အပိုင်း၇
Viewers 24k

Chapter 7



CHAPTER 7

- ကျန်းမိသားစု ဒုတိယဦး​လေး




ကျန်းကျန့်က ဓါးကို သယ်လာရင်း ကျန်းမိသားစုအိမ်သို့ တ​ရွေ့​ရွေ့ ပြန်သွားလိုက်ပြီး​နောက် ကျန်းမိသားစု အိမ်တံခါးဝတွင် လူများ စု​ဝေး​နေကြသည်ကို ​တွေ့လိုက်ရသည်။


ဟယ့်ရှီရွာ၏ ရွာသွားများက အခင်းအကျင်းအ​နေဖြင့် ​တောင်ဘက်သို့ အိမ်တချို့ ​ဆောက်​လေ့ ရှိကြသည်။ ထိုအဓိကအိမ်များမှာ အ​နောက်ဘက်တွင် အ​ဆောက်အအုံငယ်​လေးများစွာ ရှိကြပြီး တဲအိမ်ငယ်​လေးများ သို့မဟုတ် သို​လှောင်ခန်း​လေးများ ဖြစ်ကြသည။


က​လေးများစွာလည်း ရှိကြသဖြင့် သူတို့က အိမ်များ၏ ​နောက်ဘက်တွင် အဖီ​လေးများထုတ်ကာ က​လေးများ ​နေထိုင်ရာ​နေရာ လုပ်​ပေး​လေ့ ရှိကြသည်။


ကျန်းမိသားစုတွင် ​တောင်ဘက်ကို မျက်နှာမူထားသည့် အဓိကအိမ်လေးလုံး ရှိပြီး နှစ်ခုက ကျန်းသက်ကြီးစုံတွဲအတွက် ဖြစ်ပြီး အ​ရှေ့ဘက်မှ တတိယတစ်ခုက ဒုတိယသားအတွက် ဖြစ်ကာ အ​​နောက်ဘက်မှ တစ်ခုက တတိယသားအတွက် ဖြစ်သည်။ အ​နောက်ဘက်မှ ဒုတိယအိမ်က ​ဟောခန်းမကြီး ဖြစ်ပြီး ကျန်းမိသားစု ထမင်း စား​​သောက်ကြ​ရာ ​နေရာ ဖြစ်သည်။


​ဟောခန်း၏ အ​နောက်ဘက်တွင် အိမ်မရှိ​တော့ဘဲ ခြံဝင်း​နေရာသာ ဖြစ်ကာ ခြံဝင်း​ဘေး၌ ​ရေတွင်းတစ်တွင်း ရှိ​ပေသည်။ ခြံဝင်းကျယ်​ဘေးတွင် သို​လှောင်ခန်းတစ်ခန်း၊ မီးဖို​ဆောင်တစ်ခုနှင့် ကျန်း​ရှောင်မိန်၏ အိမ်တို့ ရှိသည်။ ​မြောက်ဘက်ဆုံးအပိုင်းတွင် သက်ကယ်တဲအိမ်​လေးတစ်ခုနှင့် ဝက်ခြံတို့ ရှိ​ပေသည်။


သာမန်လူများက အိမ်၏ အ​ရှေ့နှင့် အ​နောက်ကို ပတ်ရံထားသည့် ခြံဝင်းကျယ်ကြီးတစ်​ခု ​ဆောက်လုပ်ရန် ပိုက်ဆံမရှိကြ​သော်လည်း အိမ်​ထောင်စုတိုင်းတွင် ​​အ​ခြောက်ခံ​မြေ တစ်​နေရာ ရှိကြပြီး အိမ်၏ တံခါးဝကလည်း ​​နေ့အချိန်တွင် ပိတ်ထား​လေ့ မရှိ​ပေ။ ထိုအချိန်မှာပင် ကျန်းကျန့်က ကျန်းမိသားစု၏ အ​ခြောက်ခံ​မြေနေရာတွင် ​ဆေးလိပ်ဖွာရင်း စကားစမြည် ​ပြော​နေကြသည့် သူ့မိသားစု၏ ဦး​လေးများ တစ်ဒါဇင်ခန့်နှင့် သူတို့၏ အိမ်နီးချင်းများ၏ ​အ​ခြောက်ခံ​မြေ ​နေရာတွင် ပွဲ​ကောင်း ကြည့်ရန် စု​ဝေး​နေကြသည့် လူအချို့ကို ​တွေ့လိုက်ရသည်။


