Chapter 27
Viewers 9k

 


အပိုင်း(၂၇)


ဒီ‌မြင်ကွင်းကို အထူးတလည် ရင်းရင်းနှီးနှီးဖြစ်‌နေခဲ့တယ်။


ကျီရှောင်အုံး ဝိုးတိုးဝါးတားနဲ့ နောက်ကြောင်း ပြန်တွေးလိုက်တယ်။ သူမ အရင်တုန်းက ဒီ‌ဖြစ်ရပ်ကို အတိအကျကို မြင်ဖူးကြောင်း ကျိန်ပြောနိုင်‌လေတယ်။


အဲဒါက ဘယ်မှာပါလိမ့်.......


ကျီရှောင်အုံး သူမမျက်လုံးများကို မှိတ်လိုက်ကာ မှတ်မိဖို့ ကြိုး‌စား‌ပေမဲ့ သူမ ခါးက အရမ်းနာ‌ေနခဲ့တယ်။ အနာရှိန်က အာရုံကြောထဲထိသို့ ဖောက်ထွင်းဝင်ရောက်ကာ စူးအောင့်နေပြီးတော့ သူမ နဂိုပုံမှန်အတိုင်း တွေးတောလို့ မရနိုင်အောင်ပင်။


သူမနားထဲတွင်‌တော့ သားရဲ‌ကောင်များ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတဲ့ ရှုပ်ထွေးသော အသံများပြည့်‌နေပြီးတော့ လောရန့်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ၊ အော်ဟစ်ဟိန်း‌ဟောက်သံ ၊ ဝှီးခနဲအော်မြည်သံနှင့် ပြင်းထန်တဲ့အသက်ရှုရှိုက်သံများဖြင့် ပြည့်နှက်နေခဲ့တယ် . .


သူမ အမေနဲ့ ဖေဖေရဲ့ အသံနဲ့ ကျောင်းကားရဲ့ စူးရှကျယ်‌လောင်စွာ ချိုးကွေ့လိုက်တဲ့ အသံကိုတောင် သူမ ကြားလိုက်ရတယ်။


"ဒီအကောင်စုတ်တွေ ဘယ်လို‌‌တွေများစဉ်းစားလိုက်လဲ ငါ တကယ် မသိ‌တော့ဘူး။ နွေရာသီခရီးထွက်ဖို့ ဒီနေရာကိုမှ ဘာလို့ ရွေးလိုက်တာလဲ။ တောထဲမှာ တောရိုင်းတိရိစ္ဆာန်တွေ အများကြီးရှိတယ်လို့ ငါကြားတယ်။ ငါတို့ Disney သွားပြီး Buzz Lightyear ဆော့တာ ပိုကောင်းဦးမယ်... ‌ရှောင်အုံး.. နင်လည်းပြောဦး"


. . .


"ငါက.. အင်း.. ငါကတော့ မဆိုးဘူးလို့ထင်တာပဲ" ကျီရှောင်အုံး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်ကာ သူမရဲ့နက်မှောင်‌တဲ့ မျက်လုံးများက တောက်ပ‌သွားပြီး သူမ ပြုံးလိုက်တယ်။ စူးစမ်းလိုစိတ်က တစ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုက တစ်ပိုင်းဖြစ်‌နေခဲ့တယ်။ "တိရိစ္ဆာန်တွေက များသောအားဖြင့်တော့ တောနက်နက်ထဲမှာ နေကြတာမလား ငါတို့‌တွေက တောင်ခြေမှာပဲကို၊ ငါတို့ တစ်ကောင်မှတောင် တွေ့မှာမဟုတ်ပါဘူး။"


. . . . . . . . .


ထိုင်းမှိုင်းလေးကန်တဲ့ အခြေအ‌နေအထဲ နက်နက်ရှိုင်းရှိုင်းမရောက်သေးလိုက်ခင် ကျီရှောင်အုံးက ထိုဟာကို သတိရသွားလိုက်တယ်။ ဒါက သူမအတန်းဖော်နဲ့ နောက်ဆုံးပြောလိုက်တဲ့ စကား‌ပြောလိုက်တာပဲ။


အဲဒီနောက်မှာတော့ သူမ ဘတ်စ်ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို တည့်တည့်ပြုတ်ကျသွားခဲ့တာပဲ။


ပြုတ်ကျနေတဲ့ဖြစ်စဉ်အတွင်းမှာ သူမ ချစ်ချစ်တောက်ပူလောင်နေတဲ့ နေရောင်ခြည်ကို ပိတ်ကွယ်နေတဲ့ အလွန်ကြီးမားတဲ့ တိရစ္ဆာန်တစ်ကောင်က သူမ ခေါင်းပေါ်မှ ခုန်ကျော်လွှားသွားလိုက်တာကို သူမ မြင်လိုက်ရခဲ့တယ်။


တူညီတဲ့အရောင်၊ တူညီတဲ့ပေါ့ပါးဖျတ်လတ်မှု၊ ထိုသားရဲကား အရွယ်ရောက် ကျားသစ်တစ်ကောင်ပဲဖြစ်တယ်။


*


ဒီအရာက သူမကို ဒီကမ္ဘာ‌ေလာကထဲ ဆွဲခေါ်သွားလိုက်တာပဲ။


*


. . . . . . . . . . .


