အပိုင်း၃၅
Viewers 24k

Chapter 35

Chapter 35

​ဆေးကုသရန်အတွက် စီရင်စုမြို့သို့ သွား​ရောက်ခြင်း




ဝမ်ဟိုင်ရှန်းက ကျန်းကျန့် သူ့ဇနီးအား ကုသနိုင်မည်ဟု ​မျှော်လင့်ထားခဲ့​သော်လည်း ​မျှော်လင့်ချက်များစွာ ထားထားခြင်း မဟုတ်​​ပေ။ ကျန်းကျန့် ကုသ​မပေးနိုင်ဟု ​ပြောလိုက်သည့်အချိန်တွင်လည်း အံ့သြမသွားခဲ့​ပေ။ သို့​သော်ငြား ကျန်းကျန့် သူ့​လှေကို ဝယ်ချင်​နေသည့်သ​ဘောထားက အလွန် ဝမ်းသာအားရ ဖြစ်သွား​စေသည်။


"ခင်ဗျား... တကယ် ကျွန်​တော့်​လှေကို ဝယ်ချင်​နေတာလား"


သူ့​လှေက အမှန်တကယ်တွင် အနည်းငယ် ယိုယွင်း​နေခဲ့​လေသည်။


"အင်း" ကျန်းကျန့်က ​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် ​လှေထဲမှ ခုန်ထွက်ကာ သူ့အိမ်သို့ ပြန်လာခဲ့သည်။


သူက ​ငွေရှာရန်အတွက် ကုန်သည်တစ်​ယောက် ဖြစ်လာမည်ဟု ဆုံးဖြတ်လိုက်ပြီးကတည်းက ​လှေတစ်စီး ဝယ်ရန် စဥ်းစားထားပြီးသား ဖြစ်​သော်လည်း သူက ​လှေမ​လှော်နိုင်ပေ။


ဤတစ်ကြိမ်၌ ထိုကိစ္စသာ အ​ခြေကျသွားပါက သူ့အတွက် လှေတစ်စီး ရရုံသာမက ​လှေ​ထိုးသား တစ်​ယောက်လည်း ရရှိ​ပေမည်။ ​လှေက အနည်းငယ် ပျက်စီး​နေ​ပေမယ့်​ပေါ့...


ကျန်းကျန့်က ​ငွေပြားနှင့်အတူ ပြန်လာ​သောအခါ အသက် သုံးဆယ်​ကျော်​နေပြီ ဖြစ်သည့် ဝမ်ဟိုင်ရှန်းမှာ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ​လှေဦးထိပ်တွင် ရပ်​နေသည်ကို ​တွေ့လိုက်ရသည်။


ဝမ်ဟိုင်ရှန်းသည်လည်း သူ့​လှေက ​သေချာ​ပေါက် ​ငွေပြားနှစ်ဆယ် မတန်​ကြောင်း သိ​နေသည်။ သင့်အ​နေဖြင့် သစ်အချို့ ခုတ်ကာ ​​လှေ​ဆောက်​ပေးမည့်သူ တစ်​ယောက်အား ရှာလိုက်ရုံဖြင့် ​လှေအသစ် တစ်စီး ရရှိနိုင်သည်။ ​လှေအသစ်ကို ​ငွေဆယ်ပြားဖြင့်ပင် ရရှိနိုင်​သေးသည်။ ထို့​ကြောင့် ငါးနှင့်ဖြူ​ကောင် လဲခဲ့​သော ထိုသူက သူ့အား အမှန်တကယ်ပင် ကူညီ​နေခြင်းသာ ဖြစ်​ပေသည်။


သူက ​လှေ​ရောင်းပြီး​နောက် မည်သည့်​နေရာတွင် ရှင်သန်ရမည်ကို ​တွေးပူ​နေခဲ့ပါ​သော်လည်း ဝမ်ဟိုင်ရှန်းမှာ ​မျှော်လင့်ချက်နှင့် ​​ကျေးးဇူးတင်စိတ်တို့ အပြည့် ဖြစ်​နေဆဲပါပင်။


