အပိုင်း၃၁
Viewers 21k

Chapter 31

Chapter 31

စီရင်စုမြို့မှာ ညီငယ်တစ်​ယောက်ရ



အကြီးဆုံးကျန်းက စီရင်စုမြို့သို့ သွားခဲ​သော်လည်း လမ်းသိ​နေဆဲ ဖြစ်သည်။ အဆုံးတွင် ရွာမှ စီရင်စုမြို့သို့ သွားသည့်လမ်းက တစ်လမ်းသာရှိ​လေသည်။


ဟယ့်ရှီရွာက စီရင်စုမြို့နှင့် မ​ဝေး​ပေ။ ကျန်းကျန့်က နာရီဝက်အတွင်း မြို့ကို​ရောက်ရှိသွားသည်။ ထို့​နောက် သူက အကြီးဆုံးကျန်း ​​အလွန် ကြီးပွားချမ်းသာ လှသည်ဟု တွေးထားခဲ့သည့် စီရင်စုမြို့ကို မျက်မြင်ဒိဌိ ​တွေ့လိုက်ရ​လေသည်။


ရိုးရိုးသားသား ​ပြောရလျှင် ကျန်းကျန့်က သူ​တွေ့​နေရသည့် စီရင်စုမြို့ကို အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူက မြစ်ကမ်းနံ​ဘေးမြို့များစွာကို သွားခဲ့ဖူးသဖြင့် ဟယ်​​ချောင်မြို့မှာ ထိုမြစ်ကမ်း​ဘေးမြို့​လေးများကဲ့သို့ ကြီးပွားချမ်းသာကာ လှပ​နေလိမ့်မည်ဟု ​တွေးထားခဲ့သည်။ သို့​သော်လည်း အမှန်တကယ်တွင်မူ...


လူအများက အချိန်နှင့်အမျှ ​ဆေး​ရေး ခြယ်သကာ ခရီးသွားများ၏ အာရုံကို ဆွဲ​ဆောင်ကြရန် အတွက် ပြန်လည်ပြုပြင်ကြလိမ့်မည် ဖြစ်​သော်လည်း အမှန်တရားက လုံးလုံး ကွဲပြား​နေ​ပေသည်။


ဟယ်​ချောင် စီရင်စု၏ လမ်းများမှာ ကျဥ်းလွန်းလှသည်။ အနည်းငယ် ပိုကျယ်ပုံ​ပေါ်သည့် မြို့လယ်မှ အဓိကလမ်းမကြီးမှတပါး အခြားလမ်းများမှာ အလွန် ကျဥ်း​မြောင်း​လှပေသည်။ လမ်း​ပေါ်မှ အိမ်များကယိုယွင်း​နေပုံ​ပေါ်သည်။ ​သေချာ​ပေါက် အ​ရေးအကြီးဆုံးအချက်မှာ လမ်း​ဘေးနှစ်ဖက်တွင် ဆိုင်များ ပြည့်​နေသည့် လှုရှုပ်လှ​သော ​​စျေးဆိုင်တန်းလမ်းများ ရှိမ​နေ​ပါ​ချေ။


ထိုလမ်းထဲတွင် ​စျေးဆိုင်များ ရှိပါ​သော်လည်း ကျန်းကျန့်၏ အမြင်တွင် ၎င်းတို့က အမှန်တကယ်ပင် သိမ်နုပ်လွန်းလှ​ပေသည်။


ဤ​ခေတ်ကို အနာဂါတ် မျိုးဆက်၏ မျက်လုံးဖြင့် ကြည့်၍ မဖြစ်နိုင်​ပေ။ ကျန်းကျန့်က မကြာမီမှာပင် သူ့စိတ်ကို ပြန်ချိန်ညှိလိုက်ပြီး မနီးမ​ဝေးမှ သ​​င်္ဘောဆိပ်ကမ်းတစ်ခုကို ​တွေ့လိုက်ရသည်။


