အပိုင်း၈၈
Viewers 24k

Chapter 88

Chapter 88

မြို့တော်သို့သွားရန် ပြင်ဆင်ခြင်း




ဤတစ်ခါတွင် သူတို့နှစ်ယောက်လုံး တကယ် ကိုဘာသံမှမကြားရဘဲ အကုန်ပြီးသွားတော့မှသာ— ကျောက်ကျင်းကောက သူ့ပေါ်မှဆင်းပြီး ခွေယိုင်နေသာ သူ့ခြေထောက်များကို ကုတင်ခင်းပေါ်ကို ချလိုက်သည့်အခါ—ဒုန်းခနဲ အသံထွက်လာ၏။သို့သော်လည်း ဤအသံက သင်္ဘောတွင် သာမာန်ဖြစ်သဖြင့် မည်သူမှ မည်သည့်အရာကိုမျှ သံသယဖြစ်မည်မဟုတ်ပေ။


ကျန်းကျန့် နှမြောစရာဟုထင်မိသည်။ကျောက်ကျင်းကောလည်း နှမြောစရာဟု ထင်ခဲ့၏။ထိုအနေအထားက သိပ်မကောင်းပေ။ပြီးသွားသည့်အခါမှာ ထိုအရာတွေအကုန်လုံး ထွက်ကျလာသဖြင့် ယင်းက ကလေးရရန်အတွက် တကယ်ကို ဆိုးကျိုးဖြစ်စေသည်။ထိုသို့တွေးပြီး ကျောက်ကျင်းကော သူ့ဗိုက်ကို ထိလိုက်၏။


"ဗိုက်နာနေတာလား...ကိုယ့်ကိုကူပြီး သန့်ရှင်းပေးစေချင်လား"


ကျန်းကျန့်က မေးလိုက်သည်။


ပြီးသောအခါ သန့်ရှင်းရမည်ကို သူ သတိရပါ၏။ မဟုတ်လျှင် ဝမ်းပျက်နိုင်သည်။


သူတို့ပထမဆုံးအကြိမ်လုပ်တုန်းက သူစိတ်လှုပ်ရှားလွန်သွားပြီး ၎င်းကိုမေ့သွားခဲ့သည်။ထို့ပြင် ကျောက်ကျင်းကောကလည်း ၎င်းကို မကြိုက်ပေ။သို့ပေမဲ့ ကျောက်ကျင်းကော ဝမ်းပျက်ဝမ်းလျှောမဖြစ်ဘူးဆိုသည်ကို သူတွေ့ရသည့်အခါ သူလည်း အတင်းမတိုက်တွန်းခဲ့ပါချေ။ကောတစ်ယောက်၏ခန္ဓာကိုယ်က သာမန်လူတစ်ဦးနှင့် အနည်းငယ်ကွာခြားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကံမကောင်းစွာပဲ ခြားနားချက်ကို သူလုံးဝမမြင်နိုင်ပါချေ။


"မလိုပါဘူး"


ကျောက်ကျင်းကောက ကမန်းကတန်းပြောလိုက်သည်။


ဒီအချိန်မှာ သူကဘယ်လိုလုပ် သန့်ရှင်းပစ်လို့ဖြစ်မလဲ...


ပြီးသွားလျှင် ငြိမ်ငြိမ်လေးအိပ်သည်က အကောင်းဆုံးဟု သူ့အမေက ပြော၏။ကျောက်ကျင်းကော သူ့ကိုယ်သူ သန့်ရှင်းအောင် ပွတ်တိုက်ပြီး လှဲအိပ်လိုက်သည်။ကျန်းကျန့်က လက်ဆန့်ကာ သူ့ဗိုက်ကိုထိလာသည်ကို မြင်သောအခါ သူကမေးလိုက်၏။


“အထဲမှာ ကလေးရှိနေပြီလို့ ထင်လား”


“ကိုယ်မသိဘူး...ဒါပေမဲ့ ရွာသားတွေက ကလေးရဖို့ မလွယ်ဘူးလို့ ပြောတယ်”


