အပိုင်း၇၉
Viewers 24k

Chapter 79

Chapter 79

အခြားသူများအား အနိုင်ကျင့်ခြင်း



အစောပိုင်းတွင် ကျန့်ရီက ကျန်းကျန့်၏စကားများအားကြားသော် သူက ပဟေဠိဖြစ်သွားလေ၏၊သို့သော် ခေတ္တတွေးလိုက်ပြီးနောက် သူလည်း မချီးကျူးဘဲမနေနိုင်တော့ပေ။ဤနည်းလမ်းက ကဒ်များနှင့်ထိတွေ့ပတ်သတ်လာမည့် ပထမဆုံးသူများအား တံဆိပ်မှတစ်ဆင့် သူတို့ကတ်များဟု သတိထားမိသွားမည်ဖြစ်ပြီး သူတို့လုပ်ငန်းအမည်မပြောပြထားပဲနှင့် လူသိများလာမည်ဖြစ်၏။


အနှီကျန်းကျန့်က မမျှော်လင့်ထားစွာပင် ပါးစပ်ဟလိုက်သည်နှင့် ထိုအကြံမျိုးထွက်လာနိုင်ပေ၏။သို့သော်လည်း သူ့လက်အောက်ရှိဆိုင်များစွာတွင် မတူညီသောနာမည်များရှိကာ သူတို့အား တစုတည်းလုပ်ရန်ကလည်း မလွယ်ကူလောက်ပေ။သူက ယင်းအား သေချာစဥ်းစားရလိမ့်မည်။


“ဒီကတ်တွေက အရန်အလုံအလောက်ရှိရင် လွင့်ပစ်လို့လည်းရတယ်"


ကျန်းကျန့်က ထပ်ပြောလာ၏။တကယ်တမ်းတွင် သူက လုပ်ငန်းလုပ်ရာတွင် မတော်လှသော်ငြား ဤအရာက ခေတ်သစ်မှလူများအဖို့ တော်တော်များများသိကြသည့် ဗဟုသုတတစ်ခုဖြစ်၍ သူမသိရန်က မဖြစ်နိုင်ပေ။


“ဒါဆို ငါတို့က ဘယ်လိုလုပ်ပြီး လျှို့ဝှက်ချက်ကို ထိန်းထားနိုင်မှာလဲ"


ကျန့်ရီက ထပ်မေးလာ၏။သူ့တွင် လျှို့ဝှက်ချက်အား ထိန်းသိမ်းရန်နည်းလမ်းရှိပါသော်လည်း ကျန်းကျန့်၏ထင်မြင်ချက်အား မေးချင်သေး၍ဖြစ်သည်။


“ကတ်တစ်ခုစီကို ခွဲထားပြီးလုပ်လို့ရတယ်"


ကျန်းကျန့်က ဆိုလာ၏။လှုပ်ရှားရန်အတွက် ကတ်အသွားအလာက အဆင်မပြေလှ။သူတို့က ကတ်လုပ်ရန်အတွက် ပုံနှိပ်အလုပ်ရုံများရှာဖို့သာ လိုသည်။ထိုကဒ်များကြား ဆက်သွယ်ချက်အား မည်သူလုပ်ပေးလိမ့်မည်နည်း။


"စီးပွားရေးအတွက် သုံးတာလို့လည်း ပြောလို့ရတယ်"


ကျန်းကျန့်နှင့်ကျန့်ရီက တစ်ယောက်နှင့်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြ၏။


အစောပိုင်းတွင် ကျန့်ရီက ကျန်းကျန့်အား လောင်းကစားအိမ်မန်နေဂျာဖြစ်ရန် ပြောထားသည်က သူက ကျန်းကျန့်အား ကျေးဇူးတင်၍ဖြစ်ကာ သူ့ထံမှ တစ်ခုခုလုပ်ပေးလာရန် မမျှော်လင့်ထားသော်လည်း ယခုတွင်ဖြင့်.....။


“ညီအစ်ကိုကျန်းက လောင်းကစားအိမ်ကို စီမံခန့်ခွဲမှုကို စိတ်ဝင်စားပါသလား"


