Chapter 30
Viewers 9k

အပိုင်း(၃၀)



"ဟေး..... နင် ငါ့ကို ဘယ်‌ေခါ်သွား‌ေနတာလဲ..."


ကျီရှောင်အုံး ရိုးဒ်၏ ပုခုံးများကို ထုနှက်လိုက်ပြီး သူ့လက်‌မောင်းထဲကနေ အသည်းအသန် ရုန်းလိုက်တယ်။


သူမ သူ့ကို လုံးဝမသိခဲ့သလို သူမတို့တစ်ခါမှလည်း မဆုံဖူးဘူးဘဲနဲ့ ဘာလို့ အရင်းမရှိအဖျားမရှိဘဲနဲ့ သူမကို လာခေါ်သွားတာများလဲ။


"ရိုးရိုးသားသားနေစမ်းပါ!" ရိုးဒ် က သူ့လက်တွေနဲ့ ကျီရှောင်အုံး၏တင်ပါးကို ကြမ်းတမ်းစွာ ရိုက်ချလိုက်ပြီး အိမ်ထဲကနေ ခြေလှမ်းကျဲကျဲနဲ့ ထွက်လာကာ စိတ်မရှည်စွာ ယတိပြတ်ပြတ် ပြောလိုက်တယ် "မင်း ငါတို့ မျိုးနွယ်စုကို ရောက်လာထဲက ငါတို့ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မင်းသိရမယ်‌လေ။ ဒီနေရာက မိန်းမပျိုတွေ အားလုံးက မျှဝေခံစားကြရတာ မင်းအပါအဝင်ပေါ့......... အရမ်းကြီး ဇီဇာမကြောင်လွန်း‌ မနေပါနဲ့ကွာ။ မင်း ရမ်နဲ့ လုပ်ပြီးသွားပြီမို့ဘူးလား"


ကျီရှောင်အုံး၏မျက်နှာသည် တစ်ခဏတာမျှ အလွန့်အလွန် နီမြန်းသွားကာ ရှက်သွေးဖျာသွားလိုက်ပြီး အဲဒီနောက် သူမ ကူရာမဲ့စွာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး "လုံးဝမဟုတ်ဘူး! ... ငါက ရမ့် ရဲ့သူငယ်ချင်းပဲ နင်တို့မျိုးနွယ်စုထဲက မိန်းမပျိုတစ်‌ယောက်မဟုတ်ဘူး!"


"သူငယ်​ချင်း​တွေတဲ့လား။ ဒီ​ကောင်​​က မင်းနဲ့ လုပ်တောင် ​မ​လုပ်ရ​​သေးဘူးလား" ရိုးဒ် မျက်ခုံးပင့်သွားပြီးနောက် သူ့မျက်နှာတစ်ခုလုံး ပြောင်းသွားကာ သူ ကျီရှောင်အုံးအား တစ်ဖက်သို့လွှဲကာ သယ်ဆောင်လိုက်ပြီး "ဒါဆို ငါ့ကို မင်းရဲ့ပထမဆုံး ဖြစ်ခွင့်ပေးလိုက်ရုံပေါ့"


ကျီရှောင်အုံး ၏ မျက်လုံးများ ပြူးကျယ်သွားကာ ရိုးဒ် ၏ ပုခုံးများကို ရိုက်နှက်လိုက်ပြီး "မလုပ်နဲ့၊ နင် ငါ့ကို လွှတ်ပေး!"


