အ​ပိုင်း၅၈
Viewers 22k

Chapter 58

Chapter 58

:ဒေသတွင်း အနိုင့်ကျင့်မှုများ




ကျန်းကျန့်ထွက်သွားသည်မှာ ရက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း ပြန်မလာသေးပေ။ကျောက်လျူသည် ကျန်းကျန့် အပြင်ဘက်တွင်တစ်ခုခုဖြစ်မည်ကို အလွန်စိုးရိမ်နေခဲ့သည်။


"ရှောင်ရှန်း...ကျန်းကျန့် ဘယ်တော့ပြန်လာမယ်ထင်လဲ"


ကျောက်လျူ သူမရှေ့က ဘဲတွေကို အစာကူကျွေးနေသည့် စန်းရှောင်ရှန်းကို မေးလိုက်၏။


စန်းရှောင်ရှန်းက ဝမ်ဟိုင်ရှန်းနှင့် နှစ်ပေါင်းများစွာ ငါးဖမ်းခဲ့သည်။ လက်ရှိတွင် ငါးဖမ်းလှေမရှိသော်လည်း ငါးဖမ်းပိုက်နှင့် ဝါးခြင်းတောင်းဖြင့် ငါးအချို့ကို ဖမ်းနိုင်သေးသည်။ ဥပမာ၊ ယနေ့ သူသည် ငါးများပါသည့် အထူးဝါးခြင်းတောင်း နှစ်လုံးကို ပြန်ယူလာခဲ့သည်။ ဝါးခြင်းတောင်းများတွင် အပေါက်ကြီးတစ်ခုပါရှိပြီး ယင်းက ပိုပို သေးငယ်သွားနိုင်သည်။ယင်းက တီကောင်တွေ ထည့်ထားပြီး တီကောင်တွေ စားရန် ဝင်သွားသည့်ငါးတွေ ပြန်မထွက်နိုင်တော့ပေ။


ကျောက်လျူ မေးသည်ကိုကြားသောအခါ စန်းရှောင်ရှန်းက ခေတ္တရပ်ပြီး “ကျွန်တော်လည်း မသိဘူး” ဟု တိုးတိုးလေးပြောလိုက်သည်။ သူကပြောရင်း ဝါးခြင်းတောင်းထဲမှ ငါးများကို ထုတ်ယူပြီး ခုတ်ထစ်သည်။


စန်းရှောင်ရှန်းသည် ငါးထက် တောရိုင်းဟင်းသီးဟင်းရွက်များနှင့်ဆန်ပြုတ်ကို ပိုစားချင်သည်။ဤရက်ပိုင်း သူ ဘဲများကို အစာကျွေးရန်အတွက်သာ ငါးခရုများကို သွားဖမ်းခဲ့သည်။ သို့သော် ကျောက်လျူက ငါးများကို ဘဲစာကျွေးရန် မကြာခဏ တွန့်ဆုတ်နေခဲ့သည်။သူမက နေ့တိုင်း ငါးကြီးကြီး တစ်ကောင်ယူပြီး ချက်စား၏။


သူတို့မိသားစု ယခုလိုစားနေရသည်မှာ ရက်နှစ်ဆယ်ကျော်ပြီဖြစ်သည်။ငါးစားရသည်ကို ငြီးငွေ့နေသော်လည်း ကျောက်ကျင်းကော၏ ကျန်းမာရေးက အများကြီး တိုးတက်လာ၏။


ကျန်းကျန့်က သူ့ကျန်းမာရေးကို တိုးတက်စေရန်အတွက် ငါးစားရန် အမြဲခိုင်းသည် သူထင်ခဲ့သည်။ သူ့မိသားစုမှာ ငါးပြတ်လပ်မှုမရှိသဖြင့် အတတ်နိုင်ဆုံး စားရန်ကြိုးစားခဲ့ပြီး သူ့ပုံစံက အများကြီး ပိုကောင်းလာသည်။


“သူတို့ အန္တရာယ်တော့ မဖြစ်လောက်ပါဘူးနော်...ကျန်းကျန့်က အရမ်းသန်မာတာ ...ဒုက္ခရောက်ရင်တောင် သူဖြေရှင်းနိုင်မှာပါ"

