အပိုင်း၈၇
Viewers 24k

Chapter 87

Chapter 87

သင်္ဘောပေါ်ကဘ၀




ထိုနေ့သည် ပထမနေ့ဖြစ်သောကြောင့် လူတိုင်းနီးပါး သူတို့ယူလာခဲ့သော အစားအစာများကို စားကြပြီး လူအနည်းငယ်သာ သင်္ဘောပေါ်က အစားအသောက်များ တောင်းကြသည်။


ကျန်းကျန့် ချောင်းထုန်ရွာမှာ သူတို့အတွက် ချက်ပြုတ်ပေးသည့် အမျိုးသမီး နှစ်ယောက်ကို သင်္ဘောပေါ် မှာ အစားအသောက်တွေ ပြင်ဆင်ခိုင်းခဲ့သည်။ အရသာက သာမန်သာဖြစ်၏။သို့သော် သူ့လိုအပ်ချက်ကြောင့် ဟင်းရွက်ဟင်းလျာ နှစ်မျိုးနှင့် အသားဟင်း နှစ်မျိုးရှိပြီး အနပ်တိုင်းအတွက် ဟင်းရည်လည်းပါပြီး လျှံပယ်သည်ဟု ယူဆနိုင်သည်။


လက်ရှိတွင် ဟယ်ချောင်စီရင်စုတွင် အသုံးအများဆုံး ဟင်းသီးဟင်းရွက်များမှာ ပဲလွမ်း၊ ပဲတီစိမ်း၊ သခွားသီး၊ ခရမ်းချဉ်သီး၊ လူဆန်ပဲ စသည်တို့ဖြစ်သည်။ ထိုနေ့ နေ့လယ်စာတွင် ပဲလွမ်းကြော်၊ သခွားသီးချဉ်၊ လူဆန်ပဲ နှင့် ချဉ်ဖတ်ဟင်းရည်တို့ ပါဝင်ပါသည်။ အသားဟင်းအတွက်က ဝက်သားနှပ်ဖြစ်၏။


ကိုယ့်စားစရာကိုယ်ယူလာသည့်ကုန်သည်အချို့က သင်္ဘောပေါ်ကထမင်းဟင်း မစားမိသည်ကို နောင်တရသွားကြသည်။နောက်ပိုင်း တာဝန်ရှိသူ တစ်ယောက်ယောက်က လာမေးသောအခါ ထိုညတွင် သင်္ဘောပေါ်က အစားအသောက် စားမည်ဟု ပြောကြသည်။သင်္ဘောပေါ်တွင် အပိုဟင်းလျာများ မှာယူနိုင်ကြောင်းလည်း သိရှိခဲ့ရသည့်အတွက် အခြားသူများက မွှေကြော်ကို မှာယူကြသည်။


နေ့ခင်းဘက်တွင် ကျန်းကျန့် အလွန်အလုပ်များနေခဲ့သော်လည်း ညနေခင်းတွင် ဖုချောင်နားသို့ ကပ်လာပြီးနောက် သူ စိတ်အေးလက်အေး ဖြစ်နေသည်။ကျောက်ကျင်းကောအတွက် အိမ်မှပထမဆုံးအကြိမ် အဝေးထွက်ခြင်းဖြစ်သည်ကိုတွေးကာ သူ့အား ပိုကောင်းကောင်းစားရအောင်လုပ်ရမည်ဟု စိတ်ကူးမိသည်။ဟင်းချက်သည့်နေရာသို့ သူကိုယ်တိုင် ဟင်းနှစ်ခွက်ချက်ရန် ကြံရွယ်ပြီးသွားခဲ့သည်။ ဝက်သားတစ်ပိုင်းကို ရွေးပြီး ဒယ်အိုးထဲမှာ ဆီနှင့်ကြော်ကာ ကြက်သွန်ဖြူ နှစ်မွှာထည့်၍ မွှေးလာသည်အထိ ကြော်လိုက်သည်။၎င်းနောက် ပဲလွမ်းကို ထည့်မွှေ၏။ သူ့အချက်အပြုတ် စွမ်းရည်က သိပ်မကောင်းပေမဲ့ ယခုလိုပဲလွမ်းကိုကြော်သည်က ဟိုအမျိုးသမီးနှစ်ယောက် ချက်ပြုတ်ထားသည့် ပဲလွမ်းတွေထက် ပိုကောင်းမှန်းသေချာသည်။


