Chapter 76
:လောင်းကစားအိမ်၏မန်နေဂျာအသစ်
ကျန်းကျန့်က သခင်လေးကျန့်အား တစ်ချက်ကြည့်လိုက်ပြီး ကျောက်ကျင်းကောအား သူနှင့်သိပ်မဝေးလှသည့် ပြတင်းပေါက်နား ထိုင်ရန်ခေါ်သွားလိုက်သည်။
ယင်းက ကျောက်ကျင်းကောအတွက် ထိုနေရာမျိုးသို့လာသည့်ပထမဆုံးအကြိမ်ဖြစ်၍ သူက မလွယ်မကူဖြစ်နေပြီး အရာအားလုံးအားသိချင်နေ၏။သူက ပြတင်းပေါက်အပြင်ဘက်အား ကြည့်နေသည်။
“စောသေးတယ် မင်းအရင်ဆုံးပြတင်းပေါက်ဘေးမှာနေလို့ရတယ်"ကျန်းကျန့်က ဆိုလာ၏။
“ကောင်းပါ့မလား"
ကျောက်ကျင်းကောက စိုးရိမ်တကြီးမေးလာ၏။သူတို့နှင့်အပြင် ဤနေရာတွင် လူများစွာရှိနေ၏။သူသာ ပြတင်းပေါက်နားရပ်နေပြီး အပြင်ဘက်အားကြည့်နေပါက ကျန်းကျန်ကို အရှက်ရအောင်လုပ်သလိုဖြစ်သွားမလား။
“ကိစ္စမရှိဘူး"ကျန်းကျန့်က ပြုံးလိုက်သော်ငြား ကျောက်ကျင်းကောက မမြင်လိုက်ရချေ။သူသာ ကြည့်ချင်ပါက သူ့ခံယူချက်အရ ယင်းအားရှက်စရာမရှိပေ။
ကျန်းကျန့်က ဤသို့ပြောလိုက်သောအခါ ကျောက်ကျင်းကောက ပြတင်းပေါက်ဆီသွားလိုက်ရင်း မျက်လုံးအပြူးသားနှင့် အပြင်ဘက်သို့ ကြည့်လိုက်လေ၏။
စားသောက်ဆိုင်တွင် အထပ်နှစ်ထပ်သာရှိ၍ ဤပြတင်းပေါက်မှ ထူးထူးခြားခြားတစ်ခုမှမမြင်နိုင်ချေ။သို့သော်ငြား ကျောက်ကျင်းကောအတွက် ဤသည်က အလွန်ကြီးမြတ်သည့်အတွေ့အကြုံဖြစ်၍ သူက သဘောကျကာ လှည့်ပတ်ကြည့်နေ၏။
“ကျန်းကျန့်...ကျွန်တော်တို့က အခု တခြားသူတွေရဲ့ခေါင်းပေါ်ရောက်နေပြီကော"ကျောက်ကျင်းကောက ဆိုလာ၏။
“ဖွီး..."ကျောက်ကျင်းကော၏အပြုအမူက အလွန်ရယ်စရာကောင်းသည်ဟု တွေးလိုက်မိကာ သခင်လေးကျန့်က ရယ်မောလိုက်သည်။
ကျန်းကျန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်က ကျောက်ကျင်းကောက မျက်နှာထက် ရှက်သွေးဖြာပြီး ထိုင်ချသွားသည်ထိပင်။
“ကျင်းကော..ကတ်ကစားရအောင်လေ"
ကျန်းကျန့်က သူ မရှူနိုင်မကယ်နိုင်ဖြစ်ကာ ထိုင်နေရသည်အားတွေ့လိုက်ရ၍ သူ့အားပြောလာ၏။