ဝမ်ဟိုင်ရှန်းက ​လှော်ခတ်​နေစဥ် ကျန်းကျန့်က သူ့လမ်းကို ဝင်ရှုပ်မိမည် စိုးသဖြင့် မ​လှော်​ပေးခဲ့​ပေ။ ထိုအစား သူက ​ပြောလိုက်သည်။


"ငါ ​နောက်ပိုင်းကျရင် အပြင်ထွက်ပြီး စီးပွား​ရေး လုပ်ဖို့ စီစဥ်ထားတယ်... မင်းငါ့အတွက် ​လှေ​လှော်​ပေးနိုင်တယ်... မင်းမိသားစု ​ဗိုက်ဆာပြီး ​သေသွား​​တဲ့အထိ ငါအဖြစ်ခံမှာ မဟုတ်ဘူး"


ဝမ်ဟိုင်ရှန်းက ပထမတွင် ​ကြောင်အသွားပြီး မည်သည်ကိုမှ မတုံ့ပြန်နိုင်ခဲ့​သော်လည်း မကြာမီပင် ကျန်းကျန့်က သူ့အား အသက်​မွေးဝမ်း​ကြောင်းရန်အတွက် နည်းလမ်းတစ်ခု ​ပေး​ခဲ့ခြင်း ဖြစ်​ကြောင်း နားလည်သွားသည်။


​လေနှင့် မိုးတို့ ကျသည့် တ​​လျှောက် ​လှေ​ပေါ်တွင်သာ ​နေထိုင်ခဲ့ရသည့် ထို​ယောကျ်ားမှာ ယခုတွင် ငိုသွား​လေပြန်သည်။


"​ကျေးဇူးပါ... ​ကျေးဇူးပါ" ငိုယိုပြီး​နောက် သူက ပို၍ပင် မြန်မြန် ​လှော်​လေ​တော့သည်။


စီရင်စုမြို့သို့ ​ရောက်ရှိရန် အတွက် အချိန်သိပ်မကြာလိုက်​ပေ။


​နွေဦးမိုး​ပြေးက ပုံမှန်အားဖြင့် ကြာကြာရွာ​လေ့ မရှိ​​ပေ။ သူတို့ စီရင်စုမြို့သို့ ​ရောက်လာကြ​သောအခါ မိုးရပ်သွားခဲ့သည်။


ဝမ်ဟိုင်ရှန်းက အိပ်ချင်မူးတူး ဖြစ်​နေသည့် စန်း​ရှောင်ရှန်းကို သယ်ကာ ကျန်းကျန့်နှင့်အတူ ကမ်း​ပေါ်သို့ တက်လာပြီး သူ့က​လေးနှစ်​ယောက်အား ​သူတို့ ​ဆေးခန်းကို သွား​နေစဥ် အိမ်ကို ကြည့်ထား​ပေးရန် ချန်ထားခဲ့သည်။


ကျန်းကျန်းက သူ့အား ​ငွေပြားနှစ်ဆယ် ပစ်​ပေးလိုက်​လေသည်။


"မင်း အရင်သွားနှင့်... ငါ တစ်​ယောက်​ယောက်ကို သွား​ခေါ်လိုက်ဦးမယ်"


ဝမ်ဟိုင်ရှန်းက ကျန်းကျန့် မည်သူ့အား သွား​​ခေါ်မည်ကို မသိခဲ့​ပေ။ သူက ​ငွေစများကို ယူကာ ​ဆေးခန်းသို့ ​ပြေးသွားလုနီးပါး ခပ်မြန်မြန် ​​​လျှောက်သွားခဲ့​လေသည်။


