Chapter 32
Viewers 9k

 


အပိုင်း(၃၂)



ကျီရှောင်အုံး ဆူဇန်နာ ရဲ့အသံကို ယောင်ဝါးဝါး‌လေး ပြန်မှတ်မိလိုက်ခဲ့တယ်။


ရမ်က ငါးစွပ်ပြုတ် ချက်တုန်းက သူမမီးဖိုချောင်ကို ငှားသုံးခဲ့လိုက်တာပဲ။ ကျီရှောင်အုံးက သူမက ရမ့်ရဲ့အမျိုးသမီးထဲမှာ တစ်ဦးဟု ထင်လိုက်ခဲ့တာဖြစ်တယ်။


အဲဒီအချိန်တုန်းက သူတို့တွေ အပြန်အလှန်စကားပြောတာကို သူမ မကြားရတာက သူမတို့ကြားမှာ ပျဉ်ချပ်‌တွေ ခံ‌နေတာကြောင့်နေမှာလို့ သူမ ထင်လိုက်ခဲ့သေးတယ်..... ဒါပေမဲ့ အခုကျတော့မှ . .


"သူ့ကို ကျားသစ်ဘာသာစကားကို မြန်မြန်တတ်အောင် သင်ပေးလိုက်"


ရမ်က ဆူဇန်နာ ကိုပြောလိုက်ပေမယ့် ကျီရှောင်အုံးကတော့ အဲဒါက ဘာပြောလိုက်မှန်းတောင် နားမလည်လိုက်‌ပေ။


သူမ အမြဲတမ်း တွေးထင်‌နေခဲ့တာကတော့ ကျားသစ်မျိုးနွယ်တွေက အီရစ် တို့မျိုးနွယ်လိုမျိုး လူသားဘာသာစကားကို သုံးတာလို့ပင်။


သူတို့တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်‌ပြောနည်း‌ပြောဟန်‌တွေရှိပေမဲ့လဲ သူမက ရမ် တစ်ယောက်တည်းနဲ့သာ ပြောဆိုဆက်ဆံခဲ့ရပြီး သူမ အဆင်ပြေစေဖို့အတွက် ရမ် က လူ့သားဘာသာစကားကို အမြဲအသုံးပြုခဲ့တာပဲဖြစ်၏။


ရမ် ထွက်သွားပြီးတော့ ဆူဇန်နာက ကျီရှောင်အုံး ကို စိုက်ကြည့်လိုက်ခဲ့ပါတယ်။


ဆူဇန်နာက သူမပါးစပ်ကိုဖွင့်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်ပေမဲ့ ကျီရှောင်အုံး နားမလည်နိုင်ခဲ့ပါဘူး။ သူမက သူမ ခေါင်းကို ဘေးသို့ လွှဲဖယ်လိုက်ပြီး ပဟေဠိဖြစ်စွာ ကြည့်လိုက်ခဲ့ပါတယ်။


ဆူဇန်နာ၏အမြီးက သူမနောက်တွင် ပျော့ပြောင်းစွာ လွှဲရမ်းလိုက်ပြီး ကျီရှောင်အုံးအား အရင်ထိုးညွှန်လိုက်ပြီး အဲဒီနောက် ကမူဒါရွာရဲ့ ဆင်‌ခြေဖုံးအိမ်တွေဆီသို့ ညွှန်ပြလိုက်တယ်။ ပြီးတော့ သူမ ထပ်မေးလိုက်ခဲ့၏ "နင့် မျိုးစိတ်က ဘာလဲ။ နင့် မျိုးနွယ်စုက ဘယ်မှာလဲ"


ကျီရှောင်အုံးက သူမဆိုလိုချင်တာရဲ့ တစ်စိတ်တစ်ပိုင်းကို နားလည်လိုက်နိုင်ပေမဲ့ သူမ မေးခွန်း‌တွေကိုတော့ ပြန်မဖြေနိုင်ခဲ့ပါဘူး။


ဒီနေရာက တိရစ္ဆာန်တွေက လူသားအသွင်ပုံသဏ္ဌာန်ဖြစ်တည်လာနိုင်‌ပေမဲ့လည်း သူတို့တွေမှာက အနည်းနဲ့ အများဆိုသလို သူတို့ရဲ့မူရင်းပုံစံအသွင်ပြင် လက္ခဏာတွေဖြစ်တဲ့ အီရစ်ရဲ့ဦးချို‌တွေလို ဒါမှမဟုတ် ရမ့်ရဲ့အမြီးလိုမျိုး..... ကျန်ရှိ‌နေတုန်းပဲဖြစ်တယ်။ သူမမှာကတော့ အဲဒီလိုတွေမျိုး တစ်ခုမှ မရှိနေခဲ့တာပဲဖြစ်တယ်။


