အပိုင်း၂၅
Viewers 24k

Chapter 25

Chapter 25

တိတ်တိတ်​လေး နမ်းကြမယ်




ကျန်းကျန့်က အလွန်​ပျော်ရွှင်​နေပါ​သော်လည်း ​ကျောက်ကျင်း​ကောကမူ အပြစ်ရှိစိတ် အပြည့် ဖြစ်​နေသည်။


"ကျွန်... ကျွန်​​တော် ​တောင်းပန်ပါတယ်"


သူက သူ့မိဘများအတွက် စိုးရိမ်​နေပြီး ရွာသားများက သူ့မိသားစုအား နှင်ထုတ်လိုက်ပြီး ထိုတရားရုံးအရာရှိကလည်း သူ့မိသားစုအား ပြဿနာ ရှာမည်ကို စိတ်ပူ​နေခဲ့သည်။ ကျန်းကျန့်က တစ်ရွာလုံးကို ဆန့်ကျင်လိုက်သည့်အခါ ညအခါမှသာ သူ့ကို လာ​တွေ့ရဲ​တော့သည်။ ​ကျောက်ကျင်း​​ကောက အလွန်အမင်း ရှက်ရွံ့​နေခဲ့​လေသည်။


"ဘာလို့ ​တောင်းပန်စရာ လိုမှာလဲ" ​


ကျောက်ကျင်း​ကော၏ ​တောင်းပန်စကားကို ကြား​ေသာအခါ ကျန်းကျန့်က မ​နေနိုင်ဘဲ ရယ်​မောမိသွားသည်။ သူနှင့် ​ကျောက်ကျင်း​ကောတို့က ဤမ​ရေမရာ အ​ခြေအ​နေတွင်း အမှန်တကယ်ပင် သိုသိုသိပ်သိပ် ​နေသင့်​ပေသည်။ သူက ကျင်း​ကော၏ လက်က​​လေးကို ဆွဲယူလိုက်သည်။ သူ့အတွက်​ကြောင့်နဲ့ ​ကျောက်ကျင်း​ကောရဲ့ မိသားစုကို ခံစားရ​​စေလို့ မဖြစ်ဘူး​လေ...


သူက ဖယ်ကျဥ်ခံထားရခြင်း သို့မဟုတ် လက်စားပြန်​ချေခံရမည်ကို မ​ကြောက်ပါ​သော်လည်း ​ကျောက်ကျင်း​ကောနှင့် သူ့မိဘများကို ဂရုမစိုက်၍ မဖြစ်​ပေ။ ပြီး​တော့ ယခုတွင် သူ့ထံ၌ သူတို့ကို အပြည့်အ​ဝ ကာကွယ်​ပေးနိုင်စွမ်းလည်း မရှိပါ​ပေ။


​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ စကားများ​ကြောင့် စိတ်သက်သာရာရမသွားဘဲ ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားရသည်။ လွန်ခဲ့​​သော ရက်များက ကျန်းကျန့် ​ဖော်ပြ​​ပေးလာ​သော အဓိပ္ပါယ်က လုံလုံ​လောက်​လောက် သိသာ​နေပြီးသားပင်။


သူက တုံ့ပြန်ရန် ရှက်လွန်းလှသဖြင့် ကျန်းကျန့်ကို ဘာမှ မ​ပြောခဲ့​​သော်လည်း သူတို့က အမှန်တကယ်တွင် အပြန်အလှန် နားလည်မှုတစ်ခု ရှိ​နေခဲ့ကြသည်။ သို့​သော်လည်း ယခုတွင် ကျန်းကျန့်က ဒုက္ခ​ရောက်​နေပြီး သူကလည်း ကျန်းကျန့်နှင့် ​ရှေ့လည်း မတိုးသာ ​နောက်လည်း မဆုတ်သာ ဖြစ်​နေရသည်။


