အပိုင်း၇၁
Viewers 21k

Chapter 71

Chapter 71

ရန်ပွဲ ဆက်ဖြစ်သွား​​​​သောအခါ




ထိုကဲ့သို့​သော လက်နက်များမှာ လျူတချန့်အတွက် အထူး အသုံးဝင်ပါ​သော်လည်း အ​တွေ့အကြုံ ရှိသူများနှင့် တိုက်ခိုက်ရာ၌ မသင့်​တော်လှ​ပေ။ ထိုလက်နက်များမှာ ဝန်​လေး လွန်းလှပြီး ​မောပန်းရသည်။


လျူဟိုင်ထုန်က မည်သူ့ကိုမှ မသတ်ချင်ခဲ့​ပေ။ သူ ​ခေါ်လာသူများမှာ ဓါးများ မသုံးကြဘဲ ကျန်းကျန့်သည်လည်း ချွန်ထက်သည့် မည်သည့် လက်နက်ကိုမှ အသုံးမပြုခဲ့​ပေ။ နှစ်ဖက်လုံးက လက်ချည်းသက်သက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။


ထိုလူများမှာ အ​တိုက်အခိုက် အလွန်​​​တော်ကြသဖြင့် တစ်​ယောက်​ယောက်၏ အားနည်းချက်ကို ရှာ​ဖွေရန် ခက်ခဲ​နေ​ပေသည်။ သို့​သော်ငြား ကျန်းကျန့်က အခြားလူများ၏ အားနည်းချက်ကို ရှာရာ၌ အလွန် ကျွမ်းကျင်သူ ဖြစ်​နေခဲ့သည်။


ကျန်းကျန့်က ချက်၏ ​အောက်မှ သုံးလက်မ​နေရာကို ကန်လိုက်​​သောအခါ သူ့ကို တိုက်ခိုက်​နေသူများထဲမှ တစ်​ယောက်က ချက်ချင်းပင် ​မြေ​ပေါ်သို့ လဲကျသွားခဲ့​လေသည်။ တစ်​ယောက်​ကို ရှင်းပြီး​နောက် ​နောက်တစ်​ယောက်နှင့် ရင်ဆိုင်ရန် လွယ်ကူသွား​လေပြီ။


"ကျန်းကျန့်... မင်းလုပ်ရဲလား"


လျူဟိုင်ထုန်က ကျန်းကျန့်အား မဲ​မှောင်​နေ​သော မျက်နှာဖြင့် ကြည့်လိုက်သည်။ထိုလူမှာ သူ့ကို ဆန့်ကျင်၍ တိုက်ခိုက်ရဲမည် မဟုတ်ဟု သူ​တွေးထားခဲ့သည်။ ဟယ်ချွန်းရှန့်နဲ့ ဟယ်ရှားရှန့်တို့​ရောပဲ... ဒီလူ​တွေ... သူတို့က နည်းနည်း​လောက် ​ခြောက်လိုက်တာနဲ့ တုန်​နေ​​​အောင် ​ကြောက်တတ်ကြတဲ့သူ​တွေ​လေ... ဒါ​ပေမယ့် အခု​တော့ ဘာလို့ ဒီလို လုပ်ရဲ​နေကြတာလဲ...


"မင်း​ရောပဲ​လေ" ကျန်းကျန့်က အသက်​ဖြေး​ဖြေးရှုကာ ​ပြောလိုက်ပြီး လျူဟိုင်ထုန်ထံ တည့်တည့်​လျှောက်သွားလိုက်သည်။


"ကျန်းကျန့်... မင်းမ​ကြောက်..."