​ကျောက်လျူက ဆက်ပြောခဲ့၏။


စန်းရှောင်ရှန်းက တိတ်ဆိတ်နေပြီး ခုတ်ထားသောငါးကို ဘဲများဆီသို့ ပစ်ချလိုက်သည်။ကျန်းကျန့် ဝယ်ပေးခဲ့သော ဘဲများထဲမှနှစ်ကောင်သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖျားနာသေဆုံးသွားခဲ့ပြီး ကျန်သည်များမှာ အမှန်တကယ်ကြီးထွားလာခဲ့သည်။ငယ်ငယ်လေးမဟုတ်တော့ပေ။သူတို့သည် ဘာမဆိုစားနိုင်ပြီး အလွန်တက်ကြွကြသည်။


ကျေးလက်တွင် ကြက်နှင့် ဘဲများကို မွေးမြူခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် လွတ်လပ်စွာ သွားလာခွင့်ရှိသည်။ ထိုအချိန်တွင် သူတို့ အိမ်ပြန်တတ်သော်လည်း ယေဘုယျအားဖြင့် အလွန်ငယ်သေးသော ကြက်နှင့် ဘဲများကို အပြင်သို့ လွှတ်ပေးမည်မဟုတ်ပေ။ လွှတ်လိုက်လျှင်ပင် ပျောက်မသွားအောင် သတိထားရန် လိုအပ်သည်။


ဤရက်တွေမှာ ကျောက်ဖူကွေ့က အလုပ်မသွားသောကြောင့် ကျောက်လျူက သူ့ကိုအိမ်နောက်ဘက်မှာ သစ်သားတိုင်များနှင့် ဝင်းနှစ်ခု ဆောက်ခိုင်းလိုက်သည်။သူမ ပိုကြီးသော လှောင်အိမ်ထဲတွင် ဘဲငါးကောင်ထားပြီး ကျန်းမိသားစုမှ ကျန်းကျန့် ရရှိသောကြက်မနှင့်အတူ ကြက်ပေါက်ငါးကောင်ကို ကျန်လှောင်အိမ်ထဲတွင် ထားခဲ့သည်။


ထိုကြက်မ ကောင်းကောင်းစားရပြီး ရာသီဥတုကလည်း ပြန်ကောင်းလာသည့်အတွက် နေ့တိုင်းလိုလို ဥ ဥသည်။ကျောက်လျူက ထိုဥများကို အချိန်ဇယားအလိုက် သိမ်းဆည်းခဲ့သည်။ဥဥပြီး ဆယ်ရက်ကျော်ကြာမှသာ မိသားစုစားရန် ချက်ပြုတ်နိုင်မည်ဖြစ်ပြီး လတ်ဆတ်သောဥများကို သိမ်းဆည်းကာ ကျန်းကျန့် ပြန်လာချိန်တွင် စားရန်အတွက် သိမ်းထားမည်ဖြစ်သည်။


ကျန်းကျန့် အရင်က သူ့သား​၏ အိပ်ခန်းပြတင်းပေါက်ကနေကျော် ဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် အတော်လေး စိတ်တိုခဲ့သော်လည်း အခုအချိန်မှာ တွေးမနေနိုင်တော့ပါချေ။ကျန်းကျန့်က သူမလိမ်ကြောင်းကို ရွာသားများသိစေရန် စောစောပြန်လာမည်ဟု သူမမျှော်လင့်ခဲ့သည်။


ကျန်းကျန့်က စောစောပြန်မလာပေမဲ့ ကျောက်ကျင်းကောက စောစောပြန်လာခဲ့သည်။ယခု သူက ကောင်းကောင်းစားနေသဖြင့် သူ့မှာ မကုန်မခန်းနိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထား၏။ သူသည် နေ့တိုင်း လယ်ယာလုပ်ငန်းကို မြန်မြန်ပြီးအောင် လုပ်နိုင်ပြီးနောက် စောစော အိမ်ပြန်ခဲ့သည်။


သူ့မိသားစုမှာ ပိုက်ဆံအများကြီးမရှိသလို တခြားအိမ်ဆောက်ရန်လည်း မတတ်နိုင်ပေမဲ့ သူ့ခြံဝင်းကို ဂရုတစိုက် သန့်ရှင်းရေးလုပ်ခဲ့သည်။ သူက ရွှံ့အချို့ကို အသုံးပြုပြီး သူ့နေရာကို အသစ်လိုဖြစ်အောင် အပြင်ဘက်ကနေ အားလုံးကို ဆေးသုတ်ခဲ့၏။ယနေ့ သူပြန်လာပြီးနောက် ကျောက်ကျင်းကော အတွင်းအပြင်ကို ကြည့်လိုက်သည့်အခါ ဘာမှလုပ်စရာ မတွေ့ပေ။ နောက်ဆုံးမှာ သူစဉ်းစားပြီးနောက် သူ့မြေမီးဖိုကို အပြင်ဘက် ပစ်လိုက်သည်။ သူက မီးဖိုထဲက ပြာတွေအားလုံးကို သန့်စင်ပြီး သံအိုးကို မီးဖိုထဲက ရွှေ့လိုက်ပြီး အိုးဖင်ကို တိုက်ချွတ်လိုက်သည်။


