Chapter 80
-လောင်းကစားအိမ်အား ပိတ်လိုက်ခြင်း
သူက ယနေ့ ဤနေရာသို့ သူတို့အားခေါ်လာရသည့် အကြောင်းရင်းများစွာရှိလေ၏။တစ်ခုက လောင်းကစားအိမ်ကြောင့်ဖြစ်သည်။သူနှင့်လျူဟိုင်ထုန်က ယခင်က ပြင်းထန်သည့်ရန်ပွဲရှိခဲ့၍ လောင်းကစားအိမ်ရှိလူများလည်း ဤအကြောင်းသိလောက်သည်။ယခုအချိန်၌ သူသာ တစ်ခုခုမပြောပါက လောင်းကစားအိမ်ရှိလူများက သူ့အားအထင်မြင်သေးကြမည်ဖြစ်၍ သူက သူ၏လုပ်ပိုင်ခွင့်အားပြရန် နည်းလမ်းတစ်ခုလိုပေ၏။အခြားအကြောင်းရင်းတစ်ခုကလည်း ဤကြေးစားလူမိုက်များအား လောင်းကစားအိမ်မှ ခေါ်ထုတ်သွားရန်ဖြစ်သည်။
အတွင်းတွင် စုစုပေါင်းကြေးစားကိုးယောက်ရှိပြီး သုံးယောက်က စီရင်စုမြို့မှဖြစ်သည်။သူတို့က မန်နေဂျာကျန်းနှင့်ဘက်တူကာ ကြေးစားခေါင်းဆောင်လျူဟိုင်ထုန်နှင့်လည်း သဘောထားချင်းမညီကြပေ။သို့သော်ငြား ကျန်သူများက လျူဟိုင်ထုန်ဘက်တော်သားများဖြစ်သည်။
ဤလူများက လျူဟိုင်ထုန်ဦးဆောင်မှုနောက်လိုက်ကြလေ၏။သူအတွက် သူတို့အားထိန်းထားရန်က မကောင်းလှသော်လည်း မောင်းထုတ်လိုက်ရန်ကလည်း မဖြစ်နိုင်ချေ။ထို့ကြောင့် သူက သူတို့အားလုံးအား လျူဟိုင်ထုန်အောင်းနေသည့် ဤနေရာသို့ ခေါ်သွားလိုက်ရုံသာရှိသည်။
လျူဟိုင်ထုန်ကဲ့သို့ပင် ဤလူများက လောင်းကစားအိမ်အား အမှားမလုပ်ရဲသလို ထွက်လည်းထွက်မသွားရဲပေ။သူတို့အများစုက သူ့နောက်လိုက်ကြမည်ဖြစ်ပြီး လျူဟိုင်ထုန်၏အသိုက်အမြုံအား ကူပြီးဖျက်ဆီးသောအခါ လျူဟိုင်ထုန်ဘက် ကြာကြာရပ်နိုင်တော့မည်မဟုတ်။သူတို့က သူ့နောက်သို့ လုံးဝဥဿုံလိုက်ရတော့မည်ဖြစ်သည်
ထို့ပြင် အခြားအကြောင်းရင်းတစ်ခုက....သူ၏ဂုဏ်သတင်းအား မြင့်တင်ပြီး လူများအား သူက သွားရှုပ်ရန်လွယ်သည့်သူမဟုတ်ကြောင်း သိစေခြင်းပင်။ကျန်းကျန့်က သူ့အားကြောက်ရွံ့ရိုသေနေကြပြီး စိတ်ကောင်းရှိကြသည့် ချောင်းထုန်ရွာသားများအား လှည့်ပတ်ကြည့်နေ၏။
“အဲ့ဒီလူက ဘယ်သူလဲ..ဘာလို့ လျူဟိုင်ထုန်က သူ့နောက်လိုက်နေရတာလဲ"
“သူက ဟုန်ရှင်းလောင်းကစားအိမ်ကလူတွေပါ ခေါ်ခဲ့တာလား..အဲ့ဒီလူတွေကလည်း သူ့စကားနားထောင်တယ်.."
