အခန်း(၅၈)《 အရေးပေါ်မစ်ရှင် 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ရက်ပေါင်းများစွာ ပြေးလွှားပြီးနောက် မည်သူကမှ မကျေမနပ် မဖြစ်ခဲ့ကြသော်လည်း တကယ်တော့ သူတို့သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်ခဲ့ကြလေသည်။ နောက်ဆုံးမှာတော့ သူတို့၌ အခြေချနေထိုင်စရာနေရာတစ်ခုရခဲ့ပြီး လူတိုင်း အိပ်ချင်နေခဲ့ကြသည်။
အိမ်သုံးခုစလုံးတွင် အခန်းနှစ်ခန်းနှင့် ဟောခန်းတစ်ခန်းစီပါရှိ၏။ ယခု အိမ်သုံးလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီဖြစ်၏။ သူတို့သည် အခန်း 501၏ ဧည့်ခန်းကို မပြောင်းလဲဘဲ အခန်း 502 နှင့် 503 ဧည့်ခန်းများကိုတော့ ကျန်းရှို့လျန်က နံရံတစ်ခုဖြင့် ပိတ်ထားလိုက်သည်။ ကုတင်တစ်လုံးနှင့် မွေ့ယာကို အထဲတွင်ထည့်ထားပြီး အခန်းအဖြစ်အသုံးပြုနိုင်စေရန်အတွက်ဖြစ်သည်။ ထိုနည်းဖြင့် အခန်းရှစ်ခန်းကိုဖွဲ့စည်းခဲ့ပြီး ဝူကျင်းနှင့် ကျန်းရှို့လျန်တို့သည် တစ်ခန်းကိုမျှဝေပြီး၊ သုန်သုန်နှင့်စုရွေ့ကျယ်တို့ကလည်း အခန်းတစ်ခန်းကို မျှဝေခဲ့ကြကာ၊ ကျန်သူအားလုံးမှာတော့ အခန်းတစ်ခန်းစီရှိကြသည်။
စုရွေ့ကျယ်သည် အိပ်ရာမဝင်ခင်၌ ရှောင်ဟေးအတွက် သက်တောင့်သက်သာရှိသော ကြောင်အိပ်ရာတစ်ခုကို အထူးပြုလုပ်ပေးထားပြီး သူ့အားကုတင်ပေါ်တွင် မအိပ်စေခဲ့ပေ။ ရှောင်ဟေး၏ခန္ဓာကိုယ်နှင့် မတော်တဆ လဲလှယ်မသွားစေရန် ဖြစ်၏...
လူတိုင်းသည် နေဝင်ခါနီးအထိ အိပ်ကြပြီးနောက် အခြေစိုက်စခန်းတွင် မီးများဖွင့်ထားကာ အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ကြရ၏။ သူတို့သည် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီး အောက်ထပ်လမ်းများ၌လည်း လူများစုဖွဲ့နေကြကာ အလွန်အလုပ်ရှုပ်နေကြလေသည်။
“ငါတို့လည်း ဆင်းပြီး တစ်ချက်လောက်သွားကြည့်သင့်လား ”
ကျန့်ကျားဟယ်သည် ကမ္ဘာပျက်ကပ်ကြီးပေါက်ကွဲခဲ့ပြီးကတည်းက အချိန်အတော်ကြာအောင် ဤကဲ့သို့သော အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူသွား၀င်ပါချင်နေပြီး စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ကောင်းပြီ ”
ကျန့်ယွင်သည် ထိုအကြောင်းကို အနည်းငယ်စဉ်းစားပြီး သဘောတူလိုက်၏။ သူလည်း အခြေစိုက်စခန်းနှင့် အကျွမ်းတဝင်ဖြစ်အောင် ကြိုတင်ပြီး ကြိုးစားသင့်သည်။
