အပိုင်း၉၁
Viewers 21k

Chapter 91

Chapter 91

လူထပ်ခေါ်ခြင်း



သူတို့ ရေချိုးနေရင်း ဘောင်းဘီချွတ်မထားပါချေ။သို့ပေမဲ့ ယခု ဤလူတွေက သူတို့ကို ကြည့်နေသည်ကိုခံစားရသည်မှာ စိုက်ကြည့်နေသည့် မျက်လုံးတွေကတင် သူတို့ဘောင်းဘီကို ချွတ်နိုင်သည်ဟု ခံစားလိုက်ရသည်. . .


"အဖေ... မနက်ဖြန် အိမ်မှာ ရေတွင်းတူးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"


ကျန်းကျန့်က ပြောလိုက်သည်။


ရေချိုးနေစဥ် စောင့်ကြည့်ခံရသည်ကို သူကျင့်သားရမနေပါချေ။ထို့အပြင် ရေတွင်းတစ်ခုနှင့်ဆိုလျှင် အိမ်မှာ ဆေးကြောပြီး ချက်ပြုတ်ရသည်မှာ ပိုအဆင်ပြေပါလိမ့်မည်။


ကျန်းကျန့် ဤကိစ္စကို စိတ်ထဲစွဲနေပေမဲ့ နောက်နေ့မှာ သူ့လူတွေအားလုံး ရောက်လာသောကြောင့် ရေတွင်းတူးရန် လူတွေကို ချက်ချင်း လိုက်မရှာနိုင်ခဲ့ပါချေ။


ကျန်းကျန့် ဤလူတွေကို နှစ်ရက်အနားပေးထားခြင်းဖြစ်ပြီး အနားယူချိန်ပြီးသွားသည့်အတွက် သူတို့အားလုံး သူ့ဆီရောက်လာကြသည်။


အပြင်ထွက်ပြီး ကမ္ဘာကြီးကို ကြည့်လိုက်ရသောအခါ ကမ္ဘာကြီးက အင်မတန်ကြီးမှန်း ရုတ်တရက် သိလိုက်ရသည်။သူတို့ မြို့တော်ကို သွားရန် အခွင့်အရေးလည်းရလိမ့်မည်. . .ဤလူတွေ၏ စိတ်ဓာတ်က အရင်ကနှင့် မတူတော့ပေ။သူတို့သည် ၎င်းတို့၏ ယူနီဖောင်းများကို တမင်ဝတ်ထားကာ လမ်းလျှောက်ရင်း ခေါင်းကို မြင့်မြင့်မော့ထားကြသည်. . .


ဟယ့်ရှီမှလူများသည် ဤလူများကို ကြောင်တက်တက်ကြည့်ကြသည်။ ရွာသူကြီးကျန်းဖျင် ပင်လျှင် သူ့မျက်လုံးထဲတွင် အံ့သြသွားမိသည်။


"အဖေ... ကျွန်တော်လည်း ကျန်းကျန့်နောက်လိုက်ချင်တယ်..."


ကျန်းမင်က သူ့အဖေကို ကြည့်လိုက်သည်။


"ဘာရယ်"

ကျန်းဖျင် လန့်သွားပြီး ချက်ချင်းမေးလိုက်သည်။


"အဖေ...မနေ့က ကျွန်တော် ဟယ်ရှားရှန့်ကို သွားတွေ့တော့ သူက သူတို့က မြို့တော်ကို သွားမှာလို့ ပြောတယ်... ကျွန်တော်လည်း သွားချင်တယ်...ကျွန်တော် ကျန်းကျန့်နောက် လိုက်တော့မယ်ဗျာ..."


ကျန်းမင်က ပြောလိုက်သည်။


"လျှောက်မလုပ်စမ်းနဲ့... မင်းလိုက်ချင်တာနဲ့ပဲ သူ့နောက်လိုက်နိုင်ပါ့မလား... အပြင်မှာ ဘယ်လောက် အန္တရာယ်များလိုက်သလဲ..."


