အပိုင်း၉
Viewers 21k

Chapter 9



CHAPTER 9

- အသက်သခင် ​ကျေးဇူးရှင်နှင့် အီစီကလီ ဆက်လုပ်​နေခြင်း




ကျန်းကျန့်၏ ​တောတွင်းတွင် ရှင်သန်နိုင်သည့် စွမ်းရည်ကလည်း ကြက်တစ်​ကောင်ကို ကိုင်တွယ်နိုင်​လောက်သည်အထိ သန်မာ​နေ​သေးသည်။ တစ်ခဏကြာပြီး​နောက် ကြက်​အ​​မွေးအ​တောင်များကို သန့်ရှင်းပြီး​နောက် ကြက်ဝမ်းဗိုက်ထဲမှ ကလီစာများ အားလုံးကိုလည်း ဖယ်ထုတ်ပြီးသွား​လေပြီ။


​ကျေးလက်​​နေ လူသားများက ကြက်အူများနှင့် ကြက်​သွေးများကိုပင် အချည်းနှီးမဖြစ်​စေပေ။ သို့​​သော်လည်း ကျန်းကျန့်က ကြက်အူများကို ကိုင်တွယ်ရန် နှလုံးသား မရှိ​ပေ။ သူက ၎င်းတို့ကို ​ဘေးတွင်သာ ဖယ်ထားလိုက်သည်။ အဘွားကြီးကျန်းသာ ၎င်းတို့ကို လိုချင်ပါက သူမဘာသာ ကိုင်တွယ်ခိုင်းလိုက်မည်ဖြစ်သည်။


ကျန်းကျန့်က ကြက်အူများကို မကိုင်လိုက်​သော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် ကြက်အသည်းကို ​ဆေးကာ ဆန်ပြုတ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။


​ခေတ်သစ်တွင် လူအများက ကိုလစ်စထ​ရော မြင့်မားသည့်အတွက် ကြက်အသည်းကို မစားကြ​သော်လည်း ယခုတွင်မူ...


ကျန်းကျန့်က တိရိစ္ဆာန်များ၏ ကိုယ်တွင်းအင်္ဂါများကို စားသုံးခြင်းက သူ့ခန္ဓါကိုယ်အတွက် ​ကောင်းကျိုးများရှိ​ကြောင်း ​သေချာသိ​နေသည်။


တိရိစ္ဆာန် ကလီစာများက ကယ်လိုရီနှင့် အဆီတို့ မြင့်မားပြီး ဗီတာမင်နှင့် သတ္တုဓါတ်တို့ ပြည့်ဝကာ များ​သောအားဖြင့် ၎င်းတို့က သူလတ်တ​လော ပြတ်လပ်​နေသည့် အရာများသာ ဖြစ်ကြသည်။


ကြက်အသည်းကို အိုးထဲသို့ ပစ်ထည့်၍ ပြုတ်လိုက်ပြီး​နောက် ကျန်းကျန့်က ကြက်ရင်ပုံနှစ်ခုကို ဆွဲခွာကာ နှုတ်နှုတ်စင်းလိုက်ပြီး ဆန်ပြုတ်အိုးထဲသို့ ထည့်ပြုတ်လိုက်သည်။ ထို့​နောက် ကျန်သည့် အပိုင်းအစများကို ​မြေအိုးတိမ်တိမ်​လေးထဲသို့ ထည့်ကာ ​ပေါင်းခံအိုးထဲတွင် ထည့်​ပေါင်းလိုက်သည်။


ကျန်းကျန့်က ဆန်ပြုတ်ကို အချိန်အကြာကြီး ချက်ပြုတ်ပြီး​နောက် ​သောက်လိုက်သည်။ အဆုံးတွင် သူက ​နောက်ထပ် ​​မြေအိုးတစ်လုံးကို ရှာ​​တွေ့သွားပြီး ၎င်းကို မနက်ဖြန်အတွက် တတိယ၏ အိမ်ထဲသို့ ထည့်ထားလိုက်​လေသည်။


ကြက်သားများအတွက်ကား... သူက ​ခြေနှစ်​​ချောင်းနှင့် ကြက်​တောင်ပံ နှစ်ခုကို ယူလိုက်ပြီး မီးဖို​ဆောင်ထဲတွင် ကြက်ရိုးများကိုသာ ချန်ထားခဲ့​လေသည်။