ကံမကောင်းတာက သူမခွန်အားက အလွန်အားနည်းလွန်းနေခဲ့ပြီး ကျားသစ်တွေရဲ့အရေခွံက ထူထဲခဲ့တယ်။ သူမက လုံးလုံးလျားလျား အရေးမပါခဲ့ပေ။


ရုန်ရင်းဆန်ခတ် ရုန်းကန်နေမှုက လမ်းတစ်လျှောက်ရှိ လမ်းသွားလမ်းလာတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ခဲ့တယ်။


ကံမကောင်းစွာပဲ အဲဒါက သူတို့ရဲ့ "အာရုံဝင်စားမှု" သာလျှင် ဖြစ်ခဲ့တယ်။


ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူမအား လာကူပေးလိုစိတ်မရှိကြ‌ပါဘူး။


ဒါက ကျားသစ်တွေအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်လို့ မပြောသာပေမဲ့ သူတို့တတွေက ကွဲပြားခြားနားပြီးတော့ အချုပ်အချယ်ကင်းတဲ့ ဝင်မစွတ်ဖက်တတ်တဲ့ မျိုးနွယ်စုတစ်ခုလည်း ဖြစ်တယ်။ "သူတစ်ပါးရဲ့အရေးကိစ္စမှာ စွက်ဖက်ခြင်း" ဆိုတဲ့ ထိုစကားလုံးလေးလုံးက သူတို့နဲ့သက်ဆိုင်ခြင်းမရှိခဲ့ချေ။


အာရုံစိုက်ခြင်းကို ဆွဲဆောင်စေတဲ့ အကြောင်းပြချက်ကပဲ အနည်းငယ်လေး တစ်မူထူးခြားနေခဲ့တာပင်။


ရမ် သူမကို ခေါ် သွင်းလာပြီးတာနဲ့ မိန်းမပျိုငယ်လေးက "ခေါင်းဆောင် ရမ် ဖြစ်သူရဲ့" စည်းတံဆိပ်နဲ့ ရိုက်နှိပ်ခံလိုက်ရပြီဖြစ်၏။


ကျားသစ်မျိုးနွယ်ဝင် အများစုက ထိုအမျိုးသားဆီက ပြောင်ပြောင်တင်းတင်း လုယူဖို့ အလွန်ကြောက်ပေသည်။ ခြွင်းချက်တစ်ခုအနေနဲ့ ရိုးဒ် ကသာ ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ ငမိုက်သားပင်ဖြစ်၏။


ကျီရှောင်အုံးရဲ့နှလုံးသားက တဖြည်းဖြည်း စိုးထိတ်လာခဲ့ပြီး တရဟောတိုးတက်လာတဲ့စိုးရိမ်မှုတစ်ခုထဲတွင် နစ်မြုတ်သွားခဲ့တယ်။


ရှေ့က မဝေးတော့တဲ့ နေရာတွင်တော့ ရွက်တစ်ခုနဲ့ အမိုး မိုးထားတဲ့ အိမ်တစ်အိမ်ရှိပြီး ရိုးဒ် လျှောက်နေတဲ့လမ်းကြောင်းအရတော့ ထိုအိမ်က သူ့အိမ်ဖြစ်ဖို့များတာပင်။


သူမကိုယ်တိုင်က ရိုးဒ် ရဲ့အိမ်နဲ့ ပိုနီးလာတာကို မြင်လိုက်ရတော့.... . . သူမ အထဲကို ရောက်သွားလိုက်တာနဲ့ တစ်ပြိုင်နက် သူမမှာ လွတ်မြောက်ဖို့ လုံးဝ အခွင့်အရေးရှိတော့မှာ မဟုတ်ဘူးပဲ။


ကျီရှောင်အုံးက အံ့ကိုကြိတ်လိုက်ပြီး သူ့ကိုကြည့်လိုက်တယ်။ လမ်းတလျှောက် သားရဲလူသားအမျိုးသားတွေ ရှိနေတာကို ဂရုမစိုက်တော့ဘဲ သူ့နေရာလွတ်ထဲက စစ်ဓားမြောင်ကို ထုတ်ယူပြီး ဓားကို အသွားထုတ်လိုက်ခဲ့တယ်။ သူမ ဓားကို မြင့်မြင့်မြှောက်လိုက်ပြီး ရိုးဒ် ၏ ပခုံးကို သူမအားရှိသမျှ အစွမ်းကုန် ထိုးချလိုက်တော့တယ် -


