အပိုင်း၅၅
Viewers 24k

Chapter 55

Chapter 55

ဓားပြများနှင့်တွေ့ခြင်း




ကျန်းကျန့်က သူ့ဆုံးဖြတ်ချက်ချပြီးနောက် ချက်ချင်းလုပ်ဆောင်တတ်သူအမြဲဖြစ်ခဲ့သည်။ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက်မှာ ကျောက်ဖူကွေ့တို့လင်မယားကို ချက်ချင်းသွားတွေ့ပြီး ပင်လယ်စာတွေသွားရောင်းချင်သည်ဟု ပြောခဲ့၏။


"မင်းက လက်ထပ်ခါနီးလေ...”


ကျောက်လျူ အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ အရင်က ကျန်းကျန့် ခရီးရှည်ကြီးထွက်ခဲ့တုန်းက သူမ ဂရုမစိုက်ခဲ့ပေမဲ့ ယခု စိုးရိမ်စိတ်တွေမဖြစ်ဘဲမနေနိုင်ပါချေ။ အပြင်မှာ အလွန် အန္တရာယ်များသည်။ အရင်တုန်းက ရွာကလူတချို့က အဝေးကို ထွက်သွားပေမဲ့ ပြန်မလာကြတော့ပေ။


“တစ်လလိုပါသေးတယ်...ပြီးတော့ ကျုပ်က အနာဂတ်မှာ စီးပွားရေးလုပ်မှာ ငွေရှာမှာ... ဒီတစ်ခါ မသွားဖြစ်ရင်တောင် ရက်ပိုင်းအတွင်း အပြင်ထွက်ရမှာ”


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်လျူက ကျန်းကျန့်ကိုကြည့်ကာ ကျောက်ဖူကွေ့ နှင့်သူမက သူ့ကို ကျောက်ကျင်းကောနှင့်တွေ့ခွင့်မပြုသောကြောင့် ကျန်းကျန့် စိတ်ဆိုးမည်ကို စိုးရိမ်နေခဲ့သည်။ထို့ကြောင့် သူမပြောရန် ဆုံးဖြတ်လိုက်၏။


"ကျန်းကျန့် ဒီရက်ပိုင်း.... ”


“အရင်က ကျုပ်အမှားပါ... ကျုပ် အများကြီးပိုဆင်ခြင်သင့်တာပါ"


ကျန်းကျန့်က တောင်းပန်လိုက်သည်။ ပြတင်းပေါက်ကနေ ကျော်ဝင်သည်က မသင့်တော်ပေ။သူ့ကိုမြင်သည့်လူက ကျောက်ဖူကွေ့တို့လင်မယားမဟုတ်လျှင် ကျောက်ကျင်းကော အတင်းအဖျင်းပြောခံရမှာကို သူစိုးမိသည်။


ကျောက်လျူက ကျန်းကျန့်ကိုကြည့်ကာ "ကျင်းကောကိုသွားပြောပါ"ဟုပြောလိုက်၏။ကျန်းကျန့်နှင့် ကျောက်ကျင်းကော ပိုရင်းနှီးလာမည်ကို သူမ မတားချင်ပေမဲ့ သူတို့က လက်မထပ်ရသေးသည်မဟုတ်ပါလော. . .


ကျန်းကျန့် ကျောက်ကျင်းကောကိုသွားတွေ့ပြီး အချိန်အတိုင်းအတာတစ်ခုအထိ သူထွက်သွားမည့်အကြောင်းပြောခဲ့၏။ ထို့နောက် နောက်တစ်နေ့တွင် ဝမ်ဟိုင်ရှန်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်နောက်မှ လိုက်ခဲ့ပြီး လောလောဆယ်တွင် သူ့မှာ လစာမရှိသော်လည်း သူ့ဇနီးနှင့် သားသမီးများတွင် နေထိုင်စားသောက်ရန် အိမ်တစ်လုံးရှိသောကြောင့် သူအလွန်ကျေနပ်နေပြီဖြစ်သည်။ သူ့လှေက ကျန်းကျန့်အပိုင် ဖြစ်သွားပေမဲ့ သူ့မိသားစုဘဝက အရင်ကထက် အများကြီး ပိုကောင်းလာသည်။


ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့သည် ကုန်များဝယ်ယူရန် ပင်လယ်ကမ်းစပ်ရှိ တံငါရွာသို့ ထပ်မံသွားရောက်ခဲ့ကြသည်။ အရင်တုန်းကနှင့် တူညီသော ကုန်တွေ ဝယ်ကြပေမဲ့ ပင်လယ်ရေမှော်ကို အရင်တုန်းကလောက် မဝယ်ဖြစ်ပေ။ တစ်ချိန်တည်းမှာပင် သူနှင့် ဝမ်ဟိုင်ရှန်းတို့သည် ဂုံး ၅၀၀ ကီလိုဂရမ်ကို သွားယူရန် ပင်လယ်ကမ်းစပ်သို့ သွားကြသည်။


ဖူချောင် ကိုရောက်သည်နှင့် စားသောက်ဆိုင်ပိုင်ရှင်က သူတို့ဆီလာပြီး ဂုံး 500ကီလိုဂရမ်ကို 100ကီလိုငွေနှစ်စနှင့် ဝယ်လိုက်၏။


ဖူချောင်တွင် ပင်လယ်စာအရှင်များကို တွေ့ရခဲသည်။ကျန်းကျန့်က အရင်တစ်ခေါက်က ဂုံးများနှင့်အတူလာခဲ့ပြီး ဤအစားအစာမျိုးသည် ယောက်သွားများနှင့်ဆင်တူသော်လည်း အလွန်သေးငယ်ကြောင်း လူအများကို သိရှိစေခဲ့သည်။ အပြင်ဘက် အခွံတွေကလည်း အလွန်လှ၏။ ဤနည်းဖြင့် စားသောက်ဆိုင်တစ်ဆိုင်သည် စီးပွားရေးအခွင့်အလမ်းတစ်ခုတွေ့ရှိပြီး ဂုံးများဝယ်ယူရန် အစပြုခဲ့သည်။


ဂုံးများသည် ပထမဆုံးရောင်းထွက်ခဲ့သည်။ကျန်းကျန့် ဖူချောင်မှာ သုံးလေးရက်ကြာ လှေပေါ်ကနေ ပင်လယ်စာအချို့ရောင်းနေခဲ့ပြီ ဖူချောင်မှ ကုန်ပစ္စည်းမျိုးစုံကို လှေပေါ်တင်ရန် ဝယ်ယူခဲ့သည်။ ထို့အပြင် သူ အထည်ဆိုင်သို့သွား၍ အထည်ဝယ်ခဲ့ပြီး ကျွမ်းကျင်သော အထည်ချုပ်သမားကို တွေ့ရှိခဲ့ကာ သူ့နှင့် ကျောက်ကျင်းကော၏ ခန္ဓာကိုယ်အရွယ်အစားအလိုက် အဝတ်အစားများချုပ်ခဲ့သည်။ကျောက်ကျင်းကော၏ ခန္ဓာကိုယ်အရွယ်အစား သူဘယ်လိုသိတာလဲဆိုရန်အတွက်မူ ရက်အတော်ကြာအောင် သူက ကျောက်ကျင်းကောနှင့် အများကြီး ပွေ့ဖက်ပူးကပ်နေခဲ့သဖြင့် ကျောက်ကျင်းကော၏ ခန္ဓာကိုယ်အရွယ်အစားကို မသိလျှင် ထူးဆန်းနေပေလိမ့်မည်။


ထိုနောက် ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းတို့ မြို့မှ ထွက်ခွာခဲ့သည်။


ဖူချောင်မှာ တစ်ချို့ပစ္စည်းတွေက ပိုစျေးကြီးပေမဲ့ တခြားပစ္စည်းတွေက မြို့ငယ်လေးတွေထက် အများကြီးစျေးသက်သာသည်။ ဥပမာအားဖြင့်၊ ပဲငံပြာရည်၊ ဆီ၊ သကြားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကဲ့သို့သော ပစ္စည်းများသည် ဤမြို့၏တစ်ဖက်ခြမ်းတွင် အထူးအလုပ်ရုံများရှိသောကြောင့် အခြားစီရင်စု​မြို့များထက် များစွာစျေးသက်သာသည်။ ကျေးလက်မှာဆို ဤပစ္စည်းတွေကို လွယ်လွယ်ဝယ်၍မရပါပေ။ထိုခေတ်အခါက ကျေးလက်တွင်နေထိုင်သော လူအားလုံးသည် ဆင်းရဲကြသည်မဟုတ်ပေ၊ ရွာတိုင်းလိုလိုတွင် အိမ်ပိုင်ရှင် သို့မဟုတ် ချမ်းသာသူ တစ်ဦး နှစ်ဦးခန့်ရှိသည်။


