Chapter 23
Viewers 9k

 


အပိုင်း(၂၃)


ကျားသစ်နက်က အရပ်ရှည်ပြီး အခန်းတံခါးပေါက် ကျည်းဘောင်ထက် သူ့အရပ်က ပိုမြင့်နေခဲ့တယ်၊ ဒါပေမဲ့ သူကိုယ်ကို ကိုင်းညွတ်၍ အဝါရောင်မျက်လုံးတောက်တောက်များနဲ့ ကျီရှောင်အုံးအား စိုက်ကြည့်လိုက်ခဲ့တယ်။


ဒီရှုထောင့်ကနေ သူမ သူ့ရဲ့ပါးလွှာသော မေးစေ့ကိုသာ မြင်နိုင်လိုက်ပြီး စုစည်းထားသော ဩဇာအာဏာနှင့်အတူ သူ၏ ကိုယ်ဟန်အနေအထား ခက်ထန်မာကျောလို့နေခဲ့ကာ သူ့မျက်နှာပုံပန်းသွင်ပြင်က နောက်ကျောဘက်က အလင်းကြောင့် ပုန်းကွယ်နေခဲ့တယ်။


ကျီရှောင်အုံး က သူမခေါင်းကို မော့ထားလိုက်ပြီး သူမ အပြုံးက မပြယ်သွားသေးဘဲ သူမ မျက်လုံးများက အံ့သြသင့်မှုများဖြင့် မျက်ရည်လည်နေခဲ့တယ်။


ခဏကြာပြီးနောက်မှ သူမက တုံ့ဆိုင်းစွာနဲ့ မေးလိုက်တယ်၊ "မေးပါရစေ.. ရှင် ဘယ်သူကိုရှာနေတာလဲ" 


ကျားသစ်နက်က သူ့အကြည့်ကို လွှဲဖယ်လိုက်ကာ သူမရဲ့ အမေးစကားကို ပြန်မဖြေဘဲ သူ့ရဲ့ခြေတံရှည်ရှည်တွေဖြင့် အိမ်ထဲသို့ လှမ်းဝင်လိုက်ခဲ့ပါတယ်။


အိမ်က သေးသေးလေးဆိုတော့ တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်လေတယ်။ ယိုင်နဲ့နေတဲ့ သစ်သားစားပွဲနောက်ရှိ ကုတင်ပေါ်တွင် အရောင်စုံတွေရှိနေတဲ့ "စောင်များ" နှင့်အတူ စုတ်ပြတ်တဲ့ ကုတင်တစ်လုံးရှိနေခဲ့တယ်။


ကုတင်ဘေးတွင် ဝက်သစ်ချသားဗီဒိုတစ်လုံးရှိနေပြီး အတွင်းထဲတွင် အိုးပဲ့ ပန်းကန် ပဲ့အနည်းငယ်အား အစီအရီဆင့်စီ ထားခဲ့တယ်။


ဒါတွေအပြင် တခြားဘာမှ ရှိမနေခဲ့ချေ။


ကျီရှောင်အုံးက သူ့နောက်ကနေ လိုက်သွားပေမယ့် သူ့ကို တားဖို့ အချိန်မရလိုက်ပေ။ "ရှင် ဘယ်သူကို ရှာနေတာလဲ" 


"ရမ် ဘယ်မှာလဲ" ကျားသစ်နက်ရဲ့လည်ချောင်းသည် အောက်သို့ လှိမ့်ဆင်းသွားကာ သူ့အသံမှာ အေးစက်ပြီး ပျင်းတွဲတွဲ နိုင်နေခဲ့တယ်။


"..."


ဒါက ကျီရှောင်အုံး ဒီကမ္ဘာသို့ ရောက်ရှိလာပြီးတည်းက ဒီနာမည်ကို သူမကြားရတာ ဒုတိယအကြိမ်ပင်ဖြစ်၏။


ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အီရစ်တို့ရွာမှ ရှိနေတုန်းက ကျားသစ်နှစ်ကောင်က သူမကို ဘာမပြောညာမပြောနဲ့ ခေါ် ပြီး ဘယ်ဆီဘယ်ဝယ်မှန်းမသိရတဲ့ ရမ် ဆိုတဲ့ စကားလုံးအချို့ကို သူမအား မေးမြန်းလိုက်ခဲ့တာပင်။


'"ရမ်" က ဘယ်သူလဲဆိုတာ သူမမှ မသိတာပဲ၊ သူရှိတဲ့နေရာအကြောင်း သူမကို ဘာလို့ လာ လာမေးကြတာများလဲ။'


' ဖြစ်နိုင်တာ အဲဒါက ဒီအိမ်ရဲ့ပိုင်ရှင်ဟောင်းက ရမ် လို့ခေါ်တာများလား......'