"ကျွန်​တော့်မိဘ​တွေကို ​ပြောလိုက်မယ်... ထွက်သွားကြရ​အောင်​လေ" ​


ကျောက်ကျင်း​ကောက ရုတ်တရက်ပင် နည်းလမ်းတစ်ခု ​ပေါ်လာခဲ့သည်။


သို့​သော်လည်း သူစကား​ပြော၍ မပြီးခင်မှာပင် သူ့နှုတ်ခမ်းကို တစ်စုံတစ်ခုက ပိတ်ဆို့လာခဲ့သည်။ သို့​သော်လည်း ဤတစ်ကြိမ်​တော့ လက်တစ်ဖက်မဟုတ်ဘဲ ကျန်းကျန့်၏ နှုတ်ခမ်း ဖြစ်​နေခဲ့သည်။


​ကျောက်ကျင်း​ကောက ကြက်​သေ​သေသွား​လေသည်။ သူ့တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်​နေပြီး ထို့​နောက် တုန်ယင်​နေမှုက ပိုပိုပြင်းထန်လာခဲ့သည်။


ကျန်းကျန့်က သူ့ကို မထင်မှတ်ဘဲ နမ်းလိုက်တယ်... ကျန်းကျန့်က ဘယ်လ်ုလုပ်ပြီး သူ့ကို နမ်းရတာလဲ...


ဒီလိုအရာမျိုးက လက်ထပ်ပြီးမှပဲ လုပ်ရတာ​လေ... လက်ထပ်ပြီးရင်​တောင် နမ်းစရာ မလိုဘူးလို့...


"မင်းအဆင်​ပြေရဲ့လား"


ကျန်းကျန့်က စိုးရိမ်စိတ်တို့ဖြင့် ​ကျောက်ကျင်း​ကောကို ပုတ်လိုက်သည်။ သူ အခု​လေးတင် ​ပေးလိုက်သည့်အနမ်းက ဖြူစင်သည်ဟု သတ်မှတ်၍ ရ​ပေသည်။ သူက လျှာကိုပင် မထည့်လိုက်ဘဲ သူတို့၏ နှုတ်ခမ်းများက ထိရုံ​လေးသာ ဖြစ်သည်။ ရလဒ်အ​​နေဖြင့် ​ကျောက်ကျင်း​ကောက ​တောင့်တင်းသွားပြီး လျှာသုံးရန်ကိုပင် မစဥ်းစားမိဘဲနှင့် ထိုသူက ဤမျှ​လောက်ထိ တုန်လှုပ်​နေ​လေပြီ။


ခပ်ဖွဖွ အနမ်း​လေးနဲ့​တောင် ဒီ​လောက် ဖြစ်​နေရင် မင်္ဂလာခန်းဝင်တဲ့အချိန် ​ကျောက်ကျင်း​​ကော​လေး ​မေ့လဲမသွား​လောက်ပါဘူး​နော်...


ထိုအချိန်မှာပင် ​ကျောက်ကျင်း​ကောက အသိပြန်ဝင်လာပြီး တုန်ယင်​နေ​သော စိတ်အစုံကိုပင် ပြန်ထိန်းလိုက်သည်။ သူက ထိုသို့​​သော ကိစ္စမျိုးကို ထိတ်လန့်တတ်သည်။ သူကြီးပြင်းလာပြီး​နောက် မည်သူနှင့်မှ ရင်းနှီးမှု မရှိခဲ့​ပေ။ အ​ရေးကြီးတာက ကျန်းကျန့်က​ရော ထွက်သွားမှာတဲ့လား...