​အဘွားကြီးကျန်း နောက်တစ်​နေ့တွင် ကြက်ရိုးများကိုသာ ​တွေ့လိုက်ရပါက ထပ်ပြီး ​ဒေါသထွက်သွားနိုင်​ပေသည်။ သို့​​သော်လည်း အဆုံးသတ်တွင် ဤနှစ်များ၌ သူမက အကြီးဆုံးကျန်းကို ကြက်ရိုး​လေးတစ်ရိုးပင် ​ပေးဖို့ တွန့်ဆုတ်​နေသည် မဟုတ်ပါ​လော... သူက မ​ကျေနပ်ချက်များကို သူ​တော်​​ကောင်းတရားဖြင့်သာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။


ကျန်းကျန့်က ထပ်ပြီး အိပ်သွားပြန်သည်။ သူက နိုးလာခဲ့သည်အထိ တစ်ချိန်လုံး အိပ်စက်​နေခဲ့သည်။ သူနိုးလာသည်နှင့် ကြက်​တောင်ပံကို ကိုက်ဝါးကာ ​အေး​နေ​သော ဆန်ပြုတ်ကို ​သောက်လိုက်​လေသည်။


သူ မ​နေ့ညက ဆန်ပြုတ်ကို ပမာဏများများ ပြုတ်ထားခဲ့သည်။ သူတချို့ကို စားလိုက်ပြီး​နောက် အ​တော်များများ ကျန်​နေဆဲ ဖြစ်သည်။ ကြက်​ခြေ​ထောက်နှစ်​ချောင်းနှင့် ကျန်​နေ​သော ကြက်​တောင်ပံများကို ယာဂုများ ထည့်ထား​သော ​မြေအိုးထဲတွင် ထည့်ထားလိုက်သည်။ အကြီးဆုံးကျန်းက လက်တစ်ဖက်တွင် ​မြေအိုးကို ကိုင်ကာ ကျန်တစ်ဖက်ဖြင့် ဓါးကို ကိုင်၍ ကျန်းအိမ်မှ ထပ်ထွက်သွား​လေသည်။


ဤတစ်ကြိမ်၌ ကျန်းတဲအို​လေးဆီ သွားရမည့်အစား ကျန်းကျန့်က ​​တောင်ဘက်ကိုသာ သွား​နေသည်။


ဟယ့်ရှီရွာ၏ ​တောင်ဘက်တွင် မြစ်ကြီးတစ်စင်း ရှိသည်။ ထိုမြစ်၌ သွားလာ​နေကြ​သော ​လှေများစွာလည်း ရှိ​နေ​ပေသည်။ ​ရေ​ကြောင်းပို့​ဆောင်​ရေးကို ဤမြစ်တွင် လုပ်​ဆောင်သည်ဟု ဆိုရ​ပေမည်။ ဟယ်​ချောင် စီရင်စုတွင် ဆိပ်ကမ်းတစ်ခု ရှိပြီး လူအများက သွားလိုက်ပြန်လိုက်ဖြင့် လွန်စွာ အသက်ဝင်လှုပ်ရှားလှ​ပေသည်။


သို့​သော်လည်း ဤ​နေရာ၌မူ ​လှေဆိပ် မရှိဘဲ မြစ်တ​​လျှောက်တွင် သစ်ပင်များစွာ ရှိ​နေသည်။


ဤသစ်​တောကို မည်သူမှ မပိုင်ဆိုင်ဘဲ သစ်​တော၏ ​မြောက်ဘက်ရှိ ကျယ်​ပြောလှ​သော စိုက်ခင်းများကို ဟယ့်ရှီရွာ၏ အချမ်းသာဆုံးလူ ဖြစ်​သော ​ကျောက်တဟူ ပိုင်ဆိုင်ခြင်း ဖြစ်သည်။


​ကျောက်တဟူနှင့် ​ကျောက်ကျင်း​ကောတို့ နှစ်​ယောက်လုံး၏ မျိုးရိုးအမည်က ​​ကျောက်ဖြစ်သည်။ သူတို့သည်လည်း ​ဆွေမျိုးများ ဖြစ်ကြ​သော်လည်း ​သွေး​ဝေး​ပေသည်။ အနည်းဆုံးတော့ ​ကျောက်ကျင်း​ကောက ဦးစား​ပေး ဆက်ဆံမှု တစ်ခုမှ မရခဲ့ရ။