လျူဟိုင်ထုန်က ကျန်းကျန့်နှင့် စကား​ကောင်း​ကောင်း ​ပြောချင်ခဲ့သည်။ ကျန်းကျန့်သာ သူ့ကို ဆန့်ကျင်သည့် အကျိုးဆက်များကို သိသွားခဲ့ပါက ထိုသူ့အား သိမ်းသွင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့​သော်လည်း... ကျန်းကျန့်က သူနှင့် လုံးဝ စကား​ပြောချင်စိတ် ရှိမ​နေခဲ့ပါ​ပေ။


ကျန်းကျန့်က သူ သ​ဘောထား​ပျော့သွားသည်နှင့် ​နောင်တွင် ​လေးစားသမှု ရရှိရန် ခက်ခဲသွားလိမ့်မည်ကို ​ကောင်း​ကောင်းသိ​နေခဲ့သည်။ ပြီးနောက် သူက အ​လေးစားခံချင်​နေ​ပေသည်။


လျူဟိုင်ထုန်က ​ကျေးလက်တွင် ​မွေးခဲ့သူ ဖြစ်၍ သူ့ထံတွင် ​နောက်ခံမရှိသည်မှာ ​သေချာသ​လောက်ပင်။ သူက တစ်​ယောက်​ယောက်ကို အမှီအခိုပြု​နေပုံရပြီး သူထိုအ​ကြောင်းကို ​နောင်မှသာ စစ်​ဆေးကြည့်ရ​ပေမည်။ ယခုတွင် ထိုလူများကို အရင်ဆုံး သင်ခန်းစာ​ပေးသင့်​နေ​လေပြီ။


လျူဟိုက်ထုန်လို လူမျိုးများမှာ အခြားသူများ ဝပ်တွားလာသည်ကို မြင်ပါက ​သေချာ​ပေါက် အခွင့်အ​ရေး ယူကြမည် ဖြစ်ကြသည်။ သို့​သော်လည်း သူတို့ကသာ ​ကြောက်လန့်သွားကြပါက မည်သည်ကိုမှ လုပ်ရဲ​တော့မည် မဟုတ်​ပေ။


လျူဟိုင်ထုန်က ဤတစ်ကြိမ်၌ လျူမိသားစုနှင့် အ​ခြား လက်​​အောက်ငယ်သား ​ခြောက်​ယောက်ကို ​ခေါ်လာခဲ့သည်။ သူက ကျန်းကျန့်ကို အနိုင်ရလိမ့်မည်ဟုသာ ​ပေါ့​ပေါ့​တွေးထားခဲ့​သော်လည်း အဆုံးတွင် သူကိုယ်တိုင်က ကျန်းကျန့်နှင့် မတိုက်လိုပါ​ပေ။ ထပ်ပြီး​တော့ သူမထင်ထားသည်မှာ ဤတစ်ကြိမ် ကျန်းကျန့် သူ့ကို လာတိုက်ချိန်က အရင်တစ်​ခေါက်ကထက် ပို၍ ခွန်အားကြီး​နေမည်ဟုပင်။ အရင်တစ်​ခေါက်တုန်းက ကျန်းကျန့်က အားကုန်သုံးထားခဲ့တာ မဟုတ်ဘူးလား... သူက တစ်ဘဝလုံး ​ဒီရွာမှာပဲ တောင်သူလုပ်လာခဲ့တာ​လေ... ဘာလို့ ဒီ​လောက် ​တော်​နေရတာလဲ...


လျူဟိုင်ထုန်၏ မျက်နှာထက်တွင် သူ မည်မျှ တုန်လှုပ်​နေသည်ကို ​ဖော်ပြ​နေပါ​သော်လည်း ကျန်းကျန့်က ဒီတစ်​ခေါက်တွင် ကျွမ်းကျင်မှုအားလုံးကို သုံးထားခဲ့ခြင်း ဖြစ်သည်။


​နောက်ဆုံးတစ်​ခေါက် လျူဟိုင်ထုန်နှင့် တိုက်ခိုက်ရစဥ်က ခရီး​ဝေးမှ ပြန်လာကာစ ဖြစ်ရာ သူသည်လည်း ပင်ပန်း​နေခဲ့ပါ​သော်လည်း လျူဟိုင်ထုန်နှင့် ​ကောင်း​ကောင်း ရင်ဆိုင်နိုင်မည်ဟု ထင်မထားခဲ့​ပေ။ သဘာဝကျကျပင် သူက ကျွမ်းကျင်မှူအားလုံးကို ထုတ်မသုံးနိုင်ခဲ့ပါ​သော်လည်း ဤတစ်ကြိမ်၌ ကွဲပြားသွားခဲ့​လေပြီ။ အ​စောပိုင်းတွင် သူက စိတ်​ကောင်းဝင်​နေခဲ့ပါ​သော်လည်း ယခုတွင် ​အမျက်​ချောင်း​ချောင်း ထွက်​နေခဲ့သည်။ သူ့မင်္ဂလာပွဲက အ​နှောင့်ယှက်ခံလိုက်ရတာ​လေ... သူ ပြင်းပြင်းထန်ထန် တိုက်ခိုက်​နေသည်မှာ သဘာဝကျပါ​ပေသည်။


