အခန်း(၆၀)
Viewers 12k

အခန်း(၆၀)《 G မြို့သို့ သွားကြခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ယွီသုန်သုန်၏စွမ်းအား နိုးထလာသောအခါတွင် သူ့စားချင်စိတ်သည် ပိုကြီးလာ၏။ ယခင်က ခေါက်ဆွဲပြုတ်ပန်းကန်သေးသေးလေးသည် ဗိုက်ပြည့်စေရန် လုံလောက်သည်။ ယခုအခါမူ ခေါက်ဆွဲပန်းကန်လုံးကြီးနှစ်လုံးကို စားပြီး ဟင်းချိုအားလုံးကို သောက်လိုက်သည်။ ထို့အပြင် ယခုအထိ သူ့အား ကျေနပ်သလိုမခံစားရသေးချေ။ သူသည် စုရွေ့ကျယ်အားသူ့အတွက် နောက်ထပ်အထုပ်တစ်ထုပ်ကို ချက်ဖို့ နှောင့်ယှက်နေလေသည်။ ရှောင်ဟေးသည် သုန်သုန်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်၊ ယွီသုန်သုန် သူ၏ ခေါက်ဆွဲတတိယပန်းကန်လုံးရောက်သောအခါ ရှောင်ဟေးရောက်လာပြီး အသင့်စားခေါက်ဆွဲခြောက်စွပ်ပြုတ်စက်နှစ်စက်ကို သူ့လျှာလေးနှင့် လျှက်လေ၏။


“အာ၊ မင်းဒါကိုစားလို့မရဘူး ”


စုရွေ့ကျယ်သည် တားမြစ်ရန် အမြန်လာရောက်လာခဲ့သည်။ သူသည် ကြောင်များကိုမွေးမြူရာတွင် အတွေ့အကြုံမရှိသော်လည်း ကြောင်များ၏အူများနှင့် အစာအိမ်သည် အားနည်းကြောင်း ကြားသိခဲ့ရသည်။ ဆားလေးသောအစားအစာများ၊ ဆီများ နှင့် ခေါက်ဆွဲခြောက်ကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို လုံး၀တားမြစ်ထားလေသည်။


သို့သော် ရှောင်ဟေးက ဘာလို့ သူ့စကားတွေကို နားထောင်တာလဲ။ ရှောင်ဟေးသည် သူ့ကိုတားဆီးရန် စုရွေ့ကျယ်ဆန့်ထားသော လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်ပြီး ခေါက်ဆွဲမျှင်ကို ဆွဲယူပြီး ဗိုက်ထဲသို့ အမြန်စုပ်ယူလိုက်သည်။


စုရွေ့ကျယ်သည် တကယ့်ကို စိတ်တို ဒေါသထွက်လာလေ၏။ သူ ၎င်းကိုစားပြီး ဖျားနာလျှင် တိရစ္ဆာန်ဆေးကုဆရာ၀န်တစ်ယောက်ကိုရှာဖို့ ဘယ်ကိုပြေးရမှန်းပင် မသိချေ။


“ကော၊ အဆင်ပြေပါတယ်။ ရှောင်ဟေးက အဲ့ဒါ အရသာရှိတယ်လို့ထင်နေတာ ”


ယွီသုန်သုန်သည် နူးညံ့ချောမွေ့သောအသံလေးနှင့် ပြောလာ၏။ 


စုရွေ့ကျယ်သည် သူ့စကားများကြောင့် ယွီသုန်သုန်ဆီသို့ လှမ်းကြည့်လိုက်ကာ အံ့သြစွာ မေးလိုက်သည်။ “မင်း သူနဲ့ ဆက်သွယ်ပြောဆိုနိုင်တာလား ”


ယွီသုန်သုန် ခေါင်းခါလိုက်ပြီး “ရှောင်ဟေးက သားကို မပြောနိုင်ဘူး၊ ဒါပေမယ့် သူအရမ်းပျော်နေတာကို ခံစားရတယ်” 


