အပိုင်း၆
Viewers 21k

Chapter 6

CHAPTER 6

- အသက်သခင် ​ကျေးဇူးရှင်အား ကြက်ဥများ ​ပေးခြင်း



ကျန်းကျန့်က လက်တွင် ဓါး​တစ်​ချောင်း ကိုင်၍ ကျန်းမိသားစု အိမ်တံခါးဝမှ ထွက်လာခဲ့သည်။


ဟယ်​ချောင်စီရင်စု၏ ဤအပိုင်းတွင် မိသားစုအများစုက တစ်​နေ့လျှင် သုံးနပ်စားကြသည်။ ​သေချာ​ပေါက်ပင် မိသားစုက ဆင်းရဲလျှင်မူ တစ်​နေ့ နှစ်နပ်သာ စားနိုင်ကြ​ပေသည်။


လူတိုင်းက မနက်ပိုင်း မိုး​သောက်ချိန်တွင် အိပ်ရာထကြပြီး အလုပ်တချို့ ပြုလုပ်ကြပြီး​နောက် ခုနစ်နာရီ ဝန်းကျင်ခန့်တွင် တစ်​​နေ့တာ၏ ပထမဆုံး တစ်နပ်ကို စား​သောက်ကြသည်။ ၎င်းက အိမ်​ထောင်စု အများစုအတွက် သာမန်အားဖြင့် ယာဂုမျှသာ ဖြစ်​သော်လည်း ချမ်း​သာ​သော မိသားစုများက မတူညီသော နည်းလမ်းများဖြင့် စား​သောက်နိုင်ကြသည်။


စား​သောက်ပြီး​နောက် သူတို့က အလုပ်များ ဆက်လုပ်ကြပြီး ​နေ့လည် မွန်းတည့် ဆယ့်နှစ်နာရီ ပတ်ဝန်းကျင်တွင် ဒုတိယ တစ်နပ်ကို စားကြသည်။


အ​ခြေခံ အစားအ​သောက်များ လုံလုံ​လောက်​လောက် ရှိကြ​သော မိသားစုများက ​ခြောက်​ခြောက်​သွေ့​သွေ့ ရှိ​သော အစားအ​သောက်များ စား​သောက်ကြမည် ဖြစ်သည်။ အစားအ​သောက် မလုံ​လောက်ပါက ယာဂုကိုသာ ဆက်စားကြ​ပေလိမ့်မည်။


ည​နေပိုင်းတွင်လည်း အခြားတစ်နပ်ကို ဆက်လက် စား​သောက်ကြပြီး လယ်သမား အများစုအတွက် မနက်ပိုင်းကလိုပင် ယာဂုသာ ဖြစ်သည်။


သူတို့က တစ်​နေ့ သုံးနပ် စားကြ​သော်လည်း အ​ရေးအကြီးဆုံး အနပ်မှာ ​ကျန်းမိသားစု အခု​လေးတင် စားခဲ့ကြသည့် နေ့လည်စာ ဖြစ်သည်။


သူတို့က မ​နေ့ညက ​နောက်ကျသည်အထိ အလုပ်ရှုပ်​နေခဲ့ကြသဖြင့် ကျန်းမိသားစု၏ ပထမဆုံးထမင်းပွဲက ပုံမှန်ထက် ​နောက်ကျ​နေခဲ့သည်။ ထပ်ပြီး​တော့ မနက်စာကလည်း ယမန်​​နေ့ညက ဧည့်သည်များအတွက် ချက်ပြုတ်​ပေးခဲ့သည့် ​ခြောက်​​သွေ့ အစားအ​သောက်များသာ ဖြစ်သဖြင့် သူတို့က ဗိုက်ဆာမ​နေခဲ့ကြဘဲ ဒုတိယအနပ်က တစ်နာရီ​မျှ ​နောက်ကျသွားခဲ့သည်။ ကျန်းကျန့်က ​ကောင်းကင်ကို ကြည့်လိုက်ရာ ယခုအချိန်၌ နှစ်နာရီထက် အနည်းငယ် ​ကျော်လွန်​နေ​လောက်မည်ဟု ခန့်မှန်းလိုက်သည်။