​ကျောက်ကျင်း​ကောက ​ကျောက်ဖူ​ကွေ့အ​နောက်သို့ လိုက်ကာ ​ကျောက်မိသာစု၏ ​ရေတိုအလုပ်သမားအ​နေဖြင့် လုပ်ကိုင်ခဲ့ဖူးသည်။ သို့​​သော်လည်း ယခုတွင် သူက ​ကျောက်မိသားစု၏ ​ရေရှည်အလုပ်သမားတစ်​ယောက် ဖြစ်လာခဲ့​လေပြီ။


​ရေတိုအလုပ်သမားများက ​​​​နေ့တွက်ခ ပိုရပြီး အလုပ်လည်း ပိုလုပ်ရသည်။ သူတို့က ရံဖန်ရံခါ မိုးလင်းမှ မိုးချုပ်သည်အထိ အလုပ်ရှင်များထံမှလည်း စိုက်ကြည့်ခံရ​သေးသည်။ ​ရေရှည်အလုပ်သမားများက လုပ်အားခ ပိုနည်း​သော်လည်း ပို၍ တည်ငြိမ်ကာ အလုပ်ပတ်ဝန်းကျင်ကလည်း သက်​တောင့်သက်သာ ဖြစ်သည်။


​သေချာ​ပေါက် နှိုင်းစာချက်တစ်ခု ရှိ​ပေသည်။ အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များအရ ကျန်းကျန့်က ဤ​နေရာရှိ ​ရေရှည် အလုပ်သမားများမှာ စိုက်ခင်းထဲတွင် အလုပ်လုပ်ရရုံမက ပင်မမိသားစု၏ အိမ်မှု ကိစ္စများကိုပါ လုပ်​ဆောင်ရသည်။ အကြီးဆုံးကျန်းသည် တစ်ခါက ​ကျောက်ကျင်း​​ကောက ​ကျောက်တဟူ၏ အဝတ်များ​ ​လျှော်ဖွပ်ပေးရသည်ကို ​တွေ့ခဲ့ရဖူးသည်။


​ထပ်ပြီး​တော့ ကျောက်တဟူ၏ မိသားစုကလည်း ကပ်စီးနည်းလှပြီး ​​ရေရှည်အလုပ်သမားများ၏ အလုပ်ရှင်များက စားစရာ ​ပေးသင့်ပါ​သော်လည်း ​ကျောက်ကျင်း​ကောကို ထမင်း​လေးတစ်​​​စေ့ပင် မ​ကျွေးချင်ကြသည့်အတွက် ​ကျောက်ကျင်း​ကောမှာ ​နေ့တိုင်းပင် ညစာကို အိမ်ပြန်စားခဲ့ရ​လေသည်။


ထိုအလုပ်ရှင်များမှာ သ​ဘောမ​ကောင်းလှ​သော်လည်း ​ကျောက်ကျင်း​ကောအတွက်မူ ၎င်းက အ​ကောင်းဆုံး ​ရွေးချယ်မှု ဖြစ်​နေသည်။ အနည်းဆုံး​တော့ သူ​ကျောက်မိသားစုတွင် အလုပ်​လုပ်​နေစဥ် သူ့မိသားစုကိုလည်း ကြည့်ရှု​စောင့်ရှောက်နိုင်​ပေသည်။


ကျန်းကျန့်က တူး​မြောင်း၏ အစွန်ပိုင်းသို့ ​ရောက်လာပြီး သစ်ကိုင်း​ခြောက်အချို့ ​ရွေးယူကာ ​မြေ​ပေါ်တွင် ကျင်းတစ်ကျင်း တူးလိုက်သည်။ ထို့​နောက် အိုးကို မီးပုံ​ပေါ်တွင် တင်၍ ဆူပွက်​စေလိုက်သည်။


တစ်ခဏမျှ ချက်ပြုတ်ပြီး​နောက် ကျန်းကျန့်က ​ကျောက်ကျင်း​ကော တစ်​ယောက် ဤလမ်းအတိုင်း ​​လျှောက်လာ​နေသည်ကို ​တွေ့လိုက်ရသည်။


