အပိုင်း၃၄
Viewers 24k

Chapter 34

Chapter 34

ငို​​ကြွေးနေသည့် ငါးဖမ်းသမား



ကျန်းကျန့်က နမ်းရသည်ကို သ​ဘောကျပြီး အနမ်း​ပေးတယ် ဆိုရုံသာ ဖြစ်သည်။ သူက အလွန် ရုပ်ဆိုးလှ​သော်လည်း ကျန်းကျန့်က သူ့ကို အနမ်း​​ပေးချင်​နေဆဲ ဖြစ်သည်။၎င်းက တကယ်ပင် ရှိန်​လောက်​ပေသည်။ ထိုအ​ကြောင်း ​​တွေးနေစဥ်မှာပင် ရုတ်တရက် တစ်ခုခုက သူ့ပါးစပ်ထဲသို့ ​လျှောဝင်သွား​ကြောင်း ​ကျောက်ကျင်း​ကော ခံစားလိုက်ရသည်။


ကျန်းကျန့်က သူ့ပါးစပ်ကို လျှာနဲ့ ယက်​နေတယ်...


ဒါ... ဒါက ... ကျန်းကျန့် အရမ်း နှာဘူးကျလွန်းသွားတာ မဟုတ်ဘူးလား...


ပြင်သစ်အနမ်းကို တစ်ခါမှ မသိခဲ့ဖူး​သော ​ကျောက်ကျင်းကောမှာ သူ့နှုတ်ခမ်းများကို အယက်ခံလိုက်ရပြီး​နောက် ​မိန်း​မောသွားပြန်သည်။


သူထိုသို့ ဖြစ်သွားသည်ကို မြင်​နေရသည့် ကျန်းကျန့်က မရယ်​မောဘဲ မ​နေနိုင်​တော့​ပေ။ ထို့​နောက် သူက ​​ကျောက်ကျင်း​ကော သူ့အတွက် ပြင်ဆင်​ပေးထား​သော အသီးအရွက်များကို ယူကာ ခပ်မြန်မြန် ထွက်သွား​လေ​တော့သည်။


ကျန်းကျန့် ပြန်လာ​နေစဥ်တွင် စိတ်​ကောင်းဝင်​နေခဲ့သည်။ သို့​သော်လည်း လမ်းတစ်ဝက် အ​ရောက်တွင် ​ယောကျ်ားတစ်​ယောက်၏ ဖိနှိပ်ထားသော ငို​ကြွေးသံကို ကြားလိုက်ရသည်။


ယ​နေ့တွင် မိုးပြင်းပြင်း မရွာဘဲ တ​ဖျောက်​ဖျောက် ကျရုံသာ ဖြစ်​သော်လည်း မိုးအသံနှင့်ပင် ထိုလူ၏ ငိုသံမှာ ဝမ်းနည်းဖွယ်​ကောင်းလှပြီး ထွက်​ပေါ်လာ​သော နာကျင်မှုက အ​​​တော်လေး သိသာထင်ရှား​နေခဲ့သည်။


ကျန်းကျန့်က တစ်ပါးသူ၏ အ​ကြောင်းကို စွက်ဖက်လိုခြင်း မရှိပါ​သော်လည်း ထိုငိုသံက အ​​တော်​လေး ရင်းနှီး​နေ​ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ငိုသံထွက်လာသည့်​နေရာသို့ ​လျှောက်လာ​သောအခါ သူ့ဖြူ​ကောင်​လေးအတွက် ငါးများ​ရောင်း​ပေးခဲ့​သော ငါးဖမ်းသမားကို ​တွေ့လိုက်ရသည်။ သူက ပရုတ်ပင်​အောက်တွင် ထိုင်ကာ ငို​​နေခဲ့သည်။ သူ့အဝတ်များနှင့် ဆံပင်များမှာ စိုရွှဲ​နေပါ​သော်လည်း ၎င်းကို သတိပြုမိပုံ မရ​ပေ။


ကျန်းကျန့်က ထိုငါးဖမ်းသမားနှင့် အကြိမ်များစွာ အဆက်အသွယ် ရှိခဲ့ပြီး သူက အမြဲတမ်း တိတ်ဆိတ်​နေတတ်​ပေသည်။ ယခုတွင် သူ ဝမ်းပမ်းတနည်း ငို​နေသည်ကို ​တွေ့ရသဖြင့် အံ့အားသင့်မိသွားသည်။


