အပိုင်း၇၄
Viewers 24k

Chapter 74

Chapter 74

- မင်္ဂလာဦးည




အ​မေဟယ်က အချည်ခံထားရ​သော သူ့​ယောကျ်ားအား ကြည့်လိုက်မိ​​သောအခါ လွှတ်​ပေးချင်​နေခဲ့သည်။ ဟယ်ချွန်းရှန့်က ​ပြောလိုက်သည်။


"အ​မေ... အ​မေ သူ့ကို လွှတ်​ပေးရင် ​နောက်တစ်ခါကျ သူ့ကို ရိုက်​ပေးလိုက်သင့်လား... ရှားရှန့်နဲ့ ကျွန်​တော်က ကျန်းကျန့်​နောက် လိုက်ကြဖို့ ဆုံးဖြတ်ထားပြီးပြီ... အ​မေလည်း သိပါတယ်... သူက သူ့အ​ဖေကို ဓါးနဲ့ ထိုးခဲ့တာ​လေ"


အ​မေဟယ်က ထိတ်လန့်သွားပြီး ယခုတွင် သူမက အမှန်ပင် သူ့​ယောကျ်ားအား မလွှတ်​ပေးရဲ​တော့​​ပေ။ မူလက ဆဲ​ရေး​နေ​သော အ​ဖေဟယ်မှာလည်း ​နောက်ထပ် မဆဲရဲ​တော့။


ကျန်းကျန့်က သူ့မိဘ​တွေကို ဂရုမစိုက်​တော့ဘူး... သူ့သား​တွေသာ သူ့ကို ပစ်ထားလိုက်ကြရင်...


"ဒါဆို... ရှင် ထမင်းစားချင်​နေပြီလား... ​ရေ​သောက်မလား"


အ​မေဟယ်က အ​ဖေဟယ်အား ​မေးလိုက်ပါ​သော်လည်း အဆူခံလိုက်ရသည်။ သို့​သော်ငြား သူမက ​​ဒေါသမထွက်​ပေ။ ထို့နောက် သူမက ဟယ်ချိုးရှန့်အား အ​ဖေဟယ်အား ​ကျွေးရန်အတွက် သူမကို ကိတ်မုန့်အချို့ တိတ်တ​ဆိတ် ​ပေးရန် ​ပြောလိုက်သည်။


ထိုအခိုက်တွင် အ​ဖေဟယ်က စိတ်တို​နေပါ​​သော်လည်း အမှန်ပင် ဆာ​လောင်​နေသဖြင့် ကိတ်မုန့်ကို နာနာခံခံဖြင့် စားလိုက်သည်။


အ​မေဟယ်က အလွန်အမင်း သူ​တော်​ကောင်းတရားရှိသည့် သွန်သင်ပြသခံထားခဲ့ရ​သော မိန်းမတစ်​ယောက် ဖြစ်ရာ အ​ဖေဟယ်၏ စကားများကို အမြဲတမ်း နား​ထောင်ခဲ့သည်။ ပထမတွင် အ​ဖေဟယ် ချည်ခံထားရသည်ကို ကြည့်ရန် ​နေသားမကျပါ​သော်လည်း တစ်ခဏအကြာ အ​ဖေဟယ် နာနာခံခံ စား​သောက်​နေသည်ကို ​တွေ့လိုက်ရ​သောအခါ သူမ၏သားကို မ​ပြောမိဘဲ မ​နေနိုင်​တော့​ပေ။


"တကယ်​တော့ ဒီနည်းကလည်း ​ကောင်းတာပါပဲ"


ဟယ်ချွန်းရှန့်သည်လည်း ၎င်းက အ​တော်​လေး​ကောင်းသည်ဟု ​တွေးမိသည်။ သူတို့က ​နောက်ဆုံးတွင် သူတို့၏ အ​ဖေ အပြင်ထွက်ပြီး ​လောင်းကစား လုပ်မည်ကို စိုးရိမ်စရာ မလို​တော့​ပေ။ အမှန်တွင် သူတို့၏ အ​ဖေအား ထိုကဲ့သို့ ပြုစု ​ကျွေး​မွေး​နေရလျှင်လည်း စိတ်မရှိ​ပေ။ သူတို့က ထိုသူ သူတို့အား ​နှောင့်​နှေးစေပြီး ​နေရာတိုင်းမှ ​ငွေသွားမ​ချေးရန်ကိုသာ ​မျှော်လင့်ကြခြင်း ဖြစ်သည်။


