Chapter 25
Viewers 9k

 


အပိုင်း(၂၅)



နှင်းလွှာများက မျက်စိတစ်ဆုံး ပျံ့ကျဲနေခဲ့တယ်။


ဖြူဆွတ်တဲ့နှင်းများက တောင်သွယ်အထပ်ထပ်ရဲ့ အနားသတ်နှင့် ထောင့်စွန်းများကို ဖုံးလွှမ်းကာ တောင်ထိပ်ပေါ်ရှိ ပုန်းကွယ်ငုပ်လျိုးနေတဲ့ အန္တရာယ်များကို သန့်စင်တဲ့အဖြူရောင် ခြုံထည်အောက်တွင် အားပျော့သွားစေလိုက်တယ်။


နှင်းတောထဲတွင် မြွေပါကတိုးဖြူလေးနှစ်ကောင်က စားစရာလှည့်ပတ်ရှာဖွေနေရင်း နှင်းမျက်နှာပြင်ပေါ်မှာ တွင်းတူးနေခဲ့တယ်။ နှင်းများက လမ်းလျှောက်ရန် ခက်ခဲနေပြီး ကျောက်တုံးများကို တတောက်တောက် ဆိတ်နေတဲ့ စာဝါငှက် အနည်းသာလျှင်ရှိနေ၏။


မြွေပါကတိုးဖြူများက သူတို့ပစ်မှတ်အဖြစ် စာကလေးတွေပေါ် ရောက်ရှိသွားပြီး ကိုယ်ကို အောက်သို့ ကွေးညွတ်ကာ သူတို့ဆီသို့ တိတ်တဆိတ် ချွတ်နင်းသွားလိုက်ကြတယ်။ ရုတ်တရက် စာကလေးများနဲ့ တစ်မီတာသာ ကွာဝေးသော လေထုထဲသို့ အမည်မသိ အရာဝတ္ထုတစ်ခု ထွက်ပေါ်လာလိုက်သည်။


ပထမဦးဆုံး ခြေထောက်တွေ ခါး အဲဒီနောက် လက်နှစ်ဖက်၊ လည်ပင်းနှင့် မျက်နှာတို့ . . သူမရဲ့ နေရာလွတ်က သူမကို လုံးလုံး အပြင်သို့ "ထွေးထုတ်" လိုက်တဲ့ အချိန်မတိုင်မီပင်ဖြစ်တယ်။


နေရာလွတ်ရဲ့ကြားခံ အကာအကွယ်မပါရှိတဲ့ သူမဟာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားပြီး သူမပတ်လည်သို့ နှင်းခေါင်းအုံးတစ်လုံးအား တလိပ်လိပ် လွင့်ထွက်သွားစေတယ်။


သူမနဲ့ ဆန့်ကျင်ဘက်မှာရှိနေတဲ့ စာကလေးငှက်များက လန့်ဖျန့်သွားလိုက်ပြီး ပျံသန်း ထွက်ပြေးသွားကြတယ်။


မြွေပါကတိုးဖြူများလည်း နောက်သို့ ဆုတ်ခွာသွားကာ ကျောက်ဆောင်များနောက်တွင် ပုန်းအောင်းနေပြီး အဖြူရောင်ခေါင်းနှစ်လုံးရဲ့ ထိပ်ဖျားများသာ ဖော်ပြ၍ စပ်စုလိုစိတ်နဲ့ ကြည့်ရှုနေကြတယ် . . .


ကျီရှောင်အုံးတစ်ယောက် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်ပြီး သူမ အပေါ်က ကောင်းကင်ပြာနှင့် အဖြူရောင်တိမ်တိုက်များကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်တယ်။ သူမရဲ့ ဦးနှောက်က ကိုယ်ကိုယ်တိုင် ချာချာလည်ကာ တွန့်လိမ်သွားခဲ့တယ်။


နေ့တစ်ဝက်လောက်ကြာသွားပြီးတော့မှ သူမ သူမရင်ဘတ်ကို ထိတွေ့ကြည့်လိုက်ပြီး သူမလက်ကို မြှောက်ကာ တစ်နေရာရာမှာ သွေးတွေများ ထွက်နေမလားဆိုတာ ရှာဖွေလိုက်တယ်။


'သူမ . . ကျားသစ်နက် သတ်တာခံလိုက်ရပြီ မဟုတ်ဘူးလား။'


လောရန့် တိုက်ခိုက်မှုက ထိခါနီးအချိန်လေးမှာ သူမ သူမအား ဖော်မပြနိုင်သော အားအင်တစ်ခုက သူမအား ဆွဲခေါ်သွားလိုက်တာကို မမျှော်လင့်စွာ ခံစားလိုက်ရတယ်။