"ခင်ဗျား ဘာဖြစ်​နေတာလဲ" ကျန်းကျန့်က မျက်​မှောင်ကြုံ့၍ ​မေးလိုက်သည်။


ငါးဖမ်းသမားက ​ကျန်းကျန့်ကို ​မော့ကြည့်လာပြီး သူ့မျက်နှာကို ပွတ်၍ ထရပ်လာခဲ့သည်။ "ဘာမှ မဟုတ်ပါဘူး"


"ဘာဖြစ်တာလဲ" ကျန်းကျန့်က ထပ်​​မေးလ်ုက်သည်။


"ငါ..." ထိုလူက ဆို့နင့်သွားသည်။ "ငါ့မိန်းမ... သူ​သေ​တော့မှာကို စိုးရိမ်ရတယ်"


ကျန်းကျန့်က မျက်​မှောင်ကြုံ့ကာ ​မေးလိုက်သည်။ " ခင်ဗျားမိန်းမ ဘာဖြစ်လို့လဲ" သူ ထိုလူအား ဤရက်ပိုင်းအတွင်း အကြိမ်များစွာ မြင်​နေခဲ့ရသည်။ သူ့က​လေး နှစ်​ယောက် မြစ်ထဲတွင် ပုစွန်ဆိတ်​လေးများ ဖမ်း​နေသည်ကိုလည်း မြင်ဖူးခဲ့​သော်ငြား သူ့ဇနီးကို တစ်ခါမှ မမြင်ဖူးခဲ့​ပေ။ မထင်မှတ်ထားစွာဖြင့် ထိုသူက ​သေ​ကောင်​ပေါင်းလဲ ဖြစ်​နေခဲ့သည်။


"ဖျား​နေတာ"


ထိုလူက သူ့မျက်နှာကို ထပ်ပွတ်လိုက်ပြီး မျက်ရည်များ ​ရော​နေသည့် မိုး​ရေစက်များကို သုတ်လိုက်သည်။


ငါးဖမ်းသမားများမှာ ​ကောင်း​ကောင်းမွန်မွန် ​နေရသည်​တော့ မဟုတ်​​ပေ။


သူတို့က ကိုယ်ပိုင် လယ်​မြေ သို့မဟုတ် ​နေထိုင်ရန် ကိုယ်ပိုင်​နေရာ မရှိကြ​ပေ။ သူတို့က ငါးများဖမ်းကာ ​ငွေအတွက် ​ရောင်းချကြ​သော်လည်း သူတို့၏ ဝင်​ငွေက အမှန်တကယ်ပင် နည်းပါးလှပြီး တစ်​နေ့လုပ်မှ တစ်​နေ့စားရသည့် ဘဝမျိုးသာ ဖြစ်ကြသည်။ သူတို့ ဖျားနာကြသည်နှင့် ​ထိုင်စောင့်​နေရုံသာ တတ်နိုင်ကြ​တော့သည်။


ပထမအစတွင် သူ့ဇနီးက အစာအိမ်နာရုံသာ ဖြစ်၍ သူသည်လည်း အ​လေးအနက် မထားမိလိုက်။ ရလဒ်အ​နေဖြင့် သူက ဤရက်များအတွင်း ​အော့အန်လာခဲ့ပြီး ကိုယ်ပူလာကာ အလွန် ပိန်ပါးလာခဲ့သည်။


တမြန်​နေ့က ​နေသာ​လာသောအခါ သူထံတွင် စု​ဆောင်းထားသမျှအားလုံးကို ယူ၍ သူ့ကို ​ခေါ်ကာ ​ဆေးဆရာနှင့် သွားပြခဲ့သည်။ ရလဒ်အ​နေဖြင့် ​ဆေးဆရာက ကုသရန်အတွက် အနည်းဆုံး ​ငွေပြား နှစ်ဆယ် သုံးဆယ်မျှ ကျသင့်မည် ဖြစ်​ပြီး ၎င်းက အလုပ်ဖြစ်မည် ဟူ၍လည်း အာမခံနိုင်​ကြောင်း ​ပြောခဲ့သည်။ သူတို့သာ မကုသနိုင်ပါက ​သူ​သေမည်ကို ထိုင်​စောင့်​နေရုံသာ တတ်နိုင်ပေ​တော့မည်။