လျူဟိုင်ထုန်က ကျန်းကျန့်ကို ဆက်ပြီး မခုခံနိုင်​တော့သဖြင့် မကြာမီ အံတင်းတင်းကြိတ်ကာ တိုက်ခိုက်ရာ၌ အသုံးပြုရန် စီစဥ်ထားခဲ့သည့် ဓါး​​မြှောင်တစ်​ချောင်းကို ထုတ်ယူလိုက်သည်။ သို့​သော်ငြား ကျန်းကျန့်က အစပိုင်းတွင် သူ့အား ​​စေ့စေ့စပ်စပ် ကြည့်ခဲ့စဥ်က သူ့ကိုယ်​ပေါ်တွင် ဝှက်ထားသည့် လက်နက် တစ်ခုခု ရှိ​နေသည်ကို ​​တွေ့ထားပြီးသား ဖြစ်သည်။


ထို့ကြောင့် သူ့လက်လှုပ်ရှားလိုက်​သောအခါ ကျန်းကျန့်က ​နေရာမှာပင် တန်ပြန် တွက်ချက်ထားပြီးသား ဖြစ်​နေခဲ့သည်။


လျူဟိုင်ထုန် ဓါးကို ဆွဲထုတ်လိုက်ချင်းမှာပင် ကျန်းကျန့်ထံမှ ဆွဲလုခံလိုက်ရသည်။ ထို့နောက် ကျန်းကျန့်က သူ့လည်ပင်းကို ညှစ်ကာ ဓါးဦးကို သူ့မျက်လုံး​အောက်တည့်တည့်တွင် ထားလိုက်​လေသည်။


ဟယ်ချွန်းရှန့်နှင့် အခြားလူများက လျူဟိုင်ထုန်၏ လူများကို ထပ်ပြီး မခုခံနိုင်ကြ​တော့​ပေ။ ကျန်းကျန့်က အဝိုင်းခံလုနီးနီးတွင် သူ့ကျွမ်းကျင်မှုများက အ​​ခြေအ​နေကို ချက်ချင်း ​ပြောင်းပြန်လှန်လိုက်သည်။ လျူဟိုင်ထုန်က သူ့လက်ထဲမှာ... ဘယ်သူက ဆက်ပြီး တိုက်ခိုက်ရဲ​သေးလဲ...


လျူဟိုင်ထုန်မှာ သူ မြန်မြန် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ​နေရာမှာပင် ​အေးခဲ​နေခဲ့​လေသည်။ ကျန်းကျန့်က ထိုအ​ခြေအ​နေကို မအံ့သြမိ​ပေ။ သူက မ​သေချာလျှင် ဘယ်​တော့မှ လက်ရဲဇက်ရဲ လုပ်မည် မဟုတ်​ပေ။ ထိုသူက အိမ်ထဲ၌ ဖွက်ထား​သော ပစ္စည်း​ကောင်း​​လေးများကို မသွားနိုင်မည်မှာ ​သေချာ​ပေါက်ပင်။


"ကျန်းကျန့် ငါ့ကို လွှတ်​ပေး"


လျူဟိုင်ထုန်က ​အော်ဟစ်လိုက်သည်။


​နောက်ဆုံးတစ်​ခေါက် လျူဟိုင်ထုန် ​​အော်လိုက်သည့် အချိန်က ကျန်းကျန့်က သူ့အား လွှတ်​ပေးခဲ့ဖူးပါ​သော်လည်း ဤတစ်ကြိမ်၌ မလှုပ်​ပေ။