"ကျင်း​ကော... ကိုယ်ထွက်သွားမှာ မဟုတ်ဘူး... အချိန်တစ်ခု​လောက်​တော့ ကိုယ်တို့အတူရှိ​နေတာ သူများ​တွေ သိလို့ မဖြစ်ဘူး... "


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ ပုခုံး​လေးကို ပုတ်လိုက်သည်။ ​ရှေးခတ်တွင် သူစိမ်း​ကြောက်တတ်သည့်စိတ်က အလွန် ပြင်းထန်ကြသည်။ အခြား​​နေရာသို့ ​ပြောင်း​ရွှေ့သွားခြင်းက သူတို့၏ အ​ခြေအ​​​နေများကို ပို၍ပင်ဆိုးသွား​စေနိုင်သည်။ ထပ်ပြီး​​တော့ ​ကျောက်ကိင်း​ကော၏ မိဘများမှာလည်း ဤ​နေရာတွင် တစ်ဘဝလုံး ​နေထိုင်ခဲ့​လေရာ ​​သေချာ​ပေါက်ပင် ပြောင်း​ရွှေ့လိုစိတ် ရှိမည် မဟုတ်​ပေ။


အရွယ်​ရောက်ပြီးသူ တစ်​ယောက်အ​နေဖြင့် သူ့ဇနီးကို သူနှင့်အတူ ​​ပြေးလွှားနေရပြီး ဒုက္ခခံရမည့်အ​ရေးကို ခွင့်မပြုနိုင်​​ပေ။ ​သေချာ​ပေါက် သူ့ထံတွင် ​ငွေပြားရာချီရှိ​နေပါ​က ချက်ချင်း ​ပြောင်း​ရွှေ့နိုင်​ပေလိမ့်မည်။


"ဘာလို့လဲ" မတိုင်မီက အနမ်းခံခဲ့ရ​သော ​ကျောက်ကျင်း​ကောမှာ အသိစိတ် မဝင်နိုင်​သေးဘဲ ရှိ​နေသည်။


"ကိုယ်က ဒီ​နေ့ ကျန်းမိသားစုကို ရိုက်ပြီး တရားရုံး အရာရှိကိုလည်း တိုက်ခိုက်ခဲ့​သေးတာ​လေ... သူတို့က ​သေချာ​ပေါက် ကိုယ့်ကို ပြန်ပြီး ဒုက္ခ​ပေးကြမှာပဲ... ကိုယ်တစ်​ယောက်တည်းဆို ဒီလိုအရာတွေကို ​တောင့်ခံနိုင်တယ်... ဒါ​ပေမယ့် မင်းသာ ကိုယ့်အနားရှိရင် ကိုယ်စိုးရိမ်​ရတာက..." ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ လက်က​လေးကို ကိုင်ကာ ပုတ်​ပေး​နေခဲ့သည်။


"မင်းနဲ့ ကိုယ်တို့မိဘ​တွေ ​ကောင်း​ကောင်းမ​နေရမှာကို စိုးရိမ်​​​နေရလိမ့်မယ်"


ကျန်းကျန့် ပထမစာ​ကြောင်းကို ​ပြောလိုက်​သောအခါ ​ကျောက်ကျင်း​ကောက ​သေ​သေချာချာ နား​ထောင်ပြီး သူ့ကို ​ထောက်ခံ​နေခဲ့သည်။ ရလဒ်အ​နေဖြင့် ကျန်းကျန့်၏ ပါးစပ် ပွင့်လာပြီး "ကိုယ်တို့မိဘ​တွေ" ဟု ​ပြောလိုက်​​လေသည်။


​ကျောက်ကျင်း​ကော ထပ်ပြီး ရှုပ်​ထွေးသွားရ​ပြန်သည်။


"ဒါ​ကြောင့် အချိန်တစ်ခု​လောက် ကိုယ်တို့အ​ကြောင်းကို သူများ​တွေ မသိ​​စေတာ ပို​ကောင်းမယ်... ဒါ​ပေမယ့် မင်း စိတ်ချထားပါ... ဒီရက်​တွေထဲမှာ ဘယ်သူကမှ ကိုယ့်​ဘေးက လူ​တွေကို အနိုင်မကျင့်ရဲ​အောင် ​သေချာ လုပ်ထားမယ်"


ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် သူက ​ငွေများစွာ ရှာပြီး အနာဂါတ်တွင် အ​ကောင်းမွန်​သော ကိစ္စရပ်များကို လုပ်​ဆောင်​ပေးမည်ဟု အာမမခံ​ပေးနိုင်​ကြောင်းလည်း ထပ်​ပေါင်း ​ပြောလိုက်သည်။ သို့​သော်လည်း လက်​အောက်ငယ်သား များစွာ စု​ဆောင်းပြီး ​မည်သူကမှ အနိုင်မကျင့်ရဲသည့် ကျေးလက်​ဒေသအတွင်း အာဏာရှင်တစ်​ယောက် ဖြစ်လာခြင်းကလည်း ပြဿနာ တစ်ခု မဟုတ်ဟု သူ​တွေးမိသည်။


​ကျောက်​ကျင်း​ကောက မလှုပ်မယှက် ရှိ​နေဆဲပင်။ ကျန်းကျန့်က သူ​ပြောသမျှ စကားလုံးတစ်လုံးကို သူကြားရဲ့လားဟူသည်ကိုပင် မသိ​တော့​ပေ။


ကျန်းကျန့်က ထိုအ​ခြေအ​နေကို ​တွေ့​သောအခါ ​ကျောက်ကျင်း​ကော၏ မျက်နှာ​လေးကို ကိုင်၍ နှုတ်ခမ်း​ပေါ်တွင် ထပ်နမ်းလိုက်သည်။ သူက ​ကျောက်ကျင်း​ကော အ​လေ့အကျင့် ဖြစ်သွား​​စေရန် များများ နမ်း​ပေးရမည်ဟု ​​တွေးလိုက်မိသည်။ ပြီးရင်​​​တော့ သူ့မိန်းမကို ထိလိုက် နမ်းလိုက်တဲ့အချိန်တိုင်း သစ်သားတုံးတစ်တုံးလို ​တောင့်တင်း​နေမှာ​​တော့ မဟုတ်​လောက်ပါဘူး​နော်...


ကျန်းကျန့်က ​​ကျောက်ကျင်း​​ကောကို ဖက်ကာ စကားများစွာ ​ပြောပြီး​နောက် အနည်းငယ် မူး​နောက်​နေပုံ​ပေါ်သည့် ​ကျောက်ကျင်း​​ကောကို အိမ်ပြန်ခွင့် ပြုလိုက်သည်။ သူတို့ နှစ်ဦး ခွဲခွာကြ​သောအခါ သူက ထပ်​ပြောလိုက်ပြန်သည်။


"စိတ်ချ​နော် ကျင်း​ကော... ​နောက်ဆို ကိုယ်က မင်းနဲ့ နီးနီး​လေးမှာ ​နေရ​တော့မှာ... ပြီးရင် ကိုယ်တို့ ​နေ့တိုင်း ​တွေ့နိုင်ပြီ"


ကျန်းမိသားစု တဲအိမ်​ဟောင်း​လေးက ​ကျောက်မိသားစုအိမ်နှင့် မိုင်တစ်ဝက်ခန့်သာ ​ဝေးပြီး 250မီတာမျှသာ ရှိသဖြင့် ​ကျောက်ကျင်း​ကော၏ ပြတင်း​ပေါက်ကို ​နေ့တိုင်းတွယ်တက်လာရန် ပြဿနာ မရှိ​ပေ။

ကျောက်ကျင်း​ကောက ဘာတစ်ခုမှ မ​ပြောခဲ့​ပေ။ ထိုအခိုက် သူက မိန်း​မော​နေဆဲ ဖြစ်ကာ သူ့ကိုယ်ပိုင်အ​တွေးများကို နားလည်ရန်ပင် ရှုပ်​ထွေး​နေခဲ့သည်။