နှင်းတောထဲတွင် ရက်စက်ကြမ်းကြုတ်တဲ့ ကျားသစ်က သူ့ရှေ့ခြေထောက်ကို မြှောက်လိုက်ခဲ့တယ်။ ခဏလေးအတွင်းမှာပဲ လောရန့်တစ်ယောက် မြေပြင်ပေါ်တွင် သွေးသံရဲရဲကိုယ်ခန္တာနဲ့ လမ်းတိုင်းလိုလို လွင့်စင်နေခဲ့တယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ တိရစ္ဆာန် အကုန်လုံးပဲ သူတို့ လိုဏ်ဂူတွေထဲမှာ ပုန်းအောင်းနေကြပြီး စွန့်စားထွက်ကြည့်ဖို့တောင် အလွန်ကြောက်နေခဲ့ကြတယ်။


-- သူတို့တတွေ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးဘူးပဲ။


သာမာန်အခြေအနေအောက်မှာဆို သားရဲနှစ်ကောင် တိုက်ခိုက်တဲ့နေရာမှာ အားနည်းတဲ့သူက မကြာခဏဆိုသလို အရင်ဦးအောင် အရှုံးပေးလေ့ရှိပြီးသန်မာတဲ့သူဘက်ကတော့ ဒါကိုလက်ခံပေးလိမ့်မှာပင်။


သူတို့နှစ်ကောင်လိုမျိုး အင်အားကြီးတဲ့ ကျားသစ်က ကျားသစ်နက်ကို အသေကိုက်သတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလို့မျိုးကတော့ အရမ်းကိုနည်းပါးလေတယ်။ မကြာပြီးနောက်မှာပဲ ကျားသစ်နက်၏လည်မြိုကနေ မပီပြင်တဲ့စကားလုံးတွေ လျှံထွက်လာခဲ့ပြီးတော့ သူဟာ အပြင်းအထန်ရုန်းကန်နေတာကို ရပ်စဲလိုက်ခဲ့ပြီး လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းသွားလိုက်တော့တယ်။


ရမ်ရဲ့မျက်လုံးပြာပြာများက လောရန့် ရဲ့ သွေးတွေစွန်းထင်းနေတဲ့ လက်သည်းအား စိုက်ကြည့်လိုက်ခဲ့တယ်၊ အဲဒီလက်သည်းက ကျီရှောင်အုံးရဲ့ကိုယ်ခန္တာကို သွေးထွက်စေတဲ့လက်ပင်။


ရမ် ခဏကြာပြီးနောက်မှာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။


ကျီရှောင်အုံးကတော့ သွေး တွေ ပတ်ပတ်လည်ဝန်းရံထားတဲ့ မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သူမမျက်နှာက နှင်းတွေထက် ပိုဖြူလာတော့တယ်။


သူမရဲ့မျက်တောင်တွေပေါ်မှာလည်း ကြွေကျမသွားရသေးတဲ့ မျက်ရည်စက်များဖြင့် စွန်းထင်းနေခဲ့တယ်။


ရမ် တစ်ယောက် သူမဘေးနားတွင် သွားရပ်လိုက်ပြီး သူမအဝတ်အစားများကို သူ့သွားများနဲ့ ငုံ့ကိုက်ဖို့အတွက် ကုန်းလိုက်ခဲ့တယ်။ ကောင်မလေးရဲ့ နူးညံ့ကျိုးပဲ့လွယ်တဲ့အသားအရေကို ကြည့်လိုက်တော့ ခြေသည်း အမှတ်အသားရာ သုံးခုက ထူးထူးခြားခြားပင် သိသာစွာမြင်‌နေရတယ်။ ခြေသည်းရာတွေက နှစ်လက်မမှ သုံးလက်မအထိ ရှည်လျားပြီးတော့ အလယ်ကခြေသည်းရာက အနက်ဆုံးဖြစ်ကာ သူမဝမ်းဗိုက်ထဲကို တည့်တည့်စိုက်နေပြီး ခုထက်ထိ သွေးထွက်တာ မရပ်သေးပေ။


ရမ်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ရဲ့ရှည်လျားတဲ့လျှာနဲ့ သူမရဲ့ ဝမ်းဗိုက်ပေါ်က ဒဏ်ရာတွေတစ်လျှောက် ညင်သာစွာ လျက်ပေးလိုက်ခဲ့တယ်။


ကျီရှောင်အုံး၏သွေး‌တွေက မတိတ်မချင်း အချိန်အတော်ကြာသည့်တိုင်အောင် သူမဒဏ်ရာ‌တွေပေါ်မှာ နည်းနည်းချင်း နည်းနည်းချင်းစီ သူလျက်ပေးတာခံလိုက်ခဲ့ရတယ်။