"အားးးးး... "


ချွန်ထက်တဲ့ ဓားသွားက အသားကို ထိုးဖောက်သွားပြီး ရိုးဒ် တစ်ယောက် အေးစက်တဲ့လေအေး အား ရှိုက်သွင်းလိုက်ရတယ်။


သူ လှည့်ကြည့်လိုက်တော့ ဓားသွားက သူ့အသားထဲကို တစ်ဝက်နစ်ဝင်သွားပြီး ဒဏ်ရာက သွေးတွေ စီးကျနေတာကို တွေ့လိုက်ရတယ်။


ကျီရှောင်အုံး လက်က မရပ်သွားဘဲ အဲဒီအစား ပိုတင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး ပိုနက်ဝင်အောင် အားစိုက်လိုက်ခဲ့တယ် !


"သေစမ်း......." ရိုးဒ်က ကျီရှောင်အုံး၏လက်ကို ဆွဲလိုက်ပြီး ဆဲဆိုလိုက်၏ "‌ောက်ကောင်မ!"


သူက ဓားကို ဆွဲယူပြီး အဝေးကို လွှင့်ပစ်ထုတ်လိုက်ပြီး ကျီရှောင်အုံးအား ဒေါသမီးဟုန်းဟုန်း တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး သူမ တစ်ကိုယ်လုံးအားနဲ့ တွန်းထုတ်လိုက်တယ်၊ ထိုလိုလုပ်လိုက်တာက သူမ ဗိုက်က ဒဏ်ရာကို အားနဲ့ဆောင့်ဆွဲသလိုဖြစ်ပေမဲ့ သူမ ဇွတ်သာ လုပ်လိုက်ခဲ့တယ် "ငါ့ကို အောက် ချပေး..."


ရိုးဒ်က သူမက သိုလေးးတစ်ကောင်လို တွေးတောလိုက်ခဲ့ပြီး ပြန်ကိုက်လိုက်မယ်လို့ မထင်ထားခဲ့ပေ။ သူ သူ့သွားတွေကို သပ်လိုက်ပြီး လှောင်ပြုံးလိုက်ခဲ့တယ် "အိပ်မက်မက်နေလိုက်!"


သူ သူ့အိမ်တံခါးကို ဆောင့်ကန်ဖွင့်လိုက်၍ အိမ်ထဲသို့ ဝင်သွားလိုက်ကာ ကျီရှောင်အုံးအား ကုတင်ပေါ် သို့ မညှာမတာ ပစ်ပေါက်ချလိုက်တော့၏။


*******


ရိုးဒ်က ဒီကိစ္စကို ရမ့် ဒေါသကိုသွားဆွဖို့ ရည်ရွယ်ချက်ဖြင့် ပိုသာသာလေးလေး အလွန်အကျွံ လုပ်လိုက်ခဲ့တာပဲဖြစ်သည်။


ရမ်က ဝံပုလွေတွေရဲ့ ဝိုင်းအတိုက်ခံရပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိုက်ခဲ့၏။ လူတိုင်းက သူသေလိမ့်မယ်လို့ ထင်လိုက်ကြပေမဲ့ ရမ်က သေကံမရောက် သက်မပျောက်ဘဲ ပြန်ရောက်လာရုံသာမက အရင်ကထက်တောင် ပိုသန်မာလာခဲ့သည်။


သူ ဒဏ်ရာရနေစဉ် တစ်လျှောက်လုံး ဒီမိန်းမပျိုတစ်ဦးတည်းသာ သူနှင့် အဆက်အသွယ်ရှိခဲ့တာဖြစ်တယ်။


