အပိုင်း၃၀
Viewers 21k

Chapter 30

Chapter 30



ယန်ကျင်းက အိမ်တွင် စား​သောက်​နေရ​သော်လည်း ထိုအချိန်၌ ကျန်းကျန့်မှာ တစ်​ယောက်တည်း ဖြစ်​နေရသည်။


​နေ့လည်ပိုင်းတွင် မီးဖို​ပေါ်၌ ချက်ပြုတ်ခဲ့စဥ်က ဝက်ရိုးများကို ချက်ပြုတ်၍ အရိုးစွပ်ပြုတ်ကြီးတစ်အိုး တည်ထားခဲ့သည်။ ရလဒ်အ​နေဖြင့် အရိုးစွပ်ပြုတ်ထဲသို့ အသီးအရွက်အချို့ ပစ်ထည့်လိုက်ပြီး​ ထမင်းတစ်အိုး ချက်ရန် စဥ်းစား​နေချိန်တွင် ရုတ်တရက်ပင် သူ့ထံ၌ ထမင်းချက်ရန် ဆန်မရှိ​ကြောင်း ​တွေ့လိုက်ရသည်။


ကျန်းမိသားစုက သူ့ကိုဆန်​​စေ့ငါးအိတ်​ပေးခဲ့ပါ​သော်လည်း ၎င်းတို့အားလုံးက အခွံပါ​သော စပါးများသာ ဖြစ်ပြီး အခွံမချွတ်ရ​သေး​ပေ။ သူသာ ထမင်းချက်လိုပါက အရင်ဆုံး ဆန်ဖွပ်ရန် လို​ပေသည်။ သို့​သော်ငြား သူ့ထံတွင် ဆန်ဖွပ်နိုင်မည့် ပစ္စည်းတစ်ခုမှ မရှိပါ​​ပေ။


​မေ့လိုက်​တော့... ပစ္စည်းမရှိလျှင်​တောင် အခွံချွတ်နိုင်မည့် အခြား နည်းလမ်းများ ရှိ​နေဆဲ ဖြစ်သည်။


ကျန်းကျန့်က စပါးကို ဝါးဘူးထဲသို့ ထည့်ကာ တုတ်​ချောင်းတစ်​ချောင်းဖြင့် ဆက်တိုက်ထုကာ ဆန်ဖွပ်လိုက်သည်။ အဆုံးတွင် သူက အထဲမှ အခွံချွတ်ပြီး ဆန်အချို့ဖြင့် ထမင်းတစ်ပန်းကန် ပြုလုပ်နိုင်ခဲ့သည်။


သူက ဘူးသီး​​ယောက်ချိုဇွန်းဖြင့် အိုးထဲမှ ဝက်ရိုးစွပ်ပြုတ် တစ်ဝက်ကို ခပ်လိုက်သည်။ ကျန်းကျန့်က ကျန်​နေ​သော စွပ်ပြုတ်တစ်ဝက်ထဲသို့ အခွံချွတ်ထား​သော ဆန်တစ်ပန်းကန်ကို ​လောင်းထည့်လိုက်ပြီး​နောက် ဝက်အသည်းကို အတုံး​လေးများ တုံး၍ အိုးထဲသို့ ပစ်ထည့်လိုက်သည်။


ကျန်​နေ​​သေး​သော အသားနှင့် အစာအိမ်တို့ကိုမူ ကျန်းကျန့်က ဖြည်းဖြည်းချင်းစားရန် စဥ်းစားထားသဖြင့် ကျန်းမိသားစုမှ သယ်လာ​သော ဆားဘူးကို ထုတ်၍ ဆားနယ်ထားလိုက်သည်။ သူ ဆားနယ်​ပြီးသွား​​သောအခါ ဆားများအားလုံး ကုန်လုနီးပါး ဖြစ်သွားသည်။


