အပိုင်း ၆၆
Viewers 14k

Chapter 66



မော့ကျောက်ချိုင်တစ်ယောက်သူရဲ့ချစ်လှစွာသော အရိုးကိုမြေမြှပ်ရင်းပြောလိုက်သည်။

သူရဲ့ထိုသို့သောပုံစံကိုမြင်သည့်အခါ ဤကလေးကချစ်ဖို့ကောင်းသားပဲလို့တွေးမိလေသည်။ သို့ပေမယ့် သူကြည့်ရတာ ထင်သလောက်မရိုးရှင်းသည့်ပုံပင်။

ကုရွှမ်းတုပြောသည့် 'မော့' က သူ့ကိုရည်ညွှန်းသည်ဆိုပါက သတိသာထားရပေမည်။

စားသောက်ပြီးနောက် မော့ကျောက်ချိုင်က သူ့ကိစ္စဖြေရှင်းရန်တောထဲသွားတုန်း လင်းရုဖေးက ထိုကောင်လေးအား သတိထားရန် ဖူဟွားနှင့်ယွီရွေ့အားပြောလိုက်၏။

ဖူဟွားက ခေါင်းငြိမ့်လိုက်ပေမယ့် အနည်းငယ်စိတ်ရှုပ်ထွေးနေသည့်ပုံပင်၊ ဖူဟွား​က သူ့မှာချီဓားအငွေ့အသက်မရှိဘူးဟု ဆို၏။

'ဒါမှမဟုတ် သူတို့ကိုလှည့်စားထားတာလား'

လင်းရုဖေးက မောက်ကျောက်ချိုင်မှာ ဘာလျှိုဝှက်ချက်တွေရှိလည်းမသိပေမယ့် သတိဆိုတာကပိုသည်မရှိချေ။

မော့ကျောက်ချိုင်က သူ့ကိစ္စရှင်းပြီးနောက် ပြန်လာပြီးမီးပုံဘေးတွင်ထိုင်ကာ မြေကြီးတွေကိုတုတ်နှင့်ထိုင်ထိုးနေလေသည်။

နောက်လည်း အတော်ကျနေ‌လေပြီ။ မနေ့ညကတစ်ယောက်မှ ကောင်းကောင်းမအိပ်ရသေးသဖြင့် သူတို့တွေအကုန်ပင်ပန်းနေကြပြီဖြစ်၏။ ရထားလုံးလည်းမရှိတာကြောင့် မြေကြီးပေါ်မှာပဲအိပ်ရမည့်ပုံပင်၊ ဖူဟွားက ယခုအရေးကိုကြိုမြင်‌ထားသဖြင့် ကြိုးတွေကိုထုတ်လိုက်ပြီး သစ်ပင်တွေကိုသုံးကာ ပုခက်လုပ်လိုက်ပြီးနောက် ထိုအပေါ်တွင်နူးညံသည့်အခင်းများခင်းလိုက်သည်။

လင်းရု‌‌ဖေးက ယခုလိုပုခက်ပေါ်မှာ အိပ်တာက ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ ပုခက်ပေါ်လှဲလိုက်သည့်အခါ မည်းနက်တဲ့ကောင်းကင်ယံထက်တွင် တောက်ပနေသည့်လမင်းကြီးနှင့် သူ့နဘေးမှာပြန့်ကျဲ့နေတဲ့ ဖျော့တော့တော့တိမ်တိုက်လေးတွေကိုမြင်လိုက်ရလေသည်။

လင်းရုဖေးကချက်ချင်းအိပ်ပျော်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ အိမ်မက်အရှည်ကြီးထဲသို့ရောက်သွားတော့သည်။

အိမ်မက်ထဲတွင် တစ်ယောက်ယောက်ကအော်ဟစ်‌နေပုံရပြီး သူ့အမြင်အာရုံတစ်ခုလုံး ပူနွေးရဲတောက်နေသောသွေးတွေဖြင့်လွှမ်းခြုံနေလေသည်။ လင်းရုဖေးကဆတ်ခနဲနိုးလာပြီးနောက် သူ့ရဲ့နားတစ်ခုလုံးကဖူဟွား၏ အော်သံစူးစူးနှင့်ပြည့်နှပ်သွားတော့သည်။