ရှောင်ဟေး၏ စိတ်ခံစားချက်များကို ခံစားနိုင်မှုသည် ယွီသုန်သုန်၏ စိတ်စွမ်းအားဖြစ်သင့်သည်ဟု စုရွေ့ကျယ်သဘောပေါက်လိုက်၏။ ရှောင်ဟေးသည် သာမန်ကြောင်တစ်ကောင်မဟုတ်ဟု တွေးခြင်းဖြင့် သူ့ကိုယ်သူဖြေသိမ့်နိုင်လေသည်။ ဆင့်ကဲပြောင်းလဲလာသော တိရစ္ဆာန်များ၏ အူနှင့် အစာအိမ်သည် သာမာန်တိရစ္ဆာန်များနှင့် ကွဲပြားနေနိုင်သည်...


ကျန့်ကျားဟယ်သည် နောက်တစ်နေ့ နေ့လယ်တွင် နိုးလာသော်လည်း ကျန့်ယွင်သည် ဘာကြောင့် အဖျားကြီးနေဆဲဖြစ်သည်ကို သူတို့မသိကြပေ။


“ကော...ခင်ဗျားဘာလို့ မနိုးလာသေးတာလဲ။ ကျွန်တော်စိုးရိမ်နေပြီ...ခင်ဗျားဗိုက်မဆာဘူးလားဟင်။ အစားအစာတွေက အိုးထဲမှာ ပူနေတုန်းပဲ...”


စုရွေ့ကျယ်သည် ကျန့်ယွင်၏နဖူးအား ပုဝါအစိုတစ်ခုနှင့် အေးအောင်လုပ်ပေးနေရင်း သူ့အား တီးတိုးပြောနေလေ၏။ 

 

ကျန့်ယွင်သည် သူ့အဆင့်မြှင့်တင်မှုတွင် အောင်မြင်လိမ့်မည်ဟု သူယုံကြည်သော်လည်း သူမစိုးရိမ်ဘဲမနေနိုင်ပေ။ နာရီဝက်တိုင်း မျက်နှာနှင့်လည်ပင်းကို ပုဝါအစိုနှင့်သုတ်ပေးပြီး ဖျော်ရည်နှင့် ရေတို့ကို ဆက်လက်တိုက်ကျွေးခဲ့ကာ အဖျားကြီးခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။


ကျန့်ယွင်၏အဖျားသည် နေ့ရောညပါ တောက်လျှောက် တက်နေခဲ့ပြီး သုံးရက်မြောက်နေ့မွန်းတည့်ချိန်အထိ သူမနိုးလာသေးပေ။


“ကျန့်ကော၊ နောက်ဆုံးတော့ ခင်ဗျားနိုးလာပြီ ”


စုရွေ့ကျယ်သည် ကျန့်ယွင်၏အခန်းထဲရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။ ကျန့်ယွင်အခန်းထဲမှထွက်လာသည်ကို မြင်လိုက်သောအခါ သူ့မျက်နှာသည် ပျော်ရွှင်၀မ်းမြောက်မှုဖြင့် ရွှင်လန်းတောက်ပလာလေသည်။


“ခင်ဗျား ဗိုက်ဆာနေလား။ ကျွန်တော် ခင်ဗျားအတွက် အစားအသောက်အဆင့်သင့်လုပ်ထားတယ်။ ကျွန်တော် အခုချက်ချင်း ယူလာခဲ့ပေးမယ် ”


ကျန့်ယွင်သည် အကြာကြီး အိပ်ပျော်နေပြီးနောက်ဗိုက်ဆာနေလိမ့်မည်။ ထို့ကြောင့် စုရွေ့ကျယ်သည် အစားအသောက်ကို စောစောပြင်ဆင်ထားပြီး သူနိုးလာသည်နှင့်ချက်ချင်းစားနိုင်ရန် စောင့်နေစဉ် အိုးထဲတွင် နွှေးနေခဲ့သည်။


“ဗိုက်မဆာပါဘူး ”


ဤအချိန်တွင် လူတိုင်းအိပ်ပျော်နေကြသည်။ တကယ်တော့ သူနှင့် စုရွေ့ကျယ်သာလျှင် အခန်း 501 တွင်နေကြခြင်းဖြစ်သည်။ ကျန့်ယွင်၏ နှလုံးခုန်သံသည် လှုပ်ရှားသွားပြီး သူသည် လျှောက်သွားကာ ထိုလူကို သူ့ရင်ခွင်ထဲသို့ လှမ်းဖက်ထားလိုက်လေသည်။


“ကော...”


စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက်ချက်ချင်းဆိုသလို ရှက်သွေးဖြာနီမြန်သွားပြီး အသံအကျယ်ကြီး အော်မိသွားလေသည်။


“ကိုယ် အဖျားနဲ့ လဲနေချိန်မှာ တစ်စုံတစ်ယောက်က ကိုယ့်ကို စကားတွေပြောနေတာကို အမြဲကြားနေရတယ်”


“ကော ..ကျွန်တော်..”


စုရွေ့ကျယ်၏အသံသည် တုန်ယင်နေပြီး ကျောက်စိမ်းအဖြူလေးကဲ့သို့သော သူ့နားနှစ်ဖက်သည် သိမ်မွေ့နူးညံ့သော အနီရောင်သွေးများ ခြယ်လာလေတော့၏။ ကျန့်ယွင်သည် အချိန်အကြာကြီး အိပ်ပျော်နေခဲ့သည်။ စုရွေ့ကျယ်သည် အမြဲလိုလို စိတ်မသက်မသာ ခံစားရသော်လည်း ရင်ထဲတွင် သိမ်းဆည်းထားလေသည်။ သူ့စိတ်တွေ တုန်လှုပ်သွားသည့်အခါတိုင်း သူ စကားမပြောချင်ဘဲ မနေနိုင်ခဲ့ချေ။ သူသည် ရှက်စရာစကားအများကြီးကို ပြောခဲ့လေသည်။ မမျှော်လင့်ဘဲ ကျန့်ယွင်သည် ၎င်းတို့အားလုံးကို ကြားနေခဲ့သည်။ သူသေလောက်အောင် ရှက်နေပါပြီ.....


“ကိုယ်ဖျားနေချိန်မှာ ကိုယ်လည်းပဲမင်းကိုတွေးနေခဲ့တာ...”


ကျန့်ယွင်သည် သူ့ထဲမှ ကောင်လေးသည် အနည်းငယ်ကျုံ့သွားသည်ကို ခံစားလိုက်ရသည်။ သူ့ မျက်တောင်လေးများလှုပ်နေသည်။ သူပြုံးရင်း ခေါင်းငုံ့ကာ စုရွေ့ကျယ်၏နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ့ချစ်သူလေး၏နှုတ်ခမ်းများသည် နူးညံ့ချောမွေ့ကာ အနည်းငယ် သစ်သီးရနံ့လေးများဖြင့် ဖြစ်သည်။ သူ ယခုချက်ချင်းပင် အသီးအနှံအချို့ကိုစားရမှ ဖြစ်ပေတော့မည်။


ကျန့်ယွင်၏အနမ်းသည် ကြီးစိုးချယ်လှယ်ပြီး ကြောက်စရာကောင်းသည်မဟုတ်သော်လည်း နူးညံ့ပြီး ရင်းနှီးသောအရသာကို သယ်ဆောင်ထားလေသည်။ သူတို့၏ နှုတ်ခမ်းများနှင့် လျှာများသည်လိမ်ယှက်နေပြီး ဤရင်းနှီးမှုကို အပြည့်အ၀ ရစ်မူးနေခဲ့ကြလေ၏။ 


“ကော...”