တစ်​နေ့နှင့် တစ်ည အနားယူအပြီး ​ကောင်း​ကောင်းမွန်မွန် စား​သောက်ထား​သော​ကြောင့် ကျန်းကျန့်မှာ ယခုလက်ရှိတွင် အနည်းငယ် အားပြည့်လာသဖြင့် ဆယ်ကီလိုဂရမ်မျှ​ ​လေး​သော ဓါးကြီးကို သယ်လာရသည်ပင် ပင်ပန်းသည်ဟု မခံစားရ​ပေ။ သို့​သော်လည်း အချိန်အ​​တော်ကြာ လဲ​လျောင်း​နေခဲ့ရသဖြင့် သူ့ ခန္ဓါကိုယ်က အလွန် နာကျင်​နေခဲ့​လေသည်။


​နွေဦး အ​စောပိုင်းကာလ၏ ​လေ​ပြေညင်း​လေးက အတန်ငယ် ​အေးစက်​နေ​သော်လည်း ထိုခန္ဓါကိုယ်က ​အေးခဲရမည်ကို ​ကြောက်မ​နေခဲ့​ပေ။ ၎င်းက ​ကောင်း​ကောင်းမွန်မွန် လိုက်​လျောညီ​​ထွေ ဖြစ်​နေဟန်ပါပင်။ ကျန်းကျန့်က အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များကို စိတ်ထဲတွင် ​လှန်​​လှော​နေရင်း သူ့​ဘေးနားတဝိုက်မှ အ​ခြေအ​နေကို ​လေ့လာပြီး​နောက် ဤကမ္ဘာကြီးကို စတင် နားလည်သွားခဲ့သည်။


ဤ​နေရာက လွင်ပြင်​ဒေသ ဖြစ်​လေသည်။ ကျန်းကျန့် မြင်​တွေ့ရသ​​လောက် သိပ်မမြင့်သည့် ​သေး​ငယ်​သော ​တောင်ကုန်း​လေးတစ်ခုကိုသာ ​​တွေ့ရ​သေးသည်။ တစ်ချိန်တည်းမှာပင် လူဦး​ရေ ထူထပ်ကာ မြစ်​ချောင်းများစွာ ရှိ​ပေသည်။


ကျန်းကျန့်က တချီ၏ သမိုင်း​ကြောင်းကို မသိပါ​သော်လည်း ဤပတ်ဝန်းကျင်က ​ရှေးခတ်တရုတ်ပြည်နှင့် တူညီလုနီးပါး ဖြစ်​နေသည်ဟု ခံစားရသည်။


ဤဟယ့်ရှီရွာက မြစ်တစ်စင်း ရှိ​နေရုံသာမက ​ရေကန်များစွာလည်း ရှိ​နေ​သေးသည်။ စိုက်ခင်းများကလည်း ဆလတ်ရွက် စသည့် အသီးအရွက်များဖြင့် အပြည့်ဖြစ်​နေပြီး မီတာ နှစ်ရာ သုံးရာခန့် အကွာအ​ဝေးတွင် ဟယ့်ရှီရွာသားများ ​နေထိုင်ရာ အိမ်​လေးများက တစ်ခုနှင့်တစ်ခု ​ဝေးကွာ၍ ပြန့်ကျဲ​နေ​လေသည်။


ဤအချိန်၌ ​နေက မြင့်မား​နေ​လေသည်။ မြစ်​​ဘေးမှ ​​ကျောက်တုံးအဆင့်​လေးများ ​ပေါ်တွင် အမျိုးသမီးများက အသီးအရွက်များ ​ဆေးရင်း အဝတ်များ ​​လျှော်ဖွက်ရင်း

စကားစမြည် ​ပြော​နေခဲ့ကြသည်။


သူတို့က ကျန်းကျန့် မြစ်ကမ်း​ဘေးတွင် ​လျှောက်သွား​နေသည်ကို ​တွေ့​သောအခါ မည်သူကမှ တိတ်တဆိတ် ​နေတတ်​သော အကြီးဆုံးကျန်းကို မနှုတ်ဆက်လိုကြ။


သူတို့က အကြီးဆုံးကျန်း၏ လက်ထဲတွင် ဓါးအကြီးကြီး တစ်​ချောင်း ကိုင်ထားသည်ကို ​တွေ့လိုက်ရ​သောအခါ သူတို့​ဘေးမှ လူများကိုသာ ​မေး​နေကြသည်။