လက်လွတ်စပယ် ပြောလိုက်လို့ကတော့ မြန်မြန်ဆန်ဆန် သိသွားကြလိမ့်မှာပင်။


"ငါ့မျိုးနွယ်စုက အဝေးကြီးမှာ။ ဘော်နီးယားတိုက်ရဲ့ အရှေ့ဘက်အစွန်ဆုံးမှာ... ...." ကျီရှောင်အုံး ခဏ‌လောက်စဉ်းစားလိုက်ပြီးတော့ စကားလှအောင် လှည့်ပတ်ပြောလိုက်တယ်။


ဆူဇန်နာ့ မျက်နှာက စိတ်ရှုပ်ထွေးစွာနဲ့ ပျက်ယွင်းသွားတာကို သူမမြင်လိုက်ရတယ်။


ကျီရှောင်အုံး မနေနိုင်စွာ သက်ပြင်းချလိုက်မိတယ်။ ကြည့်ရတာ ဆူဇန်နာ လည်း သူမပြောတာကို နားမလည်နိုင်ပုံပဲ။


သူမ အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး အဲဒီနောက် ရမ်ရဲ့အိမ်ကို ထိုးညွှန်ပြလိုက်ကာ "အိမ်... အရှေ့ဘက်... နင် နားလည်လား"


ဆူဇန်နာက နားလည်ရခက်တဲ့မျက်နှာအမူအရာတစ်ခုကို ထုတ်ဖော်ပြလိုက်ပြီးတော့ ကျားသစ်ဘာသာစကားနဲ့ ပြောလိုက်တယ် "နင် ဆိုလိုတာက နင့်ရဲ့မျိုးနွယ်စုက အရှေ့မှာရှိနေတာလား"


မကြာမီမှာပဲ နောက်မှ သူမ မှတ်မိသွားလိုက်တယ် "အသီးအရွက်စားမျိုးစိတ်အများစုက ဘော်နီးယားအရှေ့ဘက်မှာ နေကြတာပဲ။ နင်လည်း အသီးအရွက်စားမျိုးစိတ်ပဲလား"


ဒီစကားပြောက အရမ်းရှည်သွားတော့ ကျီရှောင်အုံး ထိုစာကြောင်းကို နားမလည်ခဲ့ဘဲ "ဘော်နီးယား" ကို သာ ရေးတေးတေးလေး ကြားလိုက်ရတယ်။ အဲဒါကြောင့် သူမ မျက်တောင်ကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ခဲ့ပြီး ဘာမှ မတုံ့ပြန်လိုက်ခဲ့ပေ။


သို့သော်လည်း ဒီတိတ်ဆိတ်မှုက ဆူဇန်နာ၏မျက်လုံးထဲတွင် ဝန်ခံမှုတစ်ခုဖြစ်သွားလိုက်ခဲ့ပြီး သူမမျက်နှာက လျှို့ဝှက်တဲ့အရာတစ်ခုကို တွေ့ရှိသွားလိုက်သလို သိမ့်သိမ့် တုန်လှုပ်သွားလိုက်တယ်။


'ရမ် အနှစ်သက်ဆုံး ကောင်မလေးက အသီးအရွက်စားမျိုးစိတ်တဲ့လား!'


''သူ ရူးများ ရူးနေလား'


ဒီလိုခေါတ်အချိန်အခါထဲမှာက အသီးအရွက်စားမျိုးစိတ်တွေနဲ့ အသားစားမျိုးစိတ်တွေ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ဖို့က မဖြစ်နိုင်ပေ။ အသီးအရွက်စားမျိုးစိတ်တွေက အရမ်းအားနည်းတာကြောင့် သူတို့တွေက အမဲလိုက်တဲ့နေရာမှာ ဘာအကူအညီမှ မရတာပဲ၊ ပြီးတော့ နေထိုင်မှုပုံစံကလည်း အများကြီး ကွဲပြားပေတယ်။ ကျားသစ်တွေက အသားကိုသာ စားပြီး အသီးအရွက်စား မျိုးစိတ်တွေကတော့ အပင်တွေကိုသာ စားနိုင်လေတယ်။ ကျားသစ်တွေက တစ်ကိုယ်တည်းနေတတ်တဲ့ သတ္တဝါတွေဖြစ်ပြီးတော့ အသီးအရွက်စားမျိုးစိတ်တွေကတော့ အုပ်စုလိုက် နေထိုင်ကြတာပဲဖြစ်တယ်။ ကျားသစ်တွေက ဘယ်နေရာမဆို နေထိုင်နိုင်ကြပြီး အသီးအရွက်စားမျိုးစိတ်တွေကတော့ တောအုပ်ထဲမှာပဲ နေလို့ရတာပဲ . .


