အပိုင်း၅၄
Viewers 21k

Chapter 54

Chapter 54

တစ်စုံတစ်ယောက်က ပြတင်းပေါက်ကနေကျော်ဝင်လာ



ကျောက်လျူက ဤရက်စွဲသုံးခုကို ရေးမှတ်ထားသော်လည်း ဆယ့်နှစ်ရက်မြာက်နေ့မှာ ကျောက်ကျင်းကော နှင့် ကျန်းကျန့်ကို လက်ထပ်ပေးရန် စိတ်ကူးထားပြီးဖြစ်သည်။ အမြန်ဆုံးလက်ထပ်သည်က ပိုကောင်း၏။ကျန်းကျန့် ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ...


ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့ ရက်ချိန်း တောင်းဆိုခြင်းမှာ အလွန်ချောမွေ့ခဲ့ပြီး စောင်နှစ်ထည်ကို မှာယူခြင်းမှာလည်း ချောမွေ့သွားသော်ငြား နောက်ဆုံးတွင် ပရိဘောဂအချို့ကို မှာယူရန်အချိန်တန်သောအခါတွင် ပြဿနာအနည်းငယ်နှင့် ကြုံတွေ့ခဲ့ရသည်။ မှောင်နေပြီဖြစ်၍ မြွေများကင်းများနှင့်တွေ့နိုင်သောကြောင့် ညဘက်တွင် လမ်းလျှောက်ရန် ခက်ခဲသည်။ သို့သော်လည်း ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ ပြန်သွားခဲ့ကြသည်။


"အဲ့ဒီသူငယ်ချင်းက ဘာဖြစ်သွားတာလဲ... သူက ကျွန်မတို့ကို အရမ်းဆင်းရဲတယ်လို့ ထင်နေတာလား...မထင်မှတ်ပဲ သူက စကားနည်းနည်းလေးတောင် မပြောဘဲ ကျွန်မတို့ကို နှင်ထုတ်ခဲ့တယ် ”


ကျောက်လျူက ကျောက်ဖူကွေ့ ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


သူမနှင့် ကျောက်ကျင်းကောတို့သည် ကျန်းကျန့်အပေါ်မတရားပြု၍မဖြစ်ဟု ခံစားရသောကြောင့် ပရိဘောဂ နှစ်မျိုးလုပ်ရန် သူငယ်ချင်းများကို ရှာဖွေခဲ့ကြသည်။ သူတို့ အိမ်တံခါးကနေ ဝင်ပြီးသည်နှင့် သူတို့၏ကျင်းကော လက်ထပ်တော့မည်ဟု ပြောခဲ့ကြ၏။ကျောက်ဖူကွေ့သူငယ်ချင်း၏ဇနီးက သူတို့အား နှင်ထုတ်ရန် မစောင့်နိုင်တော့သလို ကျောက်ဖူကွေ့၏သူငယ်ချင်းကလည်း ၎င်းတို့ကို မတားခဲ့ပေ။ကျောက်လျူ အလွန်စိတ်ဓာတ်ကျသွားသည်။ကျောက်ဖူကွေ့လည်း နှုတ်ဆိတ်နေခဲ့သည်။


“သူတို့ဆီက ကျွန်မတို့ ငွေချေးမှာကို ကြောက်နေတာတော့မဟုတ်ဘူးမလား... အဲဒါကို ကျွန်မတို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး...ကျွန်မတို့ကလယ်မြေကို ရောင်းစားခဲ့ရတာ ကြာပြီ ဆိုပေမဲ့ သူတို့ကို တစ်ခါမှ မနှောင့်ယှက်ခဲ့ပါဘူးရှင်..."


