အခန်း(၅၇)
Viewers 12k

အခမ်း(၅၇)《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》

Author: Drunken Light Song

Source: Jostena M

Translator: オタク

တပ်ခွဲမှူးကျန်း နှင့် အခြားသူများကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကျန့်ယွင်နှင့်သူ့အဖွဲ့သည်ဂိတ်ပေါက်ဆီသို့ ဆက်လက် လျှောက်သွားခဲ့ကြသည်။

ကားပါကင်နေရာသို့ရောက်သောအခါ ယာဉ်များထိမ်းသိမ်း‌ရေးကို တာ၀န်ရှိသူသည် အဖွဲ့ 12 မှဖြစ်ကြောင်းတွေ့လိုက်ရ၏။ ကျန့်ယွင်ရောက်ရှိလာသည်ကိုမြင်သောအခါတွင် သူသည် သူတို့၏ယာယီနေထိုင်ခွင့်လက်မှတ်အား စစ်ဆေးပြီး သူတို့ထံသို့ပြန်ပေးကာ ယာဉ်ဖြတ်သန်းရန်လိုအပ်ပါက ကားပါကင်၏ ငှားရမ်းမှု စည်းမျဉ်းစည်းကမ်းများကို ဖြတ်ကျော်ရန် လိုအပ်သည်ဟု ပြောခဲ့သည်။

“နိဟောင်၊ အဖွဲ့ခေါင်းဆောင်ကျန့်၊ ကျွန်တော့်နာမည်က နျိုသလီပါ။ ခင်‌ဗျားကျွန်တော့်ကို သနျိုလို့ခေါ်နိုင်ပါတယ်။ ခေါင်းဆောင်က ခင်‌ဗျားကိုစောင့်နေဖို့ ကျွန်တော့်ကိုမှာထားတယ်။ ခင်ဗျား လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိလို့ပါ။ ကျွန်တော် ခင်ဗျားနဲ့အတူရှိမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။”

နျိုသလီသည် သူ့နာမည်နှင့်တူ၏။ အရပ်ရှည်ပြီးသန်မာ၏။ သူ့အသားအရည်က အနည်းငယ် အနက်ရောင်နှင့်အဝါရောင်ရှိ၏။သူသည် စစ်မှန်သောခံစားချက်နှင့် ရိုးရိုးသားသား ရယ်နေသည်။

“ခင်ဗျားတို့ ကားပါကင်နေရာ ငှားရမ်းဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ သွားလုပ်ဖို့ လိုအပ်လား။ ဒီနေရာမှာ ကျွန်တော်တို့ ပါကင်ထိုးဖို့အတော်ဈေးသက်သာပါတယ်။ တစ်ပါတ်ကို အလုပ်မှတ်နည်းနည်းလေးနဲ့ တစ်စုံတစ်ယောက်က ခင်ဗျားတို့အတွက် စောင့်ကြပ်ပေးမှာ။ အဲ့ဒါက အရမ်းလုံခြုံစိတ်ချရတယ်။ ”

နျိုသလီသည် တပ်ခွဲမှူးကျန်းက ကျန့်ယွင်နှင့် သူ့အဖွဲ့အတွက် ပစ္စည်းများ တစ်သုတ်ကိုချန်ထားခဲ့‌သည်ဆိုသည်အား လီမင်းထံမှကြားခဲ့ရသည်။ လဲလှယ်ခဲ့သည့် အလုပ်မှတ်တော်တော်များများရှိသင့်သည်။ ကားနှင့် အလဲလှယ်လုပ်လိမ့်မည်မဟုတ်ကြောင်း သူခန့်မှန်းခဲ့သည်။

“အမ်၊ ငါတို့လိုအပ်တယ်။ ကျေးဇူးတင်ပါတယ် သနျို”

“ဟားဟား၊ ရပါတယ်‌‌ဗျာ ”

နျိုသလီနှင့် ကျန့်ယွင်တို့အဖွဲ့သည် ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့ကြဖူးပြီး သူတို့၏ခွန်အားကို သဘောကျခဲ့သည်။ သူသည် လီမင်း၏ အထူးအကြံပေးချက်မပါဘဲနှင့်တောင် သူတို့အားကူညီလိုစိတ်ရှိခဲ့သည်။