“ဒီလူကြည့်ရတာ ကျန်းကျန့်ဖြစ်မယ့်ပုံပဲ...သူက ဟယ်ရှီရွာကလေ..မကြာသေးခင်တုန်းက လျူမိသားစုက ရွာဝင်ပေါက်မှာ နေ့တိုင်းဆူငေါက်နေခဲ့တဲ့သူပေါ့"
“သူက ဘာလို့ ဒီကိုလာရတာလဲ..လျူဟိုင်ထုန် သူ့ကိုရိုက်မှာမကြောက်ဘူးလားမသိ"
“သူက ဘာကိုကြောက်ရမှာလဲ..နင်မကြားဘူးလား..လျူဟိုင်ထုန်က နှစ်ခါအရိုက်ခံရတာလေ..နှစ်ခါလုံး သူ့ကြောင့်ပဲ"
…
ချောင်းထုန်ရွာသားများက ကျန်းကျန့်အား ကြောက်ရွံ့မှုအပြည့်နှင့်ကြည့်နေရင်း အတင်းတုပ်နေကြလေ၏။ဒါက လျူဟိုင်ထုန်ကို ရိုက်ရဲတဲ့သူတဲ့လေ....။
ထိုအချိန် ကျန်းကျန့်ကလည်း လျူဟိုင်ထုန်အား အပြုံးလေးနှင့်ကြည့်နေဆဲဖြစ်သည်။
"လျူဟိုင်ထုန်..မင်းဘာလိုချင်လဲ"
လျူဟိုင်ထုန်၏မျက်နှာက ထပ်ပြီးရှုံ့တွသွားပြန်၏။ချောင်းထုန်က သူ့ပိုင်နက်ဖြစ်သည်။သူက ကျန်းကျန့်အားသတ်ရန် တစ်ယောက်ယောက်အား တကယ်ကိုခေါ်လိုက်ချင်သည်။သို့သော်လည်း သူမလုပ်ရဲပေ။သူက ထိုသို့အမှန်ပင် လုပ်ချင်ပါသော်လည်း သူသာ ဇာတိမြေမှထွက်သွားရလိမ့်မည်မဟုတ်ပါက ဟယ်ချောင်စီရင်စုတွင်လည်း နေနိုင်တော့မည်မဟုတ်။သို့သော်လည်း သူက ဤနေရာရှိအရာအားလုံးအား နောက်ချချန်ထားခဲ့ရန် တွန့်ဆုတ်နေမိသည်။
“ကျန်းကျန့်"
လျူဟိုင်ထုန်က အံတင်းတင်းကြိတ်လိုကိရင်း ပြင်းပြင်းထန်ထန်အော်လိုက်သည်။
ကျန်းကျန့်က လျူဟိုင်ထုန်အား စိုက်ကြည့်ပြီးနောက် သူ့နောက်ရှိလောင်းကစားအိမ်ကြေးစားများထံ လှည့်လိုကိသည်။
"အထဲမှာ လောင်းကစားလုပ်နေကြတဲ့ လူတွေအကုန်ထုတ်ပြီး ငါ့အတွက် ဒီနေရာကိုယူလိုက်"
လျူဟိုင်ထုန်၏ညီအစ်ကိုများနှင့် သူပျိုးထောင်ထားသည့်လူများက ဒေါသထွက်နေကြကာ ကျန်းကျန့်အား သင်ခန်းစာပေးရန် လျူဟိုင်ထုန်အမိန့်ပေးလာမည်အား စောင့်နေကြသော်လည်း လျူဟိုင်ထုန်က နှုတ်ဆိတ်၍နေသည်။အဆုံးတွင် သူက မျှော်လင့်မထားစွာပင် ကျန်းကျန့်က လောင်းကစားသမားများအား လောင်းကစားအိမ်မှ မောင်းထုတ်နေသည်အား.ကြည့်နေရသည်။
