အပိုင်း ၆၅
Viewers 14k

Chapter 65
တောင်ပေါ်ကအရာများ


တောင်ပေါ်ဓားပြတွေက ငွေတွေလုတာဖြစ်ပြီး လူသတ်ပြီးပါကချက်ချင်းထွက်သွားမည်မဟုတ်ချေ။ သားရဲကောင်တွေကလည်းအသားစားပြီးပါက အရိုးကိုက်ရဦးမှာဖြစ်သည်။ ဖူဟွားပြောသလိုဆိုလျှင် သတ်ခံရသည့်ကုန်သည်အုပ်စုကြုံတွေ့လိုက်ရသည်က ဓားပြလည်းမဟုတ်သလို သားရဲကောင်တွေလည်းမဟုတ်ဘဲ အခြားအရာတခုခုသာဖြစ်နိုင်ပေ၏။

"ဘာဆိုဘာမှမတွေ့ဘူးလား"

လင်းရုဖေးကမျက်မှောင်ကြုံလျက်မေးလိုက်သည်။

"မတွေ့ဘူး"

ဖူဟွားကအနည်းငယ်တုန်ယင်နေသေးသည့် အသံဖြင့်ဆက်၍ဆိုသည်။

"ပြီးတော့ ......ပြီးတော့"

လင်းရုဖေးကမေးလိုက်သည်။"ပြီးတော့ဘာလဲ"

ဖူဟွား : "အားလုံးရဲ့မျက်လုံးတွေကဖောက်ထုတ်ခံထားရတယ် သေသွားတဲ့သူတွေကော အသက်ရှင်နေတဲ့သူတွေကော အကုန်လုံးရဲ့မျက်လုံးတွေ..."

အားလုံး တိတ်ဆိတ်သွားသည်။ မော့ကျောက်ချိုင်က အားလုံးထဲတွင်သတ္တိအနည်းဆုံးဖြစ်ပြီး စတင်၍ငိုကြွေးနေပြီပင်ဖြစ်သည်။

သူကမျက်ရည်များကိုသုတ်ရင်း‌ပြောလာလေသည်။

"မသွားပါနဲ့ပြောတာကို အခုသွားတော့မမြင်သင့်တာကိုမြင်သွားပြီလေ ကျွန်တော်တို့အခုဘာဆက်လုပ်ကြမလဲ"

ဖူဟွားပြောပြသည့်ပုံအရသူမရောက်ချိန်တွင် အစုလိုက်အပြုံလိုက်အသတ်ခံရပြီးပြီဖြစ်သည်။ နေရာအနှံအပြားလူသေအလောင်းများကိုသာတွေ့ရပြီး အသက်ရှင်ကျန်ရစ်သူအနည်းငယ်သာရှိသည်။ သူတို့၏မျက်လုံးတွေနေရာမှာ သွေးထွက်နေသည့်အပေါက်များသာကျန်ရှိနေတော့ပြီး မြေပြင်ပေါ်တွင်အင်အားချည့်နဲ့စွာ လှဲ‌လှောင်း၍အော်ဟစ်နေကြသည်။ ထိုသူတို့သည်လည်း အသက်အကြာကြီးဆက်မရှင်နိုင်‌တော့ပေ။

မြင်ကွင်းက အရမ်းကိုထူးဆန်းလှသည်။ ဖူဟွားလည်းဆက်ပြီမနေရဲတော့တာ‌ကြောင့်အမြန်ပြန်လာခဲ့လိုက်ခြင်းပင်။

"အခင်းနေရာမှာအခြားသံသယဖြစ်စရာလူကိုလည်းမတွေ့ခဲ့ရဘူး...အဲ့လူက ကျွန်မထက်ကျင့်ကြံရေးအဆင့်မြင့်တာလား ဒါမှမဟုတ်အခြားတစ်ခုခုများလား"

ဖူဟွားကအသံတိုးတိုးလေးဖြင့်မေးလာ၏။

"သခင်လေးကျွန်မတို့ဘာဆက်လုပ်ကြမလဲ"

လင်းရုဖေးကခဏလောက်တွေးတောလိုက်ပြီး "အရုဏ်တက်ချိန်အထိစောင့်ရအောင်"

