အပိုင်း၄၉
Viewers 21k

Chapter 49

Chapter 49

မနက်ဖြန်တွင် လာတင်တောင်းမည်



မော်ဒန်ခေတ်တွင် သူ့မှာ မိသားစုမရှိသောကြောင့် မိသားစုမျိုးရိုးဆက်ခံရန် မလိုအပ်ပေ။ထို့အပြင် သူသည်ကိုရောက်လာသည့်အခါ ထိုမကောင်းသော ကျန်းမိသားစုအတွက် မျိုးရိုးနာမည်ကို ဆက်ခံထားရန် မလိုအပ်ပါချေ။ ထုံးစံအတိုင်း မျိုးရိုးအမည်တစ်ခုအတွက် တိုက်ပွဲဝင်ရန်မလိုအပ်ပေ။ ထို့အပြင် မိသားစုတစ်ခုထဲကို လက်ထပ်ဝင်ခြင်းနှင့် ဇနီးတစ်ယောက် ကိုလက်ထပ်ယူခြင်းကြားတွင် ကွာခြားမှုများစွာမရှိပေ. . .


ထို့အပြင် သူသိသလောက် ကျေးလက်တွင် သမက်ကိုမိသားစုထဲလက်ထပ်ခေါ်သွင်းသော မိသားစုများသည် ယေဘုယျအားဖြင့် သမက်ကို ချုပ်ကိုင်ထားကြသည်။ ယခုခေတ်တွင် ဇနီးသည်က ထွက်ပြေးနိုင်သလို ယောက်ျားတစ်ယောက်ကလည်း ထွက်ပြေးနိုင်သော်လည်း မိသားစုကို စောင့်ရှောက်ရန်သင်ကြားဆုံးမခံထားရသည့် အမျိုးသမီးများထက် အမျိုးသားများက ထွက်ပြေးနိုင်ခြေပိုများသည်။မှန်သည်ပင်၊အကြီးဆုံးကျန်းကဲ့သို့ ဖိနှိပ်ခံနေရသော အမျိုးသားများလည်း ရှိသေးပြီး မည်သို့ ထွက်ပြေးရမည်ကို မသိသော အမျိုးသားများလည်း ရှိပါသေးသည်။

ထိုပုဂ္ဂိုလ်မျိုးက ထိုကဲသို့ပြုမူလေလေ သူတို့မိသားစုအတွက် နေ့စဥ်နေ့တိုင်း စိတ်ကြီးဝင်ခြင်းများပိုကြီးထွားလာရန်လွယ်လေလေဖြစ်သည်။


သို့ပေမဲ့ သမက်က ယောက်ျားအရင့်အမာကြီးဆိုပါက သူသည် မိသားစု၏ မဏ္ဍိုင်ဖြစ်ပေလိမ့်မည်။မည်သူက သူ့ကို ဒုက္ခဖြစ်စေနိုင်ပါမည်နည်း။ထို့ကြောင့် အခု အိမ်ထောင်ပြုရန် စိတ်ပူစရာ မလိုတော့ပေ။ကျောက်ကျင်းကောကို ဘာလက်ဆောင်ပေးရမလဲဆိုသည်ကို အဖြေရှာရန်ပဲလို၏။


ကျန်းကျန့် သူ့အိမ်သို့ ပြန်သွားပြီး ဟင်းချက်ရင်း ဤကိစ္စကို စဉ်းစားနေချိန်တွင် ကျောက်ကျင်းကော နှင့် သူ့မိခင်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။ ခဏအကြာတွင် ဦးစွာပြောသောလူမှာ ကျောက်လျူ ဖြစ်သည်။


"ကျင်းကော...အမေတို့အခုဘာလုပ်ရမလဲ"


ကျောက်ကျင်းကောက တခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် သူကပြောလိုက်၏။


“တကယ်တော့ . . . ကျန်းကျန့်ကို လက်ထပ်ရတာ ကောင်းပါတယ်. . . မိထွေးဖြစ်စရာ မလိုဘူး...အမေတို့ အနီးအနားမှာလည်းနေနိုင်မယ်လေ"


ယခင်က ကျောက်ကျင်းကောက လီကျူးကျန်ကိုလက်ထပ်ရန်ငြင်းဆိုခဲ့သော်လည်း ကျန်းကျန့်

ကိုလက်ထပ်ရန်ဆန္ဒရှိလိမ့်မည်ဟု ကျောက်လျူမမျှော်လင့်ခဲ့ပေ။ကျောက်ကျင်းကော ပြောသည်ကို သူမ ရုတ်တရက် ကြားလိုက်ရသည့်အခါ သူမ အံ့ဩသွားလွန်း၍ သူမနားကြားမှာသည်ဟုထင်မိခဲ့သည်အထိပင်။


