အပိုင်း၂၃
Viewers 24k

Chapter 23

Chapter 23

စ​တော့ဟုမ်း ​ရောဂါလက္ခဏာ



ကျန်းကျန့်ထံမှ မျက်နှာ​ပေါ်တွင် ဓါးဖြင့် ဆွဲခြစ်ခံလိုက်ရ​သော ယန်ကျင်းမှာ သူ့မျက်နှာတစ်ခုလုံး ​​သွေးလွှမ်းသွားခဲ့​​လေပြီး အလွန်အမင်း သနားစရာ ​ကောင်းသွားကာ လူတိုင်းကို ကျန်းကျန့်၏ စကားလုံးများအား ယုံကြည်သွား​စေသည်။


ဒီဂြိုလ်ဆိုး​ကောင်က လူ့အသားကို တကယ်ကြီး ဖြတ်ပစ်တယ်...


"အကြီးဆုံးအစ်ကို... အစ်ကို့အတွက် အိမ်​ဆောက်​ပေးပါ့မယ်... ​ပြောစရာရှိရင် ​ပြောသာ​ပြောပါ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"


ကျန်း​ချောင်ရှန့်က အ​လောတကြီး ​ပြောလိုက်ပြီး​နောက် ​နောင်တအကြီးအကျယ် ရသွား​လေသည်။ သူ့အစ်ကိုကြီးသာ ထိုကဲ့သို့​​သော လူတစ်​ယောက် ဖြစ်​ကြောင်း သိခဲ့ပါက သူ့ကို ဆန့်ကျင်ခဲ့မည် မဟုတ်​​ပေ။


"ကောင်း​ကောင်း ​ပြော​စေချင်ရင် မြန်မြန် လှုပ်ရှား​တော့​လေ"


ကျန်းကျန့်က ​အေးတိ​အေးစက်ဖြင့် ​ပြောလိုက်သည်။


"စကားမစပ်... အိမ်​ထောင်စု မှတ်ပုံတင်က ငါတစ်​ယောက်တည်းအတွက်ပဲ လုပ်ထား​နော်... မင်းတို့ မိသားစုနဲ့ ဘာဆက်ဆံ​ရေးမှ မရှိချင်ဘူး"


ကျန်းကျန့်၏ ထိုး​ဖောက်မတတ် ဖြစ်​နေ​သော အသွင်အပြင်ကို ​တွေ့လိုက်ရ​သောအခါ ကျန်း​ချောင်ရှန့်က မသိလိုက်မသိဘာသာဖြင့် ​နောက်သို့ ​ခြေတစ်လှမ်း ဆုတ်မိသွားသည်။


ကျန်းကျန့်က သူ၏ ​ခွေးနှင့် တူ​နေ​သော ပုံစံကို ကြည့်ကာ စိတ်​ကောင်းဝင်သွားသည်။ သို့​​သော်လည်း သူ​မော့ကြည့်လိုက်သည့်အချိန်တွင် အပြင်ဘက်ရှိ လူအုပ်ထဲမှ သူ့ကို ကြည့်​နေ​သော ​ကျောက်ကျင်း​ကောကို မထင်မှတ်ဘဲ ​တွေ့လိုက်ရ​​လေသည်။


ကျန်းကျန့်: “. . .”


သူ့ကျင်း​ကော​လေးကို သူက အမှန်တကယ်တွင် လွန်စွာ ကျိုး​ကြောင်းညီသူ ဖြစ်​ကြောင်း ​ပြောပြရ​ပေ​တော့မည်။ ​နောက်ကျလွန်းသွားပြီလား...


ကျန်းကျန့်က အနည်းငယ် စိတ်ပူသွား​သော်လည်း မကြာမီမှာပင် သူ့နှလုံးသားက ငြိမ်ကျသွားခဲ့​လေသည်။ ​ကျောက်ကျင်း​ကောက မနှစ်မြို့ခြင်း သို့မဟုတ် မုန်းတီးမှု အရိပ်အ​ယောင် တစ်ခုမှ ရှိမ​နေဘဲ သူ့ကို စိုးရိမ်စွာ ကြည့်​နေခဲ့သည်။


သူ့​ကျင်း​ကော​လေးက သူ့ကို အရမ်းကြိုက်ပြီး သူ့ကို မုန်းမှာ မဟုတ်ဘူး ဆိုတာကို သိသားပဲ...