သူတို့သည် သူတို့ကိုယ်သူတို့ အနည်းငယ်သန့်ရှင်းရေးလုပ်ပြီး အတူတူထွက်သွားကြသော်လည်း ရှောင်ဟေးကို မခေါ်ခဲ့ကြချေ။ လူများ များလွန်းပြီး တစ်ခုခုမှားသွားပါက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ဂရုစိုက်ဖို့ရာ ခက်ခဲမည်ဖြစ်သည်။
အထပ်မြင့်အဆောက်အဦးမှ ထွက်လာသည်နှင့် တပြိုင်နက် သူတို့၏ အဖွဲ့သည် အာရုံစိုက်ခံခဲ့ကြရသည်။ အဆုံးမှာတော့ အထပ်မြင့်အဆောက်အဦးများကဲ့သို့ အဆောက်အဦများအားလုံးသည် အလုပ်မှတ်များစွာလိုအပ်သည်။ ထိုအိမ်မျိုးတွင် နေထိုင်နိုင်သည့်သူများသည် နောက်ခံကောင်း သို့မဟုတ် သန်မာမှုရှိကြပေလိမ့်မည်။ မည်သူကမှ သူတို့အားပေါ့ပေါ့ဆဆ မနှိုးဆော်နိုင်ပေ။ အထပ်မြင့်တိုက်၏ တစ်ဖက်ခြမ်းသည် ဥပဒေစိုးမိုးရေးအဖွဲ့ဖြစ်သည်။ လက်နက်ကိုင်စစ်သားများသည် တန်းစီပြီးရပ်နေကာ လာနေသည့်လူများကို စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ယောက်က ဒုက္ခရောက်အောင် နှိုးဆော်လိုက်သည်နှင့် ဘယ်ကိုမှ ဦးတည်နိုင်တော့မည်မဟုတ်ချေ။
စုံစမ်းစစ်ဆေးရေးမြင်ကွင်းများ မကြာမီပင် ပျောက်ကွယ်သွားကာ ကျန့်ယွင်သည် အရာအားလုံးကို စတင်လေ့လာကြည့်ခဲ့သည်။ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ အများအပြားရှိနေပြီး အားလုံးနီးပါးသည် ကန်တင်းဆီသို့သွားနေကြကာ သူတို့သည် အဝေးမှ အစားအသောက်များ၏အနံ့ကိုပင် ရနေနိုင်လေသည်။
“ငါတို့လည်း ကန်တင်းကိုသွားကြစို့ ”
စုရွေ့ကျယ်၏ နေရာလွတ်တွင် အရာအားလုံးရှိသော်လည်း အမြဲတမ်း အိမ်မှာပုန်းနေပြီး ကိုယ်ပိုင် အစားအစာများကို စား၍မနေနိုင်ချေ။ အခြေစိုက်စခန်းတွင် သူတို့၏မျက်နှာများကို ပြသဖို့ရာ လိုအပ်သေးသည်။ အဆုံးမှာတော့ သူတို့အားလုံးသည် စစ်တပ်ရှိလူများကြား၌လည်း ကျော်ကြားခဲ့ကြလေသည်။ အချိန်တိုလေးသာဆို ပြဿနာမရှိသော်လည်း အချိန်အတော်ကြာပြီးနောက်မှာတော့ သံသယဖြစ်လာနိုင်ဖွယ်ရှိသည်။
“ကောင်းပြီ ”
လူတိုင်းသည် ကိစ္စမရှိကြချေ။ ကန်တင်းမှကျွေးသော အခမဲ့အစားအသောက်များသည် အရသာမရှိသော်လည်း စားလို့တော့ရလောက်ပါသည်။ သို့သော် အခုခါမှာတော့ နှိုင်းယှဥ်နိုင်မည့်ပုံမရပါချေ။
သူတို့လူတစ်စုသည် လူအုပ်ကြီးနောက်သို့ လိုက်သွားကြကာ မကြာမီပင် အခြေစိုက်စခန်း၏ ကန်တင်းသို့ ရောက်ရှိလာကြသည်။ လူများအားစည်းစနစ်တကျ ဝင်ရောက်လာရန် ညွှန်ပြဖို့ ကန်တင်းတွင်အလုပ်လုပ်နေကြသော စစ်သားများ၏ မိသားစုဝင်များအားလုံးသည် စစ်စိမ်းရောင် ယူနီဖောင်းများ ၀တ်ဆင်ထားကြသည်။