"ကုန်းဇီ ပြေးတော့"

လင်းရုဖေးက ပုခက်ကနေထထိုင်လိုက်သည့်အခါ ဖူဟွားနှင့်ယွီရွေ့တို့က ကောင်းကင်းမှာပျံဝဲနေသည့် သွေးရောင်အလုံးတွေကိုသူမတို့၏ဓားနှင့်တိုက်ခိုက်နေကြတာကိုမြင်တွေ့လိုက်ရ၏။

သူသေချာကြည့်လိုက်တော့မှ သွေးရောင်လွှမ်းနေသည့် အလုံးတွေက သွေးရောင်မျက်လုံးတွေဆိုတာသိသွားလေသည်။ ပြန့်ကျယ်နေသည့်အနက်ရောင်သူငယ်အိမ်တွေက အစေခံမလေးနှစ်ယောက်ကိုအရူးအမူးတိုက်ခိုက်နေကြသည်။ ထို့နောက် သူ့နဘေးမှာအိပ်ပျော်နေသည့် မော့ကျောက်ချိုင်ကနိုးလာပြီး‌‌ ကြောက်၍တုန်နေလေသည်။

သူနိုးလာတာမြင်သည်နှင့် ငိုယိုပြီး "သခင်လေးလင်း ကျွန်တော်နဲ့လိုက်ခဲ့မြန်မြန်လေး...သူတို့အကြာကြီးမတောင်ခံနိုင်တော့ဘူး"

လင်းရုဖေး : " ဖူဟွား "

"ကုန်းဇီ အရင်သွားနှင် ကျွန်မတို့အနောက်ကလိုက်ခဲ့မယ်"

ဖူဟွားကပြောလေသည်။

လင်းရုဖေးက သူရှိနေရင် နှောင့်နှေးလိမ့်မည်ဆိုတာ သိသဖြင့် မော့ကျောက်ချိုင်နှင့်သာအမြန်ထွက်ပြေးရတော့သည်။


ညဘက်ဖြစ်နေပေမယ့် မော့ကျောက်ချိုင်က ကျွမ်းကျင်သည့်အမဲလိုက်ခွေးတစ်ကောင်လိုကြမ်းတမ်းတဲ့တောင်တတ်လမ်းကိုအလွယ်လေးခြေရာခံနိုင်သည်။ သူက လင်းရုဖေးနှင့်ကွဲသွားမှာကိုကြောက်တာကြောင့် လင်းရု‌ဖေး၏အင်္ကျီအစွန်းစကိုကိုင်လျက်တောက်လျှောက်ဘယ်သွားရမည်ကိုဆက်တိုက်ပြောပြ‌နေသည်။

"ကုန်းဇီ မြက်ခင်းရဲ့ဒီနေရာကနက်တယ် သတိထား"

မော့ကျောက်ချိုင်အမောတကောပြောလေသည်။

လင်းရုဖေးရဲ့ခန္တကိုယ်ကအားနည်းနေပြီဖြစ်သည်။ မော့ကျောက်ချိုင်၏အနောက်ကိုအပြေးလိုက်နေရသဖြင့် သူနည်းနည်းလည်းအသက်ရူမ၀ချင်သလိုဖြစ်လာသည်။

မော့ကျောက်ချိုင်ရဲ့ခြေလှမ်းများကလည်းအနည်းငယ်နှေးကွေးသွားပြီးမောဟိုက်နေသည့်အသံဖြင့်ဆိုလာ၏။

"အဲ့ဒီအရာတွေကြည့်ရတာကျွန်တော်တို့နောက်လိုက်နေတာမဟုတ်ဘူး"

"အင်း မဟုတ်ဘူးထင်တယ်"

မော့ကျောက်ချိုင်က သူ့အနောက်ကိုသေချာအောင်နောက်တစ်ခါထပ်ကြည့်ပြီးနောက် ထိုကြောက်စရာကောင်းသည့်မျက်လုံးတွေကိုမတွေ့ရတော့မှသာသက်ပြင်းချနိုင်တော့၏။