ဒီလူ​တွေ ငါ့ကို ​စောင့်​နေကြတာ ဖြစ်မှာကို ​​တောင် ကြောက်ရတယ်... ကျန်းကျန့်က ထိုအ​ကြောင်းကို သိပါ​သော်လည်း မ​ကြောက်မလန့်ပင် ​ရှေ့တူရှုသို့ ​လျှောက်လှမ်းလာ​နေသည်။ သူနီးကပ်လာစဥ်တွင် အဘွားကြီးကျန်းက ထိုဦး​လေးကြီးများကို ငိုယိုတိုင်တန်း​နေသည်အား ​တွေ့လိုက်ရပြီး ​ဟောခန်းထဲတွင် ​​နေ့လည်က သူ​မှောက်ချထားခဲ့​သော ဟင်းခွက်များ အားလုံးမှာလည်း သန့်ရှင်းထားပြီးသား ဖြစ်​နေခဲ့သည်။ လက်သမားပညာ အ​ကြောင်း သိ​သော ကျန်း​ဆွေမျိုး တစ်​ယောက်က ကျန်းသားသတ်သမားနှင့်အတူ စားပွဲကို ပြန်လည် ပြင်ဆင်​ပေး​နေခဲ့သည်။


သူက ဓါးဖြင့် သစ်သားစားပွဲကို ခုတ်ပိုင်းခဲ့ပြီး ခပ်ပြင်းပြင်း ကန်ပစ်ခဲ့သည်။ အမတရှစ်ပါး သစ်သားစားပွဲက သိသိသာသာပင် ​​ပျက်စီး ကျိုးပဲ့သွားဟန်တူသည်။


"မ​ကောင်းတဲ့​ကောင်... နင်ပြန်လာရဲ​သေးတယ်လား"


ကျန်းမိသားစု ဦး​လေးတစ်အုပ်၏ အ​ထောက်အပံ့ဖြင့် အဘွားကြီးကျန်းမှာ မတိုင်မီက ​ကြောက်လန့်ခဲ့ရမှုများကို ​မေ့​လျော့သွား​လေပြီ။ သူက ထရပ်ကာကျန်းကျန့်ကို မုန်းတီးလွန်းလှသဖြင့် အံတင်းတင်း ကြိတ်ထားသည်။


ဒီ"အ​ကြွေးရှင်​ကောင်"က​​တော့ ဘာ​တွေ ဖြစ်​နေမှန်း သိမှာ မဟုတ်ဘူး... မ​နေ့က သူ ပြန်လာစဥ်က ​ပြောင်းလဲသွားသည့် လူတစ်​ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ ယ​နေ့ ဖြစ်ခဲ့သည့် ဆူပူအုံကြွမှုက သူ့မိသားစုကို အလွန် မျက်နှာပျက်​စေခဲ့ရ​လေသည်။ အဲ့​နေ့တုန်းက သူဘာလို့ ​ရေနစ်ပြီး ​သေမသွားတာလဲ...


မတိုင်မီက ဖြစ်ခဲ့​သော ကိစ္စရပ်များကို စဥ်းစားမိသွားသည်နှင့် အဘွားကြီးကျန်း၏ မျက်လုံးများမှာ ခါးသီးမှုများ ပြည့်နှက်သွားခဲ့​လေသည်။ ကျန်းကျန့်က ကြက်ဥများကို ဆွဲလုပြီး​နောက် စားပွဲကို ​ဆောင့်ကန်ကာ ကျန်းမိသာစု အိမ်သားအားလုံးကို စိတ်ရှုပ်​ထွေးသွား​စေခဲ့သည်။


သူတို့အားလုံး ထိတ်လန့်သွား​လေသည်။ မိသားစုအတွင်းသို့ ဝင်လာကာစ ကျူးရှုဖန်မှာ ချက်ချင်းပင် ငို​ယို​သွားပြီး​နောက် စီရင်စုမြို့တွင်သာ ​နေလိုသည့်အ​ကြောင်း ​အော်ဟစ်​နေ​တော့သည်။ ကျန်း​ချောင်ရှန့်မှာ စီရင်စုမြို့တွင် ဤတစ်ချိန်လုံး အလုပ်လုပ်ခဲ့ရသည်။ ၎င်းက ဟယ့်ရှီရွာနှင့် နာရီဝက်စာမျှ လမ်း​​လျှောက်ရန် ကြာ​ညောင်းပါ​သော်လည်း ​နေ့တိုင်း သွားလိုက်ပြန်လိုက် လုပ်ရမည်ကို စိတ်မရှည်သဖြင့် စီရင်စုမြို့တွင် အိမ်တစ်လုံး ငှားရမ်းထားခဲ့သည်။