ဟယ်​ချောင် စီရင်စုကို စီရင်စုမြို့များထဲတွင် အချမ်းသာဆုံးဟု ဆိုရခြင်းမှာ ဤ​နေရာ၌ သ​င်္ဘော ဆိပ်ကမ်းတစ်ခု ရှိ​နေ၍ ဖြစ်ပြီး မြို့ထဲမှ အကြွယ်ဝဆုံး​​သော ​နေရာများမှာလည်း သ​င်္ဘော ဆိပ်ကမ်း အနီးတွင် ရှိ​နေကြသည်။


ဤ​နေရာသို့ ​ရောက်လာမှသာ ကျန်းကျန့်က သူပုံ​ဖော်ထားခဲ့သည့် ​ရှေး​ခေတ်မြို့​တော်တစ်ခုကို အဆုံးတွင် ​​တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အသိအကျွမ်းနှစ်​ယောက် ဖြစ်သည့် ယန်ကျင်းနှင့် ကျန်း​ချောင်ရှန့်ကိုလည်း ​တွေ့လိုက်ရ​လေသည်။


တစ်ညတာ အနားယူပြီး​နောက် ယန်ကျင်းက ရမန်တရားရုံး​တော်ကို သတင်းပို့ကာ ကင်းလှည့်လာခဲ့သည်။


ယခုတွင် သူက ကျန်းကျန့်ကို ​ကြောက်လွန်းလှသဖြင့် သူ့ကို လုံးလုံး ပြဿနာ မရှာရဲပါ​ပေ။ ထိုရက်များအတွင်း သူကြုံ​တွေ့ခဲ့ရသည့် ပြစ်မှုများအားလုံးက ကျန်း​ချောင်ရှန့်အ​ပေါ်တွင်သာ အပြစ်တင်ရ​​ပေမည်။ ထိုကိစ္စရပ်အတွက် သူက ကင်းလှည့် ထွက်လာပြီး​နောက် ကျန်း​ချောင်ရှန့်ကို ပြဿနာ လာရှာခဲ့သည်။


ရလဒ်အ​နေဖြင့် ကျန်း​ချောင်ရှန့်ကို သင်ခန်းစာ မ​ပေးနိုင်ခင်မှာပင် သူ​မော့ကြည့်လိုက်သည်နှင့် မနီးမ​ဝေးတွင် ကျန်းကျန့် ရပ်​နေသည်ကို ​တွေ့လိုက်ရသည်။


ယန်ကျင်း၏ လှုပ်ရှားမှုများက မသိလိုက်မသိဘာသာဖြင့် ​တောင့်တင်းသွားပြီး လှည့်​ပြေးချင်စိတ်များပင် ​ပေါ်သွားရသည်။ သို့​သော်လည်း ကျန်းကျန့်က သူ့ကို ​တွေ့ပြီးသား ဖြစ်​နေသည်။ သူသာ ထွက်​ပြေးလိုက်ပါက... ယန်ကျင်းက အသက်ဝဝရှုလိုက်ပြီး စိတ်ကြီးဝင်​နေမှုများကလည်း တစ်စွန်းတစ်စပင် မမြင်ရ​လေ​အောင် ​ပျောက်ကွယ်သွား​လေသည်။


ယန်ကျင်းက ရမန်အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်းကျန့်ထံသို့ ​​လျှောက်လာကာ အထက်အရာရှိကို ရုတ်တရက် ​တွေ့လိုက်ရသည့် မျက်နှာ အမူအယာကိုလည်း အမှတ်တမဲ့ ​ဖော်ပြမိသွားသည်။ သူ့မျက်နှာ​ပေါ်မှ မျက်နှာချို​သွေး​နေ​သည့် ပုံစံဖြင့် ​ပြောလိုက်​လေသည်။ "အကြီးဆုံးကျန်း... စီရင်စုမြို့ကို ဘာလာလုပ်တာလဲ"


ကျန်းကျန့်က ယန်ကျင်းကို အစုန်အဆန် ကြည့်​လိုက်သည်။


"​စျေးလာဝယ်တာ... ပြီး​တော့ ငါ့ကို အကြီးဆုံးကျန်းလို့ မ​ခေါ်နဲ့... ငါ့ကို ဘော့စ်လို့ ​ခေါ်ရင်​ရော..."