"အဲ့ဒါတွေက ဘာတွေလဲ ကိုယ့်ကိုကိုယ်တောင်အိမ်မက်ဆိုးမက်နေတယ်ထင်သွားဝာာ"

လင်းရုဖေးမေးလိုက်သည်။

"ငါတို့အခုဘယ်မှာလဲ"

မော့ကျောက်ချိုင်က ဘေးဘီဝဲယာကိုတစ်ချက်ကြည့်လိုက်သည်။သူတို့ယခုရောက်နေသည့်နေရာမှာ အုပ်ဆိုင်းနေတဲ့သစ်ပင်တွေသာရှိပြီးအလင်းရောင်သိပ်မမြင်ရတာကြောင့်ဘယ်ရောက်နေလဲဆိုတာသူလည်းမသိချေ။

သူကကူရာမဲ့‌နေသည့်ပုံဖြင့်မဲ့ပြုံးပြုံးလိုက်ပြီး "ကျွန်တော်လည်းမသိတော့ဘူး ကြည့်ရတာလမ်းပျောက်နေပြီထင်တယ်"

လင်းရုဖေးကသူရဲ့ သိုလှောင်လက်စွပ်ထဲက စက္ကူကြိုးကြာလေးကိုထုတ်လိုက်ပြီးလွှတ်လိုက်လေသည်။

ခဏအကြာတွင် စက္ကူကြိုးကြားလေးက ဖူဟွားဆီမှသတင်းစကားနှင့်အတူ‌ပြန်ရောက်လာသည်။ ဖူဟွားက လင်းရုဖေးအား မစိုးရိမ်ရန်နှင့် သူမတို့တွေက မျက်လုံးတွေ တော်တော်များများအားနှိမ်းနှင်းပြီးပြီဖြစ်ကြောင်း ယခုတွင် လက်ကျန်တွေကိုရှင်းနေတာဖြစ်ပြီး လင်းရုဖေးအားရောက်နေသည့်နေရာမှာပဲ ငြိမ်ငြိမ်လေးနေနေရန်သာပြောလေသည်။ သူမတို့တွေ ထိုမျက်လုံးတွေကိုရှင်းပြီးတာနှင့် သူ့ကိုလာရှာမည်ဟု​ဆိုလေ၏။

လင်းရုဖေးက သူရဲ့အစေခံနှစ်ယောက်စလုံးအဆင်ပြေသည်ဟုဆိုမှသာသက်ပြင်းချနိုင်တော့သည်။

သူ့ဘေးမှာရပ်နေသည့် မော့ကျောက်ချိုင်ကအလန့်တကြားဖြင့်ထအော်သည်။

"လင်းကုန်းဇီ လင်းကုန်းဇီ ဒီကိုမြန်မြန်လာ မြက်ပင်တွေကြားထဲ၀ပ်နေလိုက် ဘာမှမပြောနဲ့"

လင်းရုဖေး မတုံပြန်သေးခင်မှာဘဲ သူကမြက်ခင်းပေါ်သို့ဖိချခံလိုက်ရသည်။ သူကဘာများဖြစ်လို့လဲဟုတွေးနေတုန်း မနီးမဝေးကခြေသံတွေကိုကြားလိုက်ရသည်။

လင်ရုဖေးက မြက်ပင်ကြားထဲမှနေချောင်းကြည့်လိုက်သည့်အခါ သူတို့ရှိသည့်နေရာသို့လာနေသည့် လူတစ်စုကိုတွေ့လိုက်သည်။ ထိုလူတွေကဓားအကြီးကြီးတွေကို ကိုင်ပြီး အင်္ကျီတိုတိုအား၀တ်ဆင်ထားကာ သူတို့၏ခန္တကိုယ်မှနေသွေးနံ့များလှိုင်လှိုင်ထွက်နေ၏။

