အပိုင်း၁၃
Viewers 21k

Chapter 13

Chapter 13

ရေချိုငါးအတူတူစားခြင်း




မှောင်နေပြီဖြစ်သဖြင့် သိသိသာသာကို အတော်လေး နီးကပ်နေပါသော်လည်း ကျန်းကျန့် ကျောက်ကျင်းကော၏ရုပ်သွင်ကိုရှင်းရှင်းလင်းလင်းမမြင်ရပါချေ။သို့ပေငြါး သူအင်မတန်ပျော်ရွှင်နေဆဲဖြစ်လေသည်။


ဤမျှ အချိန်အတော်ကြာပြီးသည့်နောက် ကျန်းကျန့်တစ်ယောက် နောက်ဆုံးတွင် ချစ်ကျွမ်းဝင်သွားခဲ့ပြီဖြစ်၏။သူ လူပျိုပေါက်လေးတစ်ယောက်လိုခံစားနေရပြီး ကျောက်ကျင်းကော၏လက်ကိုလှမ်းကိုင်လိုက်သည်။


ရလဒ်အနေဖြင့် သူကျောက်ကျင်းကော၏လက်ကိုမဆုပ်မိဘဲ ထိုအစားပူနွေးနေဆဲပန်းကန်လုံးတစ်ခုကို ကိုင်မိလေသည်။


"မင်းမှာတစ်ခုခုလုပ်စရာရှိနေတာလား"


ကျန်းကျန့်ကမေးလိုက်၏။


"တစ်ယောက်ယောက်ဆီ စားစရာသွားပို့ချင်လို့လား...ကိုယ်မင်းနဲ့လိုက်ခဲ့မယ်လေ"


"ခင်ဗျားအတွက်"


ကျောင်ကျင်းကောက သူ့လက်ထဲကပန်းကန်လုံးကို ကျန်းကျန့်ဆီကမ်းပေးလိုက်သည်။


ကျန်းကျန့်က ကျောက်ကျင်းကောကိုစားစရာများပေးခဲ့သည်။ထို့အတွက်ကျောက်ကျင်းကောက ကျန်းကျန့်၏ကြင်နာမှုကိုပြန်လည်ပေးဆပ်ခြင်းဖြစ်လေသည်။သို့သော်ငြားလည်း သူက ကျောက်ကျင်းကောကိုသဘောကျနေခြင်းဖြစ်၏။သူ့အနေဖြင့် ကျောက်ကျင်းကောက သူ့ကိုတစ်စုံတစ်ခုပြန်လည်ပေးအပ်သည်ကို ရနိုင်လိမ့်မည်ဟု သူအမှန်ကိုမမျှော်လင့်ထားခဲ့ပါချေ။စင်စစ်အားဖြင့် အစကနေအဆုံးထိ သူပေးခဲ့သည်က ကြက်ဥငါးလုံးနှင့် ကြက်သားတချို့သာဖြစ်၏။


"ကိုယ့်အတွက်...ဘာလဲ"

ကျန်းကျန့်ကမေးလိုက်သည်။


"ရေချိုငါးတွေ...ထယ်ထိုးတုန်းက ကျွန်တော်ဖမ်းမိတာ"


ကျောက်ကျင်းကော အနည်းငယ် ရှက်ရွံ့နေမိသည်။ရေချိုငါးကဲ့သို့သေ အရာများမှာ ဘယ်နေမှာမဆိုဖမ်း၍ရလေသည်။လယ်ထဲက ရေချိုငါးများမှာတန်ဖိုးမရှိပါချေ။ရေချိုငါး၏တန်ဖိုးက သေချာပေါက် ကြက်ဥနှင့် ကြက်သားများလောက်မများပါချေ။


ကျန်းကျန့် အတော်လေးပျော်နေမိသလို အနည်းငယ်လည်းအပြစ်ရှိသလိုခံစားရသည်။သူက ကြက်ဥနှင့်ကြက်သားများရရန် မည်သည့်အားစိုက်ထုတ်မှုမျှမပြုလုပ်ခဲ့ရပေ။သူ့အမြင်အရ ယင်းကတကယ်ကို ဘာမှမဟုတ်ပါချေ။သူ့ကို ရေချိုငါးများပေးလာသည့်ကျောက်ကျင်းကောကမူ ၎င်းတို့ကို ဖြေးဖြေးချင်း ဖမ်းခဲ့ရမှာဖြစ်သည်။ကျောက်ကျင်းကော အများကြီးအားစိုက်ထုတ်ခဲ့ရမှာသူစိုးမိသည်။