'ဒီလိုဆိုရင်တော့ အိမ်ကို ဘာလို့ စွန့်ပစ်ခဲ့ရကြောင်း အမှန်တကယ် ရှင်းပြရမှာပဲ မလား။'


ဒီပြဿနာကို သတိထားမိတဲ့ ကျီရှောင်အုံး က "သူဘယ်မှာနေလဲ ကျွန်မမသိဘူး... မနေ့ကမှ ဒီအိမ်ကို ကျွန်မရှာတွေ့တာ၊ ဒီက လူတွေက မရှိတော့ဘူး။ တကယ်လို့ သူသာ ပိုင်ရှင်ဖြစ်ခဲ့ရင် ကျွန်မ သူ့အိမ်ကို ခွင့်ပြုချက်မရှိဘဲ သုံးမိတဲ့အတွက် တောင်းပန်ရမှာပဲ ။ ရှင်က သူ့သူငယ်ချင်းလား ။ တကယ်လို့ ရှင် သူ့ကို တွေ့ခဲ့ရင် ရှင် ကူပြီး စကားကြုံပါးပေးနိုင်မလား...... "


ကျားသစ်နက်က တံခါးပေါက်ဝမှာရှိနေကတည်းက ပထမဆုံးအကြိမ်အဖြစ် သူမအား ကြည့်လိုက်ပြီးတည်းက သူ့အကြည့်ကို မချပေးတော့ပေ။


ကျီရှောင်အုံး ဆောင်းဦးဆွယ်တာပွပွတစ်ထည် ဝတ်ထားခဲ့ကာ သူမနဲ့ ချောင်ကျနေတာကြောင့် ပုခုံးကနေ ပြန်ဆွဲတင်လိုက်ခဲ့တာက မိဘတွေရဲ့အဝတ်အစားကို ယူဝတ်ထားတဲ့ ကလေးတစ်ယောက်လို ဖြစ်နေခဲ့တယ်။


သူမလက်နှစ်ဖက်ကို အင်္ကျီလက်နှစ်ဖက်တွင် ထည့်ဝှက်ထားလိုက်ပြီး အနေရခက်စွာနဲ့ သူမရဲ့အင်္ကျီအနားစကို ချေမွနေတဲ့ လက်ချောင်းထိပ်များကိုသာ ထုတ်ဖော်ထားလိုက်ခဲ့တယ်။


ကျားသစ်နက်က ကျီရှောင်အုံးရဲ့ ချောမောလှပတဲ့မျက်နှာလေးကနေ သူ့မြင်ကွင်းအောက်ကနေ အနည်းငယ်လေး ရွှေ့ပြောင်းသွားခဲ့သော်လည်း သူမ ပြောတဲ့စကားကို အသိအမှတ်ပြုခြင်းမရှိ၊ ဝန်ခံခြင်းလည်းမရှိသလို တစ်ခုခုငြင်းဆိုခြင်းလည်း မရှိခဲ့ပေ။


သူ့အသံက အေးစက်နေရုံသာမက သူ့မျက်လုံးတွေကလည်း အေးစက်လို့နေခဲ့တယ်။


သူ့အကြည့်တွေက ကျီရှောင်အုံးရဲ့ ခန္ဓာကိုယ်ပေါ် ကျဆင်းသွားပြီး သူမ ကျောရိုးများ တောင့်တင်းကာ ချမ်းစိမ့်သွားသလို သူမ ခံစားလိုက်ရတယ်။