သူမ ရုတ်တရက်ကြီး အနွေးအိပ်ရာတွေ၊ ကျောပိုးအိတ်တွေနဲ့ သံလိုက်အိမ်မြှောင်တွေကို ရှာတွေ့နိုင်တဲ့ လုံးလုံးလွတ်လပ်နေတဲ့ ဧရိယာတစ်ခုမှာ ပေါ်လာခဲ့လိုက်တယ်. . . . . . . . ပြီးတော့ သူမနဲ့အတူ သူမရဲ့အနက်ရောင် အစင်းကြောင်းတွေနဲ့ ကျားသစ်ပေါက်လေးရောပဲ။


အဆုံးသတ်မှာတော့ သူမ ဘာကိုမှ ကြာကြာမခံစားရတော့ဘဲ ရုတ်တရက် ပင်ပန်းနွမ်းနယ်မှုတစ်ခုက သူမကို လွှမ်းမိုးသွားလိုက်ပြီး ကျီရှောင်အုံး အိပ်ပျော်သွားလိုက်တော့တယ်။ သူမ မျက်လုံးဖွင့်လိုက်သောအခါမှာတော့ သူမ ဒီနေရာမှာ ချထားပေးခြင်းခံလိုက်ရတာပဲ။


ကျီရှောင်အုံး တဖြည်းဖြည်း နားလည်သွားခဲ့တယ်။


'သူမ....... . သူမရဲ့နေရာလွတ်ထဲကို ရောက်သွားလိုက်တာလား ။'


'အခု သူမရဲ့နေရာလွတ်က သူမ အထဲဝင်နိုင်လို့ရသွားတဲ့အထိ အဆင့်မြှင့်သွားတာလား။'


သူမ အဲဒီမှာ ဘယ်လောက်ကြာကြာနေနေလိုက်မှန်းတော့ သူမ မသိခဲ့ပေ၊ ဘယ်လိုပင်ဖြစ်ခဲ့သော်ငြားလည်း သူမ ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး သူမပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်တယ်။


သူမ‌ ခေါင်းလှည့်လိုက်တဲ့ နေရာတိုင်းတွင်တော့ အကန့်အသတ်မဲ့တဲ့ အဖြူရောင်များရှိနေပြီး မဝေးတဲ့နေရာတစ်ခုတွင် ပြိုကျနေတဲ့ လှိုဏ်ဂူတစ်ခုကို သူမ မြင်ရနေလေတယ် ။


ကျီရှောင်အုံး သူမရဲ့ခန္ဓာကိုယ်ကို ထောက်ကန်လိုက်တော့ အထဲမှာ ကျားသစ်လေးက ငြိမ်သက်စွာ လှဲလျောင်းနေသည်ကို တွေ့လိုက်ရတယ်။


သူကို ကြည့်ရတာ သူမရဲ့နေရာလွတ်ထဲကနေ ကောင်းကောင်းမွန်မွန်"အပစ်" ခံခဲ့ရပုံရတယ်၊ ဒါပေမဲ့ သူ အိပ်ပျော်နေတုန်းပင်။


ကျီရှောင်အုံးက သူ့ခြေထောက်လေးတွေကို မြှောက်ကိုင်လိုက်ပြီး မြေပြင်ကနေ ဂရုတစိုက် ကောက်ယူလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ဆီမှာ အားပျော့နေတာကလွဲလို့ အခြားပြင်းပြင်းထန်ထန်ဒဏ်ရာတစ်ခုခုမှ မမြင်မိခဲ့ပေ။


သူ့အသားအရောင်က နဂိုအတိုင်းဖြစ်နေပြီး သူ့အသက်ရှုကလည်း ပုံမှန်ပင်။ သို့သော်လည်း သူ့ကိုယ်အပူချိန်ကတော့ အနည်းငယ်လေးနိမ့်နေခဲ့တယ်။


ကျီရှောင်အုံး သူ့ကို သူမရင်ဘတ်ထဲတွင် ပွေ့ကိုင်ထားပေးလိုက်ပြီး သူမရဲ့အနွေးဓာတ်တချို့ ပေးဖို့ ကြိုးစားလိုက်တယ်။


သို့ပေမဲ့လည်း သူမရဲ့ကုတ်အင်္ကျီကို လောရန့် က နုပ်နုပ်စဉ်းလိုက်ခဲ့တယ်၊ သူမမှာ ဆိတ်မွှေး ဆွယ်တာလေးတစ်ထည်သာ ဝတ်ထား‌တာကြောင့် တောင်ပေါ်ကလေအေးတွေကို ကြံ့ကြံခံဖို့ မတတ်နိုင်တော့ပေ၊ သူမ ရေခဲချောင်းတစ်ချောင်း ဖြစ်သွားလုနီးပါး အေးခဲနေတော့တယ်။