ကြည့်ရသည်မှာ မနက်ဖြန် သူ စီရင်စုမြို့ကို သွားရန် လို​နေသည့်ပုံပင်။ ကျန်းကျန့်က ​တွေး​​တောလိုက်ပြီး​နောက် ဝက်အသည်းဆန်ပြုတ်ကို ချက်ရန် ရွှံ့မီးဖိုထဲသို့ မီးထပ်ထည့်လိုက်သည်။


သူက ထိုအခိုက်၌ အသားနှင့် အဆီဓါတ်များ လို​နေ​သော်လည်း အသီးအရွက်များကိုလည်း ဖယ်ချန်ထား၍ မရပါ​ပေ။ ဆန်ပြုတ် ကျက်လုနီးပါး ဖြစ်​နေသည်ကို ​​တွေ့​သောအခါ ကျန်းကျန့်က ထွက်သွားပြီး​နောက် ​ကျောက်ကျင်း​ကော၏ စိုက်ခင်းထဲမှ ဆလတ်ရွက်တစ်ဆုပ် သွားခိုးလိုက်သည်။


အမှန်တကယ်ပင် အခြား နည်းလမ်း မရှိပါ​​ပေ။ ကျန်းမိသားစုက ဤ​မြေ၌ သူ့အတွက် အသီးအရွက် စိုက်​ပေးမထားခဲ့ဘဲ အခြားသူများ၏ အိမ်ကလည်း ​ဝေးလွန်းလှသည်​လေ...


သို့​သော်ငြား ​​ကျေးလက်​​ဒေသမှ အသီးအရွက်များက တန်ဖိုး အနည်းငယ်သာ ရှိသည်။ အခြားသူများထံမှ အသီးအရွက် အနည်းငယ် ခူးခြင်းက အမှန်တကယ်​​တော့ မှု​​လောက်စရာ မဟုတ်​ပေ။ ထို့အပြင် သူက ​ကျောက်ကျင်း​ကောကို ဆန်ပြုတ်တစ်ဝက် ​ပေးရန် စဥ်းစားထားပြီးသား ဖြစ်သည်။


ကျန်းကျန့်က ဆလတ်ရွက်၏ ပင်စည်နှင့် အရွက်များကို ခုတ်ထစ်ကာ အိုးထဲသို့ ထည့်လိုက်သည်။ ဆန်ပြုတ် အသင့်ဖြစ်​​သောအခါ ညစာစားလိုက်​လေသည်။


ဝက်အသည်း ဆန်ပြုတ် စားပြီး​​တော့ ကျန်းကျန့်က အရိုးများကို ကိုက်ဝါးလိုက်​လေသည်။


အကြီးဆုံးကျန်း၏ မှတ်ဥာဏ်များကို ကြည့်လိုက်​သောအခါ လူအများက ဝက်များ သတ်ခြင်း သို့မဟုတ် အသားများ ဝယ်ကြပြီး​နောက် အရိုးများသာ ကျန်​နေခဲ့ပါက ဝက်ရိုးဖြင့် စွပ်ပြုတ် ချက်ရုံသာမက ၎င်းတို့ကို အတုံး​သေး​​​​သေး​လေးများ တုံးကာ အချိန်အ​တော်ကြာ ချက်ပြုတ်တတ်ကြသည်။ ထို့​နောက်တွင်... ဝါးမစားနိုင်သည့် အရိုးအလယ်ပိုင်းမှတပါး နူးညံ့သည်အထိ ပြုတ်၍ ရ​သော အချို့ အရိုးများက တိုက်ရိုက်ပင် ဝါးစားနိုင်ကြ​လေသည်။


အခြားသူများက ထိုကဲ့သို့ စား​သောက်ကြ​သောအခါ သူကလည်း မဖြုန်းတီးချင်​တော့​ပေ။ အဆုံးတွင် သူ့ခန္ဓါကိုယ်က ကယ်လဆီယမ် အနည်းငယ် ​ချို့တဲ့​နေ​လေသည်။


အရိုးစွပ်ပြုတ်က အမှန်တကယ်တွင် ကယ်လဆီယမ် ​ထောက်ပံ့​ပေးနိုင်သည်ဟု ​ပြော၍ မရ​ပေ။ သူသာ အရိုး​တွေကို တိုက်ရိုက် ဝါးစားလိုက်ရင် ကယ်လဆီယမ် ​ထောက်ပံ့​ပေးနိုင်​လောက်တယ်မလား...


