အပိုင်း ၆၇
Viewers 14k

Chapter 67

____

သူတို့နှစ်ယောက်စကားပြောနေတုန်းမှာပဲအပြင်ကနေထိုလူ၀င်လာတော့သည်။ ထိုလူမှာလင်းရုဖေးကိုမေ့မြောအောင်ရိုက်လိုက်တဲ့လူဖြစ်ပြီး လင်းရုဖေးကိုမြင်ချင်တွင် သူကအပြုံးလေးဖြင့်မေးလာ၏။

" နိုးပြီလား"

လင်းရုဖေးက ထိုသူကိုကြည့်သာကြည့်နေပြီး မည်သည့်စကားမျှပြန်မပြောချေ။

ထိုလူက​ဆိုသည်။ "ဒီကိုရောက်ရင် အရင်တုန်းကမင်းရဲ့အဆင့်အတန်းကဘာကြီးပဲဖြစ်နေဖြစ်နေ အခုမင်းက ငါပိုင်တဲ့လူပဲ"

သူကလင်းရုဖေးထံလျှောက်သွားပြီးမေးစေ့အားဆွဲကိုင်ရန်လုပ်လိုက်သော်‌လည်း လင်းရုဖေးကမျက်မှောင်ကြုတ်ကာ ရှောင်လိုက်သည်။

"ယို့ ရှောင်တယ်ပေါ့ ဒါကပျော်ဖို့ကောင်းသားပဲ အာ...ငါက ရန်လိုနေတဲ့အလှလေးတွေကိုပိုကြိုက်တယ် ဒါမှမဟုတ်ဘဲ ငါးသေ‌တစ်ကောင်လိုဖြစ်နေရင်ပျင်းဖို့ကောင်းတယ်လေ"

ထိုလူက ယုတ်မာတဲ့အပြုံးကြီးဖြင့်ပြောသည်။ လင်းရုဖေး၏ခန္တာကိုယ်ကပေါ့ပါးပြီးသူရဲ့ဓားလောက်ပင်မလေးကြောင်းကြည့်ရုံနှင့်ပင်သိလေသည်။ သူရဲ့ပုံစံက လေ့ကျင့်ထားသည့်လူတယောက်နှင့်လည်းမတူသလို ဓားရဲ့အငွေ့အသက်လည်းမရှိတာကြောင့် သာမာန်ချမ်းသာတဲ့မိသားစုမှသခင်လေးတစ်ယောက်သာဖြစ်ပေမည်။ ထိုသခင်ငယ်လေးက လှပတဲ့ရုပ်ရည်နှင့်မွေးဖွားလာပြီး မြင်သူတကာရဲ့နှလုံးသားကိုကိုင်လှုပ်နိုင်စွမ်းရှိလေ၏။

"နွေဦးရဲ့ညတာက တိုတောင်းလွန်းတယ် အချိန်တွေမဆွဲကြရအောင်"

ထိုလူကလင်းရုဖေးကိုကုတင်ပေါ်သို့ဆွဲချရန်လက်ကိုလှမ်းဆွဲလိုက်လေသည်။

လင်းရုဖေးက ခုနတကြိမ်တုန်းကခံရပြီးပြီမို့ယခုတစ်ခေါက်တွင်မူအတွေ့အကြုံရှိသွား‌လေပြီ။ ထို့ကြောင့် နောက်အနည်းငယ်ဆုတ်လိုက်ပြီး ညာဘက်လက်ဖြင့်သူရဲ့လက်စွပ်ထဲကအနက်ရောင်သစ်သားဒိုင်းကိုထုတ်ကာ ထိုလူ၏ခေါင်းကိုချိန်ထားလိုက်သည်။ထိုလူက သူဒီသစ်သားဒိုင်းဘယ်နေရာကနေရောက်လာလဲမသိပေမယ့်လည်း သူ့လုပ်ရပ်ကိုမြင်တော့ရယ်မောလေသည်။

လင်းရုဖေး၏ဒိုင်းမှာဘာအစွမ်းမရှိတာကြောင့်အလွယ်လေးတားနိုင်မည်အထင်နှင့်လှမ်းဆွဲလိုက်တော့သည်။