ယခုသည် ညနက်သန်းခေါင်အချိန်ဖြစ်ပြီး မိုးလင်းရန်တစ်နာရီနှစ်နာရီခန့်လိုသေးသည်။

ထိုအဖြစ်အပျက်တွေဖြစ်ပြီးသည့်နောက် ဘယ်သူမှမအိပ်နိုင်တော့သဖြင့်​မီးပုံဘေးတွင်သာစကားစမြည်ထိုင်ပြောနေလိုက်ကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာတည်းကရှီးလျန်တောင်ပေါ်ရှိအရာတွေက ထူးဆန်းသည့်ဒဏ္ဍာရီသဖွယ်တည်ရှိနေတာဟူ၍ မော့ကျောက်ချိုင်ကပြောလေသည်။ သို့ပေမယ့် အမှန်လား ကောလဟာလလားဆိုသည်ကို မည်သူမျှအသေအချာမပြောနိုင်ကြချေ။ သို့ပေမယ့်မယုံတာထက် ယုံတာကပို၍ကောင်းပေသည်။ ထို့ကြောင့် သူကတောင်ပေါ်တွင်ထူးဆန်းသည့်အရာတွေတည်ရှနေသည်ဟု အမြဲယုံကြည်နေခဲ့တာဖြစ်၏။

"ကျွန်တော် ဒီခရီးစဥ်ကချောမွေ့မှာမဟုတ်မှန်းထင်ပြီးသားပါ ကျွန်တော်တို့အရင်ပြန်သွားပြီး နောက်နေ့မှပြန်လာရင်ကောဘယ်လိုလဲ"

မော့ကျောက်ချိုင်ကတိုးတိုးလေးပြောလေသည်။

"မဟုတ်ရင် တစ်ခုခု အန္တရာယ်တွေဘာတွေတွေ့နေမှဖြင့်"

လင်းရုဖေးကပြောလေသည်။

"ဒါပေမဲ့တောင်တွေက မိုးရာသီဆိုသွားရေးလာရေးခက်တယ်လေ"

မော့ကျောက်ချိုင်ကရှက်ပြုံးပြုံးလိုက်ပြီး "သွားရေးလာရေးခက်ပေမယ့် ကိုယ့် အသက်သေမှာထက်တော့ပိုကောင်းတယ်လေ"

နွေရာသီအပူဆုံးအချိန်ကရှီးလျန်တောင်အတွက် မိုးရာသီဖြစ်‌သည်။ ထိုအချိန်ရောက်ရင် တောင်ပေါ်မှာအရမ်းပူတဲ့အပြင်ရုတ်တရတ်မိုးရွာကာ တောင်ကျရေစီးဆင်းခြင်းကအန္တရာယ်ပိုများလေသည်။

လင်းရုဖေးက သက်ပြင်းချလိုက်ပြီး "ဒါကို မိုးလင်းမှ ဆက်ပြောကြအောင်"

ကုရွှမ်းတု၏အမြင်ကိုမေးချင်ပေမယ့်လည်း ယခုလိုအဖြစ်အပျက်မျိုးဖြစ်သွားသည့်တိုင်အောင် မပေါ်လာတဲ့ပုံထောက်လျှင် သူ့ရဲ့အခြေအနေလည်းမကောင်းလောက်ပေ။

ထို့ကြောင့် သူတို့တတွေမိုးသောက်ချိန်ရောက်သည်အထိစောင့်သင့်ပေ၏။

__ _ ____


မိုးသောက်ချိန်ရောက်လာသည်နှင့် လူတွေ၏အော်ဟစ်ငိုကြွေးသံတွေကိုလုံးလုံးမကြားရတော့‌ချေ။

ဖူဟွားကသတ္တိမွေးပြီးနောက်တစ်ခေါက်သွားကြည့်လေသည်။ ယခုတစ်ခေါက်သူမပြန်လာချိန်တွင် သူမကကြောက်ရွှံနေတဲ့ပုံကနေစိတ်ရူပ်ထွေးနေသည့်ပုံသို့ပြောင်းလဲသွား၏။