သူက ​နေထိုင်စား​​သောက်ရန်အတွက် အလွန်​ဝေးလံ​သော ​နေရာမှ ဤ​နေရာသို့ ​လှေဖြင့် ​ရောက်လာခဲ့သည်။ ဤ​နေရာတွင် ​ဆွေမျိုးများလည်း မရှိဘဲ ​ငွေ​ချေးနိုင်မည့် ​နေရာလည်း မရှိပါ​ချေ။ သူပိုင်ဆိုင်သည့်အထဲမှ ပိုက်ဆံအနည်းငယ် တန်​​​ကြေးရှိသည့် တစ်ခုတည်း​သော အရာမှာ သူ့​လှေ​လေးသာ ဖြစ်​​သော်လည်း ဤ​နေရာ၌ ​လှေလိုအပ်ကြသူများမှာ ​လှေများ မပြတ်လပ်ကြ​ပေ။ ပြီး​တော့ မည်သူမှလည်း ​လှေအား လိုအပ်ကြမည် မဟုတ်​ပေ။ ဒီလို စုတ်ပြတ်​နေတဲ့ ​လှေမျိုးကို ဘယ်သူက ဝယ်မှာတဲ့လဲ...


ထပ်ပြီးတော့ သူ့​လှေက သူ့အိမ်သာ ဖြစ်သည်။ သူတို့သာ ​ဒါကို ရောင်းလိုက်ရင် သူတို့မိသားစုက သွားစရာ ​​နေရာ ရှိ​တော့မှာ မဟုတ်ဘူး...


ငါးဖမ်းသမား၏ နာမည်မှာ ဝမ်ဟိုင်ရှန်း ဖြစ်သည်။ သူ​ပြော​နေသည့် ဇနီး ဖြစ်သူမှာလည်း အမှန်တကယ်တွင် ​ကောတစ်​ယောက် ဖြစ်ကာ စန်း​​ရှောင်ရှန်းဟု အမည်ရသည်။ ဝမ်​ဟိုင်ရှန်းက သူ့ကို မြစ်ထဲမှ ဆယ်ယူထားခဲ့ခြင်း ဖြစ်သည်။


သူတို့၏ ကိုယ်ပိုင်​မြေ သို့မဟုတ် ​ခြေကုပ်ယူစရာ ​​နေရာ မရှိ​ဘဲ ​လှေ​ပေါ်တွင် ​နေရ​သည့် သူကဲ့သို့​သော လူမျိုးများက ဇနီးတစ်​ယောက် ရှာရန် အလွန် ခက်ခဲကြသည်။


သူတို့၏ က​လေးများကို အနည်းငယ်သာ ချစ်ခင်မြတ်နိုးကြသူများကပင် ​သမီးများ သို့မဟုတ် ​ကောများကို နေရာ အတည်တကျ မရှိသူများနှင့် လက်ထပ်မ​ပေးလိုကြ။ ထို့​ကြောင့် အကြီးဆုံးကျန်းလိုပင် ဝမ်ဟိုင်ရှန်းကလည်း နှစ်ဆယ့်ငါးနှစ် ​ရောက်သည်အထိ ဇနီး တစ်​ယောက် မရနိုင်ခဲ့​ပေ။


ထို့​နောက် သူငါးဖမ်းနေခဲ့သည့် တစ်ရက်တွင် အ​ဝေးတစ်​နေရာ၌ တစ်စုံတစ်​ယောက်က ​ပေါ​လော​ပေါ်ကာ ​မျောလာနေသည်ကို ​တွေ့လိုက်ရသဖြင့် ဆယ်​ပေးလိုက်ရာ ​ကောတစ်​ယောက် ဖြစ်​​နေခဲ့သည်။


စန်း​ရှောင်ရှန်းကလည်း ခါးသီး​သော ကံကြမ္မာတစ်ခု ရှိ​နေခဲ့သည်။ သူ့အ​မေက ​စော​စောစီးစီး ဆုံးပါးသွားပြီး သူ့ဖခင်က သူ့အ​ပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံသည့် အခြား မိန်းမ​တစ်​ယောက်နှင့် လက်ထပ်သွားခဲ့သည်။ ​နောက်ပိုင်းတွင် သူ ဆယ့်ငါးနှစ် ဆယ့်​​ခြောက်နှစ်အရွယ်သာ ရှိ​သေးစဥ်တွင် အသက်​လေးဆယ် အရွယ် လူအိုကြီး တစ်​ယောက်ထံသို့ ​ရောင်းစားခံလိုက်ရ​လေသည်။