ရမ် က သူ့ကိုယ်သူ မြေကြီးရောက်တဲ့အထိ နှိမ့်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်သေးသေးလေးကို သူ့ကျောကုန်းပေါ်တွင် တင်လိုက်ပြီး နှင်းတောထဲတွင် ခြေလက်လေးဘက်စလုံးကို ဆန့်ထုတ်ကာ တောင်စောင်းကနေ ဖြည်းဖြည်းမှန်မှန် ခုန်ချလိုက်ခဲ့တယ်။


ရမ် တစ်ယောက် နှင်းဖုံးနေသော တောင်ကုန်းများမှ မထွက်ခွာလိုက်မီ သူ အချိန်အတော်ကြာသည်အထိ တောင်တွေဘေးကနေ လျှောက်လိုက်ခဲ့ရတယ်။


မြေခွေးနီအုပ်စုတစ်ခုက တောင်အောက်မှာ နေထိုင်ကြတာပဲဖြစ်တယ်။


ရမ် ကျောက်ပြားတစ်ခုပေါ်တွင် ကျီရှောင်အုံး ကို တင်ထားလိုက်ပြီး မြေခွေးနီတွေကို အဖက်မလုပ်ဘဲ မြေခွေးနီရွာသို့ ချိုးဖောက်ဝင်လိုက်ခဲ့တယ်။ သူ့မေးအောက်ရိုးကနေ သွေးတိတ်စေတဲ့ ဆေးဖက်ဝင်အပင်တွေ တွဲလွဲဆွဲလျက် သူ ပေါ်လာလိုက်ခဲ့တယ်။


ရမ် မြက်တွေကို ပျော့သွားတဲ့အထိ ကိုက်ဝါးပြီးနောက် ကျီရှောင်အုံး၏အနာပေါက်ထဲသို့ သူ့ လျှာဖြင့် လိမ်းပေးလိုက်ခဲ့တယ်။ ကြောင်ရဲ့လျှာက အဆူးတွေပါတာကြောင့် သူတို့က မတော်တဆနဲ့ ကောင်မလေး၏ အရေပြားတစ်လျှောက် ခြစ်မိသွားလိုက်ကာ သူမမျက်ခုံးများ တင်းကျပ်စွာတွန့်ကွေးသွားတော့တယ်။ ရမ်တစ်ယောက် ချက်ချင်းပင် ရပ်တန့်လိုက်ရတယ်။


ခဏလောက်ကြာပြီးနောက် ကောင်မလေး မျက်ခုံးတွေက ပြန်ဖြောင့်တန်းသွားလိုက်တယ် ။


ရမ် သူ့ခြေဖဝါးကို မ လိုက်ပြီး ကျီရှောင်အုံး ၏ ကုတ်အင်္ကျီထဲမှာ ဟိုဟိုသည်သည် လျှောက်ရှာလိုက်ခဲ့ပြီး အဝိုင်းပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ဆွဲထုတ်လိုက်ခဲ့တယ်။


********


ရမ် သံလိုက်အိမ်မြှောင်ကိုဖွင့်လိုက်ပြီး အနီရောင် မြားချက်ကို စိုက်ကြည့်လိုက်ခဲ့တယ်။


သူ ဒီအရာဝတ္တုရဲ့အသုံးပြုပုံကို သင်ယူဖို့ အချိန်လုံလောက်တဲ့အထိ ကျီရှောင်အုံးနဲ့ အတူတူအကြာကြီးရှိခဲ့တာပဲဖြစ်သည်။ ရမ်က သူ့တည်‌နေရာကို အထိုင် ချလိုက်ပြီး ကျီရှောင်အုံးကို သူ့ကျောကုန်းပေါ်ကို ဆွဲတင်ဖို့ ထပ်ပြီး ကုန်းလိုက်ခဲ့တယ်။ အဲဒီနောက် ဒီတစ်လျှောက်လုံး သူမ ဦးတည်ခဲ့တဲ့ ဦးတည်ရာဆန့်ကျင်ဘက်သို့ ခရီးစထွက်လိုက်တော့သည်။


*


ကျီရှောင်အုံး အလွန်ကိုရှည်ကြာတဲ့ အိပ်မက်တစ်ခုမက်ခဲ့လေတယ်။


သူမအိပ်မက်ထဲတွင်တော့ သူမက နည်းနည်းလေးပဲ အနားယူရကာ အဆက်မပြတ် လမ်းလျှောက်နေခဲ့ရသည်။ မြစ်ရေစီးကြောင်းတစ်ခုက သူမကို ရှေ့သို့တွန်းပို့နေတဲ့အတိုင်းပင် သူမသည် ရှေ့ကိုပဲ ဆက်၍ တိုးနေခဲ့တယ်။


အရမ်းမြန်ပေမယ့် အရမ်းပဲချောမွတ်လေတယ်။


ရံဖန်ရံခါ ရပ်တန့်သွားပေမဲ့ ရေက သားရဲတစ်‌ကောင်ရဲ့လျှာနဲ့ အလျက်ခံရသလိုပဲ သူမဝမ်းဗိုက်ကို တစ်ဆစ်ဆစ် လာတိုက်စားနေခဲ့တယ်။


