Chapter 31
Viewers 9k

 


အပိုင်း (၃၁)


တံခါးဝကနေ ရမ်၏အသံက အေးစက်သောလေနှင့်အတူ လိုက်ပါလာလိုက်တာက ကျီရှောင်အုံးအား သူ့အလိုလို သိမ့်သိမ့်တုန်လှုပ်သွားစေလိုက်တယ်။


သူမတစ်ကိုယ်လုံး အသင့်အနေအထား ရှိသွားလိုက်တော့တယ်။


"ငါအဆင်ပြေတယ်......" ကျီရှောင်အုံးရဲ့ လက်မောင်းသွယ်ဖြူဖြူတွေက သူမရင်ဘတ်အား ကာအုပ်ထားလိုက်ပြီး သူမ မျက်နှာက ပန်းသွေးနီရောင်သန်းသွားလိုက်ပြီး သူမ ကိုယ်ပျောက်သွားခြင်းသို့သာ ကျုံ့ဝင်သွားလိုက်ချင်တော့တယ်။


ရမ်က အသံမပေးဘာမပေးနဲ့ ရုတ်ခြည်း ဝင်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ သူမ သူမအဝတ်အစားတွေ လှည့်ကောက်လိုက်ချိန်မှာ သူမ မတော်တဆ သစ်သားခွေးခြေခုံကို ကန်ချမိလိုက်ပြီး အလန့်တကြား အော်လိုက်မိတာပဲဖြစ်တယ်။ အသံ မဆုံးသေးခင်မှာပဲ သူက တံခါးကို တွန်း ဝင်လာခဲ့တာပဲဖြစ်တယ်။


ကျီရှောင်အုံးက တုံ့တောင်မတုံ့ပြန်လိုက်နိုင်တော့ပေ၊ တံခါးဝတွင်တော့ အရပ်ရှည်ရှည်နှင့်ကြီးမားတဲ့ပုံရိပ်ကြီးက ညဝေလီဝေလင်းအချိန်တွင် လေးလေးနက်နက်ဖြစ်နေတဲ့ မျက်နှာပေါက်ပုံစံနဲ့ သူ့မျက်လုံးများက နက်မှောင်က တောက်ပနေခဲ့တယ်။


——ထိုနေရာတွင်တော့ သန်မာတဲ့ ဖိနှိပ်ချုပ်ချယ်မှု တစ်ခုရှိနေခဲ့လိုက်ကာ ကျီရှောင်အုံးတစ်ယောက် သူမက ကျားသစ်တစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေရတယ်ဆိုတာတောင် မေ့လျောလို့သွားတော့တယ်။


"ငါ.... ငါ မတော်တဆ ခွေးခြေခုံကို ကန်မိလိုက်လို့.."


ဒီနေရာက တဲအိမ်တွေက တံခါးတွေကို သော့ခတ်ထားတာမျိုး မရှိကြပေ။


ဒီရက်တွေမှာ တောက်လျှောက်အတူ ရှိလာပြီးနောက် သူမ ရမ့် အား ယုံကြည်ကိုးစားမှု တစ်ချို့ ရှိသွားလိုက်တယ်။ အဲဒီအပြင် သူမရဲ့ညစ်ပတ်ပေရေနေတဲ့ခန္ဓာကိုယ်က အရေးတယူလုပ်ရမဲ့ ကိစ္စတွေများနေခဲ့တယ်။ သူမကိုယ်သူမ အရမ်းကြီး စိုးရိမ်မနေရအောင်လို့ တံခါးပေါက်နောက်မှာ ဖိဖို့ သစ်သားထိုင်ခုံကို သုံးထားလိုက်တာပင်။


အခုတော့ အဲဒီခွေးခြေခုံက ဘေးကို လဲကျသွားတော့ ရမ်ရဲ့ အကြည့်တွေအောက် ကျရောက်သွားကာ သူမ စိတ်ကသိကအောက်ဖြစ်သွားခဲ့တယ်။


ဒီလို ကိုယ်လုံးတီးတွေ့ဆုံမှုက သူမအတွက်တော့ အဆင်‌‌ပြေမနေပါပေ။ သူမရဲ့သိုးမွေးဂျက်ကတ်က သူမရှေ့က စားပွဲပေါ်မှာ တင်ထားတာကြောင့် သူမရင်ဘတ်ကို ကာအုပ်ထားရပြီး လက်တစ်ဖက် ရှေ့ကိုဆန့်ထုတ်ကာ ဝတ်ဖို့အဝတ်အစားတွေကို အမြန်ဆွဲယူလိုက်တယ် . .