ထိုအတိုင်းတွေးကြည့်သောအခါ သူက ကျောက်ကျင်းကောအတွက် နည်းနည်းလေးပဲလုပ်ပေးခဲ့မိခြင်းဖြစ်ကြောင်းပေါ်လာသည်။


"ခင်ဗျားမကြိုက်ဘူးလား"


ကျန်းကျန့်က စကားမပြောသည်ကိုမြင်သောအခါ ကျောက်ကျင်းကောကမေးလိုက်၏။


"မဟုတ်ပါဘူး... ကိုယ်ပျော်လို့"


ကျန်းကျန့် သူ့ရှေ့အနှီပုဂ္ဂိုလ်ကိုပွေ့ ဖက်ချင်ပေမဲ့ အနည်းငယ် စောလွန်းနေသည်ဟုခံစားရသည်။အဆုံးတွင် သူ ကျောက်ကျင်းကော၏တခြားလက်တစ်ဖက်ကိုပဲဆွဲကိုင်လိုက်သည်။


"အတူတူစားကြရအောင်"


"ကျွန်တော် ပြန်တော့မှာ"


ကျောက်ကျင်းကော လန့်သွားမိ၏။အမှောင်ထဲမှာ အထိအတွေ့က အကန့်အသတ်မရှိ ပုံကြီးချဲ့နေသည်။သူက သူ့လက်ကိုပဲကိုင်ရုံဖြစ်သော်လည်း

ကျောက်ကျင်းကော သူ့လက်က ပိုပိုပူလာသည်ကိုခံစားလိုက်ရပြီး သူခန္ဓာကိုယ်မှာ ချွေးပြန်လာတော့သည်။


"အတူတူစားကြမယ်"


ကျန်းကျန့်က သူ့ကို မနီးမဝေးရှိ သက်ကယ်မိုးတဲလေးထဲကိုဆွဲခေါ်သွား၏။


ဖယောင်းတိုင်အလင်းက အတော်လေး မှိန်ဖျော့ပေမဲ့ ကျန်းကျန့် ကျောက်ကျင်းကော၏ရုပ်သွင်ကိုမြင်ရဆဲဖြစ်ပြီး လက်ထဲက ရေချိုငါးပန်းကန်ကိုလည်းမြင်နေရလေသည်။


ကျောက်ကျင်းကော၏ပုံစံက သူ့အကြိုက်နှင့်အင်မတန်ကိုက်ညီသော်လည်း အမှန်တွင် သူက အလွန်တောဆန်ပြီး သူ့လက်ထဲက ရေချိုငါးများကလည်း အနည်းငယ်ပင်ရောင်းရသောပစ္စည်းမဟုတ်ပေ။သို့ပေမဲ့ ကျန်းကျန့် သူ့ကိုကြည့်ရသည်အား ပိုပို၍နှစ်ခြိုက်မိဆဲဖြစ်လေသည်။


သူ့အနေဖြင့် သေခြင်းနှင့်ရှင်ခြင်းကို ကြိမ်ဖန်များစွာ ကျော်ဖြတ်ပြီးဖြစ်သော်ငြား သူက ရုတ်တရက်ကြီး မတူကွဲပြားသောကမ္ဘာလောကသို့ ကူးပြောင်းလာရခြင်းဖြစ်လေသည်။ထိုစဥ်က ယင်းကို လက်ခံနိုင်ရန် အလွန်ခက်ခဲခဲ့၏။သေအံ့ဆဲဆဲခံစားချက်က ပို၍ပင် နာကျင်ရသည်။သူ့ကို ကယ်တင်ခဲ့သည့်သူက ကျောက်ကျင်းကောဖြစ်၏။


သူ ဤကမ္ဘာကိုကူပြောင်းလာသည်မှာ

ရက်အနည်းငယ်ကြာပြီဖြစ်သည်။ကျန်းကျန့်မှာ တခြားသူများအတွက် ဘာကရုဏာစိတ်မှမရှိပေမဲ့ ကျောက်ကျင်းကောကမတူပေ။