ကျန်းကျန့်က သူ့ကို တစ်ချက်ကြည့်ကာ ယန်ကျင်းကို သွားရှာခဲ့သည်။


ယ​နေ့က မိုးရွာသဖြင့် ယန်ကျင်းက ကင်းလှည့်မည့်အစား အိမ်တွင်သာ ရှိ​နေခဲ့သည်။


ရမန် တရားရုံး​တော်​ရှေ့တွင် သူတို့က စီးပွား​ရေးသမားတစ်​ယောက်ထံမှ ဂါရဝ​လက်​ဆောင်ကို ရရှိခဲ့သည်။ အထက်မှလူက ရှယ်ယာအကြီးကြီး ယူသွားခဲ့သော်လည်း ​အောက်​ခြေမှ လူများမှာ စွပ်ပြုတ်ရည်နှင့် ​ရေအချို့ ခွဲ​ဝေယူနိုင်ဆဲ ဖြစ်သည်။ ယန်ကျင်းက ​​ငွေသုံးပြားကို အိပ်ပြန်ယူလာခဲ့ပြီး သူ့ဇနီးအား အသားဝယ်ရန် ​ပြောခဲ့သည်။


သူ ယခင်က အိမ်တွင် ​နေရသည်ကို မကြိုက်ပါ​သော်လည်း ဤရက်များအတွင်း မိုးရွာ​နေသည်​ကြောင့် အိမ်မှာပင် ​နေ့တိုင်း​နေခဲ့ပြီး ၎င်းက အ​တော်​လေး သက်​တောင့်သက်သာ ရှိ​ကြောင်း ရုတ်တရက် သိရှိလိုက်ရသည်။


သူက အိမ်တွင်သာ တစ်ချိန်လုံး ​နေ​နေသည်​ကြောင့် ဖြစ်မည်။ သူ့ဇနီးကလည်း သူ့ကို တစ်ချိန်လုံး ​ပြောဆိုမ​နေ​တော့ဘဲ သူ့က​လေး နှစ်​ယောက်သည်ပင် သူနှင့် ပိုရင်းနှီးလာခဲ့သည်။


သူ့ဇနီးက ဝ​နေပါ​သော်လည်း အသားအိအိ​လေးများကို ဖက်ထားရသည်က အမှန်ပင် သက်​တောင့်သက်သာ ရှိလှသည်။ သူမက သူ ယခင်က ကြိုက်နှစ်သက်ခဲ့သည့် အချစ်​တော်​လေးများထက် ပိုမဆိုးနိုင်​ပေ။ ပြီး​တော့ သူက သူမကို ဟိုဟိုသည်သည်ကိစ္စများ ​တောင်းဆိုရန်လည်း စိတ်ပူစရာမလို​ပေ။ သူ့က​လေးများမှာကား...


ဤရက်များအတွင်း သူ့က​လေး နှစ်​ယောက်က သူ့အတွက် ​ရေယူ​ပေးကာ သူ့​ခြေ​ထောက်များကို ​ဆေး​ပေးကြပြီး ပုခုံးကိုလည်း နှိပ်​ပေးတတ်ကြ​သေးသည်။ ယန်ကျင်းက သူတို့နှစ်​ယောက်ကို ကြည့်ကာ ကျန်းကျန့် သားသတ်သမားကျန်း၏ ​ပေါင်ကို ထိုးစိုက်လိုက်သည့် မြင်ကွင်းအား ​တွေးမိသွားခဲ့​လေသည်။


ယန်ကျင်းက သူ့က​လေးနှစ်​ယောက်အား သူအမှုများအား ကိုင်တွယ်ရာတွင် သူရဲ​ကောင်း​ဆန်ဆန် ပြုမူခဲ့သည့် အ​ကြောင်းများကို ​ပြော​ပြ​နေစဥ်တွင် တစ်​​ယောက်​ယောက်က သူ့အိမ်တံခါးကို ​ခေါက်လာခဲ့သည်။ သူက ​ပြောလိုက်သည်။


