အပိုင်း(၂၉)
နံနက်ဆည်းဆာက ကမူဒါ တောင်ကြားကို ဖြတ်ကျော်ဝင်ရောက်လာလိုက်ပြီး မူလက မှောင်မိုက်သော ချိုင့်ဝှမ်းက လင်းထင်းလာခဲ့တယ်။
ရမ် တဲအိမ်လေးမှ ထွက်လာလိုက်ကာ သစ်သားတံခါးအား သူ့လက်တစ်ဖက်ဖြင့် နောက်ပြန်ပိတ်လိုက်ခဲ့တယ်။
အထဲက ကောင်မလေးကတော့ အိပ်ပျော်နေတုန်းပင်။ နေရောင်ခြည်က ပြတင်းပေါက်ကို ဖြာကျလာခဲ့ပြီး အဖြူရောင် စက်ဝန်းတစ်ဝန်းက ကောင်မလေး၏ ပါးပြင်ကို ဖြတ်ကာ သူမရဲ့ပါးလွှာသော အသားအရေကို နီးနီးကပ်ကပ် ဖောက်ထွင်းမြင်နိုင်စေခဲ့တယ်။
နေရောင်ခြည်က စူးရှစွာ တောက်ပနေပြီး ကျီရှောင်အုံး သူမမျက်ခုံးရိုးများတွန့်သွားခဲ့တယ်။ သူမရဲ့သွယ်လျတဲ့ မျက်တောင်တွေက နူးညံ့ကျိုးပဲ့လွယ်တဲ့ ယပ်တောင်တစ်ချောင်းလို ခဏတာမျှ တသိမ့်သိမ့်တုန်ယင်စွာ ခတ်သွားခဲ့ပြီး သူမရဲ့ကြည်လင်တဲ့ မျက်လုံးတွေကို ပိတ်ဆို့ထားလိုက်တယ်။
မနေ့က ရမ်က ကျီးရှောင်အုံးရဲ့ တောင်းဆိုမှုကို ငြင်းဆန်လိုက်ခဲ့ပြီး သူမ သူ့ကို ဒီလိုတူညီတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး မေးလိုက်ခဲ့တယ်။ "ဘာလို့လဲ"
ရမ်က သူပြောခဲ့တဲ့စကားကို မေ့သွားတဲ့အတိုင်း နောက်တော့မှ စိတ်တည်ငြိမ်စွာနဲ့ "ဘော်နီးယားကုန်းမြေ အရှေ့စွန်းကို သွားတာက ခရီးအရှည်ကြီးတစ်ခုပဲ အပြင်မှာ အရမ်းအေးလွန်းတယ်။ မင်း အဲဒီကို မင်းဘာသာ ရောက်အောင် မသွားနိုင်ဘူး"
ကျီရှောင်အုံး က ဒါကို ပြန်လည် မချေပနိုင်ခဲ့ပေ။
ဒီနေရာက သားရဲလူသားတွေရဲ့နယ်မြေမှာက သူမတစ်ယောက်ချည်း သက်သက်ခွန်အားက မဖြစ်စလောက်လေးပဲ။ အရင်တုန်းက သူမမှာ"ထောင်ထောင်" ရှိပြီးတော့ ထောင်ထောင်က အများကြီးမကူညီနိုင်ဘဲ သူက အဖော်ရရုံသက်သက်သာ။ ဒါပေမဲ့ ထောင်ထောင်က သန်မာတဲ့သူ တစ်ယောက်ဖြစ်လာပြီး အားထားရတဲ့ ကျားသစ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမနဲ့ အတူလိုက်ပါဖို့ သူ့ကိုတောင်းဆိုဖို့လည်း သူမမှာ သတ္တိမရှိနိုင်တော့ပေ။
ကျီရှောင်အုံးက ငြိမ်ကျသွားကာ တုံ့ဆိုင်းစွာနဲ့ "ငါ အီရစ်ကို ရှာလို့ရတယ်... အီရစ်က ပြောတယ် သူက အရှေ့ဘက်ကို သွား..."