အတိတ်တွင် ကျန်း​ချောင်ရှန့်နှင့် ကျန်း​ချောင်ဝမ်တို့က သူ့ကို အကြီးဆုံးအစ်ကိုဟု မ​ခေါ်ကြဘဲ သားသတ်သမားကျန်း ​ခေါ်သည့်အတိုင်းလိုက်ကာ အကြီးဆုံးကျန်းဟုသာ ​ခေါ်ခဲ့ကြသည်။ သူတို့ ထိုသို့ ​ခေါ်ခဲ့သည့်အချိန်တိုင်း သူ့​အ​ပေါ် လုံးဝ ​လေးစားမှု မရှိကြသဖြင့် ထိုအမည်နာမအား မကြိုက်​ပေ။ သို့​သော်လည်း ယခုတွင် သူက ယန်ကျင်းအား ကွဲပြား​​​သော အဓိပ္ပါယ်တစ်ခုဖြင့် ဆရာဟု ​ခေါ်ခိုင်းနိုင်ခဲ့​လေပြီ။ ယန်ကျင်းက သူ့အ​ပေါ် မ​လေးမစား လုပ်ရဲမည် မဟုတ်​ပေ။ ကျန်းကျန့်၏ မျက်လုံးများ အနည်းငယ် ကျဥ်း​မြောင်းသွားခဲ့သည်။


ယန်ကျင်းက အလွန် သိတတ်သည်။ သူက ​အ​ခေါ်အ​ဝေါ်ကို ​ပြောင်းလိုက်ရုံသာမက ပို၍ပင် စိတ်အားထက်သန်လာခဲ့​သေးသည်။


"ဘာ​တွေ ဝယ်ချင်လဲ... ဘောစ့်... ကျွန်​တော် အတူ လိုက်ဝယ်​ပေးမယ်​လေ... ​စျေးပိုချိုမှာပါ" အမှန်တကယ်တွင် သူက "ဘောစ့်"ဟူ​သော အမှတ်သညာက မည်သည်ကို ဆိုလိုသည်မှန်း မသိရ​သော်လည်း ကျန်းကျန့်ကို မဆန့်ကျင်ရဲပါ​ပေ။


"​ကောင်းပြီ​လေ" ကျန်းကျန့်က ​ခေါင်းငြိမ့်ပြလိုက်သည်။


ယန်ကျင်းမှာ ထိုလူက သူ့အ​ပေါ် သ​ဘောထားဆိုးများ မရှိဘဲ သူ့ကို ရိုက်နှက်မည့် အရိပ်အ​ယောင်များ မရှိသည်ကို ​တွေ့လိုက်ရသည်​ကြောင့် စိတ်သက်သာရသွားသည်။ ယန်ကျင်းက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချကာ ကျန်းကျန့်နှင့်အတူ သင်္ဘောဆိပ်မှ ထွက်လာခဲ့သည်။


ကျန်းကျန့်က ပစ္စည်းများစွာ ဝယ်ချင်နေပြီး သူသွား​ရောက်သည့် ပထမဆုံးဆိုင်မှာ ဟင်းခတ်အ​မွှေးအကြိုင်များ ​ရောင်းချသည့် နေရာ ဖြစ်သည်။


"ဆား ငါးကီလို ​ပေးပါ... ဆားက ဘယ်​လောက်လဲ" ကျန်းကျန့်က ဆားဝယ်​တော့မည် အပြုတွင် ဆား​စျေးနှုန်းက ​စျေး​ပေါလိမ့်မည် မဟုတ်​ကြောင်း ရုတ်တရက် အမှတ်ရသွား​လေသည်။


အဘွားကြီးကျန်းက အကြီးဆုံးကျန်းကို ​ငွေကိုင်ခွင့် မ​ပေးသဖြင့် သူ့မှတ်ဥာဏ်ထဲတွင် တိကျ​​သော ​စျေးနှုန်း မရှိပါ​သော်လည်း ထိုသို့ဆိုလျှင်​တောင် သူမ၏ စကားလုံးများအရ ဆား​စျေးနှုန်းက ​​စျေး​ပေါလိမ့်မည် မဟုတ်​ကြောင်း သူ မြင်နိုင်​​နေသေးသည်။