ခဏအကြာတွင် ကျောက်လျူက​ပြောလိုက်သည်။


"ကျင်းကော ...မိဘတွေအတွက် သားကိုယ်သား မတရားပြုစရာမလိုပါဘူးကွယ်... သားအိမ်ထောင်မပြုချင်ရင် အမေတို့ကသားကို ဘယ်သူနဲ့မှ လက်ထပ်ခိုင်းမှာ မဟုတ်ဘူး... အဆိုးဆုံး ငါတို့ တိတ်တဆိတ် ထွက်သွားလို့ရတယ်...ငါတို့နောက်ကို ကျန်းကျန့်လိုက်နိုင်မှာ မဟုတ်ဘူး"


တစ်ချိန်က ကျန်းကျန့်ကိုလက်ထပ်နိုင်အောင် သူ့မိသားစုတစ်ခုလုံး အဝေးရွေ့ဖို့အကြောင်း တွေးခဲ့ဖူးသော ကျောက်ကျင်းကော:. . .


ကျောက်ဖူကွေ့ ထိုနေ့ အစောပိုင်းတွင် သူ့အလုပ်ပြီးသွားကာ မြန်မြန် အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရင်း သူတို့ရေတိုင်ကီကို ရေဖြည့်ပြီး လမ်းတစ်လျှောက် ထင်းခုတ်ရန်စီစဥ်ခဲ့သည်။ရလဒ်အနေဖြင့် သူ ပုံမှန်အတိုင်း ဟယ့်ရှီ၏မြစ်တစ်လျှောက် လမ်းလျှောက်လာသောအခါတွင် လူအချို့က သူ့ကိုကြည့်နေသည့်ပုံစံက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိပြီး တစ်ယောက်ယောက်ကဆိုလျှင် သူ့ကိုကြည့်ကာ သက်ပြင်းပင်ချလိုက်သေးသည်။


ဒီလူတွေ ဘာဖြစ်နေကြတာလဲ...


ကျောက်ဖူကွေ့ ဤအခြေအနေကို နားမလည်နိုင်ခဲ့ပေ။ နောက်ပိုင်းမှာ လမ်းသွားလမ်းလာ တစ်ယောက်က ခေါင်းမလှည့်ခင် ကိုယ်ချင်းစာသည့်အကြည့်တစ်ခု ပေးသွားသည်ကို သူတွေ့လိုက်ရသည်။


ကမ္ဘာကြီး ဘာတွေဖြစ်နေတာလဲ... အဲဒါ...အိမ်မှာ တစ်ခုခုဖြစ်ခဲ့တာများလား...


ကျောက်ဖူကွေ့ စိတ်ပူသွားပြီး နှောင့်နှေးမနေဝံ့တော့ပေ။ သူ အိမ်ကို အမြန်ပြန်ခဲ့သည့်။ရလဒ်အနေဖြင့် တံခါးဝသို့ ရောက်သည်နှင့် အသားဟင်း၏မွှေးရနံ့သင်းပျံ့နေသည်ကို သူ့အနံ့ရလိုက်သည်။


ကျောက်ဖူကွေ့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လယ်ယာလုပ်ငန်းခွင်အလုပ်များချိန်ကြောင့် သူ၏သူဌေးအိမ်တွင် ငါးနှင့်ဥများကို စားခဲ့ရသော်လည်း အသားမစားခဲ့ရပေ။အသားနံ့ကို ရလိုက်သည့်အချိန်မှာ သွားရည်ယိုနေသလို ခံစားရသည်။အရေးကြီးတာက... သူ့မိသားစုက ရုတ်တရက် အသား ဘယ်လိုချက်စားနိုင်တာလဲ...