"မင်း ဘယ်သူနဲ့ နေနေတာလဲ" ကြွတ်ဆပ် ရိုးစင်းစွာနဲ့ သူထပ်ပြောလိုက်ခဲ့၏။


ကျီရှောင်အုံးက ငေးတိငေးကြောင်နဲ့ စိုက်ကြည့်လိုက်ပေမယ့် ဒီအိမ်က တခြားသူရဲ့ ပိုင်ဆိုင်မှုလို့ သူမ ထင်နေတုန်းပင်။ အခြားတစ်ယောက်၏အိမ်တွင် လက်လွတ်စပယ်နေနေဖို့ သူမတွင် ရှင်းပြချက်မျိုးရှိသင့်တာပဲမလား၊ ဒါ့ကြောင့်မို့ သူမ ပြောလိုက်တယ် "ဘယ်သူနဲ့မှ အတူမနေပါဘူး၊ ကျွန်မတစ်ယောက်တည်းပါပဲ" 


သူမ ခဏရပ်ကာ တွေးတောလိုက်ခဲ့တယ်၊ 'ထောင်ထောင်ကို လူသားလို့မှ ယူဆလို့မရနိုင်တာပဲ ဟုတ်တယ်မလား....'


ကျားသစ်နက်က စကားပြန်မပြောခဲ့ပေ၊ ဒါပေမဲ့ သူ ထွက်လည်း မထွက်သွားခဲ့လိုက်ပေ။


ကျီရှောင်အုံး တံခါးဝတွင် မတ်တပ်ရပ်ကာ ခဏလောက် တုံ့ဆိုင်းနေပြီးတော့ သူမလက်နှစ်ဖက်အား သူမနောက်သို့ ပို့လိုက်ခဲ့ကာ "လက်လွတ်စပယ်မေးရတဲ့အတွက် ခွင့်လွှတ်ပါရှင့် ......... ဒါပေမယ့် ရှင်က ဘယ်သူများလဲ"


ကျီရှောင်အုံးရဲ့ပုံရိပ်က သူ့အဝါရောင်မျက်လုံးသူငယ်အိမ်ထဲတွင် ရောင်ပြန်ဟပ်နေလိုက်ရင်းနဲ့ သူ ရပ်တန့်သွားခဲ့တယ်။


ခဏလောက်ကြားပြီးတော့ သူ့အသံနေအသံထားကို မနိမ့် မမြင့်စေဘဲနဲ့ သူ ပြောလိုက်တယ်။ "လောရန့်" 


ဒီလို သူ ပြောလိုက်ပြီးတော့ သူ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောပါဘဲ ထွက်ခွာသွားခဲ့တယ်။


"ခဏလေးနေပါဦး......" ကျီရှောင်အုံးက သူ့ကို တားဖို့ အမြန်အော်ခေါ်လိုက်ပြီး တံခါးဝတွင် ရပ်နေလိုက်ကာ အဝေးရောက်သွားတဲ့ သူ့ပုံရိပ် ကို ကြည့်လိုက်ကာ "ဒီ‌နေရာမှာ ကျွန်မ ဆက်နေလို့ရမလား "


လောရန့်၏ခြေလှမ်းများက မရပ်တန့်ခဲ့ဘဲ သူ သူမအား မည်သည့်တုံ့ပြန်မှုမှလည်း မပေးခဲ့လိုက်ပေ။


ကျီရှောင်အုံး : " ..."


*


ဒီကောင်က အရမ်းထူးဆန်းတာပဲ။


နားလည်ရခက်စွာ ရောက်ချလာပြီး နားလည်ရခက်စွာ သွားခဲ့လိုက်တာပဲ။


*


ကျားသစ်နက်သားရဲလူ ထွက်သွားလိုက်ပြီးနောက် ကျီရှောင်အုံး အခန်းထဲသို့ပြန်သွားလိုက်တော့ ကျားသစ်လေးက ကုတင်ပေါ်မှာ မရှိတာကို ရှာတွေ့သွားလိုက်ခဲ့တယ်။


သူက မျက်စိတစ်မှိတ်လေးအတွင်း ပြတင်းပေါက်နားကို ကူးသွားပြီး အဲဒီကနေ ခုန်ဆင်းကာ မီးဖိုနားမှာ ကုပ်ကုပ်ကလေး ငုံ့ထိုင်နေပြီး တံခါးပေါက်ဝကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့တယ်။


