အပိုင်း(၂၈)
သူမစိတ်ထဲတွင်တော့ ထိုရင်းနှီးသောစကားဖြင့် ပဲ့တင်ထပ်နေေတာ့သည် -- "သီချင်းစာအုပ်" ထဲက မျိုးရိုးမြင့် ထောင်ထောင် ဆိုတာက သဘာဝဆန်မှုနဲ့ ပျော်ရွှင်မှုတဲ့။ ပြီးတော့ ထောင်ထောင် ဆိုတာက အရှိန်မြန်တယ်လို့လဲ အဓိပ္ပာယ်ရတယ်၊ ထောင်ထောင်က နင့်အတွက် တော်တော်သင့်တော်တဲ့ နာမည်ကောင်းတစ်ခုပဲမလား။ ကျားသစ်တွေအားလုံးက အရမ်းအပြေးမြန်ကျတာဆိုတော့ ဒီနာမည်က နင့်နဲ့လိုက်တယ်"
********
ကျီရှောင်အုံးတစ်ယောက် နေ့တစ်ဝက်ကြာလောက်အောင် အသက်မဲ့သွားလိုက်ပြီးတော့ ခံစားချက်တွေ မကောင်းတော့ပေ၊ အဲဒီနောက် သူမ မယုံကြည်နိုင်စွာနဲ့ မေးလိုက်တယ်၊ သူမအသံတွေက အနည်းငယ်လေး တုန်ရီနေခဲ့တယ်... " နင်က. . .
သူမ မော့ကြည့်လိုက်ပြီး သူမရှေ့ကလူကို အလေးအနက်ထား စဉ်းစားတွေးတောလိုက်ခဲ့တယ်။
လူသားနဲ့တူတဲ့ မျက်နှာပုံပန်းသွင်ပြင်၊ တောင့်တင်းတဲ့ ခန္တာကိုယ်ကောက်ကြောင်း နှင့် နှာတံက ပုံမှန်တွေထက် ပိုရှည်လျားတယ်။ နှုတ်ခမ်းသားတွေက အလွန်ပါးလျပြီး အသားအရေက နည်းနည်းမည်းတဲ့ဘက် ရောက်နေခဲ့တယ်။
သူ့ကိုကြည့်နေရင်းနဲ့ နောက်ဆုံးတော့ သူမ သူ့မျက်လုံးကို ရောက်သွားခဲ့ကာ . . .. မျက်လုံးတွေက သူမရဲ့ ထောင်ထောင် နဲ့ တစ်ထပ်တည်းကို တူနေခဲ့တာပင်။
'ဒါပေမယ့် ထောင်ထောင်က . . ကျားသစ်ပေါက်ကလေးဆိုတာ အသိသာကြီးပဲကို!'
ခန္တာကိုယ်က သေးသလို အမြီးကလည်း တိုတိုလေးပဲ။ ဒီ သူမရှေ့က သူမမြင်ကွင်းတစ်ခုလုံးကို ပိတ်ကွယ်ထားတဲ့ ဧရာမ ကိုယ်လုံးကြီးနဲ့မှ တူမှ မတူတာပဲ။
အခုလေးတင် လမ်းလျှောက်လိုက်တာကြောင့်လားတော့ သူမ မသိပေမယ့် သူမ ခါးက ထဖောက်လာခဲ့တယ်။ သူမ တံတွေးကို မျိုချလိုက်ပြီး မေးလိုက်တယ် ။
"နင်.... နင် ဘာတွေလာပြောနေတာလဲ"
ရမ် သူမရဲ့ တုံးအအ မေးခွန်းကို မဖြေဘဲ သူမ မသိစိတ်အရ သူမခါးလယ်တွင် ဖုံးကိုင်ထားတဲ့ လက်ကို ကြည့်လိုက်တယ်။ သူ့ကိုယ်ကို ကိုင်းလိုက်၍ အားကောင်းသန်မာသော လက်တစ်ဖက်ဖြင့် သူမခြေထောက်တွေနောက်သို့ ဖြတ်ကျော်ပြီး ကျန်လက်တစ်ဖက်က သူမနောက်ကျောတစ်ဝိုက်တွင် ကွေ့ပတ်သွားလိုက်ခဲ့တယ်။ ဘာမပြော ညာမပြောနဲ့ သူမကို အိပ်ရာထဲသို့ ပွေ့သယ်သွားခဲ့တယ်။
ကျီရှောင်အုံး တစ်ကိုယ်လုံးက လေထဲသို့ မြောက်တက်သွားပြီး အလန့်တကြားနဲ့ အလိုလို သူ့ပုခုံးကို ဖက်တွယ်လိုက်ရင်း "ဟေး..."