ကျောက်ကျင်းကော အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ မိန်းမတစ်ယောက်အနေဖြင့်ပင် ကလေးရရန် မလွယ်ပေ။သူ့လိုမျိုး ကောတစ်ယောက်ဆိုလျှင် ဝေးရောပင်။


“အဆင်ပြေပါတယ်...အေးဆေးပေါ့"


ကလေးမရှိသည်က ပိုကောင်းမည်ဟုတွေးပြီး ကျန်းကျန့် ကျောက်ကျင်းကောကို နမ်းလိုက်၏။


ယနေ့ အတော်လေး ပူနေ၏၊ အခန်းထဲမှာ ပိုပူသည်။ သူတို့အားလုံး အပူဒဏ်ကို ကျင့်သားကြရပေမဲ့ လေ့ကျင့်ခန်းပြီးပြီးချင်းကမလွယ်ကူပါချေ။


ကျောက်ကျင်းကောက ယပ်တောင်ကိုယူကာ သူနှင့်ကျန်းကျန့်အပေါ်ကို ဖြည်းညင်းစွာ ခပ်လိုက်ပြီး သူ သတိမထားမိဘဲ အိပ်ပျော်သွားသည်အထိပင်။ကျန်းကျန့်က သူ့လက်ထဲက ယပ်တောင်ကိုယူပြီး သူ့ကို ခဏလောက် ခပ်ပေးလိုက်ပြီး အိပ်ပျော်သွားသည်။


နောက်တစ်နေ့တွင် ဖုချောင်ကို ဦးတည်လာသော ကုန်သည်များအားလုံး ထွက်ခွာသွားကြသည်။ထိုအချိန်တွင် ကျန်းကျန့်က သူ့လူများကို သင်္ဘောကျင်းတစ်ဝိုက်တွင် ကင်းလှည့်ရန် စေလွှတ်ပြီး သူတို့နောက်သွားမည့်နေရာသို့ သွားမည့် ကုန်သည်အနည်းငယ်ကို ပြန်ခေါ်လာခဲ့သည်။


ဤကုန်သည်များအားလုံးသည် လှေကြီးတစ်စင်းခေါ်ရန် ငွေအနည်းငယ်ပေးဆောင်ရန် ဆန္ဒရှိခဲ့ကြသည်။ ယန့်ကျီမြစ်၏ ဤအပိုင်းတွင် ရေဓားပြအုပ်စုကြီးများ ရှားပါးပြီး လှေကြီးတစ်စင်းစီးသည်က အလွန်လုံခြုံသည်ဟု ဆိုလိုနိုင်သည်။


ကုန်များကို မနေ့ညက သင်္ဘောပေါ်မှ ရွှေ့ထားပြီးဖြစ်သောကြောင့် ထိုနေ့သည် ကျန်းကျန့် ယခင်က စိတ်ကူးထားသလောက် အမှန်တကယ်အလုပ်များမနေပေ။ ထို့ကြောင့် နေ့လည်စာစားပြီးနောက် ကျောက်ကျင်းကောကို လိုက်ပြရန် အချိန်အနည်းငယ်ယူခဲ့သည်။


ဝမ်ဟိုင်ရှန်း နှင့်ဟယ်ညီအစ်ကိုတို့ကို သင်္ဘောပေါ်တွင် စောင့်ကြည့်ရန် ပြောပြီးနောက် ကျန်းကျန့် ကျောက်ကျင်းကော နှင့် အတူ ထွက်သွားလေသည်။


"ဘော့စ်က ကျောက်ကျင်းကောအပေါ် အရမ်းကောင်းတာပဲ...သူ သူ့မိန်းမကို ဒီလောက် ချစ်တာကို ငါယုံတောင်မယုံနိုင်ဘူး”


တစ်စုံတစ်ယောက် ရောက်လာပြီးဟယ်ညီအစ်ကိုများနှင့် စကားပြောလာ၏။


ဟယ်ချွန်းရှန့်က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။ကျန်းကျန့်က ဤမျှ ကောင်းမှန်း သူသိခဲ့လျှင်း စောစောကတည်းက သူ့ညီကို ကျန်းကျန့်နှင့် လက်ထပ်ပေးခဲ့လိမ့်မည်. . . ကံမကောင်းစွာနှင့်ပင် ထိုသို့လုပ်ရန် အလွန် နောက်ကျသွားလေပြီ။