ကျောက်ကျင်းကောက အလွန်ရှုပ်ထွေးသွားသော်ငြား ကျန်းကျန့်က ကတ်များထုတ်လာ၏။သူက ကျားကတ်များအားချန်ထားခဲ့ကာ ကျန်သည့်ငါးဆယ့်နှစ်ကတ်အား သူကိုယ်တိုင်နှင့်ကျောက်ကျင်းကောအား ငါးကတ်စီ မဝေလိုက်မီ ထောင်လိုက်ကာ ကျန်ကတ်များအား စားပွဲပေါ်တင်ထားလိုက်၏။
“ဒါက ကစားဖို့အရိုးရှင်းဆုံးနည်းလမ်းပဲ..မင်းလက်ထဲမှာ ကတ်တစ်ခုရှိပြီး စားပွဲပေါ်က ကဒ်တွေကလဲထားရင် မင်းလက်ထဲက ကတ်ကိုသုံးပြီး စားပွဲပေါ်ကတစ်ကတ်ကို ကောက်လိုက်လို့ရတယ်...တစ်ကတ် ဒါမှမဟုတ် နှစ်ကတ် မဟုတ်တောင် သုံးကတ်လောက်ဖြစ်နိုင်တယ်...ပြီးရင် မင်းလက်ထဲက ငါးကတ်ကိုပြင်ဖို့ အတန်းရဲ့ထိပ်က တစ်ကတ်လောက်လဲလို့ရတယ်..ပြီးတော့ တစ်ကဒ်လဲပြီးတာနဲ့ စားပွဲပေါ်ထားလိုက်...ဆယ့်လေးကတ်လောက်ထိ မပေါင်းထည့်နိုင်ရင် ဖဲချပ်ကနေတစ်ကတ်လောက် လဲပြီးတင်ထားလိုက်လို့ရတယ်..ဒါပြီးရင် ကိုယ့်အလှည့်ပဲ"(နားလည်သလိုရေးထားလိုက်တာပါ အဲ့လိုဆော့ရတာလားမသိဘူး 😁)
ကျန်းကျန့်က စည်းမျဥ်းများအား သေချာရှင်းပြပေးနေ၏။သူကလေးဘဝတုန်းက အခြားသူများက သူ့အားကစားနည်းကိုသင်ပေးခဲ့၏။ထိုအချိန်က သူတို့က ဤကစားနည်းအား"အစုံဖြစ်ခြင်း"ကစားနည်းဟု ခေါ်ခဲ့သည်။သို့သော်ငြား အချို့နေရာများက ဤနည်းလမ်းအတိုင်းကစားကြပုံဟန်မတူ။
ကျောက်ကျင်းကောက ရိုးရှင်းသည့်ဂဏန်းသင်္ချာအချို့အား လုပ်နိုင်ပါသော်လည်း သူက အတန်အသင့် နှေးလေ၏။ကျန်းကျန့်က သူ့အားသင်မပေး၍ ကျန်းကျန့်က မျက်နှာချင်းဆိုင်တွင်ရှိနေချိန် သူကအနည်းငယ်အမှားပြုမိလေ၏။
“စားပွဲပေါ်က ခုနစ်နဲ့သုံးကို တစ်ဆယ်ထိပေါင်းလိုက်..ကိုယ့်မှာအခု လေးရှိတယ်..ကဒ်နှစ်ကဒ်ကိုလဲလိုက်မယ်"ကျန်းကျန့်က စားပွဲပေါ်ရှိကတ်နှစ်ခုအား တစ်နှင့်လေးနှင့်လဲလိုက်လေ၏။
ကျန်သည့်ကတ်များက နံပါတ်ကြီးများဖြစ်သည်။ကျောက်ကျင်းကောက စုံဖြစ်ရန်ကတ်များမရှိတော့၍ သူက စားပွဲပေါ်သို့ တစ်ခုတင်လိုက်ရန်အတွက် တစ်ခုလှဲလိုက်ရန်သာတတ်နိုင်၏။ရလဒ်အနေနှင့် ထိုကတ်က ကျန်းကျန့်ထံမှထပ်ပြီးဖယ်ပစ်ခံလိုက်ရသည်။
ကျောက်ကျင်းကောက ပထမပွဲတွင် အလွန်ကောင်းသည့်ကဒ်များ ရထားလေရာ သူတို့စလိုက်သည်နှင့် သူသည်လည်း နည်းလမ်းတစ်ခုတွေ့သွားလေ၏။