သူမ စကား မဆုံးသေးခင်မှာပဲ ရမ်က ဆေးဘူးကို ကုတင်ပေါ် ချလိုက်ပြီး ကြားဖြတ်လိုက်ခဲ့တယ် " မင်း အဲဒီလိုမပြောခင် မင်း နေကောင်းသွားတဲ့အထိ စောင့်ဦး"
ကျီရှောင်အုံး : "... အွန်း"
အဲဒီလိုနဲ့ ခေါင်းစဉ်က လမ်းလွဲသွားလိုက်တော့သည်။
အဲဒီနောက်တော့ ရမ် က ထရပ်ပြီး အစားအသောက်ရှာဖို့ အပြင်ထွက်သွားလိုက်ခဲ့တယ်။
သူပြန်လာတဲ့အချိန်တွင်တော့ ကျီရှောင်အုံးက ဆေးကို သူမဘာသူမ လိမ်းလိုက်ပြီးဖြစ်ကာ ကုတင်ထောင့်စွန်းတွင် ကျုံ့ကျုံ့လေးနဲ့ လျင်မြန်စွာ အိပ်ပျော်နေတော့တယ်။ သူမက ဒီလိုလေးကျုံ့ကျုံ့ရုန့်ရုန့်နဲ့ အိပ်သွားခဲ့ပြီး နေရာအများကြီးမယူထားခဲ့ပေ။ သူမ ရမ်ရဲ့ကိုယ်လုံးဆန့်နိုင်ဖို့အတွက် ကုတင်ပေါ်တွင် အရမ်းကျယ်တဲ့ နေရာလွတ်ကြီးတစ်ခုကို ချန်ထားပေးခဲ့လိုက်တယ်။
သို့ပေမဲ့လည်း ရမ်က ကုတင်ဘေးတွင် အကြာကြီး မတ်တပ်ရပ်နေလိုက်ပြီး အဆုံးထိ ကုတင်ပေါ်တွင် မလှဲလိုက်ခဲ့ဘဲ အဲဒီအစား တစ်ညလုံးလုံး ကွပ်ပျစ်ပေါ်တွင် ဝမ်းလျားမှောက် လဲလျောင်းလိုက်ခဲ့တယ်။
'သူ ဘာလို့များ သူမကို သွားခွင့် မပြုနိုင်ရတာများလဲ။'
ရမ် အခန်းတံခါးဝတွင် ရပ်ကာ နေရောင်က သူ့ပုခုံးပြင်ကျယ်ကြီးပေါ်မှ ဖြတ်သန်းသွားစေလိုက်ပြီး မြေပြင်ပေါ်တွင် အရိပ်ကြီးတစ်ခု ကျစေလိုက်တယ်။
*******
သူမစိတ်ထဲမှာ ပန်းတိုင်တစ်ခုသာ ရှိတယ်ဆိုတာ သူ အမြဲတမ်း သိနေခဲ့သည်။
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူမ သူ့ကို ပွေ့ဖက်ထားရင်း သနားစရာကောင်းလောက်အောင် သူမ ရဲ့ အိမ်၊ သူမရဲ့ အဖေနဲ့အမေကို တွေးတောရင်း " ငါ အိမ်ပြန်ချင်တယ်" လို့ မကျေမနပ်ဖြစ်စွာနဲ့ ပြောခဲ့တယ်။
'သူမအိမ်က ဘယ်မှာလဲ။ သူမ ဘာလို့ ဒီနေရာကိုရောက်လာရတာလဲ။'