ကျန်းဖျင်က သူ့သားကိုပြစ်တင်ဆုံးမလိုက်သည်။


ကျန်းဖျင်၏ အပြစ်တင်ခြင်းကို ခံရပြီးနောက် ကျန်းမင် သူ့ပါးစပ်ကို ပိတ်ကာ စကားရပ်လိုက်သော်လည်း မျက်လုံးများက လှုပ်ရှားနေဆဲဖြစ်သည်။


သူ့အိမ်နားမှာ သူ့လူတွေကို လေ့ကျင့်ပေးနေသည့်ကျန်းကျန့်တစ်ယောက် ကျန်းမင်က သူ့ကိုယ်သူ ထည့်သွင်းရန် ရောက်လာသည်ကို တွေ့လိုက်ရ၏။


ကျန်းကျန့် မဆိုင်းမတွ လက်ခံလိုက်သည်။ကျန်းမင်က စာလုံးအနည်းငယ်ကို တတ်သည့်အပြင်. . . ဟယ့်ရှီရွာသူကြီး၏သားက သူ့နောက်ကို လိုက်ခဲ့မည်ဆိုပါက သူ့အတွက် ကြီးမားသည့် အကျိုးကျေးဇူးတွေ ရရှိစေနိုင်၏။ အနည်းဆုံး ကျောက်ဖူကွေ့တို့လင်မယား ရွာမှာ အနိုင်ကျင့်ခံရမှာကို စိတ်ပူစရာမလိုတော့ချေ။


ကျန်းမင်က ထိုနေ့တွင် ၀တ်စုံကို ယူလိုက်ပြီး အဖွဲ့ထဲသို့ ဝင်လိုက်သည်။ သူက ၎င်းကို အနည်းငယ်ကျင့်သားမကျသောကြောင့် အခြားသူများကဲ့သို့ သပ်ရပ်စွာ ရွေ့လျားရန် သူ့အတွက် ခက်ခဲသည်။ သို့ပေမဲ့ လယ်ထဲမှာ အမြဲအလုပ်လုပ်နေရသဖြင့် ကိုယ်ကာယကြံ့ခိုင်သည့်အတွက် လေ့ကျင့်မှုမှာ နောက်ကျကျန်ခဲ့ခြင်းမရှိခဲ့ပါချေ။သေချာသည်ပင်၊ နောက်နေ့ကျလျှင် ကြွက်သားတွေနာမည်က မလွဲမသွေပါပင်။


ကျန်းဖျင်တစ်ယောက် သူ့သား ကျန်းကျန့်​၏ နောက်သို့ လိုက်သွားသည်ကို ကြည့်ကာ သူ့နှလုံးသား မည်မျှ ရှုပ်ယှက်ခတ်နေသည်ကို သူကိုယ်တိုင်သာ သိသည်။ တစ်ဖက်တွင် သူကျန်းကျန့်၏ မဆန့်ကျင်ဝံ့သလို တစ်ဖက်တွင်လည်း သူ၏ဒုတိယသားကို ယင်းကနေ အသက်မွေးဝမ်းကြောင်းပြုရန် အမှန်တကယ်အလိုရှိသောကြောင့် ၎င်းကို လွှတ်ပေးလိုက်သည်။