လူများက အစောပိုင်းတွင် ဆူညံဆူညံဖြစ်နေကြသော်ငြား အပြင်ဘက်ရှိအခြေအနေအား တွေ့ပြီးနောက် ငုံးများနှယ်ခေါင်းများအား ချက်ချင်းငုံ့သွားကြလေ၏။
“ငါက ဟုန်ရှင်းလောင်းကစားရုံရဲ့ မန်နေဂျာပဲ...လျူဟိုင်ထုန်က လောင်းကစားရုံရဲ့ အဖွဲဝင်တစ်ယောက်..အပြင်မှာသီးသန့်လောင်းကစားရုံဖွင့်တာက ဟုန်ရှင်းလောင်းကစားရုံရဲ့စည်းမျဥ်းတွေကို ချိုးဖောက်နေတယ်..အခုကစပြီး ဒီလောင်းကစားရုံကို ပိတ်ထားရမယ်..ပြီးတော့ ထပ်ပြီးဖွင့်လို့မရတော့ဘူး"
ကျန်းကျန့်က ဆိုလိုက်သည်။
အမှန်တွင်ဖြင့် ထိုစည်းမျဥ်းမျိုး ဟုန်ရှင်းလောင်းကစားအိမ်တွင် မရှိပါချေ။ဤသည်က မန်နေဂျာကျန်းက လျူဟိုင်ထုန်အပြင်တွင် ပြဿနာများရှာနေခြင်းအား နည်းနည်းမကျေနပ်ပါသော်လည်း အများကြီးဂရုစိုက်မနေ၍ဖြစ်သည်။ယင်းက ဤနေ့များအတွင်း အထက်ကလူမှ စည်းမျဥ်းများလုပ်လိုက်၍သာ ဖြစ်သည်။
ချောင်းထုန်ရွာမှလူတိုင်းက ယင်းအား တကယ်ကြီးယုံသွားကြပေ၏။
အကယ်၍ အဝတ်အစားဆိုင်လက်ထောက်က အပြင်တွင် အထည်လုပ်ငန်းလုပ်နေပါက သူက သေချာပေါက် အထည်ဆိုင်မှကန်ထုတ်ခံရမည်ဖြစ်သည်။ယင်းက လျူဟိုင်ထုန်နှင့် အတူတူပင်ဖြစ်လိမ့်မည်။.
လျူဟိုင်ထုန်က ချောင်းထုန်ရွာသားများအား ခင်မင်နေဆဲဖြစ်သော်လည်း ရွာသားများက သူ့အားမကြိုက်ကြပေ။ယခု သူက ကံဆိုးသွား၍ ရွာသားအများစုက လက်ခုပ်များပင်တီးလာပြီး စိတ်သက်သာရာရသွားဟန် ခံစားကြရသည်။တစ်ချိန်တည်းမှာပင် ကျန်းကျန့်အတွက် ကြောက်ရွံ့ရိုသေမှုလည်း ကြီးထွားလာပေ၏။
လျူဟိုင်ထုန်က ဒီလူရှေ့မှာ အီးတောင်မပေါက်ရဲဘဲ သူ့စကားပဲနားထောင်နေတာ...သောက်ချီး သူက ဘယ်သူလဲဟ။