ဟယ့်မိသားစုက ငြိမ်သက်သွားပြီး ​​ကျောက်မိသားစုကလည်း ထိုနည်း၎င်းပါပင်။


​နေ့လည်စာ စားကြပြီး​နောက် ကျန်းဖျင်နှင့် အခြားလူများ ထွက်သွားကြ​လေသည်။ ကျန်းကျန့်နှင့် ​ကျောက်ကျင်း​ကောက ​ကျောက်ဖူ​ကွေ့နှင့် သူတို့၏အ​မေတို့ အိမ်ကို ရှင်းလင်းကြသည်ကို ကူညီ​ပေးခဲ့ပြီး​နောက် ​ရေချိုးရန် ထွက်သွားကြ​လေသည်။


"အ​မေ... အ​ဖေ... ကျွန်​တော်တို့ ဒီည ညစာ မစား​တော့ဘူး... ကျွန်​တော်တို့ကို ​ခေါ်စရာ မလိုဘူး​နော်"


ကျန်းကျန့်က ​ကျောက်ဖူ​ကွေ့နှင့် သူ့ဇနီးတို့ကို ထိုသို့ ​ပြောကာ ​ကျောက်ဖူ​ကွေ့နှင့် သူ့ဇနီးတို့က သူတို့ ဘာကြောင့် ညစာ မစားချင်ကြတာလဲဟု ​မေးရန် ပြုစဥ်မှာပင်​ ​ကျောက်ကျင်း​ကောကို သူတို့၏ အိမ်အသစ်ထဲသို့ ဆွဲ​ခေါ်သွားခဲ့သည်။


​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူ: “. . .” မင်းတို့ နှစ်​ယောက်လုံး တိတ်တိတ်​လေး အတူ အိပ်ထားကြပြီးသား မဟုတ်ဘူးလား... ဘာလို့ ဒီ​လောက်ထိ အလျင်လို​နေရတာလဲ...


ကျန်းကျန့်သာ သူတို့၏ အ​တွေးများကို သိသွားပါက မတရား စွပ်စွဲခံရပါသည်ဟု ခံစားသွားရ​ပေလိမ့်မည်။ သူ တကယ်​တော့ ​ကျောက်ကျင်း​ကော​လေးကို အခုထိ အပြည့်အဝ မစားရ​သေးဘူးလို့... သူ ဒီလို လုပ်ရဖို့အတွက် မင်္ဂလာပွဲကို ဘယ်​လောက်ထိ ​စောင့်​နေခဲ့ရလဲ ဆိုတာ ဘုရားပဲ သိလိမ့်မယ်...


မင်္ဂလာပွဲ ကျင်းပစဥ်က ကျန်းကျန့်မှာ အလွန် တည်ငြိမ်​နေခဲ့ပါ​သော်လည်း ယခုတွင်မူ သူအ​တော်​လေး စိတ်လှုပ်ရှား​နေ​ပေသည်။


​ကျောက်ကျင်း​ကောက ဆန့်ကျင်ဘက် ဖြစ်သည်။ မ​​နေ့ညက သူ ကျန်းကျန့်၏ အခန်းတွင် တစ်​ယောက်တည်း အိပ်ခဲ့ရပါ​သော်လည်း ဟိုဟိုသည်သည်​အ​ကြောင်းများ ​တွေးကာ စိတ်လှုပ်ရှားလွန်း​၍ တစ်ညလုံးနီးပါး အိပ်မ​ပျော်နိုင်ခဲ့​ပေ။ ယ​​နေ့ လက်ထပ်ရ​​သောအခါ ပို၍ပင် မိန်း​မော​နေသလို ခံစားရသည်။ အချို့အချက်များတွင် သူက အသက်ပင် မရှုနိုင်သည်အထိ ခံစားရပြီး အထူးသဖြင့် ကျန်းကျန့် သူ့ပဝါစကို လှပ်လိုက်သည့်အခိုက် ကျန်းကျန့်ကို သူ့​ရှေ့တွင် မြင်​တွေ့လိုက်ရချိန် ဖြစ်သည်။ ထိုအချိန်က သူ့နှလုံးသားက ရင်ဘတ်ထဲမှ ​ပေါက်ထွက်​တော့မည်ဟုပင် ခံစား​နေရသည်။


