အပိုင်း ၆၉
Viewers 14k

Chapter 69
ဆုတောင်း

_______


ဝါးမျိုခံလိုက်ရသည့် ဓားပြတွေအားလုံးအရိုးပင်မကျန်ခဲ့ချေ။ မော့ကျောက်ချိုင်သာသွားရန်ဆုံးဖြတ်လိုက်ပါက သေချာပေါက်ကိုဒုက္ခတွေ့မှာဖြစ်သည်။ သို့သော် သူက အံတင်းတင်းကြတ်ကာအရှေ့သို့ဆက်တိုးလျက်ရှိသည်။ သူတဖြည်းဖြည်းနှင့်မျက်စိကြီးအနားကိုရောက်သွားချိန်တွင် သူ၏နားထဲတွင်ရင်နှီးနေသည့်အသံကိုကြားလိုက်ရပြီး မော့ကျောက်ချိုင်၏မျက်လုံးများပြူးကျယ်သွားသည်။

"သခင်လေးလား"

"သခင်လေးလား"

မော့ကျောက်ချိုင်ကမေးလိုက်သည်။

"ဒါ သခင်လေးစကားပြောနေတာလား"

တစ်ယောက်မှ သူဘာကြားလိုက်သလဲဆိုတာမသိပေမယ့် သူကြည့်ရတာ အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။

"သခင်လေး ကျွန်တော်ဒီမှာ‌ ကျွန်တော် သခင်လေးကိုကယ်ဖို့ရောက်လာပြီ သခင်လေးထပ်ပြီးဒုက္ခခံစရာမလိုတော့ဘူး"

ဤစကားတွေကိုသူပြော‌ပြီးသည်နှင့် သူ့မျက်နှာထက်အပြုံးတစ်ခုရှိ‌နေပြီး သူ့ခြေလှမ်းတွေကအနည်းငယ်ပိုမြန်လာသည်။

"ကျွတ် ကျွတ် ကျွတ် သနားစရာပဲ"

မော့ချန်းလန်က‌ လင်းရုဖေး၏နဘေး၌ရပ်နေပြီး သူထံတွင်လင်းရုဖေးကိုတစ်ခုခုလုပ်ချင်သည့်ရည်ရွယ်ချက်ရှိပုံမရဘဲ သက်ပြင်းသာချလိုက်သည်။ သက်ပြင်းချသံထဲတွင်ခံစားချက်တစ်စုံတစ်ရာမရှိ၊ သာမာန်ဖြတ်သွားဖြတ်လာလူတယောက်ကဲ့သို့ပင်ဖြစ်သည်။

လင်းရုဖေးက မော့ချန်းလန်နှင့်မော့ကျောက်ချိုင်တို့ဘယ်လိုဆက်စပ်နေသလဲနှင့်သူတို့ဘာအကြောင်းကြောင့်ရှီးလျန်တောင်ပေါ်ကဓားပြရွာမှာပေါ်လာတာလဲဆိုတာကိုမသိချေ။ သူသိတာတစ်ခုက သူရှေ့ရှိမော့ချန်းလန်ကိုဟန်ဆောင်သတ်ပြဖို့အတွက် မော့ကျောက်ချိုင်မည်သည့်လှည့်ကွက်ကိုသုံးခဲ့သလဲဆိုတာကိုပင်။

လင်းရုဖေး ကြည့်နေတာကိုမြင်သည့်အခါ မော့ချန်းလန်က ရယ်မောလျက် "အလှလေး မင်းကကိုယ့်ကိုဒီလိုမျက်လုံးတွေနဲ့ဆက်ကြည့်နေဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုထိန်းနိုင်တော့မှာမဟုတ်ဘူးနော်"

လင်းရုဖေးကမေးလိုက်သည်။ "ဘာကို ထိန်းချုပ်တာလဲ"

မော့ချန်းလန်ပြန်ဖြေလေသည်။ "အစားစားချင်စိတ်နဲ့တဏှာရာဂဆိုတာကဖြစ်ရိုးဖြစ်စဉ်ပါပဲ"