ကျန့်ရီက ကျန်းကျန့်အား လောင်းကစားအိမ်ကို စီမံခန့်ခွဲခိုင်းခြင်းက မမျှော်လင့်ထားသော အံ့အားသင့်သွားစေမည့်အရာဖြစ်လိမ့်မည်ဟု တွေးမိလျက် မေးလိုက်လေ၏။


“သခင်ကြီးကျန့်က နောက်ထပ်လောင်းကစားအိမ်တစ်ခုဖွင့်ဖို့ စိတ်ဝင်စားပါသလား"


ကျန်းကျန့်က မေးလိုက်သည်။


ကျန့်ရီက ရုတ်တရက် တုံ့ဆိုင်းသွားပေ၏။စီရင်စုမြို့က အလွန်ကြီးနေရုံသာ။သူသာ နောက်ထပ်လောင်းကစားအိမ်ဖွင့်လိုက်ရင် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးကို ပြိုင်နေသလိုဖြစ်မသွားဘူးလား။


“ဒီလောင်းကစားအိမ်က လူဆင်းရဲတွေနဲ့သက်ဆိုင်မှာမဟုတ်ပေမယ့် လူချမ်းသာတွေအတွက်ပဲ...ဥပမာပြောရရင် ဇီး သစ်ခွ ဝါးနဲ့ဂန္ဓမာပန်းတို့လို ကတ်တွေ သုံးလို့ရတယ်"


ကျန်းကျန့်က ဆို၏။


ကျန်းကျန့်က သာမန်လူအုပ်စုများမှ ခက်ခက်ခဲခဲရှာထားရသည့် ပိုက်ဆံအားယူရန်က အဓိပ္ပာယ်မဲ့သွားမည်ဖြစ်၍ သူက လူချမ်းသာများအတွက်သာ လောင်းကစားအိမ်တစ်ခု ကောင်းမွန်စွာဖွင့်ထားသင့်သည်ဟု ခံစားရလေ၏။ကျန်းကျန့်က ယခင်က ထိုကာစီနိုကြီးကြီးများအား မြင်ဖူးလေရာ ယင်းတို့အကြောင်းစဥ်းစားမိပြီး အချို့အား ပြောပြခဲ့သည်။


ကျန့်ရီက ချက်ချင်းပင် လက်ခုပ်လက်ဝါးတီးလာပြီး:"အကြံကောင်းပဲ"


လူဆင်းရဲများအတွက် များစွာသော ကြေးပြားများက အလွန်အဖိုးတန်သော်လည်း ချမ်းသာသူများအတွက်က မထူးခြားလှပေ။ထိုသူတို့က မျက်တောင်တစ်ချက်မခတ်ဘဲ ရှေးဟောင်းပစ္စည်းတစ်ခုအားဝယ်ရန် ငွေစရာချီထောင်ချီ သုံးလိုက်သည်ပင်။


ယန့်ကျီမြစ်တောင်ပိုင်းတွင် လူချမ်းသာများစွာရှိလေ၏....ဟယ်ချောင်စီရင်စုက သေးငယ်သော်လည်း ဤနေရာတွင် လူချမ်းသာများစွာရှိကာ ခရီးသွားကုန်သည်တို့ကလည်း ပိုက်ဆံပြတ်လပ်မနေကြ။လူချမ်းသာများစွာရှိသည့်အတွက်ကြောင့်ဖြစ်သော်လည်း စီရင်စုမှာ အလွန်ကြီးပွားချမ်းသာနေသည်မဟုတ်..ယခုခေတ်တွင် လူများက သူတို့သားသမီးများအား အရာအားလုံးလုပ်ရန် ပျိုးထောင်ရသည်အား နှစ်သက်ကြ၍ပင်။


ကျန့်အိမ်တော်ရှိ စားဖိုမှူးများက စားသောက်ဆိုင်တွင်လုပ်သည့် စာဖိုမှူးများထက် ပိုကောင်းလေ၏။သူတို့အိမ်တော်တွင် အချုပ်အလုပ်တွင် အထူးကောင်းမွန်သည့် လူအချို့လည်းရှိသည်။သူတို့က အဝတ်အစားဝယ်ချင်ရာတွင် ဆိုင်သို့ကိုယ်တိုင်သွားလိမ့်မည်မဟုတ်ကာ သူတို့အိမ်တော်သို့ ပို့ပေးရန် လူတစ်ယောက်လွှတ်လိုက်မည်ဖြစ်သည်။