ကန်တင်းအဝင်ဝတွင် မီးဖိုချောင်သုံး ပန်းကန်ပြားများ၊ အိုးများနှင့် ကြမ်းပြင်များကို သန့်ရှင်းရေးတာဝန်ယူရမည့် မီးဖိုချောင်ဝန်ထမ်းဆယ်ဦး လိုအပ်ကြောင်း ဆိုင်းဘုတ်ကြီးတစ်ခု ကပ်ထားလေသည်။ လစာသည် တစ်နေ့လျှင် အလုပ်မှတ်သုံးမှတ်နှင့် ထမင်းသုံးနပ် ပေးမည်ဖြစ်သည်။ ထိုပေးဆောင်မှုမျိုးသည် တကယ်ကို ကောင်းမွန်၏။ ဤအလုပ်မျိုးသည် အုတ်များ သယ်ရွှေ့ခြင်းထက် အများကြီးပိုလွယ်မည်ဖြစ်သည်။ လူများကို စိတ်ကျေနပ်စေရုံသာမကဘဲ အလွန်လုံခြုံသည်။ သိမ်းဆည်းထားသောအလုပ်အမှတ်များကိုလည်း မိသားစုကို ထောက်ပံ့ပေးနိုင်လေသည်။ အလုပ်ခေါ်သတိပေးချက်ကိုမြင်ပြီးနောက် လူတော်တော်များများသည် မှတ်ပုံတင်ရုံးသို့ အပြေးအလွှားသွားကြသည်ကို တွေ့နိုင်သည်။
အခြေစိုက်စခန်း၏လူဦးရေ များပြားသည်ကို ထည့်သွင်းစဉ်းစားထားပြီး ကန်တင်းသည် အလွန်ကျယ်၏။ စုစုပေါင်း အထပ်သုံးထပ်ရှိသည်။ ပထမထပ်နှင့် ဒုတိယထပ်တွင် စားပွဲရှည်နဲ့ ကုလားထိုင်များရှိသည်။ လူများသည် ဘယ်ဘက်ပြတင်းပေါက်သို့သွားပြီး ပူပူနွေးနွေး စားစရာများကို ယူကာ ဤနေရာ၌ပင် တိုက်ရိုက်စားလို့ရသည်။
စားသောက်ပြီးနောက် ပန်းကန်ခွက်ယောက်များကို ညာဘက်ပြတင်းပေါက်မှ ထည့်ပြီး သန့်ရှင်းရေးလုပ်မည့်သူ တစ်ယောက်ယောက်မှ သန့်ရှင်းပေးလိမ့်မည်။ ကန်တင်းပတ်ပတ်လည်တွင် စစ်သားများရှိသည်။ မည်သူ့ကိုမှ ပန်းကန်ခွက်ယောက်များကို ကန်တင်းမှ ယူသွားရန် ခွင့်မပြုချေ။ အကယ်၍ ပန်းကန်ခွက်ယောက်များ ပျက်စီးပါက အလုပ်မှတ်များကို နှုတ်ယူမည်ဖြစ်သည်။ အနှောက်အယှက်ဖြစ်စေခဲ့ပါက ပြစ်ဒဏ်သည် အလွန်ပြင်းထန်သည့်အတွက် ကန်တင်း၏အမိန့်သည် အလွန်ကောင်းမွန်ပါချေ၏။
အစားအသောက်များကို သယ်သွားချင်သည်ဆိုပါက ပေါင်မုန့်ပေါင်းနှင့် ပေါင်းထားသောဘန်းမုန့်ကဲ့သို့ အမျိုးအစားများကို တိုက်ရိုက်သွားယူလို့ရသော်လည်း ဟင်းချိုအတွက်မူ မိမိတို့အသုံးအဆောင်များကို ပြင်ဆင်ထားဖို့တော့ လိုအပ်သည်။
ဒုတိယထပ်တွင် လူနည်းလာနေပုံရပြီး ကျန့်ယွင်သည် အပေါ်ထပ်သို့တက်ကာ ဘယ်ဘက်ပြတင်းပေါက်တွင် တန်းစီလိုက်သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက် သူတို့ညစာစားကြသည်။ အမဲသားအာလူးဟင်းချို ပန်းကန်လုံးကြီးတစ်လုံးဖြစ်သည်။ အာလူးများကို အပိုင်းပိုင်းလှီးဖြတ်ပြီး အမဲသားနှင့်တွဲပြုတ်ထားသည်။ စိတ်ကျေနပ်မှုကို