ကတ်များစွာမရှိ၍ တကယ်တမ်း ဤကတ်များအား ဆယ့်လေးအထိတွက်ချက်ရန်က မခက်ခဲလှပေ။သူတွက်ချက်သည်သည်က ပိုကြာလေလေ ရသည်က ပိုမြန်လေလေဖြစ်သည်။
ဤကစားပွဲသုံးပွဲပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောအား မတူညီသည့်ကစားနည်းတစ်မျိုးအား ပြလာ၏;ဤကစားနည်းက ကလေးများအတွက် သင့်တော်ပြီး အရွယ်ရောက်ပြီးသူများအတွက် ဆွဲဆောင်မှုမရှိချေ။
“ငါတို့နှစ်ယောက်ပဲရှိတာဆိုတော့ ရိုးရှင်းတဲ့တစ်ခုခု ကစားလို့ရတယ်..နှစ်ဆယ့်တစ်ထိ စမ်းကြည့်ရအောင်"နှစ်ဆယ့်တစ်အား ဂျက်အမည်းဟုလည်းခေါ်ကာ ကတ်ကစားခြင်း၏ရှေးဆန်သည့် နည်းလမ်းတစ်ခုအဖြစ်လည်း သတ်မှတ်၍ရသည်။ကျန်းကျန့်က ကျောက်ကျင်းကောအား ကစားနည်းအား ရှင်းပြလိုက်သည်။ထို့နောက် သူတို့စကစားကြတော့သည်။
ယင်းမတိုင်မီက သခင်လေးကျန့်မှာ သူတို့အား ကြည့်သာကြည့်နေ၏။မကြာမီ သူကဘေးတွင်ရပ်ကကည့်မနေနိုင်တော့၍ နောက်ပိုင်း သူက ကျောက်ကျင်းကောနောက်သို့သွားရပ်လိုက်ပြီး ပြောင်းပစ်ချင်နေသည့် လေသံနှင့်;"မင်း ကတ်တစ်ခုလိုတယ်လေ...မင်းရဲ့ကတ်တွေက သေးလွန်းတယ်..ဘာလို့ တစ်ကဒ်လောက်မပေါင်းရတာလဲ"
ကျောက်ကျင်းကောက ခေါင်းခါပြလာကာ ဆိုလိုက်သည်:"ကျွန်တော်မလုပ်ချင်လို့"သူက ထိုကတ်ကြီးကြီးများထဲက တစ်ခုအား ရလိုက်ရင်ရော...။
ကျောက်ကျင်းကော၏ ဤပုံစံအားမြင်ပြီးနောက် သခင်လေးကျန့်မှာ ကဖျက်ယဖျက်လုပ်လာခဲ့သည်။သူသာ ကစားရလျင် မတူထူးခြားစွာလုပ်လိုက်မည်ဟု ဆုတောင်းမိရင်း......။
“သခင်လေးကျန့်က လာပြီးကစားချင်လို့လား"ကျန်းကျန့်က မေးလိုက်လေ၏။
“ဟုတ်တယ်..."သခင်လေးကျန့်က သူ့အား ကစားနည်းအား ဘာကြောင့်သိနှင့်နေသလဲ မေးမြန်းမနေတော့ပဲ တိုက်ရိုက်ပင် ကျန်းကျန့်ဘေးနားဝင်ထိုင်လိုက်လေ၏။
ကျန်းကျန့်က ဤသည်အားမြင်သော် ဆိုလာ၏;"ငါက အရင်ဆုံးကတ်နှစ်ကတ်ကို ဝေလိုက်မယ်..မင်မြင်ပြီးသွားရင်တော့ လောင်းကြေးတစ်ခုထားလို့ရတယ်..ငါ့မှာပိုက်ဆံအများကြီးမရှိလို့ တစ်ကြိမ်မှာ ကြေးပြားငါးပြားထက်ပိုပြီး ထားလို့တော့မရဘူး"
သခင်လေးကျန့်က အပြုံးရပ်သွားလေ၏။