"ဒါနဲ့ ဟယ်ချွန်းရှန့်... မင်းမှာ အရမ်းကြည့်ကောင်းတဲ့ကောညီတစ်ယောက်ရှိတယ်ဆိုတာ ငါကြားတယ်...မင်းငါ့ကိုဘယ်လိုထင်လဲ...ဘော့စ်ကျန်းလောက် ငါ့မိန်းမကို ချစ်မယ်လို့ ငါ ကျိန်ပါတယ်...”

ထိုလူက ဆက်ပြောသည်။


ဟယ်ချွန်းရှန့်၏ မျက်နှာ မည်းမှောင်သွားသည်။ဤလူက ရုပ်ဆိုးလွန်းသည်ကို သူ့ညီအကြောင်း တွေးဝံ့နေသေးသည်လော။၎င်းကို သူတွေးမိသောအခါ ဟယ်ချွန်းရှန့် လျူဟိုင်ထုန်ကို ထပ်ပြီး မကြည့်ဘဲမနေနိုင်ပေ။


ဟယ်ချွန်းရှန့် နှင့် လျူဟိုင်ထုန် တို့သည် အကြီးအကျယ်ရန်စရှိခဲ့သော်လည်း လျူဟိုင်ထုန်က လူ ပြန်ပေးဆွဲရန် ဟယ်မိသားစုထံသွားသောအခါတွင် သူ့ဝမ်းကွဲများကိုသာ ခေါ်ဆောင်လာသောကြောင့် ဟယ်ချွန်းရှန့်သည် အခြားသူများနှင့် ပဋိပက္ခမရှိခဲ့ပေ။


လျူဟိုင်ထုန် စိတ်အနှောက်အယှက်ဖြစ်နေသည်ကိုသူတွေ့လိုက်ရပြီးနောက် ဟယ်ချွန်းရှန့် လျူဟိုင်ထုန်ကို တစ်နေ့ကုန် စိုက်ကြည့်နေခဲ့သည်။


ဒီလိုမျိုး အကြည့်ခံနေရတာ. . . လျူဟိုင်ထုန် အတော်လေး လုံခြုံသည်ဟု ခံစားရသည်။ အနည်းဆုံး ဒီလူတွေက သူ့ကို ကြိုးတုတ် မြစ်ထဲ ပစ်ချမှာ မဟုတ်ဘူးလို့ ဆိုလိုတာမလား...


ကျန်းကျန့် အထည်အနည်းငယ်ဝယ်သွားပြီး အရင်က အထည်ချုပ်ရန် ကူညီပေးခဲ့သော အပ်ချုပ်သမားဆီသွားကာ အလံအနည်းငယ်လုပ်ရန် တာဝန်ပေးခဲ့သည်။ သူ၏ကိုယ်ရံတော်လုပ်ငန်းကို ဖွင့်မည်ဆိုပါက လုပ်စရာတွေ အများကြီး ကျန်ပါသေးသည်။ ပထမဆုံးအနေဖြင့် အလံ ပြင်ဆင်ရမည်။


"ဒီအပေါ်မှာ ဘာပန်းထိုးရမလဲ" အပ်ချုပ်သမားက မေးလိုက်သည်။


" 'ကျန့်'ဆိုတဲ့ စကားလုံးကို ထိုးလိုက်ပါ"


ကျန်းကျန့်က ပြောပြီး နောက်ထပ် အကြံပြုချက်အချို့ကို ပြုလုပ်ခဲ့သည်။


အပ်ချုပ်ဆိုင်မှ ထွက်လာသောအခါ ကျောက်ကျင်းကောက ကျန်းကျန့်ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။


"ကိုယ်ရံတော်လုပ်ငန်း တကယ်ဖွင့်ချင်တာလား"


“ဟုတ်တယ်”

ကျန်းကျန့်က ရယ်မောလိုက်သည်။


“ကိုယ်တို့ ကျေးလက်မှာ တစ်ချိန်လုံး နေလို့မရဘူး"