လင်းရုဖေး : "ခင်ဗျားရဲ့ညာလက်ကမနာတော့ဘူးထင်တယ်နော်"

ထိုလက်ကသူ့ဒိုင်းကာဖြင့်ထိပြီးနောက် အစိတ်စိတ်အမွှာမွှာရိုက်ချိုးခံထားရတာဖြစ်သည်။ မော့ချန်းလန်၏ရွှင်မြူးနေသည့်ပုံစံမှာအရူးအလုပ်မခံလိုက်နဲ့၊ ပြောရမယ်ဆိုလျှင် သူကတ‌စ်လျှောက်လုံးညာဘက်လက်ကိုတုတ်တုတ်ပင်မလှုပ်ပေ။ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်ပုံရ၏။

မော့ချန်းလန်ကအံတင်းတင်းကြိတ်လိုက်ပြီး ".......မနာတော့ပါဘူး"

လင်းရုဖေးက သူ့လက်ထဲရှိဒိုင်းကာကိုဝှေ့ယမ်းပြလိုက်ပြီး "ဒါနဲ့နောက်တစ်ခါလောက်ထပ်ပြီးစမ်းကြည့်ချင်သေးလား"

မော့ချန်းလန်က မထိန်းနိုင်ဘဲ နောက်သို့တစ်လှမ်းဆုတ်မိသွားသည်။ ဤ လင်းကုန်းဇီ ကနူးညံပြီီးအားနည်းသည့်ပုံ‌ပေါက်ပြီးလွယ်လွယ်နှင့်အနိုင်ကျင့်လို့ရတယ်လို့ထင်ရပေမယ့် သူဆီကနေရိုက်ချိုးခံလိုက်ရတဲ့လူတွေကသာ ဘယ်လောက်နာကြောင်းသိလေသည်။ သူကဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် လင်းရုဖေး ဒိုင်း၏ရိုက်ချက်ကြောင့် လက်မှာအစိတ်စိတ်အမွှာမွှာကျိုးသွားရပြီး ပကတိပြန်ကောင်းလာစေရန်အချိန်ဘယ်လောက်ကြာမလဲဆိုတာ သူပင်မသိချေ။

မော့ချန်းလန်က ဘာမှပြန်မပြောတော့သဖြင့် လင်းရုဖေးရဲ့အာရုံအလုံးစုံမှာ မော့ကျောက်ချိုင်ထံပြန်ရောက်သွားသည်။ မော့ကျောက်ချိုင်က တစ်လှမ်းပြီးတစ်လှမ်းလျှောက်နေကာ မျက်စိကြီး၏အနားသို့ရောက်လုနီးပါးပင်ဖြစ်နေချေပြီ။

မျက်စိကြီးက လူအမြောက်အမြားကိုမျိုခပြီးနောက် အနက်ရောက်အက်ကွဲကြောင်းမှာ အနည်းငယ်ပိုကျယ်ပြန့်လာသည်။အတွင်းကနေ ထုတ်လွှင့်နေသည့် သွေးနံ့အမြောက်အမြား‌ကို လင်းရုဖေးပင် ခပ်ရေးရေးလေးရနေ၏။

မော့ကျောက်ချိုင်၏မျက်နှာထက်ကကြောက်ရွှံ့မှုများတဖြည်းဖြည်းမှေးမှိန်သွားပြီး ခုနကတောင်ပေါ်ဓားပြတွေမှာ တွေ့ရသည့်ရူးသွပ်ခြင်းနှင့်စွဲလမ်းခြင်းဘက်သို့ကူးပြောင်းသွားလေသည်။ သူ့အရှေ့က မျက်စိကြီးအား မတွေ့ရတာကြာပြီဖြစ်သည့်သူငယ်ချင်းဟောင်းနှင်ပြန်လည်တွေ့ဆုံနေရသောပုံမျိုးဖြင့်ကြည့်နေသည်။

