အပိုင်း၂၂
Viewers 24k

Chapter 22

Chapter 22

ကျန်းမိသားစုက ​ငွေထုတ်​ပေးရ




သူက ​အနာဂါတ်တွင် ကျန်းမိသားစုအ​ပေါ် မည်သည်ကိုမှ ထပ်မလုပ်ချင်​တော့။ ပြီး​တော့ အသက်ကြီး​နေပြီ ဖြစ်သည့် သားသတ်သမားကျန်းနှင့် သူ့မိန်းမကိုလည်း ​ရှောင်ရှားချင်သည်။

သဘာဝကျကျပင် သားသတ်သမားကျန်းအတွက် သူ့မိသားစု ပိုင်ဆိုင်မှုများကို ညီညီမျှမျှ ခွဲ​ဝေ​ပေးရန် မဖြစ်နိုင်​ပေ။ ထို့​ကြောင့် သူက ရှင်းရှင်းလင်းလင်းပင် စည်းတားကာ ထွက်သွားမည် ဖြစ်သည်။


ကျန်းကျန့်က ရိုးရိုးသားသားပင် များများစားစား မလိုချင်ခဲ့။ သူက ​ငွေပြား​လေးဆယ်ဖြင့် စပါးခင်း နှစ်မူကိုသာ ဝယ်နိုင်သည်။ ဟယ့်ရှီရွာမှ လူများက သူ့ကို အလွန် ​ထောက်ထားတတ်သည်ဟု ​တွေး​နေကြ​သော်လည်း ကျန်းမိသားစုတော့ အလွန် ​ပျော်ရွှင်​နေပုံမရ​ချေ။


သူတို့က ကျန်းကျန့်ကို သူတို့ရဲ့ ကျန်တဲ့ ဘဝတ​လျှောက်လုံးအတွက် ​အခမဲ့ ရေရှည်အလုပ်သမား တစ်​ယောက်လိုပဲ ​တွေးထားကြတာ​လေ... ဘယ်လိုလုပ်ပြီး ကျန်းကျန့်ကို ​ငွေပြား​လေးဆယ်နဲ့ ဆန်ငါးအိတ်​ပေးပြီး​တော့ ထွက်သွားခွင့်​ ​ပေးလိုက်နိုင်မှာလဲ... ​ငွေပြား​လေးဆယ်​တောင်​လေ... အဲ့​လောက်​ငွေကို သူတို့ ဘယ်​နေရာက​နေ သွားရှာရမှာလဲ...


သို့​သော်လည်း သူတို့က ကျန်းကျန့်၏ မျက်နှာကို မမြင်ချင်လျှင်​တောင် သူ့လက်ထဲမှ ယန်ကျင်းကို ကြည့်လိုက်မိ​သောအခါ အ​ပေးအယူ လုပ်ရန်သာ တတ်နိုင်တော့သည်။


"အစ်ကိုကြီး... အစ်ကို လိုချင်သမျှ အကုန် ​ပေးပါ့မယ်... အစ်ကိုယန်ကို မြန်မြန် လွှတ်​ပေးလိုက်ပါ"


ကျန်း​ချောင်ရှန့်က ကျန်းကျန့်ကို တိုက်ရိုက်ပင် သ​ဘောတူလိုက်သည်။


"မလုပ်နိုင်ဘူး" ကျန်းကျန့်က ဆိုသည်။


"အစ်ကိုကြီးက စကားကို ပြန်သိမ်း​တော့မလို့လား" ကျန်း​ချောင်ရှန့်က အံ့အားသင့်သွား​လေသည်။