ကျန်းကျန့်က ဘာမျှမလုပ်လိုက်ပါချေ။သူက လူများအား စာရင်းစာအုပ်အားယူလာခိုင်းကာ လျူဟိုင်ထုန်၏လောင်းကစားအိမ်သေးသေးလေးမှ ငွေစများလည်း ယူခိုင်းလိုက်ပြီး သူ့ကိုယ်အား တံခါးတွင်မှီထားရင်း လျူဟိုင်ထုန်အား မျက်နှာထက် အထက်စီးဆန်ဆန်ပြုံးပြီး ကြည့်လိုက်သည်။ သူ့မျက်နှာထက် ရက်စက်မည့်ဟန်မရှိသော်ငြား မျက်နှာချင်းဆိုင်နေရင်း လျူဟိုင်ထုန်က ခံနိုင်ရည်မရှိတော့ချေ။
ကျန်းကျန့်က လျူဟိုင်ထုန်အား သတိအနေအထားနှင့် စောင့်ကြည့်နေနေသော်ငြား လျူဟိုင်ထုန်က ထပ်ပြီးမခံနိုင်တော့မှန်း သိလေ၏။လျူဟိုင်ထုန်သာ ဆယ်နှစ်မျှပိုငယ်သွားပါက ခံနိုင်ရည်ရှိပေလိမ့်မည်။သူက စားပင်မစားနိုင်အောင် ဆင်းရဲနေပါက ခံနိုင်ရည်ရှိပေလိမ့်မည်။သို့သော် ယခုသူက ပြောင်းလဲသွားပြီးလေ၏။သူက သူ၏မိသားစုစီးပွားရေးအား အရှုံးပေးလိုက်ရန် တွန့်ဆုတ်နေမိ၍ အခြားသူများက သူထံမှအသားများလှီးဖြတ်နေသည်အား ကူကယ်ရာမဲ့စွာကြည့်နေရုံသာတတ်နိုင်၏။
“လောင်းကစားအိမ်က ပိုက်ဆံရှာတော့မှာမဟုတ်ဘူး..ငါတို့က နောက်ပိုင်းကျရင် ခွဲထုတ်လိုက်တော့မှာ"
ကျန်းကျန့်က အပြင်ဘက်တွင် အလုပ်လုပ်နေကြသည့် ကြေးစားများအား အပြုံးလေးနှင့်ဆိုလိုက်သည်။
မူလက အလုပ်မကြိုးစားချင်ကြသည့် ကြေးစားအချို့ရှိနေဆဲဖြစ်သော်ငြား ကျန်းကျန့်စကားများအားကြားသော် ထိုသူတို့က ရုတ်တရက် ကြက်သွေးလောင်းခံရသလို ခံစားလိုက်ရသည်။
လျူဟိုင်ထုန်၏ဝမ်းကွဲများက မျက်လုံးအရဲသားနှင့်သူ့အားကြည့်လာကြသည်။
"အစ်ကိုကြီး"
ဤလောင်းကစားအိမ်သေးသေးလေးက သူတို့အပတ်တကုပ်အားထုပ်ထားရသည့် ရလဒ်လေးတစ်ခုဖြစ်သည်။
“အဲ့ဒီကျန်းကျန့်က ငါတို့သခင်ကြီးကျန့်က အားကိုးထားတာ"
လျူဟိုင်ထုန်က အံတင်းတင်းကြိတ်လိုက်ရင်း ဆိုသည်။
လျူမိသားစုအားလုံးက သခင်ကြီးကျန့်အား သိလေ၏။ထိုသူက စီရင်စုရှိရာဇဝတ်ရုံးတရားသူကြီးကပင် လေးစားရသည့် လူဖြစ်သည်။ကျန်းကျန့်သာ သခင်ကြီးကျန့်က အားကိုးထားပါက...သူတို့က ကျန်းကျန့်အား ဘာမှမလုပ်နိုင်တော့ပေ။
လျုဟိုင်ထုန်က သူ့ညီအား ဖျောင်းဖျနေရသော်ငြား သူ့ရင်ထဲတွင် သွေးစိမ်းရှင်ရှင်စီးကျနေ၏၊ကျန်းကျန့်က အများမြင်ကွင်းတွင် မလုပ်ခဲ့ရန်ူူ မျှော်လင့်ချက်များထားခဲ့သည်။