အဆူး‌တွေက သူမရဲ့အရေပြားကို ခြစ်မိကာ အနည်းငယ် နာကျင်‌ရ‌ပေမဲ့ သူမ၏ ဗိုက်‌ပေါ်မှာရှိတဲ့ ဒဏ်ရာနဲ့ ယှဉ်ရင်တော့ မဖြစ်စလောက်လေးပဲနာတာပင်။


ကျီရှောင်အုံး သူမမျက်လုံးတွေကို အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ဖွင့်ချင်ခဲ့ပေမဲ့ သူမရဲ့ကူကယ်ရာမဲ့ နေတဲ့ မျက်ခွံများက မလှုပ်နိုင်လောက်အောင် လေးလံနေပြီး ဖွင့်လို့ကို မရနိုင်ခဲ့ပေ။


ဒီ‌နေရာက ဆောင်းရာသီက ကြမ်းတမ်း၊ ရှည်ကြာပြီး၊ အေးတယ်လို့ သူမ တွေးတောခဲ့ဖူးပြီး ညတိုင်းညတိုင်းပဲ ချမ်းစိမ့်အေးခဲစွာနဲ့ပဲ ကုန်ဆုံးရမယ်လို့ သူမ တွေး‌တောခဲ့ဖူးတယ်။


ဒါပေမယ့် ခုရက်တွေအတောအတွင်း . . သူမကိုယ်တိုင်ကိုက ကြီးမားတဲ့အမွေးပွပွ အရာဝတ္တုကြီး တစ်ခုအောက်မှာ အရမ်းကိုပူပြင်းပြီး မှန်မှန်ကြီး နွေးထွေး‌နေတဲ့အရာကြီး ဖျန့်ခင်းနေတဲ့အ‌ပေါ်က‌နေ သူမ‌ခြေထောက်တွေ လက်တွေကို လွှမ်းခြုံခံနေရတယ်လို့ သူမခံစား‌နေရတယ်။


ကြည့်ရတာ သူမ ဒီရက်တွေအတောအတွင်း အိမ်ကို ပြန်‌ရောက်နေပုံရပြီး သူမရဲ့အမွေးပွအရုပ်ကြီး‌တွေနဲ့ ခေါင်းအုံး‌တွေနဲ့ ကျပ်သိပ်ခံနေရတဲ့ပုံပဲ။ အဲဒီက အိပ်ရာနဲ့ အပူ‌ပေးစနစ်နဲ့ အရမ်းဆင်တူတယ်။


လှိုဏ်ဂူတစ်ခုထဲတွင်တော့ ရမ် က ‌ခြေလက်လေးဖက်လုံး ဆန့်တန်းကာ ကျောက်တုံးပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူ့လက်ဖဝါးအား ကောင်မလေးရဲ့လည်ပင်းအောက်မှာ ခံထားပေးခဲ့တယ်။


ကောင်မလေးကို ကြည့်ဖို့ သူ့မျက်လုံးတွေအား အောက်စိုက်လိုက်ခဲ့တယ်။


ကျီရှောင်အုံးရဲ့ပါးပြင်တွေက နီရဲနေပြီး သူမအသက်ရှုသံက အနည်းငယ်လေး တို‌တောင်းနေခဲ့တယ် ။ သူမရဲ့ နူးညံ့ကျိုးပဲ့လွယ်တဲ့ မျက်ခုံးရိုးများက အနည်းငယ် တွန့်ရှုံ့နေပြီး သူမရဲ့အသက်ရှုထုတ်တဲ့အ‌ငွေ့များက ခြစ်ခြစ်တောက်ပူလောင်နေခဲ့တယ်။


ရမ် က သူ့လက်ဖဝါးကို ကွေးလိုက်ပြီး သူ့ခြေသည်းတွေကို အထဲပြန်ကုတ်ဝင်လိုက်ပြီး သူမခေါင်းကို ညင်သာစွာ ထိတွေ့လိုက်တယ်။


. . . အဖျားရှိနေတုန်းပဲ။


'ဒီနေ့ အပါအဝင် သူမ ခြစ်ခြစ်‌တောက် ပူပြီး ဖျားနေတာ သုံးရက်နဲ့ သုံးညတောင် ဖြစ်နေပြီပဲ။'


'အရမ်းပူလွန်းလို့ သူမဦးနှောက်တောင် လောင်ကျွမ်းသွား‌တော့မလားပဲ။'


ရမ်၏ နှလုံးသားတစ်ခုလုံး တဆစ်ဆစ်ကျိန်းစပ်မှုများ ပြည့်နှက်သွား‌တော့တယ်။ 'ဒီမိန်းမပျိုလေးရဲ့ကိုယ်က ဘာလို့ ဒီလောက်တောင် နူးညံ့ကျိုးပဲ့လွယ်နေရတာလဲ။ သူမဒဏ်ရာတွေက ဘယ်အချိန်မှ ပျောက်တော့ပါလိမ့်မလဲ၊ သူဘယ်လိုများ သူမကို ပြုစုပေးရပါမလိမ့်။'