"အကြီးဆုံးကျန်းက ဓါးကိုင်ထားတယ်... ဘယ်သူကများ ဝက်သတ်မလို့လဲ မသိဘူး"


"ငါတစ်ခါမှ မကြားရပါလား"


"ဘယ်သူ ဝက်သတ်မလို့လဲ ငါလိုက်ကြည့်လိုက် ဦးမယ်... အသားတစ်ကီလို​​လောက် ဝယ်ရ​အောင်"


အမျိုးသမီးများစွာက အချင်းချင်း စကားအချို့ ​ပြောကြပြီး​နောက် အချို့လူများက ကျန်းကျန့်​နောက် လိုက်လာခဲ့ကြသည်။ သို့​​သော်လည်း ကျန်းကျန့်က ဝက်သတ်ရမည့်အစား ကျန်းမိသားစုပိုင် တဲအိုစုတ်​လေးထဲသို့သာ ဝင်သွားသည်။ ၎င်းက မကြာခင်က သူလဲ​လျောင်းခဲ့​သော ​နေရာပင် ဖြစ်​လေသည်။


တဲအိမ်​လေးက အခြား ရွာသားများ၏ အိမ်များနှင့် အ​တော်အတန် ​ဝေးကွာလှသဖြင့် ကျန်းမိသားစု ပိုက်ဆံရှိလာသည့်အချိန်တွင် ​ပြောင်း​ရွှေ့သွားခဲ့ကြပြီး ​ကောက်ရိုးအချို့နှင့် ပိုးစာပင်ကိုင်းအစည်းလိုက်ကိုသာ ချန်ထားခဲ့ကြသည်။


အိမ်​လေးက အလွန် ယိုယွင်း​နေသည်ဟူသော အချက်မှ လွဲ၍ ကျန်းကျန့်က ဤ​နေရာ​လေးအား အလွန်နှစ်ခြိုက်လှသည်။ ၎င်းက တိတ်ဆိတ်လှပြီး ​ကျောက်မိသားစုအိမ်ကိုလည်း ခပ်လှမ်းလှမ်းမှ ​​​တွေ့မြင်​နေ​ရ​ပေသည်။


ကျန်းကျန့်က ​ကောက်ရိုးတစ်စည်းကို အိမ်ထဲမှ တံခါးဝသို့ သယ်လာပြီး​နောက် ထိုင်ချကာ ဓါးကို သူ့​ဘေးတွင် ထားလိုက်သည်။


တစ်​ယောက်တည်း ထိုင်​နေရသည်က ပျင်းစရာ ​ကောင်းလှသည်။ ထိုအ​ကြောင်းကို စဥ်းစားမိ​သောအခါ ကျန်းကျန့်က ​နောက်ထပ် ပိုးစာကိုင်း တစ်စည်းကို ထပ်ယူလိုက်ပြီး အခွံများ နွှာ​နေလိုက်သည်။


ပိုးစာပင်များကို ပိုပြီး ကြီးထွားလာ​စေရန်နှင့် ခူးဆွတ်ရ လွယ်ကူ​စေရန် ပိုးစာပင် စိုက်သည့် မိသားစုများက ပိုးစာပင်၏ အကိုင်းအခက်များကို နှစ်တိုင်း ဖြတ်​​တောက်ကြ​လေ့ ရှိသည်။ ထိုအကိုင်းများ၏ အ​​ပေါ်ခွံများကို နွှာပြီးပါက အချို့လူများက ၎င်းတို့ကို ​​ကြေးပြားအချို့ဖြင့် ဝယ်ယူကြမည် ဖြစ်သည်။


အကိုင်းထူထူရှိသည့် သစ်​ချောင်းပါး​လေးများက ​ကောက်ရိုးများကဲ့သို့ပင် ချက်ပြုတ်ရန်အတွက် မီး​မွှေးရာတွင် အသုံးပြုနိုင်ကြသည်။


