အပိုင်း၈
Viewers 21k

Chapter 8



CHAPTER 8

- လူများကို ရိုက်ခြင်းနှင့် ကြက်သတ်ခြင်း




ဟယ့်ရှီရွာက ငါးနှင့် ဆန်စပါး ​ပေါကြွယ်ဝ​သော​မြေ​ပေါ်တွင် တည်ရှိသည်။ ၎င်းက အမြဲတမ်း ကြွယ်ဝချမ်းသာ​နေပြီး သဘာဝ​ သို့မဟုတ် လူလုပ် ကပ်​​ဘေးများ မရှိ​ပေ။ စီရင်စုမြို့နှင့်လည်း အလွန် နီးကပ်​နေ​သေးသည်။ ဤ​နေရာ၌ ​နေထိုင်ကြသူများမှာ အကြမ်းမဖက်တတ်ကြ။ ရွာသားများ အချင်းချင်း ရန်ဖြစ်ကြလျှင်လည်း "မင်းငါ့ကို တွန်းရင် ငါလည်း ပြန်တွန်းမယ်"ဟူ​သော ပုံစံမျိုးသာ ဖြစ်သည်။


ကျန်းကျန့်က ​ရောက်ချလာပြီး ဂုဏ်သိက္ခာကြီးသည့် သူ့ဒုတိယဦး​လေးကို ရိုက်ချလိုက်သည်။ ထိုလူများ ​ကြောင်​ကြောင်အအ ဖြစ်သွားကြသည် ။


ကျန်းကျန့်က လူသန်ကြီးတစ်​ယောက်၏ ခွကြားကို ကန်လိုက်ပြီး ထိုလူ ​အော်ဟစ်ညီးညူလိုက်​သောအခါ သူတို့အားလုံး၏ မျက်နှာများက ဖြူစုတ်သွားကြ​လေ​တော့သည်။


ကျန်းကျန့်၏ ခန္ဓါကိုယ်က ယခုထက်ထိ အပြည့်အဝ ပြန်မ​ကောင်း​သေး။ သို့​သော်လည်း ယခင်ဘဝက မစ်ရှင်တစ်ခုတွင်လည်း ​သေနတ်ပစ်ခံရပြီး​နောက် မူးယစ်ရာဇာများနှင့် တိုက်ခိုက်နိုင်ခဲ့ဆဲ ဖြစ်သည်။ ယခုတွင် သူက လယ်သမားတစ်စုနှင့် ရင်ဆိုင်​နေရ​ပေသည်။ ဘယ်​လောက်ကြီး ခက်မှာမို့လို့လဲ...


သူခပ်ပြင်းပြင်း မတိုက်ခိုက်နိုင်ရင်တောင် အခြားသူ​တွေရဲ့ အားနည်းချက်ကို စွန့်စားပြီး လက်ဦးမှုယူထားလို့ ရတာပဲ... ဥပမာ ခွကြားလိုမျိုး​ပေါ့... ဟုတ်တယ်မလား...


ကျန်းကျန့်က ​အပြောနှင့်အညီ ထိုလူများထံ ​လျှောက်လာ​နေသည်။ သူ့လက်ထဲကဓါးက ​အေးစက်စက် အလင်း​ရောင်​အောက်တွင် တလက်လက် ​တောက်​နေခဲ့သည်။ လူများမှာ မသိလိုက်မသိဘာသာဖြင့် ​နောက်သို့ တစ်လှမ်းဆုတ်မိလုနီးပါး ဖြစ်သွားသည်။


သူတို့၏ ရှင်သန်ရာ နည်းလမ်းများက နူးညံ့လွယ်ပြီး သူတို့က နာကျင်ရမည်ကို စိုးရွံ့ကြကာ ​သေရမည်ကိုလည်း ​ကြောက်ကြသည်။ ယခုလက်ရှိ ကျန်းကျန့်က ​သေ​စေ​နိုင်​လောက်သည်။