'သူ သူမမေးခွန်းကို ခုထိ မဖြေရသေးဘူးမလား။'
"ဘယ်တုန်းက နိုးနေတာလဲ" ရမ်က ချက်ချင်းပင် မေးလိုက်တယ်။
ဒီရှုထောင့်မှဆို ကျီရှောင်အုံးက သူ့မျက်နှာရှေ့တည့်တည့်တွင် ရှိနေပြီး သူမနှလုံးသားလေးက တုန်တုန်ယင်ယင်ဖြစ်သွားခဲ့တယ်။ သူမ နောက်ကို အမြန်ကျုံ့ဝင်သွားချင်လိုက်ပေမဲ့ နေရာမရှိခဲ့ပေ။ "အခုလေးတင်ပဲ... "
ရမ် က သူမကို ကုတင်ပေါ်ပြန်တင်ပေးလိုက်ပြီး အကြိမ်ရေတွက် မရေတွက်နိုင်လောက်အောင် သူ ဒါကိုလုပ်ခဲ့တဲ့အတိုင်း သူ့လက်ကို ဆန့်ထုတ်ကာ သူမရဲ့နဖူးအား ထိတွေ့လိုက်ခဲ့တယ်။
'. . . အဖျားမရှိတော့ဘူးပဲ'
ရမ်၏ မျက်နှာအမူအရာက အနည်းငယ်လေး သက်သာရာရသွားခဲ့တယ်။
ကျီရှောင်အုံးက ဆယ်ရက်တောင် မေ့မြောသွားခဲ့တာပဲဖြစ်တယ်။ ထိုဆယ်ရက်အတွင်း သူမကိုယ် အပူချိန်က အကြိမ်တော်တော်များ ဆိုးဆိုးရွားရွား ပြောင်းလဲခဲ့ပြီး ဒီမနက်စောစောတွင်တော့ ကိုယ်အပူချိန်က ရုတ်ခနဲ ထိုးတက်သွားခဲ့တယ်။
သူမ အရမ်းပူလောင်သွားခဲ့ပေမယ့် ဦးနှောက်ကျွမ်းတဲ့အထိတော့ မပူလိုက်ခဲ့ပေ။
ရမ်ရဲ့လက်တွေက ကျီရှောင်အုံးရဲ့အင်္ကျီအစွန်းစကို ချိတ်ဆွဲကာ 'မ' တင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်တယ်။
ကျီရှောင်အုံးက သူ့လက်ကို ဆွဲလိုက်ပြီး ထုံထိုင်းစွာနဲ့မေးလိုက်တယ် "နင် ဘာလုပ်နေတာလဲ"
ရမ် : "ဒဏ်ရာ ကြည့်မလို့။"
"ငါ မေးတာပဲ အရင်ဖြေ" သူမရဲ့နက်မှောင်တဲ့ မျက်လုံးများက သူ့ကို စိုက်ကြည့်ကာ "နင်က ထောင်ထောင် လား။"
"ငါ က ရမ် " သူ ပြောလိုက်၏။ အခုတောင်မှ သူ "ထောင်ထောင်"ဆိုတဲ့ အရှုးအနှမ်း နာမည်ကြီးကို လက်ခံဖို့ ငြင်းဆန်လိုက်ခဲ့တယ်။
ကျီရှောင်အုံး : " ..."