'သူမက သိသိသာသာကြီး ဒီလောက် နုနယ်နေတာကိုပဲ၊ ဒါပေမဲ့ သူမ တစ်ခါလာပြီး‌တော့ နောက်တစ်ခါ သူမလက်မောင်းထဲမှာ သူ့ကို ကာကွယ်ဖို့ကြိုးစားခဲ့တယ်။'


"တုံးလိုက်တာ" ရမ် သူမအရေပြားကို သူ့လက်သည်း‌တွေနဲ့ ကုတ်ခြစ်လိုက်ပြီးနောက်တွင်တော့ သူ့ကိုယ်ကို မတ်လိုက်ကာ သူမအား သူ့ကျောကုန်းပေါ် ထပ်တင်လိုက်ပြီး သေးငယ်တဲ့ အကြည့်လေးကို ချန်ရစ်ထားခဲ့တယ်။


ကျီရှောင်အုံး ခရီးရှည်ကြီးတစ်ခု သွားနေတယ်လို့ သူမ ခံစားမိတယ်။


သူမခန္ဓာကိုယ်က သစ်တောနှင့် လွင်ပြင်များကို ဖြတ်‌ကျော်၍ ယိမ်းထိုးသွားကာ သူမ‌နောက်တွင် ရှု‌မျှော်ခင်း‌ တွေသာ ချန်ရစ်ထားခဲ့တော့တယ်။


. . . . . . . . .


မယုံနိုင်လောက်အောင် ရှည်ကြာတဲ့အချိန်တစ်ခုကြာသွားတယ်လို့ ထင်လိုက်ရပေမဲ့ ခုနစ်ရက်က‌နေ ရှစ်ရက်သာကြာသွားခဲ့တယ်။


. . . . . . . . .


သူမ မျက်လုံးဖွင့်ကြည့်လိုက်ပြီး ကျီ‌ရှောင်အုံးရဲ့ ပထမဆုံး တုံ့ပြန်မှုက သူမကိုယ်အောက်က အရာတွေကို ထိကြည့်လိုက်တာပါပဲ။


ထိုအရာက အိပ်ရာကဲ့သို့ နူးညံ့ပြီး သားမွေးများဖြင့် ဖုံးအုပ်ထားတယ်။


သူမ အိပ်ယာထဲမှာပဲ၊ ဒီလိုဆို အဲဒီ ပြေးလွှားနေရတဲ့ မှတ်ဉာဏ်တွေက အိပ်မက်‌တစ်ခုပဲလား။


ကျီရှောင်အုံး အချိန်အကြာကြီး သတိလစ်မေ့မြောနေခဲ့ပြီး သူမဦးနှောက်က နှေးကွေးသွားခဲ့တယ်။ သူမ မျက်လုံးတွေ ဖွင့်ပြီး သူမအပေါ်က ခေါင်မိုးကို မော့ကြည့်လိုက်တယ်။


အချိန်အတော်ကြာသွားပြီးမှ သတိလစ် မမေ့မြောသွားခင်က မြင်ကွင်းကို သူမ သတိရသွားတယ်။


လောရန့်ရဲ့လက်သည်းတွေက သူမဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အမြီးက သူမလည်ပင်းမှာ အလွန်တင်းကျပ်စွာ တွယ်ကပ်နေခဲ့တာပဲ။ . . သူမ မသေသွားခဲ့ဘူးလား။


ကျီရှောင်အုံးက ထထိုင်ပြီး‌တော့ သူမဒဏ်ရာတွေကို ကြည့်ချင်ပေမယ့် သူမဗိုက်က စူးရှနာကျင်လာခဲ့ပြီး နာလွန်းလို့ သူမ ညည်းညူလိုက်ခဲ့တယ်။


သူမ နာခံစွာ ပြန်လှဲချလိုက်ပြီးတော့ အခန်းပတ်ချာလည်ကို ကြည့်လိုက်ခဲ့တယ်။


အခန်းက ကျယ်ဝန်းပြီး ပရိဘောဂ‌တွေက ရှင်းရှင်းလင်းလင်းနဲ့ အနည်းငယ်လွတ်လွတ်လပ်လပ်ရှိတဲ့ ပတ်ဝန်းကျင်သွင်ပြင်မျိုးရှိနေခဲ့တယ်။


အခန်းထဲတွင် မြေခွေး၊ ဝံပုလွေ၊ ဝက်ဝံ၊ ကျားတွေရဲ့ အရေခွံတွေအား ပြန့်ကားစွာနဲ့ နံရံမှာ ချိတ်ဆွဲထားတယ်.....