"တစ်ကီလိုကို ​ကြေးပြား​လေးဆယ်"ဆိုင်ရှင်က ​ပြောလိုက်သည်။


​လေးဆယ်... ဆား​စျေးက ဝက်သား​စျေးရဲ့ နှစ်ဆပါလား... ကျန်းကျန့်က အနည်းငယ် အံ့အားသင့်သွားပြီး အမှာစာကို ချက်ချင်း ​ပြောင်းလဲလိုက်​လေသည်။


"ဆားနှစ်ကီလိုပဲ ​ပေး​တော့"


ဆိုင်ရှင်မှာ ဆားများကို ထုတ်ရန် ပြင်ထားပြီးသား ဖြစ်​နေသည်။ ကျန်းကျန့် စိတ်​ပြောင်းသွားသည်ကို ​တွေ့​သောအခါ မျက်ခုံးမကြုတ်မိဘဲ မ​နေနိုင်။ သို့​သော်လည်း သူ​မော့ကြည့်လိုက်သည့်အခါ ကျန်းကျန့်​ဘေးတွင် ရပ်​နေ​သည့် ယန်ကျင်းကို ​တွေ့​​ရချိန်၌ ချက်ချင်းပင် ပြုံးသွားပြီး ကျန်းကျန့်အ​ပေါ် ပို၍ ​ဖော်​ဖော်​ရွေ​ရွေ ရှိသွားသည်။


သေခြင်းတရား တံခွန်ကို က​​​လေးများပင် အလွယ်တကူ မြင်နိုင်​သေးသည်။ ဤစီရင်စု မြို့​တော်တွင် စီးပွား​ရေး လုပ်ကြသူများက ရမန်တရားရုံး​တော် အရာရှိတစ်​ယောက်ကို ဆန့်ကျင်ရန် ဆန္ဒမရှိကြ​ပေ။


"ဆိုင်ရှင်ကျန်း... ငါတို့က အသိအကျွမ်း​တွေပဲ​လေကွာ... ​စျေး​လျှော့​ပေးဦးမှ​ပေါ့" ယန်ကျင်းက သာမန်ကာလျှံကာ ပြောလိုက်ပြီး​နောက် ကျန်းကျန့်၏ ဆားနှစ်ကီလိုမှာ ​ကြေးပြား ခုနှစ်ဆယ်သာလျှင် ကျသင့်သွား​လေ​တော့သည်။


ဆားဝယ်ပြီး​နောက် ကျန်းကျန့် ဗင်နီဂါနှင့် ပဲပိစပ်အနှစ်တို့ကို သွား​ရောက် ဝယ်ယူခဲ့သည်။ ဖြစ်ရသည်မှာ ဗင်နီဂါနှင့် ပဲပိစပ်အနှစ် အားလုံးတို့မှာ ကရား​လေးများတွင် ထည့်ထားကြသည်။ ဝယ်သူများ လာ​ရောက် ဝယ်ယူကြ​​သောအခါ သူတို့က အချို့ကို ၎င်းတို့ထဲမှ ခပ်ကာ သူတို့ယူလာ​သော ထည့်စရာများအတွင်းသို့ ထည့်ရသည်။ သို့​သော်လည်း ကျန်းကျန့်က မည့်သည့် ထည့်စရာ တစ်ခုမှ ယူမလာခဲ့​ပေ။


ကံအား​လျော်စွာဖြင့် ယန်ကျင်းလည်း ရှိနေခဲ့ပြီး ဆိုင်ရှင်ကလည်း စကားများလွန်းလှသည်။ သူက သူ့သားကို သစ်သားအဆို့များပါသည့် ရွှံ​မြေအိုး နှစ်လုံး သွားဝယ်ခိုင်းလိုက်ပြီး ကျန်းကျန့်အတွက် ဗင်နီဂါနှင့် ပဲပိစပ် အနှစ်တို့ ထည့်​ပေးလိုက်သည်။ ​သေချာ​ပေါက်ပင် အိုးများ၏ တန်ဖိုးကို ကျန်းကျန့်က အကုန်ကျခံခဲ့ရသည်။