သံအိုးထဲမှာ အချိန်အကြာကြီး ချက်ပြုတ်ပြီးပါက အောက်ဘက်မှာ ပြာမှုန် အလွှာထူထူတစ်ခု အမြဲရှိနေမှာပင်။ အနာဂတ်တွင်ချက်ပြုတ်ခြင်းသည် များစွာနှေးကွေးမည်ဖြစ်သောကြောင့် ဟယ့်ရှီမှလူများသည် ခဏကြာတိုင်း မီးဖိုမှ သံအိုးကိုဖယ်ကာ အိုးအောက်ခြေမှ ပြာများကို ခြစ်ထုတ်ကြသည်။


ကျောက်ကျင်းကော အိုးဖင်ကို ဝါးတစ်ပိုင်းဖြင့် ခြစ်နေချိန်တွင် ရုတ်တရက် အဘွားအိုတစ်ဦး ကျောက်အိမ်သို့ ရောက်လာလေသည်။ကျောက်ကျင်းကော မော့ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ပေါ်လာသော အဘွားကြီးမှာ အဘွားကြီးကျန်းဖြစ်ပြီး ကျန်းကျန့်၏ မိခင်ဖြစ်သည်။


ဓလေ့ထုံးတမ်းအရ သူထ၍ ဧည့်ခံသင့်သော်လည်း ကျန်းကျန့် နှင့် အမျိုးသမီးကျန်းတို့မှာ သဘောထားကွဲလွဲနေပြီး ကျန်းကျန့်က သူ့ကို အမျိုးသမီးကျန်းကို မျက်နှာမလုပ်စေလိုသည်မှာ သေချာသည်။


"အရှက်မရှိလိုက်တဲ့ခွေးမ... ရုပ်ဆိုးပြီး မြူဆွယ်ဖြားယောင်းတတ်ဖို့ပဲသိတယ်"


ကျောက်ကျင်းကော လာနေသည်ကိုမြင်သောအခါ အဘွားကြီးကျန်းက ချက်ချင်းပြောလိုက်၏။


“နင်လို ဒီလောက် အရှက်မဲ့တဲ့ကောမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး... ငါအရင်ကပြောခဲ့တယ်...အဲဒီအကြွေးကောက်တဲ့ကောင် မြစ်ထဲပြုတ်ကျတဲ့အခါ နင်ဘာလို့ကယ်ခဲ့ရတာလဲလို့...လက်စသတ်တော့ နင်က သူ့ကိုမျက်စိကျထားပြီးသား ဖြစ်နေတာကိုး...နင်က တကယ်ရှက်စရာမရှိဘူး"


အဘွားကြီးကျန်း အချိန်အတန်ကြာ စကားများစွာပြောခဲ့ပြီး ကျောက်ကျင်းကောက မတုံ့ပြန်နိုင်ဖြစ်စေသည်။ထိုအခိုက်အတန့်မှာ အဘွားကြီးကျန်းက ဆက်ပြီး ကြိမ်းမောင်း၏။


“ဒါပေမဲ့ နင်က အရမ်းရုပ်ဆိုးတယ်... အဲဒီ ဂြိုလ်ဆိုးကောင်ကလွဲလို့ ဘယ်သူမှ နင့်ကို မလိုချင်ဘူး...လူတွေက နင့်ကို ကြည့်အောင်လုပ်ဖို့ဆို နင်ကိုယ့်ခြေထောက်တွေကိုယ် ချိုးမယ်လို့တောင် ငါထင်တယ်"