ကျီရှောင်အုံး ပတ်ဝန်းကျင်ကို အကြမ်းဖျင်း လှည့်ကြည့်ပြီးတော့ အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေက မရှုပ်ထွေးတာကို တွေ့လိုက်ရတယ်။ ထည့်စားလို့ သောက်လို့ရမဲ့ အိုးခွက်ပန်းကန်‌တစ်ခုတလေတောင်မှ ရှိမနေခဲ့ပေ။


သူမ ဘယ်‌တွေရောက်နေတာလဲ။


ကျီရှောင်အုံး ပဟေဠိဖြစ်သွားပေမဲ့ သူမ အပြင်ဘက်ကလာတဲ့ အသံတွေကို သေချာအာရုံစိုက် နားထောင်လိုက်ခဲ့တယ်။


အပြင်ဘက်တွင်တော့ လူတွေအများကြီး သွားလိုက် လာလိုက်နဲ့ သက်ဝင်လှုပ်ရှားနေခဲ့တယ်၊ အသံကျယ်တစ်မျိုး တိုးတိုးတစ်မျိုး ထွက်နေခဲ့တယ်။ ဒါပေမယ့် သူတို့ ဒီတဲအိမ်‌လေးကို ဖြတ်သွားတဲ့အချိန်တွင်‌တော့ သူတို့အသံတွေက တိတ်ကျသွားပြီး မြန်မြန်ဆန်ဆန် လျှောက်သွားကြလိုက်တယ်။


. .


'ဒါက . . သားရဲရွာတစ်ရွာလား။'


'ဘာလို့ သူမက ဒီမှာရှိ‌ေနတာလဲ။'


'သူမကို ဘယ်သူ ကယ်ခဲ့တာများလဲ။'


ကျီရှောင်အုံး သူမစိတ်ထဲတွင် မရေမတွက်နိုင်သော အကြောင်းကိစ္စများကိုလှန်‌လှောရှာလိုက်ပေမဲ့ ဘယ်လောက်ကြာကြာ တွေး‌တွေး သူမဒီကို ဘယ်လိုဘယ်ပုံ ရောက်လာလိုက်လဲ မမှတ်မိတော့ပါ။


'ဒါက သူမ နေရာလွတ်ရဲ့ စွမ်းအားများလား။'


ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမ‌နေရာလွတ်ထဲကို သူမ ဆွဲ‌ခေါ်သွင်းတာခံရပြီးတော့ သူမကို ထူးဆန်းတဲ့ နေရာတစ်ခုထဲ ပစ်ချတာခံရတာပဲမလား . .


သူမ သူမရဲ့နေရာလွတ်ကို ကမန်းကတန်းကြည့်လိုက်‌တော့ အဲဒီက အရာအားလုံးကို တွေ့ရှိခဲ့ပြီး သူမရဲ့ကျားသစ်လေးတစ်ကောင်ပဲ ပျောက်နေခဲ့တယ်။


. . . ထောင်ထောင် ဘယ်‌ရောက်သွားတာလဲ?!


ကျီရှောင်အုံးက နောက်ထပ် ထပ်ကြည့်လိုက်ပေမယ့် သူ့ကိုတော့ ရှာမတွေ့သေးတုန်းပင်။ သူမ သူ့ကို သူမနေရာလွတ်ထဲ ထည့်လိုက်တာကို မှတ်မိလိုက်တယ်၊ သူ ထပ်ပြီးထွက်သွားပြီးတော့ ထွက်ပြေးသွားတာများလား။


ဒါမှမဟုတ်လည်း . . လောရန့်က သူ့ကို ဖမ်းသွားတာလား။


ကျီရှောင်အုံး စိုးရိမ်ပူပန်သွားခဲ့ပြီး မမျှော်လင့်ဘဲ ကုတင်ပေါ် ထထိုင်လိုက်ခဲ့တယ်။ သူမ သူမဝမ်းဗိုက်ကချုပ်ထားသော ဒဏ်ရာနေရာကို ဆုပ်ကိုင်ထားလိုက်ရတယ်။ သူမ အလွန်အကျွံ မလှုပ်ရှားရဲခဲ့‌ဘဲ ပတ်ချာလည် ကြည့်ရန်သာ ထလိုက်ခဲ့တယ်။ သူမဖိနပ်ကိုလဲ ရှာမတွေ့တော့ ကုတင်ကို ထောက်မှီပြီး ခြေဗလာနဲ့ ကြမ်းပြင်ပေါ် ‌ခြေချလိုက်ရတယ်။


ကြမ်းပြင်က မဆိုသလောက် အေးစက်နေတော့ သူမခြေချောင်း‌လေးတွေ အေးလို့ ကုတ်သွားခဲ့တယ်။


ပြတင်းပေါက်အပြင်ဘက်တွင်တော့ နှင်းတွေကျနေတုန်းပင်။ ကျီရှောင်အုံး တံခါးမဆီသို့ လျှောက်သွားပြီး အံကိုကြိတ်ကာ တံခါးကို တွန်းဖွင့်ရန် ပြင်ဆင်လိုက်တယ်။ ရုတ်​တရက်​ အပြင်​ဘက်ရှိ တံခါးပေါက်မှာရှိနေတဲ့လူက တံခါးကို တွန်းဖွင့်လိုက်‌တော့ ပွင့်သွားခဲ့တယ်​။