​ကျန်းကျန့်က ရယ်ချင်မိသွားသည်။ သူက ရယ်သံကို မထိန်းလိုက်နိုင်မီ နှစ်ကြိမ်မျှ ​ချောင်းဟန့်လိုက်​လေသည်။ အဆုံးတွင် သူက လူများကို ​ခြောက်လှန့်ရန် ရက်စက်သည့် မျက်နှာ​ပေးမျိုး ထပ်မပြ​တော့။ ထိုအစား သူက ကြိုးတုပ်ခံထားရ​​သော ယန်ကျင်းကို ကျန်း​ချောင်ရှန့်၏ အိမ်အတွင်းသို့ ဆွဲသွင်းကာ အပြင်ဘက်မှ လူများကို ​ပြောလိုက်သည်။


"ငါတစ်ရေး​လောက် အိပ်ဦးမယ်... မြန်မြန် ကိစ္စပြတ်​အောင် လုပ်တာ ​ကောင်းမယ်​နော်"


ထိုစကား ​ပြောပြီး​နောက် ကျန်းကျန့်က တံခါးကို ​ဆောင့်ပိတ်သွား​လေသည်။


​ကျောက်ကျင်း​ကောက ပိတ်ထား​သော တံခါးကို စိုးရိမ်စိတ်ဖြင့် ကြည့်​နေခဲ့သည်။ ကျန်းကျန့်... ဒီလူက တရားရုံး အရာရှိကိုပါ ပြဿနာ ရှာမိသွားပြီ... သူတကယ် အဆင်​ပြေပါ့မလား...


​ယ​နေ့တွင်လည်း ပုံမှန်လိုပင် ကျောက်ကျင်း​ကောက ​ကျောက်တ​ဟူ၏ မိသားစုတွင် အလုပ်လုပ်​နေခဲ့ပြီး အလုပ်လုပ်လက်စတွင် ကျန်းမိသားစု၌ တစ်ခုခု ဖြစ်နေကြာင်း တစ်​ယောက်​ယောက်က ​ပြော​ဆိုနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။


ကျန်းမိသားစုမှာ ဘာဖြစ်လို့လဲ... ကျန်းကျန့် အဆင်​ပြေပါ့မလား... သူက သူ့ကို စကားလာမ​ပြောလျှင်​တောင် သူ့​ရှေ့တွင် အမြဲတမ်း ​လျှောက်ပြန်သံ​ပေး လုပ်​လေ့ရှိသည်။ ​နေ့လည်အချိန်တွင် သူ့ကို ညစာစားရန် လာ​ခေါ်​လေ့ရှိသည့် ကျန်းကျန့်က ယ​​နေ့တွင် သူ့အရိပ်ကိုပင် ပြမလာခဲ့​ပေ။ ​ကျောက်​ကျင်း​ကော စိတ်မပူဘဲ မ​နေ​တော့။


သူက အလုပ်လုပ်ရာတွင် စိတ်မပါ​တော့ဘဲ ​ကျောက်တဟူ မိသားစုကို အ​ကြောင်းကြားကာ ရွာသို့ ပြန်လာပြီး ရွာသားများစွာ ခြံရံထား​သော ကျန်းမိသားစုအိမ်တံခါးဝသို့ ​ရောက်လာခဲ့သည်။


မည်သည်ကိုမှ သူမသိရ​သေးခင်မှာပင် ​ကျောက်ကျင်း​ကောက ကျန်းကျန့်တစ်​ယောက် တရားရုံးအရာရှိတစ်​ယောက်နှင့်အတူ ​ဟောခန်းထဲမှ ထွက်လာသည်ကို ​တွေ့လိုက်ရပြီး တရားရုံးအရာရှိကလည်း များစွာ ထိခိုက်ထားရဟန်တူသည်...


ဒီ​နေရာမှာ ဘာ​တွေ ဖြစ်​နေပါလိမ့်...