အရေးအကြီးဆုံးကတော့ သူတို့ရဲ့ ကိုယ်ခန္တာကြံ့ခိုင်ရည်က အရမ်းကြီး မကောင်းဘူး။


ဆူဇန်နာ ကျီရှောင်အုံးရဲ့သေးသွယ်ပြီး နူးညံ့ကျိုးပဲ့လွယ်တဲ့ကိုယ်လုံးလေးကို ကြည့်လိုက်ပြီး အဲဒီနောက် သူမ ရင်ဘတ်ကို ကြည့်ပြီး အလွန်ပင်သိချင်စိတ်ပြင်းပြသွားလိုက်တယ်။


. . . ရမ့်ရဲ့ အာသီသကို သူမ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ။


ရမ်က ကျားသစ်မျိုးနွယ်စုမှာ အသန်မာဆုံး အမျိုးသား ဖြစ်တယ်။ သူမတို့မျိုးနွယ်စုထဲမှာ ကိုယ်ကာယပိုင်းခွန်အားက ဖိုမဆက်ဆံမှု စွမ်းအားနဲ့ တန်းတူညီမျှတာပဲ။


ဆူဇန်နာ မနေနိုင်စွာပဲ အံ့သြစွာနဲ့ ကြည့်လိုက်မိတယ်။ သူမဟာ အရမ်းသေးတာပဲကို ... . .သူက ရမ့်ကို 'အလို'ပြည့်နိုင်ပါ့မလား။


"... "


ကျီရှောင်အုံးကတော့ ဆူဇန်နာ၏ မျက်လုံးထဲက အကြည့်က ထူးဆန်းတယ်လို့သာ တွေးလိုက်တယ် ။ သူမစိတ်ထဲမှာ ဘာတွေ တွေးနေမှန်းတော့ သူမ မသိခဲ့ပေ။


အမျိုးသမီးနှစ်ဦးက နာရီဝက်ကြာ ကိုယ်ဟန်လက်ဟန်အမူအရာဖြင့် စကားပြောလိုက်ခဲ့ပေမဲ့ နာရီဝက်လောက်ကြာသွားပြီးနောက်မှာတော့ ဆူဇန်နာတစ်ယောက် လက်လျှော့လိုက်တော့တယ်။


ဆက်သွယ်ရတာ အရမ်းခက်ခဲတာပဲ . .


ရမ်က တကယ်ပဲ ကောင်မလေးကို ရက်နည်းနည်းလေးနဲ့ ကျားသစ်ဘာသာစကား တတ်အောင်သင်ပေးဖို့ သူမကို တောင်းဆိုလိုက်တာပဲ။ မဖြစ်နိုင်တာ!


"ငါ မနက်​ဖြန်မှ ​ပြန်​လာခဲ့တော့မယ်​၊ နင် တစ်​ခုခုလိုတာရှိရင်​ ​တောင်​ဘက်​က တတိယမြောက်အိမ်​ကို သွားလိုက်​" ဒီစကားကို ပြောလိုက်ပြီးတာနဲ့ ကျီရှောင်အုံး နားလည်လည် မလည်လည် ဂရုစိုက်မနေတော့ဘဲ ဆူဇန်နာ တစ်ယောက် ထွက်ပြေးသွားတော့တယ်။


ကျီရှောင်အုံး က သူမနောက်ကျောကိုကြည့်ပြီး သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။


နောက်ဆုံးတော့ သွားပြီပဲ . . တကယ်တော့။ ဒီရှည်လျားလွန်းတဲ့ စကားဝိုင်းအတောအတွင်း သူမ ဆူဇန်နာ ပြောတဲ့စကားတွေကို အနည်းနဲ့အများ ဆိုသလို နားလည်ခဲ့တာပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘာသာစကားကလည်း လူသားဘာသာစကားမှ ဆင်းသက်လာတာဖြစ်လို့ပင်။


ဒါပေမယ့် ဆူဇန်နာ စောစော ထွက်သွားအောင်လုပ်ဖို့ နားမလည်ချင်သယောင် သူမ တမင်ဟန်ဆောင်လိုက်တာဖြစ်တယ်။