"ကုန်းဇီ ဘာမှမရှိတော့ဘူး"

လင်းရုဖေး : "ဟင်...ဘာမှမရှိတော့ဘူးလား"

"ဟုတ်တယ် ဘာမှကိုမရှိတော့တာ"

ဖူဟွားက အကြံအိုက်နေသည့်ပုံဖြင့် "အလောင်းတွေကော သွေးတွေပါမရှိတော့ဘူး"

သူမကိုယ်ကိုယ်ပင်မယုံကြည်တော့သည့်ပုံဖြင့် "ကျွန်မ မှားမြင်တာတော့ မဟုတ်ပါဘူးနော်"

အားလုံးကသူမကိုဘာပြောရမှန်းမသိကြည့်နေကြသည်။

မော့ကျောက်ချိုင်ကနှာခေါင်းကိုထိပြီး "မင်းမှားမြင်တာမဟုတ်တာသေချာတယ် ကျွန်တော် အထင်တစ်ယောက်ယောက်ကအလောင်းတွေကိုရှင်းပစ်လိုက်ပြီ"

ဖူဟွားကမေးလိုက်လေသည်။

"ဘာကြောင့်ရှင်းပစ်ရတာလဲ"

မော့ကျောက်ချိုင်ကပြန်ဖြေလေသည်။

"နောက်လူတွေဆက်ပြီးခရီးသွားလို့ရအောင်လေ"

လင်းရုဖေးကဘေးမှာဘာမှမ​စကားမှမဆိုဘဲသူတို့ပြောပြီးချိန်အထိစောင့်နေပြီးမှပြောလိုက်သည်။

"တစ်ချက် သွားကြည့်ကြည့်ရအောင်"

မနေ့ညကနေရာကိုဂရုတစိုက်သွားလိုက်ကြပြီး ရောက်သွားချိန်တွင် အမှန်တကယ် ဖူဟွားပြောသလိုပင် တောအုပ်ထဲတွင် မည်သည့်ခြေရာလက်ရာမျှမတွေ့ရတောချေ။ မသိပါလျှင် မနေ့ညကအော်ဟစ်ငိုကြွေးသံတွေက သူတို့တွေထင်ယောင်ထင်မှားဖြစ်နေသည့်အလား၊ လင်းရုဖေးက လမ်းဘေးတစ်လျှောက် လိုက်ကြည့်သွေလည်းအလောင်းပင်မဆိုထားနှင့်သွေးတစ်စက်ပင်မတွေ့ရချေ၊ သို့ပေမယ့်နောက်ဆုံး သူသဲလွန်စအချို့ကိုရှာတွေ့သွားသည်။

သူအောက်ငုံပြီးလက်ချောင်းနှင့်မြေကြီးအနည်းငယ်ကိုကောက်ယူလိုက်ပြီး "ဒီနေရာကမီးမွှေးထားတဲ့နေရာပဲ"

မီးပုံကိုရှင်းလင်းထားပြီးမြေကြီးနှင့်ဖို့ထားပေမယ့် မီးကျွမ်းထားသည့် သစ်အပိုင်းအစတချို့ကျန်နေသေး၏။

"ဒါဆိုကျွန်မမှားမြင်တာမဟုတ်ဘူးပေါ့"

ဖူဟွားကရေရွတ်လိုက်သည်။

"အင်း ဒီနေရာမှာမနေ့ညကတစ်ခုခုဖြစ်ခဲ့တယ်"

လင်းရုဖေးက ဘေးဘက်တွေကိုတစ်ချက်ပတ်ကြည့်လိုက်သည့်အခါ သိပ်သည်းထူထပ်နေသော တောအုပ်ကြောင့်နေရောင်ခြည်ကိုပင်မမြင်ရချေ။ ယခုရာသီဥတုကသာယာနေပေမယ့် ပူပြင်းခြောက်သွေ့ခြင်းမျိုးမရှိဘဲ အနည်းငယ်ပင်အေးနေလေသည်။ ယခုလိုအေးနေခြင်းမျိုးက သာမာန်အချိန်မှာဆိုလျှင်လူကိုအလွန်သက်တောင့်သက်သာဖြစ်စေပေမယ့် ယခုလိုအချိန်မျိုးမှာမူ ပတ်၀န်းကျင်၌ ကြောက်စရာကောင်းသည့် တစ္ဆေသရဲအငွေ့အသက်များရှိနေသလိုပင်။