ကျောက်လျူက ထပ်ပြောလိုက်သည်။


သူမနှင့်ကျောက်ဖူကွေ့က သူများတွေကို ဒုက္ခမပေးချင်ပေ။အမှန်တွင် သူတို့ အစတုန်းက ငွေချေးနိုင်ပေမဲ့ နောက်ပိုင်းမှာ မြေကိုရောင်းစားပြီးနောက် ဆွေမျိုးမဟုတ်သည့်လူတွေဆီက အကြောင်းပြချက်မရှိဘဲ ပိုက်ဆံချေးသည်က မကောင်းဘူးဟု ခံစားလာရသည်။


နှစ်အတော်ကြာသည့်တိုင် သူတို့ သူများကို ဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ပေ။ဤတစ်ခေါက်တွင် သူတို့ ပရိဘောဂအသစ်အတွက် ပိုက်ဆံတွေ လည်း ယူသွားခဲ့ပေမဲ့ မထင်မှတ်ပဲ မောင်း အထုတ်ခံခဲ့ရသည်။ကျောက်ဖူကွေ့လည်း စိတ်ဆိုးသွားသည်။သူ့သူငယ်ချင်းက သူနှင့် သွေးဝေးမိသားစုလို ဆက်ဆံရေးရှိ၏။ ငယ်ငယ်တုန်းက နှစ်ယောက်ကြား ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် အများကြီးကူညီခဲ့ကြပေမဲ့ ယခု ထိုလူက ခေါင်းကိုလှည့်ပြီး မျက်နှာသာမပေးတော့ပေ။ကျောက်ဖူကွေ့က စကားပြော သိပ်မတတ်သဖြင့် နှုတ်ဆိတ်၍သာနေခဲ့သည်။


“မနက်ဖြန် လက်သမားနောက်တစ်ယောက် ထပ်ရှာရမယ်...ကျင်းကောရဲ့ အခန်းထဲက ကုတင်ပျဥ်ခင်းက သူဂရုမစိုက်လုပ်မိလို့ ကျိုးသွားတယ်...ကျန်တာအားလုံး စောင့်နိုင်ပေမဲ့ ကုတင်ကို အမြန်ဝယ်ထားရမယ်” ​​

ကျောက်လျူကပြောလိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်၏။သူမက အဝေးကို လှမ်းကြည့်ကာဆိုသည်။ "ဖူကွေ့...ကျင်းကောရဲ့အခန်းထဲမှာဘာလို့အလင်းရောင်ရှိနေတာလဲ"


ကျောက်ဖူကွေ့ အဝေးမှ လှမ်းကြည့်လိုက်ရာ သူ့သား၏ အခန်းထဲတွင် အလင်းရောင် ရှိနေသည်ကို တွေ့လိုက်ရပြီး ပြတင်းပေါက်သည် ပွင့်နေဆဲပင်။


"ဒီကလေးက ဆီမီးကိုသုံးရမှာကို မကြောက်ဘူးတော်"

ကျောက်လျူ ခေါင်းကိုက်လာသလိုခံစားရပြီး ပြောလိုက်သည်။


ကျောက်ဖူကွေ့က တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယောင်ဝါးဝါး သိလိုက်သည်။ သူ့မိသားစု၏ကျင်းကော သည် ညဘက်တွင် မီးဖွင့်ထားသူများထဲမှ တစ်ယောက်မဟုတ်ပေ။ကျောက်လျူကို ဆွဲထားလိုက်ပြီး ဆက်မသွားတော့ဘဲနေလိုက်သည်။ သူတစ်စုံတစ်ခုကို တွေးတောနေချိန်မှာ ရုတ်တရက်ပြတင်းပေါက်မှ ပုံရိပ်တစ်ခု ခုန်တက်သွားပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။


ဒါ . . . ဒါ. . . ကျောက်ဖူကွေ့ အံ့သြထိတ်လန့်သွားသည်။ ကျောက်လျူလည်း လန့်သွားသည်။ တစ်ယောက်ယောက်က ကျင်းကောရဲ့အခန်းထဲကို ဘယ်လိုလုပ် ဝင်သွားရတာလဲ...


"အသာလေး လမ်းလျှောက်ရအောင်" ကျောက်ဖူကွေ့ ၏ မျက်နှာက မည်းမှောင်နေသည်။ ပြတင်းပေါက်မှ ခုန်ဝင်သွားသည့်သူကို သူသေချာလုနီးပါး သိနေပြီး၊ ၎င်းသည် သူ့ကို အထူး စိတ်မသက်မသာ ဖြစ်စေသည်။သူတို့က လက်မထပ်ရသေးဘူးးးးလေ...


....