နျိုသလီသည် ကျန့်ယွင်ကို ကားပါကင်မှတ်ပုံတင်ခြင်း လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန် မှတ်ပုံတင်ရုံးသို့ ပြန်ခေါ်သွားခဲ့သည်။ ကျန့်ယွင်သည် ကားပါကင်ကို တစ်လကြာငှားရမ်းခဲ့ပြီး မှတ်ပုံတင်ဝန်ထမ်းများသည် ယာယီနေထိုင်ခွင့်ကတ်ထဲမှ အလုပ်အမှတ်လေးခုကို နုတ်ယူလိုက်ကာ ကားပါကင်ကတ်တစ်ခုနှင့် ယာဉ်ရပ်နားရန်နေရာ ဆိုင်းဘုတ်ကို ပေးခဲ့သည်။ ဤကားပါကင်ကတ်ဖြင့် သူတို့သည် အခြေစိုက်စခန်းအတွင်းရှိ ကားပါကင်သို့ တိုက်ရိုက်မောင်းနှင်နိုင်ပြီး ဤကားပါကင်ကတ်ဖြင့် အခြေစိုက်စခန်းသို့ လွတ်လပ်စွာ ဝင်ထွက်ထွက်နိုင်သည်။

သို့သော် ကျန့်ယွင်သည် ပါကင်သို့မသွားခင် တခြားသူများကို ကားထဲမှာထည့်ထားသည့် စ္စည်းများအား ထုတ်ခိုင်းလိုက်၏။ လူတိုင်း၌ ပစ္စည်းအိတ်ကြီးတစ်လုံးစီရှိပြီး အခြေခံအားဖြင့် A မြို့၌စုဆောင်းထားခြင်းဖြစ်၏။ သူသည် ထိုပစ္စည်းများကို ယူသွားပြီး အလုပ်မှတ်များနှင့် လဲလှယ်ခိုင်းခဲ့သည်။ သူသည် လူတိုင်းအား အလုပ်မှတ်အနည်းငယ်ကို ပြင်ဆင်ခိုင်းခဲ့သည်။ သူသည် ကားပါကင်ကိုသွားရင်း ဤနည်းဖြင့် အနာဂတ်တွင် ဘာမဆိုလုပ်ပါစေ သူတို့အတွက် ပိုအဆင်ပြေလိမ့်မည်။

ယေဘူယျအားဖြင့် လူတိုင်း၏အိတ်များသည် အမှတ် 100 နှင့် လဲလှယ်ခဲ့ပြီး ယွီသုန်သုန်အတွက်တောင်မှပင်ပါ၏။ ယခုအခါ သူတို့ အခြေစိုက်စခန်းရှိနေသောအခါ ချမ်းသာသူများ၏ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ကျန့်ယွင်သည်ကားရပ်ပြီး သူတို့ကိုတွေ့ဖို့ပြန်လာပြီးနောက် သူတို့နှင့် နေဝင်ထိုင်ဖို့မှတ်ပုံတင်ခဲ့ကြသည်။

အခြေစိုက်စခန်းတွင် အထူးအိမ်ရာစီမံခန့်ခွဲမှုစင်တာတစ်ခု ရှိပြီး ငှားရမ်းရန်အိမ်အမျိုးမျိုးရှိသော်လည်း အလုပ်အမှတ်များကတော့ ကွဲပြားသည်။

လူများသောအခန်းများကဲ့သို့ပင် ပထမသုံးရက်တွင် တည်းခိုခွင့် အခမဲ့ဖြစ်ပြီး ထို့နောက်မှာတော့ တစ်ရက်လျှင် အလုပ်မှတ်တစ်မှတ်ဖြစ်ပြီး ဂိုဒေါင်မှ ပြန်လည်တည်ဆောက်ထားသော အိမ်တစ်အိမ်ဖြစ်နိုင်ဖွယ်ရှိသည်။၎င်းကို အခန်းဆယ်ခန်းကျော်ခွဲခြားထားပြီး အပြင်ဘက်တွင် အိမ်သာနှစ်လုံးနှင့် ရေဆေး‌‌ ဘေစင်တစ်ခု တည်ဆောက်ထားပြီး ထို့အပြင်ပိုမရှိတော့ချေ။ အခန်းထဲတွင် လူဆယ်ဦးနီးပါး နေထိုင်ပြီး အခန်းနံရံကပ်လျက်တွင် ကုတင်နှစ်တန်း ရှိကာ အထူးလူစည်ကားခြင်းမရှိပေ။ အလယ်တွင် သစ်သားစားပွဲရှည် နှစ်တန်းနှင့် သစ်သားခုံများနှင့် သစ်သားစင်အနည်းငယ်ရှိသောကြောင့် အခြားပရိဘောဂများ မရှိတော့ချေ။