"​​သေချာ​ပေါက် ဘယ်ဟုတ်မလဲ" ကျန်းကျန့်က ​ပြောလိုက်သည်။


"ဒါ​ပေမယ့် ဒီတစ်ကြိမ်​တော့ မင်း ငါ့ကို နာကျင်​စေချင်ခဲ့တာ​လေ... ဒါအတွက် ​နစ်နာ​ကြေး ပြန်​ပေးရမယ်... ရွာအ​နောက်ဘက်မှာ သက်ကယ်တဲအိမ်​​လေး ရှိတယ်... အဲ့ဒါကိုလည်း ငါ့ကို ​ပေးရမယ်... ပြီး​​တော့ မင်းက တဲအိမ်ကို ပြန်ပြင်​ပေးပြီး သန့်ရှင်း​ပေးရမယ်... ငါ့အတွက် ​နေလို့ရ​အောင် လုပ်​ပေးပြီးမှ သူ့ကို လွှတ်​ပေးနိုင်မယ်"


ကျန်းကျန့်က ယန်ကျင်း၏ မျက်နှာကို ဓါးဖြင့် ပုတ်လိုက်သည်။


ယခင်က ကျန်းကျန့်မှာ ကျန်းမိသားစုက သူ့အား မသတ်နိုင်​လောက်သဖြင့် ကျန်းမိသားစုထဲတွင် ​နေရဲသည်။ သူ့ကို အဆိပ် ခတ်ချင်လျှင်​တောင် သူရှာမ​တွေ့နိုင်​လောက်သည့် အ​ရောင်မရှိ အရသာ မရှိသည့် အဆိပ်ကို ရှာနိုင်မည် မဟုတ်​ပေ။ သို့​သော်လည်း ယခုတွင် သူက တရားရုံး​​တော်မှ အရာရှိတစ်​ယောက်ကို ဆန့်ကျင်မိခဲ့ပြီ ဖြစ်ရာ အခြားသူများ သူ့အ​ပေါ် အကွက်ဆင်ခြင်းမှ ​ရှောင်ရှားရန် ကျန်းမိသားစုတွင် ဆက်​နေ၍ မဖြစ်​တော့​။


ထို့ကြောင့်ပင် ကျန်းကျန့်က မိသားစုခွဲထွက်​ရေး အ​ကြောင်းကို တည့်တည့်သာ ​ပြောလိုက်ခြင်း ဖြစ်သည်။ ကျန်းမိသားစုအတွက်ကား သူတို့ကို သူ့အတွက် အိမ်တစ်လုံး ​ဆောက်ခိုင်းလိုက်မည်။


သူက လူများစွာကို ဆန့်ကျင်မိခဲ့ပြီဖြစ်၍ ​ကျောက်ကျင်း​ကောအ​ပေါ် မသက်​ရောက်​စေရန် ခွဲထွက်ပြီး​နောက် ​ကျောက်မိသားစုအိမ်တွင် ချက်ချင်းသွား​နေ၍ မဖြစ်​ပေ။ သူက ယခုတွင် တစ်​ယောက်တည်းသာ ​နေရ​ပေဦးမည်။


သူနှင့် ​ကျောက်ကျင်း​ကောတို့၏ ဆက်ဆံ​ရေးက လျှို့ဝှက်ချက်အဖြစ်သာ ထားရှိရန် တွန်းအား​ပေးခံရပြီး လက်ထပ်ပွဲကိုလည်း ​ရွှေ့ဆိုင်းရ​တော့မည် ဖြစ်​လေရာ ကျန်းကျန့်၏ စိတ်အ​ခြေအ​နေက ရုတ်တရက် ပိုဆိုးလာပြီး တစ်ချိန်တည်းမှာပင် ကျန်း​ချောင်ရှန့်ကို ရက်စက်သည့် အကြည့်တစ်ချက် ​ပေးလိုက်သည်။


ကျန်း​ချောင်ရှန့်၏ နှလုံးသား တုန်ယင်သွားပြီး​နောက် စိုးရိမ်ပူပန်လာခဲ့သည်။ ရွာအ​နောက်ဘက်မှ အိမ်က အမှန်တကယ်ပင် ပြိုကျလုဖြစ်​နေသည်။ ၎င်းကို ရှင်းလင်းရန် အချိန်များစွာ လိုလိမ့်မည်။ ကျန်းကျန့်ကသာ ယန်ကျင်းကို ထိုအချိန်အတွင်း လွှတ်မ​ပေးထားပါက ယန်ကျင်း နာကျင်ခံစားရပြီး သူ့အ​ပေါ် မုန်းတီး​နေမည်ကို စိုးရိမ်​နေခဲ့သည်။


ဒါ​ပေမယ့် အခု​တော့ ကျန်းကျန့်စကား နား​ထောင်ရုံကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ...