-- ဒါ့ကြောင့်မို့ ဒီကောင်မလေးနဲ့သာ အားလုံး သက်ဆိုင်နေလိမ့်မှာပင်။


ကျီရှောင်အုံးရဲ့ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတာဖြစ်မယ်လို့ ရိုးဒ် အခိုင်အမာ ယုံနေတာပဲဖြစ်တယ်။


သူ သူ့ကိုယ်ကို ကိုင်းချလိုက်ပြီး သူ့လက်သည်းရှည်တွေဖြင့် သူမမေးစေ့ကို ဖိကိုင်လိုက်ရင်း သူမတစ်ကိုယ်လုံးကို လွှမ်းခြုံကြည့်လိုက်ခဲ့တယ်။


သူမမျက်နှာလေးက သေးသေးလေး၊ ပခုံးသားက ပါးလျပြီး သူမရင်သားတွေက ပြည့်ပြည့်ဖြိုးဖြိုးလည်း မရှိပေ။ အခြားသူတွေထက် သေးသွယ်သော ခါးနှင့် ပိန်ပါးတဲ့ခြေတံများမှ လွဲလို့ သူမမှာ ဘာအရေးသာမှုမှ မရှိတာပဲ။ သူမမှာ အမွေးအမှင်တွေမှလဲ မရှိသလို ကြက်ဥပြုတ်တစ်လုံးကဲ့သို့ ကိုယ်လုံးတီးဖြစ်နေတာပဲ..... . သူမက အရွယ်တောင် မရောက်သေးချေ။


ရိုးဒ်က သံသယဝင်စွာနဲ့ သူနှုတ်ခမ်းကို စုတ်သတ်လိုက်ကာ "ရမ်က တကယ်ပဲ မင်းကို ကြည့်နိုင်တာလား"


ကျီရှောင်အုံးက သူနဲ့ပြိုင်ငြင်းခုန်ဖို့ သူမမှာ ဘာစွမ်းအားမှ မရှိတာကြောင့် သူမ အောက်နှုတ်ခမ်းသားကို ဖြူလျော့သွားတဲ့အထိ ဖိကိုက်ထားခဲ့တယ်။


ရိုးဒ်က သူမအား ကုတင်ပေါ်ကို ပစ်ပေါက်လိုက်တဲ့အချိန်က သူမခါးက ကုတင်အစွန်းနဲ့ ထိရိုက်မိသွားပြီး ပျောက်ကင်းစပြုနေပြီဖြစ်တဲ့ သူမဒဏ်ရာက ပွင့်ထွက်သွားစေလိုက်ခဲ့တယ် ။ သူမ မျက်နှာက နာလွန်းလို့ ဖြူဖတ်သွားတော့၏။


ရိုးဒ်က သူမ တုန်တုန်ယင်ယင်ဖြစ်နေတာကို မြင်ပြီးတော့ သူမ ကြောက်လို့ တုန်ယင်နေတယ်လို့ တွေးတောလိုက်ကာ သူ့သွားတွေအား သာယာကြည်နူးစွာဖြင့် သပ်လိုက်ခဲ့၏။


"အခုတော့ မင်းကြောက်နေပြီမလား။ ကောင်မလေး၊ စောနက မင်းရဲ့သတ္တိက ဘယ်ရောက်သွားတာတုန်း။"


"... " ကျီရှောင်အုံးရဲ့အသံက အလွန် တိုးတိတ်နေခဲ့တယ်။


"မင်း ဘာပြောလိုက်တာလဲ။ ကျယ်ကျယ်ပြောစမ်းပါ" ရိုးဒ်က မျက်ခုံးပင့်လိုက်တယ်။


ကျီရှောင်အုံးက သူမဘာသူမ ထပ်ခါတလဲလဲ ပြောပေမယ့် ရှင်းရှင်းလင်းလင်း မကြားနိုင်တုန်းပင်။


ရိုးဒ် က စိတ်မရှည်စွာနဲ့ သူ့ခေါင်းကို ငုံ့လိုက်ပြီး "သနားစေချင်ရင် တောင်းပန်လိုက်လေ..."