အသားလွှာများနှင့် ပဲလွမ်းကြော်များကို ပြင်ဆင်ပြီးနောက် ကျန်းကျန့် ခရမ်းသီးတစ်ပန်းကန်ကို ငံပြာရည်ဖြင့်ကြော်ပြီးနောက် ကျောက်ကျင်းကောဆီသို့ ထမင်းနှင့်အသားနှပ်များယူကာ သွားခဲ့သည်။


ထိုစဥ်တုန်းက သူတို့အသုံးပြုခဲ့သည့် သင်္ဘောတွေက သေးသေးလေးမဟုတ်ပေမဲ့ မော်ဒန်ခေတ်က သင်္ဘောကြီးတွေနှင့် ယှဉ်၍မရသေးသည့်အတွက် လူတွေနေထိုင်နိုင်သည့်နေရာတွေက သေးငယ်၏။ကျန်းကျန့်၏လူများပဲဖြစ်စေ ကုန်သည်တွေပဲဖြစ်စေ၊ သူတို့အားလုံး တူညီသည့်အခန်းမှာ အိပ်ကြပေမဲ့ ကျန်းကျန့်နှင့် ကျောက်ကျင်းကောကမူ သီးခြားအခန်းတစ်ခု ရှိလေသည်။


အခန်းသည် လေးစတုရန်းမီတာခန့်သာရှိ၍ သေးငယ်သော်လည်း အနည်းဆုံး မည်သူမှ လာရောက်နှောင့်ယှက်ခြင်း မရှိပေ။ကျန်းကျန့် အခန်းထဲကို ဝင်လာသောအခါ ကျောက်ကျင်းကော ပေသီးတွေနှင့် ကစားနေသည်ကို တွေ့လိုက်ရ၏။


ဤပေသီးကို ကျန်းကျန့် ယူလာခဲ့ခြင်းဖြစ်သည်။ငယ်ငယ်က သင်္ချာအတန်းမှာ ပေသီးအကြောင်း အနည်းငယ်လေ့လာခဲ့၏။ သို့သော် ရိုးရိုးသားသားပြောရလျှင် အထက်ဖော်ပြပါ ငါးခုနှင့် အောက်ဖော်ပြပါတစ်ခုမှလွဲ၍ ကျန်အရာအားလုံးကို သူမေ့လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူပြန်လေ့လာတော့မှာဖြစ်သည်။သို့ပေမဲ့ ကံမကောင်းစွာပဲ သူ့မှာ အချိန်မရှိသေးပါချေ။


"ကျန်းကျန့် ပြန်လာပြီလား"


ကျန်းကျန့်ကိုမြင်သောအခါ ကျောက်ကျင်းကောက ချက်ချင်းထရပ်လိုက်၏။


"အင်း ညစာ အဆင်သင့်ဖြစ်ပြီ"


ကျန်းကျန့်က သူ့ပန်းကန်ကို ချလိုက်ပြီး "မနက်ဖြန် ကိုယ်တို့ ဖုချောင်နားမှာ တစ်ရက်လောက် ရပ်လိုက်မယ်...ကမ်းပေါ်တက်ချင်လား"


"ခင်ဗျားသွားမှာလား"


ကျောက်ကျင်းကောက မေးသည်။


“ကိုယ်က နည်းနည်း အလုပ်ရှုပ်နေမှာ"


ကျန်းကျန့်ကပြောလိုက်သည်။မည်သို့ပင်ဖြစ်စေ ဤသည်က ပထမဆုံး ခရီးဖြစ်သည်။ သူသည် အရာအားလုံးကို စောင့်ကြည့်နေခဲ့ရပြီး ကျောက်ကျင်းကောနှင့်အတူ လမ်းလျှောက်လိုက်ရန် အချိန်မရှိပေ။


"ဒါဆို ကျွန်တော်လည်း မသွားဘူး...ကျွန်တော်ခင်ဗျားကို ကူညီမယ်"


ကျောက်ကျင်းကောကပြောလိုက်သည်။သူနားမလည်သည့်အရာအချို့ရှိသော်လည်း သူက မှာယူခြင်းနှင့် အခြားအရာများကဲ့သို့ ရိုးရှင်းသည့်အရာများကို လုပ်ဆောင်နိုင်သောကြောင့် သူလည်း ကျန်းကျန့်ကို အနည်းငယ်ကူညီပေးနိုင်သည်။


“ကောင်းပြီ”


ကျန်းကျန့် လျှောက်သွားပြီး ကျောက်ကျင်းကောကို နမ်းလိုက်သည်။


ကျောက်ကျင်းကောက ထိတ်လန့်သွားသော်လည်း ၎င်းကို ရှောင်ရန်မကြိုးစားပဲ ယခုလိုသာဆို၏.