ထိုဆိုင်မှ ထွက်လာ​သောအခါ ကျန်းကျန့်မှာ ​ကြေးပြား နှစ်ရာ အသုံးပြုခဲ့ပြီး​လေပြီ။ သူက အစားအ​သောက်များကို သိပ်ဂရုမစိုက်​သည်​ကြောင့်သာ အစပ်ဟင်းခတ်အ​မွှေးအကြိုင်နှင့် သကြားများ မဝယ်ခဲ့ခြင်း ဖြစ်သည်။


​ရှေးခတ်လူများက ​​ငွေရရန် မလွယ်ကူပါ​သော်လည်း သူတို့၏ ထုတ်လုပ်မှု နိမ့်ကျခြင်း​ကြောင့် ပစ္စည်းတန်ဖိုးများမှာ အလွန်မြင့်မား​နေရသည်။


"ဆားကို အဲ့​လောက်ထိ ​စျေးကြီးမယ်လို့ မထင်ထားဘူး"


ဆိုင်ထဲမှ ထွက်လာ​သောအခါ ကျန်းကျန့်က မျက်​မှောင်ကျုံ့လိုက်သည်။ ဤ​နေရာက ကမ်းရိုးတန်း ​​ဒေသ ဖြစ်လျက်နှင့်​တောင် ဆား​စျေးကြီး​နေလျှင် ကုန်းတွင်းပိုင်း ​ဒေသများတွင် မည်သို့ ရှိ​နေလိမ့်မည်နည်း...


"ဘောစ့်... တကယ်​တော့ ဒီမှာ မဝယ်ရင် ​စျေး​ပေါတဲ့ ​နေရာ​တွေ ရှိပါ​သေးတယ်..."ယန်ကျင်းက ​ပြောပြီး​နောက် သူ့ပါးစပ်ကို ရုတ်တရက် ပိတ်ထားလိုက်သည်။


ချင့်ချိန် စဥ်းစားလိုက်ပြီး​နောက် ကျန်းကျန့်က ယန်ကျင်း ဆိုလိုသည်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ယန်ကျင်းက သီးသန့်ဆား​တွေအ​ကြောင်း ​ပြောနေတာများလား...


ကျန်းကျန့်က ထပ်မ​​မေး​တော့ဘဲ ​ပြောလိုက်သည်။ "ငါ အဝတ်​အစားတွေ ဝယ်ဦးမယ်"


"အဝတ်အစားဆိုင်က ဟိုဘက်မှာ ရှိတယ်" ယန်ကျင်းက ခပ်မြန်မြန်ပင် လမ်းပြ​ပေးလိုက်သည်။


ကျန်းကျန့်က ယန်ကျင်း၏ လမ်းပြမှုဖြင့် အဝတ်အစားဆိုင်သို့ ​ရောက်သွားပြီး သူတို့​နောက်ပါးမှ ကျန်း​ချောင်ရှန့်၏ အမူအယာကမူ အ​တော်​လေး ရုပ်ဆိုး​နေသည်။


ယန်ကျင်းက ကျန်းကျန့်ကို ​​တွေ့လိုက်ပြီး​နောက် သူ့ဆီသို့ အ​ပြေးသွားလိုက်သည့်အချိန်တွင် သူသည်လည်း သူတို့​နောက်မှ ​လိုက်လာခဲ့သည်။ ပထမတွင် သူက ယန်ကျင်း ကျန်းကျန့်ကို ပြဿနာ ရှာလိမ့်မည်ဟု ​တွေးထားခဲ့​သော်လည်း ရလဒ်က​တော့ မည်သို့နည်း... ယန်ကျင်းက ကျန်းကျန်းကို ပြဿနာ မရှာရုံတင်မကဘူး သူ့ကို ဦးညွှတ်​နေရ​သေး​တယ်​လေ...


ဘာ​တွေ ဖြစ်ကုန်တာလဲ...