အဖွဲ့ခေါင်းဆောင်၏မျက်နှာက အတော်လေးခက်ထန်ပုံရပြီးလအလင်းရောင်နည်းနည်းနှင့်တောင်မှသူ့အားအကျည်းတန်ရုပ်ဆိုးစေသည့်ပါးပေါ်မှ ဒဏ်ရာကြီးကိုမြင်နေရသည်။ သူ၏နောက်တွင်မူ တခြားလူများကလည်းလိုက်ပါလျက်ရှိပြီးတစ်စုံတစခုကိုရှာနေပုံရသည်။

"အဲ့ဒီလူတွေကတောင်ပေါ်ဓားပြတွေပဲ"

မော့ကျောက်ချိုင်တစ်ယောက်အတော်လေးကြောက်လန့်နေပုံဖြင့်လင်းရုဖေးကိုတိုးတိုးလေးပြောလေသည်။

"သူတို့ကမျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နိုင်တဲ့လူဆိုးတွေပဲ သူတို့သာ ကျွန်တော်တို့ကိုတွေ့သွားရင် ပွဲသိမ်းပြီ"

လင်းရုဖေးက သူနားလည်ကြောင်းအချက်ပြသည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်၏။

သူတို့နှစ်‌ယောက်ကမြက်ခင်းပေါ်မှာဆောင့်ကြောင့်ထိုင်ပြီး သူတို့ရဲ့ခန္တာကိုယ်ကိုမြက်ပင်တွေဖြင့်ဖုံးနိုင်သမျှဖုံးနေကြသည်။ ဓားပြအုပ်စုကသူတို့အရှေ့မှ တဖြည်းဖြည်းဖြတ်သွားလေသည်။ ကြည့်ရတာ သူတို့နှစ်ယောက်ကံကောင်းနေပုံရသည်။ နောက်ဆုံးတစ်ယောက်ဖြတ်သွားတာမြင်ပြီးမှသာ မော့ကျောက်ချိုင်နှင့် သူနှစ်ယောက်စလုံးသက်ပြင်းချနိုင်တော့သည်။

မော့ကျောက်ချိုင်က သူ့တစ်ကိုယ်လုံးကို မြေကြီးပေါ် ပစ်လှဲလိုက်ပြီး "ကြောက်လွန်းလို့သေတော့မယ် နှစ်ယောက်လုံးဒီနေရာမှာသေပြီထင်နေတာ"

လင်းရုဖေး‌က မေးလိုက်သည်။ "သူတို့ကို သိလို့လား"

"လူတွေကိုတော့မသိဘူး ဒါပေမဲ့သူတို့လက်ထဲက ဓားကိုတော့သိတယ်"

မော့ကျောက်ချိုင်က တုန်ယင်နေတဲ့အသံလေးဖြင့် "သူတို့က ရှောင်းရှို့တွေပဲဖြစ်မယ် အဲ့ဒီဓားပေါ်မှာထွင်းထားတဲ့ပုံစံကိုသေတောင်မမေ့ဘူး"

"မင်းက ဘာလို့မမေ့နိုင်တာလဲ"

"ကျွန်တော် သေချာပေါက်မမေ့နိုင်ဘူးလေ ဘာလို့ဆို ကျွန်တော်မျက်လုံးနှစ်လုံးနဲ့ သူတို့တွေ ကုန်သည်တစ်အုပ်စုလုံးရဲ့ခေါင်းကိုဖြတ်ပစ်တာမြင်ဖူးထားလို့လေ"

မော့ကျောက်ချိုင်ကဆက်ပြောလေသည်။

"သွေးတွေ....အယ် ...နေပါဥိး"

သူရဲ့နဂိုကတည်ငြိမ်နေသည့်မျက်နှာကအေးခဲသွားလေသည်။ ဘာကြောင့်ဆို သူ့ကို "ဘာလို့မမေ့နိုင်တာလဲ" ဟု မေးတဲ့သူကသူ‌ဘေးမှာရှိနေသည့် လင်းရုဖေးမဟုတ်ဘဲ အခြားနောက်တစ်ယောက်ဖြစ်နေကြောင်းသိသွားလို့ပင်။

လင်းရုဖေးနှင့်မော့ကျောက်ချိုင်တို့ နှစ်ယောက်စလုံး ပြိုင်တူလှည့်ကြည့်လိုက်သည့်အခါ သူတို့နောက်တွင် ဓားပြအုပ်စုရပ်နေကြောင်းတွေ့လိုက်ရသည်။