ထိန်းချုပ်နိုင်သင့်ပေသည်။ ယာယီနေထိုင်ခွင့်ဖြင့် လူတိုင်းသည် သောက်ရေပလပ်စတစ်ခွက်ကြီးတစ်ခွက်လောက်ကတော့ သောက်နိုင်ကြသည်။ ၎င်းကို ရရှိပြီးနောက် အစားအသောက် ဖြန့်ဖြူးရေး တာဝန်ခံမှ အနီရောင်ဘောပင်ဖြင့် နေထိုင်ခွင့်ကတ်အနောက်ဘက်ကို အမှတ်အသားပြုလိုက်သည်။ သောက်ရေကို ခွက် သို့မဟုတ် ရေသန့်ဘူးဖြင့် သယ်သွားနိုင်သည်။
တကယ်တော့ ပန်းကန်ဆေးသည့် အဆင့်များကို ချန်လှပ်ထားဖို့ ပန်းကန်ခွက်ယောက်နဲ့ ရေခွက်များကိုပြင်ဆင်ဖို့ အခြေစိုက်စခန်းမှ ပြည်သူများကို တွန်းအားပေးခဲ့ပြီး သူတို့ကိုယ်တိုင် ပန်းကန်ခွက်ယောက်များ ပြင်ဆင်သည့်လူများသည် အစားအသောက် ပိုရလာလိမ့်မည်ဖြစ်သည်။
လူအနည်းငယ်သည် ထိုင်ခုံအလွတ်တစ်လုံးကိုတွေ့ပြီး ထိုင်လိုက်ကြကာ အမဲသားအာလူးစွပ်ပြုတ်ကို စတင်စားကြသည်။ ကန်တင်းသည် အလွန်သဘောကောင်းသည်။ ဟင်းချိုသည် ပြစ်နှစ်ပြီး ဆားထည့်လိုသည့်စိတ်လည်း ရှိကြသည်။ အာလူးနှင့် အမဲသားများကို ကျက်အောင်ချက်ထားပြီး အရသာသည် နူးညံ့ပြီး အရသာရှိသည်။
ဤအမဲသားစွပ်ပြုတ်ပူပူလေးသည် လူတိုင်းအား နွေးထွေးအောင် ကူညီပေးခဲ့သည်။
ပန်းကန်လုံးထဲရှိ အရာများအားလုံးကို အလေအလွင့်မရှိဘဲ အကုန်စားပြီးကြသဖြင့် ပန်းကန်ခွက်ယောက်များကို ညာဘက်ပြတင်းပေါက်သို့ ယူသွားခဲ့ကြသည်။
သူတို့ အောက်ထပ်သို့ဆင်းလာကြသောအခါတွင် လူအုပ်သည် ယေဘုယျအားဖြင့် စီမံခန့်ခွဲမှုစင်တာသို့ ဦးတည်သွားနေကြသည်ကို တွေ့ရှိခဲ့ရသည်။ သူတို့သည် တာ၀န်ခန်းမသို့ စာရင်းသွင်းရန်သွားနေကြခြင်းဖြစ်ရမည်ဟု ခန့်မှန်းကြည့်နိုင်သည်။ အခမဲ့တည်းခိုနေထိုင်ခြင်းသည် သုံးရက်သာဖြစ်ပြီး အခြေစိုက်စခန်းတွင် ဆက်လက်နေထိုင်လိုပါက သူတို့အလုပ်လုပ်ကြရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျန့်ယွင်နှင့်တခြားသူများသည် တစ်ချက်လောက်သွားကြည့်ရန် သွားခဲ့ကြသည်။
မစ်ရှင်ခန်းမတွင် လူပင်လယ်ကြီးရှိနေ၏။ အဖြူရောင်နယ်မြေတွင် ထောင်နှင့်ချီသော သာမာန်လူများသည် အလုပ်အကိုင်မှတ်ပုံတင်လျှောက်ထားရန် တန်းစီနေကြသည်။