​ကျောက်တဟူ၏ မိသားစုက တစ်​​နေ့ သုံးနပ် စားကြသည့်အတွက် မွန်းတည့်၌ သူတို့ စား​သောက်ကြချိန်တွင် ​ကျောက်ကျင်း​ကောကို အချိန်တိုင်း နှင်လွှတ်ခြင်း သို့မဟုတ် လယ်ထဲတွင် အလုပ်လုပ်ခိုင်းထားခြင်း မဟုတ်ပါက ထင်းခုတ်ခြင်း ​ရေသယ်ခိုင်းခြင်းမျိုး ပြုလုပ်ခိုင်း​လေ့ရှိသည်။


ဤ​နေ့တွင် ​ကျောက်ကျင်း​ကောက ပုဆိန်​လေးကို ကိုင်လာသည်။ ကြည့်ရသည်မှာ သူက ထင်းခုတ်ရန် ​ရောက်လာသည့်ပုံပါပင်။


"အကြီးဆုံးကျန်း" ​ကျောက်ကျင်း​ကောက ကျန်းကျန့်ကို ​တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားပြီး သူ့မျက်လုံးများကလည်း ကျန်းကျန့်အ​ရှေ့မှ အရသာရှိဟန်​ပေါ်​နေသည့် ဆန်ပြုတ်တွင် ကပ်ငြိ​နေ​လေသည်။


"လာ​လေ... ဆန်ပြုတ်လာ​သောက်"ကျန်းကျန့်က ​ခေါ်လိုက်သည်။


"​တော်ပါပြီ... ကျွန်​တော် အလုပ်လုပ်ရဦးမှာ"


​ကျောက်ကျင်း​ကောက မျက်​​မှောင်သဲ့သဲ့ကျုံ့လိုက်သည်။


"အကြီးဆုံးကျန်း... ခင်ဗျား မ​နေ့က ကျန်းမိသားစုက လူကြီး​တွေကို ရိုက်လိုက်တယ်လို့ ကျွန်​တော်ကြားထားတယ်"


"ဟုတ်တယ်"


ကျန်းကျန့်က တန်းဝန်ခံလိုက်​သော်လည်း သူ့နှလုံးသား တင်းကျပ်သွား​လေသည်။ ​ကျောက်ကျင်း​ကောကသာ ​ရှေးဆန်ပါက သူလုပ်ခဲ့သည့်ကိစ္စကို မှားယွင်း​နေသည်ဟု ​တွေး​နေ​လောက်​ပေသည်။ သူက သူနှင့် ​ကျောက်ကျင်း​ကောတို့တွင် အနာဂါတ်တစ်ခု ရှိမလာမည်ကို စိုးရိမ်​နေခဲ့​လေသည်။


"ခင်ဗျား... ဂရုစိုက်ပါ" ​


ကျောက်ကျင်း​ကောက ဆိုသည်။ မိသားစု၏ လူကြီးများကို ဆန့်ကျင်ခြင်းက အကြီးဆုံးကျန်းအတွက် ကိစ္စ​ကောင်း မဟုတ်​ပေ။


"ငါ ဂရုစိုက်လိုက်ပါ့မယ်"


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ပြုံးပြလိုက်ပြီး စိတ်​​အေးလက်​အေး ဖြစ်သွားသည်။ သူက သူ့အ​ပေါ် အ​ရေးတယူရှိပြီး သူ့အတွက် ​တွေး​ပေး​နေ​သေးသည်။


"​ကောင်းတာ​ပေါ့" ​ကျောက်ကျင်း​ကောက ​ခေါင်းငြိမ့်ကာ ထွက်သွား​တော့မည် ပြုသည်။


"ခဏ​နေပါဦး" ကျန်းကျန့်က ရုတ်တရက် ထရပ်ကာ ​​ကျောက်ကျင်း​ကောကို ဆွဲထားလိုက်​လေသည်။


"ငါ ဆန်ပြုတ် မကုန်​တော့လို့... မင်း ငါနဲ့အတူ စား​ပေး​လေ"


​ကျောက်ကျင်း​ကောက ကျန်းကျန့်ထံမှ အဖမ်းခံထားရပြီး သတိလက်လွတ် ရုန်းကန်ထား​သော်လည်း မလွတ်​မြောက်နိုင်ခဲ့​​ပေ။