ကျောက်ဖူကွေ့ တံခါးကို လက်ဖြင့် ချီတုံချတုံတွန်းလိုက်သော်လည်း တံခါးပွင့်မလာပေ။သူ ပဟေဠိဖြစ်စွာဖြင့် တံခါးကို ခေါက်လိုက်သည်။

"ပြန်ရောက်ပြီ"


ကျောက်ဖူကွေ့ အကြိမ်အနည်းငယ် ခေါက်လိုက်ပြီးနောက် တံခါးပွင့်သွားသည်။ တံခါးဖွင့်ရန် လာသော ကျောက်လျူက သူ့ရှေ့တွင် ရပ်နေပြီး မျက်လုံးများနီရဲကာ ရောင်ရမ်းနေသည်။


"ဘာလို့ငိုနေတာလဲ...ဘာဖြစ်တာလဲ"


ကျောက်ဖူကွေ့က စိုးရိမ်တကြီး မေးသည်။

“ဘာမှမဟုတ်ဘူး. . . လာအထဲဝင်ပြီးထမင်းစား"


ကျောက်လျူက ကျောက်ဖူကွေ့ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။ကျောက်ဖူကွေ့ အခန်းထဲ ဝင်လာသည်နှင့် အပြင်မှာ ဓားပြတွေ ရှိနေသလိုမျိုး တံခါးကို ချက်ချင်း သော့ခတ်လိုက်သည်။


ကျောက်ဖူကွေ့ စိတ်ရှုပ်ထွေးသွားပြီး ပန်းကန်တွေပြည့်နေသော စားပွဲမှာထိုင်နေသည့် ကျောက်ကျင်းကောကိုတွေ့လိုက်ရသည့်အခါ ပို၍ပင်ထူးဆန်းသွားရသည်။


စားပွဲပေါ်တွင် ဟင်းငါးမျိုးနှင့် ဟင်းချိုတစ်ပန်းကန်ရှိသည်။ဝက်သားနှပ်ပန်းကန်လုံးကြီးတစ်လုံး၊ ပဲခြောက်နှင့်ဝက်သားစတူးပန်းကန်လုံးကြီးတစ်လုံး၊ ငါးဆားနယ်ပေါင်း တစ်ပန်းကန်၊ ကြက်သွန်ဖြူကြော်တစ်ပန်းကန်၊ ဝက်သားလွှာနှင့် ပန်းဂေါ်ဖီကြော်တစ်ပန်းကန်၊ ဆားစိမ်အသီးအရွက်ဟင်းရည် တစ်ပန်းကန်။


နှစ်သစ်ကူး ပွဲတော်မှာပင် သူတို့မိသားစုက အစားအသောက် အများကြီးမစားကြပေ။ သူတို့ အသားဘယ်လောက်များ ချက်ပြုတ်ခဲ့ကြလဲ... ဒီအသားက ဘယ်ကရောက်လာတာလဲ...


"ဘာတွေဖြစ်နေတာလဲ"


ကျောက်ဖူကွေ့က အလောတကြီး မေးလိုက်သည်။ သူ ဤအကြောင်းကို ပိုတွေးလေ၊ အခြေအနေက မမူမှန်ဘူးဟု ပိုခံစားရလေလေပါပင်။


ကျောက်ဖူကွေ့၏မေးခွန်းကိုကြားရသောအခါ ကျောက်လျူကထပ်ငိုပြန်သည်။


ကျောက်ဖူကွေ့ သူ့နှလုံးသား နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ဒါက... ကြီးကြီးမားမား တစ်ခုခုဖြစ်ခဲ့တာလား...


"ဖူကွေ့....ကျင်းကော သူ ...သူ...”


ကျောက်လျူ သူမထပ်မပြောခင် နှစ်ကြိမ်ဆို့နင်သွားပြီး


"ကျင်းကောက ကျန်းကျန့်ကိုကြိုက်တယ်တဲ့"


ထို့နောက် ကျောက်ဖူကွေ့ နားမလည်မှာစိုးသဖြင့် သူမကထပ်ဖြည့်ပြောလိုက်သည်။


"စကားမစပ် ကျန်းကျန့်ဆိုတာက ကျန့်ကျန့်ဝေ... နာမည်ကို ကျန်းကျန့်ဆိုပြီး ပြောင်းလိုက်တာ”