ပြီးတော့ သူမ မရေမတွက်နိုင်တဲ့ ပစ္စည်းပေါင်းများစွာကို ဆွဲထုတ်နိုင်တဲ့ အဲဒီ "နေရာလွတ်" ဆိုတာကရော ဘာကြီးလဲ။' ရမ် က တွေးတောလိုက်ရင်းနဲ့ သူက ထိုအရာကို အဖြေရှာထုတ်ချင်နေခဲ့တယ်။
******
ရမ်က စကားလက်လို့ခေါ် တဲ့ အကြီးအကဲတစ်ဦး၏အိမ်သို့ လျှောက်သွားလိုက်ခဲ့တယ်၊ အဲဒီနေရာတွင်တော့ မိန်းမပျိုတစ်ဦးက သမင်သားရေစွတ်ကျယ်အင်္ကျီကို ချုပ်လုပ်နေခဲ့တယ်။
ထိုမိန်းမပျိုက အရပ်ရှည်ပြီး အသက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့် အရွယ်ရှိကာ လူသားနဲ့တူတဲ့ မိန်းကလေးတစ်ယောက် ပုံပေါ်နေခဲ့တယ်။ သူမတွင် ကျားသစ်နားရွက်ဝိုင်းဝိုင်း၊ မျက်လုံးနက်နက်နဲ့၊ နှာတံရှည်လေးတစ်ခု ရှိနေခဲ့တယ်။ သူကတော့ အကြီးအကဲရဲ့သမီးဖြစ်သူ ဆူဇန်နာပင်ဖြစ်၏။
ခြေလှမ်းသံတွေကို သူမ ကြားလိုက်တော့ ဆူဇန်နာရဲ့နားရွက်တွေက တွန့်သွားပြီး တံခါးဝကိုကြည့်ဖို့ စွတ်ကျယ်အင်္ကျီကို ချက်ချင်းချလိုက်တယ်။ "ရမ်—"
ထို အသံက ထူးဆန်းတဲ့ အသံထွက်တစ်ခုဖြစ်တယ်။
ရမ်က ခြံထဲသို့ လျှောက်ဝင်လာလိုက်ပြီး အိမ်ထဲသို့ လှမ်းကြည့်ကာ တူညီတဲ့ဘာသာစကားနဲ့ မေးလိုက်၏ "ဆူဇန်နာလား"
ဆူဇန်နာက ခေါင်းညိတ်လိုက်တယ် အဲဒီနောက် တီးတိုးပြောလိုက်၏ "ရိုးဒ် ရောက်နေတယ်၊ ငါ့အဖေနဲ့ အိမ်ထဲမှာ စကားပြောနေတယ်"
ရမ် က ခဏရပ်တန့်သွားပြီး မေးလိုက်တယ်။"သူ ဒီမှာ ဘာလုပ်နေတာလဲ"
သူမက ပခုံးတွန့်ပြပြီး "ဘယ်သူသိမှာလဲ။ သူတို့ပြောနေတာတွေကို ငါ့ကို လုံးဝကြားခွင့်မပြုဖူးလေ"
ရမ်က သူမစကားတွေကို မတုံ့ပြန်တာကိုမြင်တော့ သူမမျက်လုံးတွေက နည်းနည်းပြောင်းလဲသွားကာ ထပ်ပြောလိုက်တယ်၊ "ဒါပေမယ့် ငါ ကြားတာတော့ နင်မျိုးနွယ်ထဲမှာ မရှိတုန်းက ရိုးဒ် နဲ့ လောရန့် က တအားတရင်းတနှီးနေလွန်းတယ်။ ရိုးဒ် က နင့်ရဲ့နောက်ခံကို လောရန့်ဆီ သတင်းပေါက်သွားတော့ မဟုတ်ပါဘူးနော်!"