အဲဒီနောက် ဘာကို တွေးမိမှန်းမသိဘဲ သူမရဲ့အသားအရောင်က ပြောင်းလဲသွားခဲ့တော့တယ်။
ရမ်.......ရမ် သူမ ဒီနာမည်ကို ခဏခဏကို ကြားဖူးထားတာပဲ။
လောရန့်နဲ့ သူမတို့နဲ့တွေ့တုန်းက ရမ် ဘယ်မှာလဲလို့ မေးတာ မအံ့ဩတော့ပါဘူး၊ သမင်မျိုးနွယ်စုအနားမှာတုန်းက ကျားသစ်နှစ်ကောင်က သူမကို ဖမ်းတာ မအံ့ဩတော့ပါဘူး။ . . အပေါင်းသင်းရောင်းရင်းဖြစ်တဲ့သူတို့တွေက သူမဘေးနားမှာ တစ်လျှောက်လုံး လာရှာနေခဲ့ကြတာပဲကိုး။
ကျီရှောင်အုံး က တိတ်တိတ်လေး နောက်ကျုံ့ဝင်သွားလိုက်ပြီး အချိန်တော်တော်ကြာသွားပြီးနောက်မှ သူမ အသံထွက်လာတယ် "နင့်ရဲ့ လက်ဖဝါးကို ငါ ကြည့်လို့ရမလား"
ရမ်က သူမကို ကြည့်လိုက်ပြီးနောက် သူ့ရဲ့ကြီးမားတဲ့လက်ကို ဆန့်ထုတ်၍ သူမရှေ့ မှာ ဖြန့်ပေးလိုက်တယ်။
ကျီရှောင်အုံးက မဝံ့မရဲနဲ့ သူမအကြည့်ကို ပင့်တင်လိုက်တယ်။
သားရဲလူသားယောက်ျားများ၏လက်က ယေဘူယျအားဖြင့်တော့ သူတို့မျိုးနွယ်သွင်ပြင်လက္ခဏာများကို ကျန်ရှိပြီး သားရဲတိရစ္ဆာန်တွေကို လွယ်ကူစွာ အမဲလိုက်နိုင်တဲ့ လက်သည်းချွန်ရှည်များပါရှိတာပဲဖြစ်တယ်။ ရမ် လည်းပဲ ကွဲပြားခြင်းမရှိချေ။
သို့ပေမဲ့လည်း ကျီရှောင်အုံးရဲ့အာရုံက ဒီပေါ်မှာ မဟုတ်ခဲ့........။
သူ့လက်ဖဝါးအလယ်တွင် အညိုရင့်ရောင် အမာရွတ်တစ်ခုက လက်တစ်ခုလုံးကို ဖြတ်ပြေးနေတယ်။
အမာရွတ်က ကြည့်ရဆိုးပြီး ရှည်လျားကာ နက်နဲလေတယ်။
ကျီရှောင်အုံး ရုတ်တရက် ပင့်သက် ရှိုက်လိုက်ခဲ့တယ်။ သူမ ကျားသစ်လေးကို ပထမဆုံးစတွေ့တုန်းက သူ့ခြေဖဝါးမှာ အမာရွတ်ရှည်ကြီးကို သူမ မြင်ခဲ့တယ် . . ဒါက ကွက်တိကွက်ကျကို သွားတူနေခဲ့တာပဲ။
ကျီရှောင်အုံး၏ မျက်လုံးများက ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ပြီး သူမ အနည်းငယ်လေး စိတ်ထိခိုက်သွားတော့တယ်။
'ဘာလုပ်ရပါမလိမ့်၊ သူက တကယ်ပဲ ထောင်ထောင်ပဲ လား။'
'သူ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ကြီးမားလာရတာလဲ။ ပြီးတော့ လူနဲ့ ဘယ်လိုတူသွားတာလဲ။'
'သူက သူမကို ဒီနေရာကို ခေါ်လာတာလား။ လောရန့် လက်ကနေ သူမတို့ ဘယ်လို လွတ်လာခဲ့တာလဲ။'
ကျီရှောင်အုံး၏ စိတ်ထဲတွင် မေးခွန်းများနဲ့ ပလုံစီသွားလိုက်ကာ စကားပြောချင်သွားတယ်။ ရမ် က ထလိုက်ပြီး အခန်းထောင့်က ဗီရိုတစ်ခုဆီသွားကာ ပုလင်းပြားလေးတစ်ပုလင်းကို ထုတ်ယူလာခဲ့ပြီး ကုတင်ဘေးကို ပြန်လျှောက်လာတာကို သူမ တွေ့လိုက်တယ်။
သူမ တုံ့ပြန်ဖို့တောင် အချိန်မပေးဘဲ သူက သူမဆွယ်တာအင်္ကျီကို အပေါ်ဆွဲတင်လိုက်ခဲ့တယ်။
သူမမှာ သူ့ကို တားဖို့ အချိန်မရှိလိုက်ဘဲ သူမ ဗိုက်က အေးမြတဲ့လေနဲ့ ထိတွေ့သွားတယ်။ သူမ ချက်ချင်းပဲ သူမအင်္ကျီတွေကို အောက်ကို ပြန်ဆောင့်ဆွဲလိုက်ပြီး " နင် ......"
