အပိုင်း၇၈
Viewers 21k

Chapter 78

Chapter 78

ကျန်းကျန့်က လူကောင်းတစ်ယောက်ပါ




ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က အိမ်သို့အလွန်နောက်ကျမှ ပြန်ရောက်ခဲ့သော်လည်း ကျောက်လျူက ဟင်းပွဲများအား ပေါင်းချောင်စင်သို့ ထားထား၍ ပူနွေးနေဆဲဖြစ်သည်။ဟင်းပွဲများက ထိပင်မထိရသေးသည့်ပုံပေါ်ကာ အိုးထဲရှိ ထမင်းကလည်း အပြည့်ဖြစ်နေဆဲဖြစ်သည်။ကျောက်ဖူကွေ့နှင့် သူ့ဇနီးက မနေ့ကကျန်သည့် ထမင်းအေးများအား စားပြီးသွားခြင်းဖြစ်လိမ့်မည်။


“အမေတို့က စားပြီးပြီ..ဒါကြောင့် မြန်မြန်လုပ်ပြီးစားကြတော့"ကျောက်လျူက အပြုံးလေးနှင့်ဆိုလာ၏။


“အင်း...."ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်ပြီး သူ့ပန်းကန်အား ထမင်းအပြည့်ဖြည့်ကာ စားသောက်တော့သည်။စားပြီးသည်တွင် သူက ယနေ့ ကြွေထည်ပစ္စည်းများရောင်းချရာမှ ရရှိခဲ့သောငွေစများအား ဝါးခြင်းတောင်းလေးမှ ထုတ်လာခဲ့၏။


သူက စက္ကူဝယ်ရာ၌ ပိုက်ဆံအချို့ဖြန်းမိခဲ့သေည်လည်း နောက်ပိုင်း ကျန့်ရီနှင့်အခြားသူများထံမှ ပိုက်ဆံအချို့နိုင်ခဲ့၍ ယခုအချိန်၌ ငွေစတစ်ရာထက်ပင် နည်းနည်းပိုကျန်နေသေးလေ၏။


“အမေ..အဖေ..ကျွန်တော် ဒီနေ့ ကြွေထည်ပစ္စည်းရောင်းရာကနေ နောက်ထပ် ငွေစတစ်ရာရှာနိုင်ခဲတယ်..ဒါကို အရင်ဆုံးသိမ်းထားပေးပါအုံး..ပြီးရင် အမေတို့ မြေအချို့ဝယ်နိုင်လား သွားကြည့်ထားလိုက်ပါ"


ကျန်းကျန့်က ဆိုလိုက်သည်။ကျောက်ထူကွေ့နှင့်သူ့ဇနီးက ခက်ခဲသည့်ဘဝတွင်ရှင်သန်ရသည်က အသားကျနေပြီးဖြစ်၍ ကောင်းမွန်သည့်အရာများအား စားသောက်ရန် တွန့်ဆုတ်နေကြသော်ငြား သူတို့မိသားစုတွင်သာ ပိုက်ဆံနှင့်မြေများများရှိလာပါက ပိုပြီးကောင်းကောင်းစားချင်ပေလိမ့်မည်။


နောက်ထပ် ငွေစတစ်ရာ....ကျောက်လျူနှင့် ကျေက်ဖူကွေ့တို့က အလွန်အံ့အားသင့်သွားကြကာ တစ်ခဏကြာသည်ထိ ပြန်မကောင်းလာနိုင်သေးပေ။ကျန်းကျန့်က ဘာလို့ တစ်ကြိမ်ပြီးတစ်ကြိမ် ထိတ်လန့်အောင်လုပ်နေရတာလဲ။


“ဒါ....ဒါ...."ကျောက်ဖူကွေ့က ကြောင်အသွားရလေ၏။


"အဖေတို့ အိမ်တစ်အိမ်ဆောက်ကြမလား"


သူတို့ရွာရှိလူများက ပိုက်ဆံအပိုရှိလာသောအခါ အိမ်များဆောက်ရသည်အား သဘောကျကြလေ၏။သူတို့က အိမ်များအား ခမ်းခမ်းနားနားဆောက်ကြသော်ငြား ကျန်းကျန့်က လိုအပ်သည်ဟုမထင်ချေ။