ဒါပေမယ့် ကြမ်းပြင်က ချော်ထွက်သွားပြီး သူမကလည်း အရမ်းကို ရှက်တီးရှက်ပြာနိုင်နေခဲ့တယ်။ မြဲမြဲမရပ်တဲ့ သူမခြေထောက်က ချောထွက်သွားပြီး သူမ နောက်ကို လဲကျမလို ဖြစ်သွားတော့တယ်။


ကျီရှောင်အုံး သူမမျက်လုံးများကို မှိတ်ထားလိုက်ပြီး သူမဗိုက်ကို ကာ၍ မြေပြင်ကို ကျရောက်မည့် အခိုက်အတန့်ကိုပဲ စောင့်ဆိုင်းလိုက်ခဲ့တော့တယ်။


ဒါပေမဲ့ သတိမပေးဘာမပေးနဲ့ သူမလဲကျရမည့်အစား သူမက ကျယ်ဝန်းပြီး နွေးထွေးသော ရင်ဘတ်တစ်ခုပေါ်သို့ ပြုတ်ကျသွားတယ်။


ရမ်က ဘယ်အချိန်ဘယ်လို တံခါးပေါက်ဝကနေ လာလိုက်လဲ သူမ မသိလိုက်ပေ၊ ဒါပေမဲ့ အခုတော့ သူမရဲ့ ပခုံးနှင့် ခါးကို ပွေ့ပိုက်လိုက်ပြီး သူမတစ်ကိုယ်လုံးက သူ့လက်မောင်းတွေထဲ လှိမ့်ဝင်သွားစေလိုက်ခဲ့တယ်။


သူက သူ့ရဲ့ရင်ဘတ်အပေါ်ပိုင်းနေရာအများစုကို ထုတ်ဖော်ပြထားတဲ့ သားရေခွံအင်္ကျီကို ၀တ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်အပူချိန်က သူမထက် များစွာ ပိုပူနေလေတယ်။ အအေးနဲ့အပူက ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်ဘက်ဖြစ်စေလိုက်ခဲ့တော့တယ်။


ကျီရှောင်အုံးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် ခတ်ပြီး ရမ့်ရဲ့ မျက်နှာကို ကြည့်ရှုလိုက်တယ်။ တောင့်ခဲစွာနဲ့ သူမပါးပြင်တွေပေါ် နီမြန်းလာခဲ့ကာ နားရွက်ထိပ်များအထိ ပျံ့နှံ့သွားပြီး သူမဦးနှောက်တစ်ခုလုံးပါ အပူငွေ့တွေ ပွက်ပွက်ဆူသွားလိုက်တယ်။


သူမ ခါးအပေါ်ပိုင်းက အဝတ်ဝတ်ထားပေမယ့် အောက်ပိုင်းမှာတော့ ဘာမှမဝတ်ရသေးတာပဲ. . သူမခြေထောက်တွေကလည်း သူ့ပေါင်လုံးကို သွားဖိထားသေး..... . .


"ငါ့ကို လွှတ်! ထွက်သွား..."


ကျီရှောင်အုံးရဲ့ မျက်နှာက ခဏလောက် နီမြန်းသွားခဲ့တယ်။ ရမ်ရဲ့ ရင်ခွင်ထဲတွင် သူမ အသည်းအသန်ရုန်းကန်လိုက်ခဲ့ပေမဲ့ သူ့လက်များက သံတူတွေလိုမျိုး သန်မာနေခဲ့ကာ သူမရုန်းကန်လေလေ ပိုတင်းကျပ်လာလေဖြစ်နေခဲ့တယ်။


သူမ ကိုယ့်ဘာသာ ခိုက်မိမှာစိုးတာနဲ့ ရမ် က သူမကို ပွေ့ချီပြီး ကုတင်ဆီသို့ လျှောက်သွားခဲ့လိုက်တယ်။


ကျီရှောင်အုံး တစ်ယောက် ငိုချပစ်လိုက်ချင်ပေမဲ့ သူမ မျက်ရည်တွေ မထွက်လာလိုက်ပေ၊ သူမ သူမရဲ့သိုးမွေးအင်္ကျီအား သူမကိုယ်လုံးအောက်ပိုင်းကို ဖုံးအောင်လို့ တင်းတင်းဆွဲချလိုက်ရတယ်။ ရမ်က သူမကို ကုတင်ပေါ်တင်လိုက်သည်နှင့် သူမ ကမူးကရှုး ကုတင်ထောင့်စွန်းဆီသို့ ကျုံ့ဝင် သွားလိုက်ခဲ့တယ်။


ဒါပေမယ့် သူမ မလုပ်နိုင်ခဲ့ပေ၊ သူမပုခုံးပေါ်က ရမ့်ရဲ့ လက်က သူမကို နေရာလွတ်မကျန် ဖမ်းချုပ်ထားလိုက်ခဲ့လို့ပင်။


"မလှုပ်နဲ့" သူမ အတင်းရုန်းကန်လိုက်တာကြောင့် နောက်ပြန်ကျသွားလုနီးပါးပါပဲ။ ရမ်က သူမ ဗိုက်ရှိ ဒဏ်ရာကို ပွင့်ထွက်သွားခြင်းမရှိတာ သေချာအောင်လို့ စစ်ဆေးလိုက်ခဲ့ပါတယ်။