ရမ် က ဆေးပုလင်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး အခြားတစ်ဖက်က သူမအဝတ်အစားတွေကို ဖမ်းဆုတ်လိုက်ပြီး ရပ်ကာ ရှင်းပြလိုက်တယ် "မလှုပ်နဲ့။ ငါ ဆေးလိမ်းနေတယ်"
ကျီရှောင်အုံး ခေါင်းကို အကြိမ်ကြိမ်ခါယမ်းလိုက်ခဲ့တယ်။ သူက ထောင်ထောင် တာကို သူမ ယုံတာမယုံတာ အပထား သူက ယောက်ျားလေး ဖြစ်တော့ သူမ သူမ ဗိုက်ကို သူ့ကို ကြည့်ခွင့်မပြုနိုင်တော့ဘူးပဲ...အာ.။
"ငါ ဘာသာငါ လုပ်မယ်" ကျီရှောင်အုံး ကမန်းကတန်းပြောလိုက်တယ်။
ကျီရှောင်အုံးကတော့ သူတော့ ရပ်မှာပဲလို့ တွေးလိုက်တယ်၊ ဒါပေမဲ့ ဘယ်သူကသိမှာတဲ့လဲ ခဏကြာတော့ သူ တကယ်ကြီး ပြောလိုက်တာက "ငါ ဒဏ်ရာရတုန်းကလည်း မင်းလည်း ပွတ်ပေးခဲ့တာပဲမလား"
ကျီရှောင်အုံး : " ..."
သူက ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မပြောလိုက်ပေမယ့် ကျီရှောင်အုံးကတော့ အားလုံးကို မှတ်မိနေလေတယ်။
သူမက သူ့ကို ဆေးတိုက်ခဲ့ရုံသာမကဘူးပဲ သူ အဖျားတက်တဲ့အချိန်တုန်းကလည်း သူ့ဖင်ပေါက်ကနေ အပူချိန်တိုင်းဖို့ သူမ ကြိုးစားခဲ့ဖူး..... . .
ကျီရှောင်အုံးက သူဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရတာလဲလို့ သိချင်နေခဲ့တာ။
အခုကျတော့ သူမ အဲဒီအကြောင်းကို တွေးတောလိုက်တော့...အား.အားးးအားးး ကျီရှောင်အုံး သူမခေါင်းကို မြေကြီးထဲပဲ ထိုးမြုပ်ထားလိုက်ချင်တော့တယ်။ ဘယ်လိုလုပ်ပြီး သူမ ဒီလိုအရာမျိုး လုပ်နိုင်ရတာလဲ!
ကုတင်ပေါ်က ကောင်မလေးက ပိုလို့ ပိုလို့ ရှက်သွေးဖြာနေခဲ့ပြီး သူမပါးပြင်တွေကို အုပ်ဖို့ သူမလက်ကို မြှောက်လိုက်ခဲ့တယ်။
သူမနီမြန်းနေတဲ့ နားရွက်လေးတွေက ထုတ်ဖော်နေဆဲဖြစ်ပြီး သူမ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်တယ်။
ရမ် က သူမကို ခဏလောက် စိုက်ကြည့်ပြီးနောက် တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ သူမကို ပိုလို့တောင် ရှက်ရွံ့သွားစေမယ့် စကားတွေ ဆက်ပြောလိုက်ခဲ့၏ "မင်း အိပ်ပျော်နေတုန်းကလည်း ငါ ပဲ မင်းကို ဆေးလိမ်းပေးခဲ့တာ"
ကျီရှောင်အုံး : " ..."