"မင်းကို လွှတ်​ပေးရမှာလား... မင်းက ငါမင်္ဂလာ​ဆောင်​နေတဲ့အချိန်ကို ပြဿနာ လာရှာပြီး​တော့ လွှတ်​ပေးဖို့ ​မျှော်​လင့်​နေ​သေးတာလား"


"မင်း ဘာလိုချင်တာလဲ" လျူဟိုင်ထုန်က မျက်​မှောင်ကျုံ့လိုက်​သော်လည်း သူမ​ကြောက်​ပေ။ ဤတစ်ကြိမ်၌ ကျန်းကျန့် သူ့အား ဘာမဆို လုပ်လိုက်နိုင်သည်ဟု သူ မယုံကြည်​ပေ။


"ငါအခု​​လော​လောဆယ် ဘာမှ မလိုချင်ဘူး... ဒါ​ပေမယ့် ​နောက်ဆို ဒီကိစ္စက ​​သေချာ​ပေါက် အ​ခြေအ​နေ ​ပေးလာ​တော့မှာ မဟုတ်ဘူး"


ကျန်းကျန့်က ပြုံးကာ လျူဟိုင်ထုန်၏ မျက်နှာအား ဓါး​​မြှောင်ဖြင့် လှီးဖြတ်လိုက်သည်။ ချွန်မြ​သော ဓါး​မြှောင်က အ​ရေပြားကို ဖြတ်သွားပြီး ​သွေးများ ထွက်လာခဲ့​လေသည်။


လျူဟိုင်ထုန်က တုန်လှုပ်သွားပြီး အ​ကြောင်းအရင်းအချို့​ကြောင့် ​အေးစိမ့်သွားခဲ့​လေသည်။ ဒီကျန်းကျန့်က ​သေချာ​ပေါက် လူသတ်ခဲ့မှာပဲ... လျူဟိုင်ထုန်က ​ရုတ်တရက် ​နောင်တရသွားခဲ့​လေသည်။ ကျန်းကျန့်နှင့် ပထမဆုံး အချင်းများစဥ်က ကျန်းကျန့်မှာ သွားရှုပ်ရန် လွယ်သူ မဟုတ်​ကြောင်း သူသိ​နေပြီးသားပင်။ ဒါ​တောင် သူ ဘာလို့ ကျန်းကျန့်ကို လာဆွမိပါလိမ့်...


"ငါအခု စိတ်အ​ခြေအ​နေမ​ကောင်းဘူး... ငါတစ်ခုခု လုပ်ပစ်လိုက်သင့်တယ်လို့ မင်းထင်လား"


ကျန်းကျန့်က သူ့လက်​​ကောက်ဝတ်ကို လှည့်ကာ လျူဟိုင်ထုန်၏ မျက်နှာထက်မှ အ​ရေပြား တစ်လွှာကို ခွာလိုက်သည်။


ထိခိုက်ဒဏ်ရာ ရဖူးသူများက ခပ်နက်နက် ဒဏ်ရာတစ်ခု ရခြင်းက ​သေချာ​ပေါက် များစွာ မနာကျင်ရ​​သော်လည်း အ​ရေပြားတစ်လွှာ အခွာခံလိုက်ရပါက အလွန် နာကျင်ရ​​ကြောင်းကို သိ​နေကြသည်။


ထိုအခိုက်၌ လျူဟိုင်ထုန်က ​ကြောက်မက်ဖွယ်နာကျင်မှုကြီးကို ခံစားလိုက်ရ​သော်လည်း သူက ကျန်းကျန့် ယခင်က ရင်ဆိုင်ခဲ့ဖူးသူများနှင့် ကွာခြားသည်။ သူက နာကျင်မှု​ကြောင့် ​အော်ငိုမလာခဲ့​ပေ။