ကျန်းကျန့် ဝမ်ဟိုင်ရှန်းကို မြစ်ကမ်းတစ်လျှောက်ရှိ ရွာများသို့ ခေါ်သွားကာ လှေပေါ်မှ ကုန်ပစ္စည်းများ ရောင်းချသည်။ သူတို့ အဓိက ရည်မှန်းထားသည့် ဖောက်သည်တွေက အနှီသူဌေးတွေနှင့်ရွာက မြေရှင်တွေဖြစ်၏။



"ဒါက ဖုချောင်ရဲ့ အကောင်းဆုံးအထည်ပါ"


“ဒီဝိုင်နဲ့ ရှာလကာရည်ကို အနံ့ခံကြည့်... ဒါဟာ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိတဲ့ ဖုချောင်က အကောင်းဆုံး အလုပ်ရုံကနေ ထွက်လာတာပါ”


“ဒီမှာ ပင်လယ်စာတွေ ရှိသေးတယ်... ဒါတွေလည်း ကြည့်လို့ရတယ်"

. . .


ကျန်းကျန့် သူ့လှေကို ကုန်စုံဆိုင်ငယ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူသယ်လာသော ကုန်ပစ္စည်းမျိုးစုံသည် ရွာအသီးသီးတွင် ရောင်းချသော ကုန်ပစ္စည်းများထက် များစွာကြီးမားသောကြောင့် သူက အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများကို ရွေးချယ်ခဲ့သည်။ နောက်ပိုင်းမှာ နှုတ်ထွက်ပြီး သူ့မွေးရပ်မြေကို ပြန်လာသည့် စီရင်စုတရားသူကြီးနှင့် တွေ့ဆုံချိန်မှာတော့ အရာရှိဟောင်းက သူ့ပစ္စည်းတွေ အများအပြားကို ဝယ်ယူခဲ့သည်။


ဤစီရင်စုတရားသူကြီးသည် ကျေးလက်တွင်နေထိုင်ပြီး ကျွန်များစွာရှိသည်။ သူ့လက်ထဲမှာ ငွေလည်းရှိနေသဖြင့် အပြင်ထွက်ဝယ်ရန်က အဆင်မပြေပေ။ယခု တစ်စုံတစ်ယောက်က သူ့အိမ်တံခါးကို ကုန်ပစ္စည်းတွေ ယူလာသည့်အခါ အနည်းငယ် ပိုဈေးကြီးလျှင်ပင် ဂရုမစိုက်တော့ပေ။


သူတို့ ဤခရီးကို ထွက်လာခဲ့သည်မှာ ဆယ်ရက်ကျော်နေပြီဖြစ်သည်။ကျန်းကျန့် အလွန်ပင်ပန်းသော်လည်း ငွေနှစ်ဆယ်နီးပါးရမည်ဟု တွေးလိုက်သောအခါတွင် လန်းဆန်းလာသည်။ အချိန်ကို တွက်ချက်ပြီးနောက် ကျန်းကျန့် ခရီးဆက်ရန် တွန့်ဆုတ်မနေတော့သလို ဝမ်ဟိုင်ရှန်းကလည်း အလွန်သဘောတူခဲ့သည်။


သူတို့သည် တံငါရွာသို့ တစ်ဖန်ပြန်သွားခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် ငါးဆားနယ်နှင့်ပင်လယ်ရေမှော်ကိုပင် လျှော့ဝယ်ခဲ့ကြသည်။ ကြေးနီတစ်ပြားကို နှစ်ကီလိုဈေးနှင့် ရွာကလူတွေကို ဂုံးကောက်ခိုင်းခဲ့၏။ နောက်ဆုံးတွင် သူတို့သည် ဂုံးကောင်ရေ ကီလိုတစ်ထောင်ကို စုဆောင်းခဲ့ပြီး ထိုနေရာတွင် ကမ်းခြေရှိ ဂုံးအရေအတွက် ရုတ်တရက် လျော့ကျသွားခဲ့သည်။