“အဲလိုမလုပ်နဲ့...ကျွန်တော်တို့က လှေပေါ်မှာ”


ဤသင်္ဘောပေါ်ရှိ အသံလုံခြင်းမှာ များစွာ ကောင်းမွန်ခြင်းမရှိပါချေ။ ဘေးအခန်းစကားပြောသည်ကိုပင် သူ ကြားနေရ၏ . . .


“ဒါက အနမ်းတစ်ပွင့်တင်ပဲကို...ကိုယ်တို့အဲဒါလုပ်မှာမှဟုတ်တာ... မင်းဘာကိုကြောက်နေတာလဲ...ကိုယ်တို့လုပ်ရင်တောင် ...မင်းရဲ့အသံကို နှိမ့်ထားရင် အဆင်ပြေမှာပါ"


ကျန်းကျန့်က ကျီစယ်လိုက်သည်။


“ဒါဆို...ဒါဆို ခင်ဗျားလည်း သတိထားရမယ်...အသံမထွက်စေနဲ့"


ကျောက်ကျင်းကောက စဉ်းစားပြီး ကျန်းကျန့်ကို ပြောလိုက်၏။


ကျန်းကျန့်:"... ”


သူနှင့် ပရောပလုပ်သည့်အခါ ကျောက်ကျင်းကောက သူ အလွန်အမင်း ပျော်နေချိန်မှာပင် အသံမထွက်သည်ကို သူ မေ့သွားခဲ့သည်. . . သူတို့သည် ညဘက်တွင်သာ အသံထွက်ဝံ့၏။အခြေခံအားဖြင့် သူက အလွန်အမင်း ပြင်းပြင်းထန်ထန် လှုပ်ရှားနေခြင်းကြောင့်ဖြစ်သည့် ကုတင်က မြည်သံကြောင့် ဖြစ်သည်။ သို့သော် ကျောက်ကျင်းကောက ထိုသို့ပြောသောအခါ အနည်းငယ် ထူးဆန်းသွားရသည်. . .


"မင်းလေးကပဲ လှုပ်ရှားပြီး ညင်ညင်သာသာလေးလုပ်ရင်ရော"


ကျန်းကျန့်က ထပ်ပြောလိုက်သည်။


"ကျွန်တော်လား..."


ကျောက်ကျင်းကောက ကျန်းကျန့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။သူ က ဘယ်လိုလုပ် လှုပ်ရှားတဲ့သူဖြစ်နိုင်မှာလဲ ...


"အရင်စားလိုက်ပါဦး... ညကျရင် သင်ပေးမယ်"


ကျန်းကျန့်က ပြောလိုက်သည်။


ကျောက်ကျင်းကောတစ်ယောက် တိတ်ဆိတ်စွာ စားသောက်နေသော်လည်း သူ့နှလုံးသားသည် ဒရမ်ကဲ့သို့ ခုန်နေသည်။ သူ့မှာ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ရှိနေပြီးသားဖြစ်နေသည်။ကျန်းကျန့်က ဘယ်လိုလုပ် ဒီလောက်သိနေရတာလဲ...


ကျောက်ကျင်းကောက ငယ်ငယ်ကတည်းက သူ့အဖေနှင့်အလုပ်ထွက်လုပ်ခဲ့၏။ တခြားသူတွေ၏ ညစ်ညမ်းစကားများကို သူနားထောင်ခဲ့ရသည့်အတွက် ယောက်ျားနှင့်မိန်းမကြားက ကိစ္စတွေကို အနည်းနှင့်အများ သိလေသည်။သို့ပေမဲ့ ကျန်းကျန့်နှင့် အချိန်အတူကုန်ဆုံးပြီးနောက်. . . ကျောက်ကျင်းကော သူကအနည်းငယ်သာသိပုံရသည်ကို ရုတ်တရက်တွေ့ရှိလိုက်ရသည်။ ကျန်းကျန့်က ဘယ်လိုလုပ် ဒီလောက်ထိသိနေရတာလဲ...