​ကျောက်ကျင်း​ကောက ကျန်းကျန့် ကျန်း​ချောင်ရှန့်၏ အခန်းထဲသို့ ဝင်သွားသည်ကို ကြည့်ကာ စိတ်လှုပ်ရှားစရာ ကိစ္စများကို လာကြည့်​နေ​သည့် ​ကောတစ်​ယောက်ကို ​မေးမြန်းလိုက်သည်။


"ကြည့်ရတာ... တတိယအစ်ကိုကျန်းက တရားရုံး​တော် အရာရှိ တစ်​ယောက်ကို အိမ်ပြန်​ခေါ်လာပြီး အကြီးဆုံးကျန်းကို ​​ထောင်ထဲပို့ဖို့ လုပ်ခဲ့တယ်ထင်တာပဲ... ရလဒ်က​တော့ အကြီးဆုံးကျန်းက အရာရှိကို ဖမ်းထားလိုက်​တော့တာ​လေ"


ထို​ကောက ​ယောကျ်ား တစ်​ယောက်နှင့် တူ​လုနီးပါး ဖြစ်သော​ ​ကျောက်ကျင်း​ကောကို ကြည့်ကာ မလွယ်ကူဟန်ဖြင့် သက်ပြင်းချလိုက်သည်။


"အခု​တော့ ဘာ​တွေ ဖြစ်သွားပြီလဲ... ငါတို့ရွာမှာ တရားရုံး​တော် အရာရှိတစ်​ယောက်ကို တိုက်ခိုက်လိုက်တဲ့သူ တစ်​ယောက် ရှိ​နေပြီ... ​နောက်ဆိုရင် ငါတို့ရွာကို လာကြမဲ့အရာရှိ​တွေ အခွန်​တွေ တိုး​ကောက်တော့မယ်လို့ ထင်လား"


"ဒီအကြီးဆုံးကျန်းကလည်း လွန်လွန်းပါတယ်... သူက သူ့အ​​​ဖေ အ​မေနဲ့ ညီအစ်ကို​တွေကို တိုက်ခိုက်ရုံတင်မကဘူး... တရားရုံး​တော် အရာရှိတစ်​ယောက်ကိုပါ တိုက်ခိုက်လိုက်​သေးတယ်"


တစ်​ယောက်​ယောက်က သူတို့၏ စကားဝိုင်းကို ဖြတ်​ပြောလိုက်သည်။


"ဟုတ်တယ်... ဒီလူက လွန်လွန်းတယ်... ငါ​တော့ အဘွားကြီးကျန်း မှားတယ်လို့ မထင်ဘူး... သူက တကယ် ဂြိုလ်ဆိုးကောင်ပဲ... အဘွားကြီးကျန်းက သူ့ကို ဖမ်းဖို့ အရာရှိတစ်​ယောက် သွား​ခေါ်လာတာ အံ့သြစရာ မရှိ​တော့ဘူး"


တစ်​ယောက်​ယောက်က တီးတိုး​ပြောလိုက်သည်။


"အသံ​လျှော့​ပြောဟ... ဂြိုလ်ဆိုး​ကောင် မကြား​စေနဲ့" တစ်​ယောက်​ယောက်က ​ကြောက်​ကြောက်လန့်လန့်ဖြင့် တီးတိုး​ပြောလိုက်ပြန်သည်။


သူတို့အားလုံးက အတူတကွ ​နေထိုင်ခဲ့ကြသည်။ ယခုအချိန်မတိုင်မီအထိ မည်သူကမှ ကျန်းကျန့်ကို မ​ကြောက်လန့်ခဲ့ကြ​ပေ။


ရွာထဲမှ လူများမှာ တရားရုံး​တော်မှ လူများကို ဆန့်ကျင်မိပြီး ဒုက္ခ​ရောက်မည်ကို စိုးရိမ်​နေခဲ့ကြသည်။ သို့​​သော်လည်း ​ကျောက်ကျင်း​ကောက သူတို့၏ စကားများကို ကြား​သောအခါ ကျန်းကျန့်အတွက် စိုးရိမ်လာပြီး ကျန်းမိသားစုကိုလည်း စက်ဆုပ်သွားသည်။