ဂုံးများကို အချိန်အတိုင်းအတာတစ်ခုအထိ သိမ်းဆည်းထားနိုင်ပြီး ၎င်းတို့၏စျေးနှုန်းမှာ အလွန်စျေးမကြီးပါချေ။ ထို့ကြောင့် ဖုချောင်သို့ ဂုံးများကို ယူဆောင်လာပြီး စားသောက်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် စစ်ဆေးပြီးနောက် ၎င်းတို့အတွက် ဝယ်သူ တစ်ဦးကို တွေ့ရှိခဲ့သည်။ နောက်ဆုံးမှာ ငွေတစ်ဆယ်နှင့် ရောင်းလိုက်၏။


မြို့ထဲမှာလည်း ပစ္စည်းတွေ အများကြီးဝယ်ခဲ့သည်။ ရောင်းရလွယ်ကူသော ပစ္စည်းများမှာ များပြားသော်လည်း လူကြိုက်နည်းသော ကုန်ပစ္စည်းအရေအတွက်မှာ နည်းပါးသည်။ထို့နောက် အရင်တစ်ခေါက် လုပ်သလိုမျိုး ကုန်ရောင်းဝယ်ရန် ရွာတွေဆီ လှေနှင့် ကူးကြသည်။


အရင်တစ်ခေါက်က အတွေ့အကြုံအရ၊ ၎င်းတို့သည် ၎င်းတို့၏ကုန်ပစ္စည်းများကို ပိုမိုမြန်ဆန်စွာရောင်းချပြီး ဝင်ငွေပိုမိုရရှိခဲ့သည်။


"ခေါင်းစည်းတွေက ဒီလောက်ရောင်းကောင်းမယ်လို့ မမျှော်လင့်ထားဘူးကွာ ကတောက်"


ဝမ်ဟိုင်ရှန်း ခေါင်းစည်းကြိုးတွေကို စဉ်ရင်း မနေနိုင်ဘဲဆိုမိသည်။


ကျန်းကျန့် လှပသော ခေါင်းစည်းကြိုးများနှင့် ရောင်စုံလက်ကျန်အထည်အချို့ကို အထည်ဆိုင်များနှင့် အပ်ချုပ်ဆိုင်များမှ ဝယ်ယူခဲ့သည်။ဤပစ္စည်းတွေက ဈေးအလွန်သက်သာပြီး မြို့ထဲမှာ လိုချင်သည့်လူနည်းပေမဲ့ ကျေးလက်မှာ အင်မတန် ရောင်းရသည်။ ခေါင်းစည်းအနီတစ်ခုက ကြေးနီတစ်ပြားဖြစ်ပြီး လက်နှစ်လုံးခန့်ကျယ်ပြီး လက်နှစ်ဖဝါးစာခန့်ရှည်သည့် အနီရောင်အထည်တစ်စကို ကြေးနီတစ်ပြားဖြစ်လေသည်။ဤသည်က အထင်ကြီးလောက်စရာ ပမာဏမဟုတ်ပေမဲ့ အမြတ်က ပင်လယ်ရေမှော် ရောင်းရသည့် အမြတ်ထက်ပင် ပိုများသည်။


“အမျိုးသမီးနဲ့ဆိုင်တဲ့စီးပွားရေးက အကောင်းဆုံးပဲ"


ကျန်းကျန့်က ပြောလိုက်သည်။

ဤရွာမှ အမျိုးသမီးအများစုသည် အဝတ်အစားအသစ်နှင့် လက်ဝတ်ရတနာအသစ်ဝယ်ရန် ပိုက်ဆံမရှိကြသော်လည်း ပန်းပွင့်များလုပ်ကာ ခေါင်းပေါ်၌ ၀တ်ဆင်ရန် အရောင်တောက်တောက် ပစ္စည်းလေးအတွက် တစ်ပြား နှစ်ပြားအထိကားတတ်နိုင်ကြသည်။