*******
နောက်တစ်နေ့တွင်တော့ ကျီရှောင်အုံး ဒီနေရာက ဘယ်လိုနေရာလဲဆိုတာ သတိပြုမိလာခဲ့တယ်။
အိမ်အပြင်ဘက်တွင် ကျားသစ်နက်သားရဲလူ အမျိုးသားပေါင်းစုံပါဝင်တဲ့ ကျားသစ်တွေ၊ သစ်ကျုတ်တွေ၊ ကျားသစ်နက်တွေ၊ နှင်းကျားသစ်တွေ အစရှိတာတွေ အများအပြားရှိနေခဲ့တယ်။ ခြွင်းချက်မရှိတာကတော့ သူတို့တွေအားလုံးက အလွန်ရှည်လျားတဲ့အရပ်နဲ့ သူတို့နောက်မှာ အမြီးရှည်တွေ တန်းလန်းချလျက်ရှိပြီး အသားစားမျိုးစိတ်တွေရဲ့သဘာဝအတိုင်း ထင်ရှားတဲ့လက္ခဏာဖြစ်တဲ့ ရန်လိုမှုတွေ ရှိနေခဲ့၏။
သေချာတာပေါ့ သားရဲလူအမျိုးသားတွေရဲ့ လမ်းကို ဖြတ်သန်းကျော်လွှားတဲ့ နည်းလမ်းတွေလည်း များစွာရှိလေတယ်။ တစ်ယောက်က အမြင့်ကနေ ခုန်ချပြီး သူတို့ရဲ့ရုပ်ပုံသဏ္ဍာန်တွေကို ပေါ့ပါးဖျတ်လတ်စွာ ပျောက်ကွယ်သွားလိုက်ပြီး အခြားသူတွေကတော့ ထိုအရာကို မျက်နှာအမူအရာအေးဆေးနဲ့ မျက်နှာမူကြည့်နေကြလေတယ်။
ဒီနေရာမှာက အမျိုးသမီး အနည်းစုပဲရှိတာပဲဖြစ်တယ်။ တစ်နေ့လုံးနေမှ ကျီရှောင်အုံး စုံတွဲတစ်တွဲသာ တွေ့လေတယ်။
သူတို့တတွေက ယောကျ်ားသားတွေနဲ့ သိသိသာသာ ကွဲပြားပြီး သူတို့ရဲ့ အရပ်က သိသာစွာ ပုပေမယ့် ကျီရှောင်အုံး အရပ်ထက်တော့ အများကြီးမြင့်နေတုန်းပင်။
လူသားပုံပန်းသွင်ပြင်နှင့်ပင် သူတို့ဦးခေါင်းထက်တွင် နားရွက်ဝိုင်းတစ်စုံလည်း ရှိနေလေတယ်။
သူတို့တွင် အစိတ်ပိုင်းအများစုက ထွားကြိုင်းသောကိုယ်ကာယနှင့် ဖြောင့်မတ်တဲ့ ကျောကုန်းများရှိကြတယ်။
ထူးထူးဆန်းဆန်းကိုပဲ ဒီနေရာမှာက အမျိုးသမီးတွေ နည်းပါးပေမဲ့ တစ်ယောက်ချင်းစီကတော့ လွတ်လွတ်လပ်လပ်ရှိနေပုံရတယ်။
သူတို့တွေကို ယောက်ျားလေးလူဦးရေနဲ့ တွဲပြီး မခွဲထားဘူးလား။
တစ်လျှောက်လုံးလုံးရှိလာတဲ့ သမင်ရွာနဲ့ တောင်ဆတ်ရွာတွေမှာဆို အမျိုးသမီးတစ်ယောက်ဆိုရင် အမျိုးသားတစ်ယောက်ရှိတာပဲမလား . .
ကျီရှောင်အုံး အရင်တုန်းက တိရိစ္ဆာန် တွေအုပ်ချုပ်တဲ့ ကမ္ဘာလောကအကြောင်းကို တွေးတောလိုက်ခဲ့တယ်။ ကျားသစ်တွေ တစ်ကိုယ်တည်းနေထိုင်ကြတဲ့ တိရစ္ဆာန်တွေဖြစ်ကြပြီး ဆန့်ကျင်ဘက်လိင်တွေက တစ်ခါတစ်ရံမှပဲ တစ်ယောက်နဲ့တစ်ယောက် သည်းညည်းခံကြတယ်တဲ့။
ဒါဆို ဆိုလိုတာက ကျားသစ်တေံမှာ အတူယှဉ်တွဲနေထိုင်တဲ့ "အိမ်ထောင်ဖက်" မရှိဘူးလို့ ပြောချင်တာလား။
တချို့ မျိုးနွယ်စုတွေမှာ အမျိုးသမီးတစ်ဦးက အမျိုးသားတော်တော်များများနဲ့ အိပ်ရာဝင်ရတယ်လို့ အီရစ် တစ်ခါတုန်းက ပြောခဲ့တာ အံ့သြစရာမဟုတ်တော့ဘူးပဲ... . .