သူတို့ လက်ထပ်ကြပြီး​နောက် အဘိုးကြီးက သူ့အ​ပေါ် ​​ကောင်း​ပေးခဲ့ပြီး ဘဝ​ကောင်းတစ်ခုတွင် တစ်ခဏမျှ ​နေထိုင်ခဲ့ရ​သေးသည်။ သို့​သော်လည်း အဘိုးကြီးက နှစ်နှစ်အတွင်းမှာပင် အဖျား​ရောဂါ​ကြောင့် ကွယ်လွန်သွားခဲ့သည်။


အဘိုးကြီး ဆုံးသွား​သောအခါ သူ့သားက အိမ်​ထောင်စု၏ တာဝန်ကို ယူခဲ့သည်။ သူ့မိ​ထွေးက သူ့လက်​အောက်တွင် ​ကောင်း​ကောင်းမွန်မွန် ​နေထိုင်ရသည်မှာ ကျိုး​ကြောင်းညီပြီး သူ့ကို ပြန်လည် လက်ထပ်ရန်အတွက် လုပ်​ဆောင်​ပေးနိုင်သေးသည်။ သို့​သော်လည်း အဘိုးကြီး၏ သားမှာယုတ်ညံ့သော စိတ်ထားရှိပြီး သူ့ကို တွန်းအား​ပေးလာခဲ့​လေ​တော့သည်။ အဘိုးကြီးသား၏ ဇနီးမှာ ​​ဒေါသထွက်သွားပြီး သူ့ကို ထွက်သွားရန် ​မောင်းထုတ်ကာ သူမ၏ မိသားစုကို ​ခေါ်၍ ရိုက်ခိုင်းခဲ့သည်။


သူက ထပ်ပြီး အသက်မရှင်ချင်​တော့သဖြင့် ​မြစ်ထဲသို့ ခုန်ချခဲ့သည်။ ​နောက်ပိုင်းတွင် သူ့ကို ဝမ်ဟိုင်ရှန်းက ဆယ်​ပေးခဲ့​လေသည်။ သူက အလွန် ​ကျေးဇူးသိတတ်သဖြင့် ဝမ်ဟိုင်ရှန်းနှင့် အတူ​နေရန် ဆုံးဖြတ်လိုက်​လေ​တော့သည်။


သူတို့ အတူရှိကြသည်မှာ ဆယ်နှစ်​ကျော်လွန်ခဲ့ပြီ ဖြစ်ပြီး က​လေး နှစ်​ယောက် ရထားသည်။ အကြီး​လေးက ဝမ်ယွီအာ ဖြစ်ကာ ​ကောတစ်​ယောက် ဖြစ်ပြီး ဤနှစ်တွင် အသက် ကိုးနှစ် ရှိပြီ ဖြစ်သည်။ အငယ်​လေးက ဝမ်တနျိုဟု ​​ခေါ်ပြီး ဤနှစ်တွင် ​ခြောက်နှစ် ရှိပြီ ဖြစ်ကာ ​ယောကျ်ားလေး ဖြစ်သည်။


အမှန်တွင် သူတို့နှစ်​ယောက်အကြား ​​နောက်ထပ် က​လေး တစ်​ယောက် ရခဲ့​သေးပါ​သော်လည်း က​လေးကို ဆုံးရှုံးခဲ့ရသည်။


သူတို့၏ မိသားစုက ဆင်းရဲပါ​သော်လည်း သူတို့က ​ပျော်ရွှင်ရ​သော ဘဝတစ်ခု ရှိခဲ့ကြသည်။ သို့​​သော်လည်း စန်း​ရှောင်ရှန်းက ရုတ်တရက် ​နေမ​ကောင်း ဖြစ်လာခဲ့သည်။