ဤကမ္ဘာတွင် သူလက်ခံနိုင်သည့် တစ်ဦးတည်းသောသူက ကျောက်ကျင်းကောဟု ပြော၍ရလေသည်။


ကျန်းကျန့်က ကျောက်ကျင်းကော၏ညာဘက်လက်ကို သူ့ဘယ်ဘက်လက်နှင့်ဆွဲယူလိုက်ပေမဲ့ မကြာမီပြန်လွှတ်ပေးလိုက်၏။သူက ဘေးမှာရှိသည့်ပိုးစာခက်တစ်ခုကိုယူပြီး ချိုးကာ တူတစ်စုံဖြစ်အောင်လုပ်လိုက်သည်။ထို့နောက် တဖန်ထိုင်ချလိုက်ပြီး ကျောက်ကျင်းကော၏လက်ကိုဆွဲပြန်သည်။


ရုတ်ချည်း လက်လွှတ်ခံရသောအခါ ကျောက်ကျင်းကော၏နှလုံးသားတင်းကြပ်သွားခဲ့၏။ယခု သူ့လက်ပြန်အကိုင်ခံရချိန်တွင် သူ့လက် လောင်ကျွမ်းတော့မလိုခံစားရသည်။သူ ထိုသည်နှင့်ပတ်သတ်၍ စပြီးပင်စိတ်ပူလာ၏။သူက တစ်နေကုန် အလုပ်လုပ်ထားပြီး သူ့လက်တွေက အသားမာများပြည့်နေသည်။သူလက်များက ကျန်းကျန့်လက်များထက်ပိုသေးခြင်းမရှိပါချေ။


ကျန်းကျန့် မကြိုက်ဖြစ်လေမလား...


ကျန်းကျန့်က ထိုသို့လုံးဝမတွေးမိပါချေ။သူက ကျောက်ကျင်းကော၏လက်ကို အကြိမ်ရေအနည်းငယ်ဖျစ်ညစ်လိုက်ပြီး အခွင့်ရေးယူလိုက်သည်။သူက ရေချိုငါးတစ်ကောင်ကို တူဖြင့်ယူ၍သူ့ပါးစပ်ထဲထည့်လိုက်ပြီး ၎င်းနောက် နောက်တစ်ကောင်ယူကာ ကျောက်ကျင်းကော၏ပါးစပ်နားတေ့ပေးသည်။


ဆားနှင့်ပဲချက်ထားသော ရေချိုငါးများက အရသာသိပ်မကောင်းပါချေ။သို့ပေမဲ့ ကျန်းကျန့်က အစားချေးများသူမဟုတ်ပါချေ။ထို့အပြင် ဤသည်က ကျောက်ကျင်းကောက သူ့စားရအောင်အထူးတလည်ဖမ်းပေးထားသည်ဖြစ်ရာ အလွန်အမင်းအရသာရှိသည်ဟုသူထင်မိသည်။သို့ပေမဲ့ ကျောက်ကျင်းကောတစ်ယောက် ပါးစပ်ဟပြီးရေချိုငါးကိုးစားလိုက်ပြီးနောက် မနေနိုင်ဘဲ ရှက်သွေးဖြာသွားရသည်။


သူ သိခဲ့လျှင် သူ့အမေကို ဆီထည့်ရန်သေချာပေါက်ပြောခဲ့လိမ့်မည်ဖြစ်သည်...


"အရသာရှိတယ်"


ကျန်းကျန့်က ဆိုသည်။ရေချိုငါးများတွင်လည်း အလယ်မှာအရိုးများရှိသည်။သူ အရိုး၏တစ်ဖက်ကအသားများကိုစားလိုက်သည်။သူက တခြမ်းကိုစားလိုက်ပြီး တခြားတစ်ခြမ်းကို ကျောက်ကျင်းကောကိုပေးလိုက်သည်။


"ခင်ဗျားစားပါ...ကျွန်တော်က မလို–"


ကျောက်ကျင်းကော အမြန်ငြင်းဆန်လိုက်၏။ရေချိုငါးများက ကျန်းကျန့်ကို သူပေးထားခြင်းဖြစ်သည်။တစ်ဝက်ကို သူ့ဘာသူစားပစ်၍မဖြစ်ပါချေ။


"မင်းနဲ့ကိုယ်ခြားမှာ ခွဲခြားထားစရာလိုလို့လား...ကိုယ်တို့က အနာဂတ်မှာအတူတူစားရမှာပဲလေ"


ကျန်းကျန့်က ပြောလိုက်သည်။သူ့အသံထွက်ကျလာသည်နှင့် သူကိုင်ထားသောလက်ကအနည်းငယ်တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။


ကျောက်ကျင်းကောထွက်သွားချင်မှာစိုးသဖြင့် သူ သူ့ကိုတိုက်ရိုက်ချုပ်လိုက်သည်။


"မသွားခင်စားသွား..."