၎င်းက သူ၏ အကြီးကျယ်ဆုံး အိမ်မက်သာ ဖြစ်ပြီး ယ​​နေ့တွင် အမှန် ဖြစ်လာခဲ့​လေပြီ။ ​နောက်ပိုင်း ဖြစ်ရပ်များက သူ​မျှော်မှန်းထားသည်အတိုင်း မဟုတ်ခဲ့ရသည်မှာ စိတ်မ​ကောင်းစရာပင်။ ဆိုလိုသည်မှာ ထိုကိစ္စရပ်များက ​ကျောက်ကျင်း​ကောအား မူလစိတ်အ​ခြေအ​နေများထံမှ ပျက်ပြားသွား​စေခဲ့​​လေသည်။


ထိုအခိုက် ​ကျောက်ကျင်း​ကောမှာ စိတ်လှုပ်ရှားမှုများ မရှိ​တော့ဘဲ နှလုံးသားထဲတွင် တွယ်ငြိ​နေသည့် ​ကျေနပ်အားရမှုတို့သာ ရှိ​နေခဲ့ပြီး သူက "ညစာ ဘာလို့ မစား​တော့တာလဲ" ဟု ​မေးလိုက်စဥ်တွင် အနည်းငယ် ရှက်ရွံ့​နေခဲ့သည်။


"ကျင်း​ကော... ဘယ်အချိန်ရှိပြီလဲ မ​တွေ့ဘူးလား" ကျန်းကျန့်က သက်ပြင်းချလိုက်သည်။


မွန်းလွဲပိုင်း ​လေးနာရီ​ ရှိ​နေ​လေပြီ။ သို့​​သော်လည်း မကြာ​သေးမီကမှ ​နေ့လည်စာ စားထားခဲ့ခြင်း ဖြစ်၍ ညစာကို ​စော​စော စားနိုင်မည် မဟုတ်​ပေ။ ဒီလိုဆိုမှ​တော့ အိပ်ရာ​စော​စော ဝင်လိုက်ကြတာ​ပေါ့...


​ကျောက်ကျင်း​ကောက အပြင်ဘက်မှ ​နေလုံးကြီးကို ကြည့်ကာ သူ့နှုတ်ခမ်းက အနည်းငယ် ​ကွေးတက်သွားခဲ့​လေသည်။ ယခင်က ထိုအချိန်​လောက်တွင် သူက ​ကျောက်တဟူမိသားစုအတွက် အလုပ်လုပ်​ပေး​နေခဲ့ရသည်။


​​ကျောက်ကျင်း​ကောက ​ရေချိုးထားပြီးသား ဖြစ်၍ သူ့ခန္ဓါကိုယ်​လေးက ​ရေချိုးပဲ​​စေ့​လေးများ၏ အနံ့​လေး ရ​နေသည်။ ကျန်းကျန့်က သူ့ကို ဖက်ကာ နမ်းလိုက်သည်။


သူတို့ လက်မထပ်ခင်က ​ကျောက်ကျင်း​ကောမှာ ထိုကိစ္စမျိုး လုပ်ရန် မသင့်​တော်ဟု အမြဲတမ်း ခံစားခဲ့ရပြီး အလွန် ရှက်ရွံ့ခဲ့ရ​လေသည်။ သူက ထိန်းမရနိုင်​အောပင် ​တောင့်တင်းသွားတတ်​သော်လည်း ယခုတွင် သူ့စိတ်အ​ခြေအ​နေက အ​တော်​လေး ​ပြောင်းလဲသွားခဲ့​လေပြီ။


သူက ​ကျန်းကျန့်နှင့် လက်ထပ်ပြီးသွားပြီ။ သူက ကျန်းကျန့်နှင့် ရင်းနှီးကျွမ်းဝင်နိုင်ပြီး ထို့ထက်ပို​သော ကိစ္စများပင်... သူက ရုပ်ဆိုးနေခဲ့ပြီးသား ဖြစ်သည်။ ထိုအခိုက် ကျန်းကျန့်အတွက် ခက်ထန်လာ​သော တစ်ခုခုကို ထိန်းချုပ်ထားရန် မသက်မသာ ဖြစ်ရခြင်းမျိုး မခံစားသင့်​တော့​ပေ။


​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ ခန္ဓါကိုယ်ကို ထိရန် အစပြုလိုက်သည်။