အနမ်း၏အဆုံးတွင် စုရွေ့ကျယ်သည် ကျန့်ယွင်၏ လက်နှစ်ဖက်ကိုမှီကာ ညင်သာစွာ ရှူထုတ်နေရလေ၏။ ရလဒ်မှာတော့ မာနေသည့်တစ်ခုခုသည် သူ့ပေါင်ကိုထိမိနေသည်ကို ခံစားလိုက်ရသည်။ ဘာဖြစ်သည်ကို သူသိလိုက်သောအခါတွင် သူ့ပါးပြင်များသည် သွေးများထွက်လုမတတ် နီရဲနေလေတော့သည်။


နောက်ဆုံးမှာတော့ ကျန့်ယွင်သည် သူ့အားအနိုင်ကျင့်ချင်စိတ် သိပ်မရှိတော့ပေ။ သူသည် အသက်ပြင်းပြင်းရှူပြီး သူ့အားလွှတ်ပေးလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။


“သွားပြီး ကော အတွက် အစားအသောက်ယူခဲ့။ သူဗိုက်ဆာနေပြီ ”


သူနောက်ဆုံးစကားနှစ်ခွန်းကိုပြောပြီးသောအခါ ကျန့်ယွင်၏မျက်လုံးများသည် စုရွေ့ကျယ်၏ စကားဖြင့် မပြောပြနိုင်သောကိုယ်ခန္ဓာအစိတ်အပိုင်းအချို့ဆီသို့ တမင်စုန်ချည်ဆန်ချည်လှည့်နေ့ပြီး စုရွေ့ကျယ်အား ပို၍ပင်ရှက်သွားစေသည်။


ကံကောင်းထောက်မစွာဖြင့် အစားအစာကို အမြဲပူနွေးနေအောင် နွှေးထားခဲ့ပြီး အစားအသောက်ကျွေးဖို့ အချိန်အများကြီးယူရမည်မဟုတ်ချေ။ အရသာရှိသည့် ပြောင်းဖူးနံရိုးစွပ်ပြုတ်၊ ၀က်သားပြုတ်အတုံးကြီးများ၊ ပူပူနွေးနွေး ထမင်းဖြူပူပူတို့သည် မွှေးရနံ့ဖုံးလွှမ်းနေပြီး လူများကို စားဖို့ဆွဲဆောင်နေလေ၏။


“ရှောင်ကျယ်၊ မင်းအခုထိ မစားရသေးဘူးလား ” 


“ကျွန်တော်တို့အကုန်စားပြီးကြပြီ။ ဒါက ခင်ဗျားအတွက် အထူးပြင်ဆင်ပေးထားတာ။ ပူနေတုန်း မြန်မြန်စားလိုက်”


“ကောင်းတယ်”


“ကော၊ ခေါင်းဆောင်လီ ဒီနေ့ ဒီကိုလာသေးတယ်။ ဒီညနေ ခြောက်နာရီမှာ ကျွန်တော်တို့ အခြေစိုက်စခန်းရဲ့ ဂိတ်ပေါက်မှာ စုကြမယ်”


ကျန့်ယွင် စားသောက်နေစဉ် စုရွေ့ကျယ်သည် လီမင်းရောက်လာသည့်အကြောင်း သူ့အားပြောပြနေလေ၏။ 


လီမင်းသည် ကျန့်ယွင်၏အဖြေကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူ ဒီညနေထွက်သွားတော့မည်ဖြစ်သော်လည်း သူတို့ထံမှ မည်သည့်လှုပ်ရှားမှုမှ ရှိမလာခဲ့ချေ။ လီမင်းသည် ထပ်မစောင့်နိုင်တော့ပေ။ထို့ကြောင့် မနက်စောစော၌ လူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။


ကျန့်ယွင်သည် အိပ်ပျော်နေသေးပြီး ကျန်အဖွဲ့သားများသည် အသင်းခေါင်းဆောင်မဖြစ်နိုင်ဘူးဆိုတာ သိသာထင်ရှားသည်ဟု မည်သူသိနိုင်ပါ့မည်လဲ။ နောက်ဆုံးမှာတော့ စုရွေ့ကျယ်သည် ရှေ့သို့ရောက်လာပြီး ဤညမရောက်ခင် ကျန့်ယွင် နိုးလာသ၍ ဤညမစ်ရှစ်တွင် သူတို့ ကျိန်းသေပေါက်ပါဝင်မည်ဟု လီမင်းအားကတိပေးခဲ့သည်။ ထိုမှသာ လီမင်းသည် စိတ်အေးသက်သာ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့သည်။