ဝမ်ဟိုင်ရှန်းက ​ပြောပြီး​နောက် ထပ်ငိုသွားပြီး ကျန်းကျန့်က မျက်ခုံးကျုံ့လိုက်သည်။


​ခေတ်သစ်တွင် လူအများက ဆရာဝန်နှင့် သွားပြရန်အတွက် ခက်ခဲကာ ​​စျေးကြီးလှသည်ဟု အမြဲတမ်း အထွန့်တက်တတ်ကြ​သော်လည်း အမှန်တကယ်တွင် ​​ရှေး​ခေတ်နှင့် နှိုင်းစာပါက ဆရာဝန်နှင့် ပြရသည့် အခ​ကြေး​ငွေက ရက်ရက်စက်စက် နည်းပါး​နေပြီးသား ဖြစ်ကာ ခက်ခဲမှုလည်း လုံးဝ ရှိမ​နေပါ​​ချေ။


​​ရှေး​ခေတ်တွင် ​ဆေးဆရာနှင့် ပြသရန် အမှန်တကယ်ပင် ခက်ခဲပြီး ​စျေးလည်းကြီးလှသည်။


ဟယ်​ချောင်စီရင်စုတွင် ​ဆေးဆရာ အနည်းငယ်သာ ရှိသည်။ သူတို့ထဲမှ အချို့မှာ ​ဆေးပညာအ​ကြောင်း အနည်းငယ်သာ သိကြ​သော်လည်း သူတို့နှင့် ပြရန် ခက်ခဲ​နေဆဲသာ ဖြစ်သည်။ ကုန်ကျ​ငွေအတွက်ကား...


​ကျောက်ကျင်း​ကော၏ အ​မေ ​ကျောက်လျု၏ ​ရောဂါမှာ ​ခေတ်သစ်တွင် ပြင်းထန်သည်ဟု ​ပြော၍ မရ​ပေ။ သို့​​သော်လည်း ​ရှေး​ခေတ်မှ ​ကျောက်မိသားစုက ကုသမှုကာလတစ်ခု ပြီး​နောက်တွင် ​​ဆေးဆရာနှင့် ပြသရန်အတွက် သူတို့၏ လယ်​မြေများကိုပါ ​ရောင်းချခဲ့ရသည်။


ထိုအချိန်၌ ဟယ့်ရှီရွာမှ လူများမှာ ​ကျောက်ကျင်း​ကော၏ အ​ဖေ ​ကျောက်ဖူ​ကွေ့အား တကယ်ပင် အသိဥာဏ် မရှိသူဟု ​တွေးခဲ့ကြသည်။ ​ကျေးလက်မှာ သူတို့ထဲက ဘယ်သူကများ ​နေမ​ကောင်း မဖြစ်ကြဖူးလို့လဲ... ဘာမဟုတ်တာ​လေးကို ကုဖို့ ​​မြေ​ရောင်းလိုက်ရတာ မဟုတ်ဘူးလား... ​ကျောက်ဖူ​ကွေ့သာ ​မြေမ​ရောင်းလိုက်ရင် ​ကျောက်လျူ ​သေသွားရင်​တောင် သူ့အိပ်ရာကို ​​နွေး​ထွေး​စေဖို့ မုဆိုးမတစ်​ယောက်နဲ့ လက်ထပ်လို့ ရ​သေးတာပဲ​လေ... သူမက သူ့အတွက် ​နောက်ထပ် ​ယောကျ်ား​လေး တစ်​ယောက် ​မွေး​ပေးချင် ​မွေး​ပေးနိုင်ဦးမှာ...


​ရှေး​ခေတ်တွင် သာမန်လူများက ဖျားနာသည်ကို ကုသရန် မတတ်နိုင်ကြ။ သူတို့ ဖျားနာလာ​သောအခါ ပို​ကောင်းလာရန်ကိုသာ ထိုင်​စောင့်​နေရန် တတ်နိုင်ကြသည်။ ဝမ်ဟိုင်ရှန်း၏ ဇနီးက ဖျားနာ​နေပြီး ကုသမှု ခံယူရန် အလျင်လို​နေသည်။ သူ့ကို ကုသရန် ​ငွေမရှိသဖြင့် ​သေရန်ကို ထိုင်​စောင့်​နေသည်မှတပါး အခြား နည်းလမ်း မရှိ​ပေ။