သူ့အကြည့်လမ်းကြောင်းက သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖြတ်သန်းသွားလိုက်ကာ သူမရဲ့နှင်းလိုဖြူဥနေတဲ့ခန္ဒာကိုယ်ကို ငေးမောကြည့်နေခဲ့တယ်။


ကောင်မလေးက ဆွယ်တာအင်္ကျီ အပွကြီးတစ်ထည်ကို ၀တ်ဆင်ထားပေမဲ့ ကျယ်သီးတပ်ဖို့ အရမ်းနောက်ကျသွားလိုက်ပြီးဖြစ်တယ်၊ သူမရဲ့ဘေးနှစ်ဖက်စလုံးကို အလုံပိတ်ထားစဉ်မှာ သူမကိုယ်အပေါ်ပိုင်းအား အများကြီး ထုတ်ဖော်နေဆဲပင် ။


သူမအသားအရေက ကျားသစ်'အမ'များနဲ့ တစ်ခြားစီဖြစ်ပြီး အလွန်ဖြူဥကာ နူးညံ့နေလေတယ်။


သူမက လက်တစ်ဖက်ဖြင့် ဆွယ်တာအင်္ကျီအောက်နားကို ဆုပ်ကိုင်လိုက်ပြီး သူမ အိပ်ယာပေါ်ရောက်သည်နှင့် မျက်လုံးအပြူးသားနဲ့ သူ့အား စိုက်ကြည့်နေခဲ့တယ်။ မျက်ဝန်းတွေက စိုစွတ်နေပြီး သူမ နှုတ်ခမ်းသားကို တင်းတင်းကိုက်ထားကာ စိတ်ထိခိုက်ပြီး စိတ်မသက်မသာဖြစ်နေပုံပေါက်နေခဲ့တယ်။


ဒီအမူအရာကပဲ သူ့ကို ကောင်မလေးအား ဆုပ်ကိုင်ထားမှုကနေ လွတ်မြောက်စေလိုက်ပြီး ကုတင်အတွင်းထဲကို လှိမ့်ဝင် သွားစေလိုက်ကာ သူမကိုယ်သူမ ခြုံစောင်နဲ့ လွှမ်းပတ်ထားသည့်တိုင် သူမခေါင်းသေးသေးလေးက ထုတ်ဖော်နေခဲ့တယ်။ သူမရဲ့ စိုစွတ်နေတဲ့ ဆံပင်တွေက သူမရဲ့ပါးပြင်မှာ ကပ်ရှိနေပြီး သူမကိုကြည့်ရတာ ရေရွှဲရွှဲစိုနေတဲ့ ခွေးပေါက်လေးတစ်ကောင်လိုပင်။


ရမ် သူ့အကြည့်ကို လွှဲဖယ်လိုက်ခဲ့တယ်။


ကောင်မလေးက ကျွမ်းကျင်လိမ္မာစွာနဲ့ သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားသလောက် .... . . ဒါပေမဲ့ သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ ခြေဖဝါးလေးတွေကိုတော့ မေ့သွားတာပဲ။


ခြေကျင်းဝတ်တွေက လေထဲတွင် ထုတ်ဖော်နေပြီး အရိုးတွေက ကောင်းမွန်စွာ ဖြန့်ဖြူးထားလိုက်ကာ ခြေထောက်နောက်ကျောက သူမရဲ့ကျန်အစိတ်အပိုင်းတွေလိုပဲ ဖြူဖွေးနူးညံ့နေလေတယ်။


သူမရဲ့ခြေသန်းဆယ်ချောင်းစလုံးက နွေဦးတွင်ပေါက်တဲ့ အဖူးအညွန့်လေးတွေသို့နှယ် ဝင်းလဲ့ပြီး ပန်းရောင်သန်းနေကာ အကြီးဆုံးခြေချောင်းသာလျှင် အနည်းငယ် တွန့်လိမ်နေတာကို သူ ရှာတွေ့ခဲ့တယ်။


သူမက ကျားသစ်မျိုးနွယ်စုရဲ့ မိန်းမပျိုတွေလောက် သိသာပေါ်လွင်ခြင်းမရှိပေမဲ့လည်း သူမရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းများက နူးညံ့ကျိုးပဲ့လွယ်ပြီး သိမ်မွေ့လှပလွန်းတာပဲ။ ကျားသစ်မလေးတွေက ဒီလို နူးညံ့သိမ်မွေ့တဲ့ ခံစားချက်ကို မပိုင်ဆိုင်နိုင်တာတော့ နှမြောဖို့ကောင်းလိုက်တာ။


ကျီရှောင်အုံးက သူ့အမြင်အာရုံကို သိသိသာသာ ရိပ်ဖမ်းမိသွားလိုက်ပြီး သူမခြေထောက်တွေအား စောင်အောက်ထဲတွင် မီးခိုးငွေ့တွေလို ရိပ်ခနဲ ပျောက်ကွယ်သွားစေလိုက်တယ်။