ထိုအရာမဆိုထားနှင့်....လူချမ်းသာအချို့က တောရွာလေးတွင်ပင် နေကြသေးသည်။


လွန်ခဲ့သောနှစ်များစွာက လူအိုကြီးတစ်ယောက်မှာ သူ၏တရားရုံးတွင်လုပ်ရသည့်အလုပ်က အပြီးသတ်ပြီးနောက် ဤနေရာသို့လာခဲ့ပေ၏။အိမ်ပြန်ပြီးနောက်တွင် သူက အနီးအနားရှိတောရွာလေးတွင် သူ၏ဘိုးဘွားပိုင်အိမ်အဖြစ် အိမ်ကြီးကြီးတစ်လုံးဆောက်လေ၏။ထိုအိမ်က အံမခန်းပင်။ထိုအိမ်နှင့်ယှဥ်ပါက ကျန့်မိသားစုအိမ်က အမှန်ပင် သေးလှသည်။


“ငါက နောက်ထပ်လောင်းကစားဆိုင်တစ်ဆိုင် ဆောက်မလို့...မဟုတ်သေးဘူး..လောင်းကစားဆိုင်လို့ ခေါ်လို့မရဘူး.ငါတို့.ပိုကောင်းတဲ့နာမည်တစ်ခု ထွက်လာဖို့ လုပ်ရမယ်...အခုတစ်ကြိမ် မင်းက အဲ့ဒီမှာ တာဝန်ပေးခံရမယ်...ပြီးတော့ မင်းက..အမြတ်အစွန်းရဲ့ သုံးဆယ်ရာခိုင်နှုန်းရမယ်"ကျန့်ရီက ဆိုလိုက်သည်။


သူပြောလိုက်သည့်အရာက သဘောထားကြီးရာရောက်ပြီး သူ့အတွက် ဘာမှမဟုတ်သည်လေးဖြစ်၍ သူက မြို့တော်သို့သွားရန်နှင့် ဟယ်ချောင်တွင်ဆောက်မည့်အရာနှင့်ဆင်သည့် လောင်းကစားအိမ်အကြီးကြီးအား ဆောက်ရန်ဆုံးဖြတ်လိုက်သည်။ဆိုလိုသည်က ဟယ်ချောင်စီရင်စုရှိလောင်းကစားအိမ်က ကျန်းကျန့်အတွက်ဟုပင်။


သူတို့က ထိုအကြောင်းပြောပြီးသည်နှင့် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က ကျန့်ရီနှင့်အတူ ညစာအတွက်နေခဲ့ကြလေ၏။


သူတို့စကားပြောနေစဥ်အတွင်း ကျောက်ကျင်းကောက စကားတစ်လုံးမှမဆိုမိ၍ ကျန့်ရီက သူ့အား သတိမထားမိဖြစ်ကာ မေးလာ၏ "ဒါဘယ်သူလဲ"


“သူက ငါ့ဇနီး"ကျန်းကျန့်က ဆိုလိုက်သည်။


ကျန့်ရီက အတော်လေး အံ့အားသင့်သွားလေ၏။ကောများကလည်း လက်ထပ်ပြီးကလေးရနိုင်သော်ငြား မိသားစုတွင်လူအနည်းငယ်သာရှိသည့် မိသားစုကြီးကြီးများက သူတို့အား အမျိုးသားအဖြစ်သာ ပျိုးထောင်ကြသည်။ထိုပြီးနောက် သူတို့က ကောင်းကောင်းလိုက်ဖက်လှသည့် အမျိုးသမီးများနှင့် လက်မထပ်နိုင်သော်ငြား သူတို့က ပိုက်ဆံသုံးပြီးသူတို့လောက် အခြေအနေကောင်းကောင်းမရှိသည့် အမျိုးသမီးတစ်ယောက်နှင့်လက်ထပ်ရန် ဆန္ဒရှိနေသရွေ့ ပြဿနာရှိမည်မဟုတ်ပေ။