"တ​မောင့် တံခါးဖွင့်​ပေး​​ချေ"


ယန်တ​မောင့်က မကြာမီပင် တံခါးဖွင့်​ပေးလိုက်ပြီး ယန်ကျင်းမှာ ဘော့စ်ကျန်းကို ​တွေ့လိုက်ရသည်။


မတိုင်မီက သက်​​​တောင့်သက်သာ ဖြစ်​နေပုံရသည့် ယန်ကျင်းမှာ ​ကျောမှီထိုင်ခုံမှ ချက်ချင်း ထရပ်လာပြီး ကျန်းကျန့်ကို အပြုံး​လေး တစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။


"ဘောစ့် ​ရောက်​နေတာပဲ"


"အင်း... ငါနဲ့လိုက်ခဲ့" ကျန်းကျန့်က ​ပြောလိုက်သည်။


ကျန်းကျန့်၏ ပုံစံမှာ အတန်ငယ် ရိုင်းပြ​နေခဲ့သည်။ တစ်​ယောက်​ယောက်ကသာ ထိုသို့ ပြုမူပါက ယန်ကျင်းထံမှ နှင်ထုတ်ခံရ​ပေလိမ့်မည်။ သို့​သော်လည်း သူက ကျန်းကျန့်ကို နှင်မထုတ်ရဲသဖြင့် ကိုယ့်ကိုယ်ကိုယ် ခပ်မြန်မြန် သန့်ရှင်း​ရေး လုပ်ကာ ကျန်းကျန့်နှင့်အတူ ထွက်လာခဲ့သည်။


ကျန်းကျန့်က ယန်ကျင်းကို ​ဆေးခန်းသို့ အရင်ဆုံး ​ခေါ်သွားခဲ့သည်။


​ဆေးခန်းမှ လူများမှာ ​နေစရာ အတည်အကျ မရှိသည့် ငါးဖမ်းသမား ဝမ်ဟိုင်ရှန်းကို အ​လေးအနက် မထားကြ။ သူက အလိမ်ပင် ခံရနိုင်​​သော်လည်း ယန်ကျင်း ရောက်လာ​သောအခါ အ​ခြေအ​နေ တစ်မျိုး ဖြစ်သွားခဲ့သည်။


​ဆေးခန်းမှ လူများက ရမန်အရာရှိ တစ်ယောက်အား မ​ကြောက်ကြလျှင်​တောင် ဝမ်ဟိုင်ရှန်းက ရမန်အရာရှိ တစ်​ယောက်နှင့် သိ​နေသည်ကို ​တွေ့လိုက်ရ​သောအခါ စန်း​ရှောင်ရှန်းကို ကုသ​ပေးရာ၌ ပို၍ ဂရုစိုက်​ပေးလာကြသည်။


ကျန်းကျန့်က မှန်မှန်ကန်ကန် ​တွေး​တောထားခဲ့သည်။


​ဆေးခန်းမှ လူများက ယန်ကျင်းကို မ​ကြောက်ကြဘဲ ယန်ကျင်းသည်ပင် ဆေးခန်းမှ သမား​တော်ကို ​လေး​လေးစားစား ရှိနေရသည်။ သို့​​သော်လည်း ယန်ကျင်း ရှိ​နေသဖြင့် ​ဆေးခန်းမှလူများမှာ ဝမ်ဟိုင်ရှန်းကို ပို၍ တ​​လေးတစား ရှိလာကြသည်။ ပထမတွင် သူတို့က စန်း​ရှောင်ရှန်းအား ​ဆေးခန်းတွင် ​နေခွင့်မပြုခဲ့​သော်လည်း ​နောက်ပိုင်းတွင် သူတို့က စန်း​ရှောင်ရှန်းအား ​ဆေးခန်း​၏ အနောက်ဘက်ရှိ လူနာနား​နေခန်းတွင်ပင် ​နေထိုင်ခွင့် ပြု​ပေးခဲ့သည်။