အစပိုင်းတွင် ကျောက်လျူက ကျန်းကျန့်ပေးသောအရာများကို လက်မခံချင်ခဲ့ပေ။ အသားကို ပြန်ပေးပြီး ကျန်းကျန့် ကို လှည့်စားရန် တွေးထားပေမဲ့ မထင်မှတ်ပဲ ကျောက်ကျင်းကောက ကျန်းကျန့်ကို ကြိုက်သည်ဟု ပြောလာခဲ့သည်။ သူမတို့မိသားစု၏ကျင်းကောက ကျန်းကျန့်ကို မထင်မှတ်ဘဲ သဘောကျနေခဲ့သည်။ကျောက်လျူ ရှော့ရသွားပြီး နားမလည်နိုင်စွာ ပို၍ဝမ်းနည်းလာကာ ၎င်းနောက် အညှာအတာကင်းရက်စက်လာသည်။ ကျန်းကျန့် ပေးသမျှ အကုန်ကို သူချက်ပြုတ်ပစ်ခဲ့သည်။အချိန်ကန့်သတ်ချက်ကြောင့်သာမဟုတ်လျှင် စားပွဲပေါ်မှာ နောက်ထပ်ပင်လယ်ရေမှော်ဟင်းတစ်ပွဲ ရှိနေလိမ့်မည်။


"ကျင်းကောက အကြီးဆုံးကျန်းကို ကြိုက်တယ်"


ကျောက်ဖူကွေ့ ရှော့ရသွားရပြန်သည်။


ကျောက်ကျင်းကောက ခေါင်းငုံ့လိုက်ကာ သူ့မိဘများအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။


"ငါ ဘာလုပ်ရမလဲ...အကြီးဆုံးကျန်း... သူက ငါတို့ကျင်းကောကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား"


ကျောက်ဖူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။ကျင်းကော သူနှစ်သက်သည့်လူနှင့် လက်ထပ်နိုင်ရန် သူအမြဲမျှော်လင့်ခဲ့၏။မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်ကလည်း. . . ဤအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ပေမဲ့ ကျောက်လျူကို ချစ်မိသွားသောကြောင့် လက်ထပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်လေသည်။သို့ပေမဲ့ ထိုအကြီးဆုံးကျန်း . . .ယခင်အကြီးဆုံးကျန်းက ကျင်းကောကို လက်ထပ်ရန် ဆန္ဒရှိကောင်းနိုင်သည်။သို့ပေမဲ့ လက်ရှိ အကြီးဆုံးကျန်းက မည်သို့နည်း။ သူ့ကျင်းကောလေး ဝမ်းနည်းနေရပေလိမ့်မည်။


ကျောက်ဖူကွေ့၏ တုံ့ပြန်မှုသည် ကျောက်လျူ နှင့် ကျောက်ကျင်းကော အတွက် လုံးဝ မမျှော်လင့်ထားသည့်အရာဖြစ်သည်။


ကျောက်လျူ မသိစိတ်ကနေဖြေလိုက်မိသည်။

"သူက ဒီနေ့ အသားငါးကီလို၊ ငါးဆားနယ်နဲ့ ပင်လယ်ရေမှော်တွေ ပေးခဲ့ပြီး မနက်ဖြန်မှာ လာတောင်းမယ်လို့ ပြောခဲ့တယ်"


ကျောက်ဖူကွေ့ ခုနကမေးလိုက်သည်က ၎င်း၏ မသိစိတ် တုံ့ပြန်မှု ဖြစ်သည်။ကျန်းကျန့်က လာတောင်းရမ်းရန် ဆန္ဒရှိကြောင်း သူကြားလိုက်သည်နှင့် သူ စိတ်ပူသွားသည်။


"ခဏနေပါဦး... ဒါဆို အကြီးဆုံးကျန်းက အိမ်ထောင်ဖက်ကောင်း မဟုတ်ဘူးလေ ...သူနဲ့လက်ထပ်ရင် ကျင်းကောအနိုင်ကျင့်ခံရမှာမဟုတ်ဘူးလား"


အကြီးဆုံးကျန်းက ရူးသွားပြီး ကျင်းကောကို ရိုက်နှက်ရင် သူဘာလုပ်နိုင်မှာလဲ...


"ဘယ်လိုမှမဖြစ်နိုင်ဘူး"


ကျောက်ကျင်းကောက တိုးတိုးလေးပြောသည်။ကျန်းကျန့်က သူ့ကို မကြိုက်တော့မှာကို စိုးရိမ်ပေမဲ့ ကျန်းကျန့်က လူကောင်းတစ်ယောက်ဆိုသည်က သေချာ၏။ကျန်းကျန့်က ကောင်းလွန်း၍ သူ ပို၍ပင် စိတ်ပူနေရသည်။


“သူ့မှာ မြေကွက်တောင် မရှိဘူး...အတည်တကျ စီးပွားရေးလည်း မရှိဘူး ”