ကျန်းကျန့်က ဝဝလင်လင် စား​သောက်ပြီးချိန်တွင် ​​ကောင်းကင်ကြီးက မှောင်မဲသွားခဲ့ပြီ ဖြစ်သည်။ သူက အိမ်ထဲတွင် မီး​မွှေးလိုက်ပြီး သူ့ကိုယ်သူ ​အနွေးဓါတ်​ပေး​နေချိန်တွင် မီး​ရောင်​အောက်တွင် ဆန်ဖွပ်ကာ ညအချိန်ကို ​စောင့်​မျှော်​နေခဲ့​လေသည်။


ည​ရောက်လာရင် ​ကျောက်ကျင်း​ကောက သူ့ကို ​သေချာ​ပေါက် လာရှာ​လောက်တယ်...


ကျန်းကျန့်က နှစ်နာရီ နီးပါး ဆန်ဖွပ်​နေခဲ့သည်။ ဝါးဘူးနှင့် ဆိုလျှင်​တောင် သူက ရက်အ​တော်ကြာ စားရန် လုံ​လောက်နိုင်​လောက်သည့် ဆန်များကို အခွံချွတ်ပြီး သွားခဲ့သည်။ သို့​​သော်လည်း သူက ​ကျောက်ကျင်း​ကောကို ​တွေ့ရန် မ​စောင့်နိုင်​တော့​ပေ။


​ကျောက်ကျင်း​ကောက ဒီ​နေ့မလာ​တော့ဘူးလား... ကျန်းကျန့်က မျက်​မှောင်ကြုံ့ကာ သူ့လက်ထဲမှ ဝါးဘူးကို ပစ်လွှင့်လိုက်သည်။ သူက နံရံကို တွယ်တက်ရန် ဆုံးဖြတ်လိုက်သည်။


ညပိုင်း ဆယ်နာရီထိုး​​သောအခါ အလုံးစုံ မဲ​မှောင်​နေပြီး ရွာသားများအားလုံးကလည်း အိပ်​ပျော်​နေ​လေပြီ။ ကျန်းကျန့်က ​ကျောက်မိသားစု၏ အိမ်သို့ ​ရောက်လာပြီး ​ကျောက်ကျင်း​ကော၏ ပြတင်း​ပေါက်ကို ခေါက်လိုက်သည်။


တစ်ခဏ ကြာ​သောအခါ ပြတင်း​ပေါက် ပွင့်လာခဲ့သည်။ ​ကျောက်ကျင်း​ကောသည်လည်း အိပ်မ​ပျော်နိုင်သည်မှာ သိသာ​​နေခဲ့သည်။ သူ့ကို လာ​တွေ့ဖို့ ရှက်လွန်း​နေ​ပေမယ့် သူ့ကို​တော့ ​စောင့်​နေတုန်းပဲလား...


"ကျင်း​ကော... ထွက်လာခဲ့" ကျန်းကျန့်က ​ပြောလိုက်သည်။


"ကျွန်​တော် အိပ်​တော့မှာ..." ​ကျောက်ကျင်း​ကောက ဆိုသည်။


"မင်း ထွက်မလာရင် ကိုယ်ဝင်လာခဲ့မှာ​နော်" ကျန်းကျန့်က အိမ်ထဲသို့ တွယ်တက်ရန် ဟန်​ဆောင်လိုက်​လေသည်။


​ကျေးလက်​ဒေသမှ ပြတင်း​​ပေါက်များမှာ အလွန်ကြီးမားကြပြီး တွယ်တက်ရန် အလွန် လွယ်ကူသွား​စေသည်။ သို့​​သော်လည်း ​ကျောက်ကျင်း​ကောက ထိုကဲ့သို့​​သော ကိစ္စရပ်များကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်း​​ကြောင့်လည်း ဖြစ်နိုင်​ပေသည်။ တွယ်ဆင်း​နေ​သော သူ့ပုံက အလွန် မကျွမ်းမကျွင် ဖြစ်​​နေခဲဲ့သည်။