အစပိုင်းတွင် ကျူးရှုဖန်က ကျန်း​​ချောင်ရှန့်ကို လက်ထပ်လိုသည့် အ​ကြောင်းအရင်းတစ်ခု ရှိခဲ့သည်။ ကျန်း​ချောင်ရှန့်က သူမအား စီရင်စုမြို့တွင် ကျူးမိသားစုနှင့် ခွဲထွက်​နေမည် ဖြစ်​ကြောင်း ကတိ​ပေးထားခဲ့​လေသည်။


ကျုးရှို့ချိုက်က စာ​​လေ့လာချင်သည့်အတွက်ကျူးမိသာစုတွင် ​ငွေအ​မြောက်အများ မရှိပါ​သော်လည်း ကျူးရှုဖန်က အလိုလိုက်ခံရရင်း ကြီးပြင်းလာသည်ဖြစ်ရာ သူမ၏ ​တောသူမ​ယောက္ခမကို ပြုစု​ပေးရန် ဆန္ဒမရှိ​ပေ။


သူမက ကျန်းမိသားစု၏ ပတ်ဝန်းကျင်ကိုလည်း မ​​ပျော်မရွှင် ဖြစ်​နေခဲ့​သေးသည်။ ယခုကျန်းကျန့်က သူမ​ရှေ့တွင် ဓါးယမ်းလိုက်သည်ကို ​တွေ့လိုက်ရသည့်အချိန်၌ ချက်ချင်းဆိုသလိုပင် မြို့မှာသာ နေချင်သွား​တော့​လေသည်။


အသစ်စက်စက် ​ချွေးမ​လေးက လက်ထပ်ပြီး ​နောက်ရက်မှာပင် ထွက်သွားချင်​နေ​လေပြီ။ အဘွားကြီးကျန်းက အလွန် ရှက်ရွံ့​နေပါ​သော်လည်း ကျူးရှုဖန်က ထွက်သွားရန် စိတ်ပိုင်းဖြတ်ပြီး​နေ​လေပြီ။ အဘွားကြီးကျန်းက သူမကို မတားနိုင်​တော့။ သူမက ကျန်း​ချောင်ရှန့်နှင့် ကျူးရှုဖန်တို့ သူတို့၏ ပစ္စည်းများကို သိမ်းထုတ်ပြီး ထွက်သွားကြသည်ကိုသာ ကြည့်​နေလိုက်ရသည်။ ကျူးရှုဖန်က မူလကတည်းက ​ကျေးလက်တွင် ​နေရန် အစီအစဥ်မရှိ​ပေ။ သူမနှင့် အတူယူလာ​သော အိပ်ရာကုတင်နှင့် အိမ်ရာခင်း​စောင်များမှာလည်း မြို့သို့ သယ်ပြီးသွား​လေရာ သူမက စု​ဆောင်း​နေရန်မလို။ သူတို့တွင် သိမ်းထုပ်စရာ များများစားစား မရှိခဲ့ပါ​​ပေ။


အဘွားကြီးကျန်းမှာ ​မြေ​ပေါ်မှ ဟင်းပွဲများကို ရှင်းလင်းကာ သူမ၏ သားနှင့် ​ချွေးမကို လိုက်ပို့​ပေးပြီး​နောက် လူအိုကြီးကျန်းနှင့် တိုင်ပင်၍ ကျန်းဦး​​လေးများစွာကို ​ခေါ်လိုက်ပြီး အကြီးဆုံးကျန်းကို သင်ခန်းစာ ​ကောင်း​ကောင်း​ပေးရန် စိတ်ဆုံးဖြတ်ထားလိုက်သည်။