ကျောက်ဖူကွေ့ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ ပိုစိုးရိမ်လေလေဖြစ်သည်။ကျောက်ကျင်းကောသာ ထိုကဲ့သို့သောလူနောက်သို့ လိုက်ခဲ့ပါက သူ အနာဂတ်တွင် မည်သို့နေထိုင်မည်နည်း။


“ကျွန်တော် အလုပ်လုပ်နိုင်ပါတယ်”


ကျောက်ကျင်းကောက ထပ်ပြီး ပြောသည်။ သူက ငယ်ရွယ်ပြီး သန်မာ၏။ သူကိုယ်သူနှင့် သူ့မိဘများကို သေချာပေါက် ထောက်ပံ့ပေးနိုင်ခဲ့သည်။ထို့အပြင် ယခုအခါ ကျန်းကျန့်မှာ လှေတစ်စီးရှိနေပြီဖြစ်သည်။ ငါးနှင့်ပုစွန်တွေကိုပဲ ဖမ်းမိလျှင်ပင် သူ့ကိုယ်သူ အမြဲတမ်း ထောက်ပံ့ပေးနိုင်၏။ယင်းက တကယ်အလုပ်မဖြစ်ဘူးဆိုလျှင်ပင်. . .သူက အမြဲတမ်း လျှော့စားနိုင်သည်။


ကျောက်ဖူကွေ့က အနေအေးပြီး တုံဏှိဘာဝေနေတတ်သော်လည်း သူ့သားအကြောင်းကို ကောင်းစွာသိဆဲဖြစ်သည်။ကျောက်ကျင်းကော၏ပုံစံကို ကြည့်ပြီး သူ့သားအတော်လေး စိတ်ပိုင်းဖြတ်ထားကြောင်း သူသိသည်။တစ်ခုပါပဲ...သူ့သားက အကြီးဆုံးကျန်း ကို ဘယ်တုန်းက ချစ်မိသွားတာလဲ...သူ့သားက အဲဒီအကြီးဆုံးကျန်းနဲ့ အဆက်အဆံရှိမှန်း သူဘာကြောင့် မသိတာလဲ...


ခဏလေး... သူ့သားက တကယ်ကို အဲဒီအကြီးဆုံးကျန်းနဲ့ အဆက်အဆံအများကြီးရှိတယ်. . .

ကျောက်ဖူကွေ့ အကြီးဆုံးကျန်းက ပေးသည်ဟုဆိုကာ သားဖြစ်သူ အိမ်သို့ အချိန်အတန်ကြာ ယူဆောင်လာသော ငါးနုတ်များနှင့် ပုဇွန်များကို ရုတ်တရက် တွေးလိုက်မိသည်။ နောက်ပိုင်းတွင် အကြီးဆုံးကျန်းက သူ့မိသားစုမှ ခွဲထွက်သွားသောအခါတွင် သူ့သားက သူနှင့် အဆက်အသွယ်ဖြတ်လိုက်ပုံရသော်လည်း အမှန်တွင် . . . ထို့နောက်မှာလည်း သားဖြစ်သူက ငါး၊ ပုစွန်နှင့် ယုန်သားကဲ့သို့ အသားများကိုပင် ပြန်ယူလာဆဲဲဖြစ်သည်။သူ့သားက ၎င်းတို့ကို ကံကောင်းပြီး ဖမ်းမိသည်ဟုပဲ သူထင်ခဲ့ပေမဲ့ ယခု ကြည့်ရသည်မှာ...အဲဒီပစ္စည်းတွေကို အကြီးဆုံးကျန်းက ပို့ပေးခဲ့တာလား...


ဆေးလိပ်အများကြီးမသောက်သည့် ကျောက်ဖူကွေ့တစ်ယောက် ရုတ်တရက် ဆေးလိပ်သောက်ချင်လာသည်။ အကြီးဆုံးကျန်းက နဂိုတည်းက သူ၏ကျင်းကောကို ပြန်ပေးဆွဲရန် စီစဉ်ထားခဲ့သည်။တစ်ခုမျှသာပင်. . . သူ့သားက အခု အိမ်ထောင်မပြုလျှင်....၊ကျင်းကောကိုယ်၌က နှစ်သက်သည့်လူနှင့် လက်ထပ်ရန် နေနေသာသာ၊ နောင်မှာ အိမ်ထောင်ပြုနိုင်မှာ မဟုတ်ပေ။


လီကျူးကျန်၏မိသားစုတွင် မြေရှိသော်လည်း သူ့မိဘများနှင့် ကလေးလေးယောက်ကပါ သူနှင့်အတူတွဲလောင်းပါနေသည်။အကြီးဆုံးကျန်းက မည်သည့်မြေကိုမျှ မပိုင်ဆိုင်သော်လည်း နောက်ဆုံးတွင် သူတစ်ကိုယ်တည်းနေခဲ့သည်. . .