အကြီးဆုံးကျန်းက ပိုးစာကိုင်းအခွံကို မည်သည့်​နေရာတွင် အသုံးဝင်မှန်း မသိ​ပေ။ သို့​​သော်လည်း ကျန်းကျန့်က ပိုးစာပင် အခွံအများစုကို စက္ကူလုပ်သည့်​နေရာ၌ အသုံးပြုမှန်း သိ​နေခဲ့သည်။ ​ရှေး​ခေတ်တွင် ကိုယ်ကိုယ်တိုင် စက္ကူပြုလုပ်နိုင်ပါက အသက်​မွေးဝမ်း​ကြောင်း တစ်ခု ပြုလုပ်နိုင်ခြင်းဟု ဆိုလို​ပေသည်။ သို့​​သော်လည်း ကျန်းကျန့်၏ စက္ကူ ပြုလုပ်ခြင်းအ​ပေါ် နားလည်မှုက ဆရာမ​ပြောပြခဲ့ဖူးသည့် သမိုင်းထဲမှ တီထွက်မှုကြီး ​လေးခုအ​ကြောင်းနှင့်​နောက်ပိုင်း စာအုပ်တစ်အုပ်ကို ဖတ်ရှုရင်း စု​ဆောင်းခဲ့ဖူးသည့် ရံဖန်ရံခါ ရှင်းပြချက်များအတွင်းသာ ကန့်သတ်ချက် ရှိ​နေခဲ့သည်။ သို့​သော်လည်း အ​သေးစိတ်ကျကျမသိဘဲ ယခုခတ်ရှိ ဆင်းရဲမွဲ​တေ​နေ​သောပုံစံဖြင့် ဆိုဖွယ်ရာပင် မရှိ​တော့။


အနာဂါတ်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ​ထောက်ပံ့ရ​တော့မှာလဲ.... ဝက်သတ်ပြီး​တော့လား....


အတိတ်တွင် အကြီးဆုံးကျန်းက လူအိုကြီးကျန်းနှင့် အလုပ်လုပ်ရင်း ဝက်ကို မည်သို့ သားထိုးရမည်ကို သင်ယူခဲ့ရသည်။ ဝက်သတ်သမားကက ဝက်အူများ လှန်​လှောခြင်းနှင့် အခြား​​သော ညစ်ပတ်သည့် အလုပ်များလည်း လုပ်​ဆောင်ရသည်။ လူအိုကြီးကျန်းက ၎င်းကို အချိန်အ​တော်ကြာ မလုပ်ခဲ့ဖူးဘဲ အကြီးဆုံးကျန်းကိုသာ ကိုယ့်ဘာသာကိုယ် လုပ်ခိုင်း​လေ့ရှိသည်။ ထိုအလုပ်များက နည်းစနစ်ကျ​သော အချက်အလက်များလည်း ရှိသည်။ ကျန်းကျန့်က ထိုမှတ်ဥာဏ်များကို လှန်​လှော​နေရင်း သင်ယူရန် ကြိုးစား​နေပါ​သော်လည်း ထိုအလုပ်တစ်ခုတည်းနှင့် ဘ​ဝကောင်း​ကောင်းတစ်ခု ရရှိရန် ခက်ခဲမည်ကိုလည်း သူသိ​နေ​ပေသည်။


ထားလိုက်​တော့။ ပထမဆုံးလုပ်ရမဲ့အရာက အချိန်ပြည့် အလုပ်သမား တစ်​ယောက် ဖြစ်ဖို့ပဲ... ​ကျောက်ကျင်း​ကောကလည်း အချိန်ပြည့် အလုပ်သမား တစ်​ယောက်အ​နေနဲ့ ​နေထိုင်​နေတာပဲ မဟုတ်ဘူးလား...


ကျန်းကျန့်က ပိုးစာကိုင်းတစ်​ပွေ့ကို စိမ်​ပြေန​ပြေ ထိုင်ခွာ​နေပြီး ပြန်သွား​တော့မည် အပြုတွင် သူ့တံခါး​ရှေ့က လမ်း​လေး​ပေါ်တွင် တစ်​ယောက်တည်း ​လျှောက်လာ​နေသည့် ​ကျောက်ကျင်း​ကောကို ​​တွေ့လိုက်ရသည်။


"​ကျောက်ကျင်း​ကော" ကျန်းကျန့်က ​​​အော်​ခေါ်၍ ထရပ်လိုက်သည်။


​ကျောက်ကျင်း​ကောက ကျန်းကျန့်ကို အထူးတဆန်း ကြည့်လာခဲ့ပြီး ကျန်းကျန့်ထံ ​​လျှောက်လာ​နေ​သော်လည်း ​ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်ကာ ​ပြောလိုက်သည်။ "တစ်ခုခု ဖြစ်လို့လား"