"ကျန်း​​ချောင်ရှန့်... အဲ့မှာ ဘာလုပ်​နေ​သေးတာလဲ... အိမ်ကို သွားပြင်​တော့​လေ"


ယန်ကျင်းက ​အော်ဟစ်လိုက်သည်။ သူ့လည်ပင်း​ပေါ်တွင် ဓါးတစ်​ချောင်းက ရှိ​နေ​သေးသည်။ ကျန်းမိသားစုက မြန်မြန်အပြီးသတ်​ပေးရန် လိုအပ်​နေ​ပေသည်။


ကျန်းကျန့်က ယန်ကျင်း၏ ခန္ဓါကိုယ်အ​ပေါ်ပိုင်းကို ကြိုးဖြင့် ခပ်တင်းတင်းစည်းလိုက်ပြီး ယန်ကျင်းကို မီးဖို​ဆောင်အတွင်းသို့ ​ခေါ်လာခဲ့သည်။ ထို့​နောက် သူက ဤကမ္ဘာသို့ ​ရောက်ရှိလာပြီး​နောက် အကြီးကျယ်ဆုံး ထမင်းတစ်နပ်ကို စား​သောက်​လေ​တော့သည်။


အဘွားကြီးကျန်းက ​နေ့လည်စာကို အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားခဲ့သည်။ ကျန်း​ချောင်ရှန့် ယ​နေ့ ပြန်​ရောက်လာပြီး တရားရုံးအရာရှိ တစ်ယောက် ​ခေါ်လာမည်​ကြောင့်လည်း ဖြစ်နိုင်သည်။ အဘွားကြီးကျန်းက အစားအ​သောက်များကို ​ပေါ​ပေါများများ ပြုလုပ်ထားခဲ့​လေသည်။


စားချင်စဖွယ် ထမင်းဖြူ တစ်အိုးကို သံအိုးကြီးထဲတွင် ချက်ပြုတ်ထားပြီး ​ပေါင်းခံစင်​လေးထက်တွင် ဝက်ဆားနယ်​ခြောက် တစ်ခွက်၊ ကြက်​ဥ​ပေါင်းများ၊ ကြက်သွန်ဖြူတစ်ခွက်နှင့်အတူ ၎င်းတို့​ဘေးတွင် မချက်ရ​သေး​သော အစိမ်း​ရောင် အသီးအရွက်နှင့် တိုဖူးတစ်တုံး ရှိ​နေ​ပေသည်။


ကျန်းကျန့်က ဤရက်အ​တောအတွင်း ကြက်ဥတစ်လုံးကို ​နေ့တိုင်းစားခဲ့ရသည်။ ညအချိန်တွင် သူနှင့်​ကျောက်ကျင်း​ကောတို့က ငါး​သေး​သေး​လေးများနှင့် ပုစွန်ဆိတ်တို့ကို အတူတကွ စား​သောက်ကြ​​သေးသော်လည်း သူတို့အသားမစားရသည်မှာ ကြာမြင့်ခဲ့​လေပြီ။ သူက အတုံး​လေးများ တုံးပြီး ​ပေါင်းထား​သော ဝက်​ဆားနယ်​ခြောက် တစ်ခွက်ကို ​တွေ့လိုက်ရသည့်အခါ အသားအနံ့​လေး ​ရလာပြီး ထမင်းတစ်အိုးလုံးကိုပင် ဝက်ဆားနယ်​ခြောက်ဖြင့် စားနိုင်​လောက်သည်။


သူက တူများဖြင့် ဝက်ဆားနယ်တုံး​လေးများကို ပါးစပ်ထဲသို့ သွပ်ကာ ထမင်းတစ်ပန်းကန် ချက်ချင်း ခူးလိုက်​လေသည်။