သို့သော် ထိုသူက ယနေ့ ဤနေရာသို့ ရုတ်တရက် ကြီး လူများခေါ်လာခဲ့ရာ သူ့တွင်ကြိုတင်ပြင်ဆင်ပြီး ဖုံးထားရန် အချိန်မရှိစေဖြစ်ခဲရသည်။သူက အချိန်အကြာကြီး အလုပ်ကြိုးစားခဲ့ပါသော်လည်း ကျန်းကျန့်ဆီမှာ အလှည့်စားခံလိုက်ရပြီး အဆုံးသတ်သွားတာတဲ့လား...။
ကျန်းကျန့်က လျူဟိုင်ထုန်အား စိုက်ကြည့်နေစဥ် သူ့ဘေးရပ်နေသည့် ကျောက်ကျင်းကောက ဘာလုပ်ရမှန်းမသိချေ။သူက ကျန်းကျန့်နောက် တစ်ချိန်လုံးလိုက်နေပါသော်လည်း ကျန်းကျန့်လုပ်နေသည့်အရာများအား နားမလည်ချေ။ယခုထိတိုင် ကျန်းကျန့်လုပ်ချင်သည့်အရာအား မတွေးဆနိုင်ဆဲပင်။ထိုလူမိုက်များက ပစ္စည်းများအားလုံးအား ရွေ့နေကြကာ သူရပ်နေ၍လည်း မသင့်လျော်တော့ပေ။ကျောက်ကျင်းကောက တစ်ခဏမျှတုံ့ဆိုင်းနေပြီး ထိုလူမိုက်များနှင့်အတူ ပစ္စည်းများရွေ့ရန်နှင့် ငွေစများရှာရန်သွားလိုက်သည်။
ကြီးပြင်းလာပြီးနောက် ကျောက်ကျင်းကောက ထိုအရာများအား တစ်ခုမှမလုပ်ဖူး၍ သူလုပ်ကြည့်သည့်အခါ အနည်းငယ် တုန်ချိချိဖြစ်နေ၏။ မျက်ခုံးများကြားရှိအမာရွတ်ကြောင့် မျက်မှောင်ကြုတ်လိုက်သောအခါ သူ့မျက်နှာက အနည်းငယ်မပျော်မရွှင်ဖြစ်နေကြောင်းပေါ်စေသည့်အနေနှင့် တွန့်ချိုးသွားလေ၏။
ထိုလူမိုက်များက ကျောက်ကျင်းကောမှာ ကျန်းကျန့်နောက်တစ်ချိန်လုံးလိုက်နေပြီး ကျန်းကျန့်ကလည်း သူ့အား ကြင်ကြင်နာနာပြောနေ၍ သူတို့က ကျောက်ကျင်းကောမှာ ကျန်းကျန့်၏လူများထဲမှတစ်ယောက်ဖြစ်ရမည်ဟု တွေးမိကာ သူနှင့်ဆက်ဆံရေးအား တိုးမြင့်ချင်ကြလေ၏။
“ဟေ့..ညီအစ်ကို..မင်းက ကျန်းကျန့်လက်အောက်က ဘယ်သူလဲ"
မေးခွန်းထဲတွင် နှိမ်ချင်နေမှုတို့အချို့ရှိလေ၏။
“မင်းနဲ့ကျန်းကျန့်က ညီအစ်ကိုတွေဖြစ်ရမယ်...မင်းတို့က အရပ်ကလည်းအတူတူပဲ...အဝတ်အစားကလည်းဆင်တူဝတ်ထားကြတာဆိုတော့..."