ဤအကြောင်းကြောင့် ကျန့်ရီမှာ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်သည့် ကောများအား မြင်ဖူးသော်လည်း ထိုကောများက အမျိုးသမီးများနှင့်လက်ထပ်ထားကြသည်ပင်။ဘယ်လိုယောကျာ်းမျိုးက သူ့ဇနီးကို လူမြင်ကွင်းမှာ ပေါ်လာစေချင်တာပါလိမ့်။ ပြီးတော့ ဤကော၏ရုပ်ရည်ကလည်း အလွန်သာမန်ဆန်သည်ပင်။


သူက စိတ်ထဲတွင်တွေးနေခြင်းသာဖြစ်၍ ကျန့်ရီမှာ မျက်နှာထက် တစ်ခုမှပြမထားချေ။သူက လူများအား ပျော်ရွှင်အောင်လုပ်ရသည်အား ကြိုက်သော်ငြား ပြုမူရမည့်အချိန်ကိုလည်း သိပေ၏။မည်သို့ဆိုစေ သူက အခြားသူများ၏ကောများအပေါ် မည်သည့်အခါမှ ဝေဖန်လိမ့်မည်မဟုတ်။


ကျန့်ရီက အလွန်အေးအေးဆေးဆေးဖြစ်နေသော်လည်း ကျောက်ကျင်းကောကမူ အခက်အခဲဖြစ်နေ၏။စားနေစဥ်အတွင်း သူက တူများကိုပင် မရွေ့ရဲတော့ပဲ တုန်ချိချိဖြစ်နေ၏။ကျန်းကျန့်က ကျောက်ကျင်းကောအတွက် အစာများယူပြီး ခဏခဏထည့်ပေးလိုက်ရင်း ကျောက်ကျင်းကောအား ဖြေးဖြေးချင်း စိတ်ငြိမ်သွားစေရန် လုပ်ပေးနေသည့်အချိန် ကျန့်ရီက မမြင်ချင်ယောင်သာဆောင်နေရသည်။


ကျန့်အိမ်တော်ရှိအစားအစာများက အလွန်အရသာရှိလှသည်။ကျန်းကျန့်က ဤရှေးခတ်သို့ရောက်လာကတည်းက ထိုသို့အရသာရှိသည့်အစားအစာမျိုး မစားဖူးချေ လုပ်စရာများသည်က ကျန့်မိသားစုရှိစာဖိုမှူးများက ချက်ပြုတ်နေစဥ် ကုန်ကြမ်းများစွာသုံးကြ၍ပင်။


ဒီငါးကပဲ......


ဟယ်ရှီတွင် လူများက ငါးပေါင်း,ငါးပြုတ်များသာ အစားများကြသော်လည်း ဤနေရာ၌....ဆီနှင့်ကြော်ထားသည့် ငါးဟင်းတစ်ပွဲရှိလေ၏။ငါးအား ဓါးနှင့်ခုတ်ထစ်ပြီးနောက် သကြားရည်နှင့်ရှာလကာရည်တို့ထဲ ပြုတ်ထားလေ၏။ကျောက်မိသားစုတွင် ကျောက်လျူအတွက် ဤသို့ချက်ရန်က မဖြစ်နိုင်ပေ။


ကျောက်ကျင်းကောက ချိုချိုချဥ်ချဥ်ငါးဟင်းအား အလွန်ကြိုက်သဖြင့် ကျန်းကျန့်က သူ့အား ပိုပိုထည့်ပေးလေ၏။ကျောက်ကျင်းကောက အလွန်ပျော်ရွှင်နေကာ ကျန်းကျန့်က သူ့အားကြည့်လိုက်သည်နှင့်ကျောက်ကျင်းကောက ပြုံးပြလေ၏။


ထိုအပြုံးက အမှန်ပင် အပြုံးမမည်သော်ငြား ကျန်းကျန့်က မြင်လိုက်သည်သောအခါ သူက အလွန်ကြည့်ကောင်းသည်ဟု တွေးမိချေ၏။


ညစာစားပြီးနောက် သခင်လေးကျန့်က ကျန်းကျန့်အား လောင်းကစားအိမ်သို့ တစ်ချက်သွားကြည့်ရန် အကြံပြုလာ၏။ကျန်းကျန့်က မူလကလည်း သခင်လေးကျန့်၏အာဏာအား အခွင့်ကောင်းယူထားချင်ပါ၍ သေချာပေါက် ငြင်းဆန်လိုက်မည်မဟုတ်။