ကျီရှောင်အုံးရဲ့ မျက်နှာပေါ်သို့ မျက်ရည်တစ်စက် ကျဆင်းသွားခဲ့တယ်။ သူမလေသံက အားပျော့ပြီး အကြောသေလုနီးပါးပင် " နာတယ် . . . ငါ့ကို မဖိပါနဲ့ "


ရမ်က တံခါးကို ကန်ဖွင့်လိုက်ခဲ့တယ်။ တံခါးဝတွင် မတ်တပ်ရပ်လိုက်ရင်း ဒါက သူ မြင်လိုက်ရတဲ့ မြင်ကွင်းပဲဖြစ်၏။


တောင့်တင်းကြံ့ခိုင်တဲ့ ယောက်ျားပျိုက ချောမောလှပတဲ့မိန်းမငယ်လေးတစ်ကိုယ်လုံးကို ဖိထားပြီး သူမမျက်နှာက ကုတင်ပေါ်တွင် အဖိခံထားရပြီး သူမခန္ဓာကိုယ်က လစ်လပ်တဲ့နေရာ လုံးဝ မရှိလုနီးပါး တင်းတင်းကျပ်ကျပ်ချုပ်ကိုင် ခံထားရလေတယ်။


ကောင်မလေးရဲ့မျက်လုံးတွေက နီမြန်းနေပြီး မျက်ရည်စတွေက သူမ မျက်တောင်တွေပေါ်တွင် တွဲလွဲခိုနေခဲ့ကာ သူမအား သနားစဖွယ်ကောင်းအောင် လုပ်ဆောင်နေခဲ့တယ်။


"ဒုန်း--!"


သစ်သားတံခါးက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာလိုက်ကာ ပြင်းထန်မှုကြောင့် အသံအုပ်အုပ် ထွက်သွားလေတယ်။


ရိုးဒ်က သူ့အကြည့်အား အသံလာရာဆီသို့ လိုက်ပါလိုက်ရာ ရမ် ရဲ့ရေခဲတမျှအေးခဲကာ အနည်းငယ်လေး တင်းမာနေတဲ့ မျက်နှာအား တွေ့လိုက်ရတယ်။


သူက ရမ် ရောက် လာဖို့မျှော်လင့်ထားပေမယ့် ဒီလောက်အရမ်းမြန်မယ်လို့ မထင်လိုက်ခဲ့။


ရိုးဒ် က မကြာမီ သူ့အထိအတွေ့ကို ပြန်မတ်လိုက်ပြီး မာန်ဖီလိုက်ခဲ့၏ "စိတ်တော့မကောင်းဘူး ရမ်။ ငါ သူ့ကို 'စား' ပြီးသွားပြီ..."


သူ့ အသံကျသွားတာနဲ့ တစ်ပြိုင်နက်ချက်ချင်းပင်း သူ့ ဂုတ်ကနေ အဆွဲခံလိုက်ရပြီး ပြတင်းပေါက်ဘက်သို့ လွှဲပေါက်ခြင်းခံလိုက်ရတယ်။


ရမ် က သူ့ကို ကုတင်ပေါ်ကနေ မတင်ပြီး မြင့်မြင့် မြှောက်လိုက်ကာ သူ့ကို မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ကိုင်ပေါက်လိုက်တယ်----


ကြမ်းပြင်က အသံကျယ်လောင်စွာ မြည်ဟီးသွားလိုက်ကာ တစ်အိမ်လုံး တုန်ခါသွားလိုက်တယ်။


ရိုးဒ်က ညည်းတွား လိုက်ပြီး သူ ထထိုင်လိုက်ရုံနဲ့ ရမ်က သူ့မျက်နှာပေါ်ကို ခြေထောက်တစ်ဖက်တင်လိုက်ပြီး ကုတင်အောက်တွင် သူ့အား ပြင်းပြင်းထန်ထန် တွန်းလိုက်ခဲ့တယ်။