တစ်အိမ်လုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောတော့ပေ။နောက်ဆုံးမှာ​ ကျောက်ကျင်းကောကပြောလိုက်သည်။


"ကျန်းကျန့်ကို အသားနည်းနည်း ပို့ပေးလိုက်ဦးမယ်"


ကျန်းကျန့်က ယခုလိုအသားတစ်ပိုင်းဝယ်ပြီး အကုန်လုံးကို ပေးလိုက်သည်။ သေချာပေါက် စားစရာ ဘာမှ ရှိတော့မှာမဟုတ်ပေ. . . ကျန်းကျန့်ထံ အချို့ကို ပို့ရန် လိုအပ်သည်ဟု သူထင်သည်။


ကျောက်ကျင်းကောက စားပွဲပေါ်မှ အသားပန်းကန်ကိုယူ၍ သူမစားရသေးသည်ကို မေ့ပြီး ခေါင်းငုံ့ကာ အိမ်မှ ထွက်လာခဲ့သည်။


ကျောက်ဖူကွေ့နှင့်ကျောက်လျူတို့ နှစ်ယောက်လုံး သောကရောက်နေကြပြီး ကျောက်လျူတစ်ယောက် စပြီး ငိုပါတော့၏။ သူတို့ ခက်ခက်ခဲခဲပျိုးထောင်ခဲ့သော ဂေါ်ဖီထုပ်ကို ဝက်က စားတော့မည်။ မဟုတ်ဘူး...သူတို့ရဲ့ကျင်းကောကို ဂေါ်ဖီထုပ်လို့ခေါ်လို့မရဘူး... သစ်ပင်လို့ ခေါ်ရမယ် အဲတော့ . . .သူတို့စိုက်တဲ့အပင်ကို ဝက်က ဝင်တိုက်တာလား...


"စားကြရအောင်"


ကျောက်ဖူကွေ့က ပြောလိုက်သည်။ကျောက်လျူက အသားအားလုံးကို ချက်ပြီးပြီဖြစ်သည်။ယခုအချိန်တွင် ကျောက်ဖူကွေ့ အသားတွေအကုန်လုံးကိုပဲ စားပစ်ချင်တော့သည်။


တစ်ဖက်တွင် ကျောက်ကျင်းကောက အသားနှင့်အတူ ကျန်းကျန့်ကိုသွားတွေ့သောအခါ ကျန်းကျန့်က ကောင်းကောင်းစားပြီးပြီဖြစ်သည်။


ဝမ်ဟိုင်ရှန်းက သူနှင့်အတူ ထွက်လာခဲ့သည်။ အရင်းပိုချန်ထားလိုသောကြောင့် သူက လုပ်အားခမပေးဘဲ ငါးဆားနယ်နှင့်ပင်လယ်ရေမှော်တို့ကို ပေးခဲ့သည်။ဝမ်ဟိုင်ရှန်းက စီရင်စုမြို့၌ ဝက်သားနှစ်ကီလိုနှင့် လဲလှယ်ရန် ငါးဆားနယ်ကို အသုံးပြုခဲ့သည်။


ကျန်းကျန့်က သူဝယ်ထားသည့် အသားတွေအကုန်လုံးကို ပေးပစ်သည်ကိုမြင်ရာတွင် ဝမ်ဟိုင်ရှန်းက သူ့ကို အိမ်မှာ အသားဟင်းချက်ပြီး တစ်ပန်းကန်လုံး ကျွေးခဲ့သည့်အတွက် ကျန်းကျန့် တော်တော်လေးစားလိုက်သည်။


ကျောင်ကျင်းကော ရောက်လာသောအခါ ကျန်းကျန့်က ရေချိုးပြီး အဝတ်လျှော်နေခဲ့သည်။ သူ သတိလက်လွတ်ဖြစ်ပြီး အင်္ကျီလက်ကချုပ်ရိုးကို ပြဲအောင်လုပ်မိလိုက်ပုံရကြောင်း သူသိလိုက်ရသည်။ ရေလျှော်ပြီးလျှင် အကုန်လုံးကိုပြန်ချုပ်ရန် လိုအပ်၏။


"ကျန်းကျန့်..."