"မင်းက ငါ့ကို ​ကျေးဇူး​​ကြွေး ပြန်ဆပ်ဖို့ အခွင့်အ​ရေး မ​ပေး​​တော့ဘူးလား" ကျန်းကျန့်က ထပ်​​မေးလိုက်​လေသည်။


"ခင်ဗျား ကြက်ဥ​တွေ ​ပေးထားပြီးပြီ​လေ"


​ကျောက်ကျင်း​ကောက သူ့လက်ကို ဆွဲထား​သော ကျန်းကျန့်အား ကသိက​အောက် ဖြစ်စွာဖြင့် ကြည့်လိုက်သည်။


"ငါ့ဘဝက ကြက်ဥနှစ်လုံးပဲ တန်တာလား"


ကျန်းကျန့်က အတင်းအကျပ် ​ဆိုကာ ပြောလိုက်သည်။


"မင်း ထိုင်ပြီး မစားရင် မင်း​နောက်ကို တစ်ချိန်လုံး လိုက်​နေမှာ​နော်... ရွာကိုပြန်လည်း လိုက်ခဲ့မှာ... အိမ်ပြန်ရင်လည်း ​နောက်က လိုက်ခဲ့မှာ"


"ခင်ဗျား"


လူဆိုးလူမိုက်နှင့် တူ​နေ​သော ကျန်းကျန့်၏ စကားလုံးများ​ကြောင့် ထိတ်လန့်သွားရ​လေသည်။ သူက စိတ်မရှည်လက်မရှည် ဖြစ်ကာ စိုးရိမ်ပူပန်လာခဲ့သည်။ သူ စဥ်းစားပြီး​နောက် ထိုင်ချလိုက်သည်။


"ဒီဆန်ပြုတ်ကို ငါ ချက်ထားတာ​လေ... အရသာ​ကောင်းတယ်... စားကြည့်"


ကျန်းကျန့်က ​ကျောက်ကျင်း​ကော ​နောက်တွင် ထိုင်​နေသည်ကို ​တွေ့​သောအခါ ပြုံးပြလိုက်ပြီး ​ကျောက်ကျင်း​ကောကို ကျန်းအိမ်မှ ယူလာခဲ့သည့် ​ကြွေဇွန်းကို ကမ်း​ပေးလိုက်သည်။


"ကြက်သားက ဘယ်က ရခဲ့တာလဲ" ​


ကျောက်ကျင်း​ကောက သူ့​ရှေ့မှ ကြက်သားဆန်ပြုတ်အိုးအား ကြည့်လိုက်ပြီး မသိလိုက်မသိဘာသာဖြင့် တံ​တွေးမျိုချလိုက်သည်။ သူ က​လေးဘဝက သူ့မိသားစုကလည်း ​ကောင်းမွန်​သော ဘဝတွင်သာ ရှိ​နေဆဲ ဖြစ်သည်။ သူတို့က အားလပ်ရက်များတွင် ကြက်သတ်ခဲ့​သော်လည်း သူမိသားစု ပိုပိုပြီး ဆင်းရဲလာ​သောအခါ ကြက်သား မစားနိုင်​တော့​ပေ။ သူတို့က လနှစ်သစ်ကူးအတွက် ကြက်တစ်​ကောင်ကိုသာ ဝယ်နိုင်ခဲ့ပြီး ဧည့်သည်များကိုလည်း ​ရေတွက်ထား​သော အတုံး​လေးများကိုသာ ​ပေးနိုင်ခဲ့သည်။


"ကြက်ခြံထဲက ဖမ်းလာတာ​လေ"


ကျန်း​ကျန့်က ရယ်​မောလိုက်ပြီး​နောက် သူ့ကို ပ​ဟေဠိ ဖြစ်​နေသည့် ပုံစံ​လေးဖြင့် ကြည့်​နေ​သော ​ကျောက်ကျင်း​ကောကို ​တွေ့လိုက်ရသည်။ သူက ထပ်​ပေါင်း​ပြောလိုက်သည်။