ကျီရှောင်အုံးက အသင့်ပြင်မထားလိုက်ရတော့ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဒယိမ်းဒယိုင် ဆုတ်လိုက်ပေမဲ့ သူခြေကျင်းဝတ် အဆစ်လွဲနေတာကို မေ့သွားတာကြောင့် သူမကိုယ်လုံးက နောက်ပြန်ကျသွားခဲ့‌တော့တယ်။


သူမ မသိစိတ်က သူ့အလိုလို သူမခါးပိုင်းကို ကာလိုက်ပြီး သူမမျက်လုံးများကိုမှိတ်ထား၍ လဲကျတော့မှာကို ကြိုပြင်ဆင်ထားလိုက်တော့သည်။


ရုတ်တရက် လက်တစ်စုံက သူမရှေ့ကနေ ဆန့်ထွက်လာပြီး လက်ချောင်းတွေက သူမရဲ့သွယ်လျတဲ့လက်ကောက်ဝတ်တစ်ဝိုက်ကို မြဲမြဲ ဆုပ်ကိုင်ထားပြီး သူမကို ရှေ့ကိုဆွဲ‌ခေါ်လိုက်ကာ သူမကို ထိန်းထားလိုက်တယ်။


"မင်း ဘယ်သွားမလို့လဲ"


လေသံနိမ့်ပြီး လေးလံတဲ့ အသံက ညို့အားကောင်းတဲ့ သံလိုက်သံလို သူမခေါင်းအထက်မှ ထွက်ပေါ်လာခဲ့တယ်။ လျှပ်စစ်သံလိုက်ညို့ကွင်းတစ်ခု ခုန်တက်လာပြီး သူမနားထဲတွင် ခိုးလို့ခိုးလုဖြစ်သွားကာ သူမခြေ‌တွေလက်တွေ ထုံကျဉ်သွားသလိုပင်။


ကျီရှောင်အုံး မြဲမြံစွာမတ်တပ်ရပ်ပြီး တစ်ဖက်လူအား အံ့အားသင့်စွာ စိုက်ကြည့်လိုက်ခဲ့တယ်။


ထိုသူက အလွန်အရပ်ရှည်ပြီး သူမကို ဆွဲတင်လိုက်ကာ သူ့ကိုယ်ကို ကိုင်းညွတ်ထားပေမဲ့ သူမကတော့ သူ့မျက်နှာကို မြင်နိုင်ဖို့ သူမခေါင်းကို မော့ထားနေရတုန်းပင်။


အရပ်ရှည်ပြီး ကျယ်ပြန့်တဲ့ပခုံးတွေနဲ့ ထိုယောက်ျားက သူမကိုယ်အရွယ်အစားထက် နှစ်ဆနီးပါးရှိ‌လေတယ်။


သူ့တစ်ကိုယ်လုံးက နှင်းမှုံတွေနဲ့ ဖုံးလွှမ်း‌နေပြီး အပြင်ဘက်က စိမ့်ဝင်လာတဲ့ ချမ်းစိမ့်မှုနဲ့အတူ မမြင်နိုင်တဲ့ ဖိနှိပ်ချုပ်ချယ်မှု‌တွေ ရှိနေခဲ့တယ်။


ကျီရှောင်အုံး အပေါ်ကို ထပ်မော်ကြည့်ရင်း သူ့မျက်လုံးပြာပြာ‌တွေနဲ့ ဆုံမိလိုက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ ခံစားချက်ကြောင့် အံ့အားသင့်သွားခဲ့တယ်။


သို့ပေမဲ့ သူမ အသည်းအသန် စဉ်းစားလိုက်တယ်။ သူမလည်း အရင်က သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။


ကျီရှောင်အုံး သူမရဲ့ သတိထားမှုကို ဖြေလျှော့ပြီး စကားပြောလိုက်ချင်ပေမဲ့ သူမမျက်လုံးများက သူ့နောက်မှာ တန်းလန်းကျနေတဲ့ သူ့အမြီးပေါ်မှာ အကြည့်ရောက်သွားခဲ့တယ်။


ထူထဲတဲ့ပန်းပွင့်ပုံ အစင်းကြောင်းများက အမြီးတွင် ထင်ရှိနေခဲ့ကာ ထိုအမြီးက မြေကြီးပေါ်မှာ လွှဲရမ်းနေခဲ့ကာ သူမရှေ့တွင် အထင်ကြီးလောက်စရာ ရောက်ရှိလာခဲ့တယ်။


ကျီရှောင်အုံး က မှတ်မိအောင်လို့ ပိုနင့်နင့်နဲနဲအောင် ကြိုးစားလိုက်‌တော့ လောရန့်ရဲ့ အမြီးကလည်း ဒီလိုမျိုးပင်။ ထိုအမြီးနဲ့ သူမလည်ပင်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်ချိန်မှာ သူမ အသက်တောင် ဖြောင့်ဖြောင့် ရှူလို့မရတော့ဘူးပဲ........