ကျောက်ကျင်းကောက ခေါ်လိုက်သည်။


"ကျင်းကော..."


ကျောက်ကျင်းကောကိုတွေ့သောအခါ ကျန်းကျန့်အံ့သြသွားသည်။ကျောင်ဖူကွေ့ အိမ်ပြန်လာသည်ကိုခုနကသူမြင်လိုက်ရသောကြောင့် ယနေ့ ကျောက်ကျင်းကော သူ့ဆီလာရန်မဖြစ်နိုင်ဘူးဟုထင်ခဲ့၏။ မမျှော်လင့်ဘဲ မကြာခင်မှာပဲ ကျောက်ကျင်းကောကို သူတွေ့လိုက်ရသည်။


"စားပြီးပြီလား ...အမေက ကျွန်တော့် ကို အသားတွေ ပို့ခိုင်းလိုက်လို့"


ကျောက်ကျင်းကော သူ့​မိဘများနှင့်ကျန်းကျန့်ကြားက ဆက်ဆံရေးကို မြှင့်တင်လိုခဲ့သည်။


"စားပြီးပြီ...ဒါပေမဲ့ မင်းကော စားပြီးပြီလား"

ကျန်းကျန့်က မေးလိုက်သည်။

ကျောက်ကျင်းကောက မစားရသေးပေ။ကျန်းကျန့် ကျောက်ကျင်းကော၏အမူအရာကိုကြည့်ကာ မစားရသေးသည်ကို အတိအကျသိလိုက်သည်။သူကပြောလိုက်သည်။


"ကိုယ်အများကြီး ချက်ထားတယ်... ဒီမှာ စားသွားပါလား"


ကျောက်ကျင်းကောက ငြင်းတော့မည်ကိုမြင်သောအခါ ကျန်းကျန့်ကထပ်ပြောလိုက်သည်။

"ကိုယ်မင်းကိုပြောစရာရှိတယ်"


ကျောက်ကျင်းကော ညစာစားရန် နေလိုက်ရသည်။ထို့နောက် ကျန်းကျန့်က သူ ပင်လယ်ကမ်းစပ်သို့ ထွက်ခွာသွားပုံမှ တစ်နာရီအတွင်း အရာအားလုံးကို ဖူချန်တွင် ရောင်းချပုံအထိ စတင်ပြောပြခဲ့သည်။


ပြန်ပြောင်း ပြောပြနေစဉ်တွင် သူက ကျောက်ကျင်းကော၏လက်များကို ဆုပ်ကိုင်ကာ အကြိမ်အနည်းငယ် နမ်းလိုက်သေးသည်။


ကျောက်ကျင်းကောက စီရင်စုမြို့သို့ အကြိမ်ရေအချို့ပဲ သွားဖူးသောကြောင့် ပြင်ပကမ္ဘာအကြောင်း ဘာမှမသိဘဲ စွဲလမ်းသွားခဲ့သည်။ အချိန်တွေ ကုန်လွန်သွားသည်ကို မခံစားရပေ။တစ်ချိန်တည်းမှာပင် သူသည် ကျန်းကျန့်ကို မလွှဲဧကန် လေးစားကြည်ညိုမိပြီး တောက်ပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေခဲ့သည်။


ကျန်းကျန့် အလွန်ဂုဏ်ယူနေမိသည်။ တကယ်တမ်းတွင် ပွင့်ပွင့်လင်းလင်းပြောရပါက ကျောက်ကျင်းကော၏ ထိုးထွင်းသိမြင်မှုက သူ့အဆင့်နှင့် မတူပါချေ။သူတို့မှာ တကယ်ကိုဘုံဘာသာစကား မရှိခဲ့ပါချေ။ သို့သော် ဘုံဘာသာစကားက ပြုစုပျိုးထောင်နိုင်သော အရာမဟုတ်ပါလော။ထို့ကြောင့် သူလုံးဝစိတ်မပူပေ။ထို့အပြင် ယနေ့ခေတ်တွင် မည်သူကို သွားရှာနေပါစေ၊ သူတို့သည် သူနှင့် ဘုံဘာသာစကားကို မပြောဆိုခဲ့ကြပေ။