ကျန်း​ချောင်ရှန့်မှာ ဖြစ်ပျက်သမျှကို နားမလည်နိုင်​တော့​ပေ။ ဘာလို့ လူတိုင်းက မျက်စိတစ်မှိတ်အတွင်း ​ပြောင်းလဲကုန်ကြတာလဲ... သူက စိတ်​ကျေနပ်စရာ ​ကောင်းတဲ့ ဇနီး တစ်​ယောက်နဲ့ လက်ထပ်ပြီး သာသာယာယာ ဘဝ​လေးကို ရ​တော့မယ် ဆိုကာမှ​လေ...


သူ မ​​နေ့ညက စီရင်စုမြို့မှ သူ့အိမ်သို့ ပြန်လာခဲ့ရပုံကို ​တွေးမိသွားသည်။ ကျူးရှုဖန်က ပြန်မလာဘဲ သူကလည်း မချက်ပြုတ်နိုင်သဖြင့် ဗိုက်ဆာဆာနှင့်သာ အိပ်ရာ ဝင်ခဲ့ရ​သည်။ ယ​နေ့တွင် သူက ထိခိုက်ထား​သော ​ခြေ​ထောက်ဖြင့် အလုပ်လာလုပ်ရ​သော်လည်း ယန်ကျင်း ပြဿနာ လာရှာသည်ကို ခံလိုက်ရသည်။ ကျန်း​ချောင်ရှန့်မှာ အ​တော်​လေး ကံမ​ကောင်း ဖြစ်​နေသည်ဟု ခံစား​နေရသည်။


ထားလိုက်​တော့... သူ့အစ်ကိုကြီးက ဘာ​တွေ ဖြစ်​နေတာလဲ.... ယန်ကျင်းကလည်း ဘာလို့ သူ့ကို မျက်နှာချို​သွေး​နေရတာလဲ...


ကျန်း​ချောင်ရှန့်မှာ လွန်စွာ ​ဒေါသထွက်​နေပါ​သော်လည်း ထိုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည်များကို ​တွေးမိသွား​သောအခါ ကျန်းကျန့်ကို ပြဿနာ မလုပ်ရဲပါ​ချေ။ ​နောက်ဆုံးတွင် သူက သ​င်္ဘော ဆိပ်ကမ်းသို့ ပြန်ရန်ကိုသာ ဆုံးဖြတ်လိုက်ရ​တော့သည်။


ကျန်း​ချောင်ရှန့် သူ့​နောက်လိုက်​နေသည်ကို ကျန်းကျန့်လည်း သိ​နေသည်။ ကျန်း​ချောင်ရှန့်၏ မျက်နှာ အရုပ်ဆိုးသွားသည်ကို ​တွေ့ရ​သောအခါ သူသည်လည်း အလွန် စိတ်​ကောင်း ဝင်သွားခဲ့​​လေသည်။


အကြီးဆုံးကျန်း၏ ညီများထဲမှ တစ်​ယောက် ဖြစ်သည့် ကျန်း​ချောင်ဝမ်မှာ သားသတ်သမားကျန်း စစ်တပ်မှ ပြန်လာပြီး​နောက် ပထမဆုံး ​မွေးဖွားခဲ့ခြင်း ဖြစ်သည်။ အဘွားကြီးကျန်းက ကျန်း​ချောင်ဝမ်ကို အလွန်ချစ်သည်။ သူမက သူ့ကို ငယ်စဥ်ကတည်းက ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်​ပေးခဲ့ပြီး သူလိုချင်သမျှ ​ပေးခဲ့သည်။ ထိုအ​ကြောင်း​ကြောင့် ကျန်း​ချောင်ဝမ်က အလွန် ပျင်းရိပြီး မည်သည်ကိုမှ မလုပ်နိုင်​ပေ။ အတိတ်တွင် သူက အကြီးဆုံးကျန်းကို ​အော်ဟစ်ခဲ့​သော်လည်း အကြီးဆုံးကျန်းကမူ အ​လေးအနက် မမှတ်ထားခဲ့​ပေ။ အဆုံးတွင် သူက ထိုသို့ ဆက်ဆံခံရသည်ကို ​နေသားကျ​နေ​လေပြီ။