ကျီရှောင်အုံး ပြတင်းပေါက်တွင် ကြောင်တောင်တောင်နိုင်စွာ မှီနေခဲ့တယ်။
သူမရဲ့ဒဏ်ရာက အရှင်းမပျောက်သေးပေ၊ သူမ အကြာကြီးမရပ်နိုင်တာကြောင့် ခဏလောက်ကြာတော့ ကုတင်ပေါ်မှာ ပြန်လှဲနေလိုက်တယ်။
ကျီရှောင်အုံးရဲ့ဒဏ်ရာများကို လာကုသပေးနေတဲ့ ဝက်ဝံသားရဲလူတစ်ယောက် ရှိသည်။
အသားစားတဲ့ မျိုးနွယ်စုတွေထဲကဖြစ်ပြီး 'သံမဏိသားရဲ'လို့ လူသိများတဲ့ ပန်ဒါဝက်ဝံ သားရဲလူတစ်ယောက်ပဲဖြစ်တယ်။
လူသားမျိုးနွယ်တွေ မျိုးမသုဉ်းမီက ပန်ဒါဝက်ဝံတွေဟာ လူသားတွေနဲ့ အနီးစပ်ဆုံး မျိုးစိတ်တွေ ဖြစ်တာမို့ သူတို့၏ ဆေးဘက်ဆိုင်ရာ အဆင့်အတန်းက မြင့်မားတာပဲဖြစ်တယ်။
ကျီရှောင်အုံးရဲ့ဒဏ်ရာကို ဘတ်ဟမ် လို့ခေါ်တဲ့ ပန်ဒါသားရဲအမျိုးသားက ချုပ်ပေးထားတာပဲဖြစ်တယ်။
သူ့ရဲ့တုတ်ဖြိုးတဲ့ လက်ကို ဆန့်တန်းပြီး ဒဏ်ရာကိုကြည့်လိုက်ကာ ကောက်ချက်တစ်ခု ချလိုက်တယ်။ "ဒဏ်ရာက ကောင်းကောင်းမကျက်သေးဘူး"
ကျီရှောင်အုံးရဲ့ တစ်ကိုယ်လုံး တောင့်တင်းကာ ကြက်သေသေသွားခဲ့တယ်။
ထို့နောက် ဘတ်ဟမ် က မေးလိုက်တယ်။ "မင်း ကြမ်းကြမ်းတမ်းတမ်းတွေ လျှောက် လှုပ်ရှားလိုက်သေးလား"
ကျီရှောင်အုံး စဉ်းစားလိုက်ပြီး ရိုးရိုးသားသားပဲ ပြန်ပြောပြလိုက်တယ်။ မနေ့က သူမ ပြုတ်ကျလုနီးပါးဖြစ်သွားပြီးတော့ ဒဏ်ရာကို မတော်တဆ ဆွဲမိသွားလိုက်တာဖြစ်တယ်။
"မင်း မသေချင်ရင် အိပ်ရာပေါ်မှာပဲ လိမ်လိမ်မာမာ ထိုင်နေ" ဘတ်ဟမ်က အမည်းရောင်တွေဝိုင်းထားတဲ့ သူ့မျက်လုံးကို အောက်စိုက်ကြည့်လိုက်ရင်း ပြောလိုက်တယ် "လက်ကျန်ဆေးက ကုန်တော့မယ်။ ငါ ထပ်လုပ်ပေးထားတယ်။ ဒါကို တစ်နေ့ သုံးခါ လိမ်း ပြီးရင် ငါ့ကို ပြော"
ကျီရှောင်အုံး အလွန်နာခံစွာ ခေါင်းညိတ်လိုက်တယ်။
ဘက်ဟမ်က ဒဏ်ရာကိုကြည့်ပေးပြီး သွားဖို့ ပြင်လိုက်ခဲ့တယ်။ ကျီရှောင်အုံး ဆက်ပြီးတော့ သည်းခံထားလိုက်ပေမဲ့ သူမ မမေးဘဲ မနေနိုင်တော့ဘဲ မေးလိုက်တယ် "အဲဒါ... ဒီနေရာက ဘာလဲ ရှင် သိလား"
ဒီမေးခွန်းကို ကျီရှောင်အုံး က အမြဲတမ်း မေးချင်နေခဲ့တာဖြစ်တယ်။
ဒါပေမယ့် ရမ်ကိုကြည့်လိုက်တဲ့အချိန်တိုင်း . . သူမ ပြောမထွက်ဘူးဖြစ်နေခဲ့တယ်။