အနည်းငယ်ပိုကောင်းသည်မှာ တက္ကသိုလ်အိပ်ဆောင်ဆောက်သည့် အခန်းများလို အမြင့်နှင့်အနိမ့်အိပ်ယာများပင်ဖြစ်၏။ စားပွဲအသေးလေးတစ်လုံးနှင့် ဗီရိုတစ်လုံး လူရှစ်ယောက်စာ အခန်းတစ်ခန်းဖြစ်၏။ အထပ်တိုင်း၌ အိမ်သာတစ်လုံးနှင့် ရေချိုးခန်းအပြည့်တစ်ခန်းရှိပြီး တစ်ရက်လျှင် အလုပ်မှတ်နှစ်ခုကျသင့်၏။ တကယ်တော့ တစ်နေ့ကို အလုပ်သုံးမှတ်နှင့် လူလေးယောက်အခန်းများလည်းရှိပါသည်။

ပိုကောင်းတာကတော့ လူနေအိမ်အဟောင်းပင်ဖြစ်၏။ ကမ္ဘာပျက်ကပ်မတိုင်မီက အများသူငှာအိမ်ဟောင်းသည် ခေတ်မမှီသည့် ခြောက်ထပ်အိမ်ဖြစ်၏။ ၎င်းသည် အဓိကအားဖြင့် အိမ်သေးသေးလေးဖြစ်ပြီး ယေဘုယျအားဖြင့် အိပ်ခန်းတစ်ခန်း သို့မဟုတ် အခန်းနှစ်ခန်း သို့မဟုတ် တစ်ခန်း၊ တစ်ခန်းတည်းဟောခန်းပါသည်။ အလှဆင်ယင်မှုအများစုသည် အတော်လေးအိုဟောင်းပေသော်ငြား ပရိဘောဂများရှိ၍ ပိုကောင်းမွန်ပါသည်။ ၎င်းသည်လွတ်လပ်သောနေရာတစ်ခုဖြစ်၏။ ထိုသို့သောအိမ်များကို သတ်မှတ်နှုန်းထားဖြင့် ကောက်ခံသည်။ အိမ်တစ်အိမ်အတွက် အခကြေးငွေမှာ တစ်ရက်လျှင် အလုပ်မှတ်ရှစ်မှတ်မှ ဆယ့်နှစ်မှတ်အထိ အမျိူမျိုးရှိ၏။ ငှားရမ်းခမှာ သုံးရက်အတွင်း ပေးဆောင်ရမည်ဖြစ်သည်။ သုံးရက်စာငှားရမ်းရန် ‌နေထိုင်ဖို့မှတ်ပုံတင်ရန် လိုအပ်သောကြောင့် ၎င်းတို့ကို ရှာဖွေသော လူအနည်းငယ်သာ ရှိပါသည်။

အထပ်မြင့်အဆောက်အဦးများထက် အနည်းငယ်ပိုကောင်းအောင် ပြင်ဆင်ထားသည်။ ၎င်းတို့တွင် ဓာတ်လှေကားများ ပါ၀င်ပြီး နေရာပိုကျယ်၏။ ငှားရမ်းခသည် တစ်ရက်လျှင် အနည်းဆုံး အလုပ်မှတ် ၁၅ မှတ်လောက်ကျသင့်၏။ သို့သော် ယခုအခါ၌ အခြေစိုက်စခန်း၏ ဓာတ်အားကို မီးစက်များမှ ထုတ်ပေးပြီး ဓာတ်အားထောက်ပံ့မှုသည် အနည်းငယ်ကြပ်နေသဖြင့် အထပ်မြင့်အဆောက်အဦးများ၏ ဓာတ်လှေခါးများကို ပိတ်ထားပြီး အပေါ်ထပ်နှင့် အောက်ထပ်များကို လှေကားနှင့်တက်ရန် လိုအပ်သည်။