ဓားပြခေါင်းဆောင်၏မျက်မှထက်တွင် နှစ်မြို့စရာမကောင်းတဲ့အပြုံးတစ်ခုရှိပြီး သူတို့နှစ်ယောက်ရဲ့ဖြူဖတ်နေတဲ့မျက်နှာလေးတွေကိုမြင်သည့်အခါ အော်ဟစ်ရီမောလိုက်ပြီး "ယို့...ကြည့်ရတာငါတို့ကံကောင်းတယ်ထင်တယ် ဒီကောင်လေးနှစ်ယောက်ကိုတွေ့လိုက်ရတာ"

မော့ကျောက်ချိုင်က အော်ဟစ်၍နောက်ကိုလှည့်ပြီးပြေးဖို့ကြိုးစားပေမယ့် ထိုလူတွေကသူ့ကိုမြေကြီးပေါ်သို့ကန်ပစ်လိုက်သည်။ လင်းရုဖေးကမူ မတ်တပ်ရပ်လျက်ရှိသည်။

ထိုလူကတွေ သူ့ထံမျက်နှာချင်းထိလုနီးပါးလျောက်လာပြီး "အခုလိုလှပတဲ့ကုန်းဇီလေးကဘယ်ကလဲ ဘာလို့ဒီလိုမှောင်မည်းနေတဲ့ညမှာရှီးလျန်တောင်ကိုလာရတာလဲ"

မော့ကျောက်ချိုင်ကအော်ဟစ်ငိုယိုကာ "အစ်ကိုကြီး အစ်ကိုကြီးမှာ ကျွန်တော်တို့ကိုလွှတ်ပေးဖို့ သနားကြင်နာစိတ်လေးရှိပါတယ် ကျွန်တော်တို့က ဒီအတိုင်းဖြတ်သွားဖြတ်လာခရီးသွားလေးတွေပါ ပိုက်ဆံလည်းမရှိပါဘူး"

ထိုလူကမော့ကျောက်ချိုင် ကိုလျစ်လျူရှုပြီး လက်တစ်ချက်ခါပြလိုက်သည့်အခါ သူရဲ့လူတွေကကြိုးထုတ်၍ မော့ကျောက်ချိုင်ကိုတင်းတင်းးတင်းကျပ်ကျပ်ချည်လိုက်လေသည်။

လင်းရုဖေးကိုမူအပြုံးလေးဖြင့်ဆိုလာ၏။

"ကုန်းဇီလေး ကိုယ်အသိစိတ်နဲ့ကိုယ်လိုက်မလား ဒါမှမဟုတ် ကိုယ်လုပ်ပေးရမလား"

လင်းရုဖေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ငါဘာသာသွားမယ်"

ထိုစကားပြောပြီးသည့်နောက် သူကချောင်းနှစ်ချက်ကိုခပ်အုပ်အုပ်ဆိုးလိုက်သည့်အခါ နဂိုကတည်းကမကောင်းသည့်မျက်နှာကပို၍ဖြူဖျော့သွား၏။

လင်းရုဖေး အားနည်းနေတာကိုမြင်သည့်အခါ ထိုလူကနှစ်မြို့စရာမကောင်းသည့်အသံနှင့်ရီမောလျက် "ကိုယ်တို့က မြန်မြန်သွားမှာဆိုတော့ ကုန်းဇိလေး အမှီမလိုက်နိုင်မှာဆိုးတယ်"

သူကလင်းရုဖေးအား သူ့ပခုံးပေါ် ပွေ့တင်လိုက်တော့ လင်းရုဖေးရဲ့အမြင်အာရုံတစ်ခုလုံးကချက်ချင်းပြောင်းပြန်ဖြစ်သွားသည်။သူကအံကြိတ်လိုက်ပြီး တစ်ခုခုပြောတော့မည့်အချိန်တွင် သူ့လည်ပင်းနောက်ကို လက်တစ်ဖတ်ကရိုက်ချလိုက်သဖြင့်မေ့မျောသွားတော့သည်။