"ငါအပြင်သွားတဲ့အခါ ကြေးပြားတွေကို မယူသွားတတ်ဘူး"
ကြေးပြားများက လေးလံသည်ဖြစ်၍ သူအပြင်ထွက်သည့်အခါတိုင်း တစ်ခုမှယူမသွားချေ။သေချာပေါက် သူ့နားကအစေခံကောင်လေးက ယူလာခဲ့မည်ဖြစ်ကာ ယခုအချိန်တွင် ထိုကောင်လေးကလည်း ရှိမနေပေ။
ယင်းအားတွေးကြည့်ပြီးနောက် သခင်လေးကျန့်က စားပွဲထိုးလေးအား တိုက်ရိုက်ပင် ခေါ်လိုက်ကာ သူ့အား ကြေးပြားတစ်ရာယူလာရန် ပြောလိုက်လေ၏။ထိုနောက် သခင်လေးကျန့်က ကတ်များအား ရဲရဲရင့်ရင့် စတင်ပေါင်းတော့သည်။
သူက အလွန်စွန့်စားလွန်းသဖြင့် သူ၏ပထမဆုံးကတ်နှစ်ခုအား ဆယ့်ငါးထိပေါင်းထည့်လိုက်သောအခါ သူက နောက်ထပ်တစ်ကတ်အတွက် တွန့်ဆုတ်ခြင်းမရှိမေးလာ၏။ဤနည်းလမ်းက သူသာနည်းနည်းဂရုမစိုက်မိရင်တောင်မှ နှစ်ဆယ့်တစ်ကို ကျော်သွားမည်ဖြစ်သည်။ယှဥ်ကြည့်ပါက ကျန်းကျန့်က အလှည့်ခံမည့်သူမဟုတ်၍ သိပ်မကြာမီတွင် သူ့ရှေ့က ကြေးပြားတစ်ရာလုံးက သူ့အပိုင်ဖြစ်လာပေလိမ့်မည်။
သေချာပေါက် သူက ကစားပွဲအားလုံးအား အနိုင်မရခဲ့ပေ။
“များများလေး ထပ်ယူလာခဲ့"သခင်လေးကျန့်က စားပွဲထိုးလေးအား ကြေးပြားများပိုယူလာရန် ပြောလိုက်လေ၏။
“ခဏ"ဤတစ်ကြိမ်တွင် ကျန်းကျန့်က သခင်လေးကျန့်အား တားလိုက်သည်။
“ဘာဖြစ်တာလဲ"သခင်လေးကျန့်က မေးလာ၏။
"မစိုးရိမ်ပါနဲ့..ငါက အရှုံးကို ခံနိုင်ပါတယ်"
“မဟုတ်ဘူး..ငါနဲ့တွေ့ရမယ့်လူက ရောက်နေပြီ"ကျန်းကျန့်က ဆိုလိုက်သည်က ယန်ကျင်း၏အသံအားကြားလိုက်၍ပင်။
သေချာပေါက် လုံလောက်ပေ၏..တစ်ခဏကြာသော် ယန်ကျင်းက ခပ်ဝဝသက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်အတူ အပေါ်ထပ်သို့ တက်လာပေ၏။
ယန်ကျန်းက ဤသက်လတ်ပိုင်းအရွယ်လူကြီးအား အရိုအသေပေးလိုက်၏။
"မန်နေဂျာကျန်း...ကျေးဇူးပြုပြီး အပေါ်ကိုလာပေးပါ..ကျွန်တော့်အစ်ကိုက အပေါ်ထပ်မှာပါ"
မန်နေဂျာကျန်းက အပေါ်တက်လာသည့် ယန်ကျင်းအား ထူးမခြားသလိုဖြစ်မိသော်လည်း အပေါ်သို့ရောက်ပြီးနောက် သူက ထိုသို့ဆက်မဖြစ်နိုင်တော့ချေ။
"သခင်လေး.."
ယန်ကျင်းကလည်း သခင်လေးကျန့်အား အံ့သြတကြီးကြည့်နေ၏။
"သခင်လေးကျန့်လား..."