သူ အခု ဘာလုပ်သင့်လဲ... ကျန်းကျန့်ဆီ သွားလည်ရမလား... သူ့ကို အပြင်ထွက်လာဖို့ ကူ​ပေးလိုက်ရမလား"


"ကျင်း​ကော... ဒီမှာ ဘာလုပ်​နေတာလဲ... အ​မေနဲ့ အိမ်ပြန်လိုက်ခဲ့" ​


ကျောက်လျူသည်လည်း အဖြစ်အပျက်များကို ကြည့်ရန် ​ရောက်လာခဲ့သည်။ ထင်မှတ်မထားစွာဖြင့် သူမ၏ သားကိုလည်း ဤ​နေရာတွင် ​တွေ့လိုက်ရ​လေသည်။ သူမက ​ခြေလှမ်းအနည်းငယ် တိုးသွား​နေသည့် ကျောက်ကျင်း​ကော၏ လက်ကို ဆွဲကာ ​ပြောလိုက်သည်။


"အကြီးဆုံးကျန်းက ရူး​နေပြီ... သူက တရားရုံး အရာရှိနဲ့​တောင် တိုက်ခိုက်လိုက်​သေးတယ်... အိမ်မြန်မြန် ပြန်ရ​အောင်... ဒါမှ အ​မေတို့လည်း ပြဿနာထဲ မပါမှာ"“


​ကျောက်ကျင်း​ကောက သူ့အ​မေ၏ ပိန်ပိန်ပါးပါး ခန္ဓါကိုယ်​လေး တုန်ယင်​နေသည်ကို ​တွေ့​သောအခါ ကျန်းကျန့်ဆီကို သွားမည့် သူ့ကိုယ်သူ တားလိုက်ပြီး ပြန်လှည့်လိုက်သည်။


"ကျင်း​ကော... အကြီးဆုံးကျန်းနဲ့ မ​​တွေ့နဲ့​တော့... သူ​ပေးလာတဲ့ ငါး​တွေကိုလည်း မယူနဲ့... အ​မေတို့မှာ ဒီလိုဂြိုလ်ဆိုးကောင်မျိုးကို ဆန့်ကျင်လို့ မဖြစ်ဘူး" ​


ကျောက်လျူက သူမ၏ သားကို အိမ်သို့ ဆွဲခေါ်လာခဲ့သည်။ အချိန်အ​တော်ကြာ လမ်း​လျှောက်ပြီး​နောက် သူမက ထိုစကားကို ​ပြောလိုက်သည်။


ငါ့သားက ဒီရက်​တွေထဲမှာ အကြီးဆုံးကျန်းနဲ့ ရင်းနှီး​နေတာ... ဒါ​ပေမယ့် ဒီလို ဆက်ဖြစ်လို့ မရဘူး...


"အ​မေ... သူက လူဆိုး မဟုတ်ပါဘူး" ​ကျောက်ကျင်း​ကောက ကျန်းကျန့်ဘက်မှ ​ပြော​ပေးလိုက်သည်။“


"အ​မေ ဒီ​နေ့ ​တွေ့ခဲ့တယ်... သူက အ​ဖေရင်းကို​တောင် သတ်နိုင်တယ်... အ​မေတို့ မိသားစုထဲမှာ ဒီလိုလူရှိလို့ မရဘူး... သူနဲ့ ​ဝေး​ဝေး​နေတာ ​ကောင်းမယ်"


ထို့​နောက် ​ကျောက်လျူက ဆက်​ပြောလိုက်သည်။ "ပြီး​တော့ အခု ရွာထဲမှာ သူ့ကို ဘယ်သူမှ မကြိုက်ကြ​တော့ဘူး"


သူတို့က ရွာသားများကို ဘယ်​သောအခါမှ မဆန့်ကျင်နိုင်​ပေ။


​ကျောက်ကျင်း​ကောက နှုတ်ခမ်းလှုပ်လိုက်​​သော်လည်း တိတ်ဆိတ်​နေဆဲ ဖြစ်သည်။ သူ့မိဘများအတွက် စဥ်းစား​ပေးပြီး ကျန်းကျန့်ကို ​နေ့ဘက်တွင် မ​တွေ့နိုင်​တော့။ ဒါ​ပေမယ့်... ညမှာ ​တွေ့လို့ရ​သေးတာပဲ...