ကျီရှောင်အုံးက ဒါကို စိတ်ထဲမထားခဲ့လိုက်ပေ၊ ၈ နာရီခွဲ ဝန်းကျင်လောက်ရောက်တော့ အီရစ်က သူ့ပစ္စည်းကိရိယာတွေနဲ့အတူ တံခါးဝတွင် ထွက်ပေါ်လာလိုက်တယ်။


သူက ကျောက်ပုဆိန်နှင့် ကျောက်တူ၊ အခန်းပြင်ရင်သုံးတဲ့ပစ္စည်းအချို့နှင့် အခြားကိရိယာတော်တော်များများ ယူဆောင်လာခဲ့တယ်။


"အုံး... ငါ ဒီတဲအိမ်လေးဘေးမှာ တဲတစ်တဲ ကူဆောက်ပေးမယ်၊ ဒီလိုဆို နင် အဲ့အခန်းထဲမှာ မီးဖိုတစ်ခုနဲ့ ချက်လို့ပြုတ်လို့ ရတယ်၊ ရေသုံးရတာလဲ အခုထက် ပိုအဆင်ပြေလာလိမ့်မယ်" အဲရစ်က စိတ်ပါလက်ပါ အစီစဉ်ချနေခဲ့တယ်။


မနေ့တုန်းက အတိုင်းသာဆိုရင်တော့ ကျီရှောင်အုံးက အဲဒါကိုကြားရတာ အရမ်းပျော်နေလိမ့်မှာပင် ဒါပေမယ့် အခု မနက်တုန်းက ကျားသစ်နက်နဲ့တွေ့ခဲ့တာကို တွေးတောလိုက်ပြီး အီရစ်ကို ပြောပြလိုက်ခဲ့တယ်။


"... ဒီတဲရဲ့ တစ်ခြားတစ်ယောက်က အချိန်မရွေး ပြန်လာမှာကိုတော့ ငါ စိုးရိမ်တယ်၊ ငါတို့ စိတ်ကြိုက် အိမ်ကို ပုံစံပြောင်းလိုက်ရင် သူ ဒေါသထွက်သွားပါဦးမယ်၊ ထားလိုက်ပါတော့... အီရစ်ရယ်၊ နင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ၊ ဒါပေမယ့် ငါ ဒီနေရာမှာပဲ ထမင်းချက်လို့ ရေနွေးတည်လို့ရပါတယ်" 


သူမ ဒီတဲငယ်လေးတွင်နေ နေပေမဲ့လည်း ပိုင်ရှင်ကို မနှုတ်ဆက်ခဲ့လိုက်ရပေ.... . .


အီရစ်က နားထောင်ရင်း၊ ကျီရှောင်အုံးပြောစကားကနေ လုံးလုံးမတူကွဲပြားတဲ့ အချက်တစ်ခုကို အာရုံစိုက်ပြီး "ဒီတဲပိုင်ရှင်က ကျားသစ်တစ်ကောင်လား "


ကျီရှောင်အုံး က ခေါင်းညိတ်လိုက်တယ်။ 'အဲဒီလူက ကြည့်ရတာ ကျားသစ်နက်တစ်ကောင်လိုပဲ ပြီးတော့ သူ့သူငယ်ချင်း ရမ်ကလည်း . . ကျားသစ်ပဲဖြစ်ရမယ် မဟုတ်လား။'


အီရစ်က သိသိသာသာကို ထိတ်လန့်သွားလိုက်ပြီး တဲထဲကို ကြည့်လိုက်ချိန်မှာတော့ သူ့မျက်လုံးထဲမှာ တစ်ခုခုက အနည်းငယ်လေး လွဲမှားနေတယ်။


သူ မီးဖိုချောင်အကြောင်း ပြောနေတာကို ရပ်လိုက်ပြီး စားပွဲခုံ၊ တံခါးမနှင့် ကြမ်းပြင်ကို အာရုံအပျက်မခံဘဲ ပြန်ပြင်လိုက်ခဲ့တယ်။


စားပွဲခုံနဲ့ တံခါးပေါက်က သိပ်မကောင်းတော့ပေ၊ တံခါးက အတွင်းပိုင်းကနေ စပြီးဆွေးမြေ့လာတာမို့ အထိခိုက်မခံခဲ့ပေ။


ပျဉ်ပြားအသစ်များနဲ့ အစားထိုးတာကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။