"ကုန်းဇီ ကျွန်မတို့ဘာဆက်လုပ်ကြမလဲ"

ယွီရွေ့ကတိုးတိုးလေး​မေးလာသည်။

မော့ကျောက်ချိုင်ကစတင်ရေရွတ်တော့သည်။

"ပြန်ရအောင် ပြန်ရအောင် ကျွန်တော်တိုမပြန်ချင်ရင်တောင် ဒီလမ်းကိုဆက်ပြီးမသွားသင့်တော့ဘူး"

နောက်တော့သူကတစ်ခုခုကိုစဉ်စားမိသွားသည့်ပုံနှင့်တတ်ကြွသွားပြီးလင်းရုဖေးအားပြောလေသည်။

"သခင်လေးလင်း အဓိကလမ်းကမသွားတော့ဘဲ တခြားလမ်းကသွားတာပိုလုံခြုံမယ်ထင်တယ်"

လင်းရုဖေးကမေးလိုက်သည်။

"မင်းက တခြားလမ်းကိုသိလို့လား"

"သိတာပေါ့ ကျွန်တော် ရှီးလျန်တောင်ကလမ်းတွေကိုရင်းနှီးတယ် ဒါပေမယ့် အဲ့လမ်းကနည်းနည်းကျဉ်းတော့ ရထားလုံးတွေဖြတ်လို့မရ‌ဘူး အဲ့တာကြောင့် ကုန်သည်အုပ်စုတွေက အဲ့လမ်းကမသွားကြဘူး"

မော့ကျောက်ချိုင်ကဆက်ပြီးပြောလေသည်။

"အဲ့ဒီလမ်းကိုသိပ်မသုံးကြတော့ အားသာချက်တွေအတော်များတယ် လူတွေအများကြီးမသိကြတဲ့အတွက်မတော်တဆဖြစ်ဖို့ကနည်းတယ် အဲ့ဒါကြီးတွေကလည်း ကျွန်တော်တို့ကိုတိုက်ခိုက်မှာလည်းမဟုတ်ဘူး သူတို့ရဲ့ပစ်မှတ်ကကုန်သည်အုပ်စုကြီးတွေကိုပဲ ကျွန်တော်တို့သာလမ်းမကြီးကသွားမယ်ဆိုတိုက်ခိုက်ခံရဖို့လွယ်တယ်"

လင်းရုဖေး "မင်းအဲ့လမ်းကိုအမြဲသုံးဖြစ်လား"

"အမြဲတမ်းတော့မဟုတ်ပေမယ့် အရင်လကသွား‌တော့အဲ့လမ်းကဖြတ်တာ နည်းနည်းတော့ကျဉ်းပေမယ့်မြင်းသွားလို့ရတယ် သေချာတာကတော့အခုလမ်းထပ်ပိုလုံခြုံတယ်"

ရှီးလျန်တောင်က လမ်းထက်တွင်မတော်တဆအဖြစ်များရသည့်အကြောင်းရင်းက လမ်းမကြီးတစ်လမ်းထဲရှိလို့ပင်၊

ကုန်သည်အုပ်စုတွေမှာတခြားရွေးချယ်စရာမရှိ‌ချေ။

တကယ်တန်း ထိုကုန်သည်အုပ်စုတွေကို တိုက်ခိုက်ချင်ပါလျှင် ထိုလမ်းကိုပိတ်ထားလိုက်ရုံပင်၊ သူတို့ကမူ လူနည်းစုဖြစ်သည့်အပြင်ရည်ရွယ်ချက်ချင်းလည်းမတူကြပေ။ ဆိုရလျှင် သူတို့ကသားရဲတွေကိုမကြောက်သည့်အတွက် လမ်းကျဉ်းဘက်မှသွားခြင်းကရွှေးချယ်မှုကောင်းပင်။

"ကောင်းသားပဲ"