ရွာသူကြီး၏သားသည် မမျှော်လင့်ဘဲ ကျန်းကျန့်၏နောက်သို့ လိုက်သွားသည်။ဟယ့်ရှီကလူများသိသောအခါ သူတို့အားလုံး မှင်တက်သွားကြသည်။ ဘယ်လူငယ်က အသက်မွေးဝမ်းကြောင်း မလုပ်ချင်ဘဲနေမည်နည်း။ကျန်းကျန့်ဆီမှာ အလုပ်လုပ်သည့် လူတွေက အစားကောင်း စားရရုံသာမက လစာလည်းရပြီး မြို့တော်ကို သွားရန်အခွင့်အရေးပင် ရကြသည်ကို သိလိုက်ရသောအခါ ဟယ့်ရှီမှာရှိသည့် လူငယ်တော်တော်များများက ကျန်းကျန့် နောက်ကို လိုက်ချင်ကုန်ကြ၏။ ထိုအချိန်တွင် သူတို့သည် သူတို့ကျန်းကျန့်အပေါ် အကြောက်တရားကို မေ့ထားသည်မှာ ကြာပြီဖြစ်ပြီး ကောင်းမွန်သော ဘဝတွင်နေထိုင်ရန် သူ့နောက်သို့သာ လိုက်လိုခဲ့သည်။


ကျန်းကျန့်ဆီကို သူတို့ကိုယ်သူတို့ ထည့်သွင်းရန် ရောက်လာသည့် လူအရေအတွက်က ချက်ချင်းတိုးလာ၏။ဟယ့်ရှီမှလူများစွာသည် ယခင်က ကျန်းကျန့်ကိုအနိုင်ကျင့်ခဲ့ဖူးပြီး ကျန်းကျန့်က ယခုသူတို့နှင့်စာရင်းရှင်းမည်ကိုစိုးရိမ်သောကြောင့်မဟုတ်ပါက နောက်ထပ်ရောက်လာသူများလည်းရှိပေလိမ့်မည်။


ကျန်းကျန့် ထိုလူအားလုံးကို လက်မခံပေမဲ့ သူတို့၏အခြေအနေအကြောင်း တစ်ယောက်ပြီးတစ်ယောက် မေးပြီးနောက်မှာ ခုနစ်ယောက်ကို ခေါ်သွားခဲ့သည်။ ဤနည်းဖြင့် သူ့အောက်တွင် လူလေးဆယ်ကျော်ရှိလာသည်။


မြို့တော်ကို ထွက်ခွာရန် အချိန်သိပ်မကြာတော့ဘဲ အချိန်တွေ ကြပ်တည်းနေသည့်အတွက် ကျန်းကျန့် သူ့လူတွေကို လေ့ကျင့်ပေးသည့်အစီအစဥ်က ခက်ခဲကြမ်းတမ်းလွန်းသည် သို့သော်လည်း အသစ်ရောက်လာသည့်သူတွေက မြို့တော်ကို သွားရန် စိတ်ပိုင်းဖြတ်ထားပြီး ပုံမှန်ထက်သာလွန်သူတွေဖြစ်သည်။ထို့ကြောင့် ပုံမှန်လူတွေကလည်း လူသစ်တွေဆီက ကန်ထုတ်ခံရမှာကို ကြောက်ကြသည်။ မထင်မှတ်ပဲသူတို့အားလုံး အလုပ်ကြိုးစားပြီး လေ့ကျင့်မှုကို အလွန်ကောင်းမွန်စွာ ပြီးမြောက်ခဲ့၏။


ကျန်းကျန့် ဤလူများကို အရှိန်အဟုန်မြှင့်လေ့ကျင့်ရန် စစ်ရေးလေ့ကျင့်မှုနည်းလမ်းများကိုသာ အသုံးပြုခဲ့ပြီး ၎င်းတို့အားလုံးကို ရိုးရှင်းပြီး လေးငါးရက်အတွင်းသာလိုအပ်သော ဝါးလုံးအသုံးပြုနည်းကို သင်ကြားပေးခဲ့သည်။ အသစ်ဝင်လာသူများသည် ပုံစံကျလာပြီး ပုံမှန်လူများသည် ပို၍ပင် အားကောင်းလာသည်။


ထိုအချိန်တွင် သဘောတူညီထားသည့်အချိန်အထိ သုံးရက်သာကျန်တော့သည်။ကျန်းကျန့် သူ့လူများကို ကျန့်ရီကိုပြကာ တစ်ခုခုဖြင့် အကြပ်အတည်းမှလွတ်စေရန် ကြံရွယ်ပြီး စီရင်စုမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။