ဆီမပါ ဆားမပါဘဲ ပြုတ်ထား​သော ငါး​လေးများနှင့် ပုစွန်ဆိတ်တို့က အမှန်တကယ်ပင် အရသာ သိပ်မရှိလှ။ ၎င်းတို့ကို သူ့ခန္ဓါကိုယ်အတွက်သာ ​နေ့တိုင်းစား​နေရ​သော်လည်း ၎င်းတို့ကို စိတ်ကုန်​နေ​လေပြီ။ သို့​သော်လည်း ဤဝက်ဆားနယ်​ခြောက်က ထူးခြားသည်။


ကျန်းကျန့်က ဝက်ဆားနယ်​​ခြောက်ဖြင့် ထမင်းနှစ်ပန်းကန်ကို အသက်တစ်ရှိုက်စာအတွင်း အ​ပြောင်ရှင်းလိုက်ပြီး တူများကို တုန့်ဆုတ်ဆုတ်ဖြင့် ပြန်ချထားလိုက်သည်။ တစ်နှစ်လည်လုံး ယာဂုသာ ​သောက်ခဲ့ရသဖြင့် အကြီးဆုံးကျန်း၏ အစာအိမ်က ကျုံ့သွား​လေသည်။ ထို့​ကြောင့် သူ​နောက်ထပ် ထမင်းနှစ်ပန်းကန် ထပ်စားနိုင်​သေး​သော်လည်း ထမင်းအများကြီး စားခြင်းက ကိုယ်တွင်း လုပ်​ဆောင်မှုများအ​ပေါ် သက်​ရောက်မှု ရှိသွားနိုင်သည်။ ထို့​ကြောင့် အဆုံးတွင် သူက ထိန်းထားလိုက်​တော့သည်။


မည်သို့ပင် ဆိုစေကာမူ တရားရုံးအရာရှိက သူ့လက်ထဲတွင် ရှိ​နေသဖြင့် ဝဝလင်လင် မစား​သောက်ရမည်ကို စိုးရိမ်စရာ မလို​ပေ။


ကျန်းကျန့် စား​သောက်​နေချိန်တွင် ကျန်းအိမ်အပြင်ဘက်မှ အ​ခြောက်လှမ်း​မြေ​ပေါ်တွင် ကျန်းမိသားစုဝင်များက ရွာလူကြီးနှင့် အခြား​​သော ရွာသားအချို့နှင့်အတူ ​မည်သည်ကို ​နောက်ထပ် လုပ်ရမည့်အ​ကြောင်း ​ဆွေး​နွှေး​နေခဲ့ကြသည်။


သူတို့အားလုံးက ကျန်းကျန့် တရားရုံးအရာရှိအား ပြန်​ပေးဆွဲလိုက်သည့်အ​ကြောင်းကို အခြားသော အရာရှိများအား သတင်းပို့ရန် မဆိုထားနှင့် ပြင်ပကမ္ဘာကြီးကိုပင် သိ​မသွားစေချင်ကြသည့် တူညီ​သော ရည်ရွယ်ချက်များ ရှိ​နေကြသည်။ သူတို့သာ ကျန်းကျန့်ကို ​ဒေါသထွက်မိ​​စေပါက ကျန်းကျန့်က ကိစ္စရပ်များကို ပိုဆိုးလာ​အောင် လုပ်​ပေ​တော့မည်။


ဤကိစ္စ၌ သူတို့က ကျန်းကျန့်၏ ​တောင်းဆိုချက်များကို ဖြည်းဆည်း​ပေးရန်သာ အ​ကောင်းဆုံး လုပ်​ဆောင်ကြရ​ပေ​တော့မည်။


"​ငွေပြား​လေးဆယ်... ငါတို့မိသားစုက ငါ့ကို ​ရောင်းလိုက်ရင်​တောင် ​ငွေပြား​လေးဆယ် ရမှာ မဟုတ်ဘူး"


အဘွားကြီးကျန်းက ​မြေ​ပေါ်တွင် ထိုင်ကာ ​အော်ဟစ် အကူအညီ​တောင်း​နေသည်။ သူမက သူ့ကို အမှန်တကယ်ပင် ​ငွေမ​ပေးလိုက်ချင်။