နောက်ဆုံးမှာ မော့ကျောက်ချိုင်ရဲ့ခြေလှမ်းတွေကမျက်စိကြီးအရှေ့မှာရပ်တန့်သွားသည်။ သူ့လက်ကိုမြှောက်ကာ ထည့်လိုက်သည်နှင့် အက်ကွဲကြောင်းထဲကိုသူရောက်သွားမှာဖြစ်သည်။

လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူအနေနှင့် မော့ကျောက်ချိုင်မည်သို့အဆုံးသတ်မည်ကိုကြိုသိနေသည်၊မော့ချန်းလန်သည်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့နှစ်ယောက်လုံးစကားမပြောကြဖြစ်ပေမယ့် နှစ်ယောက်စလုံး၏ပုံမှာအတော်လေး လေးလံမှုန်မှိုင်းနေသည်။

သို့သော် မော့ကျောက်ချိုင်က သူရဲ့လက်ကိုဖြည်းဖြည်းချင်းမြှောက်လိုက်သည့်အချိန်တွင် သူကိုတစ်စုံတစ်ခုကဆွဲထားတာကြောင့် သူ့ခြေထောက်များယိုင်သွားကာ ကောင်းကောင်းမရပ်နိုင်တော့ဘဲမြေပြင်ပေါ်သို့လဲကျသွားသည်။ သူ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်တွင်လွယ်ထားသို့အိတ်ပေါ်သို့ကျသွားသည်။အိတ်ထဲမှ ဂျွတ်ကနဲ အသံတစ်ခုထွက်လာသည်။ ကြည့်ရတာအထဲရှိတစ်စုံတစ်ရာကျိုးသွားသည့်ပုံရသည်။ မော့ကျောက်ချိုင်မှာ ထိုအသံကိုကြားသည်နှင့် မျက်နှာအကြီးအကျယ်ပျက်သွားကာ လွယ်အိတ်အားဆွဲယူပြီးမြန်မြန်ဖွင့်ကြည့်လိုက်၏။

လင်းရုဖေးက အမြဲတမ်း ထိုအိတ်ထဲမှာဘာရှိနေလဲဆိုတာ သိချင်နေခဲ့တာဖြစ်သည်။ ယခုမော့ကျောက်ချိုင်တစ်ယာက် အိတ်ထဲကထုတ်လိုက်​​ပြီဖြစ်၍ သူ မြင်ရချေပြီ။

အနက်ရောင်သစ်သားသေတ္တာကိုသာမာန်ထပ်ပိုပြီးတင်းတင်းကြပ်ကြပ်ထုတ်ပိုးထားသည်။ ယင်းက အလျား၊ အနံ့ နှစ်ခုစလုံး နှစ်‌ပေခန့်ရှိပြီး နူးညံသည့်အစများနှင့်အထပ်ထပ်ထုတ်ပိုးထားတာကြောင့် အထဲတွင်ကွဲလွယ်ရှလွယ်သည့်ပစ္စည်းများရှိလောက်သည်။

မော့ကျောက်ချိုင်က သေတ္တာကိုထုတ်ယူလိုက်သည်။ သူလဲကျလိုက်၍ သစ်သား‌သေတ္တာ၏ထောင့်ကွဲသွားတာမြင်လိုက်ရသည့်အခါ သူ၏မျက်နှာက အလွန်အကျည်းတန်သွားသည်။

သူ ဂရုတစိုက်ဖြင့်သေတ္တာအားဖွင့်လိုက်ပြီးနောက် အထဲကပစ္စည်းမထိခိုက်တာသေချာမှသာသက်ပြင်းအရှည်ကြီးချလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

"ကံကောင်းလို့ ကံကောင်းလို့ ဘာမှမဖြစ်တာ"

ထိုစကားတွေကိုတိုးတိုးလေးရေရွတ်ရင်း သူ့အရှေ့ကသစ်သားသေတ္တာကိုပွတ်သတ်လိုက်ပြီးနောက် ပါးလွှတဲ့အစိုဓာတ်ကသူမျက်လုံးတွင်ရစ်ဝိုင်းလာပြီး "သေ‌လောက်အောင်လန့်သွားတာပဲ"