အေးခဲလို့ မသေသွားစေဖို့ ကျီရှောင်အုံး နှင်းနှင့်လေဒဏ်ကို ကြံ့ကြံ့ခံပြီး နှင်းတောထဲတွင် လမ်းလျှောက်လိုက်ပြီး ချောက်ကမ်းပါးအောက်က ဂူထဲသို့ ရောက်အောင်သွားခဲ့တယ်။


လှိုဏ်ဂူက လူတစ်ယောက် နှစ်ယောက် သာသာပဲ ဆန့်ကာ ကျဉ်းကျဉ်းလေးပင်။


ကံကောင်းတာက ကျီရှောင်အုံး ကိုယ်လုံးကိုယ်ပေါက်က သေးသေးသွယ်သွယ်လေးဖြစ်ပြီး ရမ်ရဲ့ ကိုယ်လုံးက နေရာအများကြီး မယူတာကြောင့် သူမတို့နှစ်ယောက် လွတ်နေတဲ့နေရာလေးမှာ အံဝင်ခွင်ကျ ဖြစ်ခဲ့လိုက်တယ်။


ကျီရှောင်အုံး အဲဒီနောက် သူမနေရာလွတ်ထဲကနေ အဝတ်အစားတွေရှာဖို့ လှည့်လိုက်ခဲ့တယ်။


သူမတွင် အဝတ်ထူထူက များများစားစား မရှိပေ၊ သူမရဲ့တစ်ထည်တည်းသော လေကာကုတ်အင်္ကျီ စုတ်ပြဲသွားသည့်အတွက် သူမ နှမြောမိတယ်။


ကျီရှောင်အုံး သိုးမွှေးဆွယ်တာနှစ်စုံနှင့် နောက်ထပ် သိုးမွေးအင်္ကျီတစ်ထည်ကို ရှာတွေ့ခဲ့‌ပေမဲ့ သူမ ယာယီလောက်နွေးဖို့အတွက်တော့ ထပ်မလိုချင်တော့ချေ။


သူမ က ဘေ့စ်ဘောဂျာကင်အင်္ကျီကို ၀တ်ထားပြီးဖြစ်သောကြောင့် ဇစ်ကို မြင့်မြင့်ဆွဲတင်လိုက်တယ်။


အဝတ်အစားအသစ်တွေ လဲဖယ်လိုက်ပြီး ကျားသစ်လေး ခုထိ မနိုးသေးတာတွေ့တော့ ထင်းရှာဖို့ သူမ အပြင်ထွက်သွားလိုက်ခဲ့တယ်။


သစ်ကိုင်းခြောက်အများစုက နှင်းများနှင့် ဖုံးပြီး စိုစွတ်နေတာမို့ သုံးလို့မရနိုင်တော့ဘဲ ထင်းခြောက်ရှာဖို့ သူမ အချိန်တော်တော်ကြာ သွားခဲ့တယ်။


သူမ ဂူထဲသို့ ပြန်ဝင်ကာ မီး မြန်မြန်မွှေးလိုက်ခဲ့တော့ နွေးထွေးမှုက လျင်မြန်စွာ မြင့်တက်လိုက်တယ်။


ရမ် နိုးလာချိန်တွင်တော့ လေထုက မီးခိုးများဖြင့် ထူထပ်နေခဲ့တယ်။ သူ မတ်တပ်ထရပ်ပြီး မသိစိတ်အရ သူ့သတိကို တိုးမြှင့်လိုက်ခဲ့တယ်။


မီးခိုးလုံး နောက်ကွယ်က ကောင်မလေးကို မြင်လိုက်ရမှ သူ လျင်မြန်စွာပင် ပြန်စိတ်တည်ငြိမ်သွားခဲ့တယ်။


သစ်သားက မီးတောက်ဖို့ အရမ်းစိုနေပြီး အခုလို မီးခိုးငွေ့တွေ ထူထပ်စွာ ထွက်ရှိလာတာပဲဖြစ်တယ်၊ ထူထပ်လွန်းလို့ သူမ မျက်လုံးတွေ မဖွင့်နိုင်တော့ဘဲ သူမ မသက်မသာဖြစ်သွားလိုက်တယ်။


သူမ မျက်နှာကို နောက်လှည့်လိုက်ပြီး ချောင်းဆိုးလိုက်ကာ သူမလက်ဖြင့် မီးကို ယပ်ခတ်လိုက်ခဲ့တယ်။