ကျန်းကျန့် ထိုနေ့တွင် ပြုလုပ်ခဲ့သည်များက ယခင်နေ့နှင့် အတူတူပင်။ မနက်စောစောမှာ ဝမ်ဟိုင်ရှန်းနှင့် ငါးမျှားသွားခဲ့သည်။ ငါးဖမ်းပြီးနောက် ဝမ်ဟိုင်ရှန်းနှင့်အတူ စီရင်စုမြို့သို့သွားကာ လက်ကျန်ပင်လယ်စာရောင်းရင်း ငါးအရှင်များကို ရောင်းချခဲ့သည်။


ထိုနေ့တွင် သူတို့ နောက်ထပ် ငွေနှစ်စဖို့း ရောင်းခဲ့ကြသည်။ ငါးနှင့် ပင်လယ်စာများ အားလုံးနီးပါးကို ရောင်းချခဲ့ကြပြီး စိုးရိမ်စရာဖြစ်ခဲ့သည်။ ကုန်ပစ္စည်းတွေ အကုန်ရောင်းပြီးလျှင်​ သူ့မှာ အရင်းအနှီး ငွေသုံးဆယ်နှစ်စနီးပါးရှိနေပြီဖြစ်သည်။သူ့လက်ထပ်ပြီးသည်အထိ တခြားစီးပွားရေးတွေ လုပ်နိုင်သေးလားဆိုသည်ကို သိရန်အတွက် ပင်လယ်ကို မသွားခင် စောင့်ဆိုင်းရန် စဉ်းစားခဲ့သည်။


ညနေစောင်းတွင် ကျောက်မိသားစု၏အိမ်သို့ ပြန်ရောက်သောအခါ ကျန်းကျန့် သူ၏အစီအစဉ်အကြောင်း ကျောက်ကျင်းကောအား ပြောပြခဲ့ပြီး ပရောပရည်လည်းလုပ်ခဲ့သည်။ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့ ပြန်လာနိုင်သောကြောင့် ကျန်းကျန့် ညစာစားပြီးနောက် သူ၏နေအိမ်သို့ ပြန်သွားခဲ့သည်။ကျောက်ဖူကွေနှင့် သူ့မိန်းမ ပြန်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးခင်မှာပဲတစ်နာရီလောက်စောင့်ပြီးနောက် ကျောက်မိသားစု၏အိမ်ကို ပြန်သွားခဲ့သည်။


ယနေ့မှာတော့ ကျောက်ဖူကွေ့တို့လင်မယားက အိမ်မှာမရှိခဲ့ပါချေ။အရင်က သူတို့ ဆုံသည့်အခါ စကားမပြောဝံ့ခဲ့ကြပေ။နောက်ဆုံးမှာ သူတို့ဘေးချင်းကပ်ပြီး စကားတွေအများကြီးပြောကြသည်။သူတို့စကားပြောနေစဉ် ကျန်းကျန့်က တစ်စုံတစ်ခုကို ပြောပြ လိုက်သည်။ ပင်လယ်ကမ်းစပ်မှာ ဝမ်ဟိုင်ရှန်းနှင့် ဂုံးသွားကောက်သည့်အခါ လမ်းမှာ လှပသောအခွံတွေကို ကောက်ယူခဲ့ပေမဲ့ မေ့သွားပြီး ၎င်းတို့ကို ကျောက်ကျင်းကောဆီ အခုထိ မပို့ရသေးပါချေ။


ကျောက်ကျင်းကောက ယခင်က ပင်လယ်ခရုခွံများကို မမြင်ဖူးခဲ့သဖြင့် ၎င်းတို့ကို အလွန်စိတ်ဝင်စားခဲ့သည်။ ကျန်းကျန့် ကုတင်ပေါ်မှ ချက်ချင်းထကာ ၎င်းတို့ကို အိမ်ပြန်သွားယူခဲ့သည်။ ကျောက်ဖူကွေ့ နှင့် ကျောက်လျူက ကျန်းကျန့် နှင့် ကျောက်ကျင်းကော တို့၏ ဆက်ဆံရေးကို အသိအမှတ်ပြုခဲ့သော်လည်း ကျန်းကျန့်အနေဖြင့် နေ့ခင်းဘက်တွင် ကျောက်ကျင်းကောအား လက်ဆောင်များ ပေးခြင်း သို့မဟုတ် ကြင်နာယုယစွာ ပြောဆိုခြင်းမပြုနိုင်သေးသောကြောင့် ညဘက်တွင် အချို့အရာများကို ပေးသည်က ပိုကောင်းသည်။