.......


ကျန်းကျန့်က တစ်​ရေးအိပ်​နေသည်။


သူက လတ်တ​​လောတွင် တ​ရေးအိပ်တတ်သည့်အကျင့်ကို ​လေ့ကျင့်​နေခဲ့သည်။ သူက လှဲအိပ်လိုက်ပြီး မကြာမီမှာပင် အိပ်​ပျော်သွား​လေ​ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေခဲ့ခြင်း ဖြစ်သည်။


သူ့ထံမှ ​သေတ္တာနှင့် တွဲချည်ခံထားရသည့် ယန်ကျင်းမှာ ၎င်းကို သတိပြုမိသွား​သောအခါ သူ့နှလုံးသားမှာလည်း ​ငြိမ်သက်သွားခဲ့သည်။ သူ ​နောက်ဆုံး​တော့ အသက်ဝဝရှုနိုင်​လေပြီ။


မတိုင်မီက အရာအားလုံးမှာ သူ့အတွက် အိမ်မက်ဆိုးကြီး တစ်ခုလိုပါပင်။ ဒီလို ဂြိုလ်ဆိုး​ကောင်ကို ဆွမိတဲ့အထိ ဘယ်​​လောက်​တောင် ကံဆိုး​နေတာလဲ...


ယန်ကျင်းက ကျန်းကျန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေသည်ကို ကြည့်ကာ ​ကြောက်လန့်မှုများ မရှိ​တော့။ သူက ​မျှော်လင့်ချက်​လေးများပင် ​ပေါ်​ပေါက်လာခဲ့ရ​လေသည်။ သူ... ဒီအခွင့်အ​ရေးကို သုံးပြီး ထွက်​ပြေးလိုက်ရမလား...


သူက အမှန်တကယ်ပင် ထိုလူနှင့် အတူ မ​နေချင်​ပေ။ သူက ထွက်​ပြေးသွားပြီး ဘယ်​တော့မှ ပြန်မလာချင်​တော့။


တရားရုံးအရာရှိ တစ်​ယောက် အ​နေဖြင့် ယန်ကျင်းက စီရင်စုမြို့တွင် လူဆိုးအချို့နှင့် ရင်ဆိုင်​ဖြေရှင်းရ​လေ့ရှိပြီး သူတို့ထံမှလည်း ကြိုး​ဖြေခြင်းကဲ့သို့​​ အချို့​သော ကျွမ်းကျင်မှုများကို သင်ယူခဲ့သည်။ ​သေချာ​ပေါက် သူက​ အကျွမ်းချည်း​တော့ မဟုတ်​ပေ။


သူ့လက်တစ်ဖက်ကို ​ဖြေရန်ပင် နာရီဝက်မျှ ကြာသွားခဲ့သည်။ ယန်ကျင်းက ​နောက်ဆုံးတွင် သူ့လက်​ပေါ်မှ ကြိုးများကို ​ဖြေပြီးသွား​သောအခါ ကျန်းကျန့်က အိပ်​နေဆဲပင်ဖြစ်သည်။


သူဒီအိမ်က​နေ လွတ်​မြောက်နိုင်သ​ရွေ့ ထွက်​ပြေးရမယ်... ယန်ကျင်းက ​တုံ့​​နှေး​နှေး ထရပ်လိုက်ပြီး​နောက် တံခါးဆီသို့ ​ရွှေ့သွားလိုက်သည်။


တစ်ချိန်တည်းမှာပင် ရုတ်တရက် ​လေ​အေးတစ်ခု သူ့နား​ဘေးမှ ဖြတ်​ပြေးသွားသည်ကို ခံစားလိုက်ရပြီး​နောက် ​အေးစက်စက် အလင်း​ရောင် တစ်ခု ဖြတ်သွားကာ ဒုန်းဟူ​သော အသံ ​ပေါ်လာပြီး တံခါးကို ဖွင့်​တော့မည့် သူ့လက်​ဘေးတွင် ဓါးတစ်​ချောင်းက စိုက်ဝင်​နေခဲ့သည်။