ကျန့်မိသားစု၏လောင်းကစားဆိုင်အား ဟုန်ရှင်းလောင်းကစားဆိုင်ဟု ခေါ်လေ၏။ယင်းက အလွန်ကြီးမားကာ စုစုပေါင်းအထပ်နှစ်ထပ်ရှိပြီး အနောက်ဘက်တွင် မြေကွက်လပ်ကလေးရှိသည်။ဧည့်သည်အများစုက ဝင်ပေါက်အားဖြတ်သွားရသော်လည်း ကျန့်ရီက သူတို့အား ဘေးဘက်တံခါးအားဖြတ်၍ခေါ်လာပြီး လောင်းကစားဆိုင်အနောက်ဘက်ခြံဝန်းထဲ တည့်တည့်သွားလေ၏။ယခုအချိန်တွင် ပတ်ပတ်လည်တွင် အပျင်းထူနေကြသည့် ကြေးစားလူမိုက်ခုနစ်ယောက်ရှစ်ယောက် ရှိလေ၏။


ကျန့်ရီအား မြင်ပြီးနောက် ထိုလူများက ချက်ချင်းပင် ထရပ်လာကြပြီး အရိုအသေပေးလာကြသည်။


"သခင်ကြီးကျန့်"


လျူဟိုင်ထုန်က ဤကြေးစားလူမိုက်များအလယ်တွင် ရပ်နေ၏။သူက ကျန့်ရီနှင့်ဘေးတွင်ရှိနေသည့်ကျန်းကျန့်အား တွေ့သွားသော် မျက်နှာတစ်ခုလုံးရှုံ့တွသွားသည်။ကျန်းကျန့်လုပ်လိုက်သည့် သူ့မျက်နှာပေါ်ကရှရာသည်ကား မျက်နှာရှုံ့လိုက်သည့်အတွက် နှစ်ထပ်ဖြစ်လာရင်း သူ့မျက်နှာတစ်ခုလုံးအား ဆိုးဝါးသွားစေရင်းသနားစရာလေးဖြစ်နေ၏။


“အခုကစပြီး မင်းတို့ကိုတာဝန်ပေးမယ့်လူက ကျန်းကျန့်ပဲ"ကျန့်ရီက ယခုအခါ ပေါ့ပေါ့ပါးပါးပြောလာ၏။


လျူဟိုင်ထုန်၏ဆံပင်များက မည်းနေသည်မက သူ့မျက်နှာလည်း မည်းသည်းသွားပေ၏။


ကျန့်ရီက လောင်းကစားအိမ်တွင် အချိန်ကြာကြာနေရသည်အား မကြိုက်၍ သူက မကြာမီထွက်သွားလေ၏။သူထွက်သွားလိုက်သည်နှင့် ကျန်းကျန့်က ကြေးစားလူမိုက်များအား အပြုံးလေးနှင့်ကြည့်လိုက်သည်။


“ငါကြားတာ တစ်ယောက်ယောက်က ငါတို့ဟုန်ရှင်းလောင်းကစားအိမ်ရဲ့နာမည်အောက်မှာ အပြင်မှာ သီးသန့်လောင်းကစားအိမ်ထောင်ထားတယ်ဆိုလား..ငါ ဒီနေ့ သွားကြည့်မလို့လေ..မင်းတို့ကရော ငါနဲ့အတူလိုက်ချင်လား..."


ကျန်းကျန့်က ဤသို့ပြောလိုက်သောအခါ လျူဟိုင်ထုန်အားကြည့်လိုက်၍ လျူဟိုင်ထုန်၏မျက်နှာအား ပိုပြီးမည်းမှောင်သွားစေ၏။လျူဟိုင်ထုန်အတွက် ကျန်းကျန့်က သူ့အားပြောနေသည်က ရှင်းရှင်းလင်းလင်းပင်။


သူက သူ၏အလုပ်အား ဤလောင်းကစားဆိုင်တွင် ကြေးစားလူမိုက်အနေနှင့် စခဲ့သော်လည်း သူက ဟုန်ရှင်းလောင်းကစားအိမ်နဲ့မဆိုင်သည့် လူတစ်စုအား သီးသန့်စုဆောင်းထားပေ၏။ထိုမျှမကသေး ဤလူများအား ထောက်ပံ့ရန်အလို့ငှာ သူနေသည့်ချောင်းထုန်ရွာတွင် လောင်းကစားအိမ်တစ်ခု တိတ်တိတ်လေးဖွင့်ထားပေ၏။