ရွာထဲရှိလူအချို့က အိမ်များဆောက်ပြီးသည်နှင့် ပရိဘောဂနှင့် နေ့စဥ်လိုအပ်သည်လေးများအား ဝယ်ရန် ပိုက်ဆံမရှိကြတော့ပေ။သူတို့က အိမ်ကြီးကြီးတွင်နေရသော်လည်း အလွတ်ကြီးဖြစ်နေကာ အဝတ်စုတ်များသာ ကျန်ရှိလေ၏။ထိုအကြောင်းကြောင့် အိမ်သေးသေးလေးတွင်နေရပြီး အိမ်သုံးပစ္စည်းကောင်းကောင်းလေးများ သုံးရသည်က ပိုကောင်းလေ၏။အဓိကအားဖြင့် သူတို့က ပိုကောင်းကောင်းစားရမည်ဖြစ်၏။


ကျန်းကျန့်က အိမ်ဆောက်မည့်တောင်းဆိုချက်အား ငြင်းဆန်လိုက်ကာ ကျောက်ဖူကွေ့ကလည်း ထိုအရာသည်လည်း ကောင်းကြောင်းတွေးမိလေ၏


"ဟုတ်တယ်..အခုဆို ငါတို့အိမ်လည်း ကြီးပါပြီ..အရင်ဆုံး မြေအချို့ဝယ်ထားတာက ပိုကောင်းမယ်..မြေနဲ့ဆို အိမ်မရှိမှာကို ဘယ်လိုလုပ် စိတ်ပူနေရတော့မှာလဲ"


ကျောက်ဖူကွေ့က ပိုက်ဆံအားယူလိုက်ပြီး သူ့အခန်းသို့ ကျောက်လျူနှင့်အတူပြန်သွားကာ ကျန်းကျန့်က ကျောက်ကျင်းကောအား ရေချိုးရန်ခေါ်သွားလေ၏:


"ကျင်းကော..ငါမင်းနောက်ကျောကို တိုက်ပေးရမလား"


သူ့နောက်ကျောကို တိုက်ပေးမယ်...ကျောက်ကျင်းကောက အနည်းငယ် တွန့်ဆုတ်သွားသော်ငြား ကျန်းကျန်အား ငြင်းဆန်ရန် တွန့်ဆုတ်နေ၍ အဆုံးတွင် အံတင်းတင်းကြိတ်လိုက်ရင်း ဆိုလိုက်၏;


"ကောင်းပါပြီ"


ကျန်းကျန့်က နောက်ကျောအား တိုက်ပေးမည်ဟု ပြောခဲ့သော်လည်း အဆုံးတွင် သူက အရှေ့ဘက်ပိုင်းကိုလည်း ပွတ်သပ်လာပေ၏။သူက ကျောက်ကျင်းကောက သူ့ခင်ပွန်းကိုသာ အကြိမ်များစွာပြထားဖူးသည့် အပိုင်းများကိုလည်း ဆေးကြောပေးနေပြီး ကျောက်ကျင်းကောအား မြေကြီးထဲတွင်းတူးလိုက်ရန်သာ ဆုတောင်းမိစေသည်။


“ငါက နောက်ကျ နမ်းတော့မှာမို့ သန့်ရှင်းဆေးကြောရမယ်လေ"


ကျန်းကျန့်က အပြုံးလေးနှင့်ဆိုလိုက်သည်။သူက မနေ့ညက စစချင်းဖြစ်၍ စိတ်လှုပ်ရှားလွန်းနေကာ ကျောက်ကျင်းကောအား သာယာမှုမပေးနိုင်ခဲ့ပေ။သို့သော်လည်း ယနေ့တွင်ဖြင့် ကွာခြားသွားလေပြီ...။


ကျောက်ကျင်းကောက ကျန်းကျန့်၏စကားများအားကြားသော် ကျန်းကျန့်က အဓိပ္ပါယ်မရှိသည်တို့အား ပြောနေသည်ဟုသာ တွေးလိုက်လေ၏။သူတို့ အိပ်ရာထဲရောက်သွားသည်နှင့် ကျန်းကျန့်က တကယ်ကြီး မြည်းစမ်းလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။