အမှန်တွင် မော်ဒန်ခေတ်သာဆိုလျှင် ကျန်းကျန့်သာမန်ပြည်သူတစ်ဦးဖြစ်ရမည်ကို စိတ်ထဲမရှိပါချေ။ သာမန်လူတွေက စားစရာသောက်စရာ အလုံအလောက်ရှိကြပြီး သူတို့ဘဝက မဆိုးဘူးဆိုလျှင် ယေဘုယျအားဖြင့်တော့ အန္တရာယ် သိပ်မရှိကြပေ။


သို့ပေမဲ့ ယခုကရှေးခေတ် ဖြစ်၏။သူတို့ ကျေးလက်မှာနေပြီး ဘာမှမလုပ်လျှင် ကပ်ဘေးမှာ ဘယ်အချိန်သေရမည်ဆိုသည်ကို မည်သူသိပါမည်နည်း။ထို့အပြင် နောက်ထပ်ဆယ်စုနှစ်တစ်စု နှစ်စုအတွင်းမှာ သူသည် ယခုကဲ့သို့ သန်မာတော့မည်မဟုတ်ပေ။ သူ အသက်ကြီးလာပြီး အားနည်းသွားပေလိမ့်မည်။ထိုအချိန်မှ မူကြမ်းအမိန့်ရှိလာသည်ဆိုပါက သူ့ကို စစ်တပ်ထဲ ဆွဲသွင်းလိမ့်မည်လော။


သူ့မှာ ပိုက်ဆံနည်းနည်းရှိပါက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရနိုင်ပေမဲ့ ဟယ်ချောင်စီရင်စု၏ တရားသူကြီးကသာ ငွေမက်သူတစ်ယောက်ဖြင့် အစားထိုးခံရလိုက်လျှင် နောက်ခံမရှိသည့် သူက သူ့မိသားစု၏လုပ်ငန်းကို မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။ဤအရာတွေ တစ်ခုမှ မဖြစ်ခဲ့လျှင်ပင်. . . ဤတချီ မင်းဆက်သည် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိခဲ့ပြီး မည်သည့်အချိန်တွင် ပြောင်းလဲမည်ကို မသေချာပါချေ။ဤအချိန်မှာ သာမာန်လူအဖြစ်သာရှိနေမည်ဆိုပါက အသေသတ်ခံရမှာ သေချာပေသည်။



ကျန်းကျန့်၏ အတွေးများက အတော်လေးခပ်ဝေးနေရောက်နေသဖြင့် ကျောက်ကျင်းကော ပဟေဠိဖြစ်နေသည်ကို သူမြင်လိုက်ရသည့်အတွက် ဖြည်းညှင်းစွာ ပြောပြ လိုက်သည်။


ကျောက်ကျင်းကော ဤအကြောင်းကို ယခင်က တစ်ခါမျှ မတွေးခဲ့မိသော်လည်း ယခုကျန်းကျန့်၏စကားကို နားထောင်လိုက်ရာတွင် ယခင်က သူတွေးတောမှု အလွန်နည်းပါးခဲ့သည်ကို သူသဘောပေါက်သွားခဲ့သည်။


"ဒါပေမဲ့ ဒါတွေအားလုံးက ကိုယ့်ခေါင်းထဲမှာပဲရှိတာပါ..ကိုယ်တို့ ဘာပြဿနာမှ ကြုံလာမှာ မဟုတ်ဘူး"


ကျောက်ကျင်းကော၏ ရှုပ်ထွေးနေသော မျက်နှာကိုမြင်ပြီး ကျန်းကျန့် သူ့လက်ကို ပခုံးပေါ်တင်ကာ ညှစ်ပေးလိုက်သည်။


ကျန်းကျန့် ကျောက်ကျင်းကောကို ပြောင်လက်တောက်ပကာ ကြည်လင် နေသော ကြာဆွယ်ခေါက်ဆွဲတစ်ပန်းကန်စားရန် ခေါ်သွားကာ နောက်ထပ်ပန်ကိတ်တစ်လုံးကိုပါဝယ်ပေးခဲ့သည်။ကျောက်ကျင်းကောက ငြင်းချင်ပေမဲ့ မနေ့က ကျန်းကျန့် သူ့ကို ပြောပြသည့် ဇာတ်လမ်းကို တွေးမိပြီး ငြိမ်သွား၏။