ကျောက်ကျင်းကော နားမလည်သောကြောင့် အလုတ်အနည်းငယ်စားပြီးနောက် သူမေးလိုက်သည်။


“ခင်ဗျားဟိုအမျိုးသမီးကို ဒီဟင်း အထူးတလည်ချက်ခိုင်းခဲ့တာလား...ဒီအသားက တကယ်အရသာရှိတယ်"


"ဟိုအမျိုးသမီးက ဒီလောက် အရသာရှိတဲ့ ဟင်းမချက်နိုင်ဘူး...ကိုယ်ချက်ထားတာ"


ကျန်းကျန့်က ရယ်မောလိုက်သည်။


ကျောက်ကျင်းကော ကျန်းကျန့်ကို အံ့အားသင့်စွာကြည့်လိုက်မိသည် သူ ရုတ်ချည်း မြန်မြန်စားပြီး အရသာကောင်းကောင်းမခံခဲ့မိသည်ကို နောင်တရလာခဲ့သည်။


အရင်က ကျန်းကျန့်ချက်ပြုတ်ထားသည့် အစားအစာတွေ အများကြီးစားဖူးပေမဲ့ သူတို့နှစ်ယောက်၏ဆက်ဆံရေး တရားဝင်ဖြစ်ပြီးကတည်းက သူကျန်းကျန့်လုပ်ထားသည့် ဘာကိုမှမစားရသေးပါချေ. . . ထို့အပြင် ကျန်းကျန့်က သူစားရန် ပိုလုပ်ထားခြင်းဖြစ်သည်။ ၎င်းကို တွေးကြည့်ရုံနှင့် ကျောက်ကျင်းကော ကျေနပ်သွားသည်။ကျန်းကျန့်က အလွန်ကောင်းသည်၊ သူ့ကိုကူညီနိုင်ရန် ပိုကြိုးစားရမည်။


ကျောက်ကျင်းကောက အသားလွှာကို နှစ်သက်သော်လည်း ၎င်းကို မြည်းစမ်းရန် နှစ်ဖတ်သာစားပြီးနောက် ကျန်းကျန့် များများစားရန် ကြံရွယ်ကာ သူ၏တူများကို မရွှေ့တော့ပေ။


ကျန်းကျန့် သူဘာတွေတွေးနေလဲဆိုသည်ကို သိလိုက်သောကြောင့် ပန်းကန်လုံးထဲမှာ သူ့တူတွေကို ပန်းကန်ထဲချလိုက်ပြီးပြောလိုက်သည်။


"နောင်မှာ သူစိမ်းတစ်ယောက်လို မလုပ်ပါနဲ့...မင်းမစားရင် တခြားသူတွေကို ကိုယ်ပေးပစ်မယ်...မင်းဘာလုပ်မလဲဆိုတာကြည့်ရအောင်"


ကျောက်ကျင်းကော အံ့သြသွားသည်။


“အရင်က ဖန်းလို့ခေါ်တဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ကိုယ်သိဖူးတယ်... သူက ငယ်ငယ်က ဆင်းရဲပြီး ဆိုးရွားတဲ့ဘဝမှာ နေထိုင်ခဲ့တယ်... သူ့မိန်းမက သာမန်ရွာသူတစ်ယောက်... နောက်ပိုင်း သူချမ်းသာလာတဲ့အခါ သူ့မိန်းမအတွက် ဟိုဟိုဒီဒီ ဝယ်ပေးပြီး လှလှပပ ၀တ်ဆင်စေချင်တယ်...ဒါပေမဲ့ သူ့မိန်းမက ငွေသက်သက်ဖြုန်းတာလို့ထင်ခဲ့တယ်... သူ့အတွက် ပိုအရသာရှိတဲ့ အစားအစာတွေကို အိမ်မှာ ချက်ပေး ချင်စိတ်မရှိဘူး...နောက်တော့ သူအိမ်ပြန်ရတာ မကြိုက်တော့ဘူး...နေ့တိုင်း စားသောက်ဆိုင်ကို သွားတယ်...နောက်ပိုင်းကျ ကိုယ်လုပ်တော်ယူလိုက်တယ်"