ကျန်းကျန့်က ​ပြေးသွားကာ ကူညီ​ပေးချင်​နေခဲ့သည်။ အထူးသဖြင့် သူ့ခါး​သေး​သေး​လေးကို ကိုင်ကာ တင်ပါး​လေးကို မ​ပေးခြင်း စသဖြင့် လုပ်​​ပေးလိုက်ချင်ပါ​သော်လည်း ​ကျောက်ကျင်း​ကော သူ့ကို ပစ်ထားပြီး လစ်လျူရှုလိုက်မည်ကို စိုးရိမ်သဖြင့် ယခုလက်ရှိတွင် ​တောင့်ခံထားရုံသာ တတ်နိုင်​လေ​တော့သည်။


​ကျောက်ကျင်း​ကော ပြတင်း​ပေါက်မှ ဆင်းလာ​သောအခါ ကျန်းကျန့်က သူ့ကို သူ့အိမ်ရှိရာသို့ ​ခေါ်လာခဲ့သည်။


မတိုင်မီက သူ​မွှေးထားခဲ့​​သော မီးမှာ လုံးလုံး မ​သေသွား​သေး​ပေ။ ထို့​ကြောင့် ကျန်းကျန့်က ​ကောက်ရိုးနှင့် ပိုးစာကိုင်းများကို မီးထပ်ထည့်လိုက်သည်။ မီး​တောက်က ပိုအားပြင်းလာ​သောအခါ ပိုးစာ​ကိုင်းအချို့ ယူ၍ ရွှံ့မီးဖိုထဲသို့ ထည့်လိုက်ပြီး အိုးထဲမှ ဆန်ပြုတ်ကို အပူပေးလိုက်သည်။


ကျန်းကျန့်က သူ့​ဘေးနားတွင် ထိုင်၍ အလုပ်လုပ်​နေစဥ် ​ကျောက်ကျင်း​ကောက သူ့ကို ကြည့်၍ အပြစ်ရှိစိတ် ထပ်ဝင်သွားခဲ့​လေသည်။ ကျန်းကျန့်က တစ်​​ယောက်တည်း ​နေထိုင်ရန် ​ရွှေ့​ပြောင်းလာခဲ့ပြီး​နောက် သူက ကျန်းကျန့်ကို မကူညီနိုင်ရုံသာမက ကျန်းကျန့် သူ့အတွက် ချက်ပြုတ်​ပေးသည်ကိုလည်း ခွင့်ပြုထားရသည်။


​ကျောက်ကျင်း​ကောက ထ၍ ကူညီလိုက်ချင်​ပါ​သော်လည်း ကျန်းကျန့်က အလုပ်အားလုံးကို သူ့ဘာသာပင် အပြီးသတ်လိုက်သည်။


"ဒီမှာ... ဆန်ပြုတ် တစ်ပန်းကန်​လောက်စား" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ဝက်အသည်းနှင့် အရိုးတို့ဖြင့် ချက်ထား​​သော ဆန်ပြုတ်တစ်ခွက် ​ပေးလိုက်သည်။


​ကျောက်ကျင်း​ကောက ၎င်းကို ကြည့်လိုက်ရာ ဆန်ပြုတ်ထဲတွင် ဝက်အသည်းဖတ်များစွာ ပါဝင်​နေ​ကြောင်း ​တွေ့လိုက်ရသည်။


"ခင်ဗျား ​ကျွန်​တော့်ကို ဆက်တိုက် ​ကျွေး​နေစရာ မလိုပါဘူး..."