၎င်းကိုမြင်သောအခါ ကျန်းကျန့် စိတ်ကောင်းဝင်စွာဖြင့် သူ့ပန်ကိတ်ကို ကိုက်လိုက်သည်။သူ အရင်​တုန်းက​လောက်​ မဆင်းရဲ​တော့ပေ။သူအနေဖြင့် စားကောင်းသောက်ဖွယ်များကို မစားနိုင်၊ ပိုးထည်နှင့် ဖဲစများကို မ၀တ်ဆင်ထားနိုင်သေးသော်လည်း လမ်းပေါ်တွင် သေးငယ်သောအရာတစ်ခုကို ဝယ်စားရန်က ပြဿနာမရှိပါချေ။


သူတို့၏သင်္ဘောသည် နောက်တစ်နေ့မှသာ ဖုချောင်မှ တခြားမြိုတစ်မြို့သို့ ထွက်ခွာခဲ့ပြီး ထိုအချိန်တွင် သူတို့ခရီးစဉ်၏ ကဏ္ဍအားလုံးသည် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ကျန်းကျန့် အမြဲစောင့်ကြည့်နေရန် မလိုအပ်တော့ပေ။လက်ရှိအချိန်တွင် ကျန်းကျန့်က ကျောက်ကျင်းကောကို အလီဇယားအလွတ်ကျက်ရန်နှင့် အာရဗီဂဏန်းများကို မှတ်သားရန် စတင်သင်ကြားခဲ့သည်။


တချီတွင် အာရဗီဂဏန်းများ မရှိ သို့မဟုတ် မသိကြသော်လည်း ကျန်းကျန့် ဂဏန်းများဖြင့် သင်္ချာလေ့လာသည်က ပိုအဆင်ပြေသည်ဟု ထင်သောကြောင့် ကျောက်ကျင်းကောကိုသင်ပေးလိုက်ပြီး အပေါင်းအနုတ်ဂဏန်းသင်္ချာ လေ့ကျင့်ခန်းများစွာကိုလည်း ပေးခဲ့သည်။


သူ၏ငယ်ငယ်က သင်္ချာသင်ယူရသည့် အတွေ့အကြုံအရ တစ်စုံတစ်ယောက်က မြန်မြန်ဆန်ဆန် တွက်ချက်ချင်သည်ဆိုပါက များများလေ့ကျင့်ရန်လိုအပ်သည်။


ဤခေတ်မှာ လူတွေဟာ သင်္ချာကို သင်ယူခဲကြပြီး အရာတွေကို ရေတွက်ဖို့ လက်ချောင်းတွေကို အသုံးပြုကြ၏။ကျောက်ကျင်းကောအတွက် ဤအရာများကို သင်ယူရန် ခက်ခဲသော်လည်း သူသည် မည်သည့်အခါမှ အရှုံးမပေးဘဲ ကိုယ်ပိုင်အသိစိတ်ဖြင့် လေ့လာသောကြောင့် ကျန်းကျန့်ကို နည်းလမ်းများစွာဖြင့် ကူညီနိုင်နေပြီဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူသည် အချို့သော ကိစ္စရပ်များကို သူ့ဘာသူကိုင်တွယ်နိုင်လာသည်။


ကျန်းကျန့် သူ့ကို ပို၍အားထည့် သင်ကြားပေးပြီး တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်လည်း နေ့တိုင်း ကြိုးကြိုးစားစား လေ့လာနေခဲ့ကာ လက်မောင်းမပါသလိုမျိုး မရေးဖြစ်အောင် ကြိုးစားနေခဲ့သည်. . .