ကျောက်ကျင်းကောက ယောက်ကျာ်းနှင့်မိန်းမတို့အကြောင်း တစ်ခုစနှစ်ခုစသိသော်လည်း သူက ဤသည်အား ပါးစပ်နှင့်လုပ်၍ရမှန်း မသိခဲ့ပါချေ။


ကျန်းကျန့်က ထိုအရာမျိုးအား သူ့အပေါ် လုပ်ရန်ဆန္ဒရှိလေ၏။


တစ်နေ့တာကုန်ပြီးနောက် ကျောက်ကျင်းကောက ကိုင်ပေါက်ခံထားရသလိုဖြစ်ကာ ပျော့ခွေနေပြီး လှုပ်ပင်မလှုပ်နိုင်ချေ။


ထို့နောက် ကျန်းကျန့်က သူ့အားတစ်ပတ်လှည့်လိုက်ပြီး သူကိုယ်တိုင် စတင်ပျော်မွေ့နေတော့သည်။အိပ်ရာထဲတွင် တစ်ကြိမ်လူးလွန့်နေသည်က မလုံလောက်၍ ခဏနားပြီးသည့်နောက် သူက ကျောက်ကျင်းကောအား တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရင်း လူးလွန့်တော့သည်။


ဤည၏စိတ်လှုပ်ရှားမှုက ကျောက်ကျင်းကောအတွက် သူတို့၏မင်္ဂလာဦးညထက် ပိုလေ၏။ကျန်းကျန့်က သူ၏နူးညံ့ကာအားနည်းနေသည့်ပုံစံလေးအား ကြည့်ရင်း စိတ်ကျေနပ်နေတော့သည်။


တစ်ဖက်တွင်လည်း ကျောက်ဖူကွေ့နှင့်သူ့ဇနီးက ငွေစများကြောင့် အိပ်မပျော်နိုင်ဖြစ်နေရကာ အတော်လေး ကွဲလွဲနေ၏။


ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ထံမှ မည်သည့်အသံများထွက်မလာသလောက်ရှိသော်လည်း အခါအားလျော်စွာမှထွက်လာသည့် တကျွီကျွီမြည်သံများသာ...။


သူတို့က ကုတင်အသစ်မှာ နှစ်အနည်းငယ်အတွင်း ကျိုးသွားမည်စိုးရသည်။


အလိုလေး...သူတို့က ငယ်ရွယ်ပြီး မျှော်လင့်မထားစွာပင် အချိန်အကြာကြီး လူးလွန့်နိုင်ပေ၏။


ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ထိုညနေခင်းတွင် အချိန်ကောင်းလေးရှိခဲ့ကြသည်။သို့သော်လည်း စီရင်စုမြို့ထဲရှိ လောင်းကစားဆိုင်တွင် နေနေသည့် လျူဟိုင်ထုန်အတွက်မူ သူက အမှန်ပင် ကံမကောင်းဟု ခံစားရလေ၏။


သူက အထူးအနေနှင့် မန်နေဂျာကျန်းထံသို့ သွားပြီး သူ့အား ပိုက်ဆံအမြောက်အမြားပေးလိုက်သည်ပင်။ရလဒ်အနေနှင့် သူက မန်နေဂျာကျန်းထံမှ စကားတစ်ခွန်းသာရလိုက်သည်;


"သခင်လေးက ကျန်းကျန့်ကို အများကြီး တန်ဖိုးထားတယ်"


သခင်လေးက မမျှော်လင့်ထားပဲ အဲ့ဒီကျန်းကျန့်ကို အရေးပါဆုံးအရာနဲ့ တုပ်နှောင်ထားလိုက်တာပဲ။


သခင်လေးက ဘယ်သူမို့လို့။ထိုလူက သူတို့အားလုံး အမှားပြုမိမှာကြောက်သည့်လူ ဖြစ်ကာ သူက တကယ်ကြီး ကျန်းကျန့်အား အရေးအပါဆုံးအဖြစ် ချည်ထားပြီးလေ၏။


လျူဟိုင်ထုန်က ပါးစပ်ထဲ ခါးသက်သက်ခံစားလိုက်ရသည်။သူဘာလိုလုပ်ပြီး ကျန်းကျန့်ကို အမှားလုပ်မယ့်အတွေး မတွေးနိုင်ရတာလဲ။