"ဒါက... ဒါ ဘာ​တွေ ဖြစ်​နေတာလဲ" တုန့်ဆိုင်း​နေ​​​သော အသံတစ်သံ ထွက်​ပေါ်လာခဲ့သည်။


ကျန်းကျန့်က လှည့်ကြည့်လိုက်ရာ မနီးမ​ဝေး​နေရာတွင် ရှုပ်​ထွေး​နေ​သော အမူအယာဖြင့် ကြည့်​နေသည့် ယန်ကျင်းကို ​တွေ့လိုက်ရသည်။ သူ့​ဘေးတွင် ​ကြွေထည်ပစ္စည်းဆိုင် ပိုင်ရှင်လည်း ရှိ​​နေသည်။


ကျန်းကျန်က လက်ထပ်​တော့မည် ဖြစ်၍ ယန်ကျင်းကို ဖိတ်ထားခဲ့​သော်လည်း ယန်ကျင်းက ​စော​စော မလာချင်ခဲ့​ပေ။ သူ ယခင်က ဟယ့်ရှီရွာတွင် မျက်နှာပျက်ထားခဲ့သည်။ ​စော​စော လာလိုက်ရင် ဟာသ ဖြစ်မသွားဘူးလား... ယန်ကျင်းက ကိုယ်ပိုင်အ​ကြောင်းပြချက်ဖြင့် သူ လက်ထပ်ချိန်၌ ကျန်းကျန့်အား လက်​ဆောင်​ပေးသင့်သည်ဟု ​တွေးမိပါ​သော်လည်း မည်သူမှ မမြင်​စေရန်အတွက် ​နောက်ကျမှ ​ရောက်လာသည်က ပို​ကောင်း​ပေမည်။ သူ့ဇနီးနှင့် က​လေးများအတွက်ကား သူ ယခင်က ရဲရင့်ခြင်း မရှိခဲ့သည်ကို မသိ​စေချင်သဖြင့် ​ခေါ်မလာခဲ့​ပေ။ ထို့​ကြောင့် မနက်ပိုင်းတွင် ​နောက်ကျမှ ထွက်လာခဲ့ပြီး ​သ​င်္ဘောဆိပ်သို့ ​ရောက်​သောအခါ ဟယ့်ရှီရွာသို့ သွားမည့် ​လှေကို ရှာ​နေစဥ်တွင် ဟယ်ရှီရွာ၌ ကျန်းကျန့်ကို သွားရှာမည့် ​ကြွေထည် ပစ္စည်းဆိုင်ပိုင်ရှင်နှင့် မထင်မှတ်ဘဲ ​တွေ့ခဲ့ရ​လေသည်။


​​ကောင်းပြီ​လေ... ယန်ကျင်းက​တော့ ဘာ​တွေ ဖြစ်​နေမှန်း မသိခဲ့ပါဘူး... ကျန်းကျန့်မှာ လွန်ခဲ့သည့် နှစ်လက ပင်လယ်စာ လုပ်ငန်း လုပ်​နေခဲ့ပါ​သော်လည်း ထိုအချိန်ကတည်းက ​ကြွေထည်ဆိုင်ပိုင်ရှင် လွန်စွာ တန်ဖိုးထား​နေသည့် ​ကြွေထည်ပစ္စည်းများ ရလာခဲ့သည်။ သူက ​ငွေအ​​မြောက်အများ ရခဲ့ဟန် တူသည်။ သူက ပင်လယ်ဓါးပြ ဖြစ်လာပြီး တစ်​ယောက်​ယောက်ဆီက လုခဲ့တာတော့ မဟုတ်ဘူးမလား...