သူက ​မေးပြီး​နောက် ​ပြောလိုက်ပြန်သည်။ "အကြီးဆုံးကျန်း... ခင်ဗျားအ​ခြေအ​နေဘယ်လိုလဲ"


"ငါအဆင်​ပြေ​နေပြီ... ​မ​နေ့ကအတွက် ကျေးဇူးပါပဲ" ​ကျန်းကျန့်က ကြက်ဥနှစ်လုံးကို ထုတ်ကာ ​ကျောက်ကျင်း​ကောထံ လှမ်း​ပေးလိုက်သည်။


"မင်းအတွက်"


"ကျွန်​​​တော် ခင်ဗျားရဲ့ ကြက်ဥကို မယူနိုင်ဘူး... ကန်စွန်းဥ ယာဂု တစ်ပန်းကန်က အဲ့​လောက် မတန်ပါဘူး" ​​


ကျောက်ကျင်း​ကောက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ သူ့မိသားစုက ကြက်များ ​မွေးမြူရန် အစားအစာ အပိုမရှိ​ပေ။ ကြက်ဥများနှင့် အခြား ဆင်တူ​သော အရာများက သူ့အတွက် အလွန် ​စျေးကြီးလှသည်။


"ဒီကြက်ဥ​တွေက ကန်စွန်းဥယာဂုအတွက် ပြန်​ပေးတာ မဟုတ်ဘူး... ငါ့အသက်ကို ကယ်​ပေးလို့ ပြန်​ပေးဆပ်တာပဲ... ငါ့ဘဝက ကြက်ဥနှစ်လုံး​လောက်​​တောင် မတန်ဘူးလား" ​


ကျန်းကျန့်က ​ကြက်ဥများကို ကျောက်ကျင်း​ကောထံ ထိုး​ပေးချင်​နေခဲ့သည်။


​​ကျောက်ကျင်း​ကောက အမှတ်တမဲ့ ​ရှောင်လိုက်ကာ တုံ့သွားပြီး​နောက် ​ပြောလိုက်သည်။


"ခင်ဗျားဘာသာ သိမ်းထား​လေ... ခင်ဗျားရဲ့ ခန္ဓါကိုယ်ကို ပြန်​ကောင်း​စေဖို့ အကူအညီ ​ပေးလိမ့်မယ်"


"ငါ့ဆီမှာ ကျန်ပါ​သေးတယ်... ကြည့်​လေ"ကျန်းကျန့်က ကြက်ဥ သုံးလုံးကို ထုတ်လိုက်ပြီး​နောက် ​ကျောက်ကျင်း​ကောကို ပြသလိုက်သည်။ ​ကျောက်ကျင်း​​ကောက ကျန်းကျန့်ကို အလွန်အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ အကြီးဆုံးကျန်းက သူ့မိဘများထံမှ လျစ်လျူရှု ခံထားရသည်ကို သူလည်း သိ​နေသည်။ ဒီလူ ကြက်ဥ​​တွေကို ဘယ်​နေရာက ရလာပါလိမ့်...


"မင်းငါ့ကို မ​နေ့က တစ်ကြိမ် ကယ်ခဲ့တယ်... အရင်တစ်​ခေါက်ကလည်း မြစ်ထဲက​နေ ကယ်​ပေးခဲ့​​သေးတယ်...မင်းမတတ်နိုင်လဲ ငါ့ကို ပြန်​​ပေးဆပ်ခွင့် ပြု​ပေးပါ"


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ လက်ကို ဆွဲယူ၍ သူ့လက်ထဲသို့ ကြက်ဥနှစ်လုံး ထည့်​ပေးလိုက်သည်။ ကျန်းတို့၏ အရပ်က အလွန်မြင့်သည်။ အကြီးဆုံးကျန်း၏ အရပ်က ရွာထဲ၌ အ​​တော်​​လေး ရှည်သည့်အထဲတွင် ပါသည်။ ​ကျောက်ကျင်း​ကောက သူ့အရပ်နှင့် ညီလုနီးပါး ဖြစ်ပြီး သူ့လက်များက ကြီးလှသဖြင့် ကြက်ဥနှစ်လုံးကို အသာ​လေး ကိုင်ထားနိုင်သည်။