ကျန်းကျန့်က ဆရာဝန် မဟုတ်သဖြင့် ထို​နေရာတွင် ​နေရန် စိတ်မဝင်စား​ပေ။ အရာအားလုံး စီစဥ်ပြီးသွားသည်ကို ​တွေ့ရ​သောအခါ သူက ​မ​နေ​တော့ဘဲ ယန်ကျင်းနှင့်အတူ ထွက်လာခဲ့သည်။


"​စျေးကို ခဏ​​လောက် သွားရ​အောင်"


နှစ်​ယောက်သားက ​စျေးကို လှည့်ပတ်ကြည့်ခဲ့ကြသည်။ ထိုအ​တောအတွင်း ကျန်းကျန့်မှာ ​စျေးက ​နောက်ပိုင်း မျိုးဆက်များနှင့် ကွဲပြား​နေပြီး အ​တော်​အသင့်ပင် ဤ​ခေတ်လူများ၏ အသုံးပြုမှု လိုအပ်ချက်များကလည်း ​နောက်ပိုင်း မျိုးဆက်များနှင့် ကွာခြား​နေ​ကြောင်း ​တွေ့လိုက်ရသည်။


ဤ​ခေတ်တွင် လူချမ်းသာများက ​​ငွေ​​ကြေးကို သာမန်ကာလျှံကာ အသုံးပြုမည့်အ​ကြောင်းအား ဂရုမထားကြ​​သော်လည်း သာမန်လူများက ကွဲပြားကြသည်။


​ငွေအနည်းငယ်သာ ရှိကြသည့် သာမန်လူများက ​ငွေသုံးရမည်ကို တွန့်ဆုတ်တတ်ကြပြီး ပစ္စည်းများ ဝယ်သည့်အခါတွင်လည်း အလှအပနှင့် အရသာများကို ​ကျော်ကာ ​စျေးချိုသာမှုကို ​ရွေးချယ်ကြသည်။ ဥပမာအားဖြင့် အထဲတွင် တူညီ​​သော အသားပမာဏကို ထည့်ထားသည့် အရွယ်အစားတူ ဘန်းမုန့်များတွင် တစ်ခုက ​စျေးကြီး​သော်လည်း အရသာ ရှိပြီး ​နောက်တစ်မျိုးက ​စျေး​ပေါကာ အရသာ သိပ်မရှိလှ​​ပေ။ အဆုံးတွင် လူတိုင်းက ​ပို​စျေး​ပေါ​သော တစ်ခုကိုသာ ဝယ်စားကြသည်။


သူတို့က စား​သောက်ရန် လုံ​လောက်​နေသ၍ ဘဝ၏ တန်ဖိုး​နောက်သို့ မလိုက်ကြ​ပေ။ ထုံးစံအတိုင်းပင် ထိုအ​ကြောင်း​ကြောင့် ဝမ်​ဟိုင်ရှန်းက ငါးဖမ်း​လှေတစ်စီး ပိုင်ပြီး ငါးဖမ်းကာ ​ရောင်းချနိုင်ပါ​သော်လည်း သူ့ဘဝက အလွန် သာမန်ဖြစ်​နေဆဲ ဖြစ်သည်။


ငါးများကို စီရင်စုမြို့တွင် သင့်တင့်​လျှောက်ပတ်သည့် ​စျေးနှုန်းဖြင့် ​ရောင်းချ၍ မရနိုင်​ပေ။ လတ်တ​လော မိုးရွာ​နေပြီး ငါး​ရောင်းချသူ အနည်းငယ်သာ ရှိ​နေလျှင်​တောင် မည်သူကမှ ငါး​စျေးတက်သည်ကို လက်ခံ​ပေးကြမည် မဟုတ်​​ပေ။ ငါး​စျေးက ပိုကြီးလာသည်ကို သိသွားကြပါက ငါးကို မဝယ်ရန် သို့မဟုတ် ငါးမစားကြ​တော့ရန်သာ ဆုံးဖြတ်ကြ​ပေလိမ့်မည်။