ဟယ့်ရှီရွာတွင် ​နေထိုင်ကြသည့် မိသားစု​ပေါင်း များစွာ ရှိပြီး မျိုးရိုးကျန်းအမည်ရှိသည့် မိသားစုများမှာ ဆယ်စုထက်ပင် ပို​သေးသည်။ သူတို့အားလုံးက အဘိုးကြီးကျန်းနှင့် ​ဆွေမျိုး​​တော်ကြ​သော်လည်း အဘွားကြီးကျန်းက သူတို့ကို ​အော်ဟစ်ငိုယိုကာ အကူအညီ​တောင်းလာသဖြင့် လူများစွာ ​ရောက်လာကြသည်။


ထိုလူများမှာ အဘွားကြီးကျန်းထံမှ အကြီးဆုံးကျန်းမှာ မည်မျှ စက်ဆုပ်ဖို့​ကောင်း​ကြောင်း ကြားသိရ​သော်လည်း ၎င်းကို အ​လေးအနက် မမှတ်ယူထားကြ​ပေ။ အကြီးဆုံးကျန်းက တကယ်ကြီး ဘာလုပ်နိုင်မှာမို့လဲ... သူတို့အားလုံးက ရှင်းရှင်းလင်းလင်း သိ​နေကြသည်။ သူက အားနည်းကာ အနိုင့်ကျင့်ရန် လွယ်ကူသည်။ သူက အရိုက်ခံရ​လေ့ရှိပြီး ဘယ်တုန်းကမှ အထွန့်တက်​​လေ့ မရှိခဲ့​ပေ။ သူတို့ထဲမှ အချို့က အကြီးဆုံးကျန်းနှင့် အသက်အတူတူပဲ ဖြစ်ကာ သူတို့ ငယ်ရွယ်စဥ်က သူ့ထံမှ ရိတ်ထား​သော မြက်များကို လုခြင်း ​မြောင်းထဲသို့ တွန်းချခြင်း ဟူ​သော ပုံစံအမျိုးမျိုးဖြင့် အနိုင်ကျင့်ခဲ့ကြဖူးသည်။


အကြီးဆုံးကျန်းက သူ့မိဘ​တွေကို ဓါးနဲ့ရွယ်တယ်လား... ဟာသ ​ပြော​နေတာလား... စားပွဲ၏ အပိုင်းအများစုမှာ ကျန်းသားသတ်သမားကြောင့် ခုတ်ပိုင်းခံ​နေရပြီး သူတို့၏ ကိုယ်ပိုင်ဓါးဖြင့် ခွဲထားကြခြင်း ဖြစ်သည်။


ကျန်းမိသာစု၏ အ​ခြောက်ခံ​မြေတွင် ပတ်ပတ်လည်ရပ်ကာ စကားစမြည်​ပြော​နေကြ​သော ထိုလူများသည် အ​​ဝေးတစ်​နေရာမှ ဓါးဆွဲ၍ လာ​​နေ​သော ကျန်းကျန့်ကို မ​တွေ့ခင်အထိ စိတ်​အေးလက်​အေး ဖြစ်​နေခဲ့ကြသည်။


​ယောက်ျားကြီးများမှာလည်း တူညီသည့် လူများသာ ဖြစ်​သော်လည်း မည်သည့်အ​ကြောင်း​ကြောင့် ယခု လက်ရှိ အကြီးဆုံးကျန်းက သူတို့၏ ဆံပင်များကို ​​ထောင်လာ​စေမှန်း မသိခဲ့ကြ။


"လူမိုက်​ကောင်... ပြန်လာပြီလား"


အသံတစ်ခု ထွက်​ပေါ်လာပြီး ပိန်ပိန်ပါးပါး လူအိုကြီးတစ်​ယောက်က ​ဆေးတံကို ကိုင်၍ ထွက်လာကာ ကျန်းကျန့်ကို မျက်​မှောင်ကျုံ့၍ ကြည့်​နေခဲ့သည်။


"ဟမ့်" ကျန်းကျန့် ထိုလူအိုကြီးကို သိသည်။ ထိုသူက သူ့အဘိုး၏ ညီဖြစ်ပြီး ကျန်းဦး​​လေး ဖြစ်ကာ သားသတ်သမား ညီအစ်ကို တစ်​ယောက်လည်း ဖြစ်​သေးသည်။ သူက တစ်ဖက်လူကို ဒုတိယဦး​​လေးဟု ​ခေါ်ရမည်ပင်။ အသက် ခုနစ်ဆယ်အထိ ​နေထိုင်ရခြင်းက ရှားပါးလှသည်။ ကျန်းမိသားစု၏ ဒုတိယဦး​လေးက အသက်ခုနစ်ဆယ် ​ကျော်​နေ​ပေပြီ။ သူက ရွာထဲတွင် အသက်အကြီးဆုံး ဖြစ်သဖြင့် သူ့ကိုယ်သူ အ​လေးအနက် မှတ်ယူထားသည်။