လင်းရုဖေးကမော့ကျောက်ချိုင်ရဲ့အဆိုပြုချက်ကိုလက်ခံလိုက်သည်။ သူအနေနှင့်အခု တောင်အောက်ကိုပြန်ဆင်းမည်ဆိုလျှင်အလယ်ပိုင်းလွင်ပြင်ဒေသကိုသွားရန် မိုးရာသီအကုန်ဆောင်းဦးရောက်တဲ့အချိန်ထိစောင့်ရမှာဖြစ်သည်။

ထပ်ပေါင်းဆိုရလျှင် မော့ကျောက်ချိုင်တစ်ယောက် သေမှာအတော်ကြောက်နေတာကိုတွေ့ရသဖြင့် သူ သူ့အသက်နှင့်လောင်းကြေးမထပ်သင့်ပေ။

ဖူဟွားနှင့်ယွီရွေ့တို့နှစ်ယောက်လည်းစိတ်ငြိမ်သွားတာကြောင့်မလန့်တော့ပေ။ သူ့အစေခံတွေကကျင့်ကြုရေးအစွမ်းမြင့်မြင့်ရှိကြပေမယ့်လည်း သူမတို့တွေကခွန်းလွန်တောင်ပေါ်မှာသာ ကြီးပြင်းခဲ့ရတာကြောင့် ယခုလိုသွေးထွက်သံယိုမြင်ကွင်းမျိုးကိုမမြင်ဘူးသေးပေ။ ထို့ကြောင့်သာ မနေ့ညကတော်တော်လေးထိတ်လန့်သွားကြပေမယ့်လည်း မြန်မြန်ဆန်ဆန်ပင်နေသားကျသွားလေပြီ။

ယခုသွားမည့်လမ်းက ရထားလုံးတွေသွားလို့မရတာကြောင့် မြင်းကိုသာစီးရ၏။

အစေခံတွေကမိန်းကလေးငယ်လေးတွေဖြစ်နေသဖြင့် လင်းရုဖေးက မော့ကျောက်ချိုင်ကိုသူနှင့်မြင်းအတူစီးခိုင်းသည်။ မော့ကျောက်ချိုင်က‌ သေးသဖြင့်သူ့ကိုအရှေ့မှာထိုင်ခိုင်းပြီး လင်းရုဖေးက အနောက်ကနေမြင်းဇက်ကြိုးကိုင်သည်။

မော့ကျောက်ချိုင်ကလူကောင်သေးပေမယ့် သူနောက်တွင်မူ လွယ်အိတ်အကြီးကြီးလွယ်ထားသည်။

လင်းရုဖေးက "အိတ်ထဲဘာတွေပါလဲ" မေးလိုက်သည်။

"အို့...ဒါလေးတွေက ကျွန်တော့်လှည့်ကွက်အတွက်လိုအပ်တဲ့အရာလေးတွေပါ"

မော့ကျောက်ချိုင်ကရှက်ရှက်ဖြင့်ဖြေလေသည်။

"ကျွန်တော်မှာကနေစရာမရှိဘူးလေ အဲ့ဒါကြောင့် ကျွန်တော်အစာစားဖို့အတွက်အထောက်အကူဖြစ်တဲ့ ဒီကောင်လေးတွေကို သွားလေရာအမြဲသယ်သွားတယ်လေ"

လင်းရုဖေးကမျက်တောင်တဖြတ်ဖြတ်ခတ်၍မေးလိုက်သည်။

"ဘာလဲ...ထက်မြတဲ့ဓားတွေကိုတောင်ကာနိုင်တဲ့သစ်သားဒိုင်းလိုလား"

မော့ကျောက်ချိုင်၏ ခပ်ပြုံးပြုံးမျက်နှာအမူအရာမှာရပ်တန့်ကာ ချက်ချင်းမဲ့ကျသွား၏။


လင်းရုဖေး "နောက်ထပ်ရှိသေးလား ငါနောက်နှစ်ခုထပ်ယူမယ်"

"မရှိတော့ပါဘူး"

မော့ကျောက်ချိုင်ကရှက်ရွှံစွာပြောလေသည်။

"ဒါက မိသားစုရဲ့အမွေခံပစ္စည်းပါ"