ထိုလူများမှာ အဘွားကြီးကျန်းထံမှ အကြီးဆုံးကျန်းကို အပြစ်တင်​ပြောဆိုရန်အတွက် ​ခေါ်ထားခံရခြင်း ဖြစ်​သော်လည်း သူတို့က သူနှင့် မတိုက်ခိုက်လိုကြ။ ကျန်းကျန့်၏ လက်ထဲမှ ဓါးကို ​တွေ့လိုက်ရ​သောအခါ သူတို့အားလုံးက ထွက်​ပြေးချင်သွား​လေသည်။


"အကြီးဆုံးကျန်း... မင်းရူးသွားပြီလား"


ကျန်းဖျင်က ရွာလူကြီး ဖြစ်သဖြင့် ထုတ်​​ပြောရန် သတ္တိအနည်းငယ် ရှိ​နေဆဲ ဖြစ်သည်။


"ကျုပ်မရူးဘူး... ဒါ​ပေမယ့် ခင်ဗျားတို့သာ ကျုပ်ကို အသက်ရှင်ဖို့ လမ်းမ​ပေးရင် ခင်ဗျားတို့နဲ့ ဒီလို ငရဲရောက်တဲ့အထိ တိုက်ခိုက်ရလိမ့်မယ်"


ကျန်းကျန့်က ထိုလူများကို ပြုံးပြလိုက်​သော်လည်း ​​နောက်တစ်စက္ကန့်တွင် ယခင်က အကြီးဆုံးကျန်းကို အနိုင်ကျင့်ခဲ့သည့်လူတစ်​ယောက်ကို ​တွေ့လိုက်ရပြီး ထိုသူ၏ ခွကြားကို ကန်​​ကျောက်လိုက်သည်။ ထိုလူက အခြားသူများ ခံလိုက်ရသည်ကို ​​တွေ့ခဲ့​သော်လည်း စိတ်လှုပ်ရှားလွန်း၍ ထွက်မ​ပြေးနိုင်ခဲ့။ ရလဒ်အ​နေဖြင့် ကျန်းကျန့်က သူ့​ခြေ​ထောက်ကို ပြန်ချ၍ ထိုအနိုင်ကျင့်သူ၏ လည်ပင်းအ​နောက်ဘက်ကို ​ဆေးတံမှ ပြာများ ခါချလိုက်​လေသည်။


ဒုတိယဦး​လေး၏ ​ဆေးတံက လက်မတစ်ခုစာ ထူ​သော ဝါးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထပ်ပြီး​တော့ ၎င်း၏ ​အောက်​ခြေကိုလည်း မာ​ကြောလာ​​စေရန် အထူးတလှယ် ပုံသွင်ထားခြင်း ဖြစ်​​ပေသည်။ ကျန်းကျန့်က ​ဆေးတံကို ဖွာရှိုက်လိုက်ပြီး​နောက် အခြားတစ်​ယောက်၏ ​​မေ့​ကြောကို ​ဆေးတံဖြင့် ရိုက်ချလိုက်ရာ ထိုသူမှာ ​​မြေ​ပေါ်သို့ လဲကျသွားခဲ့​လေသည်။


"မင်း... မင်း... ပြဿနာ တက်​တော့မှာပဲ" ကျန်းဖျင်သည်ပင် ထိတ်လန့်သွားခဲ့ရသည်။


ကျန်းကျန့်က စကားမ​ပြောဘဲ သူတို့ဆီကိုသာ ဆက်​​လျှောက်လာ​နေခဲ့သည်။ သူက ​​မြေ​ပေါ်သို့ လဲကျသွားသူကို သတ်ခဲ့ခြင်း မဟုတ်​​ပေ။ မတိုင်မီက ပိုးစာခွံများ ခွာ​​နေရင်းဖြင့် သူ့ခန္ဓါကိုယ်၏ ခွန်အားနှင့် ကိုက်ညီမည့် အကြံ​ကောင်းတစ်ခု ရခဲ့သည်။ ယခုလက်ရှိ ထိုသူ၏ လည်ပင်း​နောက်ကျောကို ထိုးလိုက်ခြင်းက ​မေ့​မျောသွား​စေရုံသာ ဖြစ်ပြီး မ​သေ​စေနိုင်​ပေ။


​​ယောကျ်ားသားအားလုံး ဆုတ်ခွာသွားကြ​လေသည်။


"မျိုးမစစ်​ကောင်"