ရမ် နှုတ်ဆိတ်မြဲဖြစ်ကာ မည်သို့မျှ မတုံ့ပြန်ခဲ့လိုက်ပေ။
လောရန့် တံခါးဝသို့ ရောက်တဲ့အချိန်တည်းက သူ ရိုးဒ်နှင့် ဒိုး ကို သံသယဝင်ပြီးသွားပြီဖြစ်၏။
ရိုးဒ်က နောက်တက်မဲ့ခေါင်းဆောင်ကို ရွေးချယ်ပွဲလုပ်ဖို့ စီစဉ်နေကြောင်း ကြားသိရပြီးနောက်တွင် ရမ်က သူ့အကြံအစည်ကို လွယ်လင့်တကူ ခန့်မှန်းနိုင်ခဲ့တယ်။
—— သူအား လော်ရန့်နဲ့ သေတဲ့အထိ တိုက်ခိုင်းပြီးတော့ ၊ အဲဒီနောက်မှာ မျိုးနွယ်စုမှာ တတိယမြောက် အသန်မာဆုံးသူဖြစ်တဲ့ ရိုးဒ်က အားနည်းတဲ့ ပြိုင်ဘက်ကို အခွင့်ကောင်းယူကာ သူ့ကိုယ်သူ ပွဲလန့်တုန်း ဖျာခင်းနိုင်ခဲ့တယ်။
သူ့ကိုစိတ်ပျက်စေရတာကတော့ ရမ်က သေကံမရောက် သက်မပျောက်ဘဲ ပြန်လည်ရောက်ရှိလာခဲ့ပြီး ခေါင်းဆောင်နေရာကို ပြန်လည်ရောက်ရှိလာလိုက်တာပင်။
မနေ့ညက ရမ်၏လက်တွင် ဒဏ်ရာရလာတာက အခြားကျားသစ်တွေနဲ့ တိုက်ခိုက်ရာမှ ရလာတာပဲဖြစ်၏။
"သူ ဒီတစ်ခါ ငါ့အဖေ့ကိုလာရှာတာပဲ၊ အဖေ ဘာတွေတွေးနေလဲတော့ ငါလည်းမသိဘူး..." ဆူဇန်နာ က ရေရွတ်ရင်း ရမ့်ကို လှမ်းကြည့်လိုက်တယ်။ သူက သိသိသာသာပင် သူမစကားတွေကို ခေါင်းထဲမထည့်ပေမဲ့ သူမကတော့ ရမ့် ကို အလွတ်ပေးဖို့ ဝန်လေးနေခဲ့တယ်။ ခဏလောက်ကြာတော့ သူမက ပေါ့ပေါ့ပါးပါး မေးသလို ဟန်ဆောင်လိုက်ကာ "ငါ အဖေ ပြောတာကြားတယ် နင် အပြင်ဘက်ကနေ မိန်းမပျိုတစ်ယောက် ခေါ်လာတယ်ဆို။ အဲဒီ မိန်းမပျိုက နင့်ကို ဘယ်လိုလုပ် ကျေနပ်စေလိုက်တာလဲ"
ရမ် က သူမကိုကြည့်ကာ "မင်း ဘာတွေလာပြောနေတာလဲ"
ဆူဇန်နာ က နေကို တမင်ညွှန်ပြပြီး "အခုမှ အစောကြီးရှိသေးတယ်လေ"
"... " ရမ်က သူမ ဆိုလိုတာကို သဘောပေါက်သွားလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်လိုက်ကာ ပြေပြစ်စွာ ပြောလိုက်တယ် "ဒါ မင်းနဲ့ မဆိုင်ပါဘူး"
ဆူဇန်နာက မူလကတော့ နည်းနည်း ဆွဲဆောင်ချင်ရုံသာဖြစ်ပေမဲ့ ဒီလိုမျိုးဒွိဟဖြစ်တဲ့ အဖြေပြန်ရဖို့တော့ သူမ မမျှော်လင့်ထားပေ၊ သူမပါးစပ်က အနည်းငယ်လေး အောက်စိုက်သွားလိုက်ပြီးတော့ " ငါ ခုထိ သူ့ကို မတွေ့ဖူးသေး ဘူး၊ နင် သူ့ကို တင်းတင်းကြပ်ကြပ် ဝှက်ထားတာပဲ နင်သူ့ကို အပြင်ထွက်ခိုင်းဖို့ရော မရည်ရွယ်ထားဘူးလား။ ငါ သူနဲ့သွားကစားလို့ရမလား"