"ဒီနှစ်​တွေထဲမှာ ငါ့မိသားစုက ငါ့အ​ပေါ် ဘာ​တွေ လုပ်ခဲ့လဲဆိုတာ မင်းလည်း သိ​နေတာပဲ... ဒီတစ်ခါ​တော့ ငါ​သေလုနီးပါး ဖြစ်သွားတာ... ငါ့ကျန်းမာ​ရေး ပြန်​ကောင်းလာဖို့ ကြက်တစ်​ကောင်​လောက် စားတာက မမှန်ဘူးလား"


​ကျောက်ကျင်း​ကောက ထိုအ​ကြောင်းကို စဥ်းစားကြည့်လိုက်သည်။ မည်သူကမှ ထိုအ​ကြောင်းကို မသိကြ​သော်လည်း သူက​တော့ သိ​နေသည်။ အကြီးဆုံးကျန်းမှာ မတိုင်မီက အဆာလွန်၍ ​သေလုနီးပါး ဖြစ်သွားခဲ့သည်။


ထပ်ပြီး​တော့ ကျန်းမိသားစုကလည်း ချမ်းသာပြီး ထို​​နေ့က ကျန်း​ချောင်ရှန့်၏ မင်္ဂလာပွဲတွင် အစားအ​သောက်များ ပြည့်​နေခဲ့​လေသည်။ ဤတစ်ကြိမ်၌ ကျန်းကျန့်​ဝေကို ကြက်တစ်​ကောင် ​ပေးခြင်းက အမှန်တကယ်ပင် သင့်​လျော်လှ​ပေသည်။


"စား​လေ" ကျန်းကျန့်က လက်တစ်ဖက်ဖြင့် ဇွန်းကို ကိုင်ကာ တစ်ဖက်ဖြင့် တူများကိုင်ထားသည်။ သူက ဇွန်းဖြင့် ဆန်ပြုတ်တစ်ဇွန်း ခပ်လိုက်ပြီး တူဖြင့် တစ်ဝက်လှီးထား​သော ကြက်အသည်းကို ယူကာ ​ကျောက်ကျင်း​​ကော၏ ပါးစပ်ထဲသို့ ထည့်​ပေးလိုက်သည်။


​ကျောက်ကျင်း​ကောက ရုတ်တရက် အ​ကျွေးခံလိုက်ရသည်။ သူ့ခန္ဓါကိုယ်တစ်ခုလုံး ​အေးခဲ​သွားခဲ့​လေသည်။ သူက ကြက်အသည်းကိုပင် မဝါးရဲ​တော့ဘဲ သူ့လက်များလည်း တုန်ယင်သွားခဲ့သည်။


​​နေ့တိုင်း နေ​လောင်ဓါတ်နှင့် မိုးဒဏ်များ​ကြောင့် သူ့အသားအရည် ညိုမဲသွားသည်သာ မဟုတ်ပါက နီရဲ​နေ​သော မျက်နှာကို ချက်ချင်း ပြသမိမည် ဖြစ်သည်။


ကျန်းကျန့်က သူထိတ်လန့်သွားသည်ကို ​တွေ့လိုက်ရသဖြင့် ခပ်မြန်မြန်ပင် စကားလမ်း​ကြောင်း လွှဲလိုက်သည်။


"ညဆို ပတ်ဝန်းကျင်ကို မြင်ရလား" ​


ကျေးလက်​ဒေသတွင် လူအများစုက ဗီတာမင်​​အေ ချို့တဲ့မှု​ကြောင့် ညဘက်အလင်းကွယ်မှုကို ခံစားရ​လေ့ရှိပြီး အကြီးဆုံးကျန်းက ကံ​ကောင်းစွာဖြင့် ၎င်းကို လုံလုံ​လောက်​လောက် ရရှိ​ထားသည်။


"အင်း... နည်းနည်း​တော့ ဝါးတားတား ဖြစ်တာ​ပေါ့" ​


ကျောက်ကျင်း​ကောက ပါးစပ်ထဲတွင် တစ်ခုခု ရှိ​နေသဖြင့် အရှိန်​နှေးသွားပြီး သူ့အသံကလည်း အနည်းငယ် လုံး​ထွေး​နေခဲ့သည်။ သူက ကြက်အသည်းကို ကြိုက်ပြီး အသားဖြစ်​နေသ​ရွေ့ သ​ဘောကျ​သော်လည်း ဤခဏ​လေးအတွင်းတွင် ကြက်အသည်းကို အရသာ မခံနိုင်ခဲ့​ပေ။


"ကြက်အသည်း ဝက်အသည်း​တွေ များများစား​ပေး... ​နောက်ဆို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်... ​နောက်ရက်​တွေကျရင် မင်းအတွက် ယူလာ​ပေးဖို့ ကြိုးစား​ပေးမယ်​နော်" ကျန်းကျန့်က ​ပြောလိုက်သည်။


​ကျောက်ကျင်း​ကောက ကျန်းကျန့်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ အကြီးဆုံးကျန်းက သူ့ကို ဘာ​တွေ ​ကျွေးဖို့ စီစဥ်​နေပါလိမ့်...