သားသတ်သမားကျန်းက တံခါးမင်းတုံးကို ကိုင်ဆွဲ၍ ရုတ်တရက်ပင် ကျန်းကျန့်ထံ ​ပြေးလာခဲ့ပြီး သူ့ကို ထိုအရာဖြင့် ရိုက်နှက်ရန် ကြိုးပမ်းလိုက်သည်။


ကျန်းကျန့်က သူ့​​ဘေးနားပတ်ဝန်းကျင်မှ အ​ခြေအ​နေ​များကို အာရုံစူးစိုက်ထား​နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သားသတ်သမားကျန်း၏ လှုပ်ရှားမှုများကို သူ့အတွက် မသိနိုင်စရာ အ​ကြောင်းမရှိ​ပေ။ သူက ​ဆေးတံနှင့် ဓါးကို ​မြေ​ပြင်​ပေါ်သို့ ပစ်လွှင့်လိုက်သည်။ သူက ပထမဆုံး တံခါးမင်းတုံးကို ​ရှောင်၍ ​ဘေးသို့ ​ရွှေ့ကာ ၎င်းကို ဆုတ်ကိုင်လိုက်ပြီး​နောက် တွန်း၍ ပြန်ဆွဲယူလိုက်ကာ ထိုတံခါးမင်းတုံးကို သားသတ်သမားကျန်း၏ လက်ထဲမှ တိုက်ရိုက်ပင် ဆတ်ကနဲ ဆွဲယူလိုက်သည်။


သူက သားသတ်သမားကျန်းကို တံခါးမင်းတုံးဖြင့် ထိုးလိုက်ရာ ​မြေ​ပေါ်သို့ လဲကျသွား​လေသည်။


ကျန်းကျန့်က တံခါးမင်းတုံးကို လက်ထဲတွင် ကိုင်၍ သူ့​​ဘေးမှ လူအများကို ​လှောင်ရယ်ကာ ​မိုက်တိမိုက်ကန်း ကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်။


"ကျုပ်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်​သေးလား"


​သေချာ​ပေါက် မတိုက်ချင်ဘူး​ပေါ့... သူ့​ဘေးမှ လူအများက သူတို့၏ ​ခေါင်းကို ခါယမ်းပြလိုက်သည်။


"အကြီးဆုံးကျန်း... မင်း ပြစ်မှု ကျုးလွန်လို့ မရဘူး​လေ"


ကျန်းဖျင်၏ အသံက တုန်လှုပ်​နေ​​ပေသည်။


"ဘယ်သူကမှ ကျုပ်ကို လာမစရင် ​သေချာပေါက် ကျုပ်လည်း ဘာမှ လုပ်မှာ မဟုတ်ဘူး... တစ်​ယောက်​ယောက်ကသာ ကျုပ်ကို လာဆွလို့က​တော့ ည​ရောက်ရင် သူတို့ရဲ့ အိမ်ထဲကို ဝင်သွားရလိမ့်မယ်... သန့်ရှင်းတဲ့ဓါး ဝင်သွားပြီးရင် အနီ​ရောင်ဓါး​​​​တွေပဲ ပြန်ထွက်လာလိမ့်မယ်"


ကျန်းကျန့်က ​ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး​နောက် သူ့အကြည့်များက အဆုံးတွင် အဘွားကြီးကျန်း​ပေါ်သို့ ကျ​ရောက်သွား​လေသည်။


"ခင်ဗျားရဲ့ လည်ပင်းက ကြည့်ရတာ ဝက်လည်ပင်း ထက်​တောင် ဖြတ်ရလွယ်မဲ့ပုံပဲ"


အဘွားကြီးကျန်းက လူအများကို ​အော်​ခေါ်ခဲ့ပြီး ​ယောကျ်ားကြီး အချို့ကို သွား​​ခေါ်လာခဲ့စဥ်က အမျိုးသမီးအချို့မှာ တွန်းလိုက်ထိုးလိုက် ကိစ္စရပ်များကို ကြည့်ရန်အတွက် ကျန်းမိသားစုအိမ်သို့ သူတို့၏ က​လေးများကိုပါ ​ခေါ်လာခဲ့သည်။ ထိုအချိန်မှာပင် က​လေးများစွာက ​ကြောက်လန့်သွားကြပြီး မျက်ရည်များ ပိုးပိုး​ပေါက်​ပေါက် ကျလာ​လေ​တော့သည်။


ကျန်းကျန့်၏ အ​ရှေ့မှ လူများကလည်း ငိုချင်​နေကြပါ၏။


ဒီအကြီးဆုံးကျန်းက လုံးဝရူးသွပ်သွားပြီ။ သူတို့သာ သူ့ကို ဆန့်ကျင်လိုက်ရင် သူသတ်တာ ခံရ​တော့မှာပဲ...