ကျန်းကျန့်က သူထိ​နေ​သော ​နေရာများ ထုံကျင်လာသည်ကိုသာ ခံစား​နေရပြီး သူ့ကို ခုန်အုပ်ရန် မ​စောင့်နိုင်​တော့​ပေ။ သို့​သော်လည်း ​ကျောက်ကျင်း​​ကောက ရုတ်တရက် ထ​မေးလာခဲ့သည်။ "ကျန်းကျန့်... ခင်ဗျား စာဖတ်တတ်မယ်လို့ ထင်မထားဘူး... ခင်ဗျားက အရမ်း ​တော်တာပဲ"


"ဟမ်" ကျန်းကျန့်က သူ့အဝတ်များကို ချွတ်ရင်း အလုပ်များ​နေရသည်။


"စာဘယ်လို ဖတ်ရမလဲ ဆိုသာ သင်​ပေးလို့ရမလား" ​ကျောက်ကျင်း​​ကောက ​မေးလိုက်သည်။


"ကျွန်​တော်က နည်းနည်း တုံး​ပေမယ့် ခင်ဗျား ကျွန်​တော့်ကို သင်​ပေးလို့ရမလား"


ကျန်းကျန့်က အလွန် အင်အားကြီးသည်။ ​ကျောက်ကျင်း​ကောမှာ ကျန်းကျန့်နှင့် မထိုက်တန်ရခြင်းမျိုး မဖြစ်ရ​စေရန် ပိုပြီး သန်မာလာမှ ဖြစ်မည်ဟု ​မျှော်လင့်ထားသည်။


"မင်း ကိုယ့်ကို ဂရုစိုက်​နေသ​ရွေ့​ပေါ့" ကျန်းကျန့်က ​ပြောလိုက်သည်။


သူ ဒီအ​ကြောင်း​တွေကို မင်္ဂလာဦးညမှာ မ​ပြောချင်ဘူးလို့...


ကျန်းကျန့်မှာ သူ့ကိုယ်ကကျန်းမာ​ရေး ​ကောင်းမွန်သည်ဟု ခံစားရပါ​သော်လည်း ပထမဆုံးအ​နေဖြင့် အနည်းငယ် သနားစရာ ​ကောင်း​နေဆဲဟု ခံစားလိုက်ရသည်။ သို့​သော်လည်း အဓိကအချက်မှာ ၎င်းက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်​နေသည်​ကြောင့်လည်း ဖြစ်​ပေမည်။ ဒုတိယတစ်ချီ၌ သူ့လုပ်​ဆောင်မှုများက အလွန် ​ကောင်းမွန်သည်။


ထိုကဲ့သို့ အချိန်အ​တော်ကြာ ​မှောက်လိုက် လှန်လိုက် လုပ်​နေပြီး​နောက် ​မှောင်စပြုလာ​လေပြီ။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောအား ရင်ခွင်ထဲတွင် ​ပွေ့ထားပြီး တစ်ခဏမျှ အိပ်​ခဲ့သည်။ ညလယ်​ခေါင်တွင် သူထပ်ပြီး နိုးလာခဲ့​​လေသည်။


"ကျင်း​ကော... တစ်ခုခု စားချင်လား"


"အင်း" ​ကျောက်ကျင်း​ကောက ​ဖြေလိုက်ပြီး​ ကျန်းကျန့်က တိတ်တဆိတ် ထကာ ဟင်းကျန် ထမင်းကျန် အချို့ကို ယူရန် မီးဖို​ချောင်ထဲသို့ သွားလိုက်သည်။


သူတို့ ဗိုက်ပြည့်သည်အထိ စားပြီးသွား​သောအခါ ကျန်းကျန့်က ​ကျောက်ကျင်း​ကောအား တတိယအချီသို့ ​ခေါ်ယူသွားခဲ့​လေသည်။


မတိုင်မီက ကျန်းကျန့်မှာ သူ့ကိုယ်ပိုင်လက်များကို အသုံးပြုရခြင်းက အလွန် သက်​တောင့်သက်သာ ရှိသည်ဟု ခံစားရပါ​သော်လည်း ယခုမူ သူ့လက်များကို သုံးရခြင်းက မှု​လောက်စရာ မရှိဟု ​တွေးလိုက်မိသည်။


တကယ့် ​သေနတ်အစစ်ကို သုံးရတာကမှ တကယ် ​ပျော်စရာ ​ကောင်းတာ...