လျူဟိုင်ထုန်က လောင်းကစားအိမ်တော်ရှိ နံပတ်တစ် ကြေးစားလူမိုက်ဖြစ်သော်ငြား လောင်းကစားအိမ်တော်ရှိ လူမိုက်များအားလုံးက သူ့အမိန့်အောက်တွင်မဟုတ်ချေ။ယခု သူတို့က သူ မန်နေဂျာအသစ်အား အမှားလုပ်ထားကြောင်းကြားသွားကြသည့်အခါ စိုက်မကြည့်ဘဲမနေနိုင်အောင် ဖြစ်သွားရသည်။


မန်နေဂျာသစ်အတွက် ...သူတို့က သခင်လေးကိုယ်တိုင်က ခန့်အပ်ထားသည့် မန်နေဂျာအသစ်အား မနာခံသလိုမလေးစားသလို မပြရဲကြချေ။


.....



သူလက်ထပ်ပြီးဒုတိယမြောက်နေ့၌ ကျန်းကျန့်က နောက်ဆုံးနိုးလာပြီး ကျောက်ကျင်းကောမထမီ ထိလိုက်သော်ငြား သူက ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့လောက် မစောချေ။


သူအိမ်ကထွက်လာသည်အား မြင်ပြီးနောက် မနက်စာပြင်နေပြီဖြစ်သည့် ကျောက်လျူက ရုတ်တရက်မေးလာ၏;


"ကျင်းကောရော...ကျင်းကောဘာလို့မထသေးတာလဲ..ကျန်းကျန့်...သွားပြီးသူ့ကိုနိုးလိုက်ပါအုံး...မင်းသူ့ကို ပိုပြီးပျင်းပျင်းမလာစေနဲ့လေ..."


“အမေ...သူက မနိုးသေးဘူး..နည်းနည်းကြာကြာလေးအိပ်ပါစေ"ကျန်းကျန့်က ဆိုလိုက်သည်။


“အရမ်းနောက်ကျမှအိပ်တာက ပိုပြီး ဆိုးလာတော့မယ်"ကျောက်လျူက မျက်နှာထက် အပြုံးလေးနှင့်ဆိုလာ၏။


ကျန်းကျန့်က ကျောက်ကျင်းကောအား ကောင်းကောင်းဆက်ဆံသောအခါ သူမရင်ထဲ ကျေနပ်ဝမ်းသာရသည်။


ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့အပြင်ထွက်သွားပြီးနောက် သူမက ချက်ချင်းပင် တစ်ယောက်ယောက်အား ပြောပြရန်ရှာလိုက်လေ၏။


"ကျန်းကျန့်က တစ်ကယ်ကို ကျွန်မရဲ့ကျင်းကောလေးအပေါ် ကောင်းတယ်...သူမနက်ထလာတော့လေ...သူ့ကိုနိုးဖို့တောင် တွန့်ဆုတ်နေတာ"


“ကျွန်မဘာလုပ်နိုင်မှာတဲ့လဲ...ကျွန်မရဲ့ကျင်းကောလေးက ပိုပိုပြီး ပျင်းရိလာပြီ"


“ကျန်းကျန့်က ပိုက်ဆံဘယ်လိုစုဆောင်းရမလဲမသိဘူး...သူပိုက်ဆံရလာရင် ကျွန်မတို့ကို ပေးတော့တာ"


ကျောက်လျူ၏စကားများအား နားထောင်ပြီးနောက် လူအချို့က သူတို့အိမ်သားများထံသွားကာ ပြဿနာရှာကြမည်က မလွဲမသွေပင်။


"ကျောက်မိသားစုကိုကြည့်လိုက်စမ်း...ကျောက်လျူက လယ်ကွင်းထဲဘာမှလုပ်စရာမလိုပဲနဲ့တောင် အိမ်မှာ အရသာရှိတာတွေစားရတယ်..ပြီးတော့ ကျောက်ကျင်းကောကရော..သူက အဲ့လိုပုံစံနဲ့ကြီးပြင်းလာခဲ့ပြီး သူက လက်တစ်ဖက်မစရာတောင်မလိုဘူး...ကျွန်မက သူတို့ထက်မဆိုးဝါးပါဘူး...ကလေးတွေကို ဂရုစိုက်ရတယ်..အိမ်အလုပ်တွေ လယ်အလုပ်တွေရော လုပ်ပေးရတယ်..ကျွန်မ ဘယ်လိုလုပ်ပြီး ရှင့်လိုလူမျိုးနဲ့ အတူရှိနိုင်တော့မှာလဲ"