ကျန့်​မိသားစုသည် ယခုအကြိမ်တွင် စုစုပေါင်း သင်္ဘောငါးစင်းကို မြို့တော်သို့ စေလွှတ်ခဲ့သည်။ လျှို့ဝှက်ထားချင်သောကြောင့် သင်္ဘောကြီးငါးစင်းသည် လူများရောက်လာသောအခါ စီရင်စုမြို့သို့သွားရာ ဆိပ်ကမ်းတွင် မရပ်ဘဲ ကျန့်မိသားစုသီးသန့်ပိုင်သော ဆိပ်ကမ်းတစ်ခုတွင်ရပ်ခဲ့သည်။ ထိုနေရာမှာ ကျန့်ရီက ကျန်းကျန့်နှင့် သူ့လူတွေကို တွေ့ခဲ့သည်။


ကျန့်ရီက ကျန်းကျန့်နှင့်သူ့လူတွေကို သူ့ကို ကာကွယ်ပေးရန် ငှားရမ်းထားပေမဲ့ ကျန်းကျန့်ကိုသာမက ကျန်းမိသားစု၏ အိမ်တော်အစောင့်တွေကိုပါ ခိုင်းထားတာကြောင့် သင်္ဘောပေါ်မှာ ယောက်ျား ခုနစ်ဆယ် ရှစ်ဆယ်လောက် ရှိပါလိမ့်မည်။သူက ကျန်းကျန့်ကို ခေါ်လိုက်ပေမဲ့ တကယ်တမ်းတွင် အဓိကက သူနှင့် စကားပြောရန်ပါပင်။


ကျန်းကျန့်၏နောက်မှလူများကိုမြင်ပြီးနောက် ကျန့်ရီအံ့သြတကြီးမျက်ခုံးပင့်လိုက်သည်။ ပြန့်ကျဲနေပြီး နာခံမှုမရှိသော လူမိုက်များသည် ကျန်းကျန့် ၏လက်အောက်တွင် ၎င်းတို့၏အသွင်အပြင် ပြောင်းလဲသွားခဲ့သည်။ ထိုသို့သော လူတစ်စုသည် သူ့ကို အမှန်တကယ် ကာကွယ်နိုင်ပေလိမ့်မည်။ကျန့်ရီ ကျန်းကျန့်၏ နောက်လာမည့် ဖျော်ဖြေမှုကို ပိုပိုပြီး မျှော်လင့်နေခဲ့သည်။


မည်သို့ပင်ဖြစ်စေ ကျန်းကျန့်က သာမန်လူတစ်ယောက်ပါပင်။ သူ့မှာ အရည်အချင်းတစ်ခုခုရှိလျှင်ပင် သူက ကျန့်ရီနှင့် ဘယ်လိုမှ မယှဉ်နိုင်ပါချေ။ အဆင့်အတန်းအရပင်လျှင် သူက ကျန့်ရီ၏လက်အောက်ခံတစ်ဦးသာဖြစ်သဖြင့် ကျန့်ရီက သူ့ကို ခဏတာစကားပြောကာ စရန်ငွေပေးပြီး ထွက်ခွာသွားခဲ့သည်။


ကုန်စည်ရွှေ့ပြောင်းသူတွေ အများကြီးရှိနေပြီဖြစ်သဖြင့် ကျန်းကျန့်၏လူများ ၎င်းကို လုပ်စရာ မလိုအပ်ပါချေ။ကျန်းကျန့်က သူ၏လူများကို ဆက်လက်လေ့ကျင့်ပေးခဲ့ပြီး ယခင်ကဲ့သို့ပင် ကျောက်ကျင်းကောသည်လည်း လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။