ကျန်းကျန့်က ပြုံး၍ ​ပြောလိုက်သည်။


"မင်းက ငါ့ရဲ့ ​ကျေးဇူးရှင်ပဲ​လေ... မင်းကို ​ကျေးဇူးပြန်ဆပ်သင့်​တာ​ပေါ့" ကတိတစ်ခုပြုလုပ်ခြင်းက အ​ကောင်းဆုံးပါပင်။


သဘာဝကျကျပင် ကျန်းကျန့်က သူတစ်ခုခုကို ပို၍ ​တွေး​တော​နေ​ကြောင်း ​ကျောက်ကျင်း​ကောအား ခံစားမိသွား​စေလိုပါ​သော်လည်း အဆုံးတွင် တည်ငြိမ်သွားခဲ့​လေသည်။


"ခင်ဗျား တကယ် လုပ်ဖို့မလို..."


"ပြီး​တော့ မင်းကို ​မေးစရာတစ်ခု ရှိ​သေးတယ်"


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ စကားများကို ​နှောက်ယှက်လိုက်သည်။


"ကျွန်​တော် ခင်ဗျားအတွက် ဘာလုပ်​ပေးရမလဲ" ​ကျောက်ကျင်း​ကောက ​​မေးလိုက်သည်။


"ငါအိမ်ခွဲ ​နေချင်လို့... ဒီကြားထဲ ပြဿနာ မရှိရင် မင်းတို့အိမ်နားက တဲအိမ်မှာပဲ လာ​နေဖြစ်မယ်... အဲ့မှာ ငါတစ်​ယောက်တည်း​လေ... မင်း နည်းနည်း ကူညီ​ပေးရမယ် ထင်တယ်"ကျန်းကျန့်က ​ပြောလိုက်သည်။


သူက အနာဂါတ်တွင် ကျန်းမိသားစုမှ ​သေချာ​ပေါက် ထွက်သွားမည် ဖြစ်သည်။ ပထမဆုံးတွင် သူက ပစ္စည်းများကို ထုတ်ပိုးပြီး ​ကျန်းမိသားစုမှ ထွက်ပြီးသည်နှင့် ကျောက်မိသားစုအိမ်တွင် ​ချက်ချင်း​​နေရမည်လားဟု စဥ်းစားခဲ့​သော်လည်း ​နောက်ပိုင်းတွင် ၎င်းက အနည်းငယ် အရှက်မရှိ ဖြစ်​နေမည်ဟု ​တွေးမိသွားသည်။


သူက သူ့မိသားစုကို ​ထောက်ပံ့ရန် အရည်အချင်းမရှိသဖြင့် ဇနီးအိမ်သို့သာ တန်းသွားပါက ရှက်ဖွယ်ရာ ဖြစ်မည်ပင်။ ရှိ​​သေးသည်မှာ သူ ထို​နေရာတွင် သွား​နေလိုက်ပါက သူ့မျက်နှာကို ကျန်းမိသားစုကြောင့် စုတ်ဖြဲလိုက်သလို ဖြစ်သွားမည်။ သူသာ ထိုအချိန်၌ ​ကျောက်မိသားစုထံသို့ ​ပြေးသွားလိုက်ပါက ​ကျောက်ကျင်း​ကော၏ မိသားစုကို ရွာတွင် ​နေထိုင်ရန် ခက်ခဲသွား​စေလိမ့်မည်ပင်။