တစ်ယောက်ယောက်က ရောက်လာပြီးမေးလာ၏။
ကျောက်ကျင်းကောက နှုတ်ဆိတ်နေ၏၊သူက အမှန်တွင်ဖြင့် ကျန်းကျန့်လက်ထပ်ထားသည့် ဇနီးဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင် သူက ထိုလူများက သူ့ကိုယုံလိမ့်မည်ဟု မထင်ခဲ့ပါချေ။
ဘယ်ယောကျ်ားကမှ သူ့ရဲ့အသစ်စက်စက်လက်ထပ်ထားတဲ့ဇနီးကို လောင်းကစားအိမ်မှာ အလုပ်လုပ်ဖို့ခေါ်လာပြီး အခြားသူတွေကို လုယက်ဖို့ ခေါ်လာမလဲ....အမှန်ဖြင့် ကျောက်ကျင်းကောက ကျန်းကျန့်တွေးနေသည့်အရာအား နားမလည်ပါချေ။ကျန်းကျန့်က သူ့အား အီစီကလီလုပ်တတ်ပြီး ကြည့်ကောင်းသည့်အတွက် ချီးမွမ်းသေးသည်။သူက ကြားရသည့်အတွက်ပျော်ရွှင်မိသော်ငြား ယခု....ကျန်းကျန့်သူကိုကြည့်တဲ့ပုံစံကို ယောက်ကျာ်းလေးတစ်ယောက်ကို ကြည့်သလိုမျိုး ပုံပေါ်သွားရတာလဲ...။
“ညီအစ်ကို...ကျန်းကျန့်အကြိုက်က ဘာလဲ"
ကျောက်ကျင်းကောတိတ်ဆိတ်သွားသည်အား မြင်သည့်လူများက ထပ်မေးလာကြသည်။
“ကြိုက်တာက.......သူက ပိုက်ဆံကြိုက်တာများလား"ကျောက်ကျင်းကောက ဆိုလာ၏။
“ဟုတ်မှာ...ပိုက်ဆံမကြိုက်တဲ့သူရှိလို့လား"
ထိုလူများက စိတ်ကျေနပ်သွားကြသည်။
“ညီအစ်ကို...အနာဂတ်မှာ မင်းငါတို့ကိုကူပြီး စကားကောင်းကောင်းပြောပေးထားမယ်ဆိုရင် နောက်တစ်ခါကျ သောက်ဖို့ဖိတ်ပါ့မယ် ...ချောင်းထုန်မှာ ညီမငယ်လှလှလေးတွေရှိတယ်..သူတို့ဆီသွားပြီး မင်းနဲ့အတူအိပ်ပေးဖို့ ပြောပေးမယ်လေ"
ကျောက်ကျင်းကောတစ်ကိုယ်လုံး တောင့်ခဲသွားရသည်။
"....."သူက ကောနဲ့နည်းနည်းလေးတောင်မတူဘူးလား..။မည်သို့ပင်ဖြစ်စေ စီရင်စုမြို့တွင် မကောင်းသည့်နေရာများပေါများလေ၏။သူက ကျန်းကျန့်အား မျက်စိဒေါက်ထောက်ကြည့်ရမည်။သူက ကျန်းကျန့်အား အခြားတစ်ယောက်ရှာခွင့်မပြုနိုင်ပါ။အံတင်းတင်းကြိတ်ပြီးနောက် ကျောက်ကျင်းကောကအလုပ်ဆက်လုပ်လေ၏။
ကျန်းကျန့်က ကျောက်ကျင်းကောအလုပ်လုပ်နေသည်အား မြင်သော်လည်း လေးလေးလံလံလုပ်ရသည်များမဟုတ်ကာ ကျောက်ကျင်းကော၏ယခင်အလုပ်ထက်ပိုလွယ်ကူ၍ သူသည်လည်း မတားတော့ချေ။တစ်ယောက်ယောက်က ကျောက်ကျင်းကောအား စကားပြောနေရင်တောင်မှ သူက အတည်မယူတော့။သူက ကျောက်ကျင်းကော သူ့အားအလွန်ကြိုက်ကြောင်းသိကာ သူတို့က လက်ထပ်ပြီးပြီဖြစ်သည်။ကျောက်ကျင်းကောက တစ်ယောက်ယောက်နှင့် စကားပြောနေရုံမျှပင်။