ကျန့်မိသားစုက ကျော်ကြားမှုအား လိုချင်ပြီး ပိုက်ဆံပြတ်လပ်မနေ၍ ဤဟုန်ရှင်းလောင်းကစားအိမ်က မှန်မှန်ပင် အခြားသူများအား အကြွေးတင်မိရန် တိုက်တွန်းမည်မဟုတ်ပေ။သူတို့ကလည်း မတန်တဆစိတ်ဝင်စားသူများအတွက် ပိုက်ဆံချေးငှားပေးသည့် လုပ်ငန်းလည်းမဟုတ်ချေ။မည်သို့ပင်ဖြစ်စေ သူတို့က ထိုသို့သောအရာမျိုးမလုပ်ထားဘူးဆိုရင်တောင်မှ ပိုက်ဆံများစွာရှာနိုင်လေ၏။သို့သော်လည်း လျူဟိုင်ထုန်၏လောင်းကစားအိမ်က မတူပေ။သူတို့က လူများအား မတန်တဆချေးငှားပေးကာ လူများအားအပြစ်ဖို့ပြီး တစ်ခါတစ်ရံ သူတို့က ထိုမိသားစုတွင်ပိုက်ဆံမရှိသည်အား သိသွားသည့်အခါ ထိုလောင်းကစားသမားမိသားစု၏ကလေးများအား တွန်းအားပေးလေ၏။


“မန်နေဂျာကျန်း ဘာကိုပြောချင်တာပါလဲ"


လျူဟိုင်ထုန်ဘက်တော်သားတစ်ယောက်က ရှေ့ထွက်လာ၏။


“ငါလူတွေပြောတာကြားခဲ့တာ တစ်ယောက်ယောက်က ချောင်းထုန်ရွာမှာ ငါတို့လောင်းကစားအိမ်နာမည်နဲ့ အရူးလုပ်နေတယ်တဲ့"ကျန်းကျန့်က ဆိုလိုက်သည်။


“ကျန်းကျန့် လူတွေကိုလှည့်စားဖို့ အများကြီးကြိုးစားမနေနဲ့"


လျူဟိုင်ထုန်က မပြောဘဲမနေနိုင်တော့ချေ။


“မင်းသာ ငါကလူတွေကို လှည့်စားနေတယ်လို့ထင်ရင် ခုချက်ချင်းထွက်သွားလို့ရတယ်..မင်းက ဟုန်ရှင်းလောင်းကစားအိမ်ကလူ မဟုတ်တော့ဘူး..မင်းက ဟုန်ရှင်းလောင်းကစားရုံဆိုတဲ့ဆိုင်းဘုတ်အောက်မှာလည်း ကစားလို့မရတော့ဘူး..မင်းအပြင်မှာဘာပဲလုပ်လုပ် ဘယ်သူမှ မင်းကိုဂရုစိုက်နေမှာမဟုတ်ဘူး"


ကျန်းကျန့်က လျူဟိုင်ထုန်အား အပြုံးလေးနှင့်ကြည့်လိုက်သည်။


လျူဟိုင်ထုန်က မထွက်သွားရဲချေ။သူ့တွင် နောက်ခံတစ်ခုမှမရှိသော်ငြား နှစ်များစွာ သူက လူများအားအနိုင်ကျင့်ခဲ့ပြီး မကောင်းသည့်အရာများလုပ်ခဲ့သည်ပင်။သူသာ ယခုထွက်သွားလိုက်ပါက သူ့ပတ်လည်ရှိလူများကလည်း ခွာသွားကြပေမည်။ကျန်းကျန့်အတွက် သူ့ဒီလိုဒုက္ခရောက်သွားတာက ပိုမလွယ်သွားဘူးလား။


သူက ဟုန်ရှင်းလောင်းကစားအိမ်မှလည်း ထွက်မသွားရဲသဖြင့် သူက ကျန်းကျန့်မှာ သူအပါအဝင်လောင်းကစားအိမ်ရှိလူမိုက်များအား စုပြီး သူပုန်းနေသည့်နေရာသို့ တည့်တည့်သွားနေသည်အား ကြည့်နေရုံသာတတ်နိုင်ပေ၏။ဤကျန်းကျန့်က တကယ်ပင် ထိုသို့လုပ်ချင်ခဲ့သည်။


