အပိုင်း၅၃
Viewers 22k

Chapter 53

Chapter 53

တစ်စုံတစ်ယောက်က ပြတင်းပေါက်ကနေကျော်ဝင်လာ



“အမေ...ကျုပ် ခရုနဲ့ ငါးလေးတွေဖမ်းဖို့ မြစ်ကိုသွားခဲ့တယ်”


ကျန်းကျန့်က ပြောလိုက်သည်။


လူတိုင်းက စောစောထကြသည်။ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့က နံ့နက်ခုနစ်နာရီခန့်တွင် လှေပေါ်တွင် အလုပ်စလုပ်ကြပြီး သုံးလေးနာရီခန့်ကြာအောင် ငါးဖမ်းကြသည်။ဝမ်ဟိုင်ရှန်း၏ ကလေးနှစ်ယောက်က သူတို့ကို ကမ်းစပ်မှာ ပုံးတစ်ပုံးထဲကို ခရုတွေထည့်ရန် ကူညီပေးနေသည်။


အရွယ်ရောက်ပြီးသော ဘဲများသည် ၎င်းတို့၏ ခရုများကို အစာအိမ်အတွင်းမျိုချကာ အစာချေနိုင်သော်လည်း ဘဲငယ်လေးများက မလုပ်ဆောင်နိုင်ပေ။ကျောက်လျူ ဘဲပေါက်လေးများကို အစာမကျွေးမီ ခရုများကို ကျောက်ခဲနှင့် ထုချေရသည်။ဤခရုများကို အချိန်အတိုင်းအတာတစ်ခုအထိသာ အစာအဖြစ်အသုံးပြုနိုင်သည်။ ယခုအခါ အရွယ်ရောက်ခါစ ဘဲငါးကောင်က သေးသေးလေး ​မဟုတ်တော့ဘဲ ငါးနုပ်များကိုသာကျွေးနိုင်သော်လည်း ၎င်းတို့ကို ကြိုခုတ်ထားရန် လိုအပ်သည်။


ကျောက်လျူ ကြည့်လိုက်ရာ ကျန်းကျန့် ခရုပုံးတစ်ပုံးနှင့် ငါးနုပ်ပုံးတစ်ပုံးကို ပြန်ယူလာကြောင်း တွေ့ရှိခဲ့သည်။သူမ အလွန် ပျော်သွားသောကြောင့် ကြွားချင်သည်ကို မေ့သွားခဲ့၏။


"မင်း ဒီမှာပဲ ထားခဲ့လိုက်ပါ...ငါချက်ချင်းကိုင်လိုက်မယ်...အိုး ငါကိုင်လို့မရသေးဘူး ...အရင်ချက်ပြုတ်ရဦးမယ်"


ကျန်းကျန့် ရောက်ရှိနေသောကြောင့် ယခင်က နေ့လည်စာ မချက်ပြုတ်ခဲ့သော ကျောက်လျူတစ်ယောက် ယခုနေ့လည်စာပြင်ဆင်နေခဲ့သည်။သူမက နေ့လည်စာကို ပိုလျှံပယ်အောင် လုပ်ရန်လည်း စိတ်ကူးထားသည်။


နေ့ခင်းဘက်တွင် ကျန်းကျန့် ယခင်နေ့မကုန်သေးသော အသားများနှင့်အတူ ထမင်းနှစ်ပန်းကန်ကို စားပြီးနောက် ကျောက်လျူ အသစ်ချက်ပြုတ်ထားသော သက်သတ်လွတ်ဟင်းပေါင်းများစွာကိုလည်းစားခဲ့သည်။သူက ကျောက်ကျင်းကောကိုပေးရန်ဟု​ပြောကာ ကျောက်လျူကို ထမင်းတစ်ပန်းကန်နှင့် အသီးအရွက်တစ်ပန်းကန် ထုပ်ပိုးရန် တောင်းဆိုခဲ့သည်။


ကျောက်လျူ အလွန်စိတ်လှုပ်ရှားသွားပြီး အလွန်ဝမ်းသာသွားသည်။ကျန်းကျန့်က သူမ၏ကျင်းကောကို ဂရုတစိုက်ရှိသည်။ အနာဂတ်တွင် သူမ၏ကျင်းကော ကောင်းမွန်သောဘဝတစ်ခုရရှိမည်မှာ သေချာသောကြောင့် သူမစိတ်ချနိုင်တော့မည်...