မော့ကျောက်ချိုင်က မမြင်ရက်တော့သောကြောင့်မျက်လုံးကိုစုံမှိတ်ပစ်လိုက်သည်။ သူကြောက်တာက လင်းရုဖေးသည် ဓားပြခေါင်းဆောင်ရဲ့ဒေါသကိုသွားဆွမိပြီး ပို၍နိုပ်စက်ခံရမှာကိုပင်။

သူမျက်စိပိတ်ထားတဲ့အချိန်မှာပဲ'ကလစ်'ဆိုသည့်အသံနှင့်အတူဓားပြ၏နာနာကျင်ကျင်အော်သံကိုပါကြားလိုက်ရသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အပြစ်ကင်းစင်သည့်မျက်နှာလေးဖြင့်လင်ရုဖေးကိုတွေ့လိုက်ရပြီး ဓားပြ၏လက်ကမူတွန့်လိမ်ကောက်ကွေးလျက် သတိလစ်မေ့မျောကာကုတင်ပေါ်သို့လဲကျသွားတော့သည်။

"ဘယ်လိုလုပ်လိုက်တာလဲ"

မော့ကျောက်ချိုက်တစ်ယောက်အံဩလွန်းလို့သူရဲ့ဒေသိယစကားသံပါထွက်လာသည်။

"ငါ ဒီအတိုင်းပဲစမ်းကြည့်တာ သူ့ကိုဒီလောက်အထိဖြစ်သွားစေလိမ့်မယ်လို့မထင်ထားမိဘူး"

လင်းရုဖေးတောင်ပေါ်သို့မလာခင်ကုရွှမ်းတုနှင့်အတူတူဓားရဲ့စွမ်းအင်ကို တခြားအရာ၀တ္တုများနှင့်ဘယ်လိုတွဲသုံးရမလဲဆိုတာသင်ယူခဲ့လေသည်။

နောက်ဆုံးတော့ ယင်းကို သူလက်တွေ့အသုံးချနိုင်ချေပြီ၊ သူကြည့်ရတာ ဤအပိုင်းတွင်အတော်ဘေးထူးချွန်ပုံရသည်။

သူက ဓားပြရဲ့နှာခေါင်းနား လက်တေ့လိုက်ပြီး အသက်ရှင်သေး‌ရဲ့လားစမ်းသပ်ကြည့်လိုက်၏။

"ငါ သူ့ကိုသေသွားပြီတောင်ထင်တာ"

မော့ကျောက်ချိုင်က သူရဲ့မျက်လုံးတွေကျွတ်ထွက်လုမတတ်ဖြစ်နေပေပြီ။

"မင်းရဲ့ဒိုင်းကတော်တော်ကောင်းသားပဲ"

လင်းရုဖေးက သူ့လက်ထဲရှိသစ်သားဒိုင်းကို ကိုင်‌မြှောက်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာပြောလိုက်သည်။

"အလယ်အလတ်တန်းစားစိတ်၀ိဉာဥ်ကျောက်တုံးတစ်ခုပဲပေးရတာတကယ်တန်တယ်"

မော့ကျောက်ချိုင်က ခဏလောက်တိတ်ဆိတ်သွားပြီးနောက် နီးမြန်နေသည့်မျက်နှာဖြင့်ပြောလာသည်။

"ကုန်းဇီ ကျွန်‌တော်ကိုကြိုးဖြည်ပေးပါဦး တော်ကြာတစ်ယောက်ယောက်ရောက်လာနေဦးမယ်"

လင်းရုဖေးက ခေါင်းငြိမ့်ပြလိုက်ပြီး မော့ကျောင်ချိုင်ကိုဖြည်ပေးလိုက်သည်။ နှစ်ယောက်သားလက်ကြိုး‌နေတဲ့ဓားပြခေါင်းဆောင်ကိုပါ ကြိုးဖြင့်ချည်လိုက်ကြပြီးပါးစပ်ထဲအ၀တ်စတစ်စထိုးထည့်လိုက်သည်။

အားလုံး‌လုပ်ပြီးသွားချိန်တွင် လင်းရုဖေး တစ်ကိုယ်လုံးချွေးများရွှဲစိုနေပြီဖြစ်သည်။ သူလည်းမော‌မောနှင့်အနားယူရန်ထိုင်ချလိုက်သည်။

မော့ကျောက်ချိုင်ကမူ တံခါးအားညင်သာစွာကိုင်၍အပြင်ဘက်ကလှုပ်ရှားနေသည်များကိုကြည်လိုက်ပြီးနောက် တိုးတိုးလေးပြော၏။