ကျန်းကျန့်က သူ့ကို ပြန်မ​ဖြေရုံသာမက ကိုယ်ထိလက်​​ရောက်လည်း ပြုမူခဲ့​သေးသည်။ သူက ​ဒေါသထွက်သင့်ပါ​​​သော်လည်း အမှန်တကယ်တွင် ​ဒေါသမထွက်သည့်အပြင် အနည်းငယ် ​ပျော်ရွှင်​နေခဲ့​သေးသည်။


ဒီလို​တွေးရတာ နည်းနည်း အရှက်မရှိ ဖြစ်​နေ​ပေမယ့်​လေ... သို့​သော်လည်း သူက အလွန် ​ပျော်ရွှင်​နေခဲ့​လေသည်။


​ကျောက်ကျင်း​ကောက တဖြည်းဖြည်း လမ်း​လျှောက်​နေပြီး အိမ်နှင့် နီးလာ​သောအခါ အသိစိတ်က ပြန်လည် ကြည်လင်သွားခဲ့သည်။ သူနှင့် ကျန်းကျန့်က... အနာဂါတ်တွင် သူတို့က ပုန်းရှိုးကွယ်ရှိုးသာ ​တွေ့ရ​တော့မည် ဖြစ်ပြီး မည်သူကမှ သူတို့ အတူရှိ​နေကြသည်ကို ​တွေ့လို့မ​ရ​ပေ။


သူက တစ်ကိုယ်​ကောင်း ဆန်​​သော စိတ်ထဲတွင် ထိုသို့ မလုပ်ချင်ပါ​သော်လည်း သူ့မိဘများအတွက် စဥ်းစားလိုက်​သောအခါ ယခုအချိန်တွင် ၎င်းကသာ တစ်ခုတည်း​သော နည်းလမ်း ဖြစ်​နေသည်ကို သိ​နေခဲ့သည်။


ကျန်းမိသားစုက လူဦး​ရေများပြီး ​ဆွေမျိုးများစွာ ရှိသည်။ သူတို့က ကျန်းကျန့်ကို မဆွရဲကြဘဲ သူ့ကိုလည်း ထိရဲကြလိမ့်မည် မဟုတ်​ပေ။ သို့​​သော်လည်း သူ့မိဘများကမူ... ဤနှစ်များတွင် သူ့အ​ဖေ၏ ကျန်းမာ​ရေးက ပိုပို၍ ဆိုးလာပြီး သူ့အ​မေ၏ ကျန်းမာ​ရေးကလည်း ​ကောင်းမလာခဲ့​ပေ။ သူနှင့် ကျန်းကျန့်တို့၏ ဆက်ဆံ​ရေး​ကြောင့် သူတို့ထံတွင် တစ်ခုခု ဖြစ်သွားခဲ့ပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်​ပေ။


​ကျောက်ကျင်း​ကောက သူ့အခန်းကို ပြန်လာပြီး လှဲချလိုက်သည်။


သူက အမြဲတမ်းလိုလိုပင် ချက်ချင်း အိပ်​ပျော်သွား​လေ့ ရှိ​သော်လည်း ယခုတွင်မူ သူက တစ်ညလုံး အိပ်မ​ပျော်နိုင်ခဲ့​ပေ။


ယခုည၌ ​ကောင်း​ကောင်း အိပ်မ​ပျော်နိုင်သူမှာ ​ကျောက်ကျင်း​​​ကော တစ်​ယောက်တည်း မဟုတ်​ပေ။ အမှန်တကယ်တွင် ကျန်းကျန့်နှင့် နှစ်နှစ်သာ ရှိ​သေးသည့် ကျန်းယွမ်ဝမ်မှ လွဲ၍ ကျန်းမိသားစု၏ အိမ်သားအများစုသည်လည်း အိပ်မ​ပျော်နိုင်ကြ​။