ကျောက်ကျင်းကော ကျန်းကျန့်နှင့် အိမ်မပြန်မီ တစ်နာရီကျော်ကြာအောင် အတူရှိနေခဲ့သည်။ ပြန်သွားသည့်အခါ သူ့လက်ထဲမှာ ပန်းကန်အလွတ်တစ်လုံးရှိနေသလို စားပွဲကလည်း ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။


"မင်းစားပြီးပြီလား"


ကျောက်ဖူကွေ့ ကျောက်ကျင်းကော ပြန်လာမည်ကို အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ပြန်မလာခဲ့ပေ။ သူ စိတ်ဆိုးသွားပြီး ကျောက်လျူအား စားပွဲပေါ်မှ အစားအစာများကို ဖယ်ခိုင်းလိုက်သည်။ ထို့ကြောင့် သားဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ သားဖြစ်သူ ဗိုက်ဆာမည်ကို စိုးရိမ်ခဲ့သည်။


"စားပြီးပြီ"

ကျောက်ကျင်းကောကဖြေလိုက်သည်။


“စေ့စပ်ပွဲမလုပ်ရသေးဘဲ သူ့အိမ်မှာ သွားစားတာ အဆင်မပြေဘူး”


ကျောက်ဖူကွေ့ အနည်းငယ် စိတ်မပျော်ဖြစ်သွားသည်။


“တကယ်တော့ ကျွန်တော် အဲဒီမှာ အရင်ကစားဖူးတယ်...”


အရင်က ကျောက်လျူက စိတ်လှုပ်ရှားလွန်းနေသော​ကြောင့် ကျောက်ကျင်းကောက သူမကို အများကြီး ညှာခဲ့သည်။ယခု သူ့အဖေ​​နှင့် အမေ နှစ်ယောက်စလုံး ရှိနေသ​ဖြင့် ကျန်းကျန့်နှင့် သူ၏ဆက်ဆံရေးအကြောင်း ပြောလိုက်တော့သည်။


အိမ်မှာ ဆန်ပြုတ်ပဲစားရသည့်ကျောက်ကျင်းကောက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အနည်းငယ် ကိုယ်အလေးချိန်တက်လာသည်က အံ့သြစရာမရှိတော့ပေ။မွန်းတည့်အချိန်၌ တစ်ယောက်ယောက်က သူ့ကို အပိုထမင်းတစ်နပ် ကျွေးနေမှန်း အခုမှသိလိုက်ရသည်။ကျန်းကျန့်က သူ့မိသားစုရှိ ဘဲများကို အစာကျွေးရန် အမြဲလာနေသည်မှာလည်း အံ့သြစရာမဟုတ်ပေ။ကျောက်ကျင်းကောအတွက် ဘဲများကို ဝယ်ခဲ့ကြောင်း သိသာထင်ရှားသည်။


"ကျန်းကျန့်က မင်းကို တကယ်နေ့တိုင်း နေ့လည်စာ လာပို့တာလား"


ကျောက်ဖူကွေ့က မေးသည်။ကျောက်ကျင်းကောက ကျန်းမိသားစု၏အကြီးဆုံးသားဖြစ်သူအမည်မှာ ယခုကျန်းကျန့်ဖြစ်ကြောင်း အကြိမ်ပေါင်းများစွာ အလေးပေးပြောကြားခဲ့သောကြောင့် သူကလည်း သူ့ကို ဤအမည်ဖြင့်ခေါ်ဆိုခဲ့သည်။


"ဟုတ်တယ်"


ကျောက်ကျင်းကောကပြောလိုက်သည်။တကယ်တမ်းတွင် ကျန်းကျန့်က သူ့ကို ညနေမှာလည်း ထမင်း ကျွေးပေမဲ့ ပြောရန်ရှက်လွန်း၏။


"ဒီလိုဆို သူက မဆိုးပါဘူး"


ကျောက်ဖူကွေ့က ပြောလိုက်သည်။ကျန်းကျန့်က ရက်စက်သည်ဟု လူတွေ ပြောကြပေမဲ့ သူလုပ်ခဲ့သည်က တစ်ယောက်ယောက်ကို ရိုက်နှက်ပြီး သူ့မိဘဆွေမျိုးများနှင့် အဆက်အသွယ်ဖြတ်ခဲ့ခြင်းမျှသာဖြစ်သည်။ယင်းအတွက်လည်း သူ့မှာ အကြောင်းပြချက်တစ်ခုရှိခဲ့သည်။ထိုမတိုင်ခင်က ကျန်းမိသားစုက အတော်လေးလွန်လွန်းခဲ့သည်ပင်။