သူတို့မှာ ဘဝ​ကောင်း​လေး ရှိရဲ့သားနဲ့ ဘယ်သူကများ အခြားသူ​တွေ ​ကောင်းစားဖို့ ရူး​နေတဲ့ ​ယောကျ်ားတစ်​ယောက်ကို ဆန့်ကျင်ရဲကြမှာလဲ... ကျန်းဖျင်၏ အ​နောက်တွင် ပုန်း​နေ​​သော ​ကြောက်တတ်သည့် လူတစ်​ယောက်က အစပြုကာ ​ပြေးထွက်သွားသည်။ ထို့​နောက် ကျန်းမိသားစု၏ ​နောက်ထပ် ဦး​လေးများကလည်း ထွက်​ပြေးကြ​လေသည်။ ​နောက်တွင် ရွာလူကြီးကျန်းဖျင်က ခပ်မြန်မြန် ထွက်သွား​လေ​တော့သည်။ သူ့ထံတွင်လည်း ဇနီးနှင့် က​လေး ရှိ​နေသည်။ သူက မိသားစုကို ဂရုစိုက်ရဦးမည် ဖြစ်သည်။


ဂွကြားကို ကာထားပြီး နာကျင်မှု​ကြောင့် ငို​ကြွေး​နေ​သော ​ယောက်ျားသားက ကျန်းမိသားစု၏ အိမ်နီးချင်း တစ်​ယောက် ဖြစ်သည်။ သူ့ကိုလည်း သူ့အ​ဖေက လာသယ်သွားခဲ့​လေသည်။ ဒုတိယဦး​လေးသည်ပင် ကျန်းကျန့် ​မြေ​ပေါ် ပစ်ချလိုက်​သော ​ဆေးတံကိုပင် ပြန်မ​ကောက်ရဲ​တော့ဘဲ သုတ်​​​ခြေတင်ကာ ​ပြေးသွား​လေ​တော့သည်။


ကျန်းကျန့်က ​မြေ​ပေါ်မှ ဓါးကို ​ကောက်ယူလိုက်ပြီး တံခါးမင်းတုံးနှင့် အတူကိုင်ယူလိုက်သည်။ ထို့​​နောက် ​မြေပြင်​ပေါ်တွင် ​မေ့​မျော​နေ​သော ​ယောကျ်ားကို လျစ်လျူရှု၍ အိမ်ထဲသို့ ဝင်သွားသည်။


သူက ​ဟောခန်းကျယ်ကြီးကို ဖြတ်၍ အိပ်ရန်အတွက် သို​လှောင်ခန်းဆီ ပြန်သွားလိုက်သည်။ သူက အကြီးဆုံးကျန်း၏ အင်္ကျီစုတ်များကို ညှပ်၍ ခြံဝင်းထဲသို့ လွှင့်ပစ်ထားသည်ကို ​​​​တွေ့လိုက်ရ​လေသည်။


ကျန်းကျန့်က မျက်ခုံးကြုံ့၍ ထပ်ပြီး ထွက်လာပြန်သည်။ ထို့နောက် သူက တံခါးမင်းတုံးကို အဘွားကြီးကျန်း​ရှေ့တွင် ​ဝှေ့ယမ်းလိုက်သည်။


"တတိယအိမ်ရဲ့ ​သော့က ဘယ်မှာလဲ... ထုတ်လိုက်စမ်း"


အဘွားကြီးကျန်းက ​ကြောက်ရွံ့သွားပြန်သည်။ သူမက မသိစိတ်အရ ​သော့ကို ထုတ်​​ပေး​တော့မည် ပြု​သော်လည်း ချက်ချင်းပင် ရပ်တန့်သွား​လေသည်။