အကောင်းဆုံးမှာ ဟိုတယ်တိုက်ခန်းဖြစ်နိုင်သည်။ အခန်းကျယ်ပြီး ကောင်းမွန်စွာအလှဆင်ထားသောကြောင့် တကယ့်ကို ဈေးကြီးသည်။ အတွင်းတွင် ဂျင်နရေတာ အသေးတစ်လုံးပါရှိ၏။အကယ်၍ တစ်စုံတစ်ယောက်သည် နေထိုင်ပါက မီးစက်ကိုအချိန်ပိုင်းခြား၍ ဓာတ်အားပေးဆောင်နိုင်သော်လည်း တစ်နေ့လျှင် အလုပ်မှတ် 25 မှတ်လိုအပ်ပြီး တစ်လငှားရမ်းခသည် ကြိုတင်ပေးချေရပေမည်။

“ကျွန်တော်တို့ကို အထပ်မြင့်အဆောက်အဦးအငယ်လေးတွေနဲ့ ဟော်တယ်အခန်းတွေ ပြပေးနိုင်မလား”

မိတ်ဆက်စကားများကို နားထောင်ပြီးနောက် ကျန့်ယွင်သည် ပထမဦးစွာ နေရာများကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် လွတ်လပ်သောနေရာတစ်ခုကိုလိုချင်သည်။ အများသူငှာ အိမ်ရာဟောင်းသည် ပျက်စီးလွန်းနေသည်။ အထပ်မြင့် အဆောက်အအုံ အသေးလေးက ပိုကောင်းသည်။ သူပိုစိတ်ဝင်စားသော ဟိုတယ်တိုက်ခန်းများလည်း ရှိသည်။

“သေချာတာပေါ့! ”

အိမ်ရာစီမံခန့်ခွဲမှုစင်တာမှ တာ၀န်ခံသည် ဤလူများသည် ငွေကြေးမဆင်းရဲဘဲ နျိုသလီသည် သူတို့နှင့်အတူရှိနေသဖြင့် နောက်ခံအချို့ရှိနေဆဲဖြစ်ကြောင်းခန့်မှန်းလိုက်ကြပြီး ချက်ချင်းပင် သော့ယူကာ လမ်းပြခေါ်ဆောင်သွားကြလေ၏။

အထပ်မြင့်အဆောက်အအုံငယ်သည် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနီးတွင်ရှိ၏။ လုံခြုံရေး ပိုကောင်းလာပုံရပြီး ကားပါကင်နှင့်လည်း နီး၏။ လက်ရှိတွင် အထပ်မြင့်အဆောက် အအုံများတွင် နေထိုင်သူမရှိပေ။ သူတို့ ကြိုက်သည့် အခန်းကို ရွေးချယ်နိုင်သော်လည်း ဟိုတယ်တိုက်ခန်း၏ တည်နေရာသည် အခြေစိုက်စခန်း၏အလယ်နီးပါးတွင်တည်ရှိ၏။ လူများ အနီးအနား သွားလာ‌ နေကြမည်။ ထို‌နေရာတွင် နေထိုင်ပါက ပိုပြီး မျက်စိကျခြင်း ခံလာရလိမ့်မည်ဖြစ်၏။

ထို့ကြောင့် နောက်ဆုံးတွင် ကျန့်ယွင်သည် တစ်ထပ်တွင်တိုက်ခန်းသုံးခန်းပါ အထပ်မြင့်တိုက်ခန်းလေးတစ်ခန်းကို ငှားရန်ရွေးချယ်ခဲ့၏။ သူသည် ရိုးရှင်းစွာပင် ပဉ္စမထပ်တစ်ထပ်လုံးကို ငှားကာ ပဉ္စမထပ်၏လှေကားလုံခြုံရေးတံခါးသော့ကို အုပ်ချုပ်ရေးတာ၀န်ခံအားတောင်းခဲ့သည်။ သူတို့အဖွဲ့သားများမှလွဲ၍ သူတို့အထပ်သို့ မည်သူမှ မလာနိုင်တော့ချေ။

ကျန့်ယွင်၏ ငှားရမ်းခသည် အလွန်စျေးကြီးသောကြောင့် တာ၀န်ခံမှ သူတို့အား ဦးစားပေးဈေးပေးခဲ့သည်။ တိုက်ခန်း သုံးခန်းသည် တစ်ရက်လျှင် အလုပ်မှတ် 40 နှုန်းဖြင့်ဖြစ်၏။ အကယ်၍ ငှားရမ်းခ တစ်လစာကို တိုက်ရိုက်ပေးဆောင်ပါက သူတို့အနေဖြင့် အလုပ်မှတ် 1000 သာ ကောက်ခံမည်ဖြစ်ပြီး ဓာတ်မီးနှစ်ချောင်းကိုလည်း ပေးမည်ဖြစ်သည်။