ကျောက်ကျင်းကောက ဒုက္ခများသည်ဟု​ထင်ခဲ့ပေမဲ့ ကျန်းကျန့်က ထိုသို့ လုံးဝမထင်သောကြောင့် ကျောက်ကျင်းကောက မီးထွန်းပြီး သူ့အခန်းထဲမှာ သူ့ကို စောင့်ဆိုင်းနေချိန်မှာ ခရုခွံတွေယူရန် ထွက်လာခဲ့၏။


ညသန်းခေါင်မှာ ရွာမှာ ဘယ်သူမှ မရှိသည့်အတွက် သူတို့ကိုလူမြင်လိမ့်မည်ဟု မထင်ထားခဲ့ပေမဲ့. . .


ကျောက်ဖူကွေ့က ကျောက်လျူ၏လက်ကို အမှောင်ထဲတွင် ဆုပ်ကိုင်လိုက်ပြီး အနည်းငယ် ဒေါသထွက်သွားသည်။ကျောက်ကျင်းကောကို ကျန်းကျန့် နှင့် မကြာမီ လက်ထပ်ရန် သူမျှော်လင့်ခဲ့သည်။ကျန်းကျန့်ကို သူအင်မတန်စိတ်ကျေနပ်နေပေငြား ကျန်းကျန့်က သူ့ကလေး၏ ပြတင်းပေါက်ကနေ ခုန်ဝင်သွားသည်ကို မြင်ရသောအခါ သူ စိတ်ဆိုးနေဆဲပါပင်။


ဒီကျန်းကျန့်က မမျှော်လင့်ဘဲ... သူ နောက်ထပ် ရက်အနည်းငယ်လောက်တောင် စောင့်မနေနိုင်ဘူးလား...


ထိုအချိန်တွင် ကျောက်လျူက အသိပြန်ဝင်နေပြီဖြစ်ပြီး ဒေါသထွက်လာသည်။ သူမရဲ့ကျင်းကော ကျန်းကျန့်နဲ့ လက်မထပ်သေးဘူးလေ...ကျန်းကျန့်က ဒါကို ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ...


သူတို့အိမ်ဆီသို့ လျှောက်လာရင်း ကျောက်လျူ၏ အတွေးများသည် ပိုပို၍ ရှုပ်ယှက်ခတ်လာသည်။ တစ်ညတွင် သူမ အိပ်မပျော်နိုင်ဖြစ်ကာ ရုတ်တရက် ကျန်းကျန့် သူမအိမ်နားတွင် ယောင်လည်လည်လုပ်နေသည်ကို တွေ့လိုက်ရသည်. . . ထိုအချိန်တုန်းက ကျန်းကျန့် သူမ၏ မိသားစုထံမှ ပစ္စည်းများကို ခိုးယူချင်နေသည်ဟု သူမထင်ခဲ့သည်။ ယခုမူ ဤသို့ဖြစ်ပုံရသည်. . . ကျန်းကျန့် ပစ္စည်းတွေကို ခိုးရန်မဟုတ်ဘဲ လူတွေကို ပြန်ပေးဆွဲရန် လာခဲ့ခြင်းပင်။ထိုအချိန်က ကျင်းကော သူ့ဘက်ကနေ အမြဲကာပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ကျောက်လျူ ထိုအကြောင်းကို ပိုတွေးလေလေ သူမ စိတ်ဓာတ်ကျလေလေဖြစ်သည်။ ထို့နောက် သူမ နောက်တစ်ခု သတိရလာသည်. . . ယနေ့ ကျင်းကောက ကျိုးနေသည့် ကုတင်ပျဥ်ခင်းကို သူ့အခန်းထဲက ထုတ်ယူလာပြီး မနေ့ကညကလည်း ကျင်းကောအခန်းထဲမှာ လှုပ်ရှားသံများ ရှိနေခဲ့သေးသည်. . .