အီရစ်က ကျောက်ပုဆိန်ကို တောထဲပြန်ထုတ်လာပြီး သစ်ပင်အနည်းငယ် ခုတ်လိုက်ခဲ့တယ်။ သူက သန်မာပြီး သူ့လက်မောင်းတွေက လေးလံတဲ့ ပုဆိန်ကို အလွယ်တကူ လှမ်းယူလိုက်သည်။ မကြာမီပင် သူ ထင်းသစ်သား ခုနှစ်ပိုင်း ရှစ်ပိုင်းလောက် ဖြတ်တောက်ပစ်လိုက်ခဲ့တယ်။


ကျီရှောင်အုံးက ဘေးကနေ ကြည့်နေပြီး ကူပေးချင်ပေမဲ့ သူမ မတတ်နိုင်လိုက်ပေ။ သူမ နောက်ဆုံးတော့ မြေပြင်ပေါ်ကျသွားတဲ့ သစ်ကိုင်းကျိုးတွေကို ကောက်ယူပြီး မီးမွှေးဖို့ ပြန်ယူသွားလိုက်တယ်။


အီရစ်က တံခါးကျည်းဘောင်၏ အရွယ်အစားကို စားပွဲခုံနဲ့ တိုက်ကြည့်လိုက်ပြီး တစ်မနက်တည်းနဲ့ စတုရန်းပုံ ပျဉ်နှစ်ချပ်ကို ပြုလုပ်လိုက်ခဲ့သည်။


အထပ်သားပြားလို့ မဖိသိပ်ဘဲနဲ့ ပျဉ်ပြားများကို သဲလွန်စမပါဘဲ တွဲချုပ်ရန် နည်းလမ်းမရှိပေ၊ ဒါပေမဲ့ အီရစ် က ပျဉ်ပြားတွေကို ကြိုးများနဲ့ တွဲဆက်ကာ အရိုးရှင်းဆုံးနည်းလမ်းကို သုံးလိုက်ခဲ့တယ်။


ပျဉ်ပြားများထဲသို့ မြောင်းရာလေးခု ထွင်းလိုက်ပြီး စားပွဲခြေထောက်လေးချောင်းကို မြောင်းရာထဲတွင် အံဝင်ခွင်ကျ ထည့်သွင်းလိုက်ခဲ့တယ်။


အခြားပျဉ်ပြားအား မြောင်းရာနှစ်ခုနှင့် အစွန်းထုတ်ထားတဲ့ပုံစံများဖြင့် အတူတူပူးတွဲထားလိုက်ပြီး၊ အဲဒီနောက် ဘောင်ခွင်ထဲတွင် စီခင်းလိုက်ခဲ့တယ်။


သူတို့ကို သပ်သပ်စီခွဲပြီး ကြိုးပမ်းလိုက်ခဲ့တော့ ပျဉ်ပြားနှစ်ခုစလုံး အလွန်တောင့်တင်းခိုင်မာနေခဲ့တယ်။


နေ့လယ်တွင်တော့ အီရစ်ယူလာတဲ့ ပြောင်းဖူးဘိန်းမုန့်ကို သူမတို့ အတူစားလိုက်ခဲ့ကြတယ်။


ကျီရှောင်အုံး အီရစ်ရှေ့တွင် မီးဖိုနှင့် ဂက်စ်ဘူးကို ထုတ်လို့မရနိုင်ခဲ့ပေ၊ ဒီနေရာမှာက မီးဖိုလည်း မရှိပေ . . သေချာတာပေါ့ မီးဖို တစ်ခုရှိခဲ့ရင်တောင် သူမ သုံးနိုင်မှာမှ မဟုတ်ပဲ။


နေ့လယ်စာစားပြီးနောက် အီရစ် ကြမ်းခင်းကို စပြင်လိုက်ခဲ့တယ်။


ကြမ်းခင်းမှာက အပေါက်နှစ်ပေါက် ရှိပြီး ကုတင်အောက်မှာ တစ်ပေါက်နဲ့ မီးဖိုဘေးမှာ တစ်ပေါက်ရှိလေတယ်။


ကုတင်အောက်က အပေါက်က သေးတော့ တစ်နာရီတောင် မကြာလိုက်ပဲ အီရစ်က သစ်သားကို အစားထိုးလဲလိုက်ခဲ့ပြီး ကွာခြားမှုတစ်စွန်းတစ်စမှ မရှိတော့ချေ။