ကျန့်ယွင်သည် အလုပ်မှတ်များပေးပြီး အခန်းသော့နှင့် လုံခြုံရေးတံခါး‌သော့ ကို ချောချောမွေ့မွေ့ဖြင့်ယူလိုက်၏။ တာ၀န်ခံသည် သူ့စားပွဲသို့ ပြန်သွားပြီးနောက် သူတို့အားစာရင်းသွင်းခဲ့သည်။

နျိုသလီသည် ကန်တင်း၏ တည်နေရာကိုညွှန်ပြပြီး ယာယီနေထိုင်ခွင့်နှင့် တိုက်ရိုက်သွားစားလို့ရကြောင်းပြောခဲ့၏။ ဘာပဲဖြစ်ဖြစ် ပထမသုံးရက်လုံးလုံးသည် အခမဲ့ဖြစ်၏။ ကန်တင်းမှာရှိသော အစားအစာများသည် မင်း‌ဗိုက်ဖြည့်ဖို့ပဲရှိပြီး အရသာကောင်းမည်ဟု အာမခံချက်မရှိချေ။ အနာဂတ်တွင် သူတို့ဘာသာသူတို့ ချက်ပြုတ်လိုပါက အများအားဖြင့် သူတို့လုပ်နေကျအတိုင်း လုပ်နိုင်သည်။ ကမ္ဘာပျက်ကပ်မဖြစ်မီက မီးဖိုချောင်တွင် ကျန်ခဲ့သော အိုးများနှင့် ဒယ်အိုးအချို့ ရှိသင့်သည်။ စီမံခန့်ခွဲမှုစင်တာသည် သူတို့၏အလုပ်မှတ်များအတွက် လဲလှယ်ရန် သူတို့အား ဂက်စ်မီးဖိုများနှင့် ဂက်စ်အိုးများကို ထောက်ပံ့ပေးနိုင်သည်။

တောင်ပိုင်းအခြေစိုက်စခန်း၌ သောက်သုံးရေ အတော်အသင့် လုံလောက်မှု ရှိ၏။ ရေစွမ်းအားနိုးထလာခဲ့‌သော စစ်သား နှစ်ယောက်မှ ရေအများကြီး ထုတ်ပေးနိုင်သောကြောင့် လူတိုင်းသည် ညစာစားဖို့ကန်တင်းကို သွားသည့်အခါတိုင်း သောက်သုံးရေ အခမဲ့ရနိုင်ပါသည်။

နျိုသလီအားကျေဇူးတင်ပြီးနောက် ကျန့်ယွင် နှင့် သူ့အဖွဲ့သည် နောက်ဆုံးတွင် သူတို့၏ တိုက်ခန်းများကို ငှားရမ်းခဲ့ပြီး ကျန့်ယွင်ရွေးချယ်ထားသော ဤအထပ်ရှိအခန်းများသည် အတော်လေး အသစ်ဖြစ်ပြီး နေထိုင်ရန် ပိုအဆင်ပြေစေလိမ့်မည်။

အခြားသူများထွက်ခွာသွားကြသောအခါ ကျန့်ယွင်သည် စုရွေ့ကျယ်အား တိုက်ခန်းသုံးခန်းကြားရှိ နံရံများကို အတွင်းမှ စပျစ်နွယ်ပင်များဖြင့် ဖွင့်စေကာ ၀င်ထွက်သွားလာနိုင်သော တိုက်ခန်း၏ အပိုတံခါးများကို တံခါးများပိတ်စေခဲ့သည်။

ထို့နောက် စုရွေ့ကျယ်သည် နေရာလွတ်ရှိ ဒီဇယ်ဂျင်နရေတာလေးတစ်ခုကိုထုတ်ယူလိုက်ကာ boards နှစ်ခုနှင့် ချိတ်ဆက်လိုက်ပြီး အခန်းတွင်းရှိ မီးများကိုဖွင့်ကာ အခန်းများကို အလွယ်တကူလင်းသွားစေ၏။ နောက်ဆုံးတွင် သူ အမှောင်ထဲတွင် အလုပ်လုပ်စရာမလိုတော့ပေ။ ထို့နောက် အိပ်ယာခင်းများကို ထုတ်ယူလိုက်၏။ အရင်လူများကျန်ခဲ့သော အိပ်ယာများသည် မှိုတက်နေပြီး လုံးဝ အသုံးမဝင်တော့ချေ။ ထို့နောက်လူတိုင်းသည် အခန်းအား အတူတကွ သန့်ရှင်းရေးလုပ်ကြသည်။