ကျန်းမိသားစုက ဘဝ​ကောင်းတစ်ခု ရှိပြီး သူတို့၏ မိသားစုကလည်း အ​ခြေ​အ​နေ​ကောင်းပါ​သော်ငြား ​ငွေပြား​လေးဆယ်က... ထိုအခိုက်၌ သူတို့ မထုတ်​ပေးနိုင်။


လွန်ခဲ့​သော လအနည်းငယ်က သူတို့၏ မိသားစုတွင် ​​ငွေပြား​ခြောက်ဆယ် ရှိ​နေဆဲ ဖြစ်​​သော်လည်း ကျန်း​ချောင်ရှန့်က သတို့သမီးတင်​တောင်​ကြေးအတွက် ​ငွေပြားသုံးဆယ်ကို ယူသွားပြီး ခမ်းခမ်းနားနား မင်္ဂလာ​ဆောင်နိုင်ရန်အတွက် ပစ္စည်းအမျိုးအစား အားလုံး ဝယ်ယူရန် ​နောက်ထပ် ​ငွေပြား နှစ်ဆယ် ထပ်သုံးလိုက်ရသည်။ ယခုလက်ရှိတွင် အဘွားကြီးကျန်း၏ လက်ထဲ၌ ​ငွေပြား ခုနစ်ပြား ရှစ်ပြားသာ ကျန်ရှိ​လေ​တော့သည်။


"ကျွန်​တော့်အိမ်မှာ ​​ငွေနည်းနည်း ရှိ​သေးတယ်... ဘာပဲဖြစ်ဖြစ် သူ့ကို ​ပေးနိုင်ဖို့ ​ငွေလုံလုံ​လောက်​လောက် စုဖို့လိုတယ်"


ကျန်း​ချောင်ရှန့်က ​ပြောလိုက်သည်။ အဆုံးတွင် ယန်ကျင်းက ကျန်းကျန့်၏ လက်ထဲတွင်သာ ရှိ​နေ​သေး​ပေသည်။“


"တတိယသားမှာ ​ငွေဘယ်​လောက် ရှိလဲ" သားသတ်သမားကျန်းက ​ပြောလိုက်သည်။


"ကျွန်​တော့်လက်ထဲမှာ ငွေများများစားစား မရှိ​ပေမယ့် ရှုဖန်လက်ထဲမှာ ရှိတယ်... ကျွန်​တော့်ဆီက ​ငွေဆယ်ပြား ရနိုင်မယ်" ကျန်း​ချောင်ရှန့်က ​ပြောလိုက်သည်။ စီရင်စုမြို့တွင် သူ့လစာက မနိမ့်ဘဲ လတိုင်းတွင် ​ငွေနှစ်ပြား ရပါ​သော်လည်း သူက စုစု​ပေါင်း နှစ်နှစ်မျှသာ အလုပ်လုပ်ရ​သေးရာ သဘာဝကျကျပင် သူက ​ငွေပြားများစွာ မစု​ဆောင်းမိ​ပေ။ သူ ကျူးရှုဖန်နှင့် လက်ထပ်ရ​သောအခါ ကျူးမိသားစုက မူလတွင် တင်​တောင်း​ငွေကို​ငွေပြား​လေးဆယ်ဟု သတ်မှတ်ထား​သော်လည်း အဘွားကြီးကျန်းက ​ငွေပြားသုံးဆယ်သာ ​ပေးရန် ဆန္ဒရှိသဖြင့် ကျန်​​ငွေပြားဆယ်ပြားကို သူ့ဘာသာပင် ​ပေးလိုက်ရသည်။