တခြားနေရာကတော့ . အီရစ်က သူ့ဘေးမှာ မလှုပ်မယှက် လှဲလျောင်းနေတဲ့ အိပ်ပျော်နေတာလား မအိပ်ပျော်တာလား မသေချာတဲ့ ကျားသစ်ကို ငုံ့ကြည့်လိုက်ခဲ့တယ်။


"အဟွတ်.အဟွတ်....." အီရစ်က ခပ်လှမ်းလှမ်းတွင်မတ်တပ် ရပ်လိုက်ပြီး သတိရှိစွာနဲ့ ချောင်းဆိုးလိုက်ခဲ့တယ်။


သူ ရှေ့ကိုလည်း တိုးတောင် မတိုးရဲတာပဲ တခြားနေရာကို ရွှေ့ခိုင်းဖို့ဆို ပိုလို့ကြောက်ရွံ့မိနေလေတယ်..... အထူးသဖြင့် ရမ်ရဲ့ ပုံစံအမှန်ကို သူမြင်ပြီးတဲ့ နောက်ပိုင်းမှာတွင် ဖြစ်လေတယ်။


ရမ်က ဆက်လက်၍ မတုန်မလှုပ်လဲလျောင်းနေခဲ့ပြီး သူ့မျက်နှာအမူအရာက တစ်ချက်လေးတောင် မလှုပ်လိုက်ခဲ့ပေ။


*


ရမ် တစ်ယောက် တခြားအရာတစ်ခုအား တွေးနေတာပဲဖြစ်တယ်။


မနေ့က ကျီရှောင်အုံး က သူ့ကို နေရာလွတ်ထဲကို ထပ်ထည့်ပိတ်လိုက်ခဲ့တာပဲဖြစ်တယ်၊ သူမျှော်လင့်ထားသလိုပဲ ခြေကုန်လက်ပန်းကျစေတဲ့ ခံစားချက်က သူ့အား ခိုင်မြဲစွာ ထိုးနှက်လိုက်ခဲ့တယ်။


သိပ်မကြာခင်မှာပဲ သူ သတိလစ်သွားလိုက်ခဲ့တော့သည်။


ဒါပေမဲ့ မျှော်လင့်ထားတာနဲ့ မတူဘဲ သူ သူရဲ့အရွယ်ရောက်ပြီးတဲ့ ပုံစံသို့ ပြန်ပြောင်းမလာလိုက်ခဲ့ပေ။


---အဲဒီ့အစား သူ့နောက်ခြေထောက်က ဒဏ်ရာတွေက လျင်မြန်စွာ သက်သာသွားလိုက်တာပင်။


သားရဲလူသားတွေက သန်မာကြသော်လည်း ကျီရှောင်အုံး မှန်းဆထားသလိုတော့ မဟုတ်ပေ။ သူတို့တွေက အတွင်းဒဏ်ရာသေးသေးလေးတွေကိုပဲ တတ်နိုင်ကြတာဖြစ်သည်။


ဒါကြောင့်မို့ ဒီလိုလျင်မြန်တဲ့တိုးတက်မှုရဲ့အရင်းအမြစ်က ကျီရှောင်အုံးရဲ့နေရာလွတ်ကြောင့်သာ ဖြစ်နိုင်၏။


ရမ် မနေ့က တမင်တကာ စောင့်ကြည့်လေ့လာလိုက်ခဲ့ပြီး အဲဒီနေရာလွတ်ထဲတွင် အသား၊ ငါး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော လတ်ဆတ်တဲ့ပစ္စည်းတွေ အများကြီးရှိတာကို ရှာတွေ့ခဲ့တယ်။


သူထင်တာ မမှားရင်တော့ အဲဒါတွေကို အထဲမှာ သိမ်းထားတာ အရမ်းကြာနေပြီဖြစ်မည်။


အဲဒီနေရာမှာ အချိန်တွေ တဖြည်း ဖြည်း ရွေ့လျားလာတာကြောင့် အဲဒီအရာတွေ ပုပ်မသွားတာမျိုး ဖြစ်နိုင်မည်။


ထိုအရာက တကယ်တော့ မရွေ့လျားတာမဟုတ်ပေ၊ ရမ် အချိန်က တဖြည်းဖြည်းချင်း ရွေ့လျားနေတာကို ခံစားနိုင်နေတယ်။


'သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားပြီး ဒဏ်ရာတွေ သက်သာသွားတာနဲ့ အဲဒါက ဘယ်လိုသက်ဆိုင်နေတာများလဲ။'


ဒီမနက် လောရန့်ကို တွေ့ပြီးကတည်းက ရမ် သူ့ခန္ဓာကိုယ်ကို အမြန်ဆုံးပြန်ရဖို့အတွက် ပိုလို့တောင် စိတ် ရှည်ရှည်မထားနိုင်တော့ပေ။


လောရန့်က ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ ဆိုတာအတွက်ကတော့. .


အဖြေကို ရှာတွေ့ဖို့က ခက်ယဉ်းတာတော့ မဟုတ်ပေ။


ဒီအရာက ရိုးဒ် သို့မဟုတ် ဒိုး မှ ဆင်းသက်လာခဲ့တာပင်။


'သူတို့နှစ်ယောက်ကပဲ တစ်ခုခုကို မှန်းဆပြီး လောရန့် ကို ပြောပြလိုက်တာပဲဖြစ်လောက်မည်။'


'တစ်နည်းပြောရရင်တော့ နှစ်ယောက်ထဲမှ တစ်ယောက်က လောရန့်အမိန့်ကို နာခံနေပြီဖြစ်၏။'


လောရန့်က ကျားသစ်မျိုးနွယ်အကြီးအကဲအသစ် ဖြစ်ချင်ခဲ့တာပင်။


ရမ်ရဲ့လျှာက သူ့သွားများနဲ့ ပြင်းထန်စွာ ရိုတ်ခတ်မိလိုက်ကာ သူ့သွားစွယ်များထုတ်ဖော်ပြလိုက် သူ့မျက်လုံးများက ခက်ထန်လို့လာခဲ့တော့တယ်။


အီရစ်က သူ့ရှေ့တည့်တည့်တွင် ရှိနေလေရာ ကျားသစ်လေးကို ရန်စမိလိုက်ပြီလို့ တွေးထင်လိုက်ပြီး သူ့မျက်နှာက ဖြူဆွတ်သွားပြီး ယောက်ယက်ခတ်စွာ နောက်ပြန်ဆုတ်သွားလိုက်တယ်။


သူ့နောက်ကျောက "ဘန်း"ဆိုတဲ့အသံ နဲ့ စားပွဲခုံနဲ့ တိုက်မိလိုက်ကာ ခုံက အောက်ကို ဇောက်ထိုးကျသွားတော့တယ်။


ကျီရှောင်အုံး ဆက်ကြည့်ဖို့တောင် အလွန်စိုးရိမ်သွားလိုက်ပြီး အီရစ် အလုပ်မလုပ်နိုင်တော့မည်ကို စိုးမိတာနဲ့ သူမ ရှေ့သို့ တိုးကာ ရမ် အား သူမလက်မောင်းထဲတွင် ပွေ့ချီလိုက်ခဲ့တယ်။


အဲဒီနောက် သူမ ပါးစပ်ထောင့်တွေက စုဝိုင်းသွားလိုက်ရင်းနဲ့ အနည်းငယ်လေး ကသိကအောင့် ခံစားလိုက်ရကာ "ငါ ... ငါ ထောင်ထောင့်ကို ခေါ်ပြီး လမ်းလျှောက်ထွက်လိုက်ဦးမယ်"


အီရစ်တစ်ယောက် သက်ပြင်းရှည်ကြီးထုတ်လွှတ်လိုက်လျက် ကြမ်းပြင်ပေါ်တွင် ထထိုင်လိုက်တာကို သူမ မြင်လိုက်ခဲ့တယ်။ 


ချက်ချင်းပင် သူ့မျက်နှာက နီရဲလို့လာကာ ကျီရှောင်အုံး ရှေ့မှာဆို သူ သူ့ကိုယ်သူ အမြဲတမ်း အရှက်တကွဲ ဖြစ်နေတဲ့ပုံကိုပဲ ပြနေရသလိုဖြစ်တာကြောင့် သူ တော်တော်ကလေး စိတ်တိုသလို ခံစားလိုက်ရတယ်။