သို့​​သော်လည်း ကျန်း​​ချောင်ရှန့်ကမူ ကွဲပြား​လေသည်။


အဘွားကြီးကျန်းက က​လေး နှစ်​ယောက်လုံးကို ဂရုမစိုက်နိုင်ခဲ့​ပေ။ ကျန်း​ချောင်ရှန့်ကို ​မွေးပြီး​နောက် သူမက သူ့ကို မည်သူနှင့်မှ မရင်းနှီးခဲ့သည့် အကြီးဆုံးကျန်း လက်ထဲသို့ ထည့်​ပေးလိုက်သည်။ အကြီးဆုံးကျန်းက ထိုညီငယ်​လေးကို အလွန် သ​ဘောကျခဲ့သည်။ သူ့ကို ​သေချာ ဂရုစိုက်​ပေးနိုင်ရန်အတွက် အ​ကောင်းဆုံးကြိုးစားခဲ့​လေသည်။


ထိုအချိန်က အကြီးဆုံးကျန်းမှာ ရှစ်နှစ် အရွယ် ရှိ​နေပြီ ဖြစ်​သော်လည်း အာဟာရချို့တဲ့မှုကြောင့် အလွန်အမင်း ပိန်ပါး​နေသည်။ ထိုသို့ဆိုလျှင်​တောင် သူက တာဝန်သိတတ်လှပြီး ကျန်း​ချောင်ရှန့်ကို ထမင်း​​ကျွေးခြင်းနှင့် ​သေးခံများ ​လျှော်ဖွပ် ​ပေးခြင်း စသည်တို့ကို ​ကောင်း​ကောင်း လုပ်​ဆောင်​ပေးခဲ့သည်။ ကျန်း​ချောင်ရှန့်က သူနှင့် အိပ်ခဲ့ပြီး ညအချိန်၌ အကြိမ်အနည်းငယ်မျှ ​ဟောက်​နေခဲ့ပါ​သော်လည်း မည်မျှပင် ​အေး​နေပါ​စေ ထပြီး ကျန်း​ချောင်ရှန့်ကို ​သေးတည်​​ရန် ​ခေါ်သွား​ပေးမည် ဖြစ်သည်။ ထိုအချင်းအရာက ကျန်း​ချောင်ရှန့် ​လေး ငါးနှစ် အရွယ် ​ရောက်သည်အထိ ကြာမြင့်ခဲ့သည်။


သူနှင့် ကျန်း​ချောင်ရှန့်တို့က မခွဲမခွာနိုင်လုနီးပါး ဖြစ်ခဲ့သည်။ သူ ဝက်စာမြက်များ သွားဖြတ်လျှင်​တောင် ကျန်း​​​ချောင်ရှန့်ကို ​ကျောပိုးကာ ​ခေါ်သွား​ပေးရသည်။ သူ့အကြည့် လွဲသွားသည်နှင့် ကျန်း​ချောင်ရှန့် လဲကျမည် ဗိုက်ဆာနေမည်ကို စိုးရိမ်​နေခဲ့ရသည်။


ထိုအ​ကြောင်း​ကြောင့် ကျန်း​ချောင်ရှန့် ​ကောင်​ငယ်​လေး တစ်​ယောက် ဖြစ်လာ​သောအခါ သူနှင့် အရင်းနှီးဆုံးလူမှာ အကြီးဆုံးကျန်းသာ ဖြစ်သည်။ သူ့ကို ​​တွေ့သည်နှင့် အကြီးဆုံးကျန်းထံမှ အချီခံရမှသာ ဖြစ်ခဲ့သည်။ ထို့​​နောက် အကြီးဆုံးကျန်းသည်လည်း ညီငယ်​လေး၏ တွယ်ကပ်မှု​ကြောင့် သူ့ကို ပိုပို၍ ချစ်ခင်လာ​တော့သည်။ သူ့ညီ​လေး ​ပျော်​နေသ​ရွေ့ သူလိုချင်သမျှ ဘာပဲ ဖြစ်ဖြစ် လုပ်​ပေးနိုင်ခဲ့သည်။


ကျန်း​ချောင်ရှန့်က အကြီးဆုံးကျန်းနှင့် ရင်းနှီးသည့်အတွက် အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းမှာ ကျန်း​ချောင်ဝမ်ကို သ​ဘောကျသ​​​လောက် သူ့ကို သ​ဘောမကျကြ​တော့​ပေ။ ကျန်း​ချောင်ရှန့် ငယ်ရွယ်စဥ်က သတိမပြုမိပါ​သော်လည်း သူပို၍ အသက်ကြီးလာ​သောအခါ ခံစားမိလာသည်။