ကျန်းကျန့်က သူ၏ လက်ကြမ်းကြမ်းကြီးများကို ဆွဲယူလိုက်ပြီး​နောက် ရုတ်တရက်ပင် အနည်းငယ် ရှုပ်​ထွေးသွား​သော်လည်း သူ့ခံစားချက်များကို မဆန်းစစ်နိုင်ခင်မှာပင် ​ကျောက်ကျင်း​ကောက သူ့လက်များကို လွှတ်ချလိုက်သည်။


ကျန်းကျန့်က ​မော့ကြည့်လိုက်သည်နှင့် ​ကျောက်ကျင်း​ကောက ​"​ကျေးဇူး"ဟု​ ​ပြောပြီး လှည့်မကြည့်ဘဲ ထွက်သွားသည်ကို ​တွေ့လိုက်ရသည်။


မူလတွင် သူက ​ကျောက်ကျင်း​ကောကို စကားအချို့ ​ပြောချင်​နေခဲ့​သော်လည်း ကျန်းကျန့်က ကြက်​သေ​သေသွားပြီး​နောက် မကြာမီပင် နားလည်သွား​လေသည်။ ​ကျောက်ကျင်း​ကောက ရှက်​နေတာလား...


ကျန်းကျန့်က ​လေ​လေးချွန်လိုက်ပြီး​နောက် ကျန်ကြက်ဥသုံးလုံးကို တဲအိမ်​လေးထဲတွင် ဖွက်ထားလိုက်ပြီး ​နောက်တစ်​နေ့တွင် ​ကျောက်ကျင်း​ကောကို ​ပေးရန် ​တေးမှတ်ထားလိုက်သည်။


ယ​​နေ့တွင် သူက ကြက်​တောင်ပံနှစ်ခုကို စားပြီးသား ဖြစ်သဖြင့် သူမည်မျှပင် စား​စေကာမူ စုပ်ယူနိုင်မည် မဟုတ်​​ပေ။ ထိုကြက်ဥများကို အသုံးပြုကာ ​ကျောက်ကျင်း​ကောနှင့် စကား​ပြောရသည်ကမှ ပို​ကောင်း​ပေဦးမည်။


ပြီး​​​တော့လည်း... ကျန်းကျန့်​ဝေရဲ့ ဒီကိုယ်က ခံနိုင်ရည် ရှိ​နေဆဲလို့ ​​တွေးရမှာပဲ... ပြီး​​​တော့ တစ်နည်းနည်းနဲ့ ပျိုး​ထောင်ခံထားရတာ... ​ကျောက်ကျင်း​ကောရဲ့ ခန္ဓါကိုယ်က​ရော... ​ကျောက်မိသားစု၌ အစားအစာ လုံလုံ​လောက်​လောက် မရှိ​ပေ။ ​ကျောက်ကျင်း​ကောက မြို့တစ်ဝိုက်တွင် အချိန်တို အလုပ်သမားအ​နေဖြင့်လည်း အလုပ်လုပ်ခဲ့ရသည်။ သူ့ကျန်းမာ​ရေးက အကြီးဆုံးကျန်းထက် ပိုမ​ကောင်းနိုင်​ပေ။


ကျန်းကျန့်က အသက်သခင်​ကျေးဇူးရှင်နှင့် ​တွေ့ဆုံပြီး​နောက် ဓါးကိုကိုင်ကာ ကျန်းအိမ်သို့ ပြန်သွားပြီး ညစာကို ​စောင့်​မျှော်ရန် ကြံရွယ်လိုက်ရည်။ ထိုအချိန်၌ ​ကျောက်ကျင်း​ကောမှာ ကြက်ဥနှစ်လုံးကိုင်၍ အိမ်သို့ ပြန်​ရောက်​နေပြီးသား ဖြစ်သည်။ သူ့သ​ဘောထားက ထူးဆန်း​နေသည်ထက်ပင် ပို​နေသည်။


သူတစ်ခါက ရွာထဲမှ မိန်းမလှ​လေး တစ်​ယောက်အား သူမကို ပိုးပန်း​နေသူ တစ်​ယောက်က ကြက်ဥများ ပို့​ပေးသည်ကို ​တွေ့ခဲ့ဖူး​သော်လည်း သူအရွယ်​ရောက်လာကတည်းက မည်သူကမှ သူ့ကို ကြက်ဥများ ပို့မ​ပေးဖူးခဲ့။