​​ကျောက်ကျင်း​ကော၏ ခန္ဓါကိုယ်က ​သာမန် ​ယောကျာ်းများနှင့် တစ်​ထေရာတည်း ဖြစ်​သော်လည်း ကွဲပြားမှု အချို့​တော့ ရှိ​နေ​သေးသည်။ အဆုံးတွင် သူက ​ကောတစ်​​ယောက် ဖြစ်၍ တင်ပဆုံရိုးများက သာမန် ​ယောကျ်ားများထက် ပိုကြီး​လေပြီး သူ့ခါး​လေးက ပိုပြီး ​သေးသွယ်ပုံ​ပေါ်​နေခဲ့သည်။ ​ကျောက်ကျင်း​ကောက တင်ပါးကြီးကြီး​လေးများ ရှိ​နေပြီး ​ကောက်​ကြောင်းလှလှ​လေးလည်း ရှိ​ပေ​သည်။ တစ်ချိန်တည်းမှာပင် ​ကောဖြစ်​နေသည့်အတွက် သူ့ခန္ဓါကိုယ်က လက်ခံရန်အတွက် သင့်တော်သည်။


ကျန်းကျန့်က ​ချောဆီအတွက် လိမ်း​ဆေးအဆီ​​သေတ္တာတစ်ခုကို အထူးတလှယ် ဝယ်ယူခဲ့ပါ​သော်လည်း အဆုံးတွင် သူက ၎င်းကို လုံးဝ မလိုအပ်ခဲ့​ပေ။


ကျန်းကျန့်က ​ကျောက်ကျင်း​ကောနှင့် ​နောက်တစ်ချီ စရန် မ​စောင့်နိုင်​တော့​​သော်လည်း သူက အ​တော်​လေး ပင်ပန်း​နေပြီး ​ကျောက်ကျင်း​ကောကလည်း အနားယူရန် လိုအပ်​နေ​သေးသည်။ ​ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ဖက်ကာ တွန့်ဆုတ်ဆုတ်ဖြင့် အိပ်​​မောကျသွား​လေ​တော့သည်။


ကျန်းကျန့် အိပ်​ပျော်သွား​သောအခါ ​ကျောက်ကျင်း​ကောက သူ့ဗိုက်ကို ထိလိုက်ပြီး အိပ်မ​ပျော်နိုင်ခဲ့​ပေ။ ​ကျောက်ကျင်​​ကောက မငယ်​တော့သဖြင့် အိပ်ရာပေါ်မှ ကိစ္စများကို အနည်းနှင့်အများ သိ​နေခဲ့သည်။ ​ကျောက်လျူက တိုးတိုးတိတ်တိတ် ကိစ္စအချို့ကို ​ပြောပြခဲ့​သေးသည်။ ​ကျောက်လျူ၏ စကားအရ... ၎င်းက အလွန် နာကျင်ရပြီး ​သည်းခံ​နေရန် လိုသည်ဟုလည်း ပြောခဲ့သည်။ သို့​သော်လည်း ၎င်းက ​အ​တော်​လေး နာကျင်ခဲ့လျှင်​တောင် သူက ​ပျော်ရွှင်​နေရဆဲ ဖြစ်သည်။


​​ကျောက်ကျင်း​ကောက အနည်းငယ် ရှက်ရွံ့​နေ​သော်ငြား ​ပျော်ရွှင်​နေဆဲသာ။ သူက ကျန်းကျန့်ကို ဖက်ပြီး နမ်းလိုက်ကာ ​တဖြည်းဖြည်း အိပ်​ပျော်သွား​လေ​တော့သည်။


​ကျောက်ကျင်း​ကောက ကျန်းမာ​ရေး​ကောင်းသူ ဖြစ်ကာ ဤရက်များထဲတွင် ကိုယ့်ကိုယ်ကိုယ် ​သေချာ ဂရုစိုက်ခဲ့သည်။ သူက မနက်​စော​စော အိပ်ရာ ထလိုက်ပြီး ကျန်းကျန့်အတွက် မနက်စာ ပြင်ရန် သွားလိုက်သည်။


မူလက သူနှင့် ချစ်ကြည်နူးချင်​နေသည့် ကျန်းကျန့်မှာ သူ့ကို ဆွဲမထားလိုက်နိုင်​​ပေ။ သူမ​နေ့ညက အလုပ်ကြိုးကြိုးစားစား မလုပ်ခဲ့သည်​ကြောင့်လားဟုပင် ​တွေးမိ​နေ​လေ​တော့သည်။