ရမ်က သူမရဲ့သတိရှိမှုအား သတိထားမိလိုက်ပြီး သူ့နှုတ်ခမ်းများ ကွေးညွှတ်သွားကာ မမြင်နိုင်သော အပြုံးတစ်ခု ဖြစ်တည်သွားစေလိုက်တယ်။ သူ သူ့ခြေတံရှည်ရှည်တွေအား ဆန့်ထုတ်ကာ ကုတင်ပေါ်မှဆင်းနိုင်တဲ့ တစ်ခုတည်းသော လမ်းအား ပိတ်ဆို့ထားလိုက်ခဲ့တယ်။


အဲဒီနောက် သူ့ရဲ့ လေးလံနှေးကွေးတဲ့ သံလိုက်လို အသံဖြင့် ပြောလိုက်၏ "မင်းတို့ မျိုးနွယ်စုတစ်ခုလုံးက မင်းလိုပဲလား"


ကျီရှောင်အုံး က သူပြောတာကို နားမလည်ဘဲ သူ့အား မျက်လုံးပေကလတ် ပေကလတ်နဲ့ ကြည့်လိုက်ခဲ့၏။


သူ့ရဲ့ နောက်ထပ် ထွက်လာတဲ့စကားက သူမတစ်ကိုယ်လုံးအား တောင့်တင်းသွားစေလိုက်တယ်...


"လူသားတွေလေ သူတို့အားလုံးက မင်းလိုပဲလား။ အလှမွေးငါးတွေနဲ့တော်တော်တူတာပဲနော်"


. . .


ကျီရှောင်အုံးရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ပြူးကျယ်သွားပြီး အံ့အားသင့်စွာနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားလိုက်ကာ "နင် အခုလေးတင် ဘာပြောလိုက်တယ်"


'သူ အခုလေးတင် သူမက အလှမွေးငါးတစ်ကောင်နဲ့တူတယ်လို့ ပြောလိုက်တာလား။ သူအခုလေးတင် ပြောလိုက်တာက . . "လူသား"တွေတဲ့လား။'


'သူမက လူသားဆိုတာ သူဘယ်လိုလုပ်ပြီး သိနေတာလဲ?!'


ကျီရှောင်အုံးက သူမအတွေးများက လျင်မြန်စွာ လွင့်ပျံသွားလိုက်တယ်၊ သူမ သူ့ရှေ့မှာ သူမက လူသားဆိုတာကို ဘယ်တုန်းက ပြောဖူးလို့လဲ။ . ဒါပေမယ့် မဟုတ်သေးပါဘူး သူမ ဒီလိုမျိုး လုံးလုံး မပြောဖူးပါဘူး။


ကောင်မလေးရဲ့သူငယ်အိမ်တွေက မီးတောက်သွားခဲ့ပြီး သူမ ခန္ဓာကိုယ် တောင့်တင်းသွားလိုက်ကာ သူမ မျက်လုံးများကလည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားလိုက်တယ်။


သူမရဲ့ တုံ့ပြန်မှုက အရမ်းကြီးမားနေတာ အံ့သြစရာတော့ မဟုတ်ပေ။ အီရစ် ပြောခဲ့တာက လူသားတွေ မျိုးသုဉ်းသွားပျောက်ကွယ်သွားတာ ကြာပြီတဲ့။ ပြီးတော့ သားရဲလူသားတွေက အမြဲတမ်းလိုလို လူသားတွေလို ဆင့်ကဲပြောင်းလဲလာကြတာပင်။ တကယ်လို့ သူမ လူသားဖြစ်တယ်ဆိုတာ သူတို့သိသွားရင် သူမကို မကောင်းဆိုးဝါးတစ်ကောင်လို့ သတ်မှတ်ကြမှာလားပဲ။


"ငါက လူသားမဟုတ်ဘူး... ....... ကျီရှောင်အုံးက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ကြိုးစားရင်း ငြင်းဆိုလိုက်တယ်။ သူမ အချိန်အတော်ကြာအောင် တွေးတောလိုက်တာတောင် သင့်လျော်တဲ့စကားလုံးအား မစဉ်းစားနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူမ ခြုံစောင်ကို သူမခေါင်းပေါ်ဆွဲတင်လိုက်ပြီး အရှုံးပေးလိုက်တော့၏။ "ငါ က ရွှံ့ငါးလူမျိုးစုက!"


"သူတို့က လူသားအသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည် မရှိဘူး။" ရမ်က သူမအား ကြင်နာစွာ သတိပေးလိုက်၏။


ကျီရှောင်အုံး : " ..."