ရမ် က ငြင်းလိုက်၏ "မင်း သူ့ကို လန့်အောင်လုပ်မိလိုက်မယ်"
ကျားသစ်ဘာသာစကားက လူသားဘာသာစကားနဲ့ ကွဲပြားတာပဲဖြစ်တယ်။ သူတို့တတွေက လူ့ဘာသာစကားနည်းစနစ်အား အတုခိုးခဲ့ပေမဲ့ သူတို့အသံထွက်နဲ့သူတို့အတိုင်း ထိန်းသိမ်းထားခဲ့တယ်။
လူ့ဘာသာစကားကို အတုယူခဲ့သော သမင်တွေ၊ တောင်ဆတ်နှင့် အခြားသော တိရစ္ဆာန်မျိုးစိတ်တွေနဲ့ မတူပေ၊ သူတို့တတွေကတော့ လူသားဘာသာစကားကို တုပပြောကြတာပဲဖြစ်တယ်။
ကျီရှောင်အုံး ရိုးဒ် ကို ပထမဆုံးအကြိမ် ဆုံတုန်းကဆို သူ ဘာပြောလဲဆိုတာ သူမ နားမလည်ခဲ့ပေ။
ရမ် ပြောတာအား သူမ အခုလို ကောင်းကောင်းနားလည်နိုင်ရတဲ့ အကြေင်းအရင်းက ရမ် ကိုယ်တိုင်က လူသားဘာသာစကားရော ကျားသစ်ဘာသာစကား ကိုရော ဘာသာစကားနှစ်မျိုးစလုံး ပြောနိုင်တာကြောင့်ပင်။
ကျီရှောင်အုံးက မကြာသေးခင်ကမှ ငှက်ငယ်လေးတစ်ကောင်လို လန့်နေခဲ့ရတာပဲ ဆူဇန်နာကသာ သူမကို အနှောင့်အယှက်ပေးလိုက်မယ်ဆို သူမကို ပိုဆိုးသွားစေမှာပဲမလား။
ဆူဇန်နာ သူမ မျက်လုံးတွေ ပြူးကျယ်သွားပြီး အရေးတယူလုပ်လိုက်ခဲ့တယ် "ရမ် နင် သူ့ကို အရမ်းတင်းတင်းကျပ်ကျပ် ထိန်ချုပ်ထားတာပဲ!"
ရမ် က မငြင်းပယ်လိုက်ခဲ့ပေ။
ခဏကြာပြီးနောက်တွင် ရိုးဒ် က အကြီးအကဲ စကားလက်နှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့လိုက်တယ်။
ရမ့်ကို မြင်လိုက်ချိန် သူ၏ခြေလှမ်းတွေက တောင့်တင်းသွားပေမဲ့ ရမ် ဖြတ်သွားစဉ်တော့ မသိစိတ်ကနေ အတင်းလုပ်ပြုံး ပြုံးလိုက်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်။
ရမ် က သူ့ကို စိတ်ထဲပင် မထည့်ဘဲ စကားလက် ရဲ့အိမ်ထဲကို ၀င်သွားလိုက်တယ်။
ရမ် ပျောက်သွားတုန်းက မျိုးနွယ်စုက လျော့တိလျော့ရဲဖြစ်သွားပြီး ဘယ်သူကမှ စည်းကမ်းကို မနာခံဘဲ အရာအားလုံးကို ကမောက်ကမ ဖြစ်စေလိုက်ခဲ့၏။
မျိုးနွယ်စုအတွက် သိုလှောင်ထားတဲ့ အစားအစာများက တဖြည်းဖြည်း လျော့ပါးလာပြီး အမျိူးသမီးများနှင့် သက်ကြီးရွယ်အိုများ စားစရာမရှိဖြစ်ဖို့ သိပ်မကြာရှည်တော့ချေ။