ဤခရီးစဉ်မှာ သူတို့ အပြင်မှာ ရက်နှစ်ဆယ်နီးပါး နေခဲ့ရသည်။


ဤခရီးက သူ့ဆီကို ငွေဒါဇင်နှင့်ချီပြီး ယူဆောင်လာနိုင်သည်ဟု မူလက ထင်ထားပေမဲ့ ထိုသို့ မဖြစ်ခဲ့ပါချေ။ဤခရီးစဉ်မှာ ပိုက်ဆံမရှာနိုင်ရုံတင်မကဘဲ တချို့လည်း ဆုံးရှုံးခဲ့ရသည် . . . သို့သော် လုပ်ငန်းက အကျိုးအမြတ်မရှိသောကြောင့် မဟုတ်ပါချေ။ဆန့်ကျင် ဘက်အနေဖြင့် လုပ်ငန်းက ပိုက်ဆံအများကြီးရခဲ့၏။ ကုန်ကျစရိတ်တွေကို နုတ်ပြီးသည့်အခါ ကျန်းကျန့် ငွေတစ်ရာနီးပါးရခဲ့သည်။တစ်ခုသာပင်၊ သူ စလုပ်တုန်းက နေရာအသီးသီးမှာအကောက်ငွေထည့်ရန်အကြောင်း မေ့သွားခဲ့သည်။


မြို့အချို့တွင် ၎င်းတို့၏ လှေများ ရပ်သည်နှင့် တပြိုင်နက် တာဝန်ရှိသူ အများအပြားက မေးမြန်းရန် တားကြသောကြောင့် ဟိုနည်းနည်း သည်နည်းနည်းပေးခဲ့ရသည် . . . အကြိမ်တိုင်းတွင် ငွေအနည်းငယ်သာဖြစ်သော်လည်း အားလုံးကို ပေါင်းထည့်လိုက်သောအခါ အမြတ်အားလုံး ကုန်သွားခဲ့သည်။သို့ပေမဲ့လည်း ကောင်းမွန်သည့် စတင်မှုတစ်ခုဖြစ်ခဲ့၏။ တစ်ကြိမ်ပြီးလျှင် ငွေအများကြီး လာဘ်ထိုးစရာ မလိုတော့ပေ။တစ်ယောက် ယောက်က လာသည့်အခါ သူတို့အတွက် ဝိုင်ဖိုး ငွေတစ်စနှစ်စ ပေးရုံနှင့် လုံလောက်လိမ့်မည်။


ဟယ်ချောင်စီရင်စုသို့ ပြန်သွားသောအခါ ကျန်းကျန့် သူခေါ်သွားသော ကုန်သည်များအားလုံးကို ပြန်ခေါ်လာရုံသာမက ဖြတ်သန်းသွားရာနေရာများမှ ကုန်သည်အချို့နှင့် ၎င်းတို့၏ ကုန်ပစ္စည်းများကိုပါ ပြန်လည်သယ်ဆောင်လာခဲ့သည်။


သင်္ဘောကြီးနှစ်စင်းသည် ဆိပ်ကမ်းတွင် ရပ်တန့်ကာ ချက်ခြင်းပင် ကုန်တင်ကုန်ချ စတင်ခဲ့သည်။ ထိုအချိန်တွင် ယန်ကျင်းရောက်လာလေသည်။


"ဘော့စ်"


"ဘာဖြစ်လို့လဲ"


ကျန်းကျန့်က ယန်ကျင်း ကို ကြည့်လိုက်သည်။


"ဘော့စ်...သခင်လေးကျန့်က ငါ့ကို မင်းကို ဒီမှာစောင့်နေခိုင်းတယ်... သူ မင်းကို တွေ့ချင်နေတယ်"


ယန်ကျင်းက ပြောလိုက်၏။ သူ့မှာ ယနေ့ကျန်းကျန့်နှင့်တွေ့ဆုံနိုင်ရန် ရက်အနည်းငယ်ကြာအောင် သင်္ဘောကျင်းများတွင် လှည့်ပတ်သွားနေခဲ့ရသည်။


သခင်လေးကျန့် တစ်ယောက်ယောက်ကို တွေ့ချင်လျှင် သူ့အနေဖြင့် သဘာဝအတိုင်း လျစ်လျူမရှုနိုင်သောကြောင့် ကျန်းကျန့် သူ့လူများကို ပြောကာ ချက်ချင်း ထွက်ခွာသွားခဲ့သည်။