သို့​သော်လည်း အကြီးဆုံးကျန်း ကြက်ဥ​ပေးခြင်းက ထိုလူများနှင့် ကွဲပြား​နေသည်။ သူက ယခုတွင် ​ယောကျ်ားတစ်​ယောက်နှင့် မထူး​လေရာ လူတိုင်းက သူ့ကို ​ယောကျ်ားတစ်​ယောက်အဖြစ်သာ ဆက်ဆံကြ​လေသည်။


"ကျင်း​ကော... ပြန်လာပြီလား" ​ကျောက်လျူက သူမ၏ သားကို မြင်​​သောအခါ အပြုံး​လေးတစ်ခု ချိတ်ဆွဲ၍ ကြိုဆိုလာခဲ့သည်။


"အင်း" ​ကျောက်ကျင်း​ကောက ပြန်​ဖြေ၍ သူမကို ကြက်ဥတစ်လုံး ​ပေးလိုက်သည်။ "မ​နေ့က အကြီးဆုံးကျန်းကို ယာဂုတစ်ခွက် ​ပေးလို့ သူက ကြက်ဥနှစ်လုံး ပြန်​​ပေးလာခဲ့တယ်"


"ယာဂုတစ်ခွက်က ကြက်ဥနှစ်လုံး​လောက် ဘယ်လိုလုပ် တန်​ကြေးရှိပါ့မလဲ... ပြီးရင် ပြန်​​​ပေးလိုက်" ​ကျောက်လျူက ထိုကြက်ဥများကို လက်မခံသင့်ဟု ခံစားရသည်။


"သူ့ကို ကယ်​ပေးလို့ ​ကျေးဇူးပါလို့ ​ပြောလိုက်​သေးတယ်"​


ကျောက်ကျင်း​ကောက ထပ်​ပြောလိုက်သည်။ ထိုအ​ကြောင်းကို ​ပြောမှသာ ​ကျောက်လျူက ကြက်ဥများ ယူခြင်းက အ​ထွေအထူး မဟုတ်ဟု ​ခံစားလိုက်ရ​လေသည်။


"ဒါ​ပေါ့ သူ သားကို ​ကျေးဇူးတင်ရမှာ... ငါတို့ရဲ့ ကျင်း​ကော ​ကြောင့်သာ မဟုတ်ရင် အကြီးဆုံးကျန်း ​ရေနစ်သွားပြီးပြီ"


​ကျောက်လျူသည် ​ပြောရင်းဖြင့် ထို​နေ့က ကျန်းမိသားစုက ​ကျေးဇူးတင်စကား တစ်ခွန်းပင် မ​ပြောခဲ့​ကြောင်း ​တွေးမိသွား​သောအခါ အနည်းငယ် မ​ကျေမနပ် ဖြစ်သွား​လေသည်။


"အကြီးဆုံးကျန်းက တိတ်တိတ်ဆိတ်ဆိတ် ​နေတတ်​ပေမယ့် သူက​​တော့ အကျိုးအ​ကြောင်းသင့်တဲ့သူ ဖြစ်​နေတုန်းပဲ... သူ့အ​မေက​တော့ လွန်လွန်းပါတယ်... ​အဲ့​နေ့က ကျင်း​ကောက သူ့သားကြီးကို ကယ်​ပေးခဲ့တာ​တောင် ဘယ်လို​ကျေးဇူးတင်စကား ​ပြောရမှန်း​တောင် သိတာ မဟုတ်ဘူး"


"ကိစ္စမရှိပါဘူး" ​


ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ အကြီးဆုံးကျန်း ​ရေနစ်သွားသည်ကို ​​​​တွေ့လိုက်ရသည့်အချိန်၌ ​ရေနစ်ခဲ့ရ​သော သူ့အစ်ကိုကို သတိရသွားသဖြင့် ​ရေထဲသို့ ခုန်ဆင်းကာ သူ့ကို ကယ်​​ပေးချင်ခဲ့သည်။ သူက ​ကျေးဇူးဆပ်ရမည့်အ​ကြောင်း မ​တွေးခဲ့​။


"ဘာကိစ္စမရှိဘူးလဲ... သားက သူ့အသက် ကယ်​ပေးခဲ့တာပဲဟာ... သူ့ဘဝကို သားလက်ထဲ ပုံအပ်ထားသင့်တယ်" ​


ကျောက်လျူက ထုတ်​ပြောလိုက်သည်။


"အ​မေ" ​


ကျောက်ကျင်း​ကောက သူ့အ​မေကို ဝင်ဟန့်လိုက်သည်။ ဘယ်သူက သူ့ကို လက်ထပ်ချင်မှာလဲ...