သူက ဘာလို့ဂရုစိုက်စရာလိုလဲ။
တစ်ခဏအကြာ လျူဟိုင်ထုန်လောင်းကစားအိမ်မှ အရာအားလုံးအား သယ်ထုတ်သွားလေ၏။စစချင်း၌ သူက လျူဟိုင်ထုန်အား ခြိမ်းခြောက်ရန် သုံးလို့ရမည့်စာရင်းစာအုပ်အချို့အား ရှာတွေ့လိမ့်မည်ဟု ထင်ထားခဲ့လေ၏။သို့သော်လည်း သူက အများကြီးတွေးနေခြင်းသာ ဖြစ်၏။
ဘယ်လိုလုပ်ပြီး စာမတတ်တဲ့လူမိုက်အုပ်စုက စာရင်းစာအုပ်မျိုး ရေးထားနိုင်မှာလဲ။သူတို့ထဲတွင် စာဖတ်တတ်သည့်သူက တစ်ယောက်တည်းရှိပြီး ထိုသူကလည်း အကြွေးစာရင်းများသာရေးလေ၏။သူရေးသည့်ပုံစံက ကျန်းကျန့်ထက်ပင် ရုပ်ဆိုးသေးသည်။သို့သော်လည်း ထို့ထက် ငွေစခြောက်ရာကျော်အား ရှာတွေ့သွားလေ၏။
လျူဟိုင်ထုန်က လယ်လုပ်ရသည်အား မကြိုက်၍ သူ၏ဝင်ငွေရင်းမြစ်မှာ လူများအား ပိုက်ဆံချေးပေးခြင်းဖြစ်သည်။ဤငွေစခြောက်ရာက သူငွေချေးရန်သုံးသည့် ပိုက်ဆံဖြစ်၏။
ကျန်းကျန့်က ယင်းအားကြည့်လိုက်ပြီး လောင်းကစားအိမ်သို့ သူ့နောက်လိုက်လာကြသော ထိုလူများနှင့်ကျောက်ကျင်းကောအား တစ်ယောက်ကို ငွေငါးစစီပေးလိုက်သည်။သူက ကျန်သည့်ပိုက်ဆံများအား တွန့်ဆုန်ခြင်းမရှိ သိမ်းထားလိုက်ရင်း လျူဟိုင်ထုန်အား ပြောလိုက်သည်
"လျူဟိုင်ထုန်...မင်း ဒီလောင်းကစားအိမ်ကို ဆက်ဖွင့်လို့မရတော့ဘူး..အဲ့ဒါအပြင် ပိုက်ဆံချေးတာကလည်း ပြစ်မှုမြောက်တယ်..မင်းနာခံလိုက်တာကောင်းမယ် မဟုတ်ရင်..သခင်လေးကျန့်က သေချာပေါက် မင်းကို လွှတ်ပေးမှာမဟုတ်ဘူး"
လျူဟိုင်ထုန်က လက်သီးတင်းတင်းဆုပ်ထားရင်း ကျန်းကျန့်အား ကြည့်လိုက်သည်။သူအတော်လေး ဒေါသထွက်နေပြီဖြစ်သည်။
ထိုအချိန် ကျန်းကျန့်က လျူဟိုင်ထုန်ပတ်လည်ရှိလူများအား ပြောလိုက်သည်;
"မင်းတို့က လျူဟိုင်ထုန်နောက်ကို ဟုန်ရှင်းလောင်းကစားအိမ်နာမည်နဲ့ လိုက်ကြတာ ဆိုပေမယ့် တကယ်တမ်း မင်းတို့အားလုံးက ဟုန်ရှင်းလောင်းကစားအိမ်က မဟုတ်ကြဘူး...အနာဂတ်မှာလည်း မင်းတို့ကို ဘယ်သူမှကာကွယ်ပေးမှာမဟုတ်ဘူး..ဒါပေမယ့် ငါ့နောက်ကိုလိုက်ကြမယ်ဆိုရင်...သခင်လေးကျန့်က စီမံခန့်ခွဲဖို့ လောင်းကစားအိမ်အသစ်ဆောက်ဖို့ စီစဥ်ထားတယ်..ပြီးတော့ ငါ့မှာ လူနည်းနေတာ..."