ကျီရှောင်အုံး ရမ် ဘာလို့ ဒီလိုလုပ်တာလဲ ဆိုတာ သူ အခု မသိပေမယ့် ဆူဇန်နာ ရောက်လာပြီးတဲ့ နောက်မှာတော့ ဘာလို့လဲဆိုတာ သိသွားလိုက်တာကတော့ သူမ သူမစိတ်တိုင်းကျ ထွက်မသွားနိုင်တော့ပေ။


ကံကောင်းစွာပဲ ကျီရှောင်အုံးကလည်း ချက်ချင်းလက်ငင်း ထွက်သွားဖို့ မရည်ရွယ်ထားခဲ့တာပဲ။ သူမက ဒီနေရာက မြေမျက်နှာသွင်ပြင်နဲ့လည်း မရင်းနှီးသေးသလို သံလိုက်အိမ်မြှောင်ကို ပြန်ပြင်လို့မရသေးတာပဲလေ။ သူမမှာ ပြင်ဆင်ဖို့လိုအပ်တာတွေ အများကြီးရှိပါသေးတာပဲ။


ကျီရှောင်အုံး အိမ်ဘက်ကို ပြန်သွားလိုက်ပြီး သံလိုက်အိမ်မြှောင်ကို လျှောက်ကလိကြည့်လိုက်ခဲ့တယ်။


ဆူဇန်နာ ရောက်ရှိလာခြင်က သူမစိတ် ကြည်လင်သွားလိုက်ပေမဲ့ ကျီရှောင်အုံး ပြေးနေတဲ့ မြားလက်တံကို ကြည့်ပြီး အရင်တုန်းက ဖိုရမ်တစ်ခုမှာ ဆင်တူရိုးမှား အရာတစ်ခု မြင်လိုက်တာကို ရုတ်တရက် သတိရသွားလိုက်တယ်။


ဖိုရမ်က ပြောလိုက်တာက . . အဲဒါက သံလိုက်ဓာတ်ဆိုလားပဲ။


*


သံလိုက်အိမ်မြှောင်က သံလိုက်ဓာတ်ဝင်သွားရင် ချွတ်ယွင်းသွားလိမ့်မှာပင်။ အဲဒါကို ပြုပြင်ဖို့ သူမက သံလိုက်ဓာတ်ကို ဖယ်ထုတ်ပြီး ပြန်လည် သံလိုက်ပြန်သွင်းရမှာပဲဖြစ်တယ်။


'သူမ ဘယ်နေရာမှာများ အဲဒါကို သွား အားသွင်းလို့ရနိုင်မလဲ။'


ကျီရှောင်အုံး အဲဒီအကြောင်း တွေးဖို့ ကြိုးစားလိုက်ချိန်မှာတော့ သူမရဲ့ ဗိုက်ပေါ်က ဒဏ်ရာက နာလာခဲ့ပြီး သူမ မတ်တပ်ဆက်မရပ်ရဲတော့ဘဲ အိပ်ရာထဲ အမြန်ပြန်သွားလိုက်တော့တယ်။


မြန်မြန်ပြန်ကောင်းလာစေဖို့ ကျီရှောင်အုံး အခြားဘာမှဂရုမစိုက်နိုင်အားတော့ပေ။ နေ့တိုင်းနေ့တိုင်း ဆရာဝန်ရဲ့ အကြံပေးချက်အတိုင်း သူမ နာခံမှုအပြည့်နဲ့ မတ်တပ်ရပ်ပြီး တစ်နာရီလောက် လမ်းလျှောက်ပေးလိုက်ခဲ့တယ်။


*


နောက်တစ်နေ့မှာတော့ ဘတ်ဟမ် က သူမဆီ ထပ်လာလိုက်ခဲ့ပြီး ဆူဇန်နာ လည်း ပြန်လာလိုက်ခဲ့ပါတယ်။


ရာသီဥတုက သာယာနေပြီး နေရောင်ခြည်က တောက်ပစွာဖြာကျနေခဲ့တယ်။ ကျီရှောင်အုံး သူမ ပြီးခဲ့တဲ့အခေါက်တုန်းက စုဆောင်းထားတဲ့ ဝါဂွမ်းတွေကို သူမ နေရာလွတ်ထဲကနေ ထုတ်ကာ ခြောက်အောင် နေလှန်းထားလိုက်ခဲ့တယ်။


သူမ ဝါဂွမ်းကို ခူးတဲ့အချိန်တုန်းကတော့ ခြုံစောင်တစ်ထည်လုပ် ဖို့ ရည်ရွယ်ခဲ့ပေမယ့် အဲဒီနေ့မှာပဲ သူမ တောင်ဆတ်တွေဆီကနေ နှင်ထုတ်ခဲ့လိုက်ရပြီး ဒီကိစ္စကို ဘေးဖယ်ထားခဲ့လိုက်ရတာပင်။