ရမ် သူ့ရဲ့သားပေါက်ပုံစံနဲ့ ရှိချိန်တည်းက သူ အစောကြီးကတည်းက သူမရဲ့နောက်ခံကို ခန့်မှန်းပြီးသားဖြစ်လိမ့်မယ်ဆိုတာကို ကျီရှောင်အုံး အတပ်ပြောနိုင်လေတယ်။ 


နို့တိုက်သတ္တဝါဖြစ်ပြီး သားရဲပုံစံလည်းမရှိဖြစ်တဲ့ သူမရဲ့ပြုမူနေထိုင်တတ်ပုံတွေ အဆင့်မြင့်နည်းပညာအသုံးပြုမှုတွေ၊ ဒါတွေအားလုံးက လူသားတွေရဲ့ လက္ခဏာရပ်တွေအားလုံးပဲမလား။


အဲဒီအချိန်တုန်းက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်သာ သူ စကားများများ မပြောခဲ့တာပင်။


သူ့မှာ သူမအား မေးစရာတွေ အများကြီးရှိတယ်။ 'သူမ ဘယ်ကလာတယ်၊ ဘာအကြောင်းကြောင့်နဲ့လဲ၊ အဲဒီ့ သူမရဲ့ "နေရာလွတ်" ဆိုတဲ့နေရာကရော ဘာလဲ။'


သူ့ပါးစပ်ထဲက စကားလုံးတွေကို သူ အမြန်ပြန်မျိုချလိုက်တယ်။ ရမ် ဘာမှမဖြစ်ပျက်ခဲ့သလို ကုတင်ကနေ သူ့ခြေထောက်များကို မ ယူလိုက်ကာ ပြောလိုက်တယ် "စိတ်ချပါ.. မင်း ဘယ်သူလဲဆိုတာ ငါ ကလွဲလို့ ဘယ်သူမှ မသိပါဘူး" 


ကျီရှောင်အုံးရဲ့မျက်တောင်တွေက တဆတ်ဆတ်တုန်သွားပြီး သူမ ဘာမှ မပြောခဲ့လိုက်တော့ပေ။


ရမ် ထွက်ခွာသွားတဲ့အသံကို သူမ ကြားလိုက်ရပြီးမှသာ သူမ စောင်ကို ဖြည်းညှင်းစွာဖွင့်လှစ်၍ တံခါးကို ကြည့်လိုက်ပြီး သူ ဘာတွေများတွေးတောနေလဲဆိုတာ သူမ သိချင်မိသွားတယ်။


*


မနေ့ညက သူမအိပ်ရာမ၀င်ခင်ဆံပင်‌တွေခြောက်အောင် မလုပ်လိုက်တာကြောင့် ဖြစ်နိုင်တယ်၊ နောက်တစ်နေ့ကျ ကျီရှောင်အုံး တစ်ယောက် အိပ်ရာက နိုးလာချိန်မှာတော့ ဆိုးဆိုးရွားရွားကို ခေါင်းတွေ ထိုးကိုက်နေခဲ့တယ်။


သူမ ထထိုင်လိုက်ပြီး အအေးမိ‌ပျောက်ဆေး နှစ်လုံးကို ယူသောက်လိုက်ရတယ်။ မနေ့ညက မှတ်ဥာဏ်က သူမ‌ခေါင်းထဲ တဟုန်ထိုးဝင်‌ရောက်လာခဲ့ပြီး ကျီရှောင်အုံး သူမက လူသားတစ်ယောက်ဆိုတာကို ရမ် ပြောလိုက်တဲ့အချိန်တုန်းက သူ့ရဲ့အေးဆေးတည်ငြိမ်တဲ့အမူအရာကို တွေး‌တောလိုက်မိတယ်။ အဖြစ်နိုင်ဆုံးကတော့ သူသိ‌နေပြီးသားပဲ။ သူ ဘာဖြစ်လို့ အခုလို ပြောလိုက်တာလဲဆိုတာတော့ ................... . သူမ မတွေးတတ်တော့ဘူးပဲ။


အချိန်ခဏလေးအတွင်းမှာပဲ ထိုအတွေးတွေကနေ သူမ ဒဏ်ရာကောင်းသွားပြီးရင် ထွက်သွားဖို့ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်က အားကောင်းလို့လာတော့တယ်။


အခန်းထဲတွင် လူတစ်ယောက်မှ ရှိမနေပေ၊ သူမအတွက် ထားခဲ့တဲ့ ငါးဟင်းရည်အိုးတစ်အိုးက စားပွဲပေါ်တွင်ရှိနေခဲ့ပါတယ်။


ကျီရှောင်အုံး က ဟင်းကို မြည်းကြည့်လိုက်တော့ ဟင်းရည်က အရမ်းလတ်ဆတ်လွန်းတယ်။ သူက ဂျင်း၊ ကြက်သွန်ဖြူ နဲ့ဝိုင်ကို မသုံးထားတာမို့ ဟင်းက ညှီလို့ စားဖို့ခက်နေခဲ့တယ်။ 