"ရိုးဒ် မင်း သေချင်နေတာလား"


ဒါက ရမ် သူ အခန်းထဲကို ဝင်လာကတည်းက ပထမဆုံးပြောလိုက်တာပင်။


ရိုးဒ်က သွေးစသွေးနတွေ တစ်ဗွက် ထွေးထုတ်လိုက်ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး "ရမ် ဒီမျိုးနွယ်စုရဲ့ မိန်းမပျိုတွေကို မျှဝေခံစားရတယ်ဆိုတာ မင်း မမေ့နဲ့ဦး။ အကြီးအကဲလည်း ခြွင်းချက်မရှိ ဘူး။ ဒီမိန်းမပျိုရဲ့ စွမ်းရည် ကို မင်းတစ်ယောက်တည်း ဘယ်လိုလုပ် ပျော်မွေ့နိုင်ရတာလဲ။ ဘာလို့ ငါ့ကို တစ်ပိုင်းတစ်စလောက် မပေးရတာလဲ"


ရမ် ရဲ့မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ သူ့ကိုယ်ကို ကိုင်းလိုက်ပြီးတော့ ကုတင်ပေါ်ကနေ ကျီရှောင်အုံးကို သူ့လက်မောင်းတွေနဲ့ ပွေ့ ယူလိုက်ခဲ့တယ်။


ကျီရှောင်အုံးရဲ့ ဗိုက်ကနေ သွေးတွေ စီးကျလာတာကို သူ မြင်လိုက်တော့ သူ့မျက်လုံးများ မည်းမှောင်သွားတော့တယ်။


" တကယ်လို့ ငါက မျိုးနွယ်စုကို ဒီကောင်မလေးမှာ တမူထူးခြားတဲ့ စွမ်းရည်ရှိတယ်လို့ ပြောပြလိုက်ရင် သူတို့ ဘာလုပ်လိမ့်မလဲ ခန့်မှန်းကြည့်ရ...."


"ပါးစပ်ပိတ်ထားစမ်း" ရမ်က သူ့ ညာခြေထောက်ကို မြှောက်လိုက်ပြီး ရိုးဒ် ပခုံးပေါ် ပြင်းပြင်းထန်ထန် နင်းချလိုက်တယ်။


ခဏလောက်ကြာတော့ ရိုးဒ် ရဲ့ မျက်နှာက တွန့်လိမ်သွားပြီး လက်ပြင်ရိုးကနေ စူးရှတဲ့ နာကျင်မှုတစ်ခု ထွက်ပေါ်လာလိုက်တယ်။


အဲဒီနောက် အရိုးအက်ကွဲသံတွေ ထွက်ပေါ်လာခဲ့တော့၏။


ရမ် - "မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ငါ ထပ်ကြားလို့ကတော့ ၊ ငါ မင်းကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် ဆွဲဖြဲပစ်မယ်"


******


သူ့ တဲအိမ်ငယ်လေးကို ပြန်ရောက်တော့ ရမ် က ကျီရှောင်အုံးအား သူ့အိပ်ယာပေါ်ကို ညင်သာစွာ ချပေးလိုက်ခဲ့တယ်။


ကောင်မလေး၏ ဗိုက်ကနေ သွေးများစွာ ထွက်ရှိနေပြီး သူမမျက်နှာတစ်ပြင်လုံး ဖြူဖတ်ကာ ချွေးအေးတွေက သူမတစ်ကိုယ်လုံးကို စိုရွှဲလုနီးပါးဖြစ်နေခဲ့တယ်။


ရမ် က သူ့လက်သည်းတွေနဲ့ ချိတ်ကာ အင်္ကျီလှန် ဖွင့်လိုက်တယ်။ မူလက ချုပ်ထားတဲ့ ဒဏ်ရာက ပွင့်ထွက်သွားပြီး သွေးတွေ အဆက်မပြတ် စိမ့်ထွက်နေခဲ့တယ်။