ဝက်သားအ​ကြောင်း ​​တွေးကြည့်ရလျှင်ပင် စီရင်စုမြို့မှ လူများက ​စျေးချိုသည့်အချိန်မှသာ ပိုဝယ်ထားတတ်ကြသည်။ နှစ်သစ်ကူး အားလပ်ရက်အတွင်း စီရင်စုမြို့သို့ လာ​ရောက်ကြသူများမှာ သားသတ်သမား၏ ဆိုင်မှ ပို​​စျေးကြီး​သော ဝက်သားကို ဝယ်ယူရန် ​​ငွေ နှစ်ပြား သုံးပြား ခွာထုတ်ကြမည်သာ ဖြစ်သည်။


​သေချာပေါက် လူချမ်းသာများက ကွဲပြား​လေသည်။ သူတို့က ​ကျောက်ကျင်း​ကော၏ တစ်​နှစ်စာ အလုပ်လုပ်ခြင်းမှ ရရှိမည့် ပိုက်ဆံတန်ဖိုးအား ထမင်းတစ်နပ် ဝယ်စားရုံဖြင့် အသုံးပြုကြ​ပေလိမ့်မည်။ ကျန်းကျန့်၏ လက်ရှိ အရင်း​ငွေဖြင့် လူချမ်းသာများဖြင့် စီးပွား​ရေး လုပ်ရန် မဖြစ်နိုင်။ ဆင်းရဲသားများ၏ ဝယ်လိုအားကလည်း အကန့်အသတ် ရှိ​နေခဲ့သည်။ ဟယ့်ရှီရွာမှရွာသားများကဲ့သို့ပင် သူတို့က အ​ခြေခံအားဖြင့် တင်းတင်​ရောင့်ရဲ တတ်ကြ​ပေသည်။


သူကသာ ခရီးအ​ဝေးကြီးကိုသွားပြီး ​မြောက်ဖက်မှ ​စျေး​ပေါ​​သော ပိုးသားများနှင့် အခြား ကုန်ပစ္စည်းများကို ဤ​နေရာသို့ ယူလာနိုင်ပါက ​သေချာပေါက် ​ငွေရနိုင်မည် ဖြစ်​သော်လည်း...


သူ ဘယ်လို သွားနိုင်ပါ့မလဲ... လမ်းခရီးမှာ ပြဿနာ ဖြစ်ခဲ့ရင် ဘယ်လို ​ဖြေရှင်းရမလဲ... ဘာစားပြီး ဘယ်မှာ ​နေရပါ့မလဲ...


သူက မည်သည်ကိုမှ မသိသဖြင့် ပစ္စည်းများ သယ်ရုံသာ သယ်ပြီး ပြန်လာရုံနှင့် အဆင်​ပြေနိုင်ပါ့မလား...


ထပ်ပြီး သူသာ လအ​တော်​ကြာ သွားရရင် ကျောက်ကျင်း​ကောအတွက်က​ရော...


ကျန်းကျန့်က လှည့်ပတ်ကြည့်ရှုပြီး​နောက် ရုတ်တရက် ယန်ကျင်းကို လှည့်ကြည့်လိုက်သည်။ " 'သီးသန့်' ဆား (​မှောင်ခို​စျေးကွက်) အ​ကြောင်း မင်း ဘယ်​လောက်သိသလဲ"


သူ ဆားဝယ်ယူခဲ့သည့် ​နောက်ဆုံးအကြိမ်က ဆားတစ်ကီလိုအတွက် ​​​ကြေးပြား သုံးဆယ့်ငါးပြား သုံးခဲ့ရသည်။ ​ခေတ်သစ်တွင် ဆားတစ်ကီလိုအတွက် သုံးဆယ့်ငါး ​ဒေါ်လာ​လောက် ဖြစ်သွား​ပေမည်။


ဒါက အမြတ် ဘယ်​လောက် ရ​လောက်လဲ... ဒီမြို့က ပင်လယ်ကမ်း​ခြေနဲ့ အရမ်းနီး​နေတာပဲဟာ...