"ကုန်းဇီ ကျွန်တော် တို့ဘာဆက်လုပ်ကြမလဲ အ၀မှာစောင့်နေတဲ့သူရှိတယ်"

လင်းရုဖေး : "ဘယ်နှစ်ယောက်လဲ"

မော့ကျောက်ချိုင် : "တစ်ယောက်ထဲပဲမြင်တယ်"

လင်းရုဖေးက ခဏလောက်တွေးလိုက်ပြီးနောက် သူ၏လက်ကိုမြှောက်ကာသတိလစ်‌နေသည့်ဓားပြအားနှိုးရန်အကြိမ်အနည်းငယ်လောက်ရိုက်လိုက်သည်။ ဓားပြမှာ မှင်သေသေဖြင့်နိုးလာပြီးနောက် လင်းရုဖေးနှင့်မော့ကျောက်ချိုင်တို့နှစ်ယောက်သား သူ့အရှေ့တွင်ရပ်နေတာမြင်လိုက်ရသည့်အခါ အလိုအ‌လျောက်ကြမ်းကြမ်းတမ်းတမ်းပြောချင်ပေမယ့်လည်း သူ့ပါးစပ်ကိုတစ်ခုခုဖြင့်ဆို့ထားတာကြောင့် ဘယ်လောက်ကြိုးစားနေပါစေ ပြောလို့မရချေ။

လင်းရုဖေးက သူ့သို‌လှောင်လက်စွပ်ထဲမှ ဓားအားထုတ်ယူကာဓားပြ၏လည်ပင်း၌တေ့ထားလိုက်သည်။ သူရဲ့လက်အားကိုသေချာမထိန်းနိုင်သေးတာကြောင့် ချက်ချင်းဓားပြရဲ့အရေပြားပေါ်ဖြတ်လှီးမိသွားပြီး သွေးများထွက်လာတော့သည်။

"တောင်းပန်ပါတယ် ပထမဆုံးသုံးဖူတာဆိုတော့ မကျွမ်းကျင်သေးဘူး"

ဓားပြရဲ့မျက်နှာမှာ အတော်လေးထိတ်လန့်သွားပုံရသည်။

"မင်းပါးစပ်ကိုဖြည်ပေးမယ် ဒါပေမယ့် မင်းအသံလေးတစ်သံတောင်ထွက်လို့မရဘူး ထွက်တာနဲ့မင်းရဲ့ခေါင်းအပြတ်ပဲ"

လင်းရုဖေးကဖြည်းညှင်းစွာပြောလိုက်သည်။

"နားလည်တယ်ဆို ခါးငြိမ့်ပြ"

ဓားပြကခေါင်းကိုဖြည်းညင်းစွာငြိမ့်ပြသည်။

လင်းရုဖေးက မော့ကျောက်ချိုင်အားတစ်ချက်ကြည့်လိုက်သည်နှင့် မော့ကျောက်ချိုင်ကဓားပြရဲ့ပါးစပ်ထဲကအ၀တ်စကိုဆွဲထုတ်လိုက်သည်။

ဓားပြကစက္ကန့်အနည်းငယ်လောက်ပင့်သက်ရှိုက်လိုက်ပြီးမှရှူးရှူးရှဲရှဲဖြင့်ပြောလာသည်။

"ငါ့ကိုသတ်လိုက်ရင်တောင်မှ မင်းတို့ဒီနေရာကထွက်သွားလို့ရမှာမဟုတ်ဘူး"

လင်းရုဖေးက သူကိုကြည့်လိုက်ပြီးခ"ဒီစကားကသေချာပေါက်အမှန်မဟုတ်ဘူး"

"ဟား...ဟားငါသိပါတယ် မင်းမှာမသေမျိုးစွမ်းအားအနည်းငယ်ရှိတယ်ဆိုတာ ဒီစွမ်းအားတွေကငါ့လိုသေမျိုးတွေအပေါ်မှာပဲသုံးလို့ရမယ် တောင်ပေါ်ကအရာတွေကိုကိုင်တွယ်ဖို့ကတော့ မလုံလောက်သေးဘူး"

တောင်ပေါ်ဓားပြကအထင်သေးမှုအပြည့်ဖြင့်ဆက်၍ပြော၏။

"မင်းတို့ဒီကိုဘာလို့လာလဲဆိုတာငါမသိဘူးများထင်နေလား"