"ကျန်းကျန့်...မင်းငါ့ကို ဒီအထည်စတွေ ပေးနိုင်မလား"


ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ဆီက အထည်စရှည်ရှည်အနည်းငယ် တောင်းသည်။


"ယူလေ"

ကျန်းကျန့်က မဆိုင်းမတွ သဘောတူလိုက်၏။


ဝမ်ဟိုင်ရှန်း ချက်ချင်း အားပါးတရပြုံးလိုက်ပြီးဆိုသည်။


"ကျန်းကျန့် ...မင်း ကျောက်ကျင်းကော အတွက် နည်းနည်းလောက် ချန်ထားခဲ့ချင်လား... ဒီအထည်တွေက ဘယ်လောက်လှလိုက်လဲ"


"မလိုပါဘူး"


ကျန်းကျန့် ဝမ်ဟိုင်ရှန်း၏ အဆိုပြုချက်ကို ငြင်းဆိုရန် တွန့်ဆုတ်မနေပါချေ။ဤတစ်​ခါ သူ​ငွေပိုရလျှင် ကျောက်ကျင်းကောအတွက်​ ​ငွေ​ဆံထိုး​တစ်​ခု​လောက်​ဝယ်ရန်သုံးရသည်ကကောင်း​ပေမဲ့ ​တောက်​ပသည့်ရောင်​စုံအထည်​အစ​တွေကိုမူ ​မေ့ထားလိုက်​ပါလေ။ကျောက်ကျင်းကောက သူတို့ကို ပန်းတွေဖြစ်အောင်လုပ်ပြီး သူ့ခေါင်းပေါ်မှာ ဝတ်ထားလျှင်. . . သူစိတ်ကူးမပင်ယဉ်နိုင်ခဲ့ပါချေ။

ဤခရီးစဉ်က သူမျှော်လင့်ထားသည်ထက် အနည်းငယ်ပိုရသည်။ကျန်းကျန့် ကျောက်ကျင်းကောအတွက် လက်ဆောင်အဖြစ် ဘာဝယ်ရမလဲ စဉ်းစားနေစဉ် သူ့လှေကို ရုတ်တရက် တစ်စုံတစ်ခုက လာတိုက်သည်။


ယခုက မှောင်နေပြီဖြစ်၍ ကျန်းကျန်း နှင့် ဝမ်ဟိုင်ရှန်းတို့သည် အနားယူရန်အတွက် မြစ်ကမ်းပေါ်တွင် ၎င်းတို့၏လှေကို လွန်းတင်ထားကြသည်။ ယခုလို တိုက်မိတသည့်အခါ စားပွဲပေါ်က ဆီမီးက မှောက်သွားသည်။


"ဘယ်သူလဲ"


ကျန်းကျန့် မျက်မှောင်ကြုတ်ကာ လှေပေါ်ရှိအခန်းငယ်ထဲမှထွက်လာရာ လှေငယ်နှစ်စင်းဖြင့် သူ့လှေကို ဝန်းရံထားသည်ကို သိလိုက်ရသည်။


လှေနှစ်စီးလုံးတွင် လူသုံးယောက်စီရပ်နေပြီး ရည်ရွယ်ချက်ကောင်းမရှိပုံရသည်။ကျန်းကျန့်ကိုတွေ့သောအခါ သူတို့ထဲက တစ်ယောက်ကဆိုသည်။


"ဟေ့ ...လှေပေါ်ကကောင်... မင်းရဲ့ငွေနဲ့ ပစ္စည်းတွေကို လွှဲပေးစမ်း...မဟုတ်ရင်တော့..... ”


ဒါက ... သူတို့ ဓားပြတွေနဲ့ တွေ့နေတာပဲ...