နောက်တစ်နေ့တွင် သူမသည် ယလက်ထပ်ရန် အနီးကပ်ဆုံး သင့်တော်သည့်နေ့ကို သိရရန် ဘေးရွာရှိ မျက်မမြင်ပုဂ္ဂိုလ်ကို သွားမေးမည်။ ဤလက်ထပ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ဂရုစိုက်သည်က ပိုကောင်း၏။


ကျန်းကျန့် ဤတစ်ကြိမ် ကျောက်ကျင်းကောဆီသို့ စားစရာသွားပို့သောအခါ လူများကို တမင်ရှောင်ခဲ့ခြင်း မရှိပါချေ။ သို့သော် ကျောက်တဟူ၏အိမ်သည် တူးမြောင်းနှင့် နီးကပ်နေပြီး ထိုနေရာအားလုံးသည် သူပိုင်သောကြောင့် ယေဘုယျအားဖြင့် အခြားရွာသားများမရှိပေ။


ကျောက်ကျင်းကောက တစ်မနက်လုံး အလုပ်လုပ်နေခဲ့ပြီး အနည်းငယ် ပင်ပန်းနေပြီဖြစ်သော်လည်း ကျန်းကျန့် ကိုတွေ့သောအခါ ပြန်လည်လန်းဆန်းလာကာ နှုတ်ခမ်းထောင့်များက မသိစိတ်ကနေ ပင့်တက်သွားသည်။ တောထဲမှာ ကျန်းကျန့် ယူလာသည့် ထမင်းကို တိတ်တိတ်လေး စားဖူးပေမဲ့ ဤတစ်ခါ သူက လယ်ကွင်းပြင်မှာ ထိုင်ပြီးစားနေခြင်းဖြစ်၍ တခြားသူတွေ မြင်ပြီး ကျန့်ကျန့် သူ့ကို ကြင်နာကြောင်း သိနိုင်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က သူတို့ကို မြင်လျှင်ပင် ကျန်းကျန့်က ကျောက်မိသားစု၏အိမ်တွင် ထမင်းစားခဲ့သည်ကို မကြာမီပင် သူတို့သိလိုက်ရသည်။ သူက ကျောက်ကျင်းကောကို အစားအသောက် ပို့ပေးခဲ့ပေ ထိုအစားအသောက်က ကျောက်မိသားစုမှ ဖြစ်၏. . .အလှူလက်ဖက်နှင့်မျက်နှာလုပ်ခြင်း မဟုတ်ပေဘူးလော။ကျောက်ကျင်းကောကို ဘယ်သူမှ မနာလိုမဖြစ်ကြပေ။


ကျောက်ကျင်းကောလည်း ကျောက်လျူကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ကျန်းကျန့်က ၎င်းကို အလေးအနက်မထားပေ။ သူက တခြားသူတွေ၏အကြည့်တွေကို ဘယ်တုန်းကမှ ဂရုမစိုက်ပေ။ တခြားရွာသားတွေ တွေးနေသည်ကို ဂရုစိုက်ရန် အချိန်ရပါက ထိုအချိန်ကို အပိုငွေရှာရန် အသုံးပြုနိုင်သည်။ဤသည်မှာ ခေတ်မီပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း မဟုတ်ပေ။မော်ဒန်ခေတ်တွင် လူတစ်ယောက်က ဆင်းရဲလျှင်ပင် ကုသိုလ်ဖြစ်ရိပ်သာများထဲမှ စားစရာ ရှာဖွေနိုင်ကြသည်။ဤနေရာ မှာ လက်ထဲတွင် ပိုက်ဆံမရှိလျှင် ငတ်သေနိုင်သည်။ လက်ထဲမှာ ပိုက်ဆံအနည်းပဲရှိသဖြင့် သူ စိတ်မချမ်းသာပေ။