မော့ချန်းလန်က မော့ကျောက်ချိုင်၏အပြုအမှုကိုမြင်သည့်အခါ သူ့မျက်နှာကပျက်ယွင်းသွားပြီး အေးစက်စက်ရေရွတ်လိုက်၏။

"ဟမ့် အဲ့ဒါကိုသူတကယ်ရှာနိုင်မယ်လို့ မထင်ထားဘူး"

လင်းရုဖေးသည် ယခုအချိန်ထိ မော့ကျောက်ချိုင်တစ်ယောက် မည်သည့်အရာကိုရှာကာ မည်သည့်အရာကိုရှာတွေ့ခဲ့လဲဆိုတာအတိအကျမသိချေ။ သို့သော် ယင်းကမော့ချန်းလန်ကို အားကောင်းသည့် လူသတ်လိုသောအရှိန်အဝါများလျှံထွက်လာစေသည်။ လင်းရုဖေးတစ်ယောက် စူးစမ်းနေတုန်းမှာပဲ မော့ကျောက်ချိုင်ကသေတ္တာထဲမှအရာကိုညင်ညင်သာသာလေးထုတ်နေသည်ကိုတွေ့လိုက်ရသည်။

ယင်းက အံဩထိတ်လန့်စရာကောင်းလောက်အောင်ပင် လူသားတစ်ယောက်၏ဦးခေါင်းဖြစ်နေသည်။ ခေါင်းပိုင်ရှင်မှာဆယ်ကျော်သက်အရွယ်ဖြစ်ပြီး သာမာန်လူသားတစ်ယောက်၏ဦးခေါင်းနှင့်မကွဲပြားပေ။ ထိုခေါင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အလားမျက်လုံးများကိုမှိတ်ထားသည်။

"သေစမ်း"မော့ချန်းလန်ကဆဲရေးလိုက်ပြီး "မော့ချန်းရှန်ကဘယ်လိုလုပ် ဒီလိုနာခံတတ်တဲ့ခွေးကို မွေးထားနိုင်ရတာလဲ"

ထိုစကားလုံးတွေက လူကို အတော်လေးစိတ်မသက်မသာဖြစ်စေသည်။ လင်းရုဖေးက မျက်မှောင်ကြုတ်လျက် မော့ချန်းလန်အား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

လင်းရုဖေး၏အကြည့်ကြောင့် မော့ချန်းလန်က အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး သူရဲ့လူသတ်လိုသည့်အရှိန်အ၀ါမှာလည်း အနည်းငယ်လျော့သွားကာ ရှင်းပြလာ၏။

"ကိုယ် ဘယ်တစ်ယောက်ကိုမှကျိန်ဆဲတာမဟုတ်ဘူး ဒီ မော့ကျောက်ချိုင်က မော့ချန်းရှန်းရဲ့ခွေးတွေထဲကတစ်ကောင်လေ"

လင်းရုဖေးကခံစားချက်မရှိသည့်မျက်နှာဖြင့် "လူတစ်ယောက်ကိုခွေးလို့ပြောတာက ကျိန်ဆဲတာမဟုတ်ဘူးပေါ့"

မော့ချန်းလန်က​ပြန်ရှင်းချက်ထုတ်သည်။ "ဒါက...ပြောရရင် မော့ကျောက်ချိုင်ကတော့မတူဘူး...သူက အစကတည်းက ခွေးလေ"

လင်းရုဖေးက ပို၍ပင်မကျေနပ်ဖြစ်လာမိသဖြင့် လေသံကပုံမှန်ထက်ပိုမြင့်သွားပြီး "အခုချိန်ထိ မင်းကကျိန်ဆဲတာမဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့လေ"

ယင်းစကားကြောင့် မော့ချန်းလန်မှာ အံအားသင့်သွားပြီးအချိန်တော်တော်ကြာတဲ့အထိ မည်သည့်စကားမှပြန်မပြောနိုင်တော့ပေ။