“ကောင်းပြီ၊ ဒီညသွားကြစို့ ”


ကျန့်ယွင် ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူတို့တာ၀န်တွင် ပါ၀င်သွားရမည်ဖြစ်သည်။


ညနေခြောက်နာရီ၌ ကျန့်ယွင်နှင့်သူ့အဖွဲ့သည်အခြေစိုက်စခန်းဂိတ်သို့ သူတို့၏ off road ကားကိုမောင်းကာ အချိန်မီရောက်လာခဲ့ကြ၏။ အခြေစိုက်စခန်း၏ ဂိတ်ပေါက်တွင် စစ်ကားလေးစီးနှင့် ကြီးမားသော ကုန်တင်ကားကြီးတစ်စီး တို့သည် လှည့်ပတ်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။


လီမင်းသည် ကျန့်ယွင်နှင့် သူ့အဖွဲ့ ရှိနေသည်ကို မြင်သောအခါ အသက်ရှူချောင်သွား၏။


“ခေါင်းဆောင်၊ ခင်ဗျားကျွန်တော်တိုနဲ့ပူးပေါင်းတာကို ၀မ်းသာပါတယ်”


ကျန့်ယွင်သည်လည်း သူ့အား ခေါင်းညိတ်ပြလိုက်ပြီး


“ခေါင်းဆောင်လီ၊ ကောင်းမွန်တဲ့ ပူးပေါင်းမှုတစ်ခုလုပ်ကြတာပေါ့ ”


နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအကြိမ်မဟုတ်သည့်အတွက် အဓိပ္ပာယ်မရှိတာမျိုး သိပ်မရှိကြချေ။ သူတို့သည် ရိုးရိုးရှင်းရှင်းပင် မောင်းနှင်သွားကြလေသည်။


လီမင်း၏ စစ်ကားသည် ရှေ့တန်းမှ ယာဉ်တန်းကို ဦးဆောင်နေပြီး ကျန့်ယွင်၏ SUV ကားသည် သူတို့နောက်တွင် ရှိနေခဲ့သည်။


မထွက်ခွာမီ လီမင်းသည် သူတို့အား စစ်တပ်နှင့် အဆင်ပြေစွာ ဆက်သွယ်နိုင်ရန် ဝေါ်ကီတော်ကီပေးထားခဲ့သည်။ ဝေါ်ကီတော်ကီ၏ ထိရောက်သော အကွာအဝေးမှာ နှစ်ကီလိုမီတာဖြစ်သည်။


ထို့အပြင် လီမင်သည် သူတို့တစ်ယောက်ချင်းစီအတွက် အခြေစိုက်စခန်းရှိလူကြီးများချက်ပြုတ်ထားသော လက်သီးဆုပ်အရွယ် ဖက်ထုပ်များနှင့် ဟင်းသီးဟင်းရွက်ဆားစိမ် သာမက ဝက်ပေါင်ခြောက်အတုံးလေးများပါရှိသော ၀က်အူချောင်းများကို ထောက်ပံ့ပေးသည်။


လူကို သံဟု ခေါ်သော်လည်း ထမင်းသည် သံမဏိသာဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်ရန် အမြဲတမ်း အလုံအလောက်စားသုံးသင့်ပြီး ဉာဏ်ပညာရှိသော ဧကရာဇ်မင်းသည် စစ်သည်များကို ဆာလောင်မွတ်သိပ်စေလိမ့်မည်မဟုတ်ချေ။


ထမင်းဖက်ထုပ်များသည် ပူပူနွေးနွေးနှင့် အရသာရှိသော်လည်း စွမ်းအားရှင်တစ်ယောက်အတွက်မူ ဤအရွယ် ထမင်းဖက်ထုပ်သည် မလုံလောက်သေးပေ။ ကံကောင်းထောက်မစွာပဲ သူတို့သည် သူတို့ကိုယ်တိုင် off road ကားကို မောင်းလာခဲ့သည်။ ကားနောက်ခန်းတွင် မီးဖိုလေးတစ်ခုရှိပြီး ကိုယ်တိုင်စားဖို့ တစ်ခုခု ချက်ပြုတ်နိုင်ပါသည်။ ရှာဖွေတွေ့ရှိခံရမည်ကို ကြောက်နေစရာမလိုချေ။