မူလက ကျောက်လျူ၏စကားကိုကြားပြီးနောက် ကျောက်ကျင်းကောတွင် ကန့်ကွက်မှုအချို့ရှိခဲ့ပြီး ကလေးယူရန်မျှော်လင့်နေသောကြောင့် သူ၏သွေးခုန်နှုန်းကိုသိရှိရန် သမားတော်တစ်ဦးရှာရန် စီရင်စုမြို့သို့ သွားခဲ့သည်။သို့သော် သူ ကိုယ်ဝန်ရှိမနေခဲ့ပေ။


သူ့ဟင်္သါပြဒါးရိုင်းမှဲ့က ဖြူဖျော့နေပြီး သူကလည်း အသက်ကြီးလွန်းနေပြီဖြစ်သောကြောင့် ကိုယ်ဝန်ရရန် မည်သို့လွယ်ကူနိုင်မည်နည်း။ကျောက်ကျင်းကော အနည်းငယ် လမ်းပျောက်သွားသလို ခံစားခဲ့ရပြီး လေ့ကျင့်ရေးတွင် အလေးအနက်ထား ပါဝင်ခဲ့သည်။


ကျောက်ကျင်းကော၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် ကျန်းကျန့်၏နှိမ့်ချသောဟင်းချက်ကျွမ်းကျင်မှုတို့က သူ့ကိုအကောင်းဆုံးစွမ်းဆောင်နိုင်သူဖြစ်လာစေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိသည့်အပြင် သူ၏ကျွမ်းကျင်မှုမှာလည်း ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။ သို့သော် သူက ကောတစ်ယောက်ဖြစ်ပြီး အခြားသူများကို တိုက်ခိုက်ရန် မလိုလားသောကြောင့် အခြားသူများကလည်း သူဘာစွမ်းနိုင်သည်ကို အတိအကျ မသိပေ။


သူတို့ မထွက်ခွာခင် တစ်ရက်အလိုမှာ ကျန်းကျန့်က သူ့လူတွေကို နောက်တစ်ရက် အနားယူရန် အိမ်ပြန်ခိုင်းပြီးနောက် ကျန်းကျန့်ကို သူနှင့်အတူ ပြန်ခေါ်သွားခဲ့သည်။


မကြာသေးမီက သူတို့မိသားစုမှာ ရေတွင်းတစ်တွင်းတူးခဲ့ပြီး ဤရေတွင်းသည် ကျောက်လျူအား ထပ်မံကြွားဝါ နိုင်စေခဲ့သည်မှာ သေချာလေသည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကော ပြန်လာသောအခါ ကျောက်လျူက အရသာရှိသော အစားအစာများကို ထပ်မံပြင်ဆင်နေခဲ့သည်။ကျန်းကျန့် နွေရာသီတွင် ကြာရှည်သိမ်းဆည်း၍မရသော ဆီအများအပြားနှင့် ဝက်ဆီများကို ပြန်လည်ယူဆောင်လာသောကြောင့် ကျောက်လျူ ကျန်းကျန့်နှင့် ကျောက်ကျင်းကောအတွက် ဆီများများသုံးရသော ဟင်းလျာအချို့ကို ရက်ရောစွာ ချက်ပြုတ်ပစ်ခဲ့သည်။


ဤနေရာတွင် ငါးအမျိုးအစားများစွာရှိခဲ့ပြီး ၎င်းတို့အနက်မှအတွေ့အများဆုံးမှာ ခြင်စားငါးဖြစ်သည်။မှန်ပေသည်၊ ဟယ့်ရှီရှိလူများက ၎င်းကို ၎င်း၏တရားဝင်အမည်ဖြင့် မခေါ်ဆိုခဲ့ဘဲ ၎င်းကို အစင်းငါးဟုခေါ်ဆိုကြသည်။ ဤငါးမျိုးသည် ရေမျက်နှာပြင်အနီးတွင် အုပ်စုဖွဲ့ ကူးခတ်လေ့ရှိသည်။ လက်ချောင်း အရွယ်လောက်သာရှိပြီး ကြီးကြီးမားမား ကြီးထွားမလာပေမဲ့ အသားက အလွန်နု၏။အရွယ်အစားသေးသည့်အတွက် လူတွေက သိပ်မစားကြပေမဲ့ အမှန်တွင် ဆီနှင့်ကြော်သည့်အခါ ပိုအရသာရှိသည်။