အဆုံးတွင် သူ၏ညာဘက်လက်ကိုသာ ကူကယ်ရာမဲ့စွာဖြင့်ယမ်းပြလိုက်ပြီး "ထားလိုက်ပါတော့ ကိုယ် မင်းကိုရှင်းပြရမှာပျင်းတယ်"

​ဆိုရလျှင် လင်းရုဖေး၏ခန္တာကိုယ်တွင် ချီဓားအငွေ့အသက်မရှိတာကြောင့် ‌သူကြောက်စရာမလိုပေ၊ သိုပေမယ့် ဒိုင်းကိစ္စကြောင့် ဤကျောက်စိမ်းလိုနူးညံသည့် ကုန်းဇိလေးက အနည်းငယ်ကြောက်ရွံ့စရာကောင်းသည်ဟု သူမြင်နေရ၏။

ယခုမော့ကျောက်ချိုင်လက်ထဲမှာ ကိုင်ထားသည့်ခေါင်းက သေဆုံးသွားပြီးဖြစ်တဲ့ မော့မိသားစုရဲ့အကြီးဆုံးသား မော့ချန်းရှန်း၏ခေါင်းဆိုတာပြေးကြည့်စရာပင်မလိုပေ။ သူသေသွားတာနှစ်အနည်းငယ်ရှိနေပြီဆိုပေမယ့် သူရဲ့ဂုဏ်သတင်းမှာမူကျော်ကြားလှပေသည်။ မော့မိသားစုလို့ပြောလိုက်သည်နှင့် သူ့နာမည်ကိုကြားလိုက်ရတဲ့သူအားလုံးက သနားလွန်းတာကြောင့် သက်ပြင်းသာချမိကြသည်။

လင်းရုဖေးသည်လည်း မော့ချန်းရှန်းဆိုသည့် နာမည်ကိုကြားဖူးနား၀ရှိ၏။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ယင်းနာမည်မှာ လင်းပျန့်ယွီ၏နာမည်နှင့်တပူးပူးတတွဲတွဲဖြစ်ခဲ့သည်။

အနောက်တောင်တန်းတွေပေါ်၌အမြွာကြယ်နှစ်ပွင့်ရှိသည်ဆိုတာ လူတိုင်းသိကြသည့်ကိစ္စတစ်ရပ်ပင်ဖြစ်သည်။

ပထမကြယ်ကကျောက်စိမ်း(ယွီ)ဖြစ်ပြီး ဒုတိယကြယ်ကမူ တောင်တန်း(ရှန်း)ဖြစ်သည်။ ယင်းကြယ်နှစ်ပွင့်က လင်းပျန့်ယွီနှင့်မော့ချန်းရှန်းကိုရည်ညွှန်းတာဖြစ်လေသည်။ မော့ချန်းရှန်းနှင့်လင်းပျန့်ယွီတို့မှာရွယ်တူဖြစ်ပြီး အရည်အချင်းကလည်းအတူတူပင်ဖြစ်၏။

ကံမကောင်းစွာဖြင့်၊ ဘုရားသခင်ကသူရဲ့အရည်အချင်းကိုမနာလိုဖြစ်သွားပုံရသည်။ ထိုသူမှာ သူ၏ဆယ်ခြောက်နှစ်ပြည့်မွေးနေကိုပင်မှမကျော်လွန်နိုင်ခဲ့ပေ။

ထိုနှစ်ကခွန်လွန်းဓားဂိုဏ်းကနေပြီး အင်အားကြီးမားသည့် လူများကို ဓားပြိုင်ပွဲသို့လာရောက်ယှဉ်ပြိုင်ရန်ဖိတ်ကြားခဲ့သည်။မော့ချန်းရှန်းက ယှဉ်ပြိုင်ဖို့သွားရာလမ်းတစ်၀က်၌ပျောက်သွားခဲ့သည်။ ဤကိစ္စကိုမော့မိသားစုကသိသွားသည်နှင့် ချက်ချင်းလူလွှတ်၍ရှာဖွေခဲ့ကြသည်။ ရက်ပေါင်းနှစ်ဆယ်လောက်ရှာဖွေပြီးနောက် သူတို့က မော့ချန်းရှန်း၏ခန္တာကိုယ်ကိုခွန်းလွန်ကနေမိုင်ပေါင်းရာချီဝေးသည့်ချောင်းတစ်ခု၌ရှာတွေခဲ့လေ၏။