ကျောက်ကျင်းကောတကယ်ကိုသွားချင်ပေမဲ့ ကျန်းကျန့်ကိုစိတ်ပူသည်။တစ်ဖက်လူကိုနာကျင်အောင်လုပ်မိမှာစိုးသလို ရေချိုငါးပန်းကန်ကိုမှောက်ကျအောင်လု​ပ်မိမှာလည်းကြောက်သည်။သူ စိုးထိတ်လွန်း၍ မရုန်းဝံ့ဖြစ်နေ၏။


"ကျွန်တော့်ကိုလွှတ်ပေး..."


ကျန်းကျန့်က အမြဲတမ်းထုံထိုင်းနေပြီး သူများတွေကိုစကားမပြောရဲခဲ့ဘူးမဟုတ်ဘူးလား...ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်သွားရတာလဲ...


အကယ်၍ သူ့တိုနှစ်ယောက်ကို ယခုလိုအခြေအနေမျိုးနှင့် လူတွေ မြင်သွားပါက သူတို့ ရွာသားတွေ၏တံတွေးပင်လယ်ထဲမှာနှစ်မြုပ်သွားရပေလိမ့်မည်။


ကျောက်ကျင်းကော သူနှင့်ကျန်းကျန့် ယခုလိုလုပ်သည်ကမှားမှန်းကောင်းကောင်းသိသော်ငြား ဘာကြောင့်မှန်းမသိ သူသိပ်ကြီးဒေါသမဖြစ်မိပါချေ။


ထိုအဆီတရွှဲရွှဲနှင့်အရေထူသည့်ယောကျာ်းတွေက ဘာကြောင့်မိန်းမမြန်မြန်ရှာနိုင်ကြလဲဆိုသည်ကို သူတစ်ခါမှနားမလည်ခဲ့ပေ။သို့ပေမဲ့ ယခု သူ ယောင်ဝါးဝါး သဘောပေါက်လာပြီဖြစ်၏။


"ကိုယ်မင်းကို လွှတ်ပေးမှာပါ...ဒါပေမဲ့မင်းထွက်မသွားရဘူး...မဟုတ်ရင် ကိုယ်မင်းအိမ်ထိလိုက်လာမှာ"


ကျန်းကျန့်က ပြောလိုက်သည်။သူအမှန်တကယ်ကို ကျောက်ကျင်းကောကိုနမ်းချင်နေပြီဖြစ်သည်။ကံမကောင်းစွာနှင့်ကျောက်ကျင်းကောကရှက်တတ်လွန်း၏။အကယ်၍ သူအနှီကောင်လေးအမှန်တကယ်နမ်းရန်ကြိုစားကြည့်ပါက သူ သေချာပေါက်ထွက်ပြေးမှာဖြစ်သည်။ယခုအချိန်မှာ သူ့အနေဖြင့်ချုပ်တည်းထားရုံသာတတ်နိုင်သည်။



မည်သို့ပင်သူ ချုပ်တည်းထားစေကာမူ ကျောက်ကျင်းကောကို သူ့လူအဖြစ်သတ်မှတ်ထားပြီဖြစ်သည်။မှန်သည်ပင်၊ သူ့အတွက် ကျောက်ကျင်းကောနှင့်အတူနေရန် ပြဿနာမရှိပါချေ။


ဤရှေးခေတ်အချိန်များမှာ ချမ်းသာသူများပင်လျှင် ခေတ်သစ်လူများလောက်သက်တောင့်သက်သာမနေရပေ။သို့ပေမဲ့ အကယ်၍ သူသာ သူနှင့် ဘဝတစ်သက်တာလုံး အတူအဖော်ပြုပေးမည့်တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်ပါက ရှေးခတ်မှာနေရသည်ကလည်း မဆိုးလှဟုသူခံစားရသည်။


မည်သို့ပင်ဖြစ်စေ သူက တပ်ထဲမှာအကြာကြီးနေခဲ့၏။သူ့မှာ အင်တာနက်စွဲလမ်းမှု လုံးဝမရှိပေ။မိုဘိုင်းလ်ဖုန်းတွေလို နည်းပညာမြင့်ထုတ်ကုန်တွေမရှိဘဲ မနေနိုင်ဟုလည်း သူ့ကိုယ်သူမခံစားရပါချေ။