ယန်ကျင်းက များစွာ ​တွေး​တောခဲ့ပါ​သော်လည်း အမှန်တရား၏ တစ်စိတ်တစ်ပိုင်းအား ​မှန်မှန်ကန်ကန် ​တွေး​တောခဲ့မိသည့်အ​ကြောင်းကို မသိခဲ့​ပေ။ ကျန်းကျန့်က အမှန်ပင် တစ်​ယောက်​ယောက်ထံမှ လုယက်ခဲ့ခြင်း ဖြစ်ပြီး ပင်လယ်ဓါးပြများထံမှ လုယက်ခဲ့ခြင်းသာ ဖြစ်​လေသည်။ ယန်ကျင်းက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ​ကြွေထည်ဆိုင်ပိုင်ရှင်နှင့်အတူ ဟယ့်ရှီရွာသို့ ​ရောက်လာခဲ့သည်။ ဤ​နေ့က ကျန်းကျန့်၏ မင်္ဂလာပွဲ​နေ့မှန်း သိသွားသည့် ​ကြွေထည်ဆိုင်ပိုင်ရှင်ကလည်း မင်္ဂလာချိုချဥ်အချို့ ​တောင်းရမည်ဟု ​ပြောခဲ့​သေးသည်။ သို့​သော်လည်း... ဒီ​လောက် ရှုပ်ပွ​နေတဲ့ ​နေရာက မင်္ဂလာပွဲ ဖြစ်နိုင်လို့လား...


ယန်ကျင်းက ကျန်းကျန့် လျူဟိုင်ထုန်၏ ​ခေါင်းအား ကိုင်ထားခဲ့ပုံကို ကြည့်ကာ သူ့မျက်နှာထက်မှ ရှင်းမပြနိုင်ဖွယ်ရာ နာကျင်မှု တစ်ခု ခံစားလိုက်ရ​လေသည်။ အဲ့အချိန်တုန်းကလည်း ကျန်းကျန့်က သူ့မျက်နှာကို ဓါးနဲ့ လှီးခဲ့​သေးတာပဲ...


"သခင်ကြီးယန်... ဒါသခင်ကြီးယန်ပဲ... ကျွန်​တော်က ဟိုင်​လေးပါ"


လျူဟိုင်ထုန်က မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် ယန်ကျင်းအား ရယ်ပြလိုက်သည်။


သူနှင့် ယန်ကျင်းက အချင်းချင်း သိကြသည်။ ဒီယန်ကျင်းက ကျန်းကျန့် အရင်က ဆန့်ကျင်ခဲ့ဖူးတဲ့ ရာမန် အရာရှိ တစ်​ယောက် မဟုတ်ဘူးလား... ယန်ကျင်း ​ရောက်လာပြီ ဆို​တော့ သူ့ကို ကယ်နိုင်​လောက်တယ်...


ယန်ကျင်းက လျူဟိုင်ထုန်ကို သိ​နေပါ၏။ သူက ​လောင်းကစား လုပ်ရသည်ကို နှစ်သက်ခဲ့ပြီး ရံဖန်ရံခါတွင် ​ကျေးလက်မှ ​လောင်းကစားရုံများထံ သွား​ရောက်ခဲ့ဖူးသည်။ လျူဟိုင်ထုန်မှာ ​လောင်းကစားရုံ တစ်ခုက ပျိုး​ထောင်ထားသည့် ထိပ်တန်း လူမိုက်များထဲမှ တစ်​ယောက် ဖြစ်သည်။ ​လောင်းကစားရုံက ​နောက်ခံတစ်ခု ရှိသဖြင့် ယန်ကျင်းက ​လောင်းကစားရုံထဲတွင် အ​ခြေအ​တင် မဖြစ်ရဲပါ​​​သော်လည်း... လျူဟိုင်ထုန်က ​လောင်းကစားရုံ၏ ​လူမိုက်များထဲမှ တစ်​ယောက်သာ ဖြစ်၍ သူက ဂရုမစိုက်ပါ​ပေ။


"ဟိုင်​လေး... ဘာ​တွေ ဖြစ်​နေတာလဲ"ယန်ကျင်းက ​​မေးလိုက်ပြီး လျူဟိုင်ထုန်အား ကရုဏာ သက်သွားသည်။ သူ အရင်က ​တွေ့ဖူးတဲ့ လျူဟိုင်ထုန်မှ ဟုတ်​သေးရဲ့လား...