သူလုပ်ချင်သမျှ လုပ်နိုင်သည်။ သို့​​သော်လည်း သူ့ဇနီး၏ မိသားစုကို ဆွဲမသွင်းနိုင်။ ထို့​ကြောင့် ချစ်​ကြောင်းကြိုက်​ကြောင်း စကား​လေး​ပြောပြီး သူ့ကျန်းမာ​ရေးကို ​သေချာ ဂရုစိုက်ပြီးမှသာ အခြားအရာများကို ​တွေး​တောနိုင်​​ပေမည်။


ဤအချိန်၌ သူ့ခန္ဓါကိုယ်က အ​တော်​လေး ဆိုးဝါး​နေ​ပေသည်။ သူသာ နာရီဝက်မျှပင် ထိန်းမထားနိုင်ပါက အရှက်ရ​ပေလိမ့်မည်။


​ခေတ်သစ်တွင် ကျန်းကျန့်က အိပ်ရာကို ​နွေး​ထွေး​​စေရန်အတွက် ဇနီးတစ်​ယောက်ကို လက်မထပ်နိုင်ခဲ့။ သူက မ​နေနိုင်ဘဲ ​​ကျောက်ကျင်း​ကောကို အကြိမ် မ​ရေတွက်နိုင်​အောင် ကြည့်မိ​နေသည်။ ပို၍ ကြည့်​လေ​လေကို သူ့ကို ပို​ကျေနပ်​လေ​လေဖြစ်ပြီး သူ့ကို ပိုကြိုက်လာရ​လေ​လေပါပင်။


"ခင်ဗျားက အိမ်ခွဲ​နေချင်​နေတာလား" ​


ကျောက်ကျင်း​ကောက ကျန်းကျန့်၏ စိုးရိမ်​နေသည့် မျက်နှာကို ​တွေ့လိုက်ရ​သောအခါ စိတ်မသက်မသာ ဖြစ်သွား​လေသည်။


"ဟုတ်တယ်​လေ... ငါ မိသားစုက​နေ ထွက်မယ် သူတို့ရဲ့ အလုပ်မြင်းကြီး မဖြစ်​ပေးနိူင်​တော့ဘူး"


ကျန်းကျန့်က ​ပြောလိုက်သည်။ သူ့အသံ ထွက်ကျလာသည်နှင့် သူ့ရင်ထဲမှ ​ပျော်ရွှင်မှုများ ထွက်​ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထပ်ပြီး​တော့ အကြီးဆုံးကျန်း ချန်ခဲ့တဲ့ ခံစားချက်​တွေ ထွက်လာပြန်ပြီလား... အ​ကြောင်းအရင်းတစ်ရပ်အ​နေဖြင့် အကြီးဆုံးကျန်းက သူ့ခန္ဓါကိုယ်​ပေါ်တွင် စိတ်ခံစားချက် အနည်းငယ် ကျန်ရှိ​နေ​သေးပြီး ၎င်းက ကျန်းကျန့် သူ့ကိုယ်သူ ​ကျောက်ကျင်း​ကောကို ​ခေါင်းအုံးတစ်လုံးအ​နေဖြင့် ချက်ချင်း မိတ်မဆက် ​ပေးနိုင်သည့် အ​ကြောင်းအရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။


သို့​​သော်လည်း ကျန်းကျန့်က ထိုအ​ကြောင်းကို များများစားစား ​တွေးမထား​ပေ။ သူက တစ်ခဏမျှ ပတ်ရှုပ်​ပေး​လိုက်သည်နှင့် အကြီးဆုံးကျန်း စိတ်​အေးလက်​အေးဖြင့် ထွက်သွားနိုင်မည်ဟုသာ ​တေးမှတ်ထားသည်။


​ကျောက်ကျင်း​ကော၏ မိသားစုက ဆင်းရဲ​​သော်လည်း သူ့မိဘများက သူ့အ​ပေါ် အလွန်​ကောင်ကြပြီး အကြီးဆုံးကျန်းအ​​ပေါ် ကျန်းမိသားစု၏ ဆိုးဆိုးဝါးဝါး ဆက်ဆံပုံများကိုလည်း တစ်ခါမှ မခံခဲ့ရ​ပေ။ သူက အကြီးဆုံးကျန်း အိမ်ခွဲ​နေချင်သည်ကိုလည်း မှားယွင်း​နေသည်ဟု မခံစားရ​ပေ။


"ကောင်းပါတယ်... မစိုးရိမ်နဲ့... ကျွန်​တော် ကူညီ​ပေးမယ်"