"ငါ တစ်ချက် ကြည့်လို့ရမလား" ကျန်းကျန့်က ​ပြောလိုက်သည်။


"ခင်ဗျား သူ့ကို ကု​ပေးနိုင်လား" ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူက ဟယ့်ရှီရွာ၏ ဤဖက်တွင် အချိန်ကာလအချို့ ​နေထိုင်ခဲ့ပါ​သော်လည်း ရွာထဲမှ လူများက သူ့ကို ​ရှောင်ဖယ်ကြပြီး သူ့ကို အဖက်သိပ်မလုပ်ကြ​ပေ။ သူကလည်း ရွာထဲမှ လူများနှင့် အဆက်အဆံ သိပ်မလုပ်ဖြစ်သဖြင့် ကျန်းကျန့်အ​ကြောင်းကို မသိ​ပေ။


ကျန်းကျန့်၏ ပုံစံက အလွန် သ​ဘောထားကြီးပုံ​ပေါ်​နေသဖြင့် အချို့​သော ​ရောဂါများကို မည်သို့ ကုသရမည်ကို သိ​လောက်သည်ဟု ​တွေးမိသွားသည်။ ရွာအများစုက ​ဆေးဆရာများ မရှိကြ​သော်လည်း ​ ရံဖန်ရံခါတွင် ဆေးပင်များအ​ကြောင်း အနည်းငယ် သိသည့် လူအချို့ ရှိတတ်ကြသည်။


ကျန်းကျန့်က ​​စကားမ​ပြောခဲ့​​ပေ။ သေချာပေါက် သူက ​ရောဂါများကို ကုသ​​ပေးနိုင်မည် မဟုတ်​ပေ။ သူ ယခင်က ​သွေးတိတ်​အောင် မည်သို့ လုပ်ရမည်၊ အနာကို မည်သို့ ချုပ်ရမည် စသဖြင့် ​ရှေးဦးသူနာပြုစုနည်းများကို ​​လေ့လာခဲ့ဖူးပါ​သော်လည်း တစ်ဖက်လူက အစာအိမ်နာနှင့် အဖျား​ရောဂါ ရှိ​နေသည်။


စန်း​ရှောင်ရှန်း၏ မည်သည့်​နေရာက မှားယွင်း​နေမှန်း သူသိ​နေပြီး အနီးအနားတွင် ​ခေတ်သစ်မှ ​ဆေးဆိုင်တစ်ခု ရှိ​နေပါက မှန်ကန်​သော ​ရောဂါလက္ခဏာများကို ​ဖော်ထုတ်ကာ အဖျား​ပျောက်​ဆေး အချို့ ဝယ်ယူနိုင်ပါ​သော်လည်း သူက ထိုသူ၏ ​သွေးခုန်နှုန်းကို စမ်းကာ မည်သည်က မှား​ယွင်း​နေမှန်းကို ​ဖော်ထုတ်​ပေးနိုင်မည်မှာ ​သေချာ​ပေါက် မဟုတ်​​ပေ။


သူက စန်း​ရှောင်ရှန်း အသက်ရှင်နိုင်​သေးသည်လား ဟူသည်ကိုသာ ​ကြည့်လိုခြင်း ဖြစ်သည်။


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို တိတ်တဆိတ် ကြည့်လိုက်ပြီး ကျန်းကျန့်၏ အမူအယာမဲ့ ပုံစံကို ​တွေ့လိုက်ရသည်။ သူ့နှလုံးသားက ရှင်းမပြနိုင်​အောင်ပင် တည်ငြိမ်သွား​​လေပြီး အစပိုင်းကလို ဝမ်းမနည်း​တော့သလို ရမ်းကားမ​နေ​တော့​ပေ။


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို သူ့​လှေဆီသို့ ​ခေါ်သွားခဲ့သည်။


ယန့်ကျီမြစ်၏ ​တောင်ဘက်က မိုးများကာ စိုစွတ်လှသည်။ ဤ​နေရာမှ လူများမှာ ထို​ရာသီဥတုကို ကျင့်သားရ​နေကြပြီး ဖြစ်​သော်လည်း လတ်တလောတွင် မိုးက သည်းသည်းထန်ထန် ရွာ​နေခဲ့သဖြင့် သူတို့အတွက် အလွန် မသက်မသာ ဖြစ်ကြရသည်။ ကျန်းကျန့်မှာ သူ့အိမ်၏ စိုစွတ်နှုန်းက မြင့်မားလှသည်ဟု ခံစားရသဖြင့် သူ့အိမ်ထဲမှ အစိုဓါတ်များကို ဖယ်ထုတ်ရန်အတွက် သက်ကယ်​တဲအိမ်​လေးတွင် သူစုပုံထားခဲ့​သော ထင်းများ အားလုံး နီးပါးကို မီး​မွှေးရာတွင် အသုံးပြုလိုက်ရသည်။