ကျန်းကျန့်က ကျောက်ကျင်းကော ကြောက်လန့်စေမည့် ဇာတ်လမ်းတစ်ပုဒ်ကို စတင်ဖန်တီးခဲ့သည်။


“ကိုယ်လုပ်တော်က ဒီနေ့ မျက်နှာချေနဲ့ပေါင်ဒါမှုန့်လိုချင်တယ်... မနက်ဖြန်ကျ ပိုးထည်နဲ့ဖဲစ...ညစာအတွက် ကြက်၊ ဘဲ၊ ငါး...အပြင်ထွက်ဖို့ ဝေါယာဥ်နဲ့ ရထားလုံး...ပိုက်ဆံကို ရေလိုသုံးပေမဲ့ဖန်မျိုးရိုးလုပ်ငန်းရှင်က သူ(မ)နဲ့ အဆင်ပြေပြေနေနိုင်လို့ သူ(မ)ကို သဘောကျတုန်းပဲ...နောက်ပိုင်းမှာ သူ့ဇနီးဟောင်းကိုတောင် မတွေ့ချင်တော့တဲ့အတွက် ပြန်သွားရမှာ ကြောက်လာတယ်...အဲဒီအချိန်မှာသူ့မိန်းမက ကြက်သတ်တာကိုတောင် ဖြုန်းတီးလွန်းတယ်လို့ ထင်နေတုန်းပဲ”


“!”


ကျောက်ကျင်းကောတစ်ယောက် အသားတစ်ဖတ်ကို အမြန်စားလိုက်သည်။


တကယ်တမ်းတွင် ကျန်းကျန့်က ပိုက်ဆံအများကြီးသုံးပြီး နှစ်ရက်တစ်ခါ သူစားရန် ကြက်သို့မဟုတ် ဘဲတစ်ကောင် ဝယ်ပေးတတ်သည်။ အလွန်ဖြုန်းတီးသည်ဟု သူခံစားရသော်လည်း ဤငွေများအားလုံးကို ကျန်းကျန့်က ပိုင်ဆိုင်သည်ဟု သူထင်သောကြောင့် ဘာမှမပြောဘဲနေခဲ့သည်။သို့ပေမဲ့. . . ကျန်းကျန့်သာ မဝယ်လျှင် သူတကယ် ဝယ်စားမှာ မဟုတ်ပေ။ထို့နောက်တွင်ကား. . .


ကျောက်ကျင်းကောကို ​ခြောက်ပြီး ကုန်အောင်စားခိုင်းပြီးနောက် ကျန်းကျန့် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ ထိုအလုပ်များသည့်နေ့ပြီးနောက် သူ အနည်းငယ် ပင်ပန်းလာသည်။ကျောက်ကျင်းကော မျက်မှောင်ကြုတ်ကာ အတွေးထဲတွင်နှစ်မြုပ်နေရင် ပန်းကန်လုံးနှင့် တူများကို အပြင်ဘက်သို့ ယူသွားသည်။ သို့သော် သူအပြင် ထွက်လိုက်သည်နှင့် ရပ်တန့်သွားသည်။


"ကျောက်ကျင်းကော"


"အင်း"


ကျောက်ကျင်းကော မော့ကြည့်လိုက်သောအခါ ကျန်းကျန့်၏လူတစ်ယောက်ဖြစ်သည့် တင်းလျန်ကိုတွေ့လိုက်ရသည်။


"ခုနက ဘော့စ် ချက်ပြုတ်တာက မင်းစားဖို့လား"

တင်းလျန် ကျောက်ကျင်းကော ၏လက်ထဲမှ ပန်းကန်များကို ကြည့်လိုက်ပြီးနောက် ရှုပ်ထွေးသောအမူအရာဖြင့် ကျောက်ကျင်းကောကို ကြည့်လိုက်သည်။