လင်းရုဖေးက စူးစမ်းလိုသည့်ဟန်နှင့် "အဲ့ဒါဆို မင်းအဲ့အရာကဘယ်မှာရှိလဲဆိုတာသိတယ်ပေါ့"

"အဲ့ဒီပစ္စည်းရဲ့နေရာကိုဘယ်သူကမသိပဲနေလို့လဲ" ဟုဓားပြကပြောသည်။"

လင်းရုဖေးက ခဏလောက်တွေးတောနေပြီး‌မှ နောက်ထပ်မေးခွန်းမေးရန်ပြင်‌နေတုန်းမှာပဲ မော့ကျောက်ချိုင်ကရုတ်တရတ်ထိတ်လန့်သွားသည်ပုံနှင့်အပြင်ဘက်သို့လက်ညိုးထိုးပြပြီး "ကုန်းဇိ တယောက်ယောက်ဒီကိုလာနေတယ်"

သူပြောပြီးသည်နှင့် အပြင်ဘက်ကနေခြေသံအများအပြားကြားလိုက်ရပြီး တစ်ဆက်တည်းဆိုသလို တံခါးခေါက်သံအကျယ်ကြီးကိုကြားလိုက်ရသည်။

ထိုတစ်ယောက်ကနေပြီး "အစ်ကို၀မ် မပြီးသေးဘူးလား"

'ဒီဓားပြရဲ့မျိုးရိုးနာမည်က ၀မ် ပေါ့'

လင်းရုဖေးသည် သူလက်ထဲက ဓားကိုအရှေ့ကိုပိုတိုးလိုက်ပြီးပြောသင့်တာကိုပြောရန်မေးဆတ်၍အချက်ပြလိုက်သည်။

ထို့နောက် ၀မ်မျိုးရိုးဓားပြက သုန်မှုန်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"ထွက်သွားစမ်း ငါ့ကိုလာပြီးဖိအားပေးနေတာလား ငါ့ကိုမင်းလိုနှစ်ချီထဲနဲ့ပြီးတဲ့ကောင်များထင်နေလား"

တံခါးအပြင်ဘက်ကလူအုပ်ကြီးကပွဲကျသွားတော့သည်။

"မင်းတို့သွားနှင့် ငါပြီးရင်နောက်ကလိုက်ခဲ့မယ်" သူက လင်းရုဖေးကိုကြည့်ရင်းပြောလိုက်၏။

"ယို့...ကြည့်ရတာဒီကုန်းဇီ အလှလေးက မင်းအကြိုက်ဖြစ်တဲ့ပုံပဲ"

ထိုလူကရယ်ရယ်မောမောဖြင့်ဆက်၍ပြောလေသည်။ "အဲ့ဒါဆိုလည်းမြန်မြန်လေးလုပ် ဟိုမိန်းမနှစ်ယောက်ကိုမျှားခေါ်ပြီးပြီ"

"ငါသိပြီ နောက်တစ်ချီပြီးရင်လာခဲ့မယ်"

တံခါးအပြင်ဖက်မှ လူက ယင်းအပြုအမှုကိုကျင့်သားရနေသဖြင့် ထူးဆန်းသည်ဟု မခံစားရဘဲထွက်သွားတော့သည်။

ခြေသံလုံးလုံးမကြားရတော့မှသာ လင်းရုဖေးက မေးသည်။

"မိန်းကလေးနှစ်ယောက် သူတို့ပြောတဲ့မိန်းကလေးနှစ်ယောက်ကဘယ်သူလဲ"

တောင်ပေါ်ဓားပြ : "ကျင့်ကြံရေးအဆင့်၅ရှိတဲ့ကျင့်ကြံသူနှစ်ယောက်လို့ပြောတယ် သေချာတော့မသိဘူး"

ကိစ္စတွေက တဖြည်းဖြည်းပိုပြီးရှုပ်ထွေးလာလေပြီ။

သူတို့တွေတောင်ပေါ်ကိုတက်လာကတည်းက စောင့်ကြည့်ခံနေရပုံပေါ်ပြီးသူတို့ကိုစောင့်ကြည့်နေသည့်သူတွေက ကုရွှမ်းတုကိုထိခိုက်စေတဲ့ပစ္စည်းနှင့်ပါပတ်သတ်နေပုံရ၏။