"ဒီနေ့ နေ့လည် စီရင်စုမြို့ကို သွားတော့မယ်"


ကျောက်ကျင်းကော ထမင်းစားပြီးခါနီးမှ ကျန်းကျန့်က သူ့ကို ပြောလိုက်၏။


"ဘာလုပ်ဖို့လဲ"


ကျောက်ကျင်းကော အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


“ပစ္စည်းရောင်းဖို့...စိတ်မပူပါနဲ့...ကိုယ် ညနေကျ ပြန်လာမယ်"


ကျန်းကျန့်က ကျောက်ကျင်းကောကို ပြုံးပြလိုက်သည်။


ကျန်းကျန့် စီရင်စုမြို့လေးမှာ ရောင်းချင်သည်က သူ၏ကျန်ရှိနေသော ငါးဆားနယ်နှင့်ပင်လယ်ရေမှော်များအပြင် ယနေ့မနက်က ဖမ်းမိသည့် ငါးတွေလည်းပါသည်။သူ့မှာဤအကြံအစည်ရှိနေသည်မှာ ကြာလေပြီ။ပင်လယ်ရေမှော်ကို မနေ့ကတည်းက စိမ်ထားပြီး ပစ္စည်းတွေက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ကျောက်ကျင်းကောကို နှုတ်ဆက်ပြီးနောက် ဝမ်ဟိုင်ရှန်းကို သူနှင့်အတူ ခေါ်သွားခဲ့သည်။


စီရင်စုမြို့သို့ ရောက်သောအခါ ညနေခင်းဈေးကို အချိန်မီရောက်သွားသည်။လက်ရှိအချိန်မှာ လူတော်တော်များများက မွန်းလွဲပိုင်း လေးနာရီ၊ ငါးနာရီမှာ ညစာစားကြပေမဲ့ ထိုမတိုင်ခင်မှာ တချို့က လမ်းပေါ်ထွက်ပြီး အစားအသောက်သွားစားကြသည်။


ကျန်းကျန့်က သင်္ဘောကျင်းအနီးတွင် လှေကိုရပ်လိုက်ပြီး ဖုချောင်တွင် သူအရင်ကလုပ်ခဲ့သည့်အတိုင်း တစ်ပြားကိုပင်လယ်ရေမှော်တစ်ပန်းကန်ကို စတင်ရောင်းချခဲ့သည်။


ဖုချောင်ထက် စီရင်စုမြို့၌ လူနည်းသော်လည်း ပင်လယ်ရေမှော်တစ်ပန်းကန်​လာဝယ်သူရှိနေဆဲပါပင်။မည်သို့ပင်ဖြစ်စေ တစ်ပြားဆိုသည်ပမာဏက အလွန်နည်းပေသည်။ဝယ်သူတွေ ပိုများလာသည့်အခါ ဝယ်ရန် မစီစဉ်ထားလျှင်ပင် တခြားသူတွေက သဘာဝအတိုင်း လာကြည့်ကြလိမ့်မည်။ ယခု သူတို့ကလာကြည့်ပြီးနေပြီဖြစ်လေရာ တချို့က ဝယ်ကြပေလိမ့်မည်။


လူအများစုက ပင်လယ်ရေမှော်လာဝယ်ကြသော်လည်း အချို့က ပိုစျေးကြီးသော ငါးဆားနယ်နှင့် လတ်ဆတ်သောငါးတို့ကိုလည်း ဝယ်ကြသည်...


မော်ဒန်ခေတ်မှာ ပင်လယ်ငါးများကို အေးခဲရောင်းချသော်လည်း ရေချိုငါးများကို အရှင်လတ်လတ်ရောင်းချသည်။မည်သို့ပင်ဖြစ်စေ ငါးအသေများ၏အရသာက အတော်လေးညှီသဖြင့် သိပ်မကောင်းပေမဲ့ ရှေးခေတ်မှာက မတူပေ။