အဆုံးမှာ ကျောက်ကျင်းကောမသွားရဲတော့ပေ။ထို့နောက် ကျန်းကျန့်က သူဘာသူတစ်ကိုက်စားလိုက် သူ့ကိုတစ်ကိုက်ခွံ့လိုက်ဖြင့် သူတို့ ရေချိုငါးပန်းကန်ကို အတူတူအပြောင်ရှင်းလိုက်ကြသည်။


စားပြီးနောက် ကျန်းကျန့်တစ်ယောက် ထွက်မသွားချင်ပေ။ကျောက်ကျင်းကောက တိတ်ဆိတ်နေပြီး နှစ်ယောက်သား ဖယောင်းတိုင်ကုန်၍မီးငြိမ်းသွားသည်အထိ တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။


"ကျွန်တော် သွားတော့မယ်"


ကျောက်ကျင်းကောက ပန်းကန်အလွတ်ကိုကိုင်ကာ ထရပ်လိုက်သည်။


"ကိုယ်လည်းပြန်မှာ"


ကျန်းကျန့်က ပြောလိုက်၏။


"မနက်ဖြန် နေ့လည်ကျရင် ကိုယ်တို့အတူတူထင်းခုတ်ခဲ့တဲ့နေရာမှာကိုယ်မင်းကိုလာတွေ့မယ်"


ကျောက်ကျင်းကော ခေါင်းညိတ်ပြလိုက်ပြီး ၎င်းကိုကျန်းကျန့်မမြင်ရလောက်ဟုတွေးကာ နှုတ်မှဖြေလိုက်သည်။

"ကောင်းပြီ"


နှစ်ယောက်သား ပြောပြီးနောက် ကျောက်ကျင်းကော မပြန်ခင် ကျန်းကျန့်၏မည်းမှောင်နေသောပုံရိပ်ကိုကြည့်လိုက်၏။ကျန်းကျန့်က သူထွက်သွားသည်ကိုစောင့်နေလိုက်သည်။ထို့နောက် ဘေးနာမှဝက်သတ်ဓားကို ကောက်ယူပြီး အထူးတလည်စိတ်အခြေအနေကောင်းစွာဖြင့်အိမ်ပြန်လာခဲ့သည်။


ဒီနေ့ တစ်စုံတစ်ယောက်နဲ့ချိန်းတွေ့ခဲ့ရတာဘယ်လောက်ကောင်းလိုက်သလဲ...မနက်ဖြန်မှာလည်း ချိန်းထားသေးတာကိုဆို ​ပြောမနေနဲ့တော့...


ဒါပေမဲ့...ကျန်းကျန့် သူ့လက်ထဲက ဝက်သတ်ဓားကိုကြည့်လိုက်ပြီး သူ့ပုံရိပ်နှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို ရုတ်ချည်း ခံစားလိုက်ရသည်။


ကျောက်ကျင်းကောကိုသွားတွေ့သည်အခါတိုင်း ယခုလိုဓားအကြီးကြီးကိုကိုင်သွား၍မရပေ။သို့ပေမဲ့ သူ့အနေဖြင့် အမှန်တကယ်ကို တခြားသူတွေကိုဟန့်တားနိုင်ရန်အတွက် လက်နက်များလိုအပ်လေသည်။


ထိုအကြောင်းကိုစဥ်းစားပြီး ကျန်းကျန့်ရွာက ဝါးတောအုပ်ငယ်လေးထဲကို မှောင်မှောင်သွားလိုက်သည်။


သူ ဓားနှင့်ဝါးနှစ်ချောင်းခုတ်လိုက်ပြီး ၎င်းတို့ကိုယူကာ အိမ်ပြန်လာခဲ့၏။


နောက်တစ်နေ့တွင် ကျန်းကျန့် အစောကြီးနိုးလာပြီး သူနိုးလာချိန်မှာ အလုပ်မသွားတုန်းပါပင်။ခြံထဲမှာထိုင်ပြီး မနေညက သူယူလာသည်ဝါးနှစ်ချောင်းကို ကိုင်လိုက်သည်။