သူမ မသောက်ချင် သောက်ချင်နဲ့ တစ်လုပ် သောက်လိုက်ပေမဲ့ မသောက်နိုင်တော့ပေ။ သူမ သူမနေရာလွတ်ထဲကပဲ နို့ဘူးတစ်ဘူးကို တိတ်တဆိတ်ယူကာ ဖွင့်သောက်လိုက်တော့တယ်။


နို့ဘူး သောက်ပြီးနောက် သူမ အခန်းထဲမှာပဲ တစ်ယောက်တည်း ရှိနေခဲ့ပါတယ်။


အိမ်အပြင်ဘက်ကနေ ဆူဆူညံညံအသံအချို့ထွက်လာလိုက်ပြီး သူမ တုံ့ဆိုင်းသွားပေမဲ့ တံခါးကိုတွန်းဖွင့်ကာ အပြင် ထွက်လိုက်တယ်။ အပြင်ဘက်ရောက်တော့ ထင်းတွေအများကြီးရှိနေတာ သူမ တွေ့လိုက်ပြီး ရမ်က တခြားကျားသစ်နှစ်ကောင်ကို အလုပ်လုပ်ဖို့ အမိန့်ပေးနေကာ ထင်းပုံ ပေါ်ထိုင်နေခဲ့တယ်။


ကျားသစ်နှစ်ကောင်က တံခါးဖွင့်သံကြားလိုက်ရတော့ စိမ်းပြာရောင်မျက်လုံးတွေနဲ့ သူမကို လှမ်းကြည့်လိုက်ခဲ့တယ်။


ကျီရှောင်အုံး တုန်ယင်စွာ နောက်ပြန်ဆုတ်သွားပြီး မသိစိတ်အရ ရမ်ရဲ့ဘေးသို့လျှောက်သွားလိုက်ကာ မေးလိုက်တယ် "နင် ဘာလုပ်နေတာလဲ"


ရမ်က သူ့လက်ထဲက ဝါးသော့တွေကို ချလိုက်ပြီး သူမကို ကြည့်လိုက်ရင်းနဲ့ ပြန်ဖြေလိုက်တယ် "ခြံဝင်း ချဲ့နေတာ"


ကျီရှောင်အုံး ပဟေဠိဖြစ်သွားခဲ့တယ်။ 'သူ ကောက်ခါငင်ခါကြီး ခြံဝင်းကို ဘာလို့ ချဲ့နေတာများလဲ။'


ရမ် က ပြောလိုက်တယ် "မနက်ဖြန် ငါ အမဲလိုက်ခရီးတစ်ခုကို ဦးဆောင်ဖို့ ကမူဒါကနေ ထွက်သွားဖို့ရှိတယ်။ ငါ အဝေးရောက်နေတဲ့နေ့တွေမှာ မင်း ခြံဝင်းထဲမှာ လှုပ်လှုပ်ရှားရှား သွားလာလို့ရတယ်။" မဟုတ်လို့ရှိရင် သူမရဲ့ရှက်ကြောက်စိတ်နဲ့သာဆို အိမ်ထဲမှာပဲ ပတ်ချာလည်လှည့်သွားနေရတော့မှာ။


အဆုံးမှာတော့ ထိုဟာက ကျီရှောင်အုံးကို အံ့သြသွားစေလိုက်တယ်။


ရမ် က သူမဆီ သော့တွေ ပစ်ပေးလိုက်ပြီး "မင်း ဒီသော့ကို ဖွင့်တတ်တယ်မလား"


ကျီရှောင်အုံးက သော့တွဲကို ဖမ်းလိုက်ပြီး ယောင်ယောင်မှားမှား ခေါင်းညိတ်လိုက်တယ်။


"ဘယ် မျိုးနွယ်ဝင်ကိုမှ တံခါးမဖွင့်ပေးနဲ့" ရမ်က သူ့မေးစေ့ကို ပင့်လိုက်ပြီး ကောင်မလေးရဲ့နောက်က နက်မှောင်တဲ့ဆံနွယ်တွေကို ဘေးတိုက်ကြည့်လိုက်ခဲ့တယ်၊ အဲဒီနောက် ခဏအကြာတွင် သူက ထပ်ဖြည့်ပြောလိုက်၏ "ငါ ကလွဲပြီးတော့" 


ကျီရှောင်အုံးက ရေချိုးပြီးသွားတော့ သူမဆံပင်ကို ဖျန့်ချထားခဲ့တာဖြစ်တယ်။ ဆံနွယ်တွေက ဖိတ်စင်သွားသည့် မှင်ရည်နက်တွေလို နက်မှောင်ပြီး ထူထပ်နေလေတယ်။


ရမ် ရဲ့လက်ချောင်းထိပ်တွေက တွန့်ကွေးသွားလိုက်ကာ ရုတ်ခြည်းပင် သူ သူ့လက်ဖဝါးထဲကို ထိုဆံပင်တွေ ဆွဲယူဖို့ တွေးတောလိုက်မိ၏။