ကျန်းကျန့်အတွက် ကုန်ပစ္စည်းများဝယ်ယူကာ ရွာအသီးသီးတွင် ရောင်းချခြင်းက အမှန်တကယ် အကျိုးအမြတ်ရခဲ့သော်လည်း လူအများက ထိုသို့ပြုလုပ်ရန် ရွေးချယ်ခဲ့ခြင်း မရှိပေ။ အနည်းဆုံး ကျန်းကျန့်နှင့်အတူ ကုန်ပစ္စည်းများသွားဝယ်ယူခဲ့သည့် ဟယ်ချောင်စီရင်စုရှိ ပင်လယ်ကုန်သည်တစ်ဦးတစ်ယောက်မျှ ထိုသို့ပြုလုပ်ရန် မရွေးချယ်ခဲ့ပေ။အကြောင်းမှာ ယင်းက အလွန်ကို အန္တရာယ်များသည့်အတွက်ဖြစ်၏။


ကုန်သည်ငယ်တစ်ဦးသည် ကုန်ပစ္စည်းအချို့ကိုသယ်ယူပြီး ရင်းနှီးသောကျေးရွာများတွင်ပဲ ရောင်းချပါက အန္တရာယ်ရှိမည်မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ အားလုံးက တစ်ယောက်နှင့်တစ်ယောက် သိကြသည်။အမည်မသိနေရာများသို့ လှေအိုတစ်စီးဖြင့် ရွက်လွှင့်ခဲ့ဖူးသော ဝမ်ဟိုင်ရှန်း ကဲ့သို့သော ဆင်းရဲနွမ်းပါးသူများသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိပေ။သူလိုလူများကို ဓားပြတိုက်လျှင်ပင် ပိုက်ဆံအများကြီးရမှာမဟုတ်ပေ။သို့ပေမဲ့ ကုန်ပစ္စည်းအပြည့်နှင့် နေရာအသစ်စက်စက်ကို ရောက်လာသည့်ကျန်းကျန့်လိုမျိုး စီးပွားရေးသမားပေါက်စတစ်ယောက်အတွက်မူ. . .


ကမ္ဘာပေါ်ရှိ လူအများစုသည် ရိုးသားကြသော်လည်း လုယက်သူများနှင့်ဓားပြများ ပြတ်တောက်မှု မရှိခဲ့ဘဲ ဓားပြများသည် ကျန်းကျန့်ကဲ့သို့ ကုန်သည်ငယ်များကို လုယက်ရန် အနှစ်သက်ဆုံးဖြစ်ကြသည်။


စီးပွားရေးလုပ်ငန်းရှင်ငယ်များသည် အများအားဖြင့် လူများစွာကိုခေါ်

ဆောင်လာလေ့မရှိကြဘဲ ၎င်းတို့ကို ကိုင်တွယ်ရလွယ်ကူသည်။ထို့အပြင် သူတို့မှာ အာဏာပါဝါအများကြီး မရှိကြပါချေ။လုယက်ခံရသော်လည်း ထိုလုယက်သူများနှင့် ဓားပြများကို ဒုက္ခမပေးနိုင်ကြပေ။ အသတ်ခံရလျှင်ပင့ ကိုယ့်ကံဆိုးမှုကိုသာ အပြစ်တင်နိုင်ကြသည်. . .


ယနေ့ခေတ်တွင် အမည်မသိနေရာ၌ တစ်စုံတစ်ယောက်သေဆုံးသွားပါက သူ့မိသားစုက သူ့ကိုရှာချင်သော်လည်း မတွေ့နိုင်ပေ။ တာဝန်ရှိသူများထံ သတင်းပို့ခြင်းနှင့်ပတ်သက်၍မူ. . . အကယ်၍ သင်မသိသော တစ်စုံတစ်ယောက်သေဆုံးပါက မည်သူက တာဝန်ရှိသူများထံ အစီရင်ခံတင်ပြမည်နည်း။ တာဝန်ရှိသူများထံ တိုင်ကြားထားပါလျှင်လည်း. . . အစိုးရက အလောင်းကို စုပေါင်းသင်္ချိုင်းမှာ မြှုပ်နှံပစ်လေ့ရှိသည်။