အဆုံးတွင် သူ့လက်ထဲ၌ ​ငွေမရှိ​တော့။ သို့​​သော်လည်း ကျူးရှုဖန်က​တော့ ရှိ​နေသည်။


သားသတ်သမားကျန်းက ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။


"သားမှာ ​ငွေပြား ဆယ်ပြား ရှိတယ်... မင်းအ​မေနဲ့ ဒုတိယအစ်ကိုက အားလုံး​ပေါင်းမှ ​ငွေဆယ်ပြားပဲ ရှိမယ်လို့ ခန့်မှန်းရတာပဲ... ​ငွေပြား​လေးဆယ်ကို ဘယ်က​နေ သွားရှာကြရမှာလဲ"


"ဒီဓါးသတ်သမားက​တော့ ကျွန်မတို့ကို သတ်ဖို့ လုပ်​နေတာပဲ... ကိုယ့်မိသားစုအတွက် အလုပ်လုပ်​ပေးရတာကို ဘယ်လိုများ လခ​တောင်းနိုင်ရ​သေးတာလဲ"


အဘွားကြီးကျန်းက သူ့မိသားစုအ​ကြောင်း ​ဖော်ထုတ်လိုက်သည်ကို ကြား​သောအခါ ပို၍ပင် ငို​ကြွေးမိ​လေသည်။ သူမက ​ငွေများကို လုံးဝ မထုတ်​ပေးချင်ပါ​ပေ။


အတိတ်တွင် ကျန်း​ချောင်ရှန့်က ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာပါက အဘွားကြီးကျန်းကို ​သေချာ​ပေါက် ​ချော့​မော့မည် ဖြစ်​သော်လည်း ယ​​​နေ့တွင်မူ သူသည်လည်း စိတ်​ကောင်းဝင်မ​နေခဲ့​ပေ။


ကျန်း​​ချောင်ရှန့်က ​ဘေးတဝိုက်မှ လူများကို ဦးညွှတ်ကာ ​ပြောလိုက်သည်။


"ဦး​​လေးတို့ အ​ဒေါ်တို့... ကျွန်​တော်တို့ မိသားစုက ​ငွေပြား​လေးဆယ်ကို အခု ထုတ်​မ​ပေးနိုင်​သေးဘူး... ကျွန်​တော်တို့ကို ​ငွေများ ​ချေး​ပေးလို့ ရမလား သိချင်ပါတယ်" ထိုကိစ္စကို လူသိရှင်ကြား ​ဆွေး​နွေးခဲ့စဥ်က သူ့​ဘေးမှ လူများထံမှ ​ငွေ​ချေးမည်ဟု ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်သည်။


ရွာထဲမှ လူများ အားလုံး ဤ​နေရာ၌ ရှိ​နေကြသည်။ မိသားစုတစ်စုကသာ နည်းနည်း​ချေး​ပေးပါက အခြားမိသားစုများကလည်း ​​ငွေ​ချေး​ပေးကြ​ပေလိမ့်မည်။ သူတို့ အခု ​​ငွေဝင်​နေသ​ရွေ့ ​နောက်ပိုင်းမှာ ​သေချာပေါက် ပြန်​​ပေးနိုင်မှာပဲ...


"​ချောင်ရှန့်... ငါမင်းကို ​ငွေငါးပြား ​ချေး​ပေးမယ်"


ရွာလူကြီး ကျန်းဖျင်က ဆိုလိုက်သည်။


"ငါကလည်း လယ်သမား တစ်​ယောက်ပါပဲကွာ... ငါတို့မိသားစုမှာလည်း သားငယ်​လေး​တွေ အများကြီးရှိ​သေး​တော့ ​နောက်ထပ်​တော့ မ​ပေးနိုင်​တော့ဘူး"


သူသာ ရွာလူကြီး မဟုတ်ပါက အကြီးဆုံးကျန်း တရားရုံး အရာရှိအား သတ်လိုက်မည်ကိုလည်း သူမ​ကြောက်​ပေ။ ​ငွေငါးပြားကိုလည်း ထုတ်​ပေးလိမ့်မည် မဟုတ်​။


သိသိသာသာပဲ အကြီးဆုံးကျန်းကို ရူးသွပ်သွား​အောင် တွန်းအား​ပေးပြီး သူ့အ​ပေါ် ​ကောင်းမ​ပေးခဲ့ကြတဲ့သူက ကျန်းမိသားစုပဲ​လေ... ဘယ်လိုလုပ်ပြီး သူတို့က ​ငွေမထုတ်​ပေးရနိုင်​အောင် ဖြစ်နေ​ရ​သေးတာလဲ...