"နင် ဘာလုပ် မလို့လဲ... မင်း တတိယရဲ့ အိမ်ထဲကို ဝင်သွားလို့ မရဘူး"


ကျန်းကျန့်က စိတ်မရှည်လက်မရှည် ဖြစ်လာသည်။ သူက ဓါးကို သူမ၏ ​ခေါင်းထက်မှ နံရံတွင် ​ထောက်၍ ​ပြောလိုက်သည်။


"​​ပေးမှာလား... မ​ပေးဘူးလား"


အဘွားကြီးကျန်းက ​မြေ​ပြင်​ပေါ်သို့ ထိုင်ချလိုက်ပြီး ခြေ​ထောက်များ ​ပျော့​ခွေ၍ ​နေ​လေသည်။ သူမက တုန်ယင်၍ ​အော်​​ပြောလိုက်သည်။


"အငယ်ဆုံးသမီး... အငယ်ဆုံးသမီး... အ​မေ့အိပ်ရာ​ဘေးက ​သော့ကို ထုတ်လာခဲ့..."


​ကျေးလက်ပြည်သူများက သူတို့၏ အိမ်ကို ​သော့မခတ်ဘဲ ထား​လေ့ ရှိကြသည်။ ​နေ့အချိန်တွင် တံခါးများကို ဖွင့်ထားပြီး ညအချိန် အခန်းသို့ ပြန်လာ​သောအခါ တခါးမင်းတုံး ထိုးထား​လေ့ ရှိကြ​ပေသည်။ သို့​သော်လည်း ကျန်းတတိယသားက ဇီဇာ​ကြောင်လွန်းပြီး သူ့အိမ်ကိုလည်း အမြဲတမ်းပင် ​​ကြေး​​သော့နှင့် ခတ်ထား​လေ့ရှိသည်ပင်။


ကျန်း​ရှောင်မိန်က ​သော့ကို ယူလာသည်နှင့် ကျန်းကျန့်က ဆွဲယူကာ ကျန်း​ချောင်ရှန့်၏ အိမ်တံခါးကို ဖွင့်၍ သန့်ရှင်းသပ်ရပ်​နေ​သော အိမ်အသစ်​လေး အတွင်းသို့ ဝင်လာခဲ့သည်။


ဝက်ရိုးခုတ်​သော ဓါးက အ​တော်​လေး ​လေးလံလှ​ပေသည်။ ကျန်းကျန့်က အခန်းထဲသို့ ဝင်လာသည်နှင့် ဓါးကို ​မြေ​ပေါ်သို့ ပစ်ချကာ လက်​ကောက်ဝတ်ကို လှည့်ရင်းဖြင့် အခန်းထဲကို ကြည့်ရှု​နေခဲ့သည်။


ကျူးရှုဖန်၏ အသွင်းပစ္စည်းများမှာ မြို့တွင် ထားထား​သော်လည်း ကျန်း​​ချောင်ရှန့်၏ အိမ်က အံဆွဲ​စင်ကြီးတစ်လုံး၊ အိပ်ရာတစ်ခု၊ ​သေတ္တာနှစ်လုံးနှင့် တိုလီမုတ်စအချို့ပါ ရှိ​နေ​​သေးသည်။


အဘွားကြီးကျန်းက အ​စောပိုင်းက အိပ်ရာခင်းများကို သန့်ရှင်း​ရေး ဝင်လုပ်ထားသဖြင့် အိပ်ရာ​ပေါ်မှ အိပ်ရာခင်းများမှာ မရှိ​တော့​ပေ။ ကျန်းကျန့်က ​သေတ္တာထဲမှ အဝတ်အစားတစ်စုံကို ဆွဲထုတ်လိုက်ပြီး အိပ်ရာ​ပေါ်တွင် ခင်းလိုက်သည်။ သူက အဝတ်များကို ချွတ်ကာ ကျန်း​ချောင်ရှန့်၏ အဝတ်များကို ရှာလိုက်ပြီး​နောက် ဝတ်ဆင်လိုက်​လေသည်။ ထို့​နောက် အိပ်ရာဝင်အနားယူ​လေ​တော့သည်။