"သီးသန့်ဆားလား... ခင်ဗျား... ခင်ဗျား... ခင်ဗျား"


ယန်ကျင်းက ချက်ချင်း ဖြူ​ဖျော့သွားပြီး ရုတ်တရက် သူ့ပါးစပ်ကို ပိတ်ကာ ဘယ်တစ်ပြန် ညာတစ်ပြန် ကြည့်လိုက်သည်။


သူတို့ အနီးတွင် မည်သူမှ မရှိသည်ကို ​တွေ့လိုက်ရပါမှ ​ပြောလိုက်​လေသည်။


"ခင်ဗျား ရူးသွားပြီလား... ဒါက ​ခေါင်းဖြတ် ကွပ်မျက်ခံရမဲ့ ​သေဒဏ်​နော်"


လူတိုင်းက သီးသန်ဆားများကို ဝယ်ူနိုင်ကြ​သော်လည်း ဆားများကို ​ရောင်းချမည့် အကြံသည်ကား...


"ငါသိတယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"ဒါ​ကြောင့်မို့ မင်းဆီက အ​ခြေအ​နေ​လေး သိချင်​နေတာ" ကျန်းကျန့်က ​ရှေး​ခေတ် သီးသန့်ဆား​စျေးကွက်အတွက် ဗဟုသုတ အချို့ ရှိသည်။


မည်သည့် မင်းဆက် မည်သည့် မျိုးဆက်ပင် ဖြစ်​စေ သီးသန့်ဆား ​ရောင်းဝယ်​ရေးက ခိုင်မာသည်။ အခြား​သော နည်းလမ်းများလည်း မရှိ​ပေ။ တရားဝင်ဆားများက ​စျေးကြီးလွန်းလှသည်။


သူတို့က ကမ်းရိုးတန်း​ပေါ်တွင် ဖြစ်ပြီး ဆား တစ်ကီလိုကို ​​ကြေးပြား ​လေးဆယ်ဖြင့် ​ရောင်းချ​နေသည်။ အရည်အ​​သွေးကလည်း အ​​ကောင်းချည်း မဟုတ်​ပေ။ ဒါဆို ကုန်းတွင်းပိုင်းကျ​တော့​ရော...


မတိုင်မီက ကျန်းကျန့်မှာ သမိုင်းစာအုပ်များ ဖတ်ထားဖူးပြီး ​ဒေသတွင်း အရာရှိအချို့က ဆား တစ်ကီလိုကို ​ငွေနှစ်ပြားဖြင့် ​ရောင်းချ​ကြောင်း မှတ်တမ်းများ ​တွေ့ခဲ့ရဖူးသည်။ သာမန်လူများ ဆားသိပ်မသုံးနိုင်သည်မှာ အံ့သြစရာ မဟုတ်​တော့​ပေ။ ထို့​ကြောင့် လူတိုင်းက သီးသန့်ဆားများသာ ဝယ်ကြသည်။


​သူ့ထံတွင် သီးသန့်ဆား ​ရောင်းချမည့် အ​တွေး ရှိ​နေပါ​သော်လည်း ၎င်းကို အခုချက်ချင်း ထလုပ်ပြီး ထိုလမ်း​ကြောင်းကို မျက်စိစုံမှိတ် ဝင်တိုးမည် မဟုတ်​​ပေ။ သူ၏ ကိုယ်ပိုင် အရည်အချင်းများမှ ကနဦး အရင်း​ငွေများ ရနိုင်လျှင် အဆင်​ပြေနိုင်​ကြောင်း သူသိ​နေသည်။ ယခုချက်ချင်း သီးသန့်ဆား ​ရောင်းချခြင်းဖြင့် အမြတ်​ငွေများစွာ ရရှိရန် မဖြစ်နိုင်​ပေ။


အဆုံးတွင် သူက မည်သည့် ​နောက်ခံမှ မရှိ ပါဘဲ မည်သို့ပင် ဖြစ်​​စေ ယခု​ခေတ်၏ ဆား​မှောင်ခိုသမားများမှာ...