ကျီရှောင်အုံးရဲ့ စိတ်က တခြားနေရာသို့ ပျံ့လွင့်နေရင်းမှ သူမ သတိပြန်ကပ်ကာ မေးလိုက်တယ်။ "နင် သွားတာ ရက်တော်တော်ကြာဦးမှာလား" 


"သုံးရက် လေးရက်လည်း ဖြစ်နိုင်တယ်၊ ခုနှစ်ရက် ရှစ်ရက်လည်း ဖြစ်နိုင်တယ်" သူက ပြောလိုက်၏။


ကျီရှောင်အုံးက သူမ အောက်နှုတ်ခမ်းသားကို ကိုက်လိုက်ခဲ့တယ်။ သူမ ထွက်သွားမယ်လို့ ပြောတုန်းက ရမ့်ရဲ့ တုံ့ပြန်မှုကို သူမ မှတ်မိနေသေးတယ်၊ သူမသာ အဲဒီအကြောင်း ထပ်ပြောလိုက်လို့ရှိရင် သူသဘောမတူနေဦးမှာပဲလို့ သူမ မသိစိတ်ကနေ တွေးတောလိုက်တယ်။


သူ့သဘောတူချက်ကို စောင့်မယ့်အစား . . ဒီအခွင့်အရေးကို ယူပြီး သူမ ထွက်သွားရင်ကောင်းမလားပဲ။


သူမရဲ့ ထောင်ထောင်က သူ့မွေးရပ်မြေကို ပြန်လာခဲ့ပြီး သူမကတော့ သူမသွားရမယ့် ခရီးက အဝေးကြီးရှိနေသေးတာပဲ။


ကောင်မလေးရဲ့စိတ်က ဖြူစင်ပြီး သူမ နှလုံးသား ဆန္ဒများက သူမမျက်နှာအနှံ့ ခြယ်မှုန်းထားခဲ့တယ်။


ရမ်ရဲ့မျက်ဝန်းနက်နက်တွေက လှုပ်ခတ်နေတဲ့ သူမ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း တဖြည်းဖြည်း ပိုမဲမှောင်လာခဲ့တော့တယ်။


"ခေါင်းဆောင် မင်း ဒီတိုင်တွေကို ဘယ်‌နေရာမှာ သွားသုံးမှာလဲ" သားမွေးအင်္ကျီဝတ်ထားတဲ့ ကျားသစ်တစ်ကောင်က မေးလိုက်တယ်။


ရမ်က သူ့အတွေးတွေကို ဖယ်ရှားလိုက်ပြီး တစ်ဖက်ကို လျှောက်လာလိုက်တယ် "ဘာတိုင်တွေလဲ"


သားရဲလူသားအမျိုးသားက ပြောလိုက်၏ "တိုင်တွေက နိမ့်နေတယ် ဒီနေရာမှာ ရှိမနေသင့်ဘူး။ ဒီကောင်ကတော့ လျော့နေတယ်......"


ဝမ်း လို့ ခေါ်တဲ့ ကျားသစ်က ချက်ချင်းပဲ ခွန်းတုံ့ပြန်ပြောလိုက်တယ် "တာဝန်ကို ရေသာခိုမနေစမ်းပါနဲ့၊ မင်း အဲဒါကို ခုထိ မရှာသေး ဘူးလား"


ရမ် က ခဏလောက် နှုတ်ဆိတ်နေပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တယ် "အဲဒါကို အဲဒီမှာပဲထားလိုက်ဦး" သူက ခေတ္တရပ်လိုက်ပြီး "ဒီအမှားကို တခြားနေရာတွေမှာရော ပြန်လုပ်ခိုင်းလိုက်။"


*


သားရဲလူသားအမျိုးသားများက အလွန် အလုပ် လုပ်နိုင်စွမ်းရှိကြပြီး တစ်ရက်တည်းနဲ့ ခြံဝင်းကို တိုးချဲ့လိုက်ခဲ့တယ်။


ခြံဝင်းနံရံများက သစ်သားတိုင်လုံးများဖြစ်ကြကာ ကြိမ်ဖြင့် ပတ်ပတ်လည် ကာရံထားပြီး အဲဒီနောက် စိုက်ပျိုးခြံနှင့် မတူကွဲပြားတဲ့ ရွှံ့များဖြင့် ကြံကာထားသည်။


ပုံပန်းသဏ္ဍာန်က ရိုးရှင်းပေမယ့် လုံခြုံမှုကို တိုးစေတယ်။


နောက်တစ်နေ့တွင်တော့ ရမ် နှင့် မျိုးနွယ်သားတွေက အမဲလိုက်ရန် ခရီးထွက်သွားကြပြီး ကျီရှောင်အုံး နိုးလာတော့ သူက အစောကြီးကတည်းက ထွက်သွားလိုက်ပြီဖြစ်တယ်။