သူ အကောင်သေးသေးလေးဖြစ်တုန်းက သူမ သူ့အပေါ် လုပ်ခဲ့တာတွေ တွေးတောလိုက်တိုင်း သူမ စိတ်မသက်မသာပဲ ခံစားနေမိတယ်။
အူထဲအသည်းထဲကကို . . ..... ထိုဟာက ပြောမပြနိုင်လောက်အောင်ကို ရှက်စရာကြီးပဲ။
ဘတ်ဟမ် က သူမဆိုလိုချင်တာကို နားလည်မှုလွဲသွားခဲ့တယ် " ကမူဒါတောင်ကြား၊ ကျားသစ်မျိုးနွယ်စု"
"မဟုတ်ဘူး.." ကျီရှောင်အုံး သူမလက်ကို အလျင်အမြန်ယမ်းလိုက်ကာ "ဘော်နီးယားကုန်းမြေအရှေ့ဘက်နဲ့ ဘယ်လောက်ဝေးလဲ"
ဘတ်ဟမ်က သူမကို မျက်လုံးထဲကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း စကားလုံးအချို့ ပြောလိုက်၏ "ကောင်းကင်နဲ့ မြေကြီးလိုပဲ"
သူ ထွက်သွားပြီးနောက် ကျီရှောင်အုံး အကြာကြီး ထိုင်နေပြီးတော့ အချိုန်ဖြုန်းနေခဲ့တယ်။
'ကောင်းကင်နှင့်မြေကြီးတဲ့လား။'
'ပြောရရင် တစ်ခုက အရှေ့ဆို တစ်ခုက အနောက်ဘက်ဆုံးပေါ့။'
'ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ . . သူမမှာ ခက်ခက်ခဲခဲနဲ့ လမ်းတစ်ဝက်တောင် ရောက်သွားလိုက်တာပဲ။ သူမ အရှေ့ဘက်ကို ရှောက်ရှိဖို့ နဲ့အိမ်ပြန်လမ်းကို ရှာဖို့ အရမ်းနီးသွားတာပဲကို'
ဒါပေမဲ့ အခုကျတော့ သူမကြိုးစားခဲ့သမျှက သဲထဲရေသွန် ဖြစ်သွားပြီးတော့ သူမပန်းတိုင်နဲ့ ပိုတောင်ဝေးသွားလိုက်တာပဲ ။ ကျီရှောင်အုံး မြေကြီးပေါ်ကို ကြောင်တက်တက် စိုက်ကြည့်ရင်း သူမ စိတ်ပျက်အားငယ်စွာ တွေးတောနေတော့တယ်။
******
ရမ် က အပြင်ကနေ တံခါးကို တွန်းဖွင့်လာလိုက်ပြီး ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
ကောင်မလေးရဲ့ ကိုယ်တစ်ဝက်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမမျက်လုံးတွေက မှိုင်တွေနေခဲ့ကာ နှုတ်ခမ်းသားများက အနည်းငယ်လေးဖိကိုက်ထားပြီး သူမ အမူအရာတွေက လေးလံနေခဲ့ကာ ဘာတွေတွေးနေမှန်း သူ မသိရပေ။
ရမ်ရဲ့ လက်ပြင်နောက်ကျောနဲ့ သူ့ပခုံးတွေမှာ ဒဏ်ရာတွေ တိုးလာပေမယ့် သူ ဘာမှ မခံစားရပေ။ သူ့လျှာကိုထုတ်ကာ သွေးတွေကို လျက်ထုတ်လိုက်ပြီး ကုတင်ဘေးသို့ ခြေလှမ်းကျဲကျဲ ဖြင့် လျှောက်သွားလိုက်ကာ အသံတိုးတိုးဖြင့် မေးလိုက်တယ် "ဘတ်ဟမ် လာသွားလား"
လူရိပ်က သူမခေါင်းပေါ်ကို ဖြတ်ကျော်သွားခဲ့ပြီး ကျီရှောင်အုံးက သူ့မျက်လုံးတွေနဲ့ဆုံရန် သူမခေါင်းကို မော့လိုက်ရင်း ခေါင်းညိတ်လိုက်တယ် "အမ်း"