ဂွမ်းထိုး အင်္ကျီများမှာ အခြားသူများ ဝတ်ဆင်ထားပြီးသား​ဖြစ်​သော်လည်း ကျန်းကျန့်က မယူခဲ့။ သူဂရုစိုက်မ​နေ​ပေ။ အနာဂါတ်တွင် ပိုက်ဆံရှိလာပါက ဝတ်ဆင်ရန်အတွက် အဝတ်သစ်များ ​သေချာ​ပေါက် ဝယ်မည်သာ ဖြစ်သည်။


ဟယ့်ရှီရွာ၏ ရွာသားများက ပိုးစာ​ကောင်များ ​မွေးမြူသည်။ ကျန်း​ချောင်ရှန့်၏ အိပ်ရာလွှမ်းက ​ပေါ့ပါးပြီး နူးညံ့​သော ပိုးသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းက အလွန် ​နွေး​ထွေး​ပေသည်။ ကျန်းကျန့်က ​ခေါင်းချပြီး မကြာမီမှာပင် အိပ်​ပျော်သွားခဲ့သည်။ ​နောက်ဆုံးအကြိမ် ဗိုက်ဆာလွန်း၍ နိုးလာသည့်အခါတွင် ​ကောင်းကင်ကြီးက မဲ​မှောင်၍ ​နေ​လေပြီ။


ကျန်း​ချောင်ရှန့်၏ အိမ်က အ​ရှေ့ဘက်တွင် ဝင်​ပေါက်တစ်ခု ရှိ​ပြီး အ​နောက်တွင် တံခါး​သေး​လေး တစ်ခု ရှိ​နေ​သေးသည်။ ထိုတံခါး​လေးမှ တဆင့် ခြံဝင်းထဲသို့ ​ရောက်သွားနိုင်သည်။


ကျန်းကျန့်က ဓါးအကြီးကိုမယူခဲ့ဘဲ ဝက်သတ်ရန် သုံးသည့် ဓါးချွန်​လေးကို ကိုင်၍သာ ခြံဝင်းထဲသို့ ထွက်သည့် တံခါး​လေးထဲမှ ထွက်လာခဲ့သည်။ သူက တစ်ခုခု စားရန် မီးဖို​ချောင်ထဲသို့ သွားခဲ့ပါ​သော်လည်း ရလဒ်အ​နေဖြင့် မီးဖိုထဲတွင် ထမင်းတစ်စိမှ ရှိမ​နေပါ​ပေ။


သိသိသာသာပင် အဘွားကြီးကျန်းက သူစားနိုင်သည့် အရာအားလုံးကို ဖွက်ထားခြင်းပါပင်။


ထိုမြင်ကွင်းက ​နောက်ကျသည်အထိ အလုပ်လုပ်ရ​လေ့ ရှိ​သော အကြီးဆုံးကျန်းနှင့် မရင်းနှီးခြင်း​တော့ မဟုတ်။ သူအိမ်ပြန်လာလျှင် ထို​ပြောင်သလင်းခါ​နေ​သော မီးဖို​​ချောင်နှင့် ကြုံ​တွေ့​နေကျပင် ဖြစ်သည်။ အဆုံးတွင် သူက ဆလတ်ရွက်နှင့် မုန်လာဥနီ အချို့ ရှာရန် စိုက်ခင်းထဲသို့ သွားပြီး​နောက် အိပ်ရန်အတွက် သို​လှောင်ခန်းသို့ ပြန်သွားခြင်း မဟုတ်လျှင် ဗိုက်​​ဟောင်း​လောင်းဖြင့် အိပ်လိုက်ရသည်ချည်းသာ။


ကျန်းကျန့် ထိုအ​ကြောင်းကို ပြန်လည် သတိရမိသည့်အခါ သူ့နှလုံးသားက ဝမ်းနည်းမှုတို့ ပြည့်လျှံသွား​လေသည်။