ကျီရှောင်အုံးက သူထွက်သွားလိုက်ပြီပဲ တွေးတောလိုက်တယ်။ ခြံဝင်းထဲတွင် မီးဖိုချောင်မရှိတာမို့ သူမ သူမနေရာလွတ်ထဲကနေပဲ မနက်စာအတွက် နို့ဘူးနဲ့ဘီစကစ်တွေ ထုတ်ယူလိုက်တယ်။ စားပြီးသွားတော့ ကျီရှောင်အုံး သူမကျောပိုးအိတ်ထဲကနေ ပျက်နေတဲ့ သံလိုက်အိမ်မြောင်ကို ထုတ်ယူလိုက်ပြီး ပတ်ပတ်လည်ကို လွှဲရမ်းနေဆဲဖြစ်တဲ့ မြားလက်တံကို ကြည့်ရှုလိုက်ခဲ့တယ်။


"ဒီဟာက ဘာဖြစ်တာပါလိမ့်" ကျီရှောင်အုံး စိတ်အပျက်ကြီး ပျက်သွားခဲ့တယ်။ တကယ်လို့ သူမမှာ သံလိုက်အိမ်မြှောင်မရှိရင် ဘယ်လိုလုပ်ပြီး ကျားသစ်မျိုးနွယ်စုကနေ ထွက်သွားလို့ရမှာလဲ။


ကျီရှောင်အုံး ကုတင်ပေါ်တွင် အချိန်တော်ကြာ ထိုင်ချလိုက်ပေမဲ့ သူမအတွေးထဲမှာ ဘာအကြံမှ ထွက်မလာခဲ့ပေ။ 


သူမ စိတ်ဓာတ်ကျသွားပြီးတော့ ခြံဝင်းထဲမှာ လမ်းသွားလျှောက်မလို့ လုပ်လိုက်ခဲ့ချိန်မှာတော့ အပြင်ဘက်ကနေ စကားပြောသံတွေ ကြားလိုက်ရခဲ့တယ်။


ခဏလောက်ကြာတော့ အပြင်ဘက်တွင် ရမ့်နောက်ကနေ လိုက်ပါလာတဲ့ ကျားသစ်မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရတယ်။


ကျီရှောင်အုံး တောင့်ခဲသွားခဲ့တယ်။ ရမ် ပြန်လာမယ်လို့ သူမ မမျှော်လင့်ထားတာပဲဖြစ်တယ်၊ သူမ ခဏလောက် ကူရာမဲ့သွားလိုက်ပြီး "အိုး..... ငါက နင်သွားလိုက်ပြီထင်နေတာ"


ရမ် က သူမကို ကြည့်ပြီး ဘာမှ မပြောဘဲ သူ့နောက်က မိန်းမပျိုနဲ့ မိတ်ဆက်ပေးလာတယ်။ "ဒါက အကြီးအကဲ စကားလက် ရဲ့သမီး ဆူဇန်နာပဲ။ ငါ အဝေးမှာရှိတဲ့ရက်တွေ သူက မင်းနဲ့ အဖော်လုပ်ပေးလိမ့်မယ်။ မင်း တစ်ခုခုလိုအပ်တာရှိရင် သူ့ကို အချိန်မရွေးမေးလို့ရတယ်။"


တံခါးဖွင့်လိုက်ကတည်းက ဆူဇန်နာ စပ်စုလိုတဲ့မျက်လုံးတွေက ကျီရှောင်အုံး ကိုယ်ပေါ်တွင် ရှိနေခဲ့တာဖြစ်တယ်။


ရမ်က သူမအား အလွန်တင်းတင်းကြပ်ကြပ် ဝှက်ထားခဲ့တာမို့ သူမရဲ့ရိုင်းပြမှုကို အပြစ်တင်လို့တော့ မရပေ။


အခု နောက်ဆုံးတော့ သူမ ကောင်မလေးကို တွေ့မြင်နိုင်ပြီမို့ သူမ စေ့စေ့စပ်စပ် ကြည့်နေခဲ့တာပင်။


လတ်စသတ်တော့ ရမ်က ဒီလို မိန်းကလေးမျိုးကို ကြိုက်တာကိုး.... . . မျက်လုံးတွေက မည်းနက်နေပြီး မျက်နှာလေးကလည်း သေးသေးလေးပဲ။ သူမ အသားအရေက ပန်းဆီရောင်သန်းနေပြီး လူတစ်ကိုယ်လုံး ချစ်စဖွယ်ကောင်းနေပုံပေါက်နေတာပဲ။


ဆူဇန်နာက ကျီရှောင်အုံး ကို နှုတ်ဆက်ခါနီးတွင် ရမ်က သူမကို ကြည့်ကာ ကျားသစ်ဘာသာစကားနဲ့ တိတ်တဆိတ်ပြောလိုက်ခဲ့၏။


"ငါ ပြန်မရောက်သေးခင် သူ့ကို မတော်တဆ ဖြစ်ခွင့်မပြုဘူး၊ ထွက်ခွာခွင့်လည်း မပြုဘူး။"


End Chapter