ကျန်းကျန့်က သူကျောက်ကျင်းကောအား နောက်ကျသည်ထိအိပ်စေမိသည်က ဟယ်ရှီရွာထဲရှိလူအချို့ကြား မိသားစုစစ်ပွဲများဖြစ်ပေါ်သွားစေရမှန်း မသိလိုက်ပါချေ။


ဤနေ့တွင် သူက ဝမ်ဟိုင်ရှန်းနှင့်အခြားသူများအား သူနှင့်အတူခေါ်မလာတော့ပေ။ထို့အစား သူက စီရင်စုမြို့အား ကျောက်ကျင်းကောနှင့်အတူ သွားလေ၏။ကျောက်ကျင်းကောက လှေလှော်နည်းအား သင်ချင်၍ သူက သင်ပေးလိုက်ရသည်။


သူတို့ စီရင်စုမြို့သို့ရောက်သည်နှင့် သူတို့က လောင်းကစားအိမ်သို့မသွားလိုက်တော့ပဲ ကျန့်မိသားစုသို့သာ ဦးတည်သွားလိုက်သည်။


မနေ့က ကတ်ထုပ်များအား ကျန်းရီကယူသွားပြီး သူက ကျန်းကျန့်အား ယနေ့စောစောလာရန်ပြောထားသည် သူက ဤကတ်များပြုလုပ်ပုံနှင့် အထောက်အကူပြုပုံတို့အား ဆွေးနွေးချင်သည်ဟုလည်း ဆိုခဲ့သည်။သူတို့သာ အချိန်တိုအတွင်း မတုပနိုင်ပါက အကောင်းဆုံးဖြစ်မည်ဖြစ်၍ သူတို့ကပိုပြီးများများရနိုင်လေ၏။


ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က သူတို့လှေအား စီရင်စုမြို့သို့ လှော်သွားခဲ့ကြပြီး ကျန့်အိမ်တော်၏အနောက်တံခါးသို့ ဖြတ်ဝင်သွားလေ၏။သို့သော်လည်း ယခုအချိန်တွင် သူတို့က မတူထူးခြားစွာ ဆက်ဆံခံရလေ၏။အစေခံမိန်းကလေးများနှင့် အစေခံငယ်လေးများကလည်း ရောက်လာကြကာ ကျောက်ကျင်းကောအား အစောင့်အကြပ်သဖွယ်ဝန်းရံပေးလာကြသည်။ဤစီရင်စုမြို့တွင် ဆွဲဆောင်မှုများစွာရှိကာ သူ့အတွက် ဤနေရာသို့ ကျန်းကျန့်နှင့်အတူ လာလိုက်သည်က အလွန်မှန်ကန်သွားလေ၏။


ကျန့်မိသားစုတွင် ဒုတိယအဆင့်အမြင့်ဆုံး အရာရှိတစ်ယောက်ရှိကာ သူတို့က စီရင်စုမြို့တွင် အချမ်းသာဆုံးမိသားစုဖြစ်နိုင်သည်။ကျန်းကျန့်က ကျန့်အိမ်တော်က အလွန်ကြီးမားမည်ဟု တွေးမိသော်ငြား ယခုတစ်ကြိမ်လာခဲ့ပြီးသည့်နောက် အရာအားလုံးက အထူးကောင်းမွန်နေပုံပေါ်ရင်တောင်မှ သူ့ကိစ္စမဟုတ်ကြောင်း သိသွားလေ၏။


ဤအိမ်တော်က အလွန်မကြီးပေ....စီရင်စုမြို့က အလွန်ကြီးမားသော်လည်း အိမ်၏မြေနေရာအားချဲ့ထွင်ရန် မြေနေရာလွတ်မရှိသည့်အတွက် ဖြစ်နိုင်၏...ထိုကြီးမားသည့်ဥယျာဥ်ကြီးများက တောရွာနေရာမျိုးတွင်သာ ဆောက်လုပ်နိုင်၏။