သူ့အားဓားကိုကိုင်ကာ ချောင်း၏အစပ်တွင်ဒူးတစ်ဖက်ထောက်နေသည်အားတွေ့လေသည်။ သူရဲ့ကိုယ်ပေါ်ကသွေးတွေပင်ခြောက်သွေ့နေပြီဖြစ်ပြီး လည်ပင်း၏အပေါ်ပိုင်းမှာမူမရှိတော့ချေ။ တစ်ယောက်ယောက်က မော့ချန်းရှန်းအားသတ်ပြီးနောက် ခေါင်းကိုသေသေသပ်သပ်ဖြတ်ယူသွားခြင်းဖြစ်သည်။

မော့မိသားစုက ယင်းအဖြစ်အပျက်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး လူသတ်သမားအတွက်ကြီးမားတဲ့ဆုလာဘ်ကိုကမ်းလှမ်းခဲ့သည်။

သို့သော် ဆယ်နှစ်ကြာသည်အထိ လူသတ်သမားအားရှာမတွေ့ကြချေ။

ထင်မှတ်ထားသလိုပင်။ ထိုလူကမော့ချန်းရှန်းလို ပါရမီရှင်ကိုပင် သိုသိုသိပ်သိပ်နှင့်ခြေရာလက်ရာမကျန်အောင်သတ်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့်သူရဲ့အသက်ကို‌ငွေပေးပြီး၀ယ်မရနိုင်ပေ။ မော့မိသားစုက တဖြည်းဖြည်းအင်အားနည်းလာပြီး ကျန်းဟူတစ်ခုလုံးကိုထိတ်လန့်စေခဲ့သည့် ထိုလူသတ်မှုကလည်း တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားလေတော့သည်။ လူတွေကမေ့လွယ်ပျောက်လွယ်သည်။ အချိန်ကြာလာသည်နှင့်အမျှ လူတွေက မော့ချန်းရှန်းဆိုသည့်နာမည်ကိုသာမက ထိုနှစ်ကဖြစ်ပျက်ခဲ့သည့် လူသတ်မှုကိုပင်တဖြည်းဖြည်းမေ့လျော့လာကြ၏။၊မော့မိသားစုကျဆုံးသွားပြီးတဲ့နောက်မှာ ယင်းကိစ္စနှင့်ပတ်သတ်ပြီး မည်သူကမျှအစမဖော်ကြတော့ပေ။

ဤစကားတွေက ယွီရွေ့နှင့်ဖူဟွား၏သီးသန့်အတင်းစကားဝိုင်းမှကြားသိခဲ့ရခြင်းဖြစ်သည်။ တောင်ပေါ်ကအစေခံတွေမှာ လုပ်စရာများများစားစားမရှိ၍ ယခုလိုစိတ်၀င်စားဖို့ကောင်းသည့်ပုံပြင်တွေကိုနားထောင်ရ၊ ပြောရတာကိုနှစ်သက်လေသည်။ မော့ချန်းရှန်း၏ပုံပြင်ကတခြားသူတွေအဖို့ အတော်လေးစိတ်၀င်စားစရာကောင်းသည်ဟု ဆိုလို့ရပေမယ့်ထိုအထဲတွင်သက်ပြင်းချသံမှာ အနည်းငယ်နှင့်ရောနှောနေတတ်ပေသည်။ လူတွေကမတွေးမိဘဲမနေနိုင်ကြပေ။ အကယ်၍များ မော့ချန်းရှန်းသာ အသက်ရှင်နေသေးပါက လင်းမိသားစု၏ဒုတိယသားလင်းပျန့်ယွီကဲ့သို့ပင် အင်အားကြီးသည့်ဓားသမားတစ်ဦးဖြစ်လာနိုင်မလားဆိုတာကိုပင်။