အနီရောင်နယ်မြေရှိ ကောင်တာတွင် လူများစွာဖြင့် ပြည့်ကျပ်နေသည်။ ကျန့်ယွင်သည် သူတို့အား ကြည့်လိုက်ရာ ကောင်တာအပြင်ဘက်တွင် မြို့စောင့်တပ်အတွက် လူစုဆောင်းရန်အတွက် ဆိုင်းဘုတ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ မြို့စောင့်တပ်များ၏ အဓိကတာဝန်မှာ အခြေစိုက်စခန်းအနီးအနားတွင် ဖုတ်ကောင်များကို ရှင်းလင်းရန် စစ်တပ်ကို ကူညီရန်အတွက်ဖြစ်သည်။ အဆုံးမှာတော့ ဖုတ်ကောင်များအားလုံးသည် သက်ရှိလူသားများ၏ ရနံ့များနောက်သို့ လိုက်သွားနေခဲ့သည်ဖြစ်၏။ မြို့ရိုးသည် ယခုထိမပြီးသေးပေ။ မြို့တွင်းသို့ ဖုတ်ကောင်များ၀င်ရောက်လာခြင်းအကျိုးဆက်သည် စိတ်ကူးလို့တောင် မယဉ်နိုင်ပေ။
ကြံ့ခိုင်သန်စွမ်းပြီး သေနတ်ကိုင်ဆောင်ထားသော အမျိုးသားများသည် တစ်နေ့လျှင် အလုပ်မှတ်ငါးမှတ် ပေးချေမည်ဖြစ်သည်။ ၎င်းသည် မမြင့်မားသော်လည်း ဖုတ်ကောင်များကို သူတို့ကိုယ်တိုင် သတ်ခဲ့ပါက တစ်ကောင်သတ်လိုက်တိုင်း အလုပ်မှတ်နှစ်မှတ် ချီးမြှင့်မည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် ခွန်အားအလွန်ကောင်းပါက တစ်နေ့လျှင် အလုပ်ရမှတ် ဒါဇင်ပေါင်းများစွာကို ရရှိရန် မခက်ခဲချေ။
ယခုအချိန်မှာတော့ စာရင်းသွင်းရန် လူအများအပြားလာရောက်ကြပြီး သူတို့အားလုံးသည် အလွန်အားကောင်းပုံရသော်လည်း အခြေစိုက်စခန်းရှိလူတိုင်းမဟုတ်ကြပေ။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ရုံသာမက သေနတ်အသုံးပြုနိုင်စွမ်းလည်း လိုအပ်သည်။ သေနတ်ပစ်နည်းသည် အလွန်ညံ့ဖျင်းပါက သူတို့အားခွင့်မပြုချေ။
ဖြတ်သွားသောနျိုသလီမှ သတိပြုမိချိန်တွင် ကျန့်ယွင်နှင့်အဖွဲ့သည် စောင့်ကြည့်နေခဲ့ကြသည်။
“ဟေး၊ ခေါင်းဆောင် ခင်ဗျားလည်း မစ်ရှင်အတွက်လာခဲ့တာလား။ ခေါင်းဆောင်က ခင်ဗျားကိုရှာဖို့ ကျွန်တော့ကိုပြောထားတာ ပြီတော့ ဒီမှာ ခင်ဗျားတို့နဲ့ ဆုံတာပဲ ”
နျိုသလီ၏ မျက်နှာသည် နွေးထွေးသောအပြုံးတစ်ခုနှင့် ပြည့်နေ၏။
“မဟုတ်ပါဘူး။ တစ်ချက်လောက် လာကြည့်ရုံပဲ။ ”
ကျန့်ယွင်သည် ပြုံးလျက် နျိုသလီအား နှုတ်ဆက်လိုက်၏။
“ခေါင်းဆောင်လီက ကျွန်တော်တို့ဆီက ဘာလိုချင်လို့များလဲ ”
နျိုသလီသည် ဘေးပတ်လည်ကို ကြည့်လိုက်ကာ သူ့အသံကို လျှော့ပြီး ပြောလာ၏။
“အရေးပေါ်တာ၀န်တစ်ခုရှိတဲ့ပုံရတယ်။ ခင်ဗျားတို့ ကူညီချင်သလားဆိုတာကို ကျွန်တော်မေးဖို့ လာခဲ့တာပါ ”
ကျန့်ယွင်သည် သူ့မျက်ခုံးကို အသာပင့်လိုက်၏။ သူတို့သည် အခြေစိုက်စခန်းသို့ ရောက်ခါစဖြစ်ပြီး နှစ်ရက်လောက် အနားယူချင်ခဲ့ကြသည်။သူတို့သည် မစ်ရှင်ကို အလွန်အလောတကြီးမလုပ်လိုကြသော်လည်း စဉ်းစားကြည့်ပြီးနောက် လီမင်းနှင့်တွေ့ပြီး အခြေအနေမေးရန် သဘောတူလိုက်သည်။