အမွေခံပစ္စည်းဆို‌သည့်စကားလုံးကိုပြောပြီးသည်နှင့် သူတို့ဘေးက ဖူဟွားကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး တိုးတိုးပြောလေသည်။

"ဒါပေါ့ ကုန်းဇိ လိုချင်တယ်ဆိုရင်ကျွန်တော်နောက်တစ်ခုရှာပေးလို့ရပါတယ်"

လင်းရုဖေး "ဒါဆို ဒီတခေါက်ဈေးပေါပေါနဲ့ပေးလို့ရမလား"

မော့ကျောက်ချိုင်ကရှက်ကိုးရှက်ကန်းးဖြင့်ပြုံးပြလာပြီး "အမြဲတမ်းဖောက်သည်ပဲဟာ သခင်လေးရဲ့ငွေကို ပိုမယူရဲပါဘူး"

လင်းရုဖေးကခပ်ယဲ့ယဲ့လေးပြုံးမိသွားလေသည်။

သူတို့မော့ကျောက်ချိုင်ပြောသည့် လမ်းအတိုင်းခရီးဆက်ခဲ့ကြသည်။ လမ်းတစ်လျှောက် မည်သည့်ထူးဆန်းတဲ့ကိစ္စကိုမှထပ်မကြုံတော့ပေ။ မော့ကျောက်ချိုင်ကအစွမ်းအစရှိသည်ဟု ပြောရပေမည်။ လမ်းက ပေါင်းပင်မြက်ပင်တွေဖုံးနေလျှင်ပင် သူက အတိအကျကိုရှာနိုင်လေသည်။ သူပြောတဲ့အတိုင်း သူကရှီးလျန် တောင်ပေါ်မှာကြီးပြင်းလာတာဆိုသည့်စကားက တကယ်ကိုအသိမှတ်ပြုလို့ရပေ၏။

တောင်‌တန်းကမြင့်မားကျယ်ပြန့်လွန်းတာကြောင့် သွားရသည့်လမ်းကလည်းဝေးလေသည်။ ဘေးပတ်၀န်းကျင်မြင်ကွင်းကသိပ်ပြီးမပြောင်းလဲချေ၊ သစ်တောကပိုပိုပြီးအုံ့ဆိုင်းလာတာကြောင့်၀င်္ကပါထဲသွားနေရသလိုပင်ဖြစ်နေသည်။

သာမာန်လူတွေအတွက်မလွယ်ကူပေမယ့် ဖူဟွားနှင့်ယွီရွေ့တို့နှစ်ယောက်စလုံးကဓားရေးကျင့်ကြံတဲ့သူတွေဖြစ်တာကြောင့်ခက်ခဲသည်ဟု သိပ်မခံစားရပေ။

လင်းရုဖေးကမူ ကုရွှမ်းတု၏အခြေအနေကိုလမ်းတစ်လျှောက်လုံးစိတ်ပူလာခဲ့သည်။ ညရောက်တော့မှ ထောင့်တထောင့်တွင် ကုရွှမ်းတု ကိုတိတ်တိတ်လေးခေါ်လိုက်သည်။

ကုရွှမ်းတု၏အခြေအနေက အတော်လေးဆိုးရွားသည်ဟု ပြောရမည်။ သူ့ကိုဖောက်ထွင်းမြင်ရလူနီးနီးပင်ဖြစ်နေချေပြီ၊ သူ့ပုံစံက ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ချင်နေသည့်ပုံပေါ်နေပေမယ့်လည်း လင်းရုဖေးအား စနောက်ရန်မူမမေ့ချေ။

"မင်း မနေ့ကအရမ်းလန့်သွားလား"

လင်းရုဖေး : "မနေ့ညကဖြစ်ပျက်ခဲ့တာတွေက ခင်ဗျားလိုချင်တဲ့အရာနဲ့ဆိုင်လား"

ကုရွှမ်းတု : "နည်းနည်းတော့ဆိုင်တယ် အရမ်းကြီးစိတ်ပူစရာမလိုဘူး အဲ့အရာကမင်းကိုထိခိုက်အောင်မလုပ်ဘူး ပြသနာရှိတာကအဲ့အရာကိုလိုချင်နေတဲ့သူတွေ"