လက်ရှိတွင် လူများသည် အခြေခံအားဖြင့် လတ်လတ်ဆတ်ဆတ် သတ်ထားသော ငါးများကို ရောင်းချကြသည်။ ငါးကိုဖမ်းပြီး လမ်းဘေးမှာရောင်း၏။ အစတုန်းက ငါးတွေ အသက်ရှင်နေသေးသည်ဆိုလျှင်ပင် မကြာခင် သေသွားကြသည်။၎င်းနှင့် ပတ်သက်ပြီး သူတို့ ဘာမှမလုပ်နိုင်ပါချေ။လက်ရှိက ရေပိုက်ခေါင်းကိုဖွင့်လိုက်သည်နှင့် ရေများထွက်လာသည့် ခေတ်မီလူ့အဖွဲ့အစည်းနှင့် မတူပါချေ။ ငါးအသက်ရှင်နေစေရန် ရေထဲသို့ အောက်ဆီဂျင်ကို စုပ်ထည့်နိုင်သည့် အောက်ဆီဂျင်စုပ်စက်များ သို့မဟုတ် ပုံးကြီးကြီးများ မရှိပါချေ. . .


ဤခေတ်မှာ ငါးအရှင်ရောင်းရန် ပုံးကြီးတစ်ပုံးရှိသည်ဆိုလျှင်ပင် ၎င်းကို ရွှေ့ရန်အတော်လေးအခက်အခဲဖြစ်မည်ပင်။ရလဒ်အနေဖြင့် ချမ်းသာသည့်သူတွေကလွဲ၍ လူအများစုကငါးအသေတွေကို ဝယ်ရောင်းကြသည်။


သို့သော် ကျန်းကျန့်က ငါးအရှင်များကို ရောင်းချဆဲဖြစ်သည်။ သူနှင့် ဝမ်ဟိုင်ရှန်း ဖမ်းမိသော ငါးအရှင်များကို ၎င်းတို့၏ လှေပေါ်တွင် စုပုံမထားဘဲ ငါးဖမ်းပိုက်ထဲတွင် သိမ်းဆည်းထားသည်။ ငါးသေမှာမဟုတ်ဘူးဆိုသည်က သေချာ၏။စီရင်စုမြို့သို့ရောက်သောအခါ ငါးများကို ထုတ်ယူ၍ ပုံးတစ်ပုံးစီဖြင့် ရောင်းချကြသည်။ ထိုအချိန်တွင် ငါးများသည် အသက်ရှင်နေဆဲဖြစ်သည်။ဝမ်ဟိုင်ရှန်းက ပင်လယ်ရေမှော် ရောင်းချမှုကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ကျန်းကျန့်က ဈေးနှုန်းများကိုတွက်ချက်ရန် ပိုမိုခက်ခဲသော ငါးဆားနယ်ငါးနှင့် လတ်ဆတ်သောငါးများကို ရောင်းချရန် တာဝန်ယူခဲ့သည်။


လတ်ဆတ်သောငါးများကို စိတ်ဝင်စားသူအများအပြားရှိခဲ့သည်။ ခဏအကြာမှာ အတော်ကို ရောင်းကောင်းလာသည်။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့သည် စီရင်စုမြို့၌ ဤနည်းဖြင့် ငါးအရှင်နှင့် ပင်လယ်ရေမှော်ရောင်းသည့် ပထမဦးဆုံးလူများဖြစ်ရာ ၎င်းတို့ထံမှ ဝယ်ယူသူအများအပြားရှိခဲ့သည်။ နေ့ခင်းတစ်ခင်းလုံး ရောင်းပြီးသောအခါတွင် အမြတ် ငွေစ သုံးခုရခြင်းဖြင့် အဆုံးသတ်သွားခဲ့ပြီး ယင်းက သူတို့ နောက်ထပ် ငွေစသုံးခု ထပ်ရသွားသည်ဟု ဆိုလိုပေသည်။


ပင်လယ်ရေမှော်များက များများရောင်းရသော်လည်း သူ့ဈေးက နိမ့်ပြီး ငါးဆားနယ်ဈေးက ပိုမြင့်သောကြောင့် ငွေက ငါးရောင်းရာကနေ အဓိကရခြင်းဖြစ်သည်။ သူတို့ အမှန်တကယ် ငွေရှာလိုလျှင် ပင်လယ်ရေမှော်က စီးပွားရေးအတွက် ပိုကောင်းသည်ဟု ယူဆရသည်။


"မင်းမလား..."