မော့ကျောက်ချိုင်က ထိုမြင်ကွင်းကိုမြင်သည့်အခါ လန့်သွားပုံရသည်။

ထိုလူကသူကိုပြုံးပြပြီးပြောလေသည်။

"ငါလိုချင်တာကိုမရလိုက်ပေမဲ့လည်း မထင်ထားတဲ့အရာတော့ကိုရလိုက်တာပဲ"

သူပြောပြီးသည်နှင့် တခြားလူတွေက မော့ကျောက်ချိုင်ကိုသယ်လိုက်ပြီး လူအုပ်ကြီးဟာ သိပ်မကြာခင်မှာပင် တောအုပ်ထဲသို့၀င်ရောက်သွားကြတော့သည်။

ဖူဟွားနှင့်ယွီရွှေ့တို့ရောက်လာချိန်တွင်မူ မည်သူမျှမရှိတော့ပေ။

ပြင်းထန်တဲ့တိုက်ပွဲဆင်နွှဲလာသည့် အစေခံမလေးနှစ်ယောက်ကသွေးများရွှဲစိုလျက်ဖြင့် လူသတ်ချင်တဲ့အသွင်အပြင်အပြည့်ဖြစ်နေသည်။ သူမတို့အတက်နိုင်ဆုံးအမြန်ပြန်လာခဲ့ပေမယ့် သူမတို့အိမ်ရဲ့ကုန်းဇီလေးကို ရှာလိုမတွေ့တော့တာကြောင့် စိတ်ရှုပ်သွားကြ၏။

"ကုန်းဇီ ဘယ်မှာလဲ" ယွီရွေ့ကအော်ခေါ်လိုက်သည်။

"ဒီနေရာမှာအခြားသူတွေရဲ့အနံ့တွေရှိနေတယ် တစ်ယောက်ယောက် ဒီနေရာမှာရှိခဲ့တယ်။"

ဖူဟွားကအမြန်ပြောလိုက်သည်။ "သွား...မြန်မြန်အနံ့နောက်ကလိုက်ပြီးရှာမယ်"

သူမတို့နှစ်ယောက်က ဓားတွေကိုပြန်သိမ်းလိုက်ပြီဖြစ်သော်လည်းသူမတို့ရဲ့ပုံစံကမူ အဇူရာနှယ် သွေးလွှမ်း၍ခက်ထန်‌‌နေကြသည်။ပြီးနောက် ဓားပြတွေထွက်သွားသည့်လမ်းအတိုင်း လိုက်သွားကြတော့သည်။

လင်းရုဖေး နိုးလာချိန်တွင် သူက နူးညံသည့်အိပ်ရာပါ်မှာလှဲနေကြောင်းတွေ့လိုက်ရသည်။ သူ့ရဲ့ခေါင်းကရိုက်ခံထားရတာကြောင့်နာနေသည်။ ကုတင်ပေါ်မှထထိုင်ပြီးလှည့်ပတ်ကြည့်လိုက်သည့်အခါ ထောင့်တစ်ထောင့်မှာဂဏန်းတစ်ကောင်လိုအချည်ခံထားရသည့် မော့ကျောက်ချိုင်ကိုတွေ့လိုက်ရ၏။

သူနိုးလာတာကို မြင်လိုက်ရသည့် မော့ကျောက်ချိုင်က ငိုချလုနီးပါးမျက်နှာဖြင့် "ကုန်းဇီ နောက်ဆုံးတော့မင်းနိုးလာပြီပေါ့ ကျွန်တော်က ကုန်းဇီတစ်ခုခုဖြစ်သွားပြီထင်နေတာ"

လင်းရုဖေးက သူလည်ပင်းကိုပွတ်လျက် အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။

"ငါတို့ အခုဘယ်ရောက်နေတာလဲ"

မော့ကျောက်ချိုင်က အမှန်တိုင်းပြန်ဖြေလေသည်။

"ဓားပြတွေရဲ့ တဲထဲမှာ"

လင်းရုဖေးက ခဏလောက်ငြိမ်သွားပြီးမှ ထပ်မေးလိုက်သည်။

"သူတို့က ငါတို့ဆီက ဘာလိုချင်လို့လဲ"