ဒါဇင်နှင့်ချီ၍ သို့မဟုတ်ရာနှင့်၍စုနေသည့် ဓားပြအဖွဲ့ရှိပြီး ထိုလူတွေက ပြဿနာတွေအများကြီးရှာပါက အစိုးရက တစ်ယောက်ယောက်ကို သူတို့အား ဖယ်ရှားခိုင်းလိမ့်မည်။သို့ပေမဲ့ လူတချို့စုပြီး လုပ်ငန်းရှင်ငယ်တွေကို လုယက်ပါက အစိုးရက ဤကိစ္စကို လျစ်လျူရှုပြီး တစ်ယောက်ကိုမှပင် ဖမ်းရန် ကြိုးစားမှာ မဟုတ်ပါချေ။


ဤတစ်ခါ ကျန်းကျန့်ကို တားလိုက်သည့်လူများက ရေဓားပြအုပ်စုငယ်လေးဖြစ်သည်။သူတို့က လယ်လုပ်ရသည်ကို မကြိုက်သည့် ရွာနီးချုပ်စပ်က သာမန်လူတွေပဲဖြစ်ပြီး အလုပ်မလုပ်ချင်သည့်အခါ ပြဿနာရှာတော့သည်။ ပထမဦးစွာ သူတို့သည် ကြက်ခိုးခြင်း သို့မဟုတ် ခွေးကိုရိုက်ခြင်းမျိုးပြုသည်။ နောက်ပိုင်းတွင် လုပ်ငန်းရှင်ငယ်တစ်ဦးကို လုယက်ပြီးနောက် ဓားပြတိုက်ရာမှရရှိသောငွေများသည် ရွာသားများထံမှ ခိုးယူခြင်းထက် များစွာသာလွန်ကောင်းမွန်ကြောင်း သိရှိရသဖြင့် ၎င်းတို့သည် ဓားပြများအဖြစ်သို့ ရောက်ရှိသွားကြသည်။


၎င်းတို့တွင် လှေနှစ်စီးရှိပြီး ဧရိယာအတွင်း ပစ်မှတ်များကို အလှည့်ကျရှာဖွေကြသည်။၎င်းတို့က သူတို့နှင့်အတူ ကုန်ပစ္စည်းသယ်ယူလာသည့် လုပ်ငန်းရှင်များကို အထူးရွေးချယ်ခဲ့ကြသည်။ဓါးပြတိုက်ရာကနေ မချမ်းသာပေမဲ့ အသားငါးစား၊ ဝိုင်သောက်ပြီး အချိန်အများစုမှာ ပျော်ရွှင်သည့်ဘဝကို ဖြတ်သန်းနိုင်သည်။


ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ကျန်းကျန့် နှင့် ဝမ်ဟိုင်ရှန်းကို ပစ်မှတ်ထားခဲ့သည်။ သူတို့ကို မြင်မြင်ချင်း သူစိမ်းတွေဖြစ်မှန်း ၎င်းတို့သိ၏။ သူတို့မှာ ကုန်ပစ္စည်းတွေ အများကြီးရှိပြီး လက်ထဲမှာ ပိုက်ဆံတွေလည်း ရှိ၏။ဓါးပြတိုင်လျှင် ချက်ချင်း အမြတ်ထွက်နိုင်သည်။


“မင်းတို့ ငွေနဲ့ ဥစ္စာရှိသမျှကို လိမ်လိမ်မာမာနဲ့ လွှဲပေးရင် ငါတို့ မင်းတို့ကို အသက်ရှင်ခွင့်ပြုမယ်... မဟုတ်ရင်တော့...သိထားဖို့က ဒီမြစ်ထဲမှာ နစ်သွားတဲ့သူတွေ အများကြီးရှိနေပြီဆိုတာပဲ”


ရေဓားပြခေါင်းဆောင်က ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်းတို့ သူတို့၏ ပစ္စည်းအားလုံးကို လွှဲပြောင်းပေးမည်ကို စောင့်နေပြီဖြစ်သည်။သူတို့လို စီးပွားရေးလုပ်ငန်းရှင် သေးသေးလေးတွေက အခြေခံအားဖြင့် သူတို့ကို တွန်းလှန်တိုက်ခိုက်ရမှာ ကြောက်ကြသည်။ သို့သော် ကျန်းကျန့်က ခြွင်းချက်ဖြစ်သည်။