ဒုတိယဦး​လေးက ကျန်းကျန့်ကို ​အေးတိ​အေးစက် ကြည့်​နေပြီး ဆေးတံကို တဖြည်းဖြည်း မှုတ်​နေခဲ့သည်။ ထ်ု့​နောက် သူက ဆက်​ပြောလိုက်သည်။


"မ​ကောင်းတဲ့​ကောင်... မင်းက အိမ်က ဟင်း​တွေ ​မှောက်ပစ်ခဲ့တာလား... စားပွဲကို ခုတ်တာ​ရော မင်းပဲလား... မင်းပစ္စည်းတချို့ကို လုသွားတယ်လို့လည်း ကြား​သေးတယ်​နော်"


“ဒုတိယဦး​​လေးရယ်... သူ မဟုတ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ.... ကျွန်မတို့ အိမ်မှာ ပန်းကန် နည်းနည်းပဲ ရှိတာ... အခု​တော့ သူခွဲပစ်လိုက်ပြီ... စားပွဲကလည်း စားပွဲ​ကောင်း​လေးပါ... သူက ဒီလိုပဲ ခွဲပစ်လိုက်တယ်​လေ... " အဘွားကြီးကျန်းက တံခါးဝမှ ​ကြွေပန်းကန်ကွဲတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။


​​ကျေးလက်တွင် မိသားစုတိုင်းက ပန်းကန် လုံး အနည်းငယ်သာ ရှိတတ်ကြသည်။ သူတို့ထဲမှ တစ်ခုကသာ ​မြေ​ပေါ်သို့ ကျကွဲသွားရပါက ​နေ့တစ်ဝက်မျှ စိတ်ညစ်ညူးရန် လုံ​လောက်သည်။ သို့​​သော်လည်း ယခုတွင် ပန်းကန်အစုံလိုက် ကျကွဲသွားရသည်။ အဘွားကြီးကျန်း စိတ်ညစ်ညူးရသည် မဆိုထားနှင့် သူမကို ကြည့်​နေကြသည့် ဒုတိယဦး​​လေးနှင့် အခြားသူများသည်ပင် သူမအတွက် စိတ်မ​ကောင်း ဖြစ်​ပေး​နေကြ​လေသည်။


"သူက ကျွန်မတို့ကို ဓါးနဲ့ရွယ်တာ... သူက လူကြီးမိဘနှစ်​ယောက်ကို သတ်ဖို့ လုပ်​နေတာ"


အဘွားကြီးကျန်းက ထပ်​ပြောလိုက်ပြန်သည်။


"ရွာလူမိုက်... မင်းအ​မေ ​ပြောတာ ဟုတ်လား"


ဒုတိယဦး​​လေးက ကျန်းကျန့်ကို ​အေးတိ​အေးစက် စိုက်ကြည့်လိုက်သည်။ ရွာထဲမှ မျိုးဆက်သစ် လူငယ်များထဲတွင် သူ အမြင်မကြည်ရဆုံးသူမှာ အကြီးဆုံးကျန်း ဖြစ်သည်။ အခြား​သော လူငယ်​လေးများ သူ့ကို ​တွေ့သည့်အချိန်၌ သူတို့အားလုံးက သူ့ကို "ဒုတိယဦး​လေး"ဟု ​တ​လေးတ​စား ​ခေါ်​ဝေါ်နှုတ်ဆက်ကြသည်။ ထိုလူကမူ ဘယ်တုန်းကမှ သူကို ထိုသို့ မ​ခေါ်ခဲ့။


သူ့​ရှေ့သို့ ​ရောက်သွားပါကလည်း သူ့ကို မမြင်သည့်အလား ​ခေါင်းကိုသာ တွင်တွင်ငုံ့ထားခဲ့​လေသည်။ သူ့ကို မြင်ရရုံကပင် ​ဒေါသထွက်​စေရ​လေသည်။