နျိုသလီသည် ကားနှစ်စီးကို ရှာတွေ့ခဲ့ပြီး လူအချို့အား သူတို့ကို အခြေစိုက်စခန်း၏ အနောက်ဘက်ရှိ စစ်ဌာနချုပ်သို့ ခေါ်သွားခိုင်းခဲ့သည်။
နျိုသလီသည် သူတို့အား ရုံးချုပ်အောက်ထပ်ရှိ အစည်းအဝေးခန်းသို့ ခေါ်ဆောင်သွားကာ ခဏစောင့်ခိုင်းပြီးနောက် လီမင်းကိုရှာရန် ပြေးသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ လီမင်ရောက်လာခဲ့သည်။ သူသည် အမြန်ပြေးလာရင်း ချွေးတွေဝေ့နေတုန်းပင်။
“နိဟောင် လူတိုင်းပဲ၊ ကျွန်တော်ခင်ဗျားတို့ကို မတွေ့ရတာ အတော်ကြာပြီ ”
လီမင်းသည် တံခါးမှ ၀င်လာသည်နှင့် ကျန့်ယွင်၏အဖွဲ့၀င်များအားလုံးကို နှုတ်ဆက်လိုက်၏။
သူတို့အားလုံးသည် ခေါင်းညိတ်ပြလိုက်ကာ အတူတကွ ထိုင်လိုက်ကြ၏။
“ခေါင်းဆောင်လီ ကျွန်တော်တို့ကိုရှာရတဲ့ အကြောင်းက ဘာများလဲ ”
“ဒါက အရေးပေါ်မစ်ရှစ်တစ်ခုရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်ဖို့ကျ အန္တရာယ်မကင်းမှာကို စိုးရိမ်နေခဲ့တာ။ ခင်ဗျားတို့ အတူတူဆောင်ရွက်ဖို့ စိတ်၀င်စားသလားဆိုတာကို ကျွန်တော်မေးချင်တာပါ။”
“ဘာမစ်ရှင်လဲ ”
“အဲ့ဒါက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးပစ္စည်းတွေ။ ခင်ဗျားတို့သိတဲ့အတိုင်း အခြေစိုက်စခန်းက ဒီဇယ်ဂျင်နရေတာတွေကို အသုံးပြုနေတာ။ ကျွန်တော်တို့က ဒီဇယ်ကို အရမ်း မြန်မြန်စွာ သုံးစွဲနေတာကြောင့် ဓာတ်အားထောက်ပံ့မှုက အရမ်းကျပ်နေတယ်။ ခေါင်းဆောင်က G မြို့မှာရှိတဲ့ အကြီးဆုံးဟုန်ယန်း နေရောင်ခြည် စွမ်းအင်သုံးဂျင်နရေတာစက်ရုံကို သွားခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အလိုအလျောက် ထုတ်လုပ်မှုလိုင်းနဲ့ စက်ရုံက ရနိုင်တဲ့အချောထည် ဆိုလာပြားတွေကို ပြန်ယူလာစေချင်တယ် ”
လီမင်းက ဆက်လက်ပြီး “G မြို့ ကိုသွားဖို့ နှစ်ရက်လောက်ကြာမယ်။ ကျွန်တော်တို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ အဖွဲ့တစ်ဖွဲ့ရှိထားပြီးသား။ ကျွန်တော်တို့ အဲဒီဂျင်နရေတာစက်ရုံကို သွားချင်ပေမယ့် ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်တွေရှိတာကြောင့် ကျွန်တော်တို့အဖွဲ့ကို ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ စစ်သားတွေရဲ့လုံခြုံရေးအတွက် အဲ့ဂျင်နရေတာစက်ရုံကို ထပ်မတိုက်ခိုက်တော့ဘဲ ကျွန်တော်တို့နှင့် ပူးပေါင်းဖို့ခင်ဗျားတို့ကို ဖိတ်ခေါ်ချင်ပါတယ်”
ယခုအချိန်တွင် လီမင်းသည် ကျန့်ယွင်နှင့် သူ့အဖွဲ့၏ အင်အားကို အလွန်ယုံကြည်နေပြီဖြစ်သည်။