ကျင်းကော၏ အိပ်စက်ပုံက အမြဲတမ်း ကောင်းမွန်သည်။ ကုတင်ပျဥ်ခင်းကို သူ မည်သို့ ချိုးနိုင်မည်နည်း။ဒီတော့ . . . သူတို့မိသားစု၏ကောသည် မမျှော်လင့်ဘဲ တစ်စုံတစ်ဦးနှင့် ပရောပရီလုပ်ခဲ့သည်. . . ကျောက်လျူ၏ စိတ်အခြေအနေက အလွန်ရှုပ်ထွေးနေခဲ့သည်။ကျန်းကျန့် ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ...ကလေးတွေဘာတွေရှိသွားရင် ဘယ်လိုလုပ်မလဲ...သူမရဲ့ကျင်းကော ရွာသူရွာသားတွေရဲ့တံတွေးပင်လယ်ထဲမှာ နစ်သေလိမ့်မယ်...


သို့သော်၊ သူမ၏ မိသားစုတွင် ညဘက် သန်းခေါင်ယံမှာ သူမတို့ကောအတွက် ပြတင်းပေါက်မှ တက်လာသည့် အချို့သော လူများရှိခဲ့သည်. . . ကျောက်လျူ သည် ဘာကြောင့်မှန်းမသိ ဒေါသထွက်နေသည့်တိုင် အနည်းငယ်ပျော်နေဆဲဖြစ်သည်။


ထိုအချိန်တွင် ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့က ကျောက်ကျင်းကော၏ပြတင်းပေါက်နားသို့ရောက်ရှိနေပြီဖြစ်သည်။


"ကျင်းကော...ကိုယ့်ကိုနမ်းရင် မင်းကို ဒါပေးမယ်"

ကျန်းကျန့်က သူ့လက်ထဲမှာ ခရုခွံတစ်ခုကိုကိုင်ရင်း ကျောက်ကျင်းကော

ကို ပြောလိုက်သည်။ အမှန်တကယ်တွင် သူက အလွန်သတိရှိသူတစ်ယောက်ဖြစ်သော်လည်း ယခု ကျောက်ကျင်းကော၏ ကုတင်ပေါ်တွင် ထိုင်ကာ ကျောက်ကျင်းကော၏ခါးကို ဖက်ထားသည်။ ယခုလိုအခြေအနေမျိုးမှာ ပုံမှန်အတိုင်းသတိရှိနေလျှင် သူက တကယ်သူတော်စင်ကြီးဖြစ်ရော့မည်။မှန်ပေသည်၊သူက သူတော်စင်မဖြစ်နိုင်ပါချေ။


အဟမ်း... လောလောဆယ် သူ အတော်ကိုမာနေပြီ...


ကျောက်ကျင်းကောက သူ့မိဘများက သူ့ကိုကျန်းကျန့်နှင့် လက်ထပ်ရန် သဘောတူညီပြီးကတည်းက ကျန်းကျန့်အပေါ် အလွန်ရက်ရောခဲ့သည်။ယခု ကျန်းကျန့်က သူ့ကို နမ်းခိုင်းသည့်အတွက် သူ တကယ်နမ်းလိုက်၏။ သို့သော်လည်း ကျန်းကျန့်က အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။


“ဒီလို နမ်းလို့မရဘူး... နမ်းပြီး လျှာကို ထုတ်လိုက်"

ကျန်းကျန့်က ဆွဲဆောင်မြူဆွယ်သည့်နေရာမှာတော်သည်။


ကျောက်ကျင်းကော မလှုပ်ရှားခင်မှာ တ သူ့ပြတင်းပေါက်ကို ရုတ်တရက်အခေါက်ခံလိုက်ပြီး ကျောက်ဖူကွေ့က အပြင်ဘက်ကနေ ချောင်းဟန့်လိုက်သည်။ ကျန်းကျန့်၏ စကားကို နားထောင်ပြီး သူ့ကို နမ်းရမလား စဉ်းစားနေသော ကျောက်ကျင်းကောတစ်ယောက် အေးခဲသွားကာ ကျန်းကျန့်ပင် အနည်းငယ် ထိတ်လန့်သွားသည်။