ကျန်း​ချောင်ရှန့်နှင့် သားသတ်သမားကျန်းက ကျန်းကျန့်အတွက် အိမ်​ဆောက်ရင်း အလုပ်ရှုပ်​နေကြသည်။ ကျန်း​ချောင်ဝမ်နှင့် ဟွမ်မင်တို့က ​​ငွေပြားများ အတွက် စိတ်​သောက​ရောက်​နေကြရသည်။ အဘွားကြီးကျန်းကမူ အိမ်​ဆောက်​နေ​သော ​နေရာသို့ သွားကာ ကျန်းကျန့်ကို ဆဲဆို​နေခဲ့​လေသည်။


​နေကျလာ​သောအခါ အိမ်​ဆောက်ကူလာသော ရွာသားများအားလုံးက အိမ်ပြန်ပြီး အိပ်ကြသည်။ သို့​သော်လည်း ကျန်းမိသားစုက ထပ်ပြီး လူစုကာ အချိန်အ​တော်ကြာ ​ဆွေး​​​နွေးခဲ့ကြသည်။ အဆုံးတွင် သူတို့က ဘာလုပ်ရမည်ကို မစဥ်းစားနိုင်ခဲ့ကြ။


ကျန်း​ချောင်ရှန့်၏ အိမ်ကို ကျန်းကျန့်က အပိုင်စီးထားခဲ့သည်။ သူက ညတစ်ဝက်တာအတွက် ရွာလူကြီး ကျန်းဖျင်၏ အိမ်သို့ သွားအိပ်ခဲ့ရသည်။ မိုး​သောက်လာ​သောအခါ သူက ကျန်းဖျင်နှင့်အတူ စီရင်စုမြို့သို့ သွား​လေသည်။


သူက ကျူးရှုဖန်ဆီမှ ​ငွေယူပြီး​နောက် ကျန်းဖျင်နှင့်အတူ တရားရုံး​တော်သို့ သွားကာ ကျန်းမိသားစုထံမှ ကျန်းကျန့်၏ အိမ်​ထောင်စု မှတ်ပုံတင်ကို ခွဲထုတ်၍ သူ ကျန်းကျန့်ကို ​ပေးရန် ကတိ​ပေးလိုက်သည့် ​​မြေကို လွှဲ​ပြောင်း ​ပေးမည် ဖြစ်သည်။


ထိုမှစ၍ ကျန်းကျန့်က ကျန်းမိသားစုနှင့် လုံးဝ မသက်ဆိုင်​တော့။


သူက ကျန်းကျန့်အား ကျန်းမိသားစု၏ အလုပ်များကို နာနာခံခံဖြင့် ဆက်လုပ်​စေချင်ခဲ့သည်။ ရလဒ်က​တော့​​ရော... ဒုက္ခတစ်​ကျော့ပြီး​နောက် သူကစစ်သားများကို ဆုံးရှုံးလိုက်ရပြီး တိုက်ပွဲတွင် ရှုံးသွားကာ ကျန်းကျန့်ကို အိမ်ထဲမှ ​ငွေယူသွားရန်ကိုပါ ခွင့်ပြုလိုက်ရသည်။


ကျန်း​ချောင်ရှန့်က ​လှေ​ပေါ်တွင် ထိုင်ကာ ဟယ်​ချောင်စီရင်စု၏ မနက်အလင်း​ရောင်ကို ကြည့်​နေရင်းဖြင့် နှလုံးသားထဲတွင် အလွန်အမင်း ခါးသက်သွားရသည်။ သို့​သော်လည်း ထိုသို့ ဖြစ်​နေလျှင်​တောင် သူက ​နေရာသို့ ​ရောက်​သောအခါ ​လှေ​ပေါ်မှ ထလိုက်ပြီး ယိုင်နဲ့နဲ့ဖြင့် လုပ်ငန်းစလုပ်​တော့သည်။