ရလဒ်အ​နေဖြင့် သူ့ရွှံ့အိမ်​လေးက စိုစွတ်​နေပါ​​သော်လည်း ထိုလှေ​လေးက သူ့အိမ်ထက်ပင် ပို၍ စိုစွတ်​နေ​သေးသည်။ အခြားအရာများထက် ထိုပတ်ဝန်းကျင်အ​ခြေအ​နေက ဖျားနာသူများ ​နေထိုင်ရန် မသင့်​တော်​​ပေ။


ကျန်းကျန့်က တဲငယ်​လေးအတွင်းသို့ ဝင်သွားလိုက်ချိန်၌ အထဲတွင် ချိတ်ဆွဲထားသည့် မှိုတက်​နေ​သော ငါးများကို ​တွေ့လိုက်ရသည့်အခါ ပို၍ပင် ​ပြောစရာစကား ​ပျောက်ရှသွားခဲ့သည်။


ဝမ်ဟိုင်ရှန်းကလည်း အနည်းငယ် ရှက်ရွံ့သွား​လေသည်။ ငါးများက သူ့အတွက် တန်ဖိုးမရှိ​ပေ။ သူက ငါးများကို ဆွဲချကာ မြစ်ထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။ "ဒီနှစ်ရက်အတွင်း ငါ့အိမ်ကို မရှင်းရ​သေးလို့"


​သေချာပေါက် ၎င်းက ပစ္စည်းများကို အလွယ်တကူ မှိုတက်စေနိုင်သည့် စိုစွတ်​​သော ရာသီဥတု​ကြောင့်လည်း ဖြစ်သည်။


"အ​ဖေ" က​လေးနှစ်​ယောက်က ​ရောက်လာကြပြီး သူတို့၏ မျက်လုံးများမှာ နီရဲ​​နေကြ​လေသည်။ သူတို့ အထဲမှ ထွက်မလာခင် ငိုထားခဲ့ကြပုံပါပင်။


"မင်းတို့အ​မေ အ​ခြေအ​နေ ဘယ်လ်ုလဲ" ဝမ်ဟိုင်ရှန်းက မတိုင်မီက နင့်နင့်သည်းသည်း ငို​ကြွေးခဲ့ပါ​သော်လည်း သူ့က​လေး နှစ်​ယောက်၏ ​ရှေ့တွင် သူက အလွန် တည်ငြိမ်​နေခဲ့သည်။ မိသားစုက သူ၏ ​ထောက်ပံ့မှုကို လိုအပ်​နေခဲ့​ပေသည်။


"အ​မေ အန်​နေပြန်ပြီ... ​ရေခါးခါးကြီး​တွေ အန်​နေတာ" မျက်ခုံး နှစ်ဖက်အလယ်တွင် မှဲ့နီ တစ်လုံး ရှိ​နေသည့် ပိုကြီး​သော က​လေးက ဆို့နင့်​နေပုံဖြင့် တရှုံ့ရှုံ့ငို​နေခဲ့သည်။


ကျန်းကျန့်က မျက်​မှောင်ကျုုံ့၍ အထဲသို့ ​ခြေနှစ်လှမ်း ဝင်လိုက်ရာ အိပ်ရာ​ပေါ်တွင် လဲ​နေသည့် လူမမာ​ကော တစ်​ယောက်ကို ​တွေ့လိုက်ရသည်။


ဤကဲ့သို့​​သော အချိန်ကာလတွင် မိသားစုကြီးများက အလွန် ဇီဇာ​ကြောင်ကြသည်။ သူတို့က ​ယောကျ်ားများကို ​အိပ်ရာ​ပေါ်မှ ကောများနှင့် နီးနီးကပ်ကပ် ရှိခွင့် မ​ပေးကြ​​သော်လည်း ဆင်းရဲ​သော မိသားစုများက ဂရုမထားနိုင်ကြ​ပေ။ ဝမ်ဟိုင်ရှန်းက ကျန်းကျန့်အား သူ့ဇနီးကို ကြည့်​ပေးရန်အတွက် အစပြုကာ ​မေးလိုက်သည်။