သူတို့ပြီးဆုံးသွားချိန်တွင် မိုးလင်းခါနီးဖြစ်ပြီး အပြင်ဘက် အပူချိန်သည် တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် ညစာစားဖို့ အပြင်ထွက်ရန်မပျော်ကြချေ။ ဘာပဲဖြစ်ဖြစ် ဤနေရာတွင် မည်သူမှ မရှိသလို သူတို့၏ဟင်းချက်နည်းကိုလည်း မည်သူမှ မသိကြချေ။ ထို့ကြောင့် ကောင်းမွန်သည့်အာမခံချက်အနေဖြင့် စုရွေ့ကျယ်သည် အိမ်လုပ်ဟင်းလျာ အနည်းငယ်ကို ချက်ပေးရုံသာဖြစ်၏။ ဝူကျင်း နှင့် ကျန်းရှို့လျန်တို့သည် သူ့အား တိတ်တဆိတ် လက်ကမ်းကူညီပေးနေကြ၏။

ကျန့်ယွင်သည် အခြားလူများကို ဧည့်ခန်းရှင်းရန် ခေါ်ဆောင်သွားကာ အခန်းနှစ်ခန်း၏ စားပွဲများနှင့်ကုလားထိုင်ဆယ်လုံး ယူလာပြီး နေရာချထားလိုက်သည်။

စုရွေ့ကျယ်သည် ၀က်သားနုတ်နုတ်စဉ်းနှင့် ဖရုံသခွားသီးကြော်၊ အာလူးချောင်းပူစပ်သုပ် နှင့်ပဲပိစပ်ဝက်သားပြုတ်၊ ခရမ်းချဉ်သီး ကြက်ဥမွှေ ကြော်၊ ဘေကွန်နှင့် ဆောင်းဖရုံသီးဟင်းချိုအပြင် ထမင်းဖြူအိုးကြီးတစ်လုံးနှင့် ရှောင်ဟေး အတွက် သူ့စိတ်ကြိုက်ငါးသေတ္တာကို ပေးခဲ့သည်။

ထမင်းဟင်းများ ထွက်လာသောအခါတွင် လူတိုင်းသည် နေရာတွင်ပင် သွားရည်ယိုရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်၏။

ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခုသာရှိသော်လည်း ဟင်းပမာဏက လုံလောက်သည်။ စုရွေ့ကျယ်သည် အကြီးဆုံးပန်းကန်ကို အမြဲယူလေ့ရှိပြီး လူဆယ်ယောက်အတွက် အရာအားလုံးက လုံလောက်၏။ ဒီနေ့ရက်များတွင် သူတို့သည် လမ်းပေါ်တွင် အလုပ်များနေသောကြောင့် ထမင်းကောင်းကောင်းမစားကြရသေးချေ။ ယခုချိန်မှာတော့ အရသာရှိပြီး လတ်ဆတ်သော အစားအစာများစားပြီး မျက်ရည်ကျလောက်အောင်ကို ပျော်နေခဲ့ကြသည်။

“ဘုရားသခင်၊ မင်းကတော့ တကယ့်ကို ကံကောင်းချက်၊ ငါလည်း အဲ့လို ရွှေပေါင်လုံးကြီးလိုချင်တယ်လို့ ”

ချန်းချီသည် ပန်းကန်လုံးကိုကိုင်ကာ ခေါင်းမဖော်လာတော့ချေ။ သူသည် မနာလိုဖြစ်ပြီး မုန်းနေ၏။

“ဟုတ်တယ်၊ ရှောင်ကျယ် မင်းရဲ့ ကျဲကျဲနဲ့ ကြိုးစားကြည့်ဖို့ သဘောကျလား။ ဒီကျဲကျဲက အဲ့ဒီကြမ်းတမ်းတဲ့ လူဆိုးကောင်ထက် ပိုပြီး နူးညံ့သိမ်မွေ့တယ်လေ ”

ချန်းကျောင်းသည်လည်း ကမ္ဘာကြီးက မမျှတသည်ကို စိုးရိမ်နေခဲ့ပြီး စုရွေ့ကျယ်အား မျက်စိတစ်ဖက်မှိတ်ပြလေ၏။