ကျန်း မိသားစုသည် ဤရက်ပိုင်းတွင် အခက်တွေ့နေပြီး အမျိုးသမီးကျန်းက ပို၍ပင် ဆိုးရွားခဲ့သည်။ အကြောင်းရင်းမှာ. . . အကြီးဆုံးကျန်း ထွက်ပြေးသွားခဲ့သည်အတွက်ပင်။ သန်မာပြီး သွက်လက်သော အလုပ်သမားမရှိသည့်အခါ ကျန်းမိသားစု၏ လယ်ယာလုပ်ငန်းသည် စုပုံလာခဲ့သည်။ သို့သော်လည်း ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့်နှစ်ဦးစလုံးသည် လယ်ကွင်းများသို့ သွားရန် ငြင်းဆိုခဲ့ကြသည်။


ကျန်းချောင်ဝမ်က အလွန်ပျင်းသောကြောင့် လယ်ကွင်းသို့သွားရန် ငြင်းဆန်ခဲ့ပြီး ကျန်းချောင်ရှန့်က. . . သူလုပ်နိုင်သည့်အရာ တစ်ခုခုရှိမရှိ စစ်ဆေးရန် စီရင်စုမြို့ကို သွားမည်ဟုပြောပြီး စောစောထွက်ပြီး နေ့တိုင်းနောက်ကျမှ ပြန်လာ၏။


ပထမတုန်းက ကျန်းချောင်ဝမ်က မကြာခဏ အလုပ်လုပ်ရန်ငြင်းဆန်ပေငြား လယ်ကွင်းထဲမှာ နေ့တစ်ဝက်လောက် အလုပ်သွားလုပ်နေသေးသည်။ယခုမူ ကျန်းချောင်ရှန့် အလုပ်မလုပ်သောအခါ သူသည် အလုပ်သွားရန် ပို၍ပင် ဝန်လေးလာသည်။ နောက်ဆုံးတွင် သားသတ်သမားကျန်း နှင့် အဘွားကြီးကျန်းတို့ လယ်ကွင်းအတွင်းရှိ အလုပ်အားလုံးကို အကုန်လုပ်ခဲ့ရသည်။သူတို့ဘာသူတို့ တကယ်မလုပ်နိုင်ခဲ့သည့်အခါ ကျန်းရှောင်မိန်ကို လယ်ကွင်းထဲခေါ်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ဤနည်းဖြင့်က အချိန်အတော်ကြာသော်လည်း အလုပ်ပြီးမြောက်နိုင်သေးပေသည် သို့သော် နောက်ဆုံးတွင် ၎င်းတို့၏အိမ်တွင် တစ်ခုခုဖြစ်ပြန်သည်။


အရင်တုန်းက အဘွားကြီးကျန်းက ကျန်းရှောင်မိန်နှင့်အတူ အမြဲ ချက်ပြုတ်သည်။ယခု သူတို့နှစ်ယောက်လုံး လယ်ကွင်းထဲမှာ အလုပ်သွားလုပ်ကြ၏။ အဘွားကြီးကျန်းက သူ့ချွေးမနှစ်ယောက်ကို ထမင်းချက်ခိုင်း၊ ဝက်စာကျွေးပြီး အိမ်ရှေ့နှင့်နောက်မှာ ဟင်းသီးဟင်းရွက်ခင်းကို ပြုစုခိုင်းသည်။ ပထမရက်အနည်းငယ်မှာ ဟွမ်မင် နှင့် ကျူးရှုဖန်တို့သည် အနည်းဆုံး အစားအစာများကို ပြင်ဆင်ကြပြီး ဝက်များကို ကျွေးခဲ့ကြသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် . .


ဟွမ်မင်က သူမလက်ထပ်မီက အလွန်ပင် လုံ့လဝီရိယရှိသော မိန်းကလေးတစ်ဦးဟု လူတွေ ဆိုကြသော်လည်း ယခုအခါတွင်. . . မှန်မမှန်ဘယ်သူမှ မသိပေမဲ့ ကျန်းချောင်ဝမ်နှင့် လက်ထပ်ပြီးကတည်းက သူမက ပိုပိုပြီး ပျင်းရိလာခဲ့သည်။ မူလက ကျန်းမိသားစုအတွက် အလုပ်လုပ်ပေးသူ အများအပြားရှိခဲ့ပြီး အိမ်တံခါးပေါက်မှ ဝင်လိုက်သည်နှင့် သူမတွင် ကိုယ်ဝန်ရှိခဲ့ကာ ကျန်းမိသားစု၏ ပထမဆုံးမြေးကို မွေးဖွားခဲ့သည်။ အဘွားကြီးကျန်း ထိုအချိန်တွင် သူမအား အလုပ်အလွန်အကျွံ ခွင့်မပြုခဲ့သဖြင့် သူမ၏ပင်ကိုယ်ဗီဇက ပေါ်လာခြင်းမရှိခဲ့ပေ။ ယခုမူ . . .