ပထမတုန်းက ကျန်းကျန့်က ကျောက်ကျင်းကောကို ဂရုမစိုက်၊ တန်ဖိုးမထားဘူးဟု သူတို့ထင်နေခဲ့ကြသည်။မဟုတ်လျှင် ကောတစ်ယောက်ကို သူတို့လို လူကြမ်းကြီးအုပ်စုနှင့် လေ့ကျင့်ခိုင်းနိုင်ပါမည်လော။သို့ပေမဲ့ အချိန်တွေကြာလာသည်နှင့်အမျှ သူတို့မှားမှန်းသိလာ၏။ တကယ်တမ်းတွင် ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် အလွန်ကောင်း၏။ အနည်းဆုံး ကျန်းကျန့် ကျောက်ကျင်းကောကို သင်ပေးခဲ့သည်များက သူတို့ကို ဘယ်တုန်းကမှ မသင်ပေးသောအရာများဖြစ်သည်။သူတို့လည်း ဤကိစ္စကို ပြောစရာမရှိပါချေ. . . သူတို့က ကျန်းကျန့်၏ကောနှင့် မတူပေ။ကျန်းကျန့်က ဘာလို့ ဒီလောက်ခက်ခဲတဲ့ အရာတွေကို သူတို့ သင်ပေးမှာလဲ...


သို့သော်လည်း ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် အလွန်ကောင်းကြောင်း အားလုံးသိကြသည့်တိုင် ကျန်းကျန့်က ကျောက်ကျင်းကော အတွက် ချက်ပြုတ်ပေးသည်ကို အံ့သြမိဆဲဖြစ်သည်။အမျိုးသားများ၊ အထူးသဖြင့် မိမိတို့ဇနီး၏အနီးအနားတွင် ရှိနေဆဲဖြစ်သည့်အိမ်ထောင်သည်များသည်. . . သူတို့ဇနီးကို မည်သို့ အလုပ်အကျွေးမပြုခိုင်းဘဲနေရသနည်း။ထို့အပြင် ဇနီးသည်အတွက် ကိုယ်တိုင်ပင်ချက်ပြုတ်ပေးခဲ့သည်။


ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် အလွန်ကောင်းသည်၊ ၎င်းသည်ကောင်းသည်ထက်ပိုသည်။ ကျောက်ကျင်းကောကိုလက်ထပ်ရန်အတွက် သူ့ဇနီး၏မိသားစုထဲကို လက်ထပ်ဝင်ရန်ပင်ဆန္ဒရှိခဲ့သည်ဟု လူတွေ ဆိုကြသည်. . .


"ဘော့စ်က မင်းကို အရမ်းကြင်နာတာပဲ"

တင်းလျန် သက်ပြင်းချလိုက်သည်။


ကျောက်ကျင်းကော ခေါင်းညိတ်လိုက်သည်။ကျန်းကျန့်က သူ့အပေါ် အလွန်ကြင်နာသည်ဟု သူလည်း ထင်ပါ၏. . .ကျန်းကျန့်က သူ့ကို ညမှာ တစ်ခုခု သင်ပေးချင်သည်ဆိုပါက သူက ကြိုးကြိုးစားစားသင်မှာဖြစ်သည်။


.....


ဤတစ်ခေါက်တွင် သူ့လူများခေါ်ကာ

သင်္ဘောနှစ်စင်းနှင့် ဟယ်ချောင်စီရင်စု တစ်ဝိုက်တွင် လှည့်လည်ကြည့်ရှုခဲ့ပြီး သူနှင့် ဝမ်ဟိုင်ရှန်း သွားရောက်ဖူးသော နေရာများစွာကို သွားခဲ့သော်လည်း လုံခြုံစွာရှိနေဆဲဖြစ်သည်။သို့ပေမဲ့ နောက်ဆုံးမှာ ဤသည်က ပထမဆုံး ခရီးဖြစ်နေဆဲဖြစ်၏။ထို့ကြောင့် သူ ပိုသတိထားရပြီး လုပ်စရာတွေ အများကြီးရှိခဲ့သည်။


ညစာစားပြီး ခဏအိပ်ပြီးနောက် ကျန်းကျန့် နိုးလာသည်။ ထိုအချိန်တွင် သူတို့၏သင်္ဘောသည် ဖုချောင်အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ဆိပ်ခံတွင် ရပ်လိုက်သည်။