ဒီ....ကျန်းကျန့်က သခင်လေးကျန့်နဲ့ထိုင်နေတာလား..။
သူက တစ်ခါက ကျန်းကျန့်အား ကျန့်မိသားစုအကြောင်း ပြောပြဖူးလေ၏။
သခင်ကြီးကျန့်တွင် တရားရုံးတော်၌ ဒုတိယအဆင့်အမြင့်ဆုံးအရာရှိတစ်ဦးဖြစ်သည့် အစ်ကိုတစ်ယောက်ရှိကာ သခင်လေးကျန့်က သခင်ကြီးကျန့်၏ တစ်ဦးတည်းသောသားဖြစ်သည်။
သခင်လေးကျန့်က ကျောင်းမသွားဖူးသော်ငြား အလုပ်ကိစ္စဆောင်ရွက်နိုင်၏။ထိုကာစီနိုကလည်း သခင်လေးကျန့်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။ကျန်းကျန့်က သခင်လေးကျန့်နှင့်ရက်ချိန်းမယူနိုင်သဖြင့် သူက ကာစီနိုမန်နေဂျာနှင့်သာ ရက်ချိန်းယူထားရသော်ငြား မလိုအပ်သလိုဖြစ်သွားလေ၏။
ကျန်းကျန့်က သခင်လေးကျန့်၏ပင်ကိုယ်ဗီဇအား သိလေ၏။တကယ်တမ်း ယခင်နေ့က သူက ယန်ကျင်းအား အချက်လက်စုံမေးထားပြီးလေပြီ။သို့သော်လည်း သူက သူ၏ကြွေထည်ပစ္စည်းများဝယ်ချင်သည့်သူက ကျန့်မိသားစုမှန်း မသိခဲ့ပါချေ။
ယခုအချိန်၌ သူသိရင်တောင်မှ အသုံးမဝင်ဖြစ်သွားပေလိမ့်မည်။အမှန်တွင်ဖြင့် ကြွေထည်ရောင်းသူတစ်ယောက်အနေနှင့် သူက ကျန့်မိသားစုနှင့်ဆက်ဆံရေးတစ်ခုအချို့ရှိချင်ရင်တောင်မှ ဆန္ဒရှိနေရုံနှင့် လုပ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း သူကကံကောင်းပေ၏။စားသောက်ဆိုင်သို့ကြိုရောက်ထားနှင့်ပြီးသည့်နောက် သူက သခင်လေးကျန့်က ထိုနေရာတွင်ထိုင်နေသည်အား တွေ့လိုက်ရသည်...ကျန်းကျန့်က မန်နေဂျာထံ ကဒ်များပေးချင်ပါသော်လည်း ယခု....သူက ဤကဒ်များအား သခင်လေးကျန့်ထံ ပေးလိုက်ခြင်းဖြင့် ပိုပြီးအကျိုးမြတ်ပိုရနိုင်သည်ပင်။
“မင်း သူ့ကိုအပြင်မှာ ပြောခဲ့တာလား..အဲ့တာအတွက် စိတ်မပူနဲ့ မင်းငါနဲ့ဆက်ကစားနိုင်တယ်"
သခင်လေးကျန့်က ဆိုလိုက်သည်။
"ငါတို့ ဒီကဒ်တွေနဲ့ တခြားဘာများကစားနိုင်သေးလဲ"
“ဒီကတ်တွေနဲ့ကစားဖို့က နည်းအများကြီးရှိတယ်"
ကျန်းကျန့်က ဆိုလိုက်ရင်း:"သခင်လေးကျန့်က ကာစီနိုအတွက်သင့်တော်တဲ့ ကစားနည်းကိုမြင်ချင်တာလား.ဒါမှမဟုတ် မိသားစုနဲ့အချိန်ဖြန်းဖို့အတွက် သင့်တော်တဲ့တစ်မျိုးလား"
“ငါနှစ်ခုလုံးမြင်ချင်တယ်"
သခင်လေးကျန့်က တွန့်ဆုတ်ခြင်းမရှိဆိုလာ၏။