ခ‌ဏလောက်တွေးတောပြီးနောက် လင်းရုဖေးက တောင်ပေါ်ဓားပြအား သူ့ကိုထိုနေရာသို့ခေါ်သွားရန်ဈေးဆစ်တော့သည်။ ဓားပြကလည်းချက်ချင်းသဘောတူလေသည်။ သူ့ကိုမသတ်ပါက လင်းရုဖေးနှင့်မော့ကျောက်ချိုင်ကိုခေါ်သွားမည်ဖြစ်ကြောင်းပြောလေသည်။

"ကုန်းဇီ သူကိုမယုံနဲ့ သူလို့ဓားပြတစ်ယောက်ရဲ့ပါးစပ်ကထွက်တဲ့စကားကို အလွယ်တကူမယုံသင့်ဘူး"

ထိုအချိန်မှာပဲ မော့ကျောက်ချုင်ကရုတ်တရတ်ထပြောလာသည်။

"ကျွန်တော်တို့ သူ့ကိုအပြင်ထွက်ခွင့်ပေးလိုက်ရင် သူကသေချာပေါက်ကတိဖျက်ပြီး ကျွန်တော်တို့အသက်ကိုယူလိမ့်မယ်"

ဓားပြက မော့ကျောက်ချိုင်ပြောသည့်စကားကိုကြားသည်နှင့်ခေါင်းမော့၍ဆို၏။

"ငါမပါဘဲ မင်းတို့လမ်းတောင်ရှာမတွေ့နိုင်တာ မိန်းကလေးနှစ်ယောက်ကိုဘယ်လိုသွားကယ်မလဲ"

"မင်းကရှာမတွေ့နိုင်ဘူးပြောတိုင်း ငါတို့ကလမ်းကိုမရှာနိုင်ဘူးလို့ဘယ်သူပြောလဲ"

မော့ကျောက်ချိုင်ကအထင်အမြင်သေးသည့်ပုံဖြင့် "ကြွားတာတော့မဟုတ်ဘူး တစ်ယောက်ယောက်က ငါဘေးကဖြတ်သွားသ၍ နေ့တစ်၀က်ကြာသွားတာတောင် ငါသူ့အနောက်ကနေလိုက်ရှာနိုင်တယ် မင်းကိုမလိုအပ်ဘူး"

မော့ကျောက်ချိုင်က မည်သည့်လမ်းကိုမဆိုရှာနိုင်တာကြောင့်သူရှေ့ကဓားပြကိုမလိုအပ်ပေ။

လင်းရုဖေးသည် သူ့လက်ထဲကဓားကိုကြည့်လိုက်ချိန်တွင် ဓားပြက တစ်ခုခုကိုခံစားမိသွားပုံရပြီး ချက်ချင်းပင် ကြောက်လန့်နေသည့်မျက်နှာဖြစ်သွားတော့သည်။ သူက ပါးစပ်ဟပြီးသနားညှာတာရန်ပြောတော့မည့်အချိန်တွင် မော့ကျောက်ချိန်က ပါးစပ်ထဲအ၀တ်စထိုးထည့်ပစ်လိုက်၏။

အဆုံးတွင်မူ ဤသည်က လင်းရုဖေးအတွက် ပထမဆုံးအကြိမ်သူ့လက်ဖြင့် လူသတ်ရမှာဖြစ်သောကြောင့် အနည်းငယ်တုံ့ဆိုင်းနေမိသည်။ မော့ကျောက်ချိုင်က သူနှလုံးသားထဲမှ စိုးရိမ်ပူပင်မှုကိုမြင်နိုင်သည့်ပုံရသည်။ လင်းရုဖေးစိတ်ပြောင်းသွားမှာဆိုးသောကြောင့် ဘယ်နေရာကရလာမှန်းမသိသည့် ဓားမြှောင်ဖြင့်ဓားပြ၏လည်ပင်းကိုဖြတ်ပစ်လိုက်တော့သည်။

ဓားက ဓားပြရဲ့အဓိကသွေးလွှတ်ကြောကြီးကိုထိုးဖြတ်သွားတာကြောင့် သွေးများပန်းထွက်လာပြီး လင်းရုဖေး၏ခန္တာကိုယ်အနှံအပြားကိုစင်သွားသည်။ လင်းရုဖေးသည် အနောက်သို့ခြေတစ်ချက်ဆုတ်လိုက်ပြီး မော့ကျောက်ချိုင်ကိုမျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။