ရမ် က မေးလိုက်၏ "သူဘာပြောသွားလဲ"
ကျီရှောင်အုံး က ရိုးရိုးသားသား ပြန်ဖြေလိုက်တယ် "ကောင်းကောင်း အနားယူပြီး အောက်မဆင်းဖို့ သူ ကျွန်မကို ပြောသွားတယ်။ သူ ဆေးတွေ ထပ်ပို့ပေးမယ်တဲ့၊ အဲဒီဆေးကို တစ်နေ့ သုံးကြိမ် လိမ်းဖို့ ပြောတယ်......" သူမပြောတဲ့စကားက ပြောရင်းပြောရင်းနဲ့ အသံက တိုးဝင်သွားခဲ့ပြီး မနေ့ညကမြင်ကွင်းကို ထပ်တလဲလဲ စဉ်းစားမိလိုက်ကာ သူမ၏ပါးပြင်တွေက အနီရောင်ပြောင်းသွားခဲ့တယ်။ "ပိုကောင်းလာရင် သူ ချုပ်ရိုးလာဖြေမယ်တဲ့ ပြောသွားတယ်"
ရမ် က မေးလိုက်၏ "ဒီနေ့ရော မင်း ဆေးထည့်ပြီးပြီလား"
ကျီရှောင်အုံး : ".........မထည့်ရသေးဘူး.."
ရမ် သူမရဲ့တုံ့ပြန်မှုကို စောင့်နေဖို့မလိုအပ်ဘဲ ဆေးပုလင်းကိုယူဖို့ ဗီရိုဆီသို့ လျှောက်သွားခဲ့တယ်။ ကုတင်ဆီကို ပြန်လျှောက်လာလိုက်ပြီး သူမကို ဆေးထည့်ပေးမလို့ လုပ်လိုက်ခဲ့တယ်။
"ရ....ရမ်" သူ့လက်က သူမအဝတ်တွေကို ထိလိုက်တဲ့အချိန် ကျီရှောင်အုံးက သူ့နာမည်ကို အသည်းအသန် ထွက်ခေါ်လိုက်ရတယ်။
သူမ သူ့ လက်ချောင်းတွေကို ကြည့်လိုက်တယ်၊ ကျားသစ်ပေါက်လေးကနေ ကျားသစ်ကြီးဖြစ်လာတာကို အခုထိ လက်ခံလို့မရသေးပေ၊ သူမ အမြဲတမ်း သူ့ရှေ့တွင် သတိနဲ့ နေနေ ခဲ့တာပင်။
. . .
"ဘတ်ဟမ် ပြောတာက ဒီနေရာက ကျားသစ်မျိုးနွယ်စုတဲ့၊ အဲဒါကြောင့်ပဲ သူတို့တွေ ဒီနေရာမှာပဲ နေကြတာတဲ့" နေ့လယ်ခင်းတစ်ခုလုံး သူမ ဒီအကြောင်းကို တွေးတောလိုက်ပြီး အခုတော့ သူမ သတ္တိမွေးကာ ပြောလိုက်တယ်။"ငါက နင့်မျိုးနွယ်ကမဟုတ်ဘူး...... ငါ့မျိုးနွယ်စုစီ ငါပြန်သွားဖို့လိုတယ်။ ငါ့ဒဏ်ရာ သက်သာသွားတာနဲ့ ငါ ထွက်သွားလို့ရမလား"
. . .
ကျီရှောင်အုံးက ဒီလိုပြောပြီးနောက်တောင် သူမ တုံ့ပြန်မှုတစ်ခုတောင် မရခဲ့လိုက်ချေ။
သူမ မျက်လုံးကို မော့ကြည့်လိုက်ကာ "ရမ်......."
"မရဘူး" ရမ် က သူ့လက်ထဲက ဆေးပုလင်းကို ဖျစ်ညှစ်လိုက်ပြီး သူ့ရဲ့ မည်းနက်တဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားလိုက်ကာ မနှစ်မြို့ဖွယ် လေသံတစ်ခုနဲ့ သူမ ပြောနေတာကို ကြားဝင်ဖြတ်လိုက်ခဲ့တယ်။
End