လေအေးတွေက လှိုဏ်ဂူထဲသို့ တိုက်ခတ်လာပြီး မီးခိုးငွေ့တွေက ကျီရှောင်အုံးရဲ့မျက်လုံးထဲသို့ တိုးဝင်လာလိုက်ကာ မျက်လုံးထဲတွင် အနီရောင်စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမခေါင်းကို ငုံ့ကာ မျက်လုံးတွေကို ပွတ်သပ်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့လက်တွေက မသန့်ဘဲ ပြာမှုန်တွေပေကျံနေတာကြောင့် သူမ မျက်လုံးထဲကနေ မျက်ရည်တွေ အဆက်မပြတ် စီးကျလာလိုက်တယ်။


သူမ အမှုန်တွေကို မသုတ်နိုင်တော့ဘဲ မျက်ရည်တွေ ပိုလို့တောင် ကျလာခဲ့တော့တယ်။


နောက်ဆုံးတော့ ကျီရှောင်အုံး လက်လျော့လိုက်ပြီး ဂူထောင့်တွင် ဒူးထောက်ကာ ငိုဖို့ပဲ အာရုံစိုက်လိုက်တော့တယ်။ သူမ တွေးတောနေလိုက်တယ်၊ သေလိုက်တာက သူမကမ္ဘာကို ပြန်သွားနိုင်လိမ့်မှာလား။


ဒါပေမယ့် သူမ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ဒီထူးဆန်းတဲ့နေရာက ထူးဆန်းတဲ့မြေအတိုင်း ရှိနေတုန်းပင်။ ဒီနေရာက ဘယ်မှာရှိမှန်းတောင် သူမ မသိခဲ့ပေ။


သူမ ဘယ်ကို သွားနိုင်မှာလဲ။


ဒီကျာသစ်နက်က သူမတို့ကို သတ်တော့မှာလား။


သူမ ဘယ်လိုများ ဒီတိုက်ကြီးထဲမှာ ရှင်သန်သွားရမှာများလဲ။


ဒီလိုမျိုး ရောထွေးနေတဲ့ စိတ်ခံစားချက်တွေက သူမရင်ထဲမှာ စိမ့်ဝင်သွားပြီး ကျီရှောင်အုံးရဲ့ စိတ်တွေ ကျဆင်းသွားကာ ပိုပိုပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတော့တယ်။


ဒါပေမယ့် သူမ ဘယ်လောက်ပဲ ငိုနေပါစေ မွေးကာစ ကြောင်ပေါက်စနလေးရဲ့ ငိုသံလို အသံသေးသေးလေး ပဲ ထွက်ရှိလာလိုက်တယ်။


ရမ် လှိုဏ်ဂူထောင့်မှ ကောင်မလေးကို အကြည့်မလွှဲ စိုက်ကြည့်လိုက်ပြီး ရုတ်တရက် မီးဖိုနှင့် မျက်နှာချင်းဆိုင်လိုက်ခဲ့တယ် ။


သူ သူ့လက်သည်းတွေကို မြှောက် လိုက်ပြီး ထင်းအနည်းငယ်အား ကျဲသွားရန် ခွာထုတ်ကာ လေဝင်လေထွက်ကောင်းစေဖို့ မီးဖိုအောက်နားတွင် သူ့လက်သည်းလေးတွေနဲ့ တွင်းတစ်ခု ယက်လိုက်၏။


ခဏကြာပြီးနောက် ထင်းရဲ့အပေါ်ယံမျက်နှာပြင်က မီးစွဲသွားခဲ့ကာ မီးတောက်လာလိုက်တော့တယ်။


ရမ် လှိုဏ်ဂူထဲတွင် စက်ဝိုင်းပုံ ပတ်လျှောက်သွားကာ လှိုဏ်ဂူအရွယ်အစားအား သူ စိတ်ပျက်သွားလိုက်တယ်။ သို့ပေမဲ့လည်း သူမရဲ့ အရည်အချင်းအရ ဒီလိုနေရာမျိုးကို ရှာတွေ့ဖို့ လွယ်မှာတော့မဟုတ်ပေ။


နောက်ဆုံးတော့ ရမ် ကျီရှောင်အုံး ဘေးနားတွင် ရပ်လိုက်ပြီး သူမဘေးက မြေကြီးပေါ် လှဲချလိုက်ခဲ့တယ်။ သူ သူ့ခေါင်းကို စက္ကန့်ပိုင်းမျှ ငုံ့ထားလိုက်ပြီး သူ့မျက်လုံးထဲတွင်တော့ မကောင်းတဲ့အရိပ်လက္ခဏာတစ်ခုက အန္တရာယ်ရှိနေတဲ့အခြေအနေမှာ စီးမျောသွားလိုက်ပြီး တဖျတ်ဖျတ်လက် သွားလိုက်ခဲ့တယ်။


The End