အခြေစိုက်စခန်းမှ G မြို့သို့ရောက်ရန် ခရီးသည် နှစ်ရက်သုံးရက်လောက် ကြာမည်ဖြစ်သည်။ ကယ်ဆယ်ရေးတပ်ဖွဲ့များသည် သူတို့မထွက်ခွာခင် လမ်းမပေါ်တွင်ရှင်းလင်းပေးထားခဲ့ပြီးဖြစ်သဖြင့် သူတို့သည် လမ်းတလျှောက်ချောမွေ့ခဲ့ကြသည်။ ရံဖန်ရံခါသာ လမ်းပေါ်တွင် လှည့်လည်နေသော ဖုတ်ကောင်များနှင့် ဖြေရှင်းရန်သာ လိုအပ်သည်။


မိုးမလင်းခင်၌ သူတို့ စခန်းဖို့ ရွာငယ်လေးတစ်ရွာကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် လူသားများမရှိဘဲ ဖြည်းညှင်းစွာလှည့်ပတ်သွားနေကြသော ဖုတ်ကောင်များသာ ရှိလေသည်။


ရွာကိုရှင်းလင်းပြီးနောက် စစ်သားများသည် ဖုတ်ကောင်များ၏ အမြုတေအူတိုင်ကို တူးဖော်ကာ အလောင်းများကို စုပုံပြီး မီးရှို့ခဲ့ကြသည်။ ထို့နောက် အနားယူရန် အိမ်သို့သွားကြသည်။


သို့သော်လည်း ကျန့်ယွင်၏အဖွဲ့မှ သူတို့၏လေးနှစ်အရွယ်ကလေးနှင့် အိမ်မွေးကြောင်လေးကိုခေါ်လာသည်ကိုတွေ့လိုက်ရသောအခါ လီမင်းသည် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရ၏။ အဆုံးမှာတော့ ၎င်းသည် ကျန့်ယွင် နှင့် သူ့အဖွဲ့၏ကိုယ်ပိုင် ကိစ္စသာဖြစ်လေသည်။ သူတို့သည် ကလေးနှင့်ကြောင်အား စောင့်ရှောက်ကာကွယ်နိုင်ပြီး ဤတစ်ကြိမ်တာ၀န်ကိုမထိခိုက်သ၍ သူ့အတွက် မှတ်ချက်ပေးရန် နေရာမရှိချေ။


နောက်တစ်နေ့ နေဝင်သွားချိန်တွင် လူတိုင်းသည် အမြန်လမ်းပေါ်သို့ပြန်တက်ကြပြန်သည်။ ကားက လမ်းပေါ်တလျှောက်မောင်းလာသည်နှင့် ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်နေလေသည်။ သုန်သုန်သည် ရုတ်တရက်ပြောလာ၏။


“ကော အနောက်မှာ ကားတစ်စီးရှိတယ်” 


သုန်သုန်သည် ယခုအခါတွင် စိတ်စွမ်းအားရှိသူဖြစ်ပြီး သူ၏ telepathy သည် မှန်ကန်သင့်သည်။ လူတိုင်းသည် တစ်ချိန်တည်း အနောက်သို့ လှမ်းကြည့်သော်လည်း ညသည် မှောင်နေပြီး လမ်းပေါ်တွင် လမ်းမီးများမရှိ၍ သူတို့သည် အနောက်ဘက်မှ အခြေအနေအားလုံးကို မမြင်နိုင်ပေ။


အကွေ့တစ်ကွေ့ရောက်မှသာ ကား၏ကိုယ်ထည်သည် လရောင်ကို ရောင်ပြန်ဟပ်နေသည်ကို မြင်လိုက်ရသည်။