ဤမေးခွန်းကို အသံတစ်ခုကမေးလိုက်သည့်အခါ ကျန်းကျန့် ခေါင်းကိုမော့ပြီးကြည့်လိုက်ရာ သူတို့နှင့် ကုန်ပစ္စည်းတွေရောင်းဝယ်ဖူးသည့် ပင်လယ်ကုန်သည်တစ်ယောက် သူတို့ရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။


“ဒါက ရောင်းဖို့နည်းလမ်းကောင်းတစ်ခုပဲ"


ပင်လယ်စာကုန်သည်က ဝမ်ဟိုင်ရှန်း၏ရှေ့က ပင်လယ်ရေမှော်များကို စေ့စေ့ငုငုကြည့်သည်။ သူပြန်သွားသည့်အခါ ဤအတိုင်းလိုက်ရောင်းမည်ဆိုသည်က သံသယဖြစ်စရာမရှိပါချေ။ ဤနည်းလမ်းသည် ရိုးရှင်းလွန်းပြီး အလွယ်တကူ လေ့လာနိုင်သည်။ကျန်းကျန့် သူ့အနေဖြင့် အနာဂတ်မှာ တခြားစီးပွားရေးလုပ်ရန် နည်းလမ်းကောင်းရှာရမည်ဆိုသည်ကို သိ၏။မှန်သည်ပင်၊ သူ့မှာ အရင်ဆုံး အရင်းအနှီးရှိရမည်။


"မင်းပစ္စည်းတွေ ဘယ်လိုနေလဲ" ပင်လယ်စာကုန်သည်က ထပ်မေး၏။


“ကုန်သွားပြီ”


ကျန်းကျန့်က နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။


၎င်းကိုကြားသောအခါ ကုန်သည်က ကျန်းကျန့်ကို အံ့သြစွာကြည့်၏။ ပင်လယ်ထွက်ကုန်များမှ အမြတ်ငွေများ အဆင်ပြေသော်လည်း တစ်ကြိမ်တည်းတွင် အလွန်အကျွံ မရောင်းနိုင်သောကြောင့် ငွေများများစားစား မရရှိခဲ့ပေ။ ဒါပေမဲ့ ဒီလူနှစ်ယောက်ဝယ်တဲ့ပစ္စည်းတွေက ရောင်းကုန်သွားပြီတဲ့​လား...


ဤပင်လယ်ကုန်သည် အနည်းငယ် မနာလိုပေမဲ့ မနာလိုစိတ်ဖြစ်ရုံကလွဲ၍ သူ တခြားဘာမှ မလုပ်နိုင်ပေ။တခြားနေရာမှာ ရောင်းရန် သူ့လှေကို လှော်မသွားချင်ပါချေ။ကျန်းကျန့် စီရင်စုမြို့၌ နေ့လယ်ခင်းတစ်ခုလုံး ရောင်းနေခဲ့သည်။ ကျန်သည့် ပင်လယ်ထွက်ကုန်တွေ အကုန်နီးပါး ရောင်းကုန်သွားသည် မနက်ဖြန် ပြန်ရောင်းလျှင် အားလုံးရောင်းကောင်းမည်ဟု ခန့်မှန်း၍ရသည်။သူ သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကောင်းကင်ကြီး လုံးဝ မှောင်မသွားမီ ဟယ့်ရှီသို့ ပြန်သွားခဲ့သည်။


ကျန်းကျန့် ကျောက်မိသားစု၏အိမ်သို့ရောက်သောအခါ ကျောက်မိသားစု၏ ညစာစားချိန်လွန်သွားပြီဖြစ် သော်လည်း ၎င်းတို့၏ တူများကို မလှုပ်သေးပေ။ကျန်းကျန့် ပြန်ရောက်လာသည်ကို တွေ့လိုက်သောအခါ ကျောက်လျူက ပူအောင် ပေါင်းစင်ထဲထည့်ထားသော ပန်းကန်များအားလုံးကို ထုတ်ကာ ကျန်းကျန့်ကို ညစာစားရန် ခေါ်လိုက်သည်။