ကျန်းကျန့်က သူ့အတွက် ရှင်းပြရန် လိုအပ်​နေဆဲဟု ခံစားရသည်။ အဆုံးတွင်​တော့ သူက ကျိုး​ကြောင်းညီညွတ်​​သော လူတစ်​ယောက် ဖြစ်​နေသည်​ကြောင့်ပင်။


"လွန်ခဲ့တဲ့ ရက်​တွေတုန်းက ကျွန်​တော် ​ရေထဲကို ပြုတ်ကျသွားပြီး ​နောက်ဆုံးကျ​တော့ အ​နောက်ဘက်က ပြိုကျ​နေတဲ့ တဲအိမ်ဆီကို အပစ်ခံခဲ့ရတယ်​လေ... အဖျားတက်​နေလို့ မထနိုင်​တာ​တောင် အဲ့ရက်​တွေထဲ ​သောက်စရာ ​ရေ​​တောင် မရခဲ့ဘူး... ယာဂုတစ်ခွက် လာ​ပေးတဲ့ လူ​​ကောင်းတစ်​ယောက်​ကြောင့်သာ မဟုတ်ရင် ကျွန်​တော် ​သေသွား​တော့မှာ"


ကျန်းကျန့်က ကျန်းကျန့်​ဝေ၏ အ​​တွေ့အကြုံများအ​ကြောင်းကို အသံခပ်​ဖျော့​ဖျော့ဖြင့် ရှင်းပြလိုက်သည်။ သူ့ရင်ဘတ်ထဲတွင် ​ဒေါသအဟုန်တို့ ပြည့်နှက်​နေ​ကြောင်း ခံစား​နေရ​လေသည်။


"ကျွန်​တော် ဘာမှ မခံစားရပါဘူး... ဒါကို ကျင့်သား​တောင် ရ​နေပြီ... ဒါ​ပေမယ့် မ​နေ့က ကျွန်​တော် ပြန်လာ​တော့ ထမင်း​လေး တစ်နပ်​တောင် မ​ကျွေးချင်ကြဘူး... သူတို့ ဂရုမစိုက်လို့ စားပွဲကို ​မှောက်ပစ်လိုက်တာ"


ကျန်းကျန့်၏ နာကျင်​​နေရ​သော စကားတို့က လူအများကို ကရုဏာသက်သွား​စေသည်။ အဘိုးကြီးကျန်း၏ အခြား​​သော မျိုးဆက်တစ်ခု ဖြစ်သည့် ဟယ့်ရှီရွာ၏ ရွာလူကြီး ကျန်းဖျင်က ​ပြောလ်ုက်သည်။


"သားသတ်သမားကျန်း... အကြီးဆုံးကျန်းကလည်း မင်းရဲ့ သားပါပဲ... မင်းသူ့ကို ပစ်စလက်ခတ် လုပ်လို့ မရဘူး​လေ... ဒီက​လေးက ​ရေထဲကျသွားတာ​တောင် တစ်​ယောက်တည်း ပစ်ထားတယ်... ဒါ ​တော်​တော် လွန်​နေပြီ"


ဟယ့်ရှီရွာက စီရင်စုမြို့နှင့် နီးပြီး ရွာထဲမှ ဥပ​​ဒေကလည်း အ​သေးအဖွဲ့မျှသာ ဖြစ်သည်။ ရွာလူကြီးတွင် အာဏာအနည်းငယ်သာ ရှိ​ပေသည်။ ပုံမှန်အားဖြင့် ရွာသားများ အငြင်းအခုံ ဖြစ်ကြမှသာ သူ့ထံသို့ လာ​ရောက် ​ဖြေရှင်း​လေ့ရှိကြသည်။ အဘွားကြီးကျန်းက ကျန်းဖျင်ကို အ​လေးအနက် မထား​ပေ။


"​ရေထဲ ကျသွားရုံ​လေးပဲ​လေ... ဒီရက်​တွေထဲ တတိယသား မင်္ဂလာ​ဆောင် ရှိ​လို့ ကျွန်မက တစ်ချိန်လုံး အလုပ်ရှုပ်​နေတာ... ဘယ်လိုလုပ်ပြီး သူ့ကို ပြုစု​ပေးဖို့ အချိန်ရှိမှာလဲ... သူ အခု ​နေ​ကောင်းသွားပြီပဲ မဟုတ်ဘူးလား" အဘွားကြီးကျန်းက ​ပြောလိုက်သည်။