ကျန်း​ချောင်ဝမ်က အဘွားကြီးကျန်း​​နောက် လိုက်ပြီး အလုပ်လုပ်စရာ မလိုသည့်အပြင် သူမက သူ့ပါးစပ်ထဲသို့ အစား​ကောင်း အ​​သောက်​ကောင်းများ ထည့်​ပေးလိမ့်မည်သာ ဖြစ်သည်။ သူက အကြီးဆုံးကျန်း​နောက် လိုက်ခဲ့ပါ​သော်လည်း ထိုကဲ့သို့​​သော ဆက်ဆံခံရမှုများကို ဘယ်တုန်းကမှ မရရှိခဲ့​ပေ။ ကျန်း​ရှောင်မိန် ​​မွေးလာ​သောအခါ အဘွားကြီးကျန်းက သူ့ကိုပင် လစ်လျူရှုထား​လေ​တော့သည်။


ကျန်း​ချောင်ဝမ် အိမ်၌ ​ဆော့က​စား​နေစဥ် အကြီးဆုံးကျန်းက သူ့ကို မြက်ရိတ်ရန် ​ခေါ်သွား​ပေလိမ့်မည်။ ကျန်း​ချောင်ဝမ်က အခြား က​လေးများနှင့် ​ရေထဲတွင် ​ဆော့ကစား​နေကြချိန်တွင် သူက အကြီးဆုံးကျန်း အဝတ်များ ​လျော်ဖွပ်​နေသည့် မြစ်ကမ်း​ဘေးနားတွင်သာ ရပ်​နေခဲ့ရသည်။ ကျန်း​ချောင်ဝမ်က အဘွားကြီးကျန်းထံမှ သ​ရေစာများ ရရှိ​နေချိန်တွင် အကြီးဆုံးကျန်းက သူ့ကို ချိုသည့် ပိုးစာသီးအချို့သာ ခူး​ပေးနိုင်သည်။


ကျန်း​ချောင်ရှန့်က အဘွားကြီးကျန်းနှင့် စတင်နီးကပ်လာပြီး သူမ၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးပမ်း​လေ​တော့သည်။


သူထိုသို့ လုပ်ရသည့်က မည်သည်မှ မှားယွင်း​နေခြင်း မရှိ​ပေ။ အကြီးဆုံးကျန်းက ဝမ်းနည်းရလျှင်​တောင် သူ့ကို တားဆီးမည် မဟုတ်​ပေ။ အဆုံးတွင် အကြီးဆုံးကျန်း ကိုယ်တိုင်က သူ့နှလုံးသားထဲတွင် အ​မေဖြစ်သူနှင့် ရင်းနှီးချင်ခဲ့ရ​လေသည်။ သို့​သော်လည်း မထင်မှတ်ထားစွာပင် ကျန်း​​ချောင်ရှန့်က သူ့ကိုယ်သူ အဘွားကြီးကျန်းထံသို့ ​ရောင်းချရန် အကြီးဆုံးကျန်းကိုပင် ချနင်းလာခဲ့သည်။


သူက တမင်သက်သက် အိပ်ရာ စို​အောင် လုပ်ကာ အဘွားကြီးကျန်းထံသို့ ငိုယိုကာ ​ပြေးသွားရင်း အကြီးဆုံးကျန်းက သူ့ကို ​သေး​ပေါက်ခွင့် မပြု​ကြောင်း ​ပြောသည်။ သူက အကြီးဆုံးကျန်း သူ့ကို ရိုက်နှက်ပြီး သူမစားချင်သည့် အစားအ​သောက်များကိုသာ ​ပေးသည်ဟုလည်း လိမ်​ပြောခဲ့သည်။ အကြီးဆုံးကျန်းက သူ့အစားအ​သောက်များကို လုယူသည်ဟုပင် ​အဘွားကြီးကျန်းကို ​ပြောခဲ့​သေးသည်။