ကံမကောင်းစွာဖြင့် ကွန်လွန်သွားတဲ့သူက အဆုံးတွင်မြေကြီးဖြစ်သွားလို့ အတိတ်ကိုပင်ခြေရာခံလို့မရတော့ချေ။

မော့ကျောက်ချိုင်က မော့ချန်ရှန်း၏ ခေါင်းကိုလက်ထဲ၌ကိုင်ပြီး ဖရိုဖရဲဖြစ်‌နေသည့် ဆံပင်အားသပ်ရပ်သွားအောင်ဖြည်းဖြည်းချင်းချင်းလုပ်ပေးနေ၏။

ယင်းကိုမော့ချန်လန်မြင်သည်နှင့် အကြည့်လွှဲလိုက်ကာ အသံတိုးတိုးဖြင့်ဆဲရေးလေတော့သည်။

လင်းရုဖေး၏စိတ်ထဲတွင်အလွန်တရာရှုပ်ထွေးနေပြီး သူ မော့ကျောက်ချိုက်ကိုကြည့်မိချိန်တွင် သူစိတ်ထဲသက်ပြင်းသာချလိုက်မိသည်။ ထိုနှစ်က မော့မိသားစုအင်တိုက်အားတိုက်ရှာဖွေခဲ့တာတောင်မှ မော့ချန်းရှန်း၏ဦးခေါင်းကိုပြန်မတွေ့ခဲ့ချေ။ သူ့အရှေ့က မော့ကျောက်ချိုင်လို့ခေါ်သည့် အစေခံလေးကသူသခင်ရဲ့ခေါင်းကိုပြန်ရယူနိုင်ဖို့ဘယ်လိုနည်းလမ်းတွေသုံးပြီး ဘာတွေလုပ်ခဲ့ရသလဲဆိုတာမည်သူမျှသိနိုင်မည်မဟုတ်ချေ။ သူ့ရဲ့အသက်ကိုကြည့်လိုက်တော့လည်းအသက်ကြီးသည့်ပုံမရသေးချေ။ မော့ချန်းရှန်သေသွားတုန်းက သူသည်ကလေးအရွယ်လောက်သာရှိလောက်သေးသည်။ သူက လင်းရုဖေးကိုလှည့်ဖြားခဲ့ပေမယ့် လင်းရုဖေးက သူ့ရဲ့ဇွဲလုံလနှင့်လုပ်နိုင်စွမ်းကို ချီးကျူးမိ၏။

"သခင်လေး ကျောက်ချိုင်ကြိုးစားကြည့်မယ် စိတ်မပူပါနဲ့"

မော့ကျောက်ချိုင်က သူ့သခင်၏ဆံပင်အားသက်သပ်ရပ်ရပ်လုပ်ပေးလိုက်ပြီးနောက်အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ကျောက်ချိုင်ကသိပ်အသုံးမကျတော့ ဒါက တစ်ခုတည်းသောနည်းလမ်းပဲ"

'သူကအားနည်းလွန်းတယ်...သူက ဓားရေးလည်းမကျွမ်းကျင်သလို မှော်ပစ္စည်းများကိုလည်းမရှာနိုင်ဘူး...'

သူက ထိုအတိုင်းသာဆက်သွား‌နေလျှင် မော့‌ချန်းရှန်းကိုအသက်ပြန်သွင်းနိုင်တော့မည်မဟုတ်ချေ၊ သူ့အရှေ့မှာ‌ရှိနေသည့်သွေးမျက်စိကြီးကသူအတွက်တစ်ခုတည်း‌သောအခွင့်အရေးသာဖြစ်သည်။