"အိမ်မှာ ​ရေ​နွေး ရှိလား... သကြား​ရော ရှိလာ" ကျန်းကျန့်က ​မေးလိုက်သည်။


"​ရေ​နွေး​ရော သကြားညို​ရော ရှိပါတယ်" ဝမ်ဟိုင်ရှန်းက ဆိုသည်။ သူတို့က ရံဖန်ရံခါတွင် အစားအ​သောက်များ ဝယ်​လေ့ ရှိသဖြင့် သူ့ထံတွင် ​ငွေပြား အနည်းငယ် ရှိပါ​သော်လည်း ​ဆေးဆရာနှင့် သွားပြရန် မလုံ​လောက်​ပေ။


​ဆေးဆရာက သူဇနီး ​သေဆုံးမည့်အချိန်ကိုသာ ​စောင့်နိုင်​တော့မည်ဟု ​ပြောလိုက်​သောအခါ အနည်းဆုံး​တော့ သူ့ဇနီး မ​သေခင် ​ကောင်း​ကောင်းမွန်မွန် စား​သောက်နိုင်ရန် လုပ်​ပေးသင့်သည်ဟု ​တွေးမိသဖြင့် သူက အစားအစာအချို့ကို သွား​ရောက် ဝယ်ယူခဲ့သည်။ သကြားညိုကို ထိုအချိန်က ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။


စန်း​ရှောင်ရှန်းက လွန်ခဲ့သည့် နှစ်ရက်တွင် မစားနိုင်​မ​သောက်နိုင်​တော့သဖြင့် သူတို့က သူ့ကို သကြားရည်ပူပူ​လေးကိုသာ တိုက်ခဲ့ကြ​သော​ကြောင့် ​ရေ​နွေး အချို့လည်း ရှိ​နေသည်။


"သူ​သောက်ဖို့ သကြားရည်အချို့ လုပ်ပြီး ဆားနည်းနည်း ထည့်​ပေးလိုက်" ကျန်းကျန့်က ​ပြောလိုက်သည်။ လူတစ်​ယောက်က အန်ထားပြီးသည်နှင့် အလွန်အမင်း ​ရေဓါတ်ခန်း​ခြောက် သွားတတ်သဖြင့် ​မျှော်လင့်ချက် မရှိ ဖြစ်ရ​ပေ​တော့မည်။


"ယွီအာ... သွားယူ​ပေးလိုက်" ဝမ်ဟိုင်ရှန်းက အကြီးဆုံးသားကို ​ပြောလိုက်ပြီး ကျန်းကျန့်ကို ကြည့်လိုက်သည်။ "ပြီး​တော့ ဘာလုပ်ရမလဲ"


"ခင်ဗျားရဲ့ ​လှေကို ​ရောင်းချင်လား" ကျန်းကျန့်က ရုတ်တရက် ​ကောက်​​မေးလိုက်သည်။


"​ငွေပြား နှစ်ဆယ်... မဟုတ်​​သေးဘူး... ဆယ့်ငါးပြားနဲ့​ ​ရောင်းမယ်"


ဝမ်ဟိုင်ရှန်းက မတိုင်မီက သူ့​လှေအား ဝယ်မည့်သူကို ​စောင့်​နေခဲ့ခြင်း ဖြစ်​ကြောင်း မ​​ပြောချင်ခဲ့​ပေ။ သို့​​သော်လည်း လူအချို့က ပိုက်ဆံရှိကြလျှင်​တောင် ​လှေဝယ်မည့်အစား ​​မြေကိုသာ ဝယ်ကြ​ပေလိမ့်မည်။


"​ငွေပြား နှစ်ဆယ်နဲ့ ခင်ဗျားရဲ့ ​လှေကို ဝယ်မယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"ငါ ငွေ သွားယူမယ် ပြီးရင် ခင်ဗျားရဲ့ ဇနီးကို ကုဖို့ စီရင်စုမြို့ဆီ သွားကြတာ​ပေါ့... ငါ သူ့အဖျားကို မကုနိုင်ဘူး"