သူ အနာဂတ်ကျရင် ချောင်းထုန်ရွာမှာ ဘယ်လိုနေရပါ့။



ချောင်းထုန်ရွာက ဟယ်ရှီထက် စီရင်စုမြို့နှင့်ပိုနီးသော်လည်း ထိုရွာသားများက မပြေလည်ကြပေ။


စီရင်စုမြို့နှင့်နီးသော်ကြောင့် စီရင်စုမြို့မှအချို့သော မိသားစုကြီးများက ထိုနေရာသို့သွားပြီး မြေဝယ်ထားကြသည်။တဖြေးဖြေးနှင့် ချောင်းထုန်ရွာတွင် မြေနေရာနည်းနည်းလာကာ လူပိုပြီးများများလာ၍ လူအများစု၏နေထိုင်ရေးက ခက်ခဲလာသည်။သို့သော်လည်း ရလဒ်အနေနှင့် လူများစွာက အခြားနည်းလမ်းများအား စတင်ထွက်ရှာလာကြသည်။ချောင်းထုန်တွင် လူငယ်များနှင့်အမျိုးသမီးငယ်များက ပိုက်ဆံရှာရန် စီရင်စုမြို့သို့ အလုပ်သွားလုပ်ကြရသည်။ထို့နောက် လျူဟိုင်ထုန်၏စည်းရုံးရေးကြောင့် လူတော်တော်များများ သူ့နောက်လိုက်လာကြ၏။


လျူဟိုင်ထုန်နောက်လိုက်သည့် ဤလူများက သူတို့မှာ ဟုန်ရှင်းလောင်းကစားအိမ်တော်အတွက် အလုပ်လုပ်နေခြင်းဟုဆိုသော်လည်း ဟုန်ရှင်းလောင်းကစားအိမ်က လူမိုက်တစ်ဒါဇင်လောက်သာလို၍ သူတို့က ဘယ်လိုလုပ်ပြီး လူအများကြီးအား သုံးနိုင်မည်နည်း။


အမှန်တွင်ဖြင့် သူတို့က လျူဟိုင်ထုန်အတွက်အလုပ်လုပ်ပေးနေခြင်းဖြစ်ရာ လျူဟိုင်ထုန်အား ပိုပိုပြီးဂရုမစိုက်စွာ လုပ်ဆောင်စေ၏။သို့သော်လည်း လျူဟိုင်ထုန်က မမိုက်မဲပါချေ။သူက စီရင်စုမြို့သို့ လက်ဆန့်လာမည်မဟုတ်သလို သူမပြစ်မလုပ်ရန်မတတ်နိုင်သည့် လူများကိုလည်း သွားပြီး အပြစ်လုပ်မည်မဟုတ်။


ချောင်းထုန်တွင် လျူဟိုင်ထုန်က အခြေခံအားဖြင့် ဒေသခံအာဏာရှင်ဖြစ်ရာ ကျန်းကျန့်က သူနှင့်အခြားလူတစ်ဒါဇင်ထက်မနည်း ချောင်းထုန်သို့ခေါ်လာသောအခါ လျူဟိုင်ထုန်၏လူများက ချက်ချင်းပင် သူတို့အား တွေ့ရန်လာကြသည်။


“အစ်ကိုကြီး"


လူအများကြား ဦးဆောင်လာသည်က လျူဟိုင်ထုန်၏ဝမ်းကွဲဖြစ်သည်။သူက လျူဟိုင်ထုန်အားမြင်သော် အော်လိုက်ရင်း ကျန်းကျန့်အား သတိအနေအထားနှင့်ကြည့်လိုက်သည်။


သူက ကျန်းကျန့်အား သိလေ၏။မူလက သူနှင့်လျူဟိုင်ထုန်တို့က ဟယ်ချိုးရှန့်အား ပြန်ပေးဆွဲရန်သွားသော်ငြား ကျန်းကျန့်ထံမှအရိုက်ခံလိုက်ရသည်။