မော့ကျောက်ချိုင်က အမြန်ပြောလေသည်။

"ကုန်းဇီ မလုပ်နိုင်မှာစိုးလို့ပါ"

လင်းရုဖေး၏ပုံစံကြည့်ရသည်မှာ လူမသတ်နိုင်သည့်ပုံပင်၊ သူမလုပ်နိုင်မှာစိုးလို့ ယင်းပြသနာသူကိုယ်တိုင်ပဲဖြေရှင်းလိုက်ခြင်းဖြစ်သည်။

လင်းရုဖေးကသက်ပြင်းအသာချလျက် "အနည်းဆုံးတော့ မလုပ်ခင်ပြောလေ"

သူ့ခန္တာကိုယ်တွင်စွန်းထင်းသွားတဲ့သွေးတွေကိုလက်ညွှန်းထိုးပြလိုက်ပြီး "အခုတော့ငါ့ကိုစင်ကုန်ပြီ"

မော့ကျောက်က ချိုင်ကြောင်အသွားသည်။ သူ့အထင် လင်းရုဖေးက သူ့ကိုအပြစ်တင်လိမ့်မည်ဟုထင်ခဲ့ပေမယ့် သူယခုလို‌ပြောလာလိမ့်မည်ဟုမထင်ထားပေ။

လင်းရုဖေးကဆက်ပြီး "ပြီးတော့သူကိုအခုလိုသတ်လိုက်တော့ အပြင်ကလူတွေကိုဘယ်လိုလုပ်ကြမလဲ"

ထိုအခါမှ မော့ကျောက်ချိုင်သည် အပြင်မှာလူတစ်ယောက်စောင့်နေသေးကြောင်းသတိရသွားပြီးအထိတ်တ်တလန့်ဖြင့်သူ့ခေါင်းကိုကုတ်လိုက်ကာ "အာ....."

လင်းရုဖေးက သူကိုစေ့စေ့တစ်ချက်ကြည့်ပြီးနောက် မည်သည်မျှထပ်မပြောတော့ပေ။ သူ့နေရာလွတ်လက်စွပ်ထဲမှအဆောင်ကိုထုတ်ကာမော‌ကျောက်ချိုင်အားအသုံးပြုရမည့်နည်းကိုပြောပြလိုက်၏။

အဆောင်စာရွက်တွေကသူခွန်းလွန်က မထွက်ခွာလာခင်သူ့ အစ်မလင်းဝေရွေ့က ပေးလိုက်တာဖြစ်သည်။ သူမပေးလိုက်သည့် အရာတော်တော်များက ထူးဆန်းပေမယ့် လက်တွေ့ဘ၀မှာ ယင်းပစ္စည်းတွေက တော်တော်လေးအသုံး၀င်သည်။ ဤအဆောင်စာရွက်ဆို လူပေါ်မှာကပ်လိုက်ရုံနှင့်ထိုလူမှာနာရီ၀က်ခန့် မလှုပ်ရှားနိုင်တော့ပေ။

"ကျွန်တော်လုပ်ပါရစေ ကုန်းဇီ"

မော့ကျောက်ချိုင်က ဆက်၍ပြောသည်။

"ကျွန်တော်ကသွက်တော့ သေချာပေါက်ကပ်နိုင်တယ်"

လင်းရုဖေးက သူလက်ထဲကအဆောင်စာရွက်ကိုမော့ကျောက်ချိုင်အားပေးလိုက်သည်။

မော့ကျောက်ချိုင်ကလည်း သူထင်သည့်အတိုင်း တံခါးအားသာသာလေးဖွင့်၍ အစောင့်ဘာမှမလုပ်နိုင်သေးခင်လေးမှာပဲ သူ့ရဲ့နောက်တွင်စာရွက်ကိုကပ်ပြီးပြီဖြစ်၏။

လင်းရုဖေးက မောက်ကျောက်ချိုင်၏‌အနောက်မှတဲအပြင်သို့လိုက်ထွက်လာသည်။ သူတို့နှစ်ယောက် ဤနေရာကထွက်ဖို့လုပ်နေတုန်းမှာပဲ မော့ကျောက်ချိုင်ကသွားနေရာကာနေ ရုတ်တရတ်ရပ်ပြီးပြောလာသည်။