"ကိုယ်က မင်းကို ​ကျွေးချင်​နေလို့​လေ" သူ သည်လည်း ညစာစားပြီးသည်မှာ နှစ်နာရီ​ကျော် ကြာ​​နေပြီ ဖြစ်၍ ထပ်ပြီး ဗိုက်ဆာ​လာ​သော​ကြောင့် ပန်းကန်နှစ်လုံး ခပ်ကာ ​ကျောက်ကျင်း​ကောကို အချိန်နှင့်အမျှ ကြည့်​နေရင်းဖြင့် ​ကျောက်ကျင်း​ကောနှင့်အတူ စား​သောက်​လေ​တော့သည်။


အခန်းက တိတ်ဆိတ်​နေ​လေသည်။ သူတို့နှစ်ဦးသား ဆန်ပြုတ်​​သောက်​နေကြသည့် အသံများသာ ကြား​နေရ​သော်လည်း ကျန်းကျန့်ကမူ လွန်စွာ ​ပျော်ရွှင်​နေခဲ့​လေသည်။


စစ်တပ်မှ အနားယူကတည်းက ကိုယ်ပိုင်ဘဝတွင် ရှင်သန်​နေခဲ့ရပြီး ယခုတွင် သူ့ထံ၌ အ​​ဖော်တစ်​ယောက်ပင် ရှိ​​နေ​လေပြီ။


ကျန်းကျန့် သူ့အား ကြည့်​နေသည်ကို ​တွေ့​နေရ​သော ​ကျောက်ကျင်း​ကောမှာ မသက်မသာ ဖြစ်​နေရပြီး သူ့လက်ထဲမှ ဆန်ပြုတ်၏ အရသာကိုပင် မ​ပြောနိုင်​တော့​ပေ။


"ကျွန်​တော် ခင်ဗျားအတွက် တစ်ခုခု ယူလာခဲ့တယ်" ​ကျောက်ကျင်း​​ကောက ကျန်းကျန့် သူ့ကို ထပ်ကြည့်လာချိန်တွင် ​ပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် အ​တော်​လေး မူမမှန် ဖြစ်​​နေသည့် ​အခန်းထဲမှ ​လေထုကို ဖြိုခွဲလိုက်သည်။


"ဘာများလဲ" ကျန်းကျန့်က ​​မေးလိုက်သည်။


​ကျောက်ကျင်း​ကောက သူ့လက်များထဲမှ ဝါးဘူး​လေးများစွာကို ထုတ်ကာ ကျန်းကျန့်ကို ​ပေးလိုက်သည်။ သူက ထိုအထဲမှ တစ်ခုကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ "ဒါက မုန်ညင်း​စေ့အစိမ်း... အခုက စိုက်ပျိုးဖို့ အချိန် မဟုတ်​​ပေမယ့် ခင်ဗျား စိုက်လိုက်ရင် အပင်​ပေါက်လာမှာ... ပြီးရင် ခင်ဗျား စားလို့ ရပြီ"


ထို့​နောက် သူက ကျန်​နေ​သေးသည့် ဝါးဘူး​လေးများကို ထိုးပြလိုက်ပြီး​နောက် တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။ သူတို့က အသီးအရွက် မျိုး​စေ့များနှင့် ပြည့်​နေ​လေသည်။


"ဘာလို့ ဒါ​တွေ ကိုယ့်ကို ​ပေးဖို့ ရုတ်တရက် စဥ်းစားမိတာလဲ" ကျန်းကျန့်က ​မေးလိုက်သည်။


"ဒါက..."​ကျောက်ကျင်း​ကောက တုံ့ဆိုင်း​နေပြီး ဆက်မ​ပြော​တော့​ပေ။ အမှန်တကယ်တွင် သူ့အ​မေက ​ကျန်းကျန့် သူတို့စိုက်ခင်းထဲမှ ဆလတ်ရွက်များ ခိုး​နေသည်ကို ​တွေ့ခဲ့ရသဖြင့် သူသည်လည်း ကျန်းကျန့်ထံတွင် ယခု လက်ရှိ စား​သောက်ရန် မည်သည့်အသီးအရွက်မှ မရှိ​ကြောင်း အမှတ်ရသွားခဲ့ခြင်း ဖြစ်သည်။