အနက်ရောင်ကားတစ်စီးဖြစ်ရမည်။ ကားရှေ့မီး မဖွင့်ထားချေ။ မည်သည့်အချိန်ကတည်းက သူတို့နောက်မှ လိုက်နေမှန်းလည်းမသိချေ။ ညအမှောင်အောက်တွင် ၎င်းသည် ဂရုတစိုက်လိုက်လာနေ၏။ ယွီသုန်သုန်ကြောင့်သာ သာမဟုတ်လျှင် သူတို့လိုက်လာ နေကြမှန်းတောင်သိမည်မဟုတ်ချေ။


ကျန့်ယွင်သည် လီမင်းအား ဝေါ်ကီတော်ကီဖြင့် အခြေအနေကို ချက်ချင်းအကြောင်းကြားခဲ့သည်။


လီမင်းသည် အလွန်အံအားသင့်သွားခဲ့သည်။ သူသည် လမ်းပေါ်ကရွာ သို့မဟုတ် စတိုးဆိုင်ကို မသွားခဲ့ချေ။ ဒီကားက ဘယ်ကလာတာလဲ။ သူတို့နောက်ကို ဘာလို့ လိုက်နေတာလဲ။


အသက်ရှင်ကျန်ရစ်သူဖြစ်ပါက သူတို့ကို အကူအညီတောင်းရန် နည်းလမ်းမရှာသင့်ဘူးလား။ သူတို့နောက်ကို တိတ်တဆိတ် ခိုးလိုက်နေခြင်းသည် ဘာကိုဆိုလိုပါသနည်း။


ထိုကား၏နောက်ကွယ်တွင် ဘယ်လိုရည်ရွယ်ချက်မျိုးရှိပါစေ အရာအားလုံးကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်သည်။


ကျန့်ယွင်၏ off road ယာဉ်သည် ရုတ်တရက် မီးပိတ်သွားကာ ကားသည် တိတ်တဆိတ် ရပ်တန့်သွားလေသည်။ လီမင်း၏ယာဉ်တန်းသည် ရှေ့သို့ ဆက်လက်ရွေ့လျားသွားသည်။ လမ်းမှောင်မှောင်ပေါ်တွင် တဖြည်းဖြည်း အလင်းများပျောက်ကွယ်သွားလေပြီး အမှောင်ရိပ်အောက်တွင် ကားတစ်စီးရပ်ထားသည်ကို မည်သူမျှ မတွေ့ရတော့ပေ။


တစ်ခဏအကြာတွင် ထိုကားသည်နောက်မှ ပေါ်လာပြီး ဖြတ်ကျော်သွားလေ၏။


ကျန့်ယွင်သည် ရုတ်တရက် အမြင့်မီးများကို ရုတ်တရက်ဖွင့်လိုက်ရာ အားကောင်းသည့် ရှေ့မီးကြီးများက ရှေ့လမ်းကို လင်းထိန်သွားစေသည်။ အမည်မသိ စီးပွားရေးလုပ်ငန်းသုံးကား အနက်ရောင်သည် မီးရောင်ထဲတွင် ဖော်ထုတ်ခံလိုက်ရသည်ကို မည်သူသိနိုင်မည်နည်း။ 


ရှေ့မှ ကားမောင်းသူသည် သိသိသာသာ ထိတ်လန့်သွားပြီး ကျန့်ယွင်တို့အား ဖယ်ချန်ထားခဲ့ရန် အရှိန်ပြင်းပြင်းနှင့် အရှိန်မြှင့်တင်လိုက်သော်လည်း သူတို့ရှေ့မှ နောက်ထပ် မီးတန်းများ လင်းလာဖို့ မမျှော်လင့်ထားခဲ့ချေ။ စစ်ကားနှစ်စီးသည် လမ်းကို ပိတ်ဆို့ရန် ဘယ်အချိန်ကတည်းက ရောက်နေသည်မသိရချေ။ ဒါဇင်နှင့်ချီသော စစ်သားများသည် ကားရှေ့ရှိ လမ်းကို လက်နက်ကြီးများဖြင့် ချိန်ထားလေသည်။