သူ လည်း ကျားသစ်တစ်ကောင်ပဲလား။


"နင်...နင်က ဘယ်သူလဲ" ကျီရှောင်အုံး ထိတ်ထိတ်ပျာပျာဖြင့် သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး သူနဲ့ဝေးရာ နောက်သို့ ဆုတ်သွားခဲ့တယ်။


တစ်ဖက်ကလူက သူ့အကြည့်ကို ပြောင်းလိုက်ပြီး ပင်လယ်လိုမျက်ဝန်းလဲ့ပြာပြာနဲ့ သူမကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူ့မျက်လုံးအောက်တွင် စပါးစေ့တစ်စေ့အရွယ်ရှိတဲ့ အနက်ရောင်အစင်းကြောင်းလေးတစ်ခု တွေ့လိုက်ခဲ့ပြီး ရုတ်တရက်အမှတ်တမဲ့ကြည့်လိုက်ရင် မျက်ရည်ခံမှဲ့လိုမျိုးပင်။


သူက သူမကို ပြန်မဖြေဘဲ ရှေ့ကအတိုင်း တူညီတဲ့လေသံနဲ့ပဲ ဆက်ပြောလိုက်ခဲ့တယ်။ "မင်း ဘယ်သွားချင်လို့လဲ"


သိသိသာသာကြီး အတင်းအကျပ်‌ဖြေ ခိုင်းတာမျိုးလည်းမဟုတ် ခြိမ်းခြောက်တာလည်းမဟုတ်ပေမဲ့ လူ‌တွေက သူမေးလာတာကို သူ့အလိုလို စိတ်ပါစွာနဲ့ ဖြေချင်လာအောင် လုပ်ဆောင်နေခဲ့တယ်။


ကျီရှောင်အုံးက စိတ်လှုပ်ရှားစွာ သူမနှုတ်ခမ်းသားကို စုဝိုင်းလိုက်ရင်း "အပြင်ထွက်.. လမ်းလျှောက်မလို့"


သူ မျက်မှောင်ကြုတ်သွားလိုက်ပြီး "အပြင်ထွက်တာ ဘာကောင်းလို့လဲ၊ နှင်းတွေကျနေတုန်းပဲကို"


ကျီရှောင်အုံး : " ကျွန်မ တစ်ယောက်ယောက်ကို သွားရှာချင်လို့ ..."


သူက မေးလိုက်၏ "ဘယ်သူလဲ"


တစ်ဖက်လူက ထိုအကြောင်းနဲ့ပတ်သတ်လို့ ဘာလိုမှမ‌နေဘဲ စိတ်ထဲမှာရှိတဲ့အတိုင်း မြန်မြန်ဆန်ဆန်နဲ့ သူမနဲ့ပတ်သက်လို့ နေရာတကာမေးခွန်းထုတ်‌နေတာပဲ။


ကျီရှောင်အုံးရဲ့နှုတ်ခမ်းသားများက တင်းတင်းစေ့ပိတ်ထားလိုက်‌တော့တယ်။


သူက ဘယ်သူလဲ၊ ဘယ်လိုသဘောထားရပ်တည်ချက်ရှိ‌နေလဲဆိုတာ သူမမှ မသိတာပဲ။ သူမ ဘာလို့ သူ့ကို အစစအရာရာ လိုက်ပြောပြ‌နေရမှာလဲ။ သူက လောရန့်နဲ့ အတူတူဖြစ်‌နေရင် ဘယ်လိုလုပ်မလဲ။


အခြားတစ်ဖက်ကသူက သူမကို ဖိအားပေး ဖြေခိုင်းဖို့ စိတ်ရှုပ်မခံပေမယ့် သူ့မျက်လုံးတွေကတော့ သူမရဲ့ ခြေဗလာကို အတွေးနက်စွာ ကြည့်ကာ တံခါးကို ပြန်ပိတ်လိုက်ပြီး အိမ်အပြင်ဘက်က နှင်းတွေ ပိတ်ဆို့လိုက်ခဲ့တယ်။


အောက်ကို ငုံ့မိုးကြည့်လိုက်ပြီး သူ သာမန်ကာလျှံကာလို ပြောလိုက်တယ် "ထောင်ထောင်လား"


ကျီရှောင်အုံးမျက်လုံးတွေက အံ့အားသင့်စွာ ပြူးကျယ်သွားလိုက်ပြီး သူမ သူ့အလိုလို ပြန်မေးလိုက်တယ် " ရှင် ဘယ်လိုလုပ် သိတာလဲ"


တစ်ဖက်သူက တံခါးကိုချက်ထိုးလိုက်ပြီး သူမဘက်လှည့်ကာ မျက်လုံးများက သူမအ‌ပေါ် ကျောက်ချလိုက်ပြီး အနည်းငယ်အနေကျပ်စွာနဲ့ "မျိုးရိုးမြင့် ထောင်ထောင် ဆိုတာက သဘာဝဆန်မှုနဲ့ ပျော်ရွှင်မှုတဲ့"


သူကမေးလိုက်၏။ "အဲဒီ နာမည်က မင်းငါ့ကိုပေးခဲ့တဲ့နာမည်ပဲ မဟုတ်ဘူးလား"


End