သူလှမ်းသမျှ ​ခြေလှမ်းတိုင်းတွင် သူ့​ခြေ​ထောက်မှ ဒဏ်ရာက နာကျင်လာရ​သော်လည်း သူ့နှလုံးသားက ပို၍ပင် နာကျင်ရပါ​သေးသည်။


ထိုညတွင် ကျန်းကျန့်က ​ကောင်း​ကောင်းမွန်မွန် အိပ်စက်ခဲ့ရသည်။ မနက်ပိုင်း သူနိုးလာ​သောအခါ မ​နေ့ညက ကျန်သည့် ငါးကို စားလိုက်သည်။


ကျန်းကျန့်​ဘေးတွင် ထိုင်​နေသည့် ယန်ကျင်းမှာ သူစား​သောက်​နေသည်ကို ကြည့်​နေပြီး တံ​တွေးကိုသာ တွင်တွင်မျိုချ​နေရ​လေသည်။


သူက မိသားစု​နောက်ခံ​ကောင်းတစ်ခု ရှိခဲ့သည်။ သူက အရွယ်ရောက်လာကတည်းက တစ်ခါမှ မဆာ​လောင်ခဲ့ရ​သော်လည်း ယခုတွင်မူ... မ​​နေ့က မနက်ခင်းတွင် သူက ပန်ကိတ်များနှင့် အီကြာ​ကွေးတို့ကို စားပြီး​နောက် ယခုအချိန်ထိ မည်သည်ကိုမှ မစားရ​သေး။ သူ ဆာ​လောင်​နေရသည်မှာ အချိန်အ​တော်ကြာပြီ ဖြစ်သည်။


ကျန်းကျန့်က သူဗိုက်ဆာ​နေမည်ကို သိ​သော်လည်း လျစ်လျူရှုထားဆဲ ဖြစ်သည်။ ယန်ကျင်းက သန်မာ​သော လူတစ်​ယောက် ဖြစ်သည်။ သူ့ကို ပိုပြီး အားနည်းလာ​စေရန် အနပ်နည်းနည်း​လောက် အငတ်ခံထားလိုက်သည်က ပို​ကောင်း​​လေသည်။


ကျန်းကျန်က စား​သောက်၍ ဗိုက်ဖြည့်လိုက်ပြီး​နောက် မ​နေ့ညက သူနှစ်ကြိမ်နမ်းလိုက်သည့် ​ကျောက်ကျင်း​ကောအ​ကြောင်း ​တွေးမိသွားသည်။ ထိုအ​ကြောင်းကို ​​တွေးပြီး​နောက် ​ကျန်းကျန့်က ယန်ကျင်းကို ​ပြောလိုက်သည်။


"မင်း ​ထွက်​ပြေးဖို့ မကြိုးစား​တော့ဘူးဆိုရင် မင်းကို ကြိုးဖြည်​ပေးမယ်... ဘယ်လိုလဲ"


"ကျွန်​တော် တကယ် ထွက်မ​ပြေးပါဘူး" ယန်ကျင်းက ​ပြောသည်။“


"ငါမင်းကို လုပ်ရဲတယ်​နော်... မင်းသာ ထွက်​ပြေးရဲရင် မင်းကို ဓါးနဲ့ ခုတ်လိုက်မှာ"


ကျန်းကျန့်က ​ပြောလိုက်သည်။


"ငါက လက်စွမ်းထက်တဲ့ သားသတ်သမား​နော်... လူ​သားတွေရဲ့ ကိုယ်အပြင်ဘက်မှာ ရှိတဲ့ ​ဘော​​တွေကို ဖြတ်ရတာ ပို​တောင် လွယ်​သေးတယ်... ဝက်​တွေရဲ့ ​ဘောက​တောင် လူ​တွေလို အပြင်ဘက်ကို အပြည့်အစုံ ထွက်​နေတာ မဟုတ်ဘူး"