“ကျွန်တော် ညွန်ကြားချက်ပေးဖို့ ဗိုလ်ချုပ်ကျန်း ကို တောင်းပြီးပြီ။ မင်းတို့ ပူးပေါင်းချင်ရင် ဆိုလာပြားတွေသာမကဘဲ ဆိုလာ ဓာတ်အားဂျင်နရေတာ ပါရလိမ့်မယ်။ ဟုတ်ပါတယ် မင်းတို့ မသွားချင်ရင် ငါတို့ အတင်းတိုက်တွန်းမှာ မဟုတ်ဘူး။ လူကြီးမင်းစုက အပင်လက်နက်အချို့ကိုထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အဲ့ဒါတွေအတွက် အလုပ်မှတ်နှင့် ပစ္စည်းတွေကို လဲလှယ်ပေးနိုင်ပါတယ်။”
“ခင်ဗျားတို့ ဘယ်အချိန်ထွက်ခွာမှာလဲ ”
“နောက်အကျဆုံးကတော့ သဘက်ခါကျရင်”
ယခုအခါ အခြေစိုက်စခန်းတွင်လူဦးရေ တိုးများလာသဖြင့် ဓာတ်အားပြတ်လပ်မှု ပြဿနာကို တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းရမည်ဖြစ်သည်။
“ပြန်ပြီးတော့ အဲ့အကြောင်း စဉ်းစားလိုက်ပါ့မယ်။ ကျွန်တော်တို့ မနက်ဖြန်ကျအကြောင်းပြန်ပါမယ် ”
ကျန့်ယွင်သည် ချက်ခြင်းပြန်မဖြေခဲ့ပေ။ လူတိုင်း၏ဆန္ဒကို သူကိုယ်စားမပြုနိုင်ပါချေ။ သူအရင်ဆုံးဆွေးနွေးဖို့ ပြန်သွားဖို့လိုအပ်သည်။
“ကောင်းပါပြီ ”
ကျန့်ယွင် ဘက်က ထိုအကြောင်းအား စဉ်းစားလိုစိတ်ရှိသ၍ လီမင်း၏အဖြေသည် အလွန်ဖြောင့်မတ်၏။
စာရေးသူတွင် ပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး】
ချန်းမိသားစုမှ အစ်ကိုနှင့် ညီမ : အရမ်းကောင်းတဲ့အရာတွေအများကြီးရှိတာပဲ။ ရှောင်ကျယ် မင်းမှာ ပေါင်တွေ ရှိသေးလား။
ကျန့်ရှောင်ယွင် : မရှိဘူး။ ရိုက်နှက်။
ချန်းကျောင်း : ကောင်းပါပြီ၊ လူက နင့်ဟာ၊ အစားအသောက်က လူတိုင်းဟာ။
ကျန့်ရှောင်ယွင် : ဟဟ၊ နင်ပြောတာ ငါက နင်တို့ကို အစားအစာပေးရမယ်ပေါ့။
ကျန့်ကျားဟယ်(ပတ်ပတ်လည်ကိုတချက်ကြည့်၊ ရုတ်တရက်အကြံရ) : ကျောင်းကျောင်း၊ မင်းကြည့်၊ ကြက်သားကို လက်နဲ့ဖြဲရတာကောင်းတယ်။ ဂေါ်ဖီကို လက်နဲ့ဖြဲရတာအရသာရှိတယ်။ ဖုတ်ကောင်တွေကို လက်နဲ့ဖြဲရတာက မဆိုးဘူး။ငါ...ငါ မင်းအတွက်နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။
ချန်းကျောင်း : ကျေးဇူးပါ၊ ငါကတော့ အိုတာကုကို လက်နဲ့ဖြဲရတာကြိုက်တယ်။
ကျန့်ကျားဟယ် (ထောင့်နားလေးမှထိုင်ပြီးစက်ဝိုင်းများဆွဲနေ) : (ရှိုက်) စွမ်းအားနဲ့တောင် ငါက ဘယ်သူမှမချစ်တဲ့ အိုတာကုတစ်ယောက်ဖြစ်နေတုန်းပဲ။
စုန့်ချန်ရှု : ကောင်းပါပြီ၊ ဘာပဲဖြစ်ဖြစ် မင်းက နောက်ခံဇာတ်ကောင်လေးတစ်ခုပါ၊ ပြဿနာမရှိပါဘူး
…