ယန်ကျင်းက ထက်မြ​နေ​သော ဓါးကို ကြည့်၍ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာ​တော့သည်။ သူက အခန်းထဲမှ အိပ်ရာကို ကြည့်ရန် ​ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ ​သေချာ​ပေါက် မကြား​သေးမီက အိပ်​ပျော်​နေခဲ့​သော ကျန်းကျန့်မှာ မျက်လုံး ပွင့်လျက်သားဖြင့် သူ့ကို စိုက်ကြည့်​​နေပြီး နတ်ဆိုးတစ်​ကောင်ကဲ့သို့ ရယ်ပြ​နေသည်ကို ​တွေ့လိုက်ရသည်။


"ထွက်​ပြေးမလို့လား"


ယန်ကျင်း၏ ​ခြေထာက်များ ​ပျော့​ခွေသွား​ပြီး သူ့ခန္ဓါကိုယ်ကလည်း ​​မြေ​ပေါ်သို့ လဲကျသွား​လေ​တော့သည်။ ထွက်​ပြေးဖို့ ကြိုးစားတာ​တောင် သတ္တိစုရတာ လွယ်တာ မဟုတ်ဘူး...


သူက မ​ပြေးရဲ​တော့​ပေ။ သူ​နောက်ထပ် ဘယ်​တော့မှ ထွက်​ပြေး​ရဲ​တော့မည် မဟုတ်။


သူသာ ​နောက်ထပ် ထွက်​ပြေးလိုက်ပါက ထိုလူက သူ့​ခေါင်းကို ဓါးဖြင့် ထိုးစိုက်လိုက်နိုင်သည်။


တုနှိုင်းမဲ့​သော ဓါးပစ်စ​ကေးကို ထုတ်ပြလိုက်​သည့် ကျန်းကျန့်မှာ သမ်း​ဝေလျက် အိပ်ရာ​ပေါ်မှ ထလာခဲ့သည်။


သူက ပျင်းရိ​နေပုံ​ရ​သော်လည်း ယန်ကျင်းဘက်သို့ ​လျှောက်လာသည့်အခါ ရုတ်တရက်ပင် ​ဒေါသများ ​ပေါက်ထွက်လာပြီး ယန်ကျင်းကို ​မြေ​ပေါ်သို့ ကန်ချလိုက်ကာ လူးလှိမ့်​နေရင်းမှာပင် အကြိမ်အ​တော်များများ ကန်​ကျောက်​နေခဲ့​သေးသည်။


ယန်ကျင်းကို ရိုက်သည့်​နေရာ၌ ဘယ်တုန်းကမှ သက်ညှာမ​ပေးခဲ့သည့် အ​ကြောင်းအရင်း သုံးခု ရှိသည်။ အ​ကြောင်းပြချက်များထဲမှ တစ်ခုမှာ ယန်ကျင်းက လူ​ကောင်းတစ်​ယောက် မဟုတ်​​ပေ။ အ​ရေးကိစ္စတစ်ခုတွင် အကြီးဆုံးကျန်းက ကျန်း​ချောင်ရှန့်ထံသို့ ပစ္စည်းများ သွားပို့ခဲ့သည့်အချိန်၌ သူက ကုန်သည်များကို ချိန်း​ခြောက် ​​ငွေညှစ်ပြီး မြို့တက်၍ ကြက်ဥသွား​ရောင်းသည့် လယ်သမား တစ်​ယောက်အား တွန်းလှဲကာ ကန်​​ကျောက်​နေသည်ကို သူ​တွေ့ခဲ့ရဖူးသည်။


ဒုတိယအ​​ကြောင်းပြချက်မှာ ထိုလူက လုံးဝန်း၍ ဝ​နေသဖြင့် ရိုက်ချက်များကို ခုခံ​ပေးထားသလို ဖြစ်​နေသည်။ ​ရှေးခတ်ကာလတွင် ​ဆေးဝါးအ​ခြေအ​နေများက သိပ်မ​ကောင်းလှ​ပေ။ သူ ယခင်က ကန်​ကျောက်ခဲ့သည့် အဘွားကြီးကျန်းမှာ ပိန်ပါးသဖြင့် သူမကို မ​တော်တဆ သတ်မိလိုက်မည်ကိုပင် စိုးရိမ်ရသည်။ သို့​​သော်လည်း ယန်ကျင်းကိုမူ မ​တော်တဆ သတ်မိမည်ကို စိုးရိမ်စရာ မလို​ပေ။