တဲအိမ်လေးထဲက လမ်းလျှောက်လာလိုက်ရင်း ကျီရှောင်အုံးက ရမ်အား တဲအိမ်လေးနောက်ဘက်က တောအုပ်ဆီ သို့ ခေါ်ထုတ်သွားလိုက်ခဲ့တယ်။


နေ့လယ်တုန်းက ပြောင်းဖူးဘိန်းမုန့်ကို စားရင်းနဲ့ သူမ တစ်ဝက်လောက်ချိုးပြီး သူ့ကို ကျွေးဖို့ ကြိုးပမ်းခဲ့ပေမယ့် သူကတော့ မျက်လုံးနှစ်လုံးနဲ့ ကြည့်ရုံသာ ကြည့်ပြီး တစ်လုပ်မှ မစားလိုက်ခဲ့ပေ။


မနေ့က သူမဗိုက်က အရမ်းဆိုးဆိုးရွားရွားအောင့်နေတော့ သူ့ကို အစာကောင်းကောင်းမကျွေးလိုက်ရဘူးပဲ။ တကယ်လို့ သူ မစားရင် သူ အစာငတ်မှာ သူမ စိုးရိမ်သွားလိုက်တယ်။


ကွယ်နေတဲ့နေရာတစ်ခုကို ရွေးရင်း ကျီရှောင်အုံး သစ်ပင်တစ်ပင်၏နောက်ကွယ်တွင် ပုန်းပြီးတော့ သူမနေရာလွတ်ထဲကနေ အမဲသားပြားတစ်ချပ်ကို ယူလိုက်ခဲ့တယ်။


သူ့ဒဏ်ရာတွေက တော်တော်လေး သက်သာလာတာမို့ သူ နွားနို့ကို နေ့တိုင်း သောက်ဖို့ မလိုအပ်တော့ဘူးပဲ။ ဒါပေမယ့် အသားနည်းနည်းစားတာက သူ့ရဲ့ကိုယ်ခံစွမ်းအား ပြန်ကောင်းဖို့ အကူအညီဖြစ်မှာပဲမလား။


ကျီရှောင်အုံး ကျားသစ်လေးရဲ့ ရှေ့မှာ ငုတ်တုပ်ထိုင်နေလိုက်ပြီး လက်တစ်ဖက်က သူမပါးကို ထောက်နေရင်း နှလုံးသားတစ်ခုလုံးမြှုပ်နှံပြီး သူစားနေတာကို ကြည့်ရှုနေလိုက်ခဲ့တယ်။


ရုတ်​တရက်​ သွယ်​လျ​တဲ့ အရိပ်​တစ်​ခုက သူမ​ပေါ်​သို့ ကျရောက်​လာခဲ့တယ်​။


ကျီရှောင်အုံး မော့ကြည့်လိုက်ပြီး တောင့်ခဲသွားတော့တယ်။


ဒီမနက်ကလာတဲ့ ကျားသစ်နက်က သူမရှေ့တွင် မတ်တပ်လာရပ်နေတာကို မြင်လိုက်ခဲ့ပြီး သူ့မျက်လုံးတွေက အနည်းငယ် အောက်စိုက်ကျနေခဲ့ကာ သူမအပေါ်ကနေ အုပ်မိုး၍ ကျားသစ်ပေါက်လေးအား သူ စိုက်ကြည့်နေခဲ့သည်။ 


ခဏကြာပြီးတော့ သူ သူ့ရဲ့ခြေတံရှည်ရှည်နဲ့ ကန်ကျောက်ပစ်ခဲ့လိုက်ရာ ကျားသစ်လေးရှေ့ရှိ အသားက လွင့်ပျံထွက်သွားတော့တယ်။


လောရန့်သည် မြေကြီးပေါ်သို့ ကွေးညွတ်ကာ ကျားသစ်ပေါက်ကလေးရဲ့ လည်ဂုပ်နောက်ကနေ မယူလိုက်ပြီး သူ့အား လေထဲသို့ အလွယ်တကူ သယ်ဆောင်သွားခဲ့လိုက်တယ်။ သူ့ပါးစပ်က အေးစက် လှောင်ပြောင်လိုတဲ့ အပြုံးတစ်ခုဖြင့် ကွေးညွတ်သွားခဲ့တော့တယ်။


End