ပိုအလုံးသေးသည့်တစ်ချောင်းကိုရွေးကာ သူ့အရပ်နှင့်ညီအောင် ဖြတ်ပြီး အဖျားကိုချွန်၍ လက်နက်တစ်ခုနှင့်တူအောင်လုပ်လိုက်၏။


သူ့လက်ထဲမှာ ယခုလိုဝါးလုံးချွန်တစ်ချောင်းရှိပြီး သူ့ပြိုင်ဘက်က ဓားတစ်ချောင်းကိုကိုင်ထားမည်ဆိုပါက ကြောက်စရာမလိုပါချေ။မည်သို့ပင်ဖြစ်စေ ဓားကတိုပြီး ဝါးလုံးကရှည်ပေသည်။တစ်ဖက်လူကို သူ့အနားကပ်ခွင့်မပေးသရွေ့ သူ့အနေဖြင့် ဝါးလုံးနှင့် တစ်ဖက်လူ၏ဓားကိုပြုတ်ကျအောင် သေချာပေါက် လုပ်၍ရသည်။အထက်ရှိအဖျားချွန်ကလည်း တခြားသူများကို အပေါက်ဖြစ်အောင်ထိုး၍ရသည်။


မှန်သည်ပင်၊အဓိကအရေးကြီးဆုံးအရာမှာ ယင်းက သူစိမ်းတွေ၏အာရုံကိုစွဲဆောင်မှာမဟုတ်ပေ။ ထို့အပြင် ဝါးလုံးကိုယူပြီးအပြင်ထွက်သည်က ဓားထက်ပိုပေါ့ပါးပေလိမ့်မည်။


ဝါးလုံးတစ်ချောင်းအဆင်သင့်ဖြစ်သောအခါ ကျန်းကျန့်နောက်ဝါးတစ်ချောင်းကိုစဖြတ်လိုက်သည်။


သူ ဝါးကိုခပ်ထူထူဖြတ်လိုက်သည်။ ပထမဆုံး ဝါးကိုဝါးကျည်တောက်ကြီးနှစ်ခုအဖြစ်ဖြတ်ပြီးနောက် သစ်သားဖြင့် အဆို့နှစ်ခုလုပ်လိုက်သည်။ထို့နောက်

သူ ကျန်နေသည့်ဝါးဖြင့် တခြားအရာများစတင်ပြုလုပ်သည်။


သူသည် အဖျားပိုင်းက ဝါးကျည်တောက်ကနေ တူနှစ်စုံနှင့်ခွက်နှစ်ခုပြုလုပ်ခဲ့သည်။တခြားတစ်စုံတစ်ခုလုပ်ချင်ပေမဲ့ သူ့မှာ

ဘာလုပ်စရာမှမရှိသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့် သူ ဝါးကျည်တောက်အနည်းငယ်ထပ်ဖြတ်လိုက်ပြီး အနာဂတ်မှာသုံးရန် သိမ်းထားလိုက်သည်။


အကုန်လုံးပြီးသည့်အခါ ကျန်းကျန့်ဆန်ပြုတ်စားပြီး အနားယူလိုက်သည်။နေ့လယ်ရောက်ချိန်တွင် ကြက်ဥပြုတ်နှစ်လုံးနှင့်ထမင်းနှစ်ပန်းကန်တောင်းလိုက်သည်။


ဤနေရာမှာ စားသည့်ဟင်းများက ဆီမပါပျားမပါဖြစ်လေသည်။ထမင်းနှစ်ပန်းကန်တွင် ကျန်းကျန့်နှစ်ပန်းကန်လုံးစားနိုင်ပေမဲ့ ဤတစ်ကြိမ်တွင် တစ်ပန်းကန်ပဲစားပြီး ကျန်တစ်ပန်းကန်ကိုဝါးကျည်တောက်ထဲထည့်လိုက်သည်။ ကြက်ဥများကိုလည်း သူတစ်လုံးပဲစားပြီးတစ်လုံးကိုသိမ်းထားလိုက်သည်။


ထိုသို့လုပ်ပြီးနောက် သူ မီးဖိုချောင်သို့သွားပြီး ဝါးကျည်တောက်တစ်ခုကိုရေနွေးဖြည့်လိုက်သည်။ထို့နောက် ကျန်းကျန့်တစ်ယောက် တံခါးကနေထွက်ပြီး သူချိန်းထားသည့်သူလေးရှိရာ ထွက်လာခဲ့လိုက်သည်။