ကျန်းဖျင်က သူ့ပါးစပ်ကို ဖွင့်လိုက်သည့်အခါ အခြား​သော ကျန်းမိသားစုဝင် ​​မြောက်များစွာကလည်း ​ငွေချေး​ပေးကြရန် အနည်းနှင့်အများ သ​​ဘောတူလာကြသည်။ သူတို့အများစုက ​ငွေ နှစ်ပြား သုံးပြား ​ချေးရန် သ​ဘောတူကြပြီး အချို့က တစ်ပြား နှစ်ပြားသာ ဖြစ်သည်။


အချိန်တို​လေးအတွင်းမှာပင် ကျန်းမိသားစုဝင်များ၏ ကိုယ်ပိုင် ​ငွေပြားနှစ်ဆယ် ထပ်​ပေါင်းလိုက်​​သော် ​ငွေပြား သုံးဆယ့်ခုနှစ်ပြား သုံးဆယ့်ရှစ်ပြားအထိ စု​ဆောင်းမိသွားသည်။


ကျန်းမိသားစုနှင့် ဆက်ဆံ​ရေး​ကောင်း​သော ရွာသားများမှာ ​ငွေ​ချေးရန် ဆန္ဒရှိကြ​သော်လည်း သူတို့နှင့် သာမန်သာ ဆက်ဆံ​ရေးရှိကြသူများမှာ ထိုသို့ မလုပ်​ပေးလိုကြ။ကျန်းမိသားစုက ဒီ​လောက် ​ငွေအများကြီး ​ချေးထားပြီး ပြန်​ပေးဖို့ ဘယ်​​လောက်ထိ ကြာဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ...


သို့​သော်လည်း သူတို့က ​ငွေ​​ချေးရန် ဆန္ဒမရှိကြ​လျှင်​တောင် တစ်ခုခု ကူညီ​ပေးရန် ဆန္ဒရှိ​နေကြဆဲ ဖြစ်သည်။ သ​င်္ဘောဆိပ်ကမ်းတွင်မကြာခဏ အလုပ်လုပ်​လေ့ရှိသည့် ရွာသားတစ်​ယောက်က ဆိုသည်။


"ကျန်း​​ချောင်ရှန့်... ငါ့မိသားစုက ဆင်းရဲ​တော့ ငါ့မှာ ​ငွေမရှိ​ပေမယ့် ခွန်အားတော့ ရှိ​သေးတယ်... ရွာအ​နောက်ဘက်က တဲအိမ်ပျက်က လုံးဝ လူ​နေလို့ မရ​တော့ဘူး... အိမ်မပြောင်းခင် နံရံ​တွေကို ပြန်ပြင်ရ​လောက်တယ်... ငါက အဲ့​နေရာမှာ​တော့ အသုံးဝင်မှာပါ"


"သူက ​ငွေယူပြီးတာ​တောင် အိမ်လိုချင်​နေ​တုန်းပဲ... ဒီမျိုးမစစ်​ကောင်က​တော့ မျက်နှာကိုထူတယ်" အဘွားကြီးကျန်းက ထပ်ပြီး ဆဲ​ရေးလိုက်ပြန်သည်။


ရွာအ​နောက်ဘက်မှ ​မြေများက ကျယ်လည်းမကျယ် ​မြေသြဇာလည်း မ​ကောင်း​ပေ။ ထိုနေရာတွင် အသီးအရွက်များနှင့် ပဲကိုသာ စိုက်​လေ့ရှိပြီး တဲအိမ်​လေးကလည်း လူမ​နေသည်မှာ အချိန်အ​တော်ကြာ​လေပြီ။ ကျန်းမိသားစုအတွက် ထို​ပစ္စည်းနှစ်ခုမှာ ​ပြောပ​လောက်သည်အထိ တန်ဖိုးမရှိပါ​​သော်လည်း ထိုသို့ ဖြစ်လျှင်​တောင် အဘွားကြီးကျန်း ကျန်းကျန့်ကို ​ပေးလိုက်ရန် တွန့်ဆုတ်​နေဆဲ ဖြစ်သည်။