ဒါက...ဒီနေ့မှာ ဘယ်လိုလုပ်ပြီး ဒီလူက သူတို့အစ်ကိုအကြီးဆုံးနဲ့ အတူတူရပ်နေတယ် ဆိုတာလေးပဲ။


“လောင်းကစားအိမ်က ဘယ်မှာလဲ"ကျန်းကျန့်က သူ့အနားရှိလောင်းကစားအိမ်၏ကြေးစားလူမိုက်များထဲမှ တစ်ယောက်အားမေးလိုက်သည်။


ထိုလောင်းကစားအိမ်ကြေးစားလူမိုက်က လျူဟိုင်ထုန်လက်အောက်ကလူဖြစ်သော်ငြား သူက လျူဟိုင်ထုန်၏လက်အောက်ငယ်သား ဖြစ်နေရုံသာမက ပိုပြီးအရေးကြီးသည်က လောင်းကစားအိမ်မှတစ်ယောက်ပင် ဖြစ်နေသေးသည်။


သူက ပါးစပ်ဟလိုက်ရင်း နောက်ဆုံးဦးတည်ချက်တစ်ခုအား ညွှန်ပြမလိုက်မီ အရာအားလုံးအား ချိန်ဆလိုက်ကာ ပြောလာသည်


"ဟိုလမ်း"


“သွားမယ်"ကျန်းကျန့်က လူများအား ထိုသူညွှန်ပြသည့်လမ်းတည့်တည့်ဆီ ခေါ်သွားလေ၏။


လျူဟိုင်ထုန်က ချောင်းထုန်၏ထိုဘက်ခြမ်းတွင် အိမ်ကြီးကြီးဆောက်ထား၍ အနီးအနားရွာမှလူများက လောင်းကစားလုပ်ရန်နေရာရှိလေ၏။ယင်းက ဟုန်ရှင်းလောင်းကစားအိမ်နှင့် အတော်လေးကွာခြားပြီး ရှုပ်ပွနေပုံပေါ်သော်ငြား လူအချို့က ထိုနေရာသို့သွားရသည်အား ကြိုက်ကြဆဲပင်။


ဟုန်ရှင်းလောင်းကစားအိမ်က စီရင်စုမြို့ထဲတွင် ဖွင့်ထားလေ၏။ယင်းက သာမန်လူတန်းစားများအတွက် ဖွင့်ထားသည်ဆိုရင်တောင် လယ်သမားအများစုက တံခါးရွက်ရှည်ကြီးများအား ကြည့်ရင်း ဝင်လာရန်ကြောက်နေကြမည်ဖြစ်၏။သို့သော်ငြား လျူဟိုင်ထုန်၏လောင်းကစားအိမ်က ကွာခြားပေ၏...သူတို့က အဝတ်အစားအစုတ်များဝတ်ထားရင်တောင် လူတိုင်းက ရဲရဲဝံ့ဝံ့ဝင်သွားကြပေ၏။


နေ့လည်ရောက်ပြီဖြစ်၍ လျူဟိုင်ထုန်၏လောင်းကစားအိမ်အတွက် အလုပ်အများဆုံးအချိန်လည်းဖြစ်သည်။လက်ထဲတွင်ကြေးပြားများနှင့်လူများက ပိုက်ဆံအကုန်ရှုံးရန် ထိုနေရာသို့သွားကြပြီးမှ သက်တောင့်သက်တာခံစားရလေ၏။


လောင်းကစားဆိုင်အား တစ်ချက်ကြည့်ပြီးနောက် သူနှင့်အတူလူအချို့ခေါ်လာခဲ့သည့် ကျန်းကျန်က လမ်းတည့်တည့်အတိုင်း အပြေးသွားလေ၏။


“မင်းဘာလုပ်ချင်လို့လဲ"


သူနှင့်အတူလူအချို့ကိုလည်း ခေါ်လာခဲ့သည့် လျူဟိုင်ထုန်၏အစ်ကိုက ကျန်းကျန့်အား တားလိုက်ပြီး ဒေါသတကြီးမေးလာ၏။


“လျူဟိုင်ထုန်...မင်းဘာတွေစီစဥ်နေတာလဲ"


ကျန်းကျန့်က လျူဟိုင်ထုန်အား အပြုံးလေးနှင့်ကြည့်လိုက်သည်။