သေချာပေါက် ကျန်းကျန့်က ကျန့်အိမ်တော်သေးငယ်ရသည်ဟုထင်မိခြင်းက တောရွာတွင် မြေနေရာကျယ်ကြီးများအား ခြံခတ်ထားသည့် စည်းရိုးများကိုသာ မြင်ဖူးနေကျဖြစ်၍ပင်။အမှန်တရားသည်ဖြင့် ကျန့်အိမ်တော်က များစွာသော ခေတ်သစ်မှအိမ်များထက် ပိုမိုကျယ်ဝန်းလေ၏။


ကျန့်ရီက ကျန်းကျန့်နှင့်ဆုံသည့်နေရာက ရေကန်ငယ်လေးပေါ်တွင် ဆောက်လုပ်ထားသည့် ပွဲကြည့်စင်လေးတွင် ဖြစ်သည်။ယနေ့က နေသာပြီးလေတဖြူးဖြူးနေ၍ ထိုနေရာတွင် တွေ့ဆုံရသည်က သာယာလှသည်။


“မင်းရောက်နေပြီပဲ"


ကျန်းကျန့်အား မြင်ပြီးနောက် ကျန့်ရီက တစ်ချက်သမ်းလိုက်ကာ ကြိမ်ကုလားထိုင်မှထလာပြီး ကျောက်စားပွဲဘေးရှိ ကျောက်ခုံကလေးပေါ်ထိုင်လိုက်သည်။


ကျန့်ရီက ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း သူ့အသားအရေကောင်းမွန်နေသည်က ကလေးဘဝကတည်းက ကံကောင်းခြင်းများနှင့်ကြီးပြင်းလာ၍ဖြစ်မည်။ဟယ်ရှီရွာရှိ အသားရေအကောင်းဆုံးဖြစ်သည့် ဟယ်ချိုးရှန့်တောင်မှ သူ့လောက်နီးနီးသာရှိမည်ပင်။ယခုအချိန်တွင် တမူထူးခြားသည့်အသားရေဖျော့ဖျော့ကြောင့် သူ့မျက်နှာရှိမျက်ကွင်းမည်းများနှင့် အမွေးမျှင်များက အလွန်သိသာနေ၏။


“သခင်ကြီးကျန့်"


ကျန်းကျန့်နှင့်ကျောက်ကျင်းကောက သူ့အား ထုံးစံအတိုင်းနှုတ်ဆက်လိုက်ကြသည်။


“ထိုင်ပါ...ကတ်အကြောင်းပြောကြတာပေါ့"


သခင်လေးကျန့်က ကျန်းကျန့်မနေ့က သူ့အားပေးလိုက်သည့် ကတ်များအား စားပွဲပေါ်တင်လိုက်သည်။


ကတ်များက အဖြူရောင်စက္ကူနှင့်လုပ်ထား၍ မနေ့ကနေ့လည်က ကစားလိုက်ရာမှ နည်းနည်းရိနေ၏။ယခုမူ ၎င်းတို့အားလုံးက အဖန်ဖန်သုံးထားပြီးသည့်ပုံပေါ်နေသည်။


သိသာစွာပင် ကျန့်ရီ၏မျက်နှာရှိ မျက်ကွင်းများညိုမည်းနေရသည်က တစ်ညလုံးကတ်ကစားနေ၍ ဖြစ်ရမည်။


“ငါမနေ့က ပြန်လာတော့ ငါ့အမေရယ် ငါ့မိန်းမရယ်နဲ့ ကစားကြတာ..ပြီးတော့ ငါနည်းနည်းပဲအိပ်လိုက်ရတယ်"


ကျန့်ရီက ကျန်းကျန့်မျက်လုံးအကြည့်များ ကဒ်အပေါ်ကျသွားသည်အား သတိထားမိသွားပြီး တစ်ဖန်သမ်းဝေလိုက်ပြန်၏။


"သူတို့သာ အခုလေးတင်အိပ်ပျော်မသွားဘူးဆိုရင် ငါ့ကိုကဒ်တွေယူထားခွင့်တောင်ပေးမှာမဟုတ်ဘူး"


ကျန်းကျန့်က စကားမပြောလိုက်မီမှာပင် ကျန့်ရီက ထပ်ပြောလာ၏:"ဒါပေမယ့် တကယ့်ကို ကတ်ပုံတွေက ရုပ်ဆိုးလွန်းတာ"


“. . .” ကျန်းကျန့်တွင် ပြောစရာမရှိတော့။


"ငါက ကျောင်းမနေဖူးလို့ ပုံကိုလည်း ကြုံရာပဲဆွဲနိုင်တာ...ဒီလိုဆွဲထားနိုင်တာကိုက ကောင်းနေပြီ"


“မင်းက ကျောင်းမနေဖူးဘူး..."