ဘာ​တွေ ဖြစ်​နေတာလဲတဲ့လား... ယန်ကျင်းက မ​တွေ့ဘူးလား... လျူဟိုင်ထုန်က ယန်ကျင်း၏ အ​မေးကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့​လေသည်။ ဤတစ်ကြိမ်၌ ယန်ကျင်းက ကျန်းကျန့်အား အ​ကြောက်တရားများဖြင့် ကြည့်​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


ဒါက... လျူဟိုင်ထုန်မှာ ယန်ကျင်းက သူ့​ဘက်တွင် ရပ်​ပေးလိမ့်မည် မဟုတ်​ကြောင်း ရုတ်တရက် နားလည်သွား​လေသည်။ ပြီး​တော့... ယန်ကျင်းက လက်ထဲမှာ လက်​ဆောင်ပစ္စည်း​တွေ​တောင် သယ်လာ​သေးတယ်... သူက ယန်ကျင်း ကျန်းကျန့်အား မင်္ဂလာလက်​ဆောင် လာ​ပေးခြင်း ဖြစ်မည်ကိုပင် ​ကြောက်ရွံ့သွား​လေ​တော့သည်။


ကျန်းကျန့်က ရာမန် အရာရှိ တစ်​ယောက်ကို ရိုက်နှက်ပြီးတာ​တောင် ရာမန် အရာရှိ တစ်​ယောက်ဆီက​နေ လက်​ဆောင်​တောင်းရဲ​သေးတာလား... ဘာ​တွေ ဖြစ်​နေပါလိမ့်...


ကျန်းကျန့်က စကားလည်း မ​ပြော လွှတ်လည်း မ​ပေး​ပေ။


ယန်ကျင်း​ရောက်လာသည့်အချိန်တွင် လျူဟိုင်ထုန်၏ပုံက အမုန်းများ ပြည့်နှက်​​နေသည်ကို ​တွေ့လိုက်ရသည်။ သို့​သော်လည်း လျူဟိုင်ထုန်က ပုံမှန်စိတ်အတိုင်း ကတ်များ ကစားရမည်ကို ဂရုမစိုက်သည့် ထိုလူက သူ့အား ရုတ်တရက် နာကျင်​အောင် လုပ်လာမည်ကို ​ကြောက်​နေခဲ့ရသည်။ သူက ယန်ကျင်းကိုသာ ​ပြောနိုင်​လေ​တော့သည်။


"နားလည်မှု လွဲ​နေတာပါ... ကျွန်​တော်တို့ကြားမှာ နားလည်မှု လွဲစရာ ကိစ္စ​လေး ရှိသွားလို့ပါ... သခင်ကြီးယန်... နားလည်မှု လွဲရုံ​လေးပါ"


​သေစမ်း... ကျန်းကျန့်က ရူး​နေတာပဲ... ဟယ့်ရှီရွာသား​တွေ သူ့အ​ကြောင်း ​ပြောခဲ့တာကို ကြားတုန်းက ဘာလို့ ​အ​လေးအနက် မထားမိပါလိမ့်... ယခု​တော့ ​ပြောစရာ မလို​အောင်ပင် သူဘယ်​​လောက်ပဲ စိတ်ပျက်​နေရပါ​​စေ ကျန်းကျန့်က သူ့ကို လွှတ်​ပေးဖို့ ငြင်းဆန်​နေမည်သာ ဖြစ်သည်။ သူ့အား လွှတ်​ပေးရန်အတွက် ယန်ကျင်း ကျန်းကျန့်အား ​ဖြောင်းဖျ​ပေးမည်ကိုသာ ​မျှော်လင့်ရ​ပေ​တော့မည်။


"သူက နားလည်မှု လွဲတာလို့ ​ပြော​နေတယ်" ယန်ကျင်းက လျူဟိုင်ထုန်အား ပြန်လွှတ်​ပေးရန် ​မျှော်လင့်၍ ကျန်းကျန့်ကို ​ပြောလိုက်သည်။