ကျောက်လျူက ခြင်စားငါးကို သန့်စင်ပြီး ဆီတွင်ကြော်ထားသောကြောင့် အရိုးများကို ထွေးထုတ်စရာမလိုဘဲ ဝါးပြီး အကုန်ဝါးစားနိုင်စေသည်။ ဟင်းခတ်အမွေးအကြိုင်ထည့်ပြီး ကြော်လျှင် ပိုအရသာရှိလိမ့်ပေမည်။


ကျန်းကျန့် သူသည်ကိုရောက်လာကတည်းက ဆီပြန်ဟင်းတွေကိုပဲ ခံတွင်းတွေ့ခဲ့သည် မီးဖိုချောင်ထဲမှာ ငါးကြော်နေတုန်းဖြစ်သည့် ကျောက်လျူက ငါးအသေးလေး ခုနစ်ကောင် ရှစ်ကောင်ကို တိတ်တိတ်လေး စားပြီးပြီဖြစ်ကာ ကျောက်ကျင်းကောကိုလည်း ငါးကောင် ခြောက်ကောင်လောက် ကျွေးခဲ့သည်။ကျောက်ကျင်းကောက အနည်းငယ်စားပြီးနောက် ထပ်မစားတော့ပေ။


ကျန်းကျန့်က စလိုက်သည်။

"ကျင်းကော... မင်းမစားရင် ကိုယ်မင်းကိုနမ်းလိုက်မှာ"


ကျောက်လျူက မီးဖိုချောင်ထဲတွင်ရှိပြီး ကျောက်ဖူကွေ့က အပြင်တွင်ရှိနေသောကြောင့် ယခုအချိန်တွင် ကျောက်ကျင်းကော ထံမှ အနမ်းတစ်ပွင့်ကို ခိုးယူရန်က တွေးလိုက်ရုံဖြင့် သူ့အား စိတ်လှုပ်ရှားစေသည်။ ဤအရာကိုတွေးတောရင်း ကျန်းကျန့် မူလက ကျောက်ကျင်းကော၏ပါးစပ်နားတွင် သူတေ့ပေးထားသောငါးကို ဖယ်ခွာပစ်လိုက်သည်. . . ကျောက်ကျင်းကောကို စားခွင့်မပြုရန် သူဆုံးဖြတ်လိုက်သည်။


“ခင်ဗျား... ”


မူလက သူ့ပါးစပ်ကိုဖွင့်ပြီး ငါးစားမည်ပြုနေသော ကျောက်ကျင်းကောတစ်ယောက် ထိတ်လန့်သွားပြီး ကျောက်လျူ ရုတ်တရက် ထွက်လာမည်ကို စိုးရိမ်သဖြင့် မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။


ဟုတ်သည်၊ မကြာခဏ နမ်းဖူးသည့်သူဖြစ်သောသူက နမ်းရန် အဆင်သင့်ဖြစ်နေသည်။


ထိုအချိန်မှာပဲ အပြင်ကလူတစ်ယောက်က ပြေးဝင်လာပြီး ဆိုသည်။


"ဘော့စ်...ငါ တောင်းပန်ပါတယ်...ဒါပေမဲ့ ငါတို့ ဒုက္ခရောက်နေတယ်"


မင်းတို့တွေ တကယ်ဒုက္ခရောက်သွားပြီ. . .