သူမနေရာလွတ်ထဲမှာဆို ပစ္စည်းတွေက မပုပ်သိုးပေမဲ့လည်း ကျီရှောင်အုံးကတော့ ဝါဂွမ်းက စိုထိုင်းနေမှာကို စိုးရိမ်နေဆဲဖြစ်တယ်။


ပြီးတော့လည်း ဘတ်ဟမ်က သူမ ဒဏ်ရာက သက်သာလာနေပြီး နောက်နေ့ကျရင် ချုပ်ရိုးတွေ ဖြေလို့ရပြီလို့ ပြောလိုက်ခဲ့တယ်။ သူမလည်း စိတ်အခြေအနေကောင်းသွားလိုက်ပြီး သူမဘာသာသူမ တစ်ခုခုလုပ်ချင်လိုက်ခဲ့တာပဲဖြစ်တယ်။


"ဒါက ဘာလဲ၊ နင် ဘာလုပ်နေတာလဲ" ဆူဇန်နာ က မေးလိုက်တယ်။


ဒီစကားပြောကို ကျီရှောင်အုံး နားလည်လိုက်ပေမဲ့ သူမ ဘယ်လိုရှင်းပြရမှန်း မသိဖြစ်သွားလိုက်ခဲ့တယ်။


အင်း . . ဝါဂွမ်းကို အခြောက်ခံပြီး စောင်တစ်ထည်လုပ်မလို့ ဆိုတာကို သူမ ဘယ်လို ပြောရပါ့မလဲ..... .


သေချာပေါက်ကိုပင် ဆူဇန်နာ ဝါဂွမ်း စတွေကို အနီးကပ် ယူကြည့်ရင်း မေးခွန်းတွေ ဆက်တိုက် ထုတ်လိုက်ခဲ့တယ်။ "နင်က ဒါတွေနဲ့ ဘာလုပ်တာလဲ။ နင်က ဒီလိုဟာမျိုးကို စားတာလား"


ကျီရှောင်အုံးက ခေါင်းယမ်းလိုက်ပြီး ဝါဂွမ်းကို ထိုးညွှန်ပြလိုက်တယ်။ အဲဒီနောက် ဆူဇန်နာ ဝတ်ထားတဲ့ အရေခွံတွေကို ရည်ညွှန်းပြလိုက်ပြီးတော့ "မဟုတ်ဘူး ဝါဂွမ်းက အရမ်းနွေးတယ်... အဝတ်အစားတွေနဲ့ ခြုံစောင် လုပ်တဲ့နေရာမှာ သုံးလို့ရတယ်"


ဆူဇန်နာက ဒီစကားပြောကို နားမလည်လိုက်ခဲ့ဘဲ သူမ ပခုံးတွန့်လိုက်ပြီး သူမဘာသာပဲ ပြောလိုက်ခဲ့တယ် "နင်တို့ အသီးအရွက်စား သတ္တဝါတွေ နားလည်ဖို့ ခက်လိုက်တာဟယ်" 


သူမ အမြင်တွင်တော့ ဒီအပင်တွေက နေရာတိုင်းတွင် တွေ့နိုင်ပြီး ဘာမှအသုံးမဝင်တဲ့အရာတွေပဲဖြစ်တယ်။


ကျီရှောင်အုံးလည်း ထပ်ရှင်းပြဖို့ မရည်ရွယ်လိုက်ခဲ့ပေ။ ဝါဂွမ်းတွေကို အပြင်ထုတ်ပြီး အခြောက်ခံပြီးနောက် သူမ အိမ်ထဲသို့လိုက်ကာ ပန်းကန်လုံးအနည်းငယ်ကိုထုတ်လိုက်ပြီး ရေနဲ့ဆေးလိုက်ကာ စားပွဲပေါ်တင်လိုက်ခဲ့တယ်။


ဆူဇန်နာ မရောက်လိုက်သေးခင် သစ်မှိုအချို့၊ ပြောင်းဖူးနဲ့ မုန်လာဥနီအချို့ကို သူမနေရာလွတ်ထဲက ထုတ်ယူပြီး အဲဒီနောက် ရေဆေးပြီး လှီးလိုက်ခဲ့တယ်။


ရမ်က ဒီနေရာမှာ မရှိတော့ သူမကိုယ်တိုင် မနက်စာချက်စားဖို့ စီစဉ်လိုက်တာဖြစ်တယ်။ တကယ်လို့အောင်မြင်သွားခဲ့