ကျန်းကျန့်သည် ရှေးခေတ်က မော်ဒန်ခေတ် ထက် အန္တရာယ်များကြောင်း အမြဲသိသော်လည်း နောက်မတွန့်ဘဲမြို့တွင်း၌သာ စီးပွားလုပ်ခြင်းမျိုးမရှိခဲ့ပေ။အကြောင်းမှာ သူက အကြောင်းတစ်ခုကိုကိုသိသောကြောင့်ဖြစ်၏။ယင်းက ယန့်ကျီမြစ်၏တောင်ဘက်ရှိ ဆားမှောင်ခိုရောင်းသူတွေ ကလွဲ၍ တခြား ဓားပြကြီးတွေ မရှိသည့်အကြောင်းဖြစ်သည်။ဤနေရာတွင် အင်အားကြီးသော မိသားစုများနှင့် အိမ်ပိုင်ရှင်ကြီးများ အများအပြားရှိကြပြီး ဓားပြများနှင့် ဓားပြအုပ်စုကြီးများကို ၎င်းတို့၏ပိုင်နက်ထဲတွင် ပေါ်လာခွင့် မပြုပေ။ ပြီးတော့ အဲဒီဓားပြလေးတွေ. . . ကျန်းကျန့်က သံမဏိဓားမကိုင်နိုင်သော ယောက်ျားများကို မကြောက်ပေ။


သူ၏လှေက သူ၏ လက်လုပ်လက်နက်များသာမက ထုံးမှုန့်ကဲ့သို့သော သေးငယ်သောအရာများကိုလည်း သယ်ဆောင်လာခဲ့သည်။ အန္တရာယ်ရှိလျှင်ပင် လွတ်မြောက်ရန် ဘာပြဿနာမှ ရှိမှာမဟုတ်ပေ။


"ကျန်း-ကျန်းကျန့်...ငါတို့ဘာလုပ်ကြမလဲ"


ဝမ်ဟိုင်ရှန်းက တုန်ယင်နေသော အသံဖြင့် မေးလေသည်။ တစ်ချိန်က သူသည် အစာရေစာ အလွန်ဆာလောင်မွတ်သိပ်နေသော ရေဓားပြများနှင့် သူ့ကို လုယက်ချင်သော ဓားပြများနှင့် တွေ့ဆုံခဲ့ဖူးသည်။ထိုစဥ်တုန်းက သူ့မှာ ပိုက်ဆံမရှိသဖြင့် သူတို့ကို ရိုးရိုးရှင်းရှင်းပဲ လှေပေါ်မှာ လိုက်ရှာခိုင်းလိုက်ရပြီး ထိုလူတွေ သူ့လှေမှာ ဘာအသုံးဝင်သည့်အရာမှ မမတွေ့ခဲ့ပေ။ယခုမူကား. . . သူတို့တွင် ကုန်ပစ္စည်းတင်မကဘဲ ငွေစနှင့် ကြေးဒင်္ဂါးများပါရှိသည်။ ကြေးပြားတစ်ခုတည်းတင် သေတ္တာနှစ်လုံး အပြည့်ပါသည်။


"တခြား ဘာလုပ်နိုင်မှာလဲ... ငွေကိုသာ မြန်မြန်ထုတ်စမ်းပါ”


ရေဓားပြက ရယ်မောရင်းဟောက်လိုက်သည်။


“သူတို့မှာ လှေကောင်းကောင်းရှိတယ်... ယူရအောင်” ဟု နောက်တစ်ယောက်က မောက်မာစွာပြောလာသည်။


ထိုညတွင် လရောင်က အလွန်တောက်ပနေ၏။ ရေပြင်က လရောင်အောက်၌ အလွန်လှပသည်။သို့ပေမဲ့ လရောင်အောက်မှာ ရယ်မောနေသည့် ဤဓားပြတွေက ကြောက်စရာကောင်း၏။ ဓားပြခေါင်းဆောင်က ကျန်းကျန့်၏ လှေကို ကြည့်ပြီး အပြုံးတစ်ခုနှင့် ပြောသည်။


"ဒီလှေက မဆိုးဘူး...ဆင်းလာခဲ့... ငါတို့ မင်းတို့ကိုရှာပြီး လွှတ်ပေးမယ်... ကျန်တာအားလုံးကို ချန်ထားခဲ့”