သူ့မိန်းမအကြောင်းတွေးနေသည့် ကျန်းကျန့်တစ်ယောက် အမြန်ထ မတ်မတ်ရပ်ပြီး ကျောက်ကျင်းကောကို ငါးခွံ့ကျွေးကာ မျက်မှောင်ကြုတ်ပြီး ကြည့်နေလိုက်သည်။ဟယ်ချွန်းရှန့် နှင့် ဟယ်ရှားရှန့်တို့က တံခါးဝတွင် ဒုက္ခရောက်နေသော မျက်နှာများဖြင့် ရပ်နေသည်ကို သူတွေ့လိုက်ရသည်။


"မင်းတို့ဘာတွေလုပ်ထားလို့လဲ"

ကျန်းကျန့်က မေးလိုက်သည်။


“အဲဒါ ငါတို့မဟုတ်ဘူး...အဲဒါ ငါတို့အဖေပါ...စီရင်စုမြို့က လောင်းကစားအိမ်မှာ ပိုက်ဆံအများကြီး အကြွေးတင်နေတယ်”


ဟယ်ချွန်းရှန့် ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။


ထပ်တူထပ်မျှ ရှက်နေသော ဟယ်ရှားရှန့်က ကျောက်ကျင်းကောကို တစ်ချက်ခိုးကြည့်လိုက်သည်။ခုနက...ဘော့စ်ကျန်းက သူ့ကို ငါးခွံ့ကျွေးနေတာလားလို့...


.......


သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က အဓိကအားဖြင့် အယူသီးမှုကြောင့် အကြီးဆုံးကျန်းအပေါ်ကို မကောင်းခဲ့ပေ။ရိုးရိုးသားသားပြောရလျှင် အနည်းဆုံး ဘော့စ်ကျန်းမှလွဲ၍ အခြားသားသမီးများအပေါ် သူတို့ အမှန်တကယ်ကောင်းခဲ့သည်။


ကျန်းချောင်ဝမ်က မရောင်းနိုင်သော ပင်လယ်စာများပြည့်နေသော အခန်းထဲသို့ ဝင်သွားသည်။သားသတ်သမားကျန်းက သူ့ကို အလွန်အကျွံ အပြစ်မတင်ဘဲ ထမ်းစင်ပေါ်တင်ထမ်းပြီး ရောင်းရန် နေ့တိုင်း အပြင်ထွက်သည်။


သို့ပေမဲ့ အဖေဟယ်က သူ့သားသမီးတွေအပေါ် တကယ်ကို မကောင်းသလို သူတို့ကို ဘယ်တော့မှ ဂရုမစိုက်ပေ။ဟယ်ချွန်းရှန့် သူ အခုလေးတင်မှ သင်ယူခဲ့ရသည်များကို သတိရသည့်အခါ သူ့မျက်လုံးကြီးတွေက စိုးရိမ်စိတ်နှင့် နီရဲနေခဲ့သည်။


"ဘာတွေဖြစ်နေတာလဲ"

ကျန်းကျန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


ဟယ်ချွန်းရှန့်က ချက်ချင်းပင် စကားစလိုက်သည်။


သူနှင့် ဟယ်ရှားရှန့် စောစောက အဖေဟယ်ရှုပ်ထားသည်များကို လိုက်ရှင်းပြီး သူ့ကို အချိန်တိုင်း စောင့်ကြည့်လေ့လာပြီးနောက်မှာ အဖေဟယ်က ခဏလောက် ရိုးသားလာခဲ့သည်။သို့ပေမဲ့ ကျန်းကျန့်နောက်ကနေ အပြင်လောကကို လိုက်သွားပြီးနောက် အဖေဟယ်၏ စိတ်တွေ ပြန်ပြီး တွက်ချက်လာပါတော့သည်။