လင်းရုဖေး : "ကျွန်တောာ်ကူညီနိုင်တာတစ်ခုခုရှိမလား"

ကုရွှမ်းတုကခေါင်းကိုဖြည်းဖြည်းသာခါပြ၏။

လင်းရုဖေး : "ကျွန်တော် မကူညီနိုင်ဘူးလား"

ကုရွှမ်းတုက သက်ပြင်းချလိုက်ပြီး "မင်းကူညီနိုင်မှာမဟုတ်ဘူး"

"ခင်ဗျား လိမ်ပြန်ပြီ"

လင်းရုဖေးကဆက်ပြောသည်။

"ခင်ဗျားပဲ အဲ့အရာက ကျွန်တော်ကိုထိခိုက်အောင်မလုပ်နိုင်ဘူးဆို ဒါဆိုကျွန်တော်ကူညီလို့မရတာဘယ်ဟုတ်မလဲ"

ကုရွှမ်းတုက ခေတ္တဆွံ့အသွားပြီးနောက် ခေါင်းကိုသာခါပြလေသည်။

"အခုတော့ မင်းအတွက်အန္တရာယ်များလွန်းတယ်"

လင်းရုဖေးကခဏတွေးတောလိုက်ပြီး "ကျွန်တော်ကြိုးစားကြည့်ချင်တယ်"

ကုရွှမ်းတုမျက်မှောင်ကြုံလိုက်ပြီး "မင်းခေါင်းမမာချင်စမ်းနဲ့ အချိန်တွေလိုသေးတယ်"

လင်းရုဖေးမေးသည်။

"အဲ့အရာက ခင်ဗျား အတွက်အရမ်းအရေးကြီးတယ်မလား"

ကုရွှမ်းတုကဘာမှမပြောတော့ပေ။ လင်းရုဖေးကိုစိတ်ရှုပ်ထွေးစွာသာကြည့်နေပြီး သူပုံစံက အနည်းငယ် နားမလည်နိုင်သည့်ပုံပင်။ လင်းအိမ်တော်ရဲ့ သခင်ငယ်လေးကအမြဲချော့မော့ပြောရတာလွယ်ကူပေမယ့် ယခုတစ်ခါတွင်မူ ပြောရဆိုရခက်နေလေသည်။

ကံမကောင်းစွာဖြင့် သူ့ရဲ့အခြေအနေကလည်းသိပ်မကောင်းပေ၊ ကိုယ်ထင်ပြဖို့ပင်အတော်လေးခဲယဉ်းနေပြီဖြစ်၏။ သူ့ မှာလင်းရုဖေးတစ်ယောက် ချက်ကျလက်ကျရှင်းပြနေတာကိုနားထောင်ရန်အချိန်မရှိချေ။

အချိန်အတော်ကြာအောင်စဉ်းစားပြီးနောက် "မင်းကိုသွားခွင့်မပြုဘူး" ဟုသာပြောလိုက်သည်။

လင်းရုဖေး : "ကျွန်တော်က ဒီအတိုင်းကြိုးစားကြည့်ရုံလေးတင်ဟာကို...အခြေအနေမကောင်းရင် ကျွန်တော် ချက်ချင်းလက်လျှော့လိုက်မယ်လေ...နော်"

ဘာကြောင့်မှန်းမသိပေမယ့် ထိုအရာက ကုရွှမ်းတု အတွက်အတော်လေးအရေးပါသည်ဟု သူခံစားနေရသည်။

ကုရွှမ်းတုက ကူရာမဲ့နေသည့်ပုံစံဖြင့် သူတစ်ခုခုပြောချင်ပေမယ့်လည်း သူရဲ့ပုံရိပ်စတင်ပျောက်ကွယ်သွားပြီး အသံပါမသဲကွဲတော့ချေ။ သူပျောက်ကွယ်မသွားခင် မသဲမကွဲဖြင့်တစ်ခုခုပြောခဲ့သည်။