​​ကျောက်လျူက ထိုအချင်းအရာကို ​တွေ့​သောအခါ ထပ်ပြီး သက်ပြင်းချလိုက်သည်။ သူ့မျက်ခုံးကြားက မှဲ့နီကို တူးထုတ်လိုက်ပြီးကတည်းက ရွာထဲမှ လူအများက ကျင်း​ကောကို ​ယောက်ျားတစ်​ယောက် အဖြစ်သာ မြင်လာကြ​​​တော့သည်။ သူက ​ရေထဲမှ ​ယောကျ်ားကြီးတစ်​ယောက်ကို ကယ်ဆယ်​ပေးခဲ့​သော်လည်း မည်သူကမှ ၎င်းကို မှားယွင်းသည်ဟု မထင်ခဲ့​ပေ။


အကြီးဆုံးကျန်းသာ မိသားစုထဲ ဝင်လာရင် ​ကောင်းမှာပဲ... ဒီ​ကောင်​လေးက စကားသိပ်မ​ပြော​ပေမယ့် ရိုးသားပြီး အလုပ်ကြိုးသားတယ်... သူက အသက်အကြာကြီး ​နေထိုင်သင့်တယ်...


ကံမ​ကောင်းစွာဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ရွာထဲမှ အချို့လူများက သူတို့ကို ကူညီ၍ ကျန်းမိသာစုအိမ်သို့ သွား​ရောက်​ပေးခဲ့​သော်လည်း အဘွားကြီးကျန်းက ငြင်းဆန်လိုက်သည်။


သူမက အဘွားကြီးကျန်းမှာ အကြီးဆုံးကျန်းကို အလုပ်လုပ်ခိုင်းရန်အတွက် အိမ်တွင်သာ ထားချင်​နေ​ကြောင်း သိ​​သော်လည်း ထိုအ​ကြောင်းကို အပြင်လူတစ်​ယောက်အား ထုတ်မ​ပြောနိုင်ခဲ့​ပေ။


​ကျောက်လျူက လစ်ဟာမှုများ ခံစား​နေရ​သော်လည်း ယာဂုတစ်ခွက် ခပ်လာခဲ့သည်။ သူမက ကြက်ဥတစ်လုံးကို အခွံခွာ၍ ​ကျောက်ကျင်း​ကောကို ​ပေးလိုက်သည်။


"အ​မေ... ယာဂုကို အ​မေပဲ စားလိုက်ပါ... အ​မေက ကျန်းမာ​ရေး မ​ကောင်းဘူး​လေ... ကြက်ဥလည်းများများ စားသင့်တယ်... ဒါမှ ကျန်းမာ​ရေး ပြန်​ကောင်းလာမှာ" ​ကျောက်ကျင်း​ကောက ဆို၍ ကျန်​နေသည့် ကြက်ဥကို ဓါးဖြင့် ပိုင်းလိုက်သည်။


"အ​​ဖေနဲ့ ကျွန်​တော်က ဒါနဲ့ အဆင်​ပြေပါတယ်”


​ကျောက်လျူက သူမ၏ သားကို မလွန်ဆန်နိုင်​​ပေ။ အဆုံးတွင် သူမက ကြက်ဥကို စားလိုက်ရသည်။ ​ကျောက်ကျင်း​ကောသည်လည်း ကြက်ဥတစ်ခြမ်း စားလိုက်သည်။


ကြက်ဥစား​နေရင်းဖြင့် သူက အကြီးဆုံးကျန်းအ​ကြောင်း မ​​​တွေးမိဘဲ မ​နေနိုင်။ ထို့​နောက် တစ်ခုခု မှားယွင်း​နေ​ကြောင်း ခံစားလိုက်ရသည်။


ယ​နေ့တွင် အကြီးဆုံးကျန်းက ရက်ရက်​ရော​ရော စကား​ပြောလာခဲ့ပြီး သူ့​ခေါင်းကို မတ်မတ်ထား​ထားပုံက ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြား​သော လူတစ်​ယောက် ဖြစ်သွားသလိုပင်။