ကျန့်မိသားစုအိမ်သို့သွားကာ ဘဏ္ဍာစိုးကိုမေးမြန်းပြီးနောက် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့သည် ကျန့်မိသားစုအိမ်ကိုနောက်တစ်ကြိမ်ဝင်ရောက်ပြီး သခင်လေးကျန့်နှင့်တွေ့ဆုံခဲ့သည်။


ကျန်းကျန့်၏ ကျန့်ရီအပေါ် ပထမဆုံး အမြင်မှာ သူသည် လိမ္မာပါးနပ်သော ကောင်လေးတစ်ယောက်ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူက သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားပြီး တစ်ကိုယ်လုံး စိတ်အားတက်ကြွမှုတို့ပြည့်နေကာ ယခင်ကနှင့် လွန်စွာ ကွဲပြားသွားခဲ့သည်။ သူ့မျက်ခုံးနှင့် မျက်လုံးများက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ကျန့်ရီ အတွက် ကိစ္စကောင်းတစ်ခု ဖြစ်ခဲ့ပုံရသည်။


ကျန့်ရီသည် ကိစ္စကောင်းများကို အမှန်တကယ် ကြုံတွေ့ခဲ့ရသည်။သူသည် ကတ်ပြားများကို ပြင်ဆင်ထားပြီး နှစ်လကြာ ဖုံးကွယ်ထားခဲ့ကာ နောက်ဆုံးတွင် အလင်းရောင်အချို့ကို မြင်နိုင်ခဲ့သည်။ ထိုအပြင် . . . ကျန်းကျန့်က သူထင်ထားသည်ထက် ပို၍ပင် စဥ်းစားဉာဏ်ရှိကြောင်း ရုတ်တရက် သိလိုက်ရသည်။ဟယ်ချောင်စီရင်စုမှ မထွက်ခွာဖူးသူတစ်ဦးသည် အဘယ်ကြောင့် ဤမျှလောက် အကြံဥာဏ်များစွာရနိုင်သည်ကို သူနားမလည်သော်လည်း ကျန်းကျန့်က သူ့အတွက် အကျိုးအမြတ်များ ယူဆောင်လာသရွေ့ ၎င်းကို ဂရုမစိုက်ပါချေ။


"ကျန်းကျန့်...ခင်ဗျား ဒီငွေရှာနည်းကို တွေးမိတာ တကယ်တော်တယ်"


ကျန့်ရီက ပြောလိုက်သည်။


"သခင်လေးကျန့်က ကျုပ်ကို မြှောက်နေပြန်ပါပြီ...ကျုပ်က ခက်ခက်ခဲခဲ ဝင်ငွေရှာနေရုံပါ”

ကျန်းကျန့်က ဆိုလိုက်၏။


"ခင်ဗျားက အခု ခက်ခက်ခဲခဲ ရတဲ့ငွေတွေ ရှာနေတာ ဖြစ်နိုင်ပေမဲ့ အနာဂတ်မှာတော့မဖြစ်နိုင်ဘူး"


ကျန့်ရီက ပြောသည်။


''ခင်ဗျားမှာ ကိုယ်ရံတော်လုပ်ငန်း တစ်ခုရှိတယ် မဟုတ်လား...ကျွန်တော့်မှာ စီးပွားရေးအခွင့်အလမ်းတစ်ခုရှိတယ်...ယူချင်လား"


"ဘယ်လိုအခွင့်အလမ်းလဲ"

ကျန်းကျန့်က မေးလိုက်ပေမဲ့ သူယူရန် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။


သူက ကျန့်မိသားစု၏သခင်ငယ်၏အာရုံကိုဆွဲဆောင်ရန်မျှော်လင့်ချက်ဖြင့် ဤကိုယ်ရံတော်လုပ်ငန်းကို ဖန်တီးခဲ့ပြီး လောင်းကစားအိမ်ကိုလည်း ရရှိခဲ့သည်။


"ကျွန်တော် မြို့တော်ကို သွားတော့မလို့... တစ်ယောက်ယောက် ကျွန်တော့်ကို အဲဒီကို လိုက်ပို့ပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်"