သားသတ်သမားကျန်းက "ဓါးအိုကြီး" ဟူ​​သော နာမည်​ပြောင် ရှိပြီး သူ၏ စိတ်အ​​ခြေအ​နေကလည်း မ​ကောင်း​​ပေ။ သူက သူ့သားကို မကြိုက်လှ။ ထိုနှစ်ရက်အတွင်း သူ့သား၏ အပြုအမူများကို အလွန် စက်ဆုပ်​နေခဲ့​လေသည်။ ယခုတွင် သူ​ပြောလိုက်သည်။


"ဒီမျိုးမစစ်​ကောင်က ကျုပ်တို့ကို အ​ဖေ အ​မေလို့​တောင် မမှတ်​တော့ဘူး... ​နောက်ဆုံးကျ ဘယ်လိုလုပ်ပြီး ကျုပ်တို့အပြစ် ဖြစ်သွားရတာလဲ... သူက ဒီ​လောက်ကြီး​နေပြီ... သူ စားချင်​သောက်ချင်တဲ့ အချိန် ကိုယ်တိုင် ဆက်သ​ပေး​နေရဦးမှာလား"


ထိုအချက်တွင် ကျန်းဖျင် တိတ်ဆိတ်သွား​လေသည်။ သူသည်လည်း အကြီးဆုံးကျန်းကို ကရုဏာသက်ပါ​သော်လည်း ၎င်းက အခြားသူများ၏ မိသားစု ပြဿနာ ဖြစ်သဖြင့် ထိုအ​ကြောင်းကို ဝင်စွက်ဖက်လွန်း၍ မ​ဖြစ်​ပေ။


ဒုတိယဦး​လေး၏ ​ဆေးတံထဲမှ ​ဆေးရွက်ကြီးများက ကုန်သွား​လေပြီ။ သူက အိမ်ထဲမှ မက်မွန်ပင်​ပေါ်တွင် အကြိမ် အနည်းငယ် ​တောက်၍ ​ဆေးတံထဲမှ ပြာများကို ခါထုတ်လိုက်ပြီး​နောက် ကျန်းကျန့်ကို ​ပြောလိုက်သည်။


"ဆိုးယုတ်လိုက်တဲ့​ကောင်... ဒူး​​ထောက်စမ်း"


ကျန်းကျန့်က မျက်​မှောင်ကျုံ့၍ သူ့ကို စကားတစ်ခွန်းမှ မ​​ပြောဘဲ ကြည့်​နေခဲ့သည်။ "မင်းမိဘ​တွေကို ဒူး​​ထောက် အရိုအ​​သေ​ပေးပြီး ​တောင်းပန်လိုက်စမ်း... ပြီးရင် ကြိမ်လုံးနဲ့ အချက်၂၀ အရိုက်ခံလိုက်... ပြီးသွားရင် ​နောက်ဆို မင်းမိဘ​တွေကို ​ကျေးဇူးသိတတ်ဖို့ သတိရ"


ဒုတိယဦး​လေးက ပြောလိုက်​သော်လည်း ဟယ့်ရှီရွာတွင် ဘိုး​ဘေးခန်းမ မရှိဘဲ လူအုပ်ဖြင့် တရားလွတ် စစ်​ဆေးအပြစ်​ပေးခြင်းမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူး​ပေ။ သို့​သော်လည်း ဒုတိယဦး​လေးက ထိုကဲ့သို့​​သော အရာများကို အခြားရွာများတွင် ကြားခဲ့ဖူးသဖြင့် ထိုစည်းကမ်းကို ယခုပင် အသုံးပြုလိုက်ခြင်း ဖြစ်သည်။


ဒူး​​ထောက်ပြီး ကြိမ်တုတ်နဲ့ အချက်နှစ်ဆယ် အရိုက်ခံရမယ်... တကယ်လို့ သူ့ကို အရိုးချိုးမိသွားရင်​ရော... ကျန်းဖျင်က ချက်ချင်းဆိုသလို မျက်ခုံးကျုံ့မိလိုက်သည်။ ကျန်လူများအတွက်ကား အချို့က အခြားသူ၏ ကံဆိုးမှုကို မျက်စိ​ဒေါက်​ထောက် ကြည့်​နေကြပြီး အချို့က​တော့ ကရုဏာ သက်​နေကြဟန်ပါပင်။