လျူဟိုင်ထုန်က သူ့အား သခင်ကြီးယန်ဟု ​ခေါ်လာပြီး သူ့ကိုယ်သူ ဟိုင်​လေးဟု ​ပြော​​နေ​​သော အချက်မှာ အဓိကက အစိုးရမှ လူများကို ​ကြောက်ရွံ့​နေခြင်း​ကြောင့်သာ ဖြစ်​ပေသည်။ ကျန်းကျန့်ကဲ့သို့​သော သင်းကွဲငှက်အချို့မှ လွဲ၍ လူအများစုမှာ အစိုးရရုံး​တော်ကို ​​ကြောက်ရွံ့ကြ​လေသည်။ သို့​သော်ငြား လျူဟိုင်ထုန်ကလည်း ယန်ကျင်းကို အလွန် ရို​သေ​နေပြီး ယန်ကျင်းကလည်း လျူဟိုင်ထုန်ကို မဆန့်ကျင်ရဲ​ပေ။


သူတို့၏ စီရင်စုတွင် ရာထူးမြင့်​သော အရာရှိများ ရှိ​နေသည်။ သူက တရားရုံး​တော်မှ ဒုတိယအဆင့် လုပ်သက်ရင့် အရာရှိ တစ်​ယောက်သာဖြစ်​နေပြီး ​လောင်းကစားရုံပိုင်သည့် ညီအစ်ကိုကလည်း ပြဿနာကြီးတစ်ရပ်ပင် ဖြစ်သည်။ ​လောင်းကစားရုံ ​နောက်ကွယ်မှ လူမှာလည်း မည်သူမှ မဆန့်ကျင်ရဲဘဲ အ​တော်​လေး ကပ်ဖားရသည့် စီရင်စု တရားသူကြီး ဖြစ်​ပေသည်။ ယန်ကျင်းလို ရာမန် အရာရှိတစ်​ယောက်က ဘာများတတ်နိုင်မှာတဲ့လဲ... အဲ့​နေရာမှာ ​​ငွေ​​တွေ ဆုံးသွားတာ​တောင် ဘာမှ မ​ပြောနိုင်တဲ့ဟာ...


လျူဟိုင်ထုန်က လူမိုက်တစ်​ယောက်သာ ဖြစ်​သော်လည်း သူက ​လောင်းကစားရုံ၏ မန်​နေဂျာထံမှ လွန်စွာ တန်ဖိုးထားခံရသည်။ ယန်ကျင်းက သူနှင့် အ​ခြေအတင် မဖြစ်ချင်​ပေ။


ကျန်းကျန့်က စကားမ​ပြောခဲ့​သော်လည်း လျူဟိုင်ထုန် မမြင်နိုင်သည့် ​နေရာမှ ယန်ကျင်းကို အချက်ပြ​လိုက်သည်။


ယန်ကျင်းက ၎င်းကို ​တွေ့လိုက်ရချိန်တွင် အနည်းငယ် ​ကြောင်အသွားပြီး​နောက် ကျန်းကျန့်ကို ထပ်ပြီး အကြံပေးလိုက်ပြန်​လေသည်။


"ကျန်းကျန့်... လျူဟိုင်ထုန်ကို ငါသိတယ်... သူက အသိအကျွမ်းဆိုမှ​တော့ သူ့ကို အရင်လွှတ်​ပေးလိုက်ပါလား... ငါတို့ ​ဆွေး​နွေးလို့ရပါတယ်"


"သူ့ကို လွှတ်​ပေးလိုက်မယ်... ဘာမှ ​ဆွေး​နွေးစရာ မလိုဘူး" ကျန်းကျန့်က ယန်ကျင်းကို မျက်နှာသာ​ပေးလိုက်ပုံ​ရပြီး လျူဟိုင်ထုန်ကို လွှတ်​ပေးလိုက်သည်။


လျူဟိုင်ထုန်က ကျန်းကျန့်ကို ခါးခါးသီးသီး ကြည့်ကာ ပြန်လှည့်မကြည့်ဘဲ ထွက်သွား​လေ​တော့သည်။ ဒီတစ်ကြိမ် သူ အ​တော်​လေး မျက်နှာ ပျက်သွားတာ... လျူဟိုင်ထုန်က မျက်နှာ ပျက်ရမည်ကို ယန်ကျင်း​လောက် ဂရုမထား​သော်ငြား ထိုကဲ့သို့ ဆက်ဆံခံလိုက်ရသည်ကို လက်ခံရန် ခက်ခဲ​နေခဲ့သည်။