ကျန့်ရီက ကျန်းကျန့်အား အံ့အားသင့်စွာ ကြည့်လိုက်လေ၏။သူက ကျန်းကျန့်အား စုံစမ်းရန် လူလွှတ်လိုက်သော်ငြား အချိန်က တိုတောင်းလွန်း၍ သူ့လူဆီက ပြန်စာမရသေးချေ။


သို့သော်လည်း သူက ကျန်းကျန့်၏အထူးအခြေအနေအား မသိရင်တောင်မှ ကျန်းကျန့်အား အကဲခတ်ခြင်းအားဖြင့် သူက ကောင်းကောင်းမွန်မွန်မွေးဖွားလာပြီး ဗဟုသုတကြွယ်သည့်သူတစ်ယောက်ဖြစ်ကြောင်း ခံစားမိလေ၏။သူက ကျန်းကျန့်မှာ လျူဟိုင်ထုန်အား ရိုက်နိုင်ခြင်းနှင့် သူ့လက်ရေးကအလွန်ရုပ်ဆိုးနေခြင်းကြောင့် စစ်သူကြီးဖြစ်မည်ဟုပင် မျှော်လင့်ထားချေ၏။


ကျန့်ရီက ကတ်ထုပ်ထဲမှ၏ ထိပ်ဆုံးကဒ်အား မလိုက်ရာ ကတ်ပေါ်တွင် "ကျား"ဆိုသည့် အရုပ်ဆိုးဆိုးစကားလုံးတစ်လုံးရှိနေသည်။


“ငါက ဟယ်ရှီရွာက သာမန်လယ်သမားမိသားစုကပါ...ကျောင်းမနေဖူးဘူး..ဒါပေမယ့် ညီနှစ်ယောက်ကတော့ နေဖူးတယ်..အခွင့်သင့်ရင် သူတို့ဆီက နားထောင်ပြီး ဖတ်တတ်လာတာ"


ကျန်းကျန့်က ဆို၏။


ကျန့်ရီက ပြုံးကာ ဆိုလိုက်သည်:"မင်းရဲ့အရည်အသွေးကို တောင်ယာလုပ်ငန်းမှာပဲ မြုပ်နှံထားတာပေါ့"


ကျန်းကျန့်က သူ့အားကြည့်လိုက်သောအခါ သူက နှိမ်နေသည်လည်းမဟုတ် အထက်စီးဆန်နေသည်လည်း မဟုတ်ချေ။သူက အမှန်ပင် သာမန်မိသားစုမှ လူတစ်ယောက်နှင့်တူမနေ၍ဖြစ်သည်။


စကားစမြည်ပြောဆိုကြပြီးနောက် နှစ်ဦးသား လိုရင်းကိုတည့်တည့်သွားကာ ကတ်များအကြောင်းပြောကြသည်။


“မင်း အဲ့ဒီအပေါ်မှာဆွဲထားတဲ့ အကွက်လေးကွက်က နည်းနည်း ထင်းနေတာ...အဲ့တာကို ဇီးတို့ သစ်ခွတို့ ဝါးတို့ ဂန္ဓမာပန်းတို့နဲ့ပြောင်းလိုက်ရင် ပိုကောင်းသွားမယ်လို့ထင်မိလား.."