ကျောက်လျူက သီးသန့်ဆန်ပြီး ဂရုတစိုက်ရှိသူဖြစ်ပြီး ဟင်းချက်ခြင်းမှာ သူမကိုယ်သူ မြှုပ်နှံလိုစိတ်ရှိသူလည်းဖြစ်သည်။ ယခုအချိန်က ကြက်သွန်ဖြူစားရန် အချိန်ကောင်းဖြစ်သည်။မှန်ပေသည်၊ ဤကြက်သွန်ဖြူက ကြက်သွန်ဖြူအမွှာများကို ရည်ညွှန်းသည်မဟုတ်ဘဲ အစိမ်းရောင်ကြက်သွန်ဖြူအမြိတ်ကို ရည်ညွှန်းခြင်းဖြစ်သည်။


ကျောက်လျူက ကြက်သွန်ဖြူအချို့ကို နှုတ်ကာ အမြစ်ဖြတ်ပြီး ငါးဆားနယ်ထားနှင့် ပေါင်းလိုက်သည်။ ကြက်သွန်ဖြူအရွက်များကို အတုံးသေးသေးလေးများလှီးကာ ကြက်သွန်ဖြူအရွက်နှင့်တိုဟူးတစ်ပန်းကန်ပြုလုပ်ခဲ့သည်။ ထို့အပြင် သူမက ပင်လယ်ရေမှော်ကိုလည်း အအေးဆော့နှင့် ရောစပ်ထားကာ ဂေါ်ဖီထုပ်ကြော် တစ်ပန်းကန်အပြင်. . .


"ဒါဘာလဲ"


ကျန်းကျန့် စားပွဲပေါ်ရှိ ဟင်းလျာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ယင်းက တောရိုင်းဟင်းသီးဟင်းရွက်ကြော်တစ်ပန်းကန်​ဖြစ်သော်လည်း အခြားအရာတစ်ခု ရှိနေပုံရသည်။


"ငါ ခရုတချို့ကိုရွေးပြီး အခွံတွေကို ချွတ်ပြီးတောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့ ကြော်ခဲ့တာ"


ကျောက်လျူက ပြောသည်။ ခရုတွေ အများကြီးရှိနေသဖြင့် တချို့ကိုချက်ကာ တစ်ခုပြီးတစ်ခု ခရုအသားတွေကို အပ်နှင့် ခြစ်ထုတ်ခဲ့သည်။သူမ ဘဲပေါက်လေးများအား ခရုအမြီးများကို ကျွေးမွေးသော်လည်း ခရုခေါင်းများကိုစုပေါင်းပြီး ဟင်းချက်ခဲ့သည်။ယင်းက သူတို့ဟင်းပွဲများထဲကို အသားအချို့ထည့်သည်ဟု ယူဆနိုင်သည်။


ကျန်းကျန့် သူ့ရဲဘော်ရဲဘက်များနှင့်အတူ ညစာအဖြစ် ခရုကို စားဖူးသော်လည်း အားလုံးက ခရုအမြီးကို ဖြတ်ကာ အသားကို စုပ်ကြသည်။ယခုလိုမျိုး ချက်ထားသည့် ခရုခေါင်းတွေကို တစ်ခါမှ မစားဖူးပေ။ဤသည်က သေချာပေါက် အချိန်ကုန်သည့် လုပ်ငန်းတစ်ခုပါပင်။


“ခရုတွေက အတော်လေးသေးတယ်...လယ်ခရုတွေရှိရင် အသားပိုရှိမှာ”


ကျောက်လျူက မြစ်ထဲက ခရုတွေက လက်သည်းအရွယ်သာ ရှိပေမဲ့ စပါးခင်းက ခရုတွေက ကြက်ဥလောက် ကြီးနိုင်ပြီး အသားတွေ ပိုပါသည်ဟုလည်း ဆို၏။