*


အစကနေ အဆုံးအထိ ကျီရှောင်အုံး တစ်ယောက် ရိုးဒ်ရဲ့ ရှေ့မှာ ကျခဲ့တဲ့ မျက်ရည်တွေကလွဲလို့ သူမ မငိုလိုက်ခဲ့ပေ။


ရမ်ရဲ့ လက်ချောင်းက သွေးရပ်အောင် ဒဏ်ရာတစ်ဝိုက်ကို ဖိသိပ်ထားလိုက်၏။


နောက်ဆုံးတော့ သူ သူမအဝတ်အစားတွေကို ဖယ်ထားပြီး တဲအိမ်လေးကနေ ထွက်သွားလိုက်ခဲ့တယ်။


ခဏအကြာတွင် ရမ် က သမားတော် ဘတ်ဟမ် နဲ့အတူ ပြန်ရောက်လာခဲ့တယ်။


ဘတ်ဟမ် က ကျီရှောင်အုံးရဲ့ ဒဏ်ရာတွေကို မြင်ပြီး သူ့မျက်လုံးတစ်ဝိုက်က အမည်းစက်ဝိုင်းတွေက ပိုလို့တောင် မည်းလာခဲ့ပြီး သူပြောလိုက်ခဲ့တယ် " မင်း ... မင်းကိုယ်မင်း ဂရုစိုက်ဖို့ ငါပြောခဲ့တယ် မဟုတ်လား !"


ကျီရှောင်အုံး မျက်လုံးတွေကို အောက်ချလိုက်ပြီး မျက်တောင်များက သူမ၏ပါးပြင်ဆီသို့ ဆင်းကျသွားလိုက်တယ်။ ဘတ်ဟမ့် စကားကို သူမ ကြားလိုက်ချိန်မှာ သူမ ပခုံးများ ကွေးညွတ်သွားလိုက်တယ်။


ရမ် က လေသံတိုးတိုးနဲ့ ပြောလိုက်၏ "သူ့ကို အပြစ်မတင်ပါနဲ့။"


ဘတ်ဟမ်က နားထောင်လိုက်ပြီး သူ နောက်လှည့်ကာ မေးလိုက်၏ "ဒီတော့ သူ့ကို ဂရုမစိုက်ခဲ့တဲ့သူက မင်းပဲပေါ့" 


ရမ် က နှုတ်ဆိတ်နေပြီး သူ ပြန်မဖြေလိုက်ခဲ့။ "မင်း ပြန်ချုပ်လို့ ရမယ်မလား"


"ငါ ကြိုးစားကြည့်မယ်" လို့ ဘတ်ဟမ် က ပေါ့ပေါ့တန်တန် မပြောဘဲ "သူ့ရဲ့ ခန္ဓာကိုယ်က အနာကောင်းကောင်း ကျက်သေးတာမဟုတ်ဘူး။ ဒီတစ်ခါတော့ ငါ သိပ်အများကြီး အာမ မခံနိုင်ဘူး"


"ပျောက်အောင်ကုပေး" ရမ်၏ အသံက မေးခွန်းပြန်မထုတ်နိုင်အောင် အမိန့်ပေးဆန်ပြီး လေးလံနေခဲ့ကာ "သူ့ကို ပျောက်အောင်ကုပေး မင်းတို့မျိုးနွယ်စုကို ကျားသစ်တွေက ဆောင်းရာသီ သုံးလတာအတွက် ရိက္ခာထောက်ပံ့လိမ့်မယ်"


ဘတ်ဟမ်၏ မျက်လုံးများက တောက်ပလာပြီး "သဘောတူတယ်"