အကြီးဆုံးကျန်းက သူ့မှတ်ဥာဏ်များကို သူ့အတွက် ထား​ပေးခဲ့ရုံသာမက သူ့အသိစိတ်ကပါ ယခုထိ ထွက်ခွာသွား​သေးဟန်မတူ။ တစ်​ယောက်​ယောက်​ပေါ်လာသည်နှင့် ထိုလူက စိတ်လှုပ်ရှားလာခဲ့ပုံရသည်။ ကျန်းကျန့်က ထိုအ​ကြောင်းကို အ​လေးအနက် မမှတ်ယူလိုက်​ပေ။ သူက ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်ကာ ကျန်းတို့၏ ကြက်ခြံဘက်သို့ သွားလိုက်သည်။


ကျန်းမိသားစုက ကြက်များ ​မွေးမြူထားသည်။ အဘွားကြီးကျန်းက မူလတွင် ကြက်​ခြောက်​ကောင် ​မွေးထားခြင်း ဖြစ်​သော်လည်း တတိယသား၏ မင်္ဂလာပွဲအတွက် ကြက်​လေး​ကောင် သတ်လိုက်ရသဖြင့် ယခုလက်ရှိတွင် ဥဝပ်​တော့မည့် ကြက်မနှစ်​ကောင်သာ ကျန်​တော့သည်။


ရွာသားများ ကြက်​မွေးပါက ခြံစည်းရိုး ခတ်၍သာ ​မွေး​လေ့ရှိသည်။ ရွာထဲတွင် လူများ ပြည့်​နေပြီး ကြက်သတ်ပြီး အသားစားကြ​​သော အိမ်​ထောင်စုတိုင်းက အခြားသူများထံမှ ဖုံးကွယ် မထားနိုင်သဖြင့် တစ်​ယောက်​ယောက် ခိုးသွားမည်ကိုလည်း စိတ်ပူစရာ မလို​ပေ။


ည​နေပိုင်းတွင် လူတိုင်းက ကြက်များကို ကြက်ခြံထဲသို့ သွင်းထားကြပြီး ​​မြွေပါများ၊ ​တော​ကြောင်များ ညတွင် လာဖမ်းကြမည်​ကြောင့် လွှတ်မထား​ပေးခဲ့​ပေ။ ယခုတွင် ကျန်းမိသားစု၏ ကြက်နှစ်​ကောင်က ကြက်ခြံထဲတွင် ရှိ​နေသည်။


အ​မှောင်ထု ကျရောက်လာပြီး​နောက် ကြက်များက တိတ်ဆိတ်သွားတတ်သဖြင့် ဖမ်းရလွယ်သည်။ ကျန်းကျန့်က ကြက်ခြံကို ဖွင့်ကာ ကြက်တစ်​ကောင်ကို ဖမ်းလိုက်ပြီး လည်ကို ချိုးလိုက်သည်၊


မီးဖို​ဆောင်တွင် သူက မီး​မွှေးကာ ​ရေ​နွေးအိုး တည်လိုက်သည်။ ကျန်းကျန့်က ကြက်ကို အ​​မွှေးနှုတ်​နေခဲ့သည်။ ထိုစဥ် သူ့​နောက်ပါးမှ အဘွားကြီးကျန်း လှုပ်ရှား​နေသည်ကို ကြားလိုက်ရသည်။ အပြင်ဘက်တွင် ​မှောင်မဲ​နေပြီ ဖြစ်​သော်လည်း မီးဖိုထဲတွင် မီး​မွှေးထားပြီး ၎င်းက အ​တော်​လေး ​​တောက်​လောင်​နေခဲ့သည်။ ထိုအလင်းဖြင့်ပင် အဘွားကြီးကျန်းက အထဲတွင် ကျန်းကျန့် တစ်​ယောက် ကြက်​မွှေးနှုတ်​နေသည်ကို ​တွေ့လိုက်ရသည်။


အဘွားကြီးကျန်းက စိတ်ညစ်ညူးစွာ ​အော်ရင်း ကျန်းကျန့်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။


"ကြက်ကို ဘယ်က ရတာလဲ"


"ကြက်ခြံထဲက ဖမ်းထားတာ" ကျန်းကျန့်က မဒမ်ကျန်းကို ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။


"နင်... နင်... ကြက်ကို သတ်လိုက်တယ်..."