ကျန်းကျန့်၏လူများသည် သင်္ဘောပေါ်တွင်ရှိနေသောအခါ အားလုံးက ဆန်းသစ်သည်ဟု ခံစားရကြပြီး မည်သူမျှ မပျင်းကြပေ။သို့ပေမဲ့ သင်္ဘောဆိုက်ကပ်ပြီး ကျန်းကျန့်က ကုန်ပစ္စည်းတချို့ကို သင်္ဘောပေါ်ကနေ ကြိုရွှေ့ရန်ပြောပြီး ညစောင့်လုပ်ရန်စီစဉ်ပေးသည့်အခါ တချို့က မကျေမနပ်ဖြစ်ခဲ့ကြ၏။


ထိုလူက လျူဟိုင်ထုန်ပင်။


“ညရောက်နေပြီ...ငါတို့ကဘာလို့အလုပ်လုပ်ရဦးမှာတုန်း"


လျူဟိုင်ထုန်က မကျေမနပ်နှင့် သူ့ပတ်ဝန်းကျင်က လူတွေကို သွေးထိုးရန် ကြိုးစား၏။


"မင်းအဲဒါကိုလုပ်စရာမလိုဘူး...ပြီးတော့ ငါ့နောက်ကိုမလိုက်လို့ရတယ်... ငါ့အတွက် အလုပ်လုပ်ပေးမယ့် လူနည်းနည်းကို ရှာဖို့ ငါ့အတွက် ခက်ခဲမယ်လို့ မင်းထင်လား"


ကျန်းကျန့်က မျက်နှာပေါ်တွင် အေးစက်သောအပြုံးဖြင့် သူ့ကိုကြည့်နေသည်။ အရင်က သူ့မှာ ဘာမှမရှိသလို တစ်စုံတစ်ယောက်ကို ခေါ်ယူချင်နေလျှင်ပင် ဘယ်သူမှ လာမှာမဟုတ်ပေ။လျူဟိုင်ထုန်၏ဂိုဏ်း ပေါင်းစည်းသွားပြီး သူ့အတွက် ပြဿနာဖြစ်စေမည်ကို သူစိုးရိမ်သဖြင့် ၎င်းတို့ကို ခေါ်ယူခဲ့သော်လည်း နောင်တွင် . . .


အမှန်တွင် ဝမ်ဟိုင်ရှန်းနှင့်ဟယ်ညီအကိုတို့လို အလုပ်ကြိုးစားပြီး မညည်းမညူသည့်​လူတွေကို သုံးသည်က ပိုကောင်းနေသေးသည် မဟုတ်ပါလော။


ကျန်းကျန့် ပြောပြီးသည်နှင့် လျူဟိုင်ထုန်၏နှလုံး ဆောင့်ခုန်သွား၏။ သူကိုယ်တိုင်က မနာလိုတတ်သည့်လူဖြစ်သဖြင့် ကျန်းကျန့်လည်း ထိုသို့ပင် ဖြစ်ကောင်းဖြစ်နိုင်မည်ဟု သူခံစားရလိုက်သည်။ သူက ကျန်းကျန့်၏နောက်ကို လိုက်ခဲ့ပြီး လူတော်တော် များများ စောင့်ကြည့်နေခဲ့သည်။ကျန်းကျန့်က သူ့လူတွေကိုထွက်မသွားအောင်လုပ်ရန် ဘာမှမတတ်နိုင်ပေမဲ့ သူတို့ ဤနေရာကနေ ထွက်သွားပါက. . . ထိုလူ ကျန်းကျန့်က သွေးကို မြင်ဖူးသည့်ကောင်ဖြစ်သည်။


လျူဟိုင်ထုန် ရုတ်တရက် တိတ်ဆိတ်သွားပြီး နာခံမှုဖြင့် စတင်လုပ်ဆောင်ခဲ့သည်။ကျန်းကျန့် ပြောသည်ကို တခြားသူတွေက ကြားသောအခါ ထိတ်လန့်သွားကြသည်။သို့ပေမဲ့ သေသေချာချာ တွေးကြည့်ပါက ကျန်းကျန့် ပြောသည်က အတော်လေး မှန်သည်ကို တွေ့လိုက်ရ၏။


ယနေ့ခေတ်တွင် လူရှားပါးမှုမရှိသဖြင့် ကျန်းကျန့်ကပေးသောအကျိူးအမြတ်များဖြင့်ဆိုပါက အနာဂတ်တွင် လူစုဆောင်းရန် လွယ်ကူသွားမည်ဖြစ်သည်။သို့ပေမဲ့ သူတို့က . . . ဤနေရာမရှိဘဲ လူမိုက်မဖြစ်နိုင်ပေ။သူတို့ ဘာလုပ်ရမည်နည်း။