ဒါကြောင့်မို့ အကြီးအကဲဖြစ်သူ စကားလက်က ရမ့်ကို ဦးဆောင်စေကာ လူငယ်အမျိုးသားတွေကို အမဲလိုက်ခရီးထွက်ပြီး မျိုးနွယ်စုရဲ့ စားနပ်ရိက္ခာတွေကို သိုလှောင်ဖြည့်ဆည်း စေချင်နေတာပဲဖြစ်ပြီးတော့ ရမ် ရဲ့ ခေါင်းဆောင်မှုရဲ့ ဘုန်းတန်ခိုးဩဇာကို ပြန်လည်ရရှိစေချင်တာပဲဖြစ်တယ်။
အမဲလိုက်ခြင်းက ပုံမှန်အားဖြင့် ငါးရက်မှ ခုနစ်ရက်အထိ ကြာမြင့်တတ်တယ်။ ဒီလိုအရာမျိုးနဲ့ပတ်သတ်ပြီး ရမ် က ဘာမှမမေးမြန်းတတ်ပေမဲ့ သူ ဒီတစ်ခါတော့ မေးလိုက်ခဲ့၏ "အစားအစာတွေက ဘယ်လောက် ကြာကြာခံနိုင်ဦးမလဲ"
စကားလက် က ပြောလိုက်တယ်၊ "အများဆုံး ဆယ်ရက်လောက်ပဲ"
ရမ် : "ငါးရက်မြောက်မှာ ငါ အပြင်ထွက်ပြီး သုံးရက်အတွင်း အစားအစာတွေ ပြန်ယူလာခဲ့မယ်"
စကားလက် က သံသယတွေကို ထုတ်ဖော်လိုက်၏ "သုံးရက်လား အဲဒါက အရမ်းစိတ်ပူမနေရဘူးလား။၊ ဘာလို့ နှစ်ရက်လောက်စောပြီး စမထွက်တာလဲ" အဆုံးမှာတော့ အစားအစာတွေ သယ်လာဖို့က တစ်ရက်လုံးလုံး ကြာဦးမှာပင်။
ရမ် ခဏရပ်ပြီး ပြောလိုက်တယ် "တစ်ခုခုက ပြဿနာဖြစ်နေလို့"
စကားလက် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အတွေးတွေကို ဖောက်ထွင်းမြင်လိုက်ရတယ် "မင်း ပြန်လာတုန်းက ခေါ်လာတဲ့ အဲဒီမိန်းမပျိုကို ဂရုစိုက်ပေးဖို့လား"
ရမ် က အတည်လည်းမပြုသလို ဝန်လည်း မဝန်ခံခဲ့ပေ။ "သူမ ဒဏ်ရာရနေတယ်"
ဒီပြီးခဲ့တဲ့ရက်တွေတုန်းက ကျီရှောင်အုံးရဲ့ဒဏ်ရာတွေက ပျောက်ကင်းစပြုလာပေမဲ့ သူမကို ဘယ်သူကမှ လာမကြည့်ကြသလို သူတို့နဲ့လည်း သူမ မရင်းနှီးပေ။ သူမရဲ့အကျင့်အရ လူတွေက သူမကို မျိုးနွယ်စုထဲက မောင်းထုတ်ရင်တောင် အဲဒီ တောင်ဆတ်ရွာမှာတုန်းကလို နှင်းတောထဲမှာ စိတ်ပျက်လက်ပျက်နဲ့ တရှုံ့ရှုံ့ငိုနေဦးမှာပင်။
"မင်း ဒီအတွက် စိတ်ပူနေစရာမလိုဘူး" စကားလက်က သူ့အား လေးနက်နက် ပြောလိုက်တယ် "ရိုးဒ် က အခုလေးတင် ငါ့ကို လာရှာတယ်၊ သူ့ကြည့်ရတာ မိန်းမပျိုလေးကို စိတ်ဝင်စားပုံပဲ။ သူက မင်းနဲ့အတူ သူ့ကို မျှဝေဖို့ ကမ်းလှမ်းခဲ့တယ်"
စကားလက် ရဲ့ လေသံက ညစာစားပွဲအကြောင်းပြောသလိုပဲ အသံကိုနှိမ့်ကာ "မင်းသိပါတယ် မျိုးနွယ်စုမှာ မိန်းမပျိုတွေ ရှားပါးတယ်ဆိုတာ။ သူတို့အတွက် ယောက်ျားတွေ အများကြီးရှိတာက ပုံမှန်ပါပဲ။ ရိုးဒ် က မင်း မျိုးနွယ်စုမှာ မရှိတဲ့အချိန် သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ"