တတိယအ​ကြောင်းပြချက်သည်ကား.... ထိုလူကို ကြိမ်ဖန်များစွာ ကန်​ကျောက်​ပေးပြီး​နောက် ထိုသူက သူ့အ​ပေါ် ပြဿနာ လာရှာရန် ​​သေချာ​ပေါက် ​ကြောက်ရွံ့​နေမည် ဖြစ်ပြီး အခြား​သော ကျန်းမိသားစုဝင်များကိုသာ ပြဿနာရှာရန် ​သေချာ​ပေါက် ကြိုးပမ်း​ပေလိမ့်မည်။


ကျန်းကျန့်က ကျန်းမိသားစုအတွက် ပြဿနာ ရှာထား​ပေးလိုက်ရသည်ကို အလွန် ​ပျော်ရွှင်​နေခဲ့သည်။


ယန်ကျင်း၏ ကိုယ်ထက်တွင် ​ခြေရာများစွာ ချန်ထား​ပေးပြီး​နောက် ကျန်းကျန့်က တံခါးတွင် စိုက်ဝင်​နေ​သော ဓါးကို ဆွဲထုတ်၍ ယန်ကျင်း၏ ​ခေါင်းကို ပုတ်လိုက်သည်။


"နာခံစမ်းပါ... ဟုတ်ပြီလား"


ယန်ကျင်းက ထပ်ခါထပ်ခါ ​ခေါင်းငြိမ့်ပြလိုက်သည်။


ကျန်းကျန့်က အိပ်​ရေးဝသွားခဲ့​လေပြီ။ သူက အဝတ်အစား သန့်သန့် တစ်စုံကိုရှာ၍ ဝတ်လိုက်သည်။ ထို့​နောက် သူက ယန်ကျင်းကို ကန်လိုက်ပြန်သည်။


"ထပြီး ငါနဲ့ အပြင်လ်ုက်ခဲ့"


ယန်ကျင်း၏ ​ခြေ​ထောက်များက ​ပျော့​ခွေ​နေသဖြင့် အကြိမ်အ​တော်ကြာကြိုးစားပြီး​သည်အထိ ထမရပ်နိုင်ခဲ့။ ကျန်းကျန့်က မျက်​မှောင်ကြုံ့၍ သူ့ကို တွဲထူလိုက်ပြီး ကျန်းမိသားစုအိမ်၏ ​အိမ်​ရှေ့ခြံသို့ သွား​လေသည်။


ကျန်းမိသားစုက အလုပ်သွားလုပ်​နေပြီး ကျန်ရွာသားများကလည်း သူ့​ရှေ့တွင် ​ဝေ့လည်​ကြောင်ပတ် မ​နေရဲကြ​တော့​ပေ။ ထို့ကြောင့် ယခု ဤ​နေရာ၌ မည်သူမှ မရှိ​တော့​ပေ။ မဟုတ်​သေး... အမှန်တကယ်တွင် လူအချို့ ရှိ​​နေ​သေးသည်။


"ထွက်လာစမ်း" ကျန်းကျန့်က အိမ်ဘက်သို့ လှည့်၍ ​အော်ဟစ်လိုက်သည်။


အိမ်ထဲတွင် လှုပ်ရှားမှု တစ်ခုမှ မရှိဘဲ မည်သူမှ ထွက်မလာကြ။ ကျန်းကျန့်က စိတ်မရှည်​တော့​ပေ။


"ထွက်မလာရင် တံခါးကို ကန်ပြီး ဖွင့်မှာ​နော်"


ကျန်းကျန့် ထိုစကားကို ​ပြောပြီးသည်နှင့် တစ်စုံတစ်​​ယောက်က အခန်းထဲမှ တုန်တုန်ယင်ယင်ဖြင့် ထွက်လာခဲ့သည်။ သူမက ဖြူ​ဖျော့​နေသည့် မျက်နှာ​လေးဖြင့် ​ခေါ်လိုက်သည်။ "အ...အကြီးဆုံးအစ်ကို"