ထိုလူများ အလုပ်ပိုကြိုးစားလာကြသည်။


ကျန်းကျန့် ဤသည်ကို အလွန်ကျေနပ်ခဲ့ပြီး ပြစ်ဒဏ်နှင့် ဆုကြေးပေးခြင်းများကို ပြီးပြည့်စုံစေသင့်သည်ဟု တွေးခဲ့သည်။ အနာဂတ်မှာ ပေါ့ပေါ့ဆဆ လုပ်သူတွေရှိပါက သူတို့ကို တိုက်ရိုက်မောင်းထုတ်လိုက်သည်က ကောင်းလိမ့်မည်။ သေချာသည်ပင်၊ ထိုကဲ့သို့လူ တစ်ယောက်ယောက်ရှိလိမ့်မည်ဟု သူမထင်ပေ။ဤလူတွေက ယခု တကယ် အတော်လေး နာခံနေကြပြီဖြစ်သည်။


သင်္ဘောပေါ်မှ ကုန်ချပြီး မြေကွက်လပ်တစ်ခု၌ထားခြင်းကို တစ်နာရီကျော်ကြာ အလုပ်ရှုပ်စွာ လုပ်ကိုင်ပြီးနောက် ကျန်းကျန့် သင်္ဘောဆီသို့ ပြန်သွားကာ တစ်စုံတစ်ယောက်အား စောင့်ကြည့်ရန် စီစဉ်ပေးခဲ့သည်။


ကျောက်ကျင်းကောကလည်း သင်္ဘောပေါ်မှ ကုန်ပစ္စည်းများချရာတွင် ကူညီရေတွက်ပေးနေသည်။ သူတို့အခန်းထဲပြန်ရောက်သောအခါ ကျန်းကျန့်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီးမေး၏။


"ပင်ပန်းနေပြီလား"


"မပင်ပန်းပါဘူး"


ကျောက်ကျင်းကောက ဖြေလိုက်သည်။ယခုလိုအလုပ်မျိုးက သူ့အတွက် တကယ်ကို ဘာမှမဟုတ်ပါချေ။


ကျောက်ကျင်းကောက မပင်ပန်းဘူး ဟု ပြောခဲ့ပေမဲ့ သူတို့ ခရီးထွက်သည်က ယခု ပထမဆုံး အကြိမ်ဖြစ်လေသည်။ကျန်းကျန့် ဤညနေမှာ ဘာမှလုပ်ရန် မရည်ရွယ်ထားပါချေ။ရလဒ်အနေနှင့်. . .


"ကျန်းကျန့်...ကျွန်တော့်ကို ညကျရင်သင်ပေးမယ်လို့ စောစောက ပြောခဲ့တယ်လေ...ဘာသင်ပေးမှာလဲ"


အခန်း၏အမှောင်ထဲတွင် ကျောက်ကျင်းကောက စပ်စုစွာမေးလေသည်။


ကျန်းကျန့် သင်ပေးချင်သည်က ကျောက်ကျင်းကောကို ကုတင်မလှုပ်အောင် ထိန်းသည့်နည်းပါပင်။ ဥပမာအားဖြင့် ကျောက်ကျင်းကောက သူ့အပေါ်တွင် နေရာယူကာ အပေါ်အောက် လှုပ်ရှားခြင်းမျိုးဖြစ်၏။ကျောက်ကျင်းကောက အလွန်စိတ်ရှည်သည်။ သူက အစပြုခဲ့သည်ဟု ထင်ရပေမဲ့ ကျန်းကျန့်၏ထင်မြင်ချက်အရ သူအလွန် ရှက်နေခဲ့သည်။


ရှက်တတ်သည့်ပါတနာရှိသည်က မဆိုးပါချေ။ကျန်းကျန့် ကျောက်ကျင်းကောကို တစ်ခါတလေ သင်ပေးရသည်အား အတော်လေးသဘောကျသည်။ကျောက်ကျင်းကောက သူနှင့် အမြဲတမ်း ပူးပေါင်းလုပ်ဆောင်တတ်သည်ဖြစ်ရာ စိတ်ကျေနပ်မှုအတွက် ပြောစရာကိုမလိုပေ။