လင်းရုဖေးက 'မော့' ဆိုသည့်စာလုံးကိုကြားလိုက်သလိုပင်။

''မော့...မော့မိသားစု မော့ကျောက်ချိုင်လား ဒါမှမဟုတ် ဘာမှမလုပ်နဲ့လား"

လင်းရုဖေးက အကြာကြီးတွေးတောနေပေမယ့်အဖြေရှာလို့မရချေ။

ကုရွှမ်းတု လုံးလုံးပျောက်ကွယ်သွားသည့်အခါ လင်းရုဖေးတစ်ယောက်သူမရှိတာကိုကျင့်သားမရ‌ချေ။

သူ့ အစေခံတွေဆီပြန်ရောက်ချိန်တွင် မော့ကျောက်ချိုင်တစ်ယောက်ဖူဟွားကင်ပေးထားသည့် နံရိုးတွေကိုစားနေတာမြင်လိုက်ရသည်။ နံရိုးတွေက တောင်ခြေကနေ၀ယ်လာပြီးနှပ်ထားကာသိမ်းထားခြင်းဖြစ်သည်။ ယခုမှသာညစာအတွက်ထုတ်ပြီးဟင်းခတ်အမွှေးအကြိုင်များနှင့်ကင်စားခြင်းဖြစ်သည်။ လင်းရုဖေးက အသားဟင်းတွေကိုသိပ်မကြိုက်သဖြင့် နည်းနည်းသာစားပြီး မော့ကျောက်ချိုင်ကိုသာကျွေးလိုက်၏။

မော့ကျောက်ချိုင်က ၀မ်းသာအားရဖြင့်အရိုးကိုက်‌နေတာကြောင့် မျက်နှာတွေပင်ပေနေပြီဖြစ်သည်။ ဘယ်လိုကနေဘယ်လို ထိုသို့ပေသွားလည်းမသိပေမယ့် သူကနံရိုးကိုပြောင်စင်အောင်ကိုက်ရုံသာမက ဆီပင်လျက်လိုက်သေးသည်။ ပြီးမှ နံရိုးကိုအင်တင်တင်နှင့် ချလိုက်သည့်အခါ သူဘေးနားက အံဩနေတဲ့မျက်နှာတွေကိုတွေ့လိုက်ရသည်။

သူကရှက်ရှက်ဖြင့် "ရီစရာဖြစ်စေမိပြီ အခုလိုဖြစ်ရတာ မမဖူဟွား ဟင်းချက်တာကောင်းလွန်းလို့ပါ ဒီလိုအရသာရှိတဲ့အသားကိုမစားရတာကြာနေပြီဆိုတော့ မထိန်းနိုင်တော့လို့ ဟီး..."

ဖူဟွားက ရီမောလျက်ဖြင့်ဆိုသည်။

"ကျန်သေးတယ် နောက်နေ့ နေ့လည်ကျရင် ထပ်ပြီး ကင်စားရအောင် ရာသီ၍တုကလည်းပူတော့ အကြာကြီးထားလို့မရဘူး"

"အရမ်းကောင်းတယ်"

______


စာရေးသူ‌မှာပြောစရာရှိတယ်~


ကုရွှမ်းတု : ကိုယ့်ရဲ့ကန့်သတ်ချက်ကိုရောက်နေပြီလို့ထင်တယ်

လင်းရုဖေး : ခင်ဗျားမပျောက်သွားအောင် ကျွန်တော်ဘာလုပ်ပေးရမလဲ

ကုရွှမ်းတု : မင်း ကိုယ့်ကိုလက်ထပ်လိုက်ရင်အဆင်ပြေသွားလိမ့်မယ်

လင်းရုဖေး : ခင်ဗျားမပျောက်ကွယ်သွားခင် ခင်ဗျားရဲ့အ၀တ်စတစ်ခုခုလောက်ဖြစ်ထားခဲ့ အထိမ်းအမှတ်လုပ်ပေးလို့ရအောင်

ကုရွှမ်းတု : ..........

_ ____

Notes:

မြွေကိုမခြောက်မိစေနဲ့ဆိုတာ ရန်သူကိုအလကားနေရင်မမြင်‌စေနဲ့လို့ ပြောတာပါ

_ _