သူတို့က စပြောလိုက်သည်နှင့် ကျန့်ရီက ဤအကြံအား ထုတ်ပြလာ၏။


“လူကြီးလူကောင်းလေးယောက်ကို လောင်းကစားအိမ်မှာ ပေါ်လာခဲ့ဖို့က ဖြစ်မှာမဟုတ်ဘူး...လုပ်ဖို့ကလည်း ဒုက္ခများလောက်တယ်..ငါ့အယူအဆရဆို အသုံးအများဆုံးကတ်တွေအတွက် ရိုးရိုးရှင်းရှင်းအကွက်လေးတွေသုံးလိုက်ရင် ပိုကောင်းမယ်..ဒါပေမယ့် သာမန်ကတ်တွေပါလာရင်တော့ အမျိုးသမီးတွေအတွက် ပိုပြီးသိမ်မွေ့ပုံရတဲ့ကတ်တွေလုပ်နိုင်တယ်...ဇီးတို့ သစ်ခွတို့ ဝါးနဲ့ ဂန္ဓမာတွေ ဆွဲလို့ရတယ်..ဒီကျားကတ်နှစ်ခုကို နေနဲ့လကတ်အဖြစ်ပြောင်းလိုက်နိုင်တယ်..တစ်ခုကို ရွှေရောင်နဲ့အမည်းရောင်ခြယ်ပြီးတော့ ..တစ်ခြားတစ်ခုကိုတော့ ချန့်အာက လဆီပျံသွားတဲ့ပုံ ဆွဲလိုက်ပေါ့"


ကျန်းကျန့်က ဆိုလာ၏။ဤနေရာရှိ ဒဏ္ဌာရီများနှင့်ရိုးရာပုံပြင်များက သူသိသည့်ရှေးခတ်ပုံပြင်များနှင့် တော်တော်များများတူ၏-ဟို့ရီက နေကိုပစ်လိုက်ကာ ချောင်အာက လပေါ်ကိုပင်။


ကျန့်ရီသည်လည်း သာမန်ကတ်များအား ပိုပြီးအကြမ်းလောက်ပင် လုပ်သင့်ပြီး အနုစိတ်မလုပ်သင့်ဟု တွေးမိလေ၏။သူက ထိုလောင်းကစားသမားများ ပျက်စီးစေမည့်အတွက် တွန့်ဆုတ်သွားသည်။


“နောက်ထပ်တစ်ခုက ဒီကတ်တွေက သင်ယူဖို့အရမ်းလွယ်တယ်. ငါက ဒါတွေကို ဖြန့်ဝေတဲ့အခါ ရာထူးကြီးကြီးသူတွေရဲ့အာရုံကို တကယ်ကို ဆွဲဆောင်သွားနိုင်တယ်...လမ်းအနှံ့မရောက်သွားခင် သိပ်ကြာကြာမခံမှာကြောင့် ပိုက်ဆံရှာရလွယ်မှာမဟုတ်တော့တာကို စိုးရိမ်မိတယ်"


ကျန့်ရီက ဆိုလိုက်သည်။


သူတို့ကျန့်မိသားစုအား စာသင်သားမိသားစုအဖြစ်သတ်မှတ်ထားသည်ဖြစ်၍ သေချာပေါက် မိသားစုလုပ်ငန်းမရှိသည့် ထိုမိသားစုဟောင်းများနှင့် ယှဥ်လို့မရနိုင်ချေ။သူတို့အိမ်တော်က ဟယ်ချောင်စီရင်စုတွင်ရှိနေ၍ လုပ်ငန်းလုပ်ရန်အထူးကောင်းမွန်ပြီး မြို့တော်မှလည်း အထောက်အပံ့များရနေ၍လည်းဖြစ်သည်။


ထိုနည်းတူစွာ တံခါး(လုပ်ငန်း)အသစ်လည်း အဆင်ပြေစွာ ဖွင့်ထား၍ ဝင်ငွေများများရလေ၏။ကဒ်များလုပ်ပြီးတင်ပြခြင်း၏အကျိုးအမြတ်များက မြို့တော်ကပိုင်လေ၏။ကျန့်ရီက အကျိုးအမြတ်အချို့ရရန် မျှော်လင့်နေခြင်းပင်။


“သခင်ကြီးကျန့်က သူ့လက်အောက်မှာ ဘာလုပ်ငန်းရှိတာပါလဲ"


ကျန်းကျန့်က မေးလိုက်သည်။


"သခင်ကြီးကျန့်...ဒီလုပ်ငန်းအတွက် တံဆိပ်လုပ်လိုက်ရင် ပိုကောင်းပါလိမ့်မယ်...အနာဂတ်မှာ ဆိုင်တွေခရီးသွားယာဥ်တွေကလည်း ဒီတံဆိပ်ကိုပဲ သုံးကြလိမ့်မယ်..ကတ်ရဲ့ကျောဘက်ကိုလည်း ဒီတံဆိပ်ရေးထားသင့်တယ်"