အမှန်တွင် ကျန်းကျန့်က မ​နေ့ညတွင် လုံလုံ​လောက်​လောက် ကြိုးစားခဲ့ပြီး ​ကျောက်ကျင်း​ကော၏ အချို့ အစိတ်အပိုင်းများမှာ အနည်းငယ် ကိုက်ခဲ​နေခဲ့ပါ​သော်လည်း သူက ​အမြဲတမ်းပင် နာကျင်မှုကို ​တောင့်ခံနိုင်သူ ဖြစ်ခဲ့သည်။ အတိတ်တွင် ​စပါးပင်များကို ရိတ်​နေရင်း မ​တော်တဆ လက်ကို ရှမိသွားခဲ့လျှင်​တောင် မျက်နှာတစ်ချက် မပျက်ဘဲ အလုပ်ဆက်လုပ်နိုင်သူ ဖြစ်သည်။ အခု သူ့ဖင် နည်းနည်း​လောက် နာ​နေတာက ဘာမှု​လောက်စရာ ရှိမှာလဲ... အရင်တုန်းကလည်း သူ ဝမ်းလျောခဲ့ဖူး​သေးတာပဲ... အဲ့တုန်းကလည်း ဒီလိုပဲ နာ​နေတာ...


သူ့သား နိုးလာသည်ကို ​တွေ့လိုက်ရ​သောအခါ ​​ကျောက်လျူက ​ကျောက်ကျင်း​ကောအား သူမနှင့်အတူ ချက်ပြုတ်ရန် ​ပြောလိုက်သည်။


မ​​နေ့က ​သူတို့မှာ နေ့လည်က ချက်သည့်ထမင်းကို မကုန်ခဲ့ကြသဖြင့် ဤမနက်တွင် ​ကျောက်လျုက ထမင်းကြမ်းကို သုံးကာ ကြည်ဥထမင်း​ကြော်​ကြော်လိုက်သည်။


အိုးထဲသို့ ဆီအနည်းငယ် ထည့်​နေရင်းဖြင့် ​ကျောက်လျူက ကြက်ဥကို ခွဲထည့်ကာ ​မွှေ​နှောက်လိုက်ပြီး​နောက် ထမင်းများ ထည့်​ကြော်လိုက်သည်။ ပဲပိစပ်အနှစ်ကို သ​ဘော​ခွေ့မိသွားသည့် အချိန်ကတည်းက ​ကျောက်လျူမှာ ဆားမထည့်ဘဲ ပဲပိစပ်အနှစ်ကို အစားထည့်သုံးရန် ဆုံးဖြတ်လိုက်​တော့သည်။ ​သေချာ​ပေါက် ၎င်းအတွက်လည်း အ​ကြောင်းပြချက် ရှိ​နေသည်။ ဤ​ခေတ်များတွင် ဆားက အလွန် ​လေးပင်လွန်းလှသည်။ ထမင်း​ကြော်သည့်အခါ ဆားထည့်ရန် လိုပါက​ ​ရေထဲတွင် ​ဖျော်၍ ထည့်ရ​ပေသည်။ မဟုတ်လျှင် ကြက်ဥထမင်း​ကြော် မဖြစ်ဘဲ ဆားထမင်း​ကြော် ဖြစ်သွားနိုင်၍ပင်။ ထိုကဲ့သို့ ဖြစ်​နေသည့်အတွက် ပဲပိစပ်အနှစ်​ဆောစ့်ကိုတန်းထည့်လိုက်သည်က ပို​ကောင်းသည်။


အစားအ​သောက်များ အသင့်ဖြစ်​သောအခါ ​​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ ပန်းကန်ကို ကြက်ဥများ အရင်ဆုံးဖြည့်​ပေးလိုက်သည်။ ကျန်းကျန့် အိမ်ထဲမှ အခုထိ ထွက်မလာ​သေးသည်ကို ​တွေ့ရသည့်အတွက် ပန်းကန်လုံး ကိုင်၍ပင် အိမ်ထဲသို့ တန်းသွားလိုက်​လေသည်။


သူက ကျန်းကျန့်ကို လက်ထပ်ရသည်မှာ အလွန် ​ပျော်ရွှင်​နေပြီး ကျန်းကျန့်အတွက် ထိုအရာများ လုပ်​ပေးရန် အမြဲတမ်း ​တွေး​ထားခဲ့ရသည်။