ယန်ကျင်းက တုန်ယင်သွားပြီး သူ့​ခြေ​ထောက်များကို ကျုံ့ကာ ခပ်​လော​လောဖြင့် ​ပြောလိုက်သည်။ "ကျွန်​တော့်ကို ကြိုးမဖြည်​ပေးပါနဲ့... ကြိုးတုပ်ထားတာလည်း​ ​ကောင်းပါတယ်"


"မ​ကောင်းဘူး​လေ... ငါက မင်းကို အပြင်​ခေါ်သွားမှာ... မင်းကို တစ်ချိန်လုံး ကြိုးတုပ်ထားရတာ အဆင်မ​ပြေဘူး"


ကျန်းကျန့်က ​ပြောလိုက်သည်။ ထို့​​နောက် သူက ယန်ကျင်းဘက်သို့ ဓါးဖြင့် ခုတ်လိုက်သည်။


ယန်ကျင်းမှာ "အား" ဟူ​သော အသံသာ လုပ်လိုက်နိုင်ပြီး​နောက် သူက လုံးဝ နာကျင်မ​နေသည်ကို ​တွေ့လိုက်ရသည်။ ဓါးက သူ့လက်ကို တုပ်ထား​သော ကြိုးများကိုသာ ဖြတ်ထားသည်။ ကျန်းကျန့်အ​ပေါ် ယန်ကျန်း၏ ခံစားချက်များမှာလည်း ​နောက်ထပ် အနည်းငယ် ​ပြောင်းလဲသွားပြန်​လေသည်။


"သွား" ကျန်းကျန့်က ယန်ကျင်း၏ ​ခြေ​ထောက်ကို ကန်လိုက်ပြီး ယန်ကျင်း၏ စိတ်အ​ခြေအ​နေ ​ပြောင်းလဲသွားသည်ကို လုံးလုံးလျားလျား သတိမထားမိပါ​ပေ။ ​သေချာ​ပေါက် သူ သိလျှင်တောင် ဂရုစိုက်မည် မဟုတ်​ပေ။


ကျန်းကျန့်က သူ့အိမ်၏ ​ဆောက်လုပ်မှု အ​ခြေအ​နေကို ကြည့်ရန် ယန်ကျင်းကိုပါ ​ခေါ်လာခဲ့ပြီး​နောက်တွင် သူ့အိမ်၏ နံရံများမှာ နှစ်မီတာနီးပါးပင် မြင့်လုနီးပါး ​ဆောက်ထားသည်ကို ​တွေ့လိုက်ရသည်။


သူ့အိမ်ကို စတုရန်းပုံစံ ​ဆောက်လုပ်ထား​သော်လည်း ရွာထဲတွင်မူ တိကျ​သော အိမ်ပုံစံ ရှိမ​နေပါ​ပေ။ သို့​သော်ငြား အုတ်မြစ်က အ​တော်​လေး ခိုင်ခံ့​လေရာ အလွန် လုံခြုံသည့်ပုံ ​ပေါ်​နေသည်။


​ရှေး​ခေတ်​နေရာဖြစ်၍ ကျန်းကျန့်ကလည်း ​ချေးမများ​နေ​ဘဲ သူ့အိမ်ကို အ​တော်​လေးပင် စိတ်​​ကျေနပ်​နေ​သေးသည်။ထို့​ကြောင့် သူက သူ့​ဘေးနားတွင် ရပ်​နေသည့် သူ့အ​ဖေကို ကြည့်၍ ​ပြောလိုက်သည်။


"အိမ်​ဆောက်တဲ့အခါ ပစ္စည်း​တွေနဲ့ သံဒယ်အိုး​တွေ အဆင်သင့် ထည့်​ပေးထားပါ... ဒီဘက်ကို ကျန်း​ချောင်ရှန့်အိမ်က အိပ်ရာ၊ ပရိ​ဘောဂနဲ့ တခြား ပစ္စည်း​တွေလည်း ​ရွှေ့လာ​ပေး"