ရက်အနည်းငယ်မျှ အလုပ်လုပ်ပြီးနောက် ဟွမ်မင် ပင်ပန်းလာသည်။ကျူးရှုဖန်က ဝက်များကို မကျွေးချင်သောအခါတွင် သူမသည် အစပိုင်းတွင် ဝက်များကို ကိုယ်တိုင်ကျွေးမွေးရရန် စိတ်ထဲမရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမ ၎င်းနှင့်ပတ်သက်၍ မပျော်တော့ပေ။အဘယ်ကြောင့် သူမက ဤနံဟောင်နေသော ဝက်များကို အစာကျွေးနေရချိန်မှာ ကျူးရှုဖန်က တချို့သခင်မလေးတွေလို ပြုမူပြီး ဝက်ခြံ၏ သုံးပေအကွာမှ လမ်းလျှောက်နေရသနည်း။တစ်ချိန်တည်းမှာပင် ကျန်းယွမ်ဝမ်၏ ခန္ဓာကိုယ်က ရုတ်တရက် နေမကောင်းဖြစ်လာသဖြင့် ဟွမ်မင်က ဝက်များကို အစာမကျွေးတော့ဘဲ သူ့သားကို စောင့်ရှောက်မည်ဟု ပြောခဲ့သည်။


ကျူးရှုဖန်က မိသားစုကြီးတစ်ခုလုံးအတွက် တစ်ယောက်တည်း ချက်ပြုတ်ရပြီး ပန်းကန်များကို ဆေးကြော၊ စားပွဲကို သုတ်ကာ အပြင်ဘက်ရှိ ဟင်းရွက်ခင်းများတွင် ဟင်းသီးဟင်းရွက်များကို ရေလောင်းပေးရသည်။ အခုဟွမ်မင်က ဝက်တွေကို မကျွေးတော့သည့်အခါဤအလုပ်က သူ့ပုခုံးပေါ် ပြုတ်ကျလာသည်။


အခင်းထဲက ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာ လှီးဖြတ်ပြီး အရွက်တွေကို ခွဲထုတ်နေသည့် ကျူးရှုဖန်တစ်ယောက် ဟင်းသီးဟင်းရွက်ပိုးကောင်တွေ အရွက်တွေပေါ်မှာ တွန့်လိမ်နေသည်ကို တွေ့လိုက်ရပြီး အန်ချင်မိသွားရသည်။သူမ အလုပ်မလုပ်ချင်တော့ပေ။သူမ ဟင်းရွက်များကို လွှင့်ပစ်လိုက်ပြီး ဟွမ်မင်ကဲ့သို့ အိပ်ရန် သူမအခန်းသို့ ပြန်သွားခဲ့သည်။ဟွမ်မင်အလုပ်မလုပ်ရင် သူမလည်းမလုပ်ဘူးပဲ...


ထိုနေ့တွင် အဘွားကြီး ကျန်းနှင့် သားသတ်သမားကျန်းတို့ ပင်ပန်းလွန်းစွာဖြင့် အိမ်ပြန်လာပြီး မီးဖိုက အေးစက်နေရုံသာမက ဝက်ကိုလည်း ဘယ်သူမှ မကျွေးကြောင်း သိလိုက်ရသည်။သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်း ချက်ချင်း ဒေါသထွက်သွားကြသည်။သို့ပေမဲ့ ဟွမ်မင်က သူမသားကို ချီထားပြီး သူမသားက နေမကောင်းဘူးဟု ပြောခဲ့သည်။ကျူးရှုဖန်က ထိုနေရာတွင် တိုးညှင်းသော အသံဖြင့် ငိုရှိုက်နေကာ သူတို့ လုပ်နိုင်သည့်အရာဘာမှရှိခဲ့ပေ။


ဤချွေးမနှစ်ဦးသည် ၎င်းတို့အား ကာကွယ်ရန် ၎င်းတို့၏သားများရှိပြီး နဂိုအကြီးဆုံးကျန်းနှင့်မတူဘဲ ၎င်းတို့အား ဆူပူခြင်း၊ ရိုက်နှက်ဆုံးမခြင်း မပြုနိုင်ပေ။ကျန်းမိသားစုအတွက် နေ့ရက်ကောင်းများသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။


ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့် တို့သည် ယခင်က ဆက်ဆံရေးကောင်းများ ရှိခဲ့သော်လည်း ယခုအခါ ပိုမိုဆိုးရွားလာခဲ့သည်။ကျန်းချောင်ရှန့်က ကျန်းချောင်ဝမ်ကိုအလွန်ပျင်းရိပြီး မသိနားမလည်သူဟု ထင်ခဲ့သည်။ကျန်းချောင်ဝမ်ကကျ ကျန်းချောင်ရှန့်ကို သူဘာလုပ်လုပ် အထင်အမြင်သေး သည်ဟု ထင်ခဲ့သည်။ နောက်ဆုံးမှာ သူတို့ စကားမပြောကြတော့ပေ။ပျော်ရွှင်ခဲ့ဖူးသော ကျန်းမိသားစုသည် နေ့တိုင်း ရန်ဖြစ်နေကြပြီး ရွာရှိလူများသည် ရယ်စရာပြကွက်များစွာကို မြင်တွေ့ခဲ့ရသည်။


အမြဲတမ်း သန်မာသည့်အမျိုးသမီးဖြစ်ခဲ့ဖူးသော အဘွားကြီးကျန်းက ​​ဒေါသပိုကြီးလာပြီး ကျန်းကျန့်ကို ပိုပိုပြီး မုန်းတီးလာခဲ့၏။ကျန်းကျန့်ကို ပြဿနာရှာရန် သူမ မဝံ့သလို ပထမတွင် ကျောက်မိသားစုကို ပြဿနာရှာရန်ပင် မဝံ့ရဲခဲ့ပါချေ။သို့သော် ကျန်းကျန့် ထွက်ခွာသွားပြီး ရက်ပေါင်းနှစ်ဆယ်ကျော်ကြာပြီးနောက် သူမ၏ သတ္တိများ ကြီးထွားလာခဲ့သည်။ ထို့ကြောင့် သူမ ကျောက်မိသားစုကို သွားခဲ့​သည်။


“အဲဒီအကြွေးကောက်တဲ့ကောင်က နင့်ကို တကယ် အထင်ကြီးတယ်လို့များ ထင်နေတာလား...သူက အလကား အလုပ်သမား လိုချင်နေတာ... နင်စောင့်ဆိုင်းပြီး ကြည့်နေလိုက်"


အဘွားကြီးကျန်းက ကျောက်ကျင်းကောကို လက်ညှိုးထိုးပြီး ကျောက်ကျင်းကော၏အမှားတိုင်းကို မြည်တွန်တောက်တီးကာ သူ့ကို အဆက်မပြတ် ဆူပူကြိမ်းမောင်းခဲ့သည်။


ကျောက်ကျင်းကော ဤစကားကိုကြားသောအခါ ပိုပို၍ဒေါသထွက်လာသည်။ဤအမျိုးသမီးကျန်းက ကျန်းကျန့်က သူ့ကို မကြိုက်ဘူးဟု ပြောခဲ့ပြီး သူ့ကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။ သံအိုးကို မြေပြင်ပေါ်ပစ်ချရင်း ကျောက်ကျင်းကောက ထရပ်ပြီး အဘွားကြီးကျန်းကိုပြောလိုက်သည်။


"ကျန်းကျန့် ပြန်မလာဘူးလို့ ခင်ဗျားထင်နေတာလား...သူပြန်လာတဲ့အခါ ကျန်းကျန့်ကို ခင်ဗျားအိမ်လာလည်ပြီး ပွဲကြီးပွဲကောင်းတစ်ခုဖန်တီးစေချင်တာလား"


အဘွားကြီးကျန်းက နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် အလွန်ကြီး အရပ်မရှည်။ သူမသည် ဤရက်ပိုင်းတွင် လယ်အလုပ်ကို နေ့တိုင်းလုပ်ရသောကြောင့် ပို၍ပို၍ မဲပြီး ပိန်လှီလာသည်။ ယခု အရပ်မြင့်မြင့်နှင့်ကျောက်ကျင်းကောကို သူမ မည်သို့ ပြန်ပြောဝံ့ပါမည်နည်း။


ထိုအချိန်တွင် ဝမ်ယွီအာက အနောက်က သူ့ညီဝမ်တနျိူနှင့်အတူ ၎င်းတို့ဘက်သို့ ပြေးလာခဲ့သည်။