အမှန်တကယ်တွင် သားသတ်သမားကျန်းသည်လည်း တွန့်ဆုတ်​နေပါ​သော်လည်း ကျန်းကျန့်ကို​တော့ ​ကြောက်ရွံ့လှသည်။ သားသတ်သမားကျန်းက သက်ပြင်းချကာ လူအချို့ကို​ခေါ်၍ ရွာအ​နောက်ဘက်ကို တစ်ချက်သွားကြည့်ရန် ပြင်လိုက်သည်။ သို့​သော်လည်း သူမ​ပြောနိုင်ခင်မှာပင် ကျန်းကျန့်က ယန်ကျင်းအား မီးဖို​ချောင်ထဲမှ ဆွဲထုတ်လာသည်ကို ​တွေ့လိုက်ကြရသည်။


"ဒီမျိုးမစစ်​ကောင်က ဒီ​လောက်မုန်းစရာ ​ကောင်းမယ်ဆိုတာကိုသာ သိခဲ့ရင် အိမ်သာထဲမှာ ​မွေးပြီးပြီးချင်း ​ရေခွက်ထဲကို ​ရေနှစ်ပြီး သတ်လိုက်တယ်"


အဘွားကြီးကျန်းက ကျန်းကျန့်ကို မမြင်သဖြင့် သူမက သူ့ကို ဆက်လက်ကြိမ်း​မောင်း​နေဆဲ ဖြစ်သည်။


"ဘာလို့ သူက ​သေမသွားရတာလဲ... သူ့ဘဝက ပုလိပ်​ရောဂါလိုပဲ"


"တိတ်စမ်း"


သားသတ်သမားကျန်းက အဘွားကြီးကျန်းကို လှမ်းဟန့်လ်ုက်ပြီး ကျန်းကျန့်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


ကျန်းကျန့်က ယန်ကျင်းကို ဆွဲထုတ်လာပြီး အပြင်ဘက်မှ လူများကို အပြုံး​လေးတစ်ချက်ဖြင့် ကြည့်လိုက်သည်။ အဘွားကြီးကျန်း သူ့ကို မြင်​သောအခါ လည်ပင်းညှစ်ခံရသည့်အလား သူမ၏ အသံက ဆို့နင့်သွား​လေသည်။


"သက်ကယ်တဲအိမ်က အရမ်းပျက်စီး​နေပြီ ဆိုတာကို သတိရမိသွားလို့ ပြန်ပြင်ဖို့ဆို အများကြီး အားထုတ်ရလိမ့်မယ်... ​ဘေးမှာ အိမ်အသစ်တစ်လုံး ​ဆောက်​ပေးရင် ပို​ကောင်းမယ်... ​တောင်ဘက်ကို မျက်နှာမူတဲ့ အိမ်ကြီးနှစ်လုံးနဲ့ ​မြောက်ဘက်ကို မျက်နှာမူတဲ့ တဲအိမ်မှာလည်း သံအိုး​တွေ မပြတ်​လပ်စေနဲ့..."


ကျန်းကျန့်က ​တောင်းဆိုမှုများစွာ လုပ်လိုက်ပြီး​နောက် ​ပြောလိုက်သည်။


"​ထောင့်​တွေကို ဖြတ်ဖို့ မလုပ်ရင် ပို​ကောင်းမယ်... မင်း​ကောင်း​ကောင်း မလုပ်ရင် ဒီအရာရှိရဲ့ အသားကို ဖြတ်လိုက်မယ်"


ပြီး​နောက် ကျန်းကျန့်က ​ဓါးကို ထုတ်ကာ ယန်ကျင်း၏ မျက်နှာ​ပေါ်တွင် ဓါးဖြင့် ဆွဲခြစ်လိုက်ပြန်သည်။