ထိုကဲ့သို့​သော အကျိုးအမြတ် အကြီးကြီးအတွက် သီးသန့်ဆား ​ရောင်းချသူများက အားလုံးနီးပါး အထင်ကြီး​လောက်ဖွယ် ​နောက်ခံများ ရှိကြ​ပေသည်။


ယန်ကျင်းက ကျန်းကျန့်အား အကြိမ် အနည်းငယ် ကြည့်လိုက်ပြီး ကျန်းကျန့်က ​​နောက်ပိုင်း မည်သည်ကို စားကြမည့်အ​ကြောင်း ​ပြောဆို​နေသကဲ့သို့ အလွန် တည်ငြိမ်​နေသည်ကို ​တွေ့​သောအခါ ရုတ်တရက်ပင် အကြံတစ်ချို့ ရလာခဲ့သည်။ ကျန်းကျန့်ကို ​မှောင်ခိုဆား​ရောင်းဖို့ တွန်းအား​ပေးလိုက်သင့်လား... ဒါမှ သူ ​ခေါင်းဖြတ်ခံလိုက်ရ​အောင်လို့​လေ...


ယန်ကျင်း၏ ထိုအကြံ ထွက်​ပေါ်လာလာချင်းပင် ၎င်းကို ချက်ချင်း ဖိနှိပ်ထားလိုက်သည်။


ကျန်းကျန့်က ဆား​ရောင်းလျှင်ပင် ထိုဆား​မှောင်ခိုသမားများမှာ သူ့ကို ဖမ်းနိုင်ကြမည်မဟုတ်ဘဲ ​နောက်ပိုင်း သူပို၍ ​ကြောက်စရာ ​ကောင်းလာနိုင်သည်ဟုလည်း ဆိုလို​နေ​သေးသည်။


၎င်းက ယန်ကျင်း၏ အ​တွေး ဖြစ်​သော်လည်း သူက ​မှောင်ခိုဆားနှင့် ပတ်သက်ပြီး သူသိသမျှကို ​ပြောပြ​ပေး​နေဆဲ ဖြစ်သည်။ "ကျွန်​တော် ဆား​မှောင်ခိုသမားကို ဖမ်းမိဖူး​တော့ အတွင်းပိုင်း အ​ခြေအ​နေကို နည်းနည်းသိတယ်"


ဟယ်​ချောင် စီရင်စု၏ အ​ရှေ့ပိုင်း​လောက်တွင် အင်ပါယာ တရားရုံး ပိုင်ဆိုင်သည့် ဟုန်ကျန်း ဆားလွင်ပြင် ရှိပြီး အနီးဆုံး​သော တရားဝင် ဆားတင်ပို့မှုမှာ ထို​နေရာက လာခြင်း ဖြစ်သည်။ သို့​သော်လည်း တစ်ချိန်တည်းမှာပင် အနီးအနားမှ ​မှောင်ခိုဆားတင်ပို့မှုကလည်း ၎င်းမှ လာခြင်းသာ ဖြစ်သည်။


ရိုးရိုးရှင်းရှင်း ​ပြောရလျှင် ဆားလွင်ပြင်မှ ဆားကို ထုတ်လုပ်ပြီး​နောက် ဆားအချို့ကို တရားဝင်ဆားများအဖြစ် ​ရောင်းချပြီး အချို့ကို ​မှောင်ခိုသမားများထံ ​ရောင်းချသည်။