"အဖေ ပြန်လာပြီ...အဖေ ပြန်လာပြီ"


"ကျန်းကျန့်ရော"

ကျောက်ကျင်းကောက ကမန်းကတန်း မေးလိုက်သည်။


"ဦးလေးကျန်းလည်း ပြန်လာပြီ"

ဝမ်ယွီအာ ပျော်ရွှင်စွာ ပြုံးပြီး မျက်လုံးလေးများမှေးထား၏။


သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကျောက်ကျင်းကော မတ်တပ်ထရပ်ကာ ပြေးထွက်လာခဲ့သည်။ကျန်းကျန့် ကိုတွေ့ရန် သူ မစောင့်နိုင်တော့ပေ။ အဘွားကြီးကျန်းသည်လည်း အလျင်အမြန် ထွက်ပြေးသွားခဲ့သည်. . . ကျန်းကျန့် ထံမှ ထွက်ပြေးရန် သူမ မစောင့်နိုင်တော့ပေ။


ကျန်းကျန့်နှင့် ဝမ်ဟိုင်ရှန်း ပြန်ရောက်လာသည်ကမှန်ပေမဲ့ လှေပေါ်မှာ ပစ္စည်းတွေ အများကြီးရှိသဖြင့် အိမ်တန်းပြန်ရန် ခက်၏။ သူနှင့် ဝမ်ဟိုင်ရှန်းတို့သည် ကျောက်အိမ်အနီးရှိ မြစ်ကမ်းဘေးတွင် လှေကိုရပ်လိုက်သည်။ မြစ်ကမ်းဘေးမှာ ကစားနေသည့် ဝမ်ယွီအာက ပစ္စည်းကူသယ်ပေးရန်အတွက် ကျောက်ကျင်းကောနှင့်ကျောက်ဖူကွေ့အားခေါ်ရန် ပြန်သွားခဲ့သည်။ထို့နောက် ကုန်ပစ္စည်းမျိုးစုံကို စတင်ထုပ်ပိုးကြသည်။


ဟယ့်ရှီမှာရှိသည့် လူတွေက ကျန်းကျန့် ရသည့်ငွေကို မမြင်နိုင်ပေမဲ့ သူဝယ်ထားသည့်ပစ္စည်းတွေနှင့်မရောင်းရသေးသည့်ပစ္စည်းတွေကို မြင်နေရဆဲပါပင်။


အကြီးဆုံးကျန်း ဘယ်သွားတာလဲ...ဒီလောက်များတဲ့ ပစ္စည်းတွေကို သူဘယ်လိုလုပ်ပြန်သယ်လာရတာလဲ...သူ... ချမ်းသာလာတာလား...


ရွာသားများအားလုံး ကျန်းကျန့်ကို ထိတ်လန့်စွာကြည့်နေကြသော်လည်း မည်သူမျှ မမေးရဲကြပေ။ ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က ကယ်ပါယူပါအော်ရင်း ၎င်းတို့ဆီသို့ ပြေးလာသည်။


"ကယ်ကြပါ... ကယ်ကြပါဦး"

ခပ်လှမ်းလှမ်းတွင် ကောတစ်ယောက် ယိုင်တိုင်တိုင်ပြေးလာပြီး သူ့နောက်တွင် လူပေါင်းများစွာ ရှိနေသည်။


ကောက သေးသေးသွယ်သွယ်လေးဖြစ်ပြီး မြန်မြန်မပြေးနိုင်ပေ။မကြာမီ အသက်သုံးဆယ်ကျော်ခန့် ကြမ်းတမ်းသောအသွင်ဆောင်သော အမျိုးသားတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုလူက သူ့ကို တိုက်ရိုက် ပါးရိုက်လိုက်သည်။


"သေစမ်း... မင်းအဖေက မင်းကို ငါ့ဆီရောင်းပြီးပြီ... မင်းကပြေးချင်နေသေးတယ်"


ကောက ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး မျက်ရည်တွေကျလာသည်။ ဤကောက ရွာသားတွေအတွက် သူစိမ်းမဟုတ်သလို ကျန်းကျန့်လည်း သူ့ကို သိ၏။ တစ်ချိန်က ကျန်းကျန့်ဆီက မြွေ တောင်းခဲ့ဖူးသော ရွာရှိ အလှဆုံးကော ဟယ်ချိုးရှန့် ဖြစ်သည်။