ရမ် ၏ မျက်နှာသည် မည်းမှောင်ကျသွားတော့၏။ "မင်းက သူ့ကို ကတိပေးလိုက်တာလား"
စကားလက် က ပြောလိုက်တယ် "သူက မင်းပြန်ခေါ်လာတဲ့သူဆိုတာ တွေးပြီး ငါ ချက်ချင်း သဘောမတူလိုက်ဘူး။ ကောင်မလေးရဲ့သဘောထားကို သွားရှာဖို့ ငါ သူ့ကို ပြောလိုက်တယ်"
*****
ကျီရှောင်အုံး အိပ်ယာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေခဲ့တယ် ။ ဘတ်ဟမ် က သူမဒဏ်ရာများကို လာကြည့်ပေးခဲ့ပြီးတော့ သူမကို တစ်ယောက်တည်း ထားခဲ့ကာ ထွက်သွားလိုက်ခဲ့တယ်။
မနေ့က ရမ် က သူမရဲ့စကားတွေကို ငြင်းဆိုခဲ့ပေမယ့် သူမထို အကြံစည်ကို စွန့်လွှတ်မယ် လို့ သူမ မဆိုလိုပေ။
ကျီရှောင်အုံးတစ်ယောက် သူမ သက်သာလာတာနဲ့ချက်ချင်း ရမ့်ကို နှုတ်ဆက်ပြီး ထွက်သွားလိုက်မယ်လို့ တွေးတောနေခဲ့တယ်။
သူမ ဒီနေရာတွင် နေထိုင်ဖို့ ကိုယ့်ဘာသာကိုတောင် ပြန် မဆွဲဆောင်နိုင်ခဲ့ပေ... . . အဆုံးသတ်မှာတော့ ရမ် က ဘယ်လိုကြောင့် အရွယ်စားသေးသွားတာကို သူမ မသိတာပဲလေ ဒါမှမဟုတ်လည်း တကယ်လို့ သူက သူမအနားကို ရည်ရွယ်ချက်ရှိရှီ ကပ်လာတာဆိုရင်ရော ဘယ်နှယ့်လုပ်မလဲ။
. . .
ကျီရှောင်အုံး သူမ သံလိုက်အိမ်မြှောင်အား စိတ်လေလွင့်စွာနဲ့ ဟိုရွေ့သည်ရွေ့လုပ်နေရင်းနဲ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့တယ်။ သေသေချာချာ ကောက်ယူပြီး ကြည့်လိုက်တော့မှ သူမမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားတော့တယ်။
သံလိုက်အိမ်မြှောင်ကို သူမနောက်ဆုံး မြင်လိုက်ရတဲ့အချိန်တုန်းက မူလက တောင်ဘက်ကိုသွားတဲ့ မြားလက်တံက တစ်စုံတစ်ခုက ဝင်နှောင့်သွားတဲ့အတိုင်း ဘေးကနေ ဘေးကိုပဲ လှုပ်ယမ်းနေခဲ့တယ်။ မြားလက်တံက သံလိုက်အိမ်မြောင်အဝန်းတစ်ခုလုံးကို လွှဲယမ်းနေခဲ့ပြီး လမ်းကြောင်းအတိအကျကို မပြောနိုင်တော့အောင် လုပ်နေခဲ့တယ်။
'သံလိုက်အိမ်မြောင်က ပျက်သွားတာလား။'
'မဖြစ်နိုင်ဘူး . . သူမ သတိလစ်မသွားခင်တုန်းကတောင် အကောင်းကြီးဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိပါသေးတယ်။'
'လောရန့်ကြောင့် သူမ အလန့်တကြားဖြစ်သွားတဲ့အချိန်တုန်းကများ မြေကြီးပေါ် လဲကျသွားလို့ ပျက်သွားတာလား။'