အဘွားကြီးကျန်းက ရင်ဘတ်​​​ပေါ်တွင် လက်တင်၍ ကျန်းကျန့်ကို လက်ညှိုးထိုးလိုက်သည်။ ကျန်းမိသားစုတွင် သူတို့က ကြက်ဥများ စားချင်လျင်​တောင် သူမ၏ ခွင့်ပြုချက်ကို ​တောင်းရသည်။ ကျန်းကျန့်က သူမ ကြက်ဥဝပ်ရန် ထားထားသည့် ကြက်မတစ်​ကောင်ကို သတ်လိုက်​လေသည်။


သူရူးသွားပြီ...


အဘွားကြီးကျန်းက ဆဲဆို​တော့မည် အပြုတွင် ရုတ်တရက်ပင် ​နေ့လည်ပိုင်းက ကျန်းကျန့် လုပ်ခဲ့သမျှကို သတိရသွားပြီး​နောက် ပါးစပ်ပိတ်သွား​လေသည်။


သူမရဲ့ အကြီးဆုံးသားက တကယ်ရူးသွားပြီ... ဆန်များကို သိမ်းထားရန်သာ သတိရပြီး ကြက်နှစ်​ကောင်ကို ​​​​မေ့သွားခဲ့သည့် သူမ အပြစ်သာပင်။


'"နောက်ဆို မီးဖို​ချောင်ထဲမှာ အစားအ​သောက်​တွေ ချန်ထားတာ ပို​ကောင်းမယ်... မဟုတ်ရင်.. ​နောက်တစ်ကြိမ် ကျုပ် ဗိုက်ဆာလာလို့ စားစရာ ကြက်မရှိရင် ​နောက်​ဖေးက ဝက်ကို သတ်စားလိုက်မှာ"


ကျန်းကျန့်က ဆိုလိုက်သည်။


အဘွားကြီးကျန်း ​အေးခဲသွား​လေသည်။ သူမက အစားအ​သောက်များနှင့် ကြက်များကို အိမ်ထဲသို့ သွင်းထားပြီး တံခါးပိတ်ထားနိုင်ပါ​သော်လည်း... ဝက်နှစ်​ကောင်ကို​တော့ အိမ်ထဲကို သွင်းလို့ မရဘူး​လေ... ဟုတ်တယ်မလား...


ဒယ်အိုးထဲမှ မီးတစ်ဖြတ်က ကျန်းကျန့်၏ မျက်နှာကို အလွန် မဲ​မှောင်သွား​စေသည်။ အဘွားကြီးကျန်းက ရုတ်တရက်ပင် သူမ၏ ​ခြေ​ထောက်များကို သတိရသွားပြီး ​ပြေးထွက်သွား​​လေ​တော့သည်။


များမကြာမီမှာပင် သူမက ပြန်​ရောက်လာပြီး ဆန်တစ်အိတ် ပစ်ချကာ ​ကြောက်​ကြောက်လန့်လန့်ဖြင့် ​ပြောလိုက်သည်။


"နင် ကြက်သား​တွေ အားလုံး စားလိုက်လို့ မရဘူး"


"​ကောင်းပြီ​လေ... ကျုပ်လည်း ကြက်သားချည်းပဲ မစားချင်ဘူး"


ကျန်းကျန့်က ဆန်ထုပ်ကို ယူကာ ​ရေပွက်ပွက်ဆူ​​နေသည့်အထဲသို့ ပန်ကန်လုံးတစ်လုံး ​ကော်ထည့်လိုက်ပြီး​နောက် ထိုင်ချကာ ကြက်​မွှေးဆက်နှုတ်​နေခဲ့သည်။


သူ့ရင်ဘတ်ထဲတွင် တွယ်ငြိနေသည့် ဝမ်းနည်းမှူတို့ ​ပျောက်ကွယ်သွား​လေပြီ။ ကျန်းကျန့်က ကြက်သားကို ကြည့်ကာ သူသ​ဘောကျရသည့် ​ကျောက်ကျင်း​ကောကို ​တွေးလိုက်မိသည်။


မနက်ဖြန်ကျရင် အဲ့လူကို ကြက်​ခြေ​ထောက် တစ်​ချောင်း ​သွားပေးဦးမှ...