ရုတ်တရက် ဘရိတ်အုပ်သံနှင့်အတူ အနက်ရောင်စီးပွားရေးသုံးကားတစ်စီး ရပ်တန့်ဖို့ကြိုးစားရင်း လမ်းချော်သွားခဲ့သည်။


“မပစ်ပါနဲ့၊ မပစ်ပါနဲ့ ”


စီးပွားရေးလုပ်ငန်းသုံးကား၏ တံခါးပွင့်လာပြီး အရပ်ပုပု၀၀လူတစ်ယောက်သည် သူ့လက်များကိုမြှောက်ကာ လျှောက်ထွက်လာ၏။ 


“မင်းတို့ ဘာလုပ်နေတာလဲ ”


လီမင်းသည် ဟောက်လိုက်၏။ 


“ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ကျွန်တော့် မိန်းမနဲ့ ကလေးတွေက ကားထဲမှာပါ ”


သူပြောပြီးသည်နှင့် ကားပေါ်ရှိလူများကို အမြန်ဆင်းခိုင်းလိုက်သည်။ ခုနစ်ယောက်စီး စီးပွားရေးလုပ်ငန်းသုံးကားထဲတွင် လူများအပြည့်ဖြင့် ဖြစ်၏။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦးနှင့် ငယ်ရွယ်လှသော မိန်းကလေးနှစ်ဦး ဆင်းလာခဲ့သည်။


“ဒါက ကျွန်တော့မိန်းမ၊ သမီးနှစ်ယောက်၊ သားတစ်ယောက်နဲ့ သူတို့ရဲ့ သူငယ်ချင်းနှစ်ယောက်ပါ”


“ငါတို့နောက်ကို လိုက်နေပြီး ဘာလိုချင်လို့လဲ ”


“ကျွန်တော်တို့က N မြို့က လွတ်မြောက်လာခဲ့ပြီးတော့ မိဘတွေကိုရှာဖို့ G မြို့ကို သွားချင်လို့ပါ။ မကြာသေးခင်က လမ်းက ငြိမ်းချမ်းမှုမရှိခဲ့ဘူး။ ကားထဲမှာ အမျိုးသမီးသုံးယာက်ရှိတယ်။ အဲ့ဒါက တကယ်ကို မလုံခြုံဘူး။ ကျွန်တော်တို့ လမ်းမပေါ်က ခင်ဗျားတို့ရဲ့ ကားမီးတွေကိုမြင်လိုက်ရတဲ့အချိန် ကျွန်တော်တို့ အန္တရာယ်ကင်းကင်းဆက်သွားနိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားတို့နောက်က တိတ်တိတ်လေးလိုက်လာခဲ့တာပါ။ ငါတို့ ဆိုးရွားတဲ့အတွေးတွေ တကယ်မရှိပါဘူး ”


လူ၀သည် လေးလေးစားစားဖြင့် ပြောလာလေ၏။ 


သူတို့တွင် မည်သည့်အမှားမှ မရှိသည့်ပုံပေါက်နေလေ၏။ စစ်သားတစ်ယောက်အနေဖြင့် လီမင်းသည် သာမန်လူများနှင့် ပဋိပက္ခမဖြစ်နိုင်ချေ။ အကယ်၍ သူတို့သာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါက သူတို့အား သူတို့နှင့်အတူခေါ်သွားပေလိမ့်မည်။ သို့သော် ယခုသည် အခြေစိာက်စခန်းတစ်ခုလုံးနှင့်သက်ဆိုင်သော အရေးပေါ်တာ၀န်ကို ထမ်းဆောင်ရန် လိုအပ်နေခဲ့ပြီး အန္တရာယ် အတိုင်းအတာတစ်ခုအထိ သယ်ဆောင်ထားခဲ့ရသည်။ သူတို့အား G မြို့အထိ တစ်ယောက်တည်း ခေါ်သွားဖို့ မဖြစ်နိုင်ချေ။