ကျန်းကျန့် ဤတစ်နပ်ကို အထူးကျေနပ်သည်။ ရှေးခေတ်ကို ကူးပြောင်းပြီးနောက် ယေဘုယျအားဖြင့် ကောင်းကောင်းစားခဲ့ရသည်။သို့ပေမဲ့ သည်မတိုင်ခင်အထိ အရသာရှိသည့် အစားအစာကို မစားရသေးပါချေ။ကျောက်အိမ်မှာ ထမင်းလာစားရန် ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်း သူချက်ချင်းခံစားလိုက်ရသည်။ အနာဂတ်တွင် သူငွေများများရှာနိုင်သောအခါ ကျောက်လျူအတွက် ဟင်းခတ်အမွှေးအကြိုင်များ များများဝယ်ရမည်။


ညစာစားပြီးချိန်မှာ လုံးဝမှောင်နေပြီဖြစ်သဖြင့် ကျောက်မိသားစုက ဆီမီးခွက်လေးကို ထွန်းညှိလိုက်၏။သို့တိုင် သူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဆဲဖြစ်ပြီး စကားပြောရန် ခက်ခဲလာသော​ကြောင့် ကျန်းကျန့် မကြာခင်မှာ နှုတ်ဆက်စကား ပြောခဲ့၏။


ထိုညတွင် ကျန်းကျန့် ကျောက်ကျင်းကော၏အခန်းထဲသို့ တစ်ဖန်ပြန်ဝင်လာခဲ့သည်။


“ကုတင်ကပျဥ်ခင်းက မပြောင်းသေးဘူးလား”

ကျန်းကျန့်က ကုတင်ကို ထိပြီး မေးသည်။


ကျောက်ကျင်းကော အံ့အားသင့်သွားပြီး အနည်းငယ် ရှက်သွားမိသည်။


"ကျွန်တော်မေ့သွားတယ်..."


"မပြောင်းချင်ရင် မပြောင်းပါနဲ့... ရက်နည်းနည်းကြာရင် သစ်သားရမှာ...အဲအခါမှ ပိုခိုင်တဲ့ ကုတင်တစ်ခု လုပ်မယ်...မဟုတ်ရင် အတော်လေး အဆင်မပြေဖြစ်လိမ့်မယ်”


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ကျင်းကောက ဤကိစ္စကို လုံးဝသတိမထားမိပေ။ သို့သော် ကျန်းကျန့်၏စကားကိုကြားပြီးနောက် ချက်ချင်းပင် ရှက်သွားသည်။ နောက်နေ့ အလုပ်ကပြန်လာသောအခါ ကုတင်က ကျိုးနေသည့် ပျဥ်ခင်းကို ဖြုတ်ပြီး ကျန်သည့် ပျဉ်တွေကို ပြန်စစ်လိုက်သည်။


"ကုတင်ကပျဥ်ခင်းက ဒီလောက် ကောင်းတာ...ဘာလို ဒိလိုရုတ်​တရက်​ကြီး ကျိုးသွားတာလဲ... ပိုးတွေဘာတွေလည်း မရှိပါဘူး”

ကျောက်လျူက ကုတင်ပျဥ်ခင်းကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။


ကျောက်ကျင်းကောက ခေါင်း အောက်ကိုငုံ့ကာ ကိုးရိုးကားယားဆိုလိုက်၏။


"ကျွန်တော် မတော်တဆ အင်အားအလွန်အကျွံသုံးမိသွားလို့ ”


"ဟုတ်ပါတယ်လေ... ဒီပျဥ်က သုံးခဲ့တာလည်းအတော်ကြာပြီကိုး"


ကျောက်လျူ ပြောသည်။

"စကားမစပ် ကျင်းကော... မင်းအဖေနဲ့ ငါက ညစာစားပြီးပြီ...ကျန်းကျန့် ပြန်လာရင် နှစ်ယောက်အတူတူ ကောင်းကောင်းစားလို့တယ်... မင်း ငါတို့ကို စောင့်စရာ မလိုဘူး...ငါတို့အတွက် စားစရာ ချန်ထားစရာလည်းမလိုဘူး"


"အမေက ဘာလုပ်မလို့လဲ"