သူတို့က ဤ​နေရာတွင် အစားအ​သောက် အလျှံပယ် စား​သောက်နိုင်ပြီး တစ်နှစ်ပတ်လုံး အသီးအရွက်များ မပြတ်လပ်ပါ​ပေ။ သို့​သော်ငြား လူများက တာရှည်ခံသည့် အစားအစာများကိုသာ ပို၍ နှစ်ခြိုက်ကြသည်။ သူတို့က အိမ်၏ အ​ရှေ့ဘက်နှင့် အ​နောက်ဘက်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် အ​စေ့ပျိုးထား​လေ့ရှိကြပြီး ၎င်းတို့က သူတို့၏ ကိုယ်ပိုင်မိသားစုဝင်များ စား​​သောက်ရန် လုံ​လောက်​ပေသည်။


သို့​သော်ငြား အခြားသူများက အသီးအရွက်များ မချို့တဲ့ကြပါ​သော်လည်း ကျန်းကျန့်က​တော့ ကွဲပြား​လေသည်။ သူက စိုက်ပျိုးရန် မျိုး​​စေ့ မရှိသဖြင့် သူ့ထံတွင် စားရန် မည်သည့်အသီးအရွက်မှ ရှိမည် မဟုတ်​ပေ။


"စိုက်ပျိုး ရာသီ မဟုတ်​ပေမယ့်လည်း ဒီမျိုး​စေ့​တွေကို အရင်စိုက်ထားလိုက်... မကြာခင်​တော့ စားဖို့ အသီးအရွက်​​တွေ ရလာမှာပါ... ဒီရက်ပိုင်းအတွက်က​တော့... ကျွန်​တော် ​နေ့တိုင်း ခင်ဗျားအတွက် အစားအ​သောက်​တွေ ယူလာ​ပေးမယ်​လေ" ​ကျောက်ကျင်း​ကောက ထပ်​ပြောလိုက်သည်။


"မင်းအ​မေက ကိုယ် ဆလတ်ရွက်​​တွေ ခိုး​နေတာကို ​တွေ့သွားတာလား"


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ကြည့်ကာ ရယ်​မောလိုက်သည်။


"ခိုးတာ မဟုတ်ပါဘူး... ခင်ဗျားသာ ဆလတ်ရွက်ကို စားလိုက်ရင်" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။ အမှန်တကယ်တွင် မည်သူကမှ အိမ်နီးချင်းများ အသီးအရွက် စားရန်အတွက် ခူး​​ကြသောအခါ မည်သည့်စကားမှ ​ပြောမည် မဟုတ်​​ပေ။ ၎င်းတို့ကို သူတို့၏ ကိုယ်ပိုင်​မြေထဲတွင် စိုက်ထားရန် ​ငွေများစွာ မကုန်ကျခဲ့​ပေ။ သို့​သော်လည်း ကျန်းကျန့်က လတ်တ​လောတွင် ဂြိုလ်ဆိုး​​ကောင် ဟူသည့် ဂုဏ်ပုဒ်ကို ယူထားပြီး သူ ဆလတ်ရွက်ကို ဆွဲနှုတ်လိုက်ချိန်တွင် သူ့အ​မေကို အလန့်တကြား ဖြစ်သွား​စေခဲ့သည်။


သူက ကျန်းကျန့် သူ့အိမ်သို့ အသီးအရွက်များ လာခူးမည်ကို ဂရုမစိုက်ပါ​သော်လည်း သူ့အ​မေကို ကျန်းကျန့်နှင့် ပြဿနာ ဖြစ်​စေ၍ မ​ကောင်း​ပေ။


"​ကောင်းပြီ​လေ... ​နောက်ဆို မင်းက ကိုယ့်အတွက် အစားအ​သောက်​​တွေ ယူလာ​ပေးမှာကို ​စောင့်​​နေမယ်"


ကျန်းကျန့်က ခပ်ပြုံးပြုံး ဆိုကာ​ ​ကျောက်ကျင်း​ကောကို ဖက်ထားလိုက်ပြီး သူ့ပါး​လေးကို နမ်းရှိုက်လိုက်သည်။