ကျန့်ရီက ပြောလိုက်သည်။


"သခင်လေးကျန့်... မင်းပတ်ဝန်းကျင်မှာ အကာအကွယ်ပေးဖို့လူပြတ်လပ်မနေလောက်ဘူးမလား"


ကျန်းကျန့် အနည်းငယ် အံ့ဩသွားသည်။ကျန့်မျိုးနွယ်စုတွင် ကျွန်များနှင့် လက်အောက်ငယ်သားများစွာရှိသည်။ မြို့တော်ကိုသွားမည့် ကျန့်ရီ သူ့ကို ကာကွယ်ရန် လူမလုံလောက်ဘူးဟု ယူဆနေပုံရသည်။တကယ်တမ်းတွင်. . .သူ မူလက ကျန့်မိသားစုအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းအချို့ကို တာဝန်ယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။


“ခင်ဗျားမသိလောက်ပေမဲ့ မြောက်ပိုင်းက ဒီမှာလောက် မငြိမ်းချမ်းဘူး... ပြီးတော့ ကျွန်တော့်ကို ကာကွယ်တဲ့လူများလေလေ၊ ပိုကောင်းလေပဲလေ"

ကျန့်ရီက ဆို၏။


မြစ်၏တောင်ဘက်က ကြွယ်ဝချမ်းသာသည်။ တစ်ချို့လူတွေက မြေမရှိလျှင်ပင် တခြားသူတွေအတွက် အလုပ်လုပ်ပေးပြီး အသက်မွေးနိုင်သည်။သို့ပေမဲ့ မြောက်ဘက်က မတူပေ။ တချို့နေရာတွေမှာ သဘာဝဘေးအန္တရာယ်တွေ အများကြီးရှိသဖြင့် ဒုက္ခသည်တွေ များလာ၏။ ဂရုမစိုက်ပါက အသက်မွေးဝမ်းကျောင်းမပြုနိုင်သည့် အနှီဒုက္ခသည်တွေက ဓားပြတွေ ဖြစ်လာတတ်သည်။ယန့်ကျီမြစ်တောင်ဘက်တွင် ရေဓားပြအနည်းငယ်သာရှိသော်လည်း မြောက်ဘက်တွင် ဓားပြများ အများအပြားရှိနေသည်။


ကျန့်မိသားစုက ဟယ်ချောင်ခရိုင်တွင် လွှမ်းမိုးမှုများစွာရှိသောကြောင့် သူတို့အပြင်ထွက်သောအခါ ဘာမှဖြစ်လာမည်မဟုတ်ပေ။သို့ပေမဲ့ လမ်းတလျှောက်မှာ ရေဓားပြတွေနှင့်တိုးပါက သေချာပေါက် လုယက်ခံရလိမ့်မည်။


ကျန့်ရီက သူ့အသက်ကို ချစ်မြတ်နိုးသူဖြစ်ပြီး မြို့တော်သို့သွားလျှင် အရာအားလုံးအတွက် ပြင်ဆင်ထားရမည်မှာ သဘာဝပင်ဖြစ်သည်။သူ . . .ကျန်းကျန့်နှင့်လည်း ထပ်စကားပြောချင်သေးသည်။အရင်က ကျန်းကျန့်နှင့် စကားပြောတုန်းက သူ အများကြီး အကျိုးရှိခဲ့သည်ဟု ခံစားခဲ့ရပြီး ယခု ကျန်းကျန့်​ဆီက ထပ်ပြီး စူးစမ်းချင်နေသည်မှာ သဘာဝပါပင်။


“သခင်လေးကျန့် ကျုပ်ကို ဒီအခွင့်အရေးကို ပေးလို့ရပါတယ်...ကျုပ် တောင်းဆိုပါတယ်"

ကျန်းကျန့်က ချက်ချင်းပြောလိုက်သည်။


“ဒါဆို သွားပြီးတော့ ပြင်ပါ...ကျွန်တော်တို့ ဆယ်ရက်အတွင်း ထွက်ကြမယ်"


ကျန့်ရီက ပြုံးပြီး ပြောလိုက်သည်။