မော့ကျောက်ချိုင် : "ကုန်းဇီ မင်းမေးသင့်တာက သူတို့လိုချင်တာ က ကုန်းဇီဆီကလား ကျွန်တော်ဆီကလားဆိုတာ"

လင်းရုဖေးကသိချင်သွားသဖြင့် "ဘာ ကွာသွားလို့လဲ"

မော့ကျောက်ချိုင်က ခါးသီးစွာပြောလေသည်။

"သေချာပေါက်ကွာတာပေါ့ ကျွန်တော်က ဒီအတိုင်းဘယ်သူမှကူညီမဲ့သူမရှိတဲ့ဆင်းရဲတဲ့ကောင်လေ ဓားပြတွေကတစ်ချက်ထဲနဲ့ကျွန်တော်ကိုသတ်ပစ်လိုက်လို့ရတယ် ဒါပေမယ့်သူတို့က ကုန်းဇီကိုမြင်ပြီးသွားပြီဆိုတော့ အလွတ်ပေးမှာမဟုတ်တော့ဘူး ကျွန်တော်ကြားဖူးတာတော့ သူတို့ခေါင်းဆောင်ကအကုန်စားတယ်တဲ့ သူကလှရင်အကုန်ကြိုက်တယ် သူတစ်ယောက်ထဲနဲ့မိန်းမအယောက်နှစ်ဆယ်လောက်ရှိတယ်"

{ အကုန်စားတယ်ဆိုတာ မိန်းမကော ယောက်ျားကောသဘောကျတာပြောတာပါ }

လင်းရုဖေးက အခုချိန်ထိနားမလည်နိုင်သေးပေ။

"မင်းပြောချင်တာက ဘာကိုလဲ"

"ပြောချင်တာက သူက ကုန်းဇီကိုလက်ထပ်ယူမှာလို့ပြောတာ"

မော့ကျောက်ချိုင်က၀မ်းနည်းမှုအပြည့်ဖြင့်ဖြေ‌လိုက်လေသည်။ ယခုလို လှပချောမောတဲ့သခင်ငယ်လေးက နည်းနည်းလေးတုံးအမှန်း သူဒီနေ့မှသိလိုက်ရသည်လေ။

လင်းရုဖေးက မယုံနိုင်ကြည်မှုအပြည့်ဖြင့် "ဒါပေမယ့်...ငါက ယောက်ျားလေးလေ"

မော့ကျောက်ချိုင်က သက်ပြင်းသာချလိုက်မိပြီး "ကုန်းဇီ နားမလည်ပါဘူး မိန်းမမှ မဟုတ်ဘဲ ယောက်ျားဆိုလည်းဖြစ်တဲ့သူရှိတယ် ပြောရရင်ယောက်ျားလေးတွေထဲမှာမှ အထူးသဖြင့် ကုန်းဇိလို ချောမောပြီးလှပတဲ့ကိုယ်လုံးပိုင်ရှင်လေးတွေကိုပေါ့"

သာမာန်လူတွေပင်မြင်နိုင်သည့် လင်ရုဖေး၏ ပျော့ပျောင်းသွယ်လှသည့်ခန္တာကိုယ်၊ ချောမောလှတဲ့မျက်နှာအပြင် မြင့်မြတ်တဲ့ကိုယ်ရောင်ကိုယ်ဝါက လင်းရုဖေးကိုဓားပြတွေရဲ့ပစ်မှတ်အဖြစ် အလွယ်တကူဖြစ်သွားစေသည်။ သို့ပေမဲ့လောလောဆယ် သူအရှေ့ရှိကုန်းဇိလေးမှာ ယခုလိုအရာမျိုးကိုလုံးလုံးနားမလည်နိုင်သေးသည့်ပုံပင်။

သူကတ‌စ္ဆေသရဲကိုမြင်လိုက်ရသည့်နှယ် ကုတင်ပေါ်တွင်ထိတ်လန့်မှုအပြည့်ဖြင့်ထိုင်နေပေ၏။

________

Translated By IQ-Team.