အိမ်ထဲတွင် ပုန်း​နေသူမှာ ကျန်း​ရှောင်မိန်ပါ​ပေ။ သူမက အသံမထွက်သ​ရွေ့ ကျန်းကျန့် သူမကို ရှာမ​တွေ့နိုင်ဟု ​တွေးထားခဲ့သည်။ ထင်မှတ်မထားစွာဖြင့် ကျန်းကျန့်ထံမှ ရှာ​တွေ့သွားသည်။


​ကျန်း​ရှောင်မိန်က ​ခေါင်းကို ငုံ့ကာ ကျန်းကျန့်ထံမှ အရိုက်ခံရမည်ကို ​ကြောက်သဖြင့် တုန်ယင်​နေခဲ့သည်။ ကျန်းကျန့်က သူမကို မရိုက်​ဘဲ ပြောလိုက်လိုက်သည်။


"​ရေ​​နွေးသွားတည်"


ထိုစကားများကို ကြားပါမှ ကျန်းရှာင်မိန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလ်ုက်ပြီး ​ရေမြန်မြန် သွားတည်​လေ​တော့သည်။


ကျန်းကျန့်က ယန်ကျင်း၏ ​ခေါင်းကို ဓါးဖြင့် ​ခေါက်ကာ ​ထောင့်​လေးတွင် သွား​နေခိုင်းသည်။ သူက ဤမနက်တွင် ဖြူ​ကောင်နှင့် လဲလှယ်ခဲ့​သော ငါးကို ရှာ​တွေ့ပြီး​နောက် ​ယူလာခဲ့သည်။


သူက ဓါးဖြင့် အ​ကြေးခွံများ နွှာလိုက်ပြီး ငါးအူများကို ဆွဲထုတ်ကာ အပိုင်းပိုင်း ခုတ်လိုက်သည်။


ကျန်းကျန့် ဓါးဖြင့် ငါးကိုင်​နေသည်ကို ကြည့်ပြီး​နောက် ယန်ကျင်းက ​ခေါင်းငုံ့လိုက်ပြီး ငါးခုတ်ပြီး​လျှင် သူ့ကိုပါ ခုတ်လာမည်ကို ​​ကြောက်သည့်စိတ်ဖြင့် ပုခုံးများကို ကျုံ့ထားခဲ့​လေသည်။


ကျန်း​ရှောင်မိန်သည်လည်း ​ကြောက်လန့်​နေရသည်။ အိုးထဲမှ ​ရေက ဆူ​နေပြီ ဖြစ်​သော်လည်း သူမက ​ပြောလည်း မ​ပြောရဲ လှုပ်လည်း မလှုပ်ရဲ​ပေ။ သူမက မီးဖိုထဲကိုသာ ထင်းများ ထပ်ဖြည့်​​ပေး​နေသည်။


ကျန်းကျန့်က ထိုနှစ်​​ယောက်၏ သ​ဘောထားကို လွန်စွာ စိတ်​ကျေနပ်​နေခဲ့သည်။ သူက ထရပ်လိုက်ပြီး ယန်ကျင်း၏ ​ဘေးသို့သွားကာ အ​လေ့အကျင့်အရပင် သူ့ကို ထပ်ကန်လိုက်သည်။ "ထပြီး ကိုယ့်ဘာသာ ​ဆေး​ကြောလိုက်" ယန်ကျင်းက သူ့ထံမှ ​ခြောက်လှန့်ခံလိုက်ရပြီး​နောက် ​ဘောင်းဘီထဲတွင် ​သေး​ပေါက်ချထား​လေရာ သူ့ကို နံ​ဟောင်​နေခဲ့​စေသည်။


"ဟုတ်"


ယန်ကျင်းက ​ခေါင်းငြိမ့်လိုက်ပြီး​နောက် ထပ်ပြီး ​ကြောက်လန့်သွားပြန်သည်။ ဒီလူက သူ့ကို ​ဆေး​ကြောဖို့ ​ပြော​နေတယ်... ဘာအတွက်လဲ...