ကျောက်ကျင်းကောက မေးသည်။


ကျောက်လျူက ဝမ်းသာအားရဆို၏။


"မင်းတို့အိမ်ထောင်ပြုဖို့ သင့်တော်တဲ့နေ့ကို တောင်းဖို့ ဘေးရွာကမျက်မမြင်ဆီ သွားကြမှာ"


ရာသီခွင်၏ မင်္ဂလာရှိသောနေ့အတွက် ရက်စွဲကို ရွေးချယ်သောအခါ သူတို့သည် ဤရက်များကို ရေတွက်နိုင်သော ပုဂ္ဂိုလ်အား မေးမြန်းရမည်ဖြစ်ပြီး ယေဘုယျအားဖြင့် ၎င်းတို့သည် မျက်စိကွယ်သူများဖြစ်သည်။ဆရာက မျက်ကန်းဖြစ်သောအခါ ဆည်းပူးသော တပည့်တို့သည်လည်း မျက်စိကန်းသူများဖြစ်၏။ တကယ်တမ်းတွင် ဤနည်းလမ်းဟာ မျက်မမြင်တွေအတွက် အသက်ရှင်နေထိုင်ရန်နည်းလမ်းတစ်ခုလည်း ဖြစ်သည်။


"အင်း"

ကျောက်ကျင်းကောက ဖြေသည်။


“ဒီည ငါတို့ ပြန်မလာနိုင်ဘူး... မင်းအဖေက ဟိုမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုတော့ ငါတို့အဲဒီမှာ တစ်ညလောက်နေနိုင်တယ်"


ကျောက်လျူက ထပ်ပြောလိုက်၏။ ရာသီခွင်၏ မင်္ဂလာရှိသောနေ့အတွက် မျက်မမြင်အား တောင်းဆိုခြင်းအပြင် သူမနှင့်ကျောက်ဖူကွေ့တို့က စောင်နှစ်ထည်နှင့် ပရိဘောဂများစွာကို မှာယူရန် ထိုနေရာသို့ သွားကြမှာဖြစ်သည်။


ကျောက်ဖူကွေ့၏ သူငယ်ချင်းက လက်သမားဖြစ်ပြီး အချိန်အကြာကြီး ကြန့်ကြာနေပါက ပြန်မလာတော့ဘဲ သူ့အိမ်တွင် တစ်ညတာ အနားယူနိုင်သည်။


ကျောက်ကျင်းကောက ပြန်တုန့်ပြန်ပြီးနောက် ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့ အတူတူ ထွက်သွားကြသည်။



သူတို့သွားခဲ့သည့် ရွာကလူတွေက ဟယ့်ရှီအကြောင်း သိပ်မသိကြပေ။အများစုက အကြီးဆုံးကျန်းအကြောင်း ကောလာဟလအနည်းငယ်ကို သူတို့ကြားဖူးကြ သည်။ ထို့ကြောင့် ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့က နေ့ကောင်းရက်သား တောင်းသောအခါ၊ မျက်မမြင်အမျိုးသားသည် အလွန်တည်ငြိမ်နေပြီး ၎င်းတို့ကို ရက်ချိန်းသုံးခုပေးခဲ့သည်။ ယေဘုယျအားဖြင့် လူတွေက လက်ထပ်မည့်ရက်ကို လာမေးကြသည့်အခါ လပေါင်းများစွာကြာသည့် နေ့ကောင်းနေ့မြတ်ကို ရွေးကြပေမဲ့ ကျောက်မိသားစုက မြန်လေကောင်းလေဟု အလေးပေးထားပြီးဖြစ်သဖြင့် မျက်မမြင်အမျိုးသားက သူတို့နှစ်ယောက်ကို ရက်ချိန်းသုံးခုပေးခဲ့ပြီး တစ်ခုက ဆယ့်နှစ်ရက် ရက်ကြာပြီးနောက်၊ ဒုတိယတစ်ခုက တစ်လကြာပြီးနောက်၊ နောက်ဆုံးတစ်ခုက နှစ်လအကြာတွင်ဖြစ်သည်။