ထိုနှစ်က ကောင်းကင်ဘုံမင်းကြီးက ချဲ့လန်မြစ်တစ်လျှောက် ရှီးလျန်တောင်တန်းမှခွန်လွန်းတောင်အထိသူ၏ဓားဖြင့်အနောက်ဖက်အရပ်ကိုရောက်လာခဲ့သည်။ တစ်ယောက်မှ သူဘယ်သွားလည်းဆိုတာမသိပေမယ့် သူရှီးလျန်တောင်ကိုဖြတ်သည့်အချိန်တွင် သေမျိုးတွေရဲ့ဆုတောင်းကိုဖြည့်ပေးနိုင်သည့် သွေးရောင်အရာတစ်ခုပြုတ်ကျခဲ့ကြောင်းကောလဟာလများရှိခဲ့၏။

ဒဏ္ဏာရီတိုင်းက အခြေအမြစ်မရှိဘဲ ပေါ်လာတာမဟုတ်ကြောင်းမော့ကျောက်ချိုင်ယုံကြည်သည်။

"မော့ကျောက်ချိုင် အဲ့ကိုမသွားနဲ့...မင်းသေလိမ့်မယ်"

လင်းရုဖေးက မော့ကျောက်ချိုင်မတ်တပ်ပြန်ရပ်ပြီး ခေါင်းကို သေတ္တာထဲပြန်ထည့်လိုက်တာကိုမြင်လိုက်သည့်အတွက် အော်ပြောလိုက်သည်။

"ဒီလူသားစားတဲ့အရာကြီးက ဘယ်လိုဖြစ်လို့ ရတနာဖြစ်ရမှာလဲ"

မော့ကျောက်ချိုင်က လင်းရုဖေးဘက်သို့လှည့်လိုက်သည့်အခါ သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုကုတ်လိုက်ပြီး မျက်နှာ၌မူ မလုံမလဲအပြုံးလေးရှိနေ၏။

"လင်းကုန်းဇီ ပြောရမယ်ဆို အဲ့ဒီဒိုင်းကအတုကြီး အဲ့ဒါက ဒီအတိုင်းလမ်းဘေးမှာ ကြုံတဲ့ဓားနဲ့ခုတ်လိုက်လို့ မပြတ်တဲ့ ကြုံရာထင်းချောင်းတစ်ချောင်းပဲရယ် ပါ၀င်ပစ္စည်းကလည်း ပုံမှန်သံရိုင်းပါပဲ ကြွပ်ဆပ်ဆပ်နိုင်တဲ့သံအမျိုးအစားပေါ့"

လင်းရုဖေးကမေးလေသည်။ "ဒါက တကယ်အတုကြီးလား"

မော့ကျောက်ချိုင်ကပြန်ဖြေလေသည်။ "အဟုတ်ကိုပဲ.."

လင်းရုဖေးက ဆက်ပြီးတော့မေးလိုက်၏။

"ဒါဆို မော့ချန်းလန်ရဲ့လက်ကဘာလိုကျိုးသွားတာလဲ"

မော့ကျောက်ချိုင်ကအကြာကြီးတိတ်နေပြီးမှပြန်ဖြေလာသည်။

"သူက အသုံးမကျတဲ့လူဖြစ်လို့နေမှာပေါ့"

မော့ချန်းလန်က ဒေါသတကြီးဖြင့်စူးစူးရဲရဲစိုက်ကြည့်နေပြီး သူခန္တာကိုယ်ထက်တွင် သတ်ဖြတ်လိုသည့်အရှိန်အ၀ါတွေ ဖုံးလွှမ်းသွားပေမယ့် ယင်းကိုလင်းရုဖေးနှင့် မော့ကျောက်ချိုင်တို့ကသိပုံမရချေ။ နောက်ဆုံးတွင် သူသာအားလျော့လိုက်ရပြီး ကျိုးနေသည့်သူရဲ့ညာဘက်လက်အားအသာထိလိုက်၏။

"ဘာဖြစ်ဖြစ်.....အဲ့ဒီဒိုင်းကအတုကြီး"

__ ___

[ ၀ူး၀ူး...ကိုကိုရွှမ်းတု ကိုလွမ်းတယ် ]

_ _


Translated By IQ-Team.

_