အစပိုင်းတွင် အဖေဟယ်က စပါးများနှင့် ဟယ်ချွန်းရှန့် သူ့အမေထံ ထားခဲ့သော ကြက်နှစ်ကောင်ကို သိမ်းယူပြီး ၎င်းတို့ကိုရောင်းရာမှ ပိုက်ဆံကိုပဲ ယူ၍လောင်းကစားခဲ့သည်။ နောက်ပိုင်းမှာ သူပိုက်ဆံတွေအကုန်ရှုံးပြီး ပိုက်ဆံထပ်မရတော့သောအခါ ကျန်းကျန့်ကိုသတိရသွားသည်။


ဘာတစ်ခုမှမစွမ်းနိုင်သည့် အဖေဟယ်လိုမျိုး လောင်းကစား သမားတစ်ယောက်က မျက်နှာပျက်ရမှာကို စိတ်မပူသလို အရှက်လည်းမရှိပေ။ဟုန်ရှင်းလောင်းကစားအိမ်ကိုသွားပြီး သူ့သားနှစ်ယောက်က ကျန်းကျန့်၏ လက်အောက်မှာ အလုပ်လုပ်နေသည်ဟုပြောကာ လောင်းကစားအိမ်ကနေ ပိုက်ဆံချေးပြီး ထိုမှာ လောင်းကစားလုပ်၏။


သံသယကင်းစွာပဲ သူ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားပြန်သည်။ ထို့နောက် ကျန်းကျန့် နှင့် အခြားသူများ ပြန်လာကြသည်။


သူ့သားနှစ်ယောက် ပြန်လာပြီး ငွေရှာပြီးနောက် ရက်အနည်းငယ်ကြာလျှင် မြို့တော်ကို သွားကြတော့မည်။အဖေဟယ် ရုတ်တရက် ပို၍ပင်လက်ရဲဇက်ရဲရှိလာသည်. . .


အရင်က ငွေတစ်နှစ်စနှစ်စလောက်သာ ချေးယူရဲပေမဲ့ ယခုတစ်ကြိမ်မှာ ငွေနှစ်ဆယ်ကို တိုက်ရိုက်ချေးပြီး လောင်းကစားလုပ်ရန် တခြားသူတွေနောက်ကို လိုက်သွားခဲ့သည်။


လောင်းကစားအိမ်တွင် သင်သည် မူလလောင်းကစားဆယ်ခုတွင် ကိုးခုက ရှုံးနိုင်ချေရှိပြီး ဦးနှောက်ရှိသူအချို့က ထိုနေရာ၌ ငွေအချို့ကို အနိုင်ရနိုင်သေးသည်။အဖေဟယ် ဉာဏ်မရှိသလို ကျွမ်းကျင်မှုလည်း မရှိသည့်အတွက် ၎င်းကို စဉ်းစား၍ပင်မရပေ။ ငွေနှစ်ဆယ်သည် မြောင်းထဲထပ်ဆင်းသွားသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။


ထိုအကြောင်းကို ဟယ်ချွန်းရှန့်နှင့်ဟယ်ရှားရှန့် တို့ကို မပြောဘဲ သူကဆက်ပြီး ငွေချေးချင်နေခဲ့သည်။ လောင်းကစားအိမ်က လူမိုက်တွေက ညီအကိုနှစ်ယောက်ကို ထိုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်လေသည်။


"မင်းတို့ ကိုယ့်ဘာကိုယ် ဖြေရှင်းကြ"

ကျန်းကျန့်က သူတို့စကားကို နားထောင်ပြီးနောက် ပြောလိုက်သည်။


“ငါတို့ ...”


ဟယ်ချွန်းရှန့် အေးခဲသွားသည်။ သူရိုးရိုးရှင်းရှင်းပဲ ဘယ်လိုဖြေရှင်းရမည်မှန်းမသိသောကြောင့် ကျန်းကျန့်ဆီကို ရောက်လာခြင်းဖြစ်သည်။


“တစ်ရက်ကျန်သေးတယ်...ဒီပြဿနာကို မဖြေရှင်းနိုင်ရင် မြို့တော်ကို သွားစရာ မလိုဘူး”


ကျန်းကျန့်က ပြောလိုက်သည်။