ကျီရှောင်အုံး ၏ဒဏ်ရာကနေ သွေးထွက်တာက ပြင်းထန်သွားပေမဲ့လည်း ဘတ်ဟမ် ၏ မူလ ချုပ်ရိုးက အလွန်ကောင်းတာကြောင့် သိပ်ထိခိုက်သွားခြင်းမရှိပေ။


ဘတ်ဟမ်က သွေးထွက်တာကို အရင်ဆုံး ရပ်တန့်အောင် လုပ်ပေးပြီးနောက် သွေးတိတ်သက်သာစေသော ဆေးကို လိမ်းကာ ရမ့် ကို ပြောလိုက်ခဲ့တယ်။


"တကယ်လို့ သူ တစ်ညလုံး အဖျားတက်လာရင် သူ့တစ်ကိုယ်လုံးကို အဝတ်ရေစိုနဲ့ သုတ်ပေးလိုက်။ ဒဏ်ရာကို မထိအောင် ရှောင်ပြီး သူ့ကိုယ်အပူချိန်ကျပြီး ပုံမှန်ဖြစ်တဲ့အထိပေါ့"


ဘတ်ဟမ် ထွက်သွားပြီးနောက် အခန်းက ပြန်လည် တိတ်ဆိတ်သွားခဲ့၏။


ကျီရှောင်အုံး ၏ မလှုပ်မယှက် ခန္ဓာကိုယ်က ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူမ လက်တွေ ခြေထောက်တွေက နာခံစွာနဲ့ ဘေးတွင် ထားရှိနေ၏။


ဘတ်ဟမ် ပြောစကားကြောင့် သူမ အရမ်းလန့်သွားခဲ့တာပင်။ သူမဒဏ်ရာက ထပ် ပြန်ပွင့်မယ်ဆိုရင်၊ သူမဗိုက်က တစ်သက်လုံး ဟောင်းလောင်းပေါက်အတိုင်း ရှိနေလိမ့်မယ်တဲ့လေ။


ရမ်က သူမရဲ့ နဖူးကို စစ်ဆေးဖို့ ရောက်လာတာတောင်မှ သူမ မလှုပ်ရှားလိုက်ခဲ့- ----


ကံကောင်းစွာနဲ့ သူမတွင် အဖျားရှိမနေခဲ့ပေ။


ရမ်က သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ရုတ်တရက်မေးလိုက်၏ " ရိုးဒ်က မင်းကို ထိခဲ့သေးလား"


ကျီရှောင်အုံးက သူ့ကို အသာလေး ဖျတ်ခနဲလှမ်းကြည့်လိုက်ကာ ခေါင်းယမ်းပြရင်း "မထိဘူး"


"တောင်းပန်ပါတယ်" ရမ်ရဲ့အသံက တိတ်ဆိတ်သွားပြီး သူ ဖြေးဖြေးချင်း ပြောလိုက်တယ် "နောက်ထပ်မဖြစ်စေရပါဘူး"


ကျီရှောင်အုံးက သူမနှုတ်ခမ်းသားတွေကို သပ်လိုက်ပေမဲ့ ဘာမှ မပြောခဲ့လိုက်ပေ။


ရမ်က ထပြီး အပြင်ထွက်မလို့လုပ်လိုက်ချိန် သူမ တီးတိုးပြောလိုက်၏ "... ရမ်"


သူ ရပ်တန့်သွားပြီး သူမက သတိထားကာ ဂရုတစိုက်နဲ့မေးလိုက်တယ် "နင်... နင်တို့မိန်းမပျိုတွေ... အားလုံးက မျှဝေခံစားရတာလား"


ရမ် ခဏလောက်စဉ်းစားပြီး နောက် သူဖြည်းဖြည်းချင်းပဲ ပြောလိုက်တယ် "မဟုတ်ဘူး" 


သူ ထပ်ဖြည့်ပြောလိုက်၏ "မင်းကတော့ မဟုတ်ဘူး"


End