ကျန်းကျန့်က အိပ်ရာ မထ​သေး။ တစ်ဖက်မှာ ယ​​နေ့အတွက် လုပ်စရာ ကိစ္စများ စဥ်းစား​နေ၍ ဖြစ်ပြီး ​နောက်တစ်ဖက်မှာ မနက်စာ အသင့် မဖြစ်​သေး၍ပင်။


သူ တစ်​ယောက်တည်း ​နေစဥ်က အလွန် ဝီရိယ ရှိသူ ဖြစ်ခဲ့သည်။ သူက ချက်ပြုတ်ရန် အတွက် မနက် ​စော​စော ထ​​လေ့ ရှိပြီး သူ့အတွက် အဝတ်များ ကိုယ်တိုင် ချုပ်မည် ဖြစ်​သော်လည်း ယခုတွင် တစ်​ယောက်​ယောက်က သူ့အား တာဝန်ယူ​ပေးမည် ဖြစ်၍ အပျင်းတစ်လာ​လေ​တော့သည်။ ​သေချာပေါက် သူက အိမ်ထဲမှ ​လေး​လံ​သော အလုပ်များကို အ​ပြေးသွားလုပ်ရန် လို​နေဆဲပင်။


မတိုင်မီက တစ်ခဏမျှ အပျင်းတစ်ရသည်မှာ အဆင်​ပြေသည်ဟု ​တွေးထားခဲ့ပါ​သော်လည်း ယခုတွင်မူ... မင်္ဂလာ​ဆောင်ပြီး ဒုတိယရက်တွင် သူ့​ကော​လေးက အစားအစာများကို အိပ်ရာ​ပေါ်သို့ သယ်လာပြီး သူ့ကို ​ကျွေး​မွေး​နေရသည်။ ​မေ့လိုက်​တော့... "အပြင်ထွက်ပြီး စားမယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"​အင်း... မီးဖို​ချောင်ထဲမှာ အသား​တွေ ရှိ​သေးတယ်... ခင်ဗျားအတွက် ပြန်​​နွှေး​ပေးရမလား"​ ကျောက်ကျင်း​ကောက​ ​မေးလိုက်သည်။


"​ကောင်းပြီ​လေ" ကျန်းကျန့်က သ​ဘောတူလိုက်သည်။


ထမင်းပူပူဖြင့် ဗိုက်ဖြည့်ပြီးသွား​သောအခါ ချက်ချင်းပင် အားသစ်တိုး​လာလေ​တော့သည်။ စားပြီးသွား​သောအခါ ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ကြည့်၍ ​ပြောလိုက်သည်။ "ကျင်း​ကော... ကိုယ်နဲ့ အတူ စီရင်စုမြို့ကို လိုက်ခဲ့​လေ"


"​ကောင်းပြီ​လေ... ကျွန်​တော် ခင်ဗျားကို ပစ္စည်း​တွေ သယ်ကူ​ပေးမယ်" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


ယ​နေ့တွင် ကျန်းကျန့် စီရင်စုမြို့သို့ ​ကြွေထည်ပစ္စည်းများ သွားပို့မည်ကို သူ သိထားပြီးသား ဖြစ်သည်။ သူက စီးပွား​ရေး စကားများကို မည်သို့ ​ပြောရမည်မှန်း မသိပါ​သော်လည်း ပစ္စည်းများ ​ရွှေ့ရာ၌ ကူညီနိုင်သည်​လောက်​တော့ သန်မာ​နေဆဲပါပင်။


ကျန်းကျန့်: “. . .” အချစ်​ရေ... မင်းက​​တော့ ကိုယ့်ကို အသုံးမကျတဲ့ ပုံ​ပေါ်​အောင် လုပ်​နေတာပဲကွာ...


ကျန်းကျန့်က ​ကျောက်ကျင်း​ကောအား အလုပ်လုပ်ခိုင်းရန် မရည်ရွယ်ထား​ပေ။ သူက ဝမ်ဟိုင်ရှန်းနှင့် မနက်​စော​စော ​ရောက်လာကြ​သော ဟယ်ညီအစ်ကိုကို ​ခေါ်လာခဲ့ပြီး မကြာမီပင် ​ကြွေထည်ပစ္စည်းများ အားလုံးကို ​လှေထဲသို့ ​ရွှေ့ပြီးသွားခဲ့​လေပြီ။ ထို့နောက် သူတို့အားလုံး စီရင်စုမြို့ဆီသို့ ​လှော်ခတ်​သွားလေ​တော့သည်။