သူ ယခင်ကလည်း နမ်းရှိုက်ဖူးပါသည်။ ဤတစ်ကြိမ်၌ သူက သူ့ပါး​​လေးကိုသာ နမ်းခဲ့သဖြင့် ​ကျောက်ကျင်း​ကောကို မ​ကြောက်လန့်မိ​စေ​တော့။ သို့​သော်လည်း ထိုသို့ဆိုလျှင်​တောင် ​ကျောက်ကျင်း​ကောကို မသက်မသာ ဖြစ်သွား​စေခဲ့ပြီး မသိလိုက်မသိဘာသာဖြင့် သူ့လက်ထဲမှ ပန်းကန်လုံးကို ခပ်တင်းတင်း ဆုပ်ကိုင်မိသွား​စေခဲ့သည်။


ကျန်းကျန့်က မကြာမီပင် သူ့ကို လွှတ်​ပေးလိုက်သည်။


"ဆန်ပြုတ်​သောက်... ဝက်အသည်းစားတာက မင်းကျန်းမာ​ရေးအတွက် ​ကောင်းတယ်"


ကျန်းကျန့်က အိုးထဲမှ ကျန်​သော ဆန်ပြုတ်အားလုံးကို ခပ်လာခဲ့ပြီး ​ကျောက်ကျင်း​ကောနှင့် မျှစားလိုက်သည်။ ထို့​နောက် သူက ​ကျောက်ကျင်း​ကောကို ​ကျောက်မိသားစုအိမ်သို့ ပြန်လိုက်​ပို့​ပေးခဲ့​လေသည်။ ​ကျောက်ကျင်း​​ကော ပြတင်း​ပေါက်ကို ဖြတ်၍ သူ့အခန်းထဲသို့ ဝင်သွား​​ပြီး သူ့ကို နှုတ်ဆက်လိုက်သောအခါ ကျန်းကျန့်က သူ့​ခေါင်း​လေးကို ​ကိုင်၍ နှုတ်ခမ်း​လေးကို အနမ်း​​ပေးလိုက်​လေသည်။


ကျန်းကျန့်က ထိုည၌ အိပ်ရာဝင် ​နောက်ကျသဖြင့် ​နောက်တစ်​နေ့တွင် ​နောက်ကျမှ နိုးလာ​လေ​တော့သည်။


သူက သူမ​နေ့ညက အခွံချွတ်ထား​သော ဆန်ဖြင့် ထမင်းချက်လိုက်ပြီး ​ပေါင်းခံအိုးထဲတွင် တစ်ညလုံး ချန်ထားခဲ့​သော ဝက်ဆားနယ်​ခြောက် တစ်တုံးနှင့် ဝက်အသည်း တစ်တုံးတို့ကို ​ပေါင်းလိုက်သည်။


​ရှေး​ခေတ်ဝက်များက အစာများ မစား​ပေ။ သူတို့က သဘာဝဆန်ကာ ညစ်ညမ်းမှုလည်း ကင်းကြ​သော်လည်း အမှန်တကယ်တွင် ထိုဝက်များက ​နောက်ပိုင်း​မျိုးဆက်၏ ဝက်များထက် ပို၍အရသာ ရှိမ​နေ​ပေ။


ထိုအ​ကြောင်းကို စဥ်းစားလိုက်ပါက ဤ​ခေတ်တွင် ဝက်များက မြက်အချို့ကိုသာ စားနိုင်ပြီး အလွယ်တကူ ဝိတ်မတက်ကြ။


ဒီ​ခေတ်မှ ဝက်များမှာ ဝက်စာမြက်များကို စား​လေ့ရှိကြပြီး အဆီတက်မလာသည်မှာ မှန်ကန်​ကြောင်း စဥ်းစားမိသည်။


သင်သာ ဝက်တစ်​​ကောင် ​မွေးမြူချင်ပါက ဆယ်လထက် ပိုကြာသည်အထိ ​မွေးမြူရ​ပေမည်။ ဝက်များကို ဤနည်းလမ်းအတိုင်း ​မွေးကြခြင်း ဖြစ်သည်။ အဆီနည်း​သော အသားမှာ အနည်းငယ် အို​နေပြီး အဆီကလည်း နည်းလွန်းလှကာ အ​ခေါက်ကလည်း ထူလွန်း​​နေ​ပေသည်။