ကျန်းကျန့် ဒါတော့ လွန်သွားပြီ။ငါ့နေရာကိုလာပြီး ငါ့လူတွေကို ခေါ်နေတယ်ပေါ့လေ။ဒေါသတကြီးဖြစ်နေသည့် လျူဟိုင်ထုန်က သူစုဆောင်းထားသည့်လူများအား စပြီးလှည့်ပတ်ကြည့်နေ၏။ရုတ်တရက် သူက သူတို့အများစုမှာ စိတ်လှုပ်ရှားနေကြသည်အား တွေ့လိုက်ရသည်။လောင်းကစားရုံမှလူများအဖို့ ....ကျန်းကျန့်ပေးသည့် ငွေငါးစအား ယူပြီးနောက် သူ့အား လုံးဝမကြည့်ကြတော့ပေ။
ဤလောင်းကစားအိမ်မှ ကြေးစားလူမိုက်များက ဝင်ငွေကောင်းကောင်းရှိသော်လည်း သူတို့ခွန်အားများအား ရောင်းနေခြင်းသာဖြစ်ရာ တစ်လတွင် ငွေစနည်းနည်းသာရလေ၏။ယခုမူ ကျန်းကျန့်က သူတို့အား ချက်ချင်း ငွေငါးစပေးလာသောအခါ သေချာပေါက် ကျန်းကျန့်စကားကိုပင် နားထောင်ချင်ကြမည်။
လျူဟိုင်ထုန်က ပိုက်ဆံအများကြီး ရှာထားလေ၏။သို့သော်ငြား သူက အမြဲတစေ သောက်စရာတစ်ခုသာ ဝယ်ပေးပြီး နှမြောသူဖြစ်သည်။ဘာလို့ သူတို့က သူ့နောက်လိုက်နေတော့မှာလဲ။
ကျန်းကျန့်က လောင်းကစားအိမ်ကို ပိတ်လိုက်သော်ငြား လျူဟိုင်ထုန်အား အမှန်ပင် ဘာမှမလုပ်ပါချေ။ထိုသို့သောလူမျိုးကို အလောတကြီး တွန်းအားပေး၍မရနိုင်ပေ..။
သူ၏ လူမိုက်သစ်များအား စကားအနည်းငယ်ပြောပြီးနောက် ကျန်းကျန့်က လျူဟိုင်ထုန်၏လူများ ပိုပိုပြီး စိတ်ပြောင်းလာကြသည်အား တွေ့လိုက်ရသည်။ဤသည်အားမြင်ပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောနှင့်အတူ ထွက်ခဲ့လေ၏။လမ်းတွင် သူက တိတ်တိတ်လေးထွက်ပြေးသွားသည့် ရင်းနှီးနေသည့်ပုံရိပ်တစ်ခုအား မြင်လိုက်ရ၍ ကုန်းအော်လိုက်သည်
"လျူတချန့် ...မင်းငါ့ကို အကြွေးပေးစရာရှိတဲ့ ပိုက်ဆံ မမေ့နဲ့"
ထို့နောက် လျူတချန့်က ပို၍ပင် မြန်မြန်ပြေးသွားလေ၏။
ကျန်းကျန့်က သူ၏ငွေစအား ကျောက်ကျင်းကောထံ ပေးလိုက်သည်။ပိုက်ဆံယူလိုက်ရသည့် ကျောက်ကျင်းကောက ရုတ်တရက် အလွန်အမင်းပူလောင်နေသလို ခံစားရသည်။သူက ဖြစ်ပျက်နေသည့်အရာအားလုူံက အစစ်အမှန်မဟုတ်ကြောင်း ခံစားနေရလေ၏။
ဟုန်ရှင်းလောင်းကစားအိမ်လူမိုက်များက ဤသည်အားမြင်သော် ဤစကားပြောရသည်အားမကြိုက်သည့် နှုတ်နည်းသည့်လူက ကျန်းကျန့်မှ သဘောကျသည့်သူဖြစ်ရမည်ဟု ပိုပိုခံစားမိလေ၏။သူတို့ထဲမှတစ်ယောက်က ထွက်လာပြီး သူရသည့်ငွေငါးစဝေစုထဲတွင်ပါသည့် ငွေလက်ကောက်လေးအား ကျောက်ကျင်းကောထံ အထူးအနေနှင့်သွားပေးလိုက်သည်။
“ညီအစ်ကို...ငါပြောထားတာမမေ့နဲ့နော်..နောက်တစ်ခါကျ မင်းကို သောက်ဖို့ခေါ်မယ်"
ကျောက်ကျင်းကော:"...."