ညနက်သန်းခေါင်မှာ သူ့ဇနီးလောင်း၏ အခန်းကို သွားခဲ့ပြီး ယောက္ခမနှင့် ယောက္ခထီးတို့ဆီကအမိခံလိုက်ရသည်. . . ဤသည်က ယောက္ခမကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ အရာတစ်ခုမှန်း သေချာ၏။


ကျန်းကျန့်တစ်ယောက် ကျောက်မိသားစုအိမ်မှ နှင်ထုတ်ခံခဲ့ရသည်။ကျောက်ဖူကွေ့နှင့်ကျောက်လျူတို့က သူ့ကို စကားတစ်ခွန်းမှ မပြောပေမဲ့ သူကံဆိုးတော့မည်ဟု ခံစားမိနေတုန်းပါပင်။ သူ့စိတ်ထင်က မှန်နေသည်။ကျန်းကျန့်ကို အပြင်ထုတ်ပြီးနောက် ကျောက်ဖူကွေ့တို့လင်မယားက ကျောက်ကျင်းကောရှေ့မှာ ထိုင်ပြီး သူ့ကို စတင်စစ်ဆေးမေးမြန်းခဲ့သည်။


"ဘယ်တုန်းက စခဲ့တာလဲ"


“ပြီးခဲ့တဲ့လက... ”

ကျောက်ကျင်းကောက ပြောသည်။


ပြီးခဲ့တဲ့လတုန်းက ကျန်းကျန့်က ပင်လယ်စာရောင်းဖို့ အပြင်ထွက်ခဲ့တယ်... မမျှော်လင့်ဘဲ သူတို့ရဲ့သားနဲ့ ကျန်းကျန့်က...


ကျောက်ဖူကွေ့ နှင့် ကျောက်လျူတို့ တိတ်ဆိတ်နေခဲ့သည်။ အရင်က ကျန်းကျန့်ကို အလွန်ကျေနပ်ခဲ့ကြပေမဲ့ ယခုကား. . .


“ဆယ့်နှစ်ရက်အကြာမှာ လက်ထပ်ဖို့က စောလွန်းတယ်...နှစ်လလောက်ကြာမှ လုပ်တာက ပိုကောင်းပါတယ်”


ကျောက်ဖူကွေ့က ပြောလိုက်သည်။


ကျောက်လျူကလည်း သဘောတူကြောင်း ခေါင်းညိတ်သည်။


“ဟုတ်တယ်...လက်ထပ်တာက သိပ်အလျင်လိုနေလို့မရဘူး...နှစ်လလောက်စောင့်တာ ပိုကောင်းပါတယ်”


နှစ်ယောက်သား စိတ်ဆုံးဖြတ်ထားကြသော်လည်း ခဏအကြာတွင် ကျောက်လျူက ဆိုလိုက်၏။


“နှစ်လက ကြာလွန်းတယ်...ကိစ္စတွေအများကြီးဖြစ်သွားနိုင်တယ်...."


"တစ်လ... တစ်လအတွင်း လက်ထပ်ကြမယ်”


ကျောက်ဖူကွေ့က ပြောသည်။ကျောက်ကျင်းကော၏ဗိုက်ကိုမကြည့်မိရန် သူ မတတ်နိုင်... ရှိနေရင်တောင် နောက်တစ်လမှာ မမြင်ရလောက်ဘူး မလား...


နောက်တစ်နေ့တွင် ကျန်းကျန့်တစ်ယောက် ရက်အနည်းငယ်အတွင်း ကျောက်ကျင်းကောကိုလက်ထပ်ရန်မျှော်လင့်ထားသည့်ကျောက်လျူထံမှ ၎င်းတို့၏အိမ်ထောင်ရေးသည် တစ်လအကြာတွင်ဖြစ်မည်ဟုကြားခဲ့ရသည်။ တစ်ချိန်တည်းမှာပဲ ကျောက်လျူက လက်မထပ်ခင်မှာ သမီးရည်စားနှစ်ယောက် မဆုံသင့်ဘူးဟုလည်း ပြောခဲ့ပြီး ၎င်းနောက်မှာ ကျန်းကျန့်ကို သူတို့အိမ်မှာ ထမင်းစားဖို့ ခွင့်မပြုတော့ဆိုသည်။ဆိုလိုသည်မှာ သူမက မွန်းတည့်အချိန်၌ ကျောက်ကျင်းကော ထံသို့ အစားအစာများ ပို့ပေးမည်ဟူ၍ဖြစ်သည်။