လက်ရှိအချိန်တွင် ကျန်းကျန့်အတွက် ကစားနည်းအားလုံးအား ပြလိုက်ရန်က မဖြစ်နိုင်ချေ။အမှန်တွင်ဖြင့် သူကိုယ်တိုင်လည်း အများကြီး မမှတ်မိတော့၍ပင်။အဆုံးတွင် သူက ကစားနည်းနှစ်မျိုးသာပြလိုက်ပြီး တစ်ခုက နျိူနျိူဟုလည်းသိကြသည့် နွားသိုးတိုက်ခြင်းနှင့် အခြားတစ်ခုက မြေရှင်တိုက်ပွဲဖြစ်သည်။
ဤသည်တို့က ကစားနည်းသုံးမျိုးသာဖြစ်သည်။သို့သော်လည်း တစ်နေ့လည်လုံးကစားပြီးသည့်နောက် သူတို့လည်း ပျင်းမနေတော့ပေ။
“မှောင်ပါတော့မယ်..သခင်လေးကျန့်"ကျန်းကျန့်က သူ့အား ညစာအတွက် အိမ်ပြန်တော့မည်ဖြစ်ကြောင်း သတိပေးလာသည်။
“ဆိုတော့....."
သခင်လေးကျန့်က လက်ထဲရှိ ကတ်များအား တွန့်ဆုတ်ဆုတ်နှင့် ချထားလိုက်ရပြီး ကျန်းကျန့်အား မေးလာ၏;
"ဒါတွေက မင်းကိုယ်တိုင်ထွင်ထားတာလား...မင်းဘယ်လောက်လိုချင်သလဲ"
သခင်လေးကျန့်၏အမည်ရင်းသည်ကား ကျန့်ရီဖြစ်သည်။သူက ကစားခြင်းအား ကြိုက်နှစ်သက်ပြီးကျွမ်းကျင်လေ၏။တစ်နေ့လည်လုံးကစားပြီးသည့်နောက် သူက ဤကတ်တစ်စုံလုံး၏တန်ဖိုးအား ရှာတွေ့ပြီးသွားလေ၏။တစ်ခဏမျှချင့်ချိန်စဥ်းစားပြီးနောက် သူက ကျန်းကျန့်မှာ ရည်ရွယ်ချက်ရှိရှိ သူစိတ်ဝင်စားလာအောင်လုပ်နေခြင်း ဖြစ်နိုင်၏။သေချာပေါက် သူတို့သာမတွေ့လိုက်ပါက ကျန်းကျန့်က သူ့လက်အောက်တွင်တာဝန်ပေးခံထားရသည့် လူတစ်ယောက်ဆီ သွားပေလိမ့်မည်ဖြစ်သည်။
တူညီသည့်အရာကိုပင် စဥ်းစားနေသည့် မန်နေဂျာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန့်ရီက ကျန်းကျန့်က သူတို့ဆီသို့ ပိုက်ဆံကြောင့်သာရောက်လာမည်ဖြစ်မည်ဟု ခံစားမိလေ၏။
“သခင်လေးကျန့်..တစ်ယောက်ယောက်က ငါ့ကိုဒါသင်ပေးခဲ့တာဆိုပေမယ့် အခု တချီကငါတို့လူနည်းစုလေးလောက်ပဲ ကစားနိုင်တာ...ဒါပေမယ့် ပိုက်ဆံကြောင့်မဟုတ်ဘူး"
ကျန်းကျန့်က ဆိုလာ၏။
“မင်းက ပိုက်ဆံမလိုချင်ဘူးလား..ဒါဖြင့် ဘာလိုချင်တာလဲ..ငါ့ကိုပြော"
သခင်လေးကျန့်က မေးလာ၏။သူက ဤကတ်များအား ယခင်ကမမြင်ဖူးချေ။သူသာ ယင်းတို့အား ကမ်းလှမ်းနိုင်ပါက ...နန်းတော်ထဲက မိန်းမပျိုလေးများက အလွန်ကြိုက်ကြမည်ပင်။သူက ကတ်များကို သူတို့အားမကမ်းလှမ်းလိုက်ရင်တောင်မှ သူ၏ကာစီနိုအတွက် ကောင်းပေ၏။ .