ကျီရှောင်အုံးက သူမ မျက်နှာသေးသေးလေးက ရှုံ့တွလို့သွားပြီး ဒီလိုအရာမျိုးကို ဘယ်လိုပြင်ရမလဲ မသိတော့ချေ။
'သူမ အခု ဘာလုပ်သင့်လဲ။'
*****
သူမက အရှေ့အရပ်ကို သွားဖို့ လိုတယ်၊ ဒါက သူမရဲ့ ဦးတည်ချက်ကို ဆုံးဖြတ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်တယ်။
ကျီရှောင်အုံး ရဲ့မျက်နှာအမူအရာ ဝမ်းနည်းလာချိန်တွင် တံခါးအပြင်ဘက်တွင် ခြေလှမ်းသံ ဖြေးဖြေး ကို သူမ ရုတ်တရက် ကြားလိုက်ရတယ်။
ရမ် ပြန်လာပြီလို့ သူမထင်လိုက်ပြီး တံခါးကို လှမ်းကြည့်ရင်း သူမ ထထိုင်လိုက်တယ်။
အဲဒီနောက် တံခါး ပွင့်လာခဲ့တော့ သူမ ပြောလိုက်တယ် "ရမ် နင် သိလား..."
သူမအသံက ရုတ်တရက် ပြတ် ကျသွားတော့တယ် ။
——အဲဒီ တံခါးဝကလူက ရမ် ဟုတ်မနေဘဲ တခြားကျားသစ်တစ်ကောင်ပင်ဖြစ်တယ်။
သူ့တွင် ဆံပင်တိုတိုနှင့် သိမ်းငှက်တစ်ကောင်လို စူးရှတဲ့မျက်လုံးများရှိနေခဲ့တယ်။ အိမ်အတွင်းပိုင်းအား သူတစ်ချက် လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင်မှ ကျီရှောင်အုံး ပေါ်သို့ အကြည့်ရောက်သွားခဲ့တယ်။
ကျီရှောင်အုံးက သူ့ကို မှတ်မိလိုက်တယ်။ သမင် ရွာမှာတုန်းက သူမကိုဖမ်းပြီးတော့ ရမ် ဘယ်မှာလဲလို့မေးတဲ့ တစ်ယောက်ပဲ။
ကျီရှောင်အုံးက သူ အခုထက်ထိ ရမ် ကို ရှာနေသေးတယ်လို့ တွေးတောလိုက်ပြီး သူမ မသိစိတ်အရ နောက်ကို ပြန်ဆုတ်လိုက်ကာ ပြောလိုက်တယ်၊ "ရမ် ဒီမှာမရှိဘူး...
ရိုးဒ်က လူသားနဲ့ကျားသစ်ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ လူအရေတွက်နည်းနည်းထဲက တစ်ယောက်ပင်ဖြစ်တယ်။
"ငါ ရမ့်ကို ရှာနေတာမဟုတ်ဘူး" သူ့ပါးစပ်က တဖြည်းဖြည်းကွေးညွတ်သွားလိုက်ပြီး ရယ်တာလည်း မဟုတ် ပြုံးတာလည်း မဟုတ်တဲ့ မျက်နှာအမူအရာတစ်ခုနဲ့ ကုတင်ဆီကို တရွေ့ရွေ့ ချဉ်းကပ်လာလိုက်ကာ ပြောလိုက်တယ် "မင်း အတွက် ငါ ဒီကို လာခဲ့တာ"
သူ အဲဒီလိုပြောပြီး ကျီရှောင်အုံးရဲ့ တုံ့ပြန်မှုကို စောင့်မနေခဲ့ပေ။ သူ့လက်မောင်းတွေအား သူမခြေထောက်တွေအောက်သို့ လွှဲလိုက်ကာ သူ့တံတောင်ဆစ်နဲ့ တင်ပါးအောက်ကို သွင်းလိုက်ပြီး သူမအား မလိုက်ပြီး တံခါးပေါက်ဆီ လျှောက်သွားလိုက်ခဲ့တော့တယ်-----
End