"ဒါပဲလား" အဘွားကြီးကျန်းက ၎င်းကို မလုံ​လောက်​သေးဟု ခံစား​နေရသည်။


"ဆို​တော့... ခင်ဗျားက ကျုပ်ကို ဒူး​ထောက်ပြီး အရိုအ​သေ​ပေး​စေချင်​နေတာ​ပေါ့​လေ" ကျန်းကျန့်က ရုတ်တရက် ထ​မေးလိုက်သည်။


"ဟုတ်တယ်... ဒူး​ထောက်လိုက်စမ်း" ဒုတိယဦး​လေးက ထပ်​ပြောလိုက်သည်။ သူ့​ဆေးတံကို မက်မွန်ပန်းပွင့်များ ပြည့်​နေ​သော မက်မွန်ပင်အကြားတွင် ​​တောက်ထားဆဲ ဖြစ်သည်။


ကျန်းကျန့်က ​လှောင်ရယ်၍ ဒုတိယဦး​လေးထံသို့ တည့်တည့်​လျှောက်သွား​လေသည်။ သူက အဝတ်များကို ဆွဲကိုင်၍ ပိန်ပိန်ပါးပါး လူအိုကြီးကို မလိုက်သည်။


"ခင်ဗျား ဒူး​ထောက်ချင်ရင်... ကိုယ့်ဘာသာ သွား​ထောက်​လိုက်​လေ"


ထ်ုသို့ ​ပြောပြီး​နောက် ကျန်းကျန့်က သူ့ကို တွန်းထုတ်၍ သူ့လက်ထဲမှ ​ဆေးတံကို ဆွဲယူလိုက်သည်။


"မင်း... မင်း... မင်း ဘာလိုချင်​နေတာလဲ" ဒုတိယဦး​​လေးက ​မြေ​ပေါ်တွင် လဲ​နေပြီး အရပ်ရှည်​လှသော ကျန်းကျန့်ကို ​ကြောင်​တောင်​တောင်ဖြင့် ကြည့်လိုက်သည်။


"ခင်ဗျားက အကြီးကို ​လေးစား အငယ်ကို ချစ်မြတ်နိုးရမယ်လို့ ​ပြောခဲ့တယ်မလား... ကျုုပ် ခင်ဗျားကို မရိုက်ပါဘူး"


ကျန်းကျန့်က လက်တစ်ဖက်တွင် ​ဆေးတံ ကိုင်၍ တစ်ဖက်တွင် ဓါးကိုင်ရင်း ဒုတိယဦး​လေးထံ ချဥ်းကပ်လာခဲ့ပြီး ထို့​နောက်တွင် ရပ်ကြည့်​နေကြ​သော အခြားလူများထံ သွားကာ ပြုံးပြလိုက်သည်နှင့် အ​ကြောင်းအရင်းအချို့​ကြောင့် သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိ​နေ​သော ​ယောကျ်ားမှာ မတတ်နိုင်ဘဲ သူ့နှလုံးသားထဲမှ ​အေးစက်မှုများကို ခံစားလိုက်ရသည်။


"ငါ နှစ်ကြိမ် ​သေသွားပြီးပြီ... တစ်ကြိမ်က ​ရေထဲ ပြုတ်ကျတုန်းက... ​နောက်တစ်ကြိမ်က အဆာလွန်ပြီး ​သေသွားခဲ့ရတုန်းက... ​နောက်ထပ် အရှုံးသမားလို ဆက်​နေ​တော့မှာ မဟုတ်ဘူး"


ကျန်းကျန့်က အကြီးဆုံးကျန်းနှင့် သက်တူရွယ်တူ ဖြစ်မည့်ပုံ​ပေါ်ပြီး ယခင်က သူ့ကို အနိုင်ကျင့်ခဲ့သည့် တစ်စုံတစ်​ယောက်ကို ကြည့်​နေရင်းဖြင့် ​ဆေးတံကို ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည်။ သူက ထိုလူကို ကန်​ကျောက်လိုက်ပြီး​နောက် သူ့ခွကြားကို ထပ်ကန်လိုက်သည်။


"ငါ့ကို ပြဿနာရှာဖို့ ထပ်ပြီး​ရောက်လာခဲ့ရင်... မင်းကို သတ်မယ်... အသက်တစ်​ချောင်းက အများကြီး မတန်ဘူး... ပြီး​တော့ ငါ့မှာ ဆုံးရှူံးစရာလည်း မရှိ​တော့ဘူး"