ကျန့်ယွင်သည် လှောင်လိုက်ပြီး သူ့အစွမ်းကို တိတ်တဆိတ် အသက်သွင်းလိုက်၏။ သူတို့၏ခန္ဓာကိုယ်များသည် ခဲများကဲ့သို့ လေးလံပြီး စားဖို့နေနေသာသာ လက်ကိုတောင် မမြှောက်နိုင်တော့ချေ။

“ဘုရားရေ၊ မင်းဘယ်လိုတောင် လုပ်ရက်တာလဲ ”

“အရှက်မရှိချက် ”

အစ်ကိုနှင့် ညီမတို့သည် ကျန့်ယွင်အား ခါးခါးသီးသီး တိုက်ခိုက်ကြလေ၏။

သို့သော်လည်း ကျန့်ယွင်သည် သူတို့အား လုံးဝဂရုမစိုက်ဘဲ စုရွေ့ကျယ်အတွက် ဝက်သားပြုတ်ထဲမှ ဝက်သားပြားများကို အေးအေးဆေးဆေး ထည့်ပေးနေခဲ့သည်။

“များများစား ”

အခြားသူများသည် ရယ်ပြီး သူတို့၏ တူချောင်းများကို အရှိန်မြှင့်ဖို့ အခွင့်အရေးကို ယူလိုက်ကြသည်။

“ကျန့်ကော၊ ကျန့်ကော ငါတို့မှားမှန်းသိပါပြီ ”

အရသာရှိသော အစားအသောက်များ ပြည့်နှက်နေသည့်စားပွဲကို လူအုပ်ကြားထဲကနေ တဖြည်းဖြည်း လျော့ပါးလာသည်ကို မြင်လိုက်ရသောအခါ အစ်ကိုနှင့် ညီမသည် မလှုပ်နိုင်ခဲ့ကြချေ။ ကျန့်ယွင်အရှေ့၌ ရှေ့မှာ ဒူးထောက်ပြီး ငိုယို အသနားခံပြီး တောင်းပန်ချင်နေကြသည်။ အရသာရှိသော အစားအစာရှေ့တွင် ဂုဏ်သိက္ခာနှင့် အခြားအရာများကို ခေတ္တဘေးဖယ်ထားလိုက်လေသည်။

ကျန့်ယွင်သည် အစ်ကိုနှင့် ညီမနှစ်ယောက်ကို ခဏလောက် ငိုကြွေးစေပြီး သူတို့အား ချုပ်နှောင်ထားခဲ့သည်။ ဤအချိန်မှာတော့ လူရွှင်တော်နှစ်ယောက်သည် အမှားမကျူးလွန်ဝံ့ကြတော့ဘဲ စားသောက် နေကြရင်း နာခံနေကြသည်။

လူအားလုံး စားစရာ သောက်စရာများ ပြည့်နှက်နေခဲ့ကြသည်။ သူတို့ ကျေနပ် နေခဲ့ကြပြီး မလှုပ်ချင်ကြတော့ချေ။ ယွီသုန်သုန်နှင့် ရှောင်ဟေးတို့သာလျှင် စွမ်းအင်တွေ အပြည့်ရှိ‌နေကြ၏။ ကောင်လေးနှစ်ယောက်သည် ပြတင်းပေါက်နားတွင် လဲလျောင်းပြီး အတူတကွ အပြင်ဘက်သို့ စပ်စုနေကြသည်။

သိသိသာသာပင်၊ နေထွက်လာပြီး အပူချိန်သည် ပူပြင်းလာသော်လည်း ကန်တင်း၏ဦးတည်ရာမှာတော့ လူများသည် အဝင်အထွက် အဆုံးမရှိချေ။ လူတချို့သည် ထီးများ ကိုင်ဆောင်ထားပြီး တချို့လူများကတော့ အဆောက်အဦး၏ အရိပ်‌တွင်လမ်းလျှောက်နေကြသော်လည်း ချွေးများထွက်နေဆဲဖြစ်ကာ အရေပြားသည် အနည်းငယ်နီနေ၏။

မနက်ခင်း၌ မနက်စာအခမဲ့သွားစားဖို့ သည်းမခံနိုင်သော သူများလည်း အများကြီးရှိကြ၏။ နေ့လည်နေပူပူကြီးတွင် အပြင်ထွက်စားချင်သည့်သူများဘယ်လောက်များသလဲ မည်သူသိနိုင်မလဲလေ။