ညနေပိုင်းနှင့် ပတ်သက်၍မူ. . .ကျောက်လျူက ကျောက်ကျင်းကောကို တစ်ခုခု သင်ပေးချင်နေပြီး ကျောက်ကျင်းကော၏ အခန်းရှိ ဝါးတန်းလျား ပေါ်တွင် အိပ်မည်ဟု ဆိုသည်။ယခုအချိန်မှာ ရာသီဥတုက ပူနေပြီဖြစ်သည်။အဝတ်တစ်ထပ်ပဲဝတ်ထားလျှင်ပင် အေးခဲမသွားပေ။ထို့ကြောင့် ဝါးတန်းလျားပေါ်မှာ အိပ်ရသည်ပ ပြဿနာမရှိပါချေ။



ကျန်းကျန့်:"...”


ဤသည်ကို သူသိခဲ့၏။ ထိုညတွင် သူ အောင့်အီး သည်းခံခဲ့သင့်သည်။ ဆယ့်နှစ်ရက်အတွင်း လက်ထပ်နိုင်သည်ဟု ဆိုခဲ့သော်လည်း ရုတ်တရက် တစ်လဖြစ်လာကာ ထိုကြားထဲမှာလည်း ကျောက်ကျင်းကောကို မတွေ့ရပေ။ တစ်လလုံးလုံး အဲဒီနေ့အထိ သူ ဘယ်လိုလုပ်နေနိုင်မှာလဲ...


သို့သော်လည်း ကျောက်ဖူကွေ့တို့လင်မယားကိုလည်း သူ နားလည်ခဲ့သည်။ သူ့မှာ သမီးတစ်ယောက်ရှိပြီး အရူးတစ်ကောင်က သူ့သမီး၏ ပြတင်းပေါက်ကနေ ကျော်တက်လာပါက သူလည်း အလွန်ဒေါသထွက်ပြီး စိတ်မချမ်းမသာဖြစ်မှာ သေချာ၏။ သူဆို ဤမျှပင် ငြိမ်မနေဘဲ ထိုခွေးမသားကို ဖမ်းပြီး ရိုက်နှက်မိလောက်သည်။


ထိုအကြောင်းကို ပြောရလျှင် သူ၏ စိတ်ရင်းမှန်ဖြင့် တစ်အိမ်ဝင်တစ်အိမ် ထွက် လူပျိုလှည့်ခြင်းကြောင့် မဟုတ်ပါက ကျောက်ဖူကွေ့တို့လင်မယားကမည်သည့်အခါမှ ဤမျှစကားပြောဆိုမှု မရှိဘဲ နေ့တိုင်း သူ့ကို အရောင်စုံ အရသာမျိုးစုံဖြင့် အစားအသောက်များ ပေးလိမ့်မည်ဖြစ်သည်။


ကျောက်လျူ ပေးပို့သော အစားအစာအားလုံးကို စားပြီးနောက် ကျန်းကျန့် ၎င်းကို စဉ်းစားပြီး နောက်တစ်ကြိမ် အပြင်ထွက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ ယခု သူ ကျောက်ကျင်းကော၏ တို့ဟူးကို မစားနိုင်သလို သူ့ကို တွေ့ပင် မတွေ့ရတော့သော်လည်း စီးပွားရေးလုပ်ရန် အပြင်ထွက်ကာ ဝင်ငွေအနည်းငယ်ရှာ၍ရသည်။


အရင်တုန်းက သူ သိပ်ပြီး မစဉ်းစားခဲ့ပေ။သူက ခိုင်ခံ့ပြီး တာရှည်ခံချင်သောကြောင့် ကျောက်ကျင်းကောအတွက် အဝတ်ကြမ်းတချို့ ဝယ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ ထိုအကြောင်းကို ထပ်တွေးကြည့်သည်. . . သူတို့လက်ထပ်သည့်အခါ ပိုကောင်းတဲ့အဝတ်အစားမရှိပါက ကျောက်ကျင်းကောအတွက် မတရားပေ။