည်း ထိုကဲ့သို့ အိပ်ရသည်မှာ အနည်းငယ် သက်​တောင့်သက်သာ မဖြစ်ခဲ့​ပေ။


ကျန်းကျန့်က အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များ ရှိ​နေသည်။ ကျန်းအိမ်သို့ ပြန်လာပြီး​နောက် ကျန်းလူအိုစုံတွဲ၏ အိပ်ရာကို ယူချင်ခဲ့သည်။ အဆုံးတွင် အဘွားကြီးကျန်းက သူမကိုယ်သူမ ဆိုးဆိုးဝါးဝါး ဆက်ဆံလိမ့်မည် မဟုတ်​ပေ။ သူတို့၏ အိပ်ရာများက သက်​တောင့်သက်သာ အိပ်စက်နိုင်​လောက်သည်။ သို့​​သော်လည်း အကြီးဆုံးကျန်းက ဓါးတစ်​ချောင်း ရှိ​နေသည့် သိုလှောင်ခန်းထဲတွင် အိပ်စက်ရသည်ကို ကျင့်သား​ရ​နေသဖြင့် ထိုကဲ့သို့ မလုပ်ခဲ့​တော့။ ယခုတွင် သူ့ထံ၌ အဟန့်အတား လုံလုံ​လောက်​လောက် လိုအပ်​နေ​ပေသည်။


လူအိုကြီးကျန်းက သားသတ်သမားဖြစ်သည်။ သူက လက်ထဲတွင် ဓါးနှစ်လက် ရှိ​နေသည်။ တစ်လက်မှာ ဝက်ကို လည်လှီးရန်အတွက် ဓါးထက်ထက် တစ်​ချောင်းဖြစ်သည်။ ၎င်းက ​ခြေဖဝါး တစ်ခုထက်​ပင် တိုကာ လက်ချောင်းနှစ်​ချောင်းစာသာ ကျယ်သည်။ အခြားတစ်ခုမှာ ဝက်ရိုးများလှီးသည့် ထင်းခုတ်ဓါး ဖြစ်သည်။ ၎င်းက အသားထူကာ ပုဆိန်ကဲ့သို့ ​လေးလံသည်။ ထိုဓါးက ကျန်းကျန့် လူများကို ​ခြောက်လှန့်လိုက်သည့်အချိန်က အသုံးပြုခဲ့သည့် ဓါးဖြစ်သည်။


ကျန်းကျန့်က ​ကောက်ရိုးပုံ​လေးဆီသို့ သွားကာ ဓါးကို ​ဘေးနားတွင် ထားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျသွား​လေ​တော့သည်။ ​နေ​ရောင်က စက္ကူပြတင်း​ပေါက်ကို ဖြတ်လာသည့် အချိန်မှသာ သူနိုးလာခဲ့​လေသည်။


တစ်ညတာ အိပ်စက်ပြီး​​နောက် သူ့ခန္ဓါကိုယ် တစ်ခုလုံးက ပို၍ သက်​တောင့်သက်သာ ဖြစ်လာပြီး ပိုသန်မာလာသလို ခံစားလိုက်ရသည်။ သူက ​ကောက်ရိုးတွင်း​​​လေးထဲမှ ထွက်လာပြီး အဝတ်စုတ်များကို ချခင်းကာ မ​နေ့က စားပွဲကို မ​မှောက်ချလိုက်ခင် ယူထားလိုက်သည့် ထမင်းပန်းကန်ကို တဖြည်းဖြည်း စား​သောက်​လေ​တော့သည်။


​ရှေး​ခေတ်မှ ထမင်းများက ​နောက်ပိုင်းမျိုးဆက်များ​လောက် မသန့်​ပေ။ သို့​သော်လည်း ကျန်းမိသားစု၏ ထမင်းက အ​တော်​လေး ​ကောင်း​နေသည်။ အခြားတစ်ဖက်တွင် ကျန်း​ချောင်ဝမ်နှင့် ကျန်း​​ချောင်ရှန့်က ဆန်ညိုထမင်း စားရသည်ကို မကြိုက်​သော်လည်း ကျန်းမိသားစုက ဝက်များစွာ​မွေးထားသည်။ ဆန်ညိုထမင်းကို ဝက်များ ​ကျွေးရန်သာ သုံးနိုင်​ပေသည်။


ကျန်းကျန့်က ပန်းကန်လုံးထဲမှ ထမင်းကို တဖြည်းဖြည်း ဝါး​နေပြီး ကြက်​တောင်ပံများကို ကိုက်ဝါးကာ အသက်တစ်ချက်ရှုစာ အချိန်​လေးတွင်ပင် အကုန်​ပြောင်လုနီးပါး ဖြစ်သွားသည်။ ထို့​နောက် သူက ​ကောက်ရိုးပုံ​လေးသို့ သွားကာ ဆက်ပြီး အနားယူ​လေ​တော့သည်။



Xxxx