“အကြောင်းကိစ္စကတော့ ...ငါက မန်နေဂျာကျန်းနဲ့ ဒီနေ့ရက်ချိန်းယူရတာက လောင်းကစားအိမ်ကလူတစ်ယောက်ကို အပြစ်လုပ်ခဲ့တာမို့လို့ပဲ..ဒီကတ်တွေနဲ့ ငါအမှားကိုပြင်ဆင်ချင်တယ်"
ကျန်းကျန့်က ဆိုလာ၏။
“မင်းက လောင်းကစားအိမ်ရဲ့ဝန်ထမ်းကို အပြစ်ပြုခဲ့တယ်လား..."သခင်လေးကျန့်က မန်နေဂျာကျန်းအား ကြည့်လိုက်လေ၏။
မန်နေဂျာကျန်းကလည်း အတော်လေး စိတ်လှုပ်ရှားသွားလေ၏။ကျန်းကျန့်က သူတို့ကို အပြစ်လုပ်ခဲ့တာလား။သူက ကျန်းကျန့်အား ယခင်က တစ်ကြိမ်မှမမြင်ဖူးချေ။
“ငါက မင်းတို့လောင်းကစားဆိုင်က လျူဟိုင်ထုန်ကိုရိုက်ခဲ့တာ...သူ့လက်အောက်မှာလည်း လူအများကြီးရှိတယ်..ဒါကြောင့် ငါ့မိသားစုအတွက်ကောင်းမှာမဟုတ်မှန်း စိုးရိမ်မိလို့"ကျန်းကျန့်က ဆိုလာ၏။I
“လျူဟိုင်ထုန်က ဘယ်သူလဲ"သခင်လေးကျန့်က ထပ်မေးလာ၏။သူ့ရဲ့လောင်းကစားဆိုင်မှာ အဲ့လိုလူမျိုးရှိသလား။
“ဟိုင်လေး...လူကောင်ကြီးပြီးအသက်ငယ်တဲ့တစ်ယောက်"မန်နေဂျာကျန့်က ဆိုလိုက်သည်။
“အာ..ဟိုင်လေးကိုး...မင်းသူ့ကိုရိုက်နိုင်ခဲ့တာလား"သခင်လေးကျန့်က ကျန်းကျန့်အား အံ့သြတကြီးကြည့်လိုက်လေ၏။လျူဟိုင်ထုန်က သူ့လက်အောက်ရှိ အကောင်းဆုံးတိုက်ခိုက်သမားများထဲမှ တစ်ယောက်ပင်။
“မင်းဒါကို မသိပါဘူး သခင်လေးကျန့်...ဒါပေမယ့် အစ်ကိုအကြီးဆုံးကြီးက အားကြီးလွန်းလှတယ်..သူတစ်ယောက်တည်းနဲ့ လူဆယ်ယောက်ကိုတောင် အနိုင်ရနိုင်တယ်..မနေ့က ငါတို့အစ်ကိုအကြီးဆုံးက လက်ထပ်တာလေ..ဒါပေမယ့် လျူဟိုင်ထုန်က ပြဿနာရှာခဲ့တယ်..သူက လူတွေအများကြီးခေါ်လာပေမယ့် အရိုက်ခံရတုန်းပဲ...ကျွန်တော်ထင်တာ လျူဟိုင်ထုန်က အရှုံးမပေးလောက်ဘူးလို့ ဒါကြောင့် မန်နေဂျာကျန်းနဲ့ရက်ချိန်းယူဖို့ ကူညီပေးလိုက်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းဖို့နဲ့ ပြေလည်သွားအောင်လို့ပါ"
ယန်ကျင်းက အပြုံးလေးနှင့်ဆိုလာပြီး ကျန်းကျန့်အား ချီးမွန်းနေ၏။