၎င်း၏ အနံ့အသက်က ကြွယ်ဝလှပါ​သော်လည်း ထိုကဲ့သို့​သော အသားမျိုးက အဆီနှင့် ​ရေဓါတ်နည်းလှသည့် သူ့လို ​ယောကျ်ားတစ်​ယောက်အတွက်သာ ပို​ကောင်း​ပေသည်။


ဝက်​မွေးခြင်းက လုံလုံ​​လောက်​လောက် ​ကောင်းမွန်ခြင်း မရှိပုံပင်။


ယ​နေ့​ခေတ်တွင် ဝက်​ကောင်းတစ်​ကောင် ​ဝယ်ယူ၍ ရနိုင်မည့် ​နေရာ ​​ကောင်းတစ်ခု မရှိပါ​ပေ။ သူက မတိုင်မီက ရွာသားများ ​မွေးမြူထားသည့် ကြက်နှင့်ဘဲများကို မြင်ဖူးထားပြီး ၎င်းတို့မှာ ​ယေဘုယျအားဖြင့် သူ၏ ပထမဘဝတွင် မြင်ဖူးခဲ့သည်ထက် ပို​သေးကြသည်။


သို့​သော်ငြား အသားက အရသာ သိပ်မ​​​ကောင်းလျှင်​တောင် အသား ဖြစ်​နေဆဲပင်။ ကျန်းကျန့်က ထမင်းနှစ်ပန်းကန်ကို ဝက်သားနှင့် တစ်ထိုင်တည်း အပြတ်ရှင်းလိုက်သည်။ ထို့​နောက် ဝါးဘူး​လေးထဲသို့ ထမင်းနှင့် လက်နှစ်​ချောင်း အရွယ်အစား ဝက်သားတုံး​လေးများကို ထည့်၍ ​နောက်ပိုင်း စီရင်စုမြို့သို့ သွားရာလမ်းတွင် ​ကျောက်ကျင်း​ကောကို ​ပေးရန် ​ထားထားခဲ့သည်။


စီရင်စုမြို့ကို သွားမည်ဟု စဥ်းစားမိသည်နှင့် ကျန်းကျန့်က အဝတ်အစားများကို အထူးတလှယ် လဲလှယ်ခဲ့ပြီး ဆံပင်ကိုလည်း လက်​ချောင်းများဖြင့် သပ်ကာ ​​ငွေပြားအချို့ကို ထုပ်ပိုးလိုက်လေသည်။ ထွက်မသွားခင် ကြက်က​လေးကိုလည်း သွားကြည့်လိုက်​သေးသည်။ ​နေရာအ​ပြောင်းအလဲ​ကြောင့် ဖြစ်နိုင်သည်... ကြက်က အနည်းငယ် ​ကြောက်လန့်​နေပြီး ဥမဥသဖြင့် သူ့ကို သနားစိတ် ဝင်သွား​စေရ​လေသည်။


ကျန်းကျန့်က ​ကျောက်ကျင်းကောကို သွားရှာခဲ့ပါ​သော်လည်း သူ့ကို စကားသွားမ​ပြောခဲ့​ပေ။ သူက ​ကျောက်ကျင်း​ကောကို ကြည့်ရုံသာ ကြည့်ခဲ့ပြီး အလွယ်တကူ ရှာ​​တွေ့ပြီး စားနိုင်ရန် အနီးအနားရှိ မြက်​တောထဲတွင် ဝါးဘူး​လေးကို ချ​ပေးထားလိုက်သည်။


အချိန်တစ်ခုမျှ ​ကျောက်ကျင်း​ကောက လှည့်စား​ရန် လိုပြီး သူတို့က တစ်​​ယောက်တစ်တစ်​ယောက် မရင်းနှီးသကဲ့သို့ ဟန်​ဆောင်​နေရမည် ဖြစ်သည်။