"ကုန်းဇီ ကျွန်တော်ကိုဒီမှာခဏစောင့်နေဦး"

လင်းရုဖေး : "ဟင်"

မောက်ကျောက်ချိုင်ကထပ်ပြောသည်။

"ကျွန်တော်ချက်ချင်းပြန်လာခဲ့မယ်"

သူကပြောပြီးသည်နှင့် အခန်းတစ်ခုထဲသို့သုတ်သုတ်ပြာပြာ၀င်သွားပြီး ပြန်လာသည့်အခါ သူ့နောက်ကျောတွင် လွယ်အိတ်တခုပြန်ပါလာသည်။ သူအရင်ကလွယ်ခဲ့သည့်အိတ်နှင့်အတူတူပင်ဖြစ်၏။

"ဟီး ဟီး ကျွန်တော်ကပျောက်သွားပြီထင်တာ"

မော့ကျောက်ချိုင်ကသူနှာခေါင်းအားပွတ်သပ်လိုက်ပြီးနောက် ရီရီမောမောဖြင့် "လတ်စသတ်တော့ ဘေးအခန်းထဲမှာကိုး ကံအတော်ကောင်းတာပဲ"

"ဒါပေါ့ ကံမဆိုးသေးပါဘူး" လင်းရုဖေး၏စကားကပိုပြီးလေးနက်တဲ့အဓိပ္ပာယ်ရှိနေပုံရသည်။

မော့ကျောက်ချိုင် : "ဒါဆိုလည်းမြန်မြန်သွားရအောင်တခြားသူတွေမမြင်ခင်လေး"

ဓားပြတွေရဲ့အသိုက်အမြုံမှာ လူတွေအများအပြား ခုနလေးတင်ထွက်သွားတာကြောင့် အစောင့်အင်အားနည်းနေလေသည်။ သူတို့သွားသည့်နေရာက ဖူဟွားနှင့်ယွီရွေ့ရှိတဲ့နေရာလို့ လင်းရုဖေးထင်သည်။

သို့ပေမဲ့ သူတို့ဘာလိုချင်လို့ ကျင့်ကြုံရေးအဆင့်၅ရှိသည့်သူတွေကို အာရုံစိုက်နေရသလဲဆိုတာကိုတော့ သူလည်းမသိချေ။

မော့ကျောက်ချိုင်က လမ်းရှာသည့်နေရာမှာ အတော်လေးပါရမီပါသည်ဟု ပြောရပေမည်။

သူက အရှေ့ကြည့်လိုက်၊ အနောက်ကြည့်လိုက်လုပ်နေရင်းဖြင့် ဓားပြတွေ၏အသိုက်ထဲမှ‌ လင်းရုဖေးအား အေးဆေးခေါ်ထုတ်သွားနိုင်၏။

အပြင်ကိုရောက်သည်နှင့် ဓားပြတွေထွက်သွားသည့် လမ်းကြောင်းအားချက်ချင်းသိပြီး သူ့အားပြောလာသည်။

"ကုန်းဇီ သူတို့အဲ့ဒီဘက်ကိုသွားတာ ဒါပေမဲ့ ကျွန်တော်တို့လိုက်သင့်ရဲ့လား"

သူတို့ဤနေရာအထိပင် ရောက်နေပြီးပြီဆိုမှတော့ သေချာပေါက်သူတို့နောက်ကိုလိုက်သင့်ပေသည်။ သူ့နှလုံးသားထဲ တစ်ခုခုကသူအားပြင်းပြင်းထန်ထန်တားမြစ်နေတာကြောင့် ကုရွှမ်းတုကိုထိခိုက်စေသည့်အရာနှင့် တဖြည်းဖြည်းနီးကပ်လာပြီမှန်းသူခံစားမိသည်။

မော့ကျောက်ချိုင်ကလည်း အနည်းငယ်စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း အတင်းအကျပ်ဖိနှိပ်ထားသည်။ သူကဆက်ပြီးကြောက်နေသည့်ပုံဟန်ဆောင်နေရင်းနှင့် လင်းရုဖေးကိုလမ်းပြပေးနေသည်။ လင်းရုဖေးက မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးနေလိုက်သည်။ ဤကောင်လေးလမ်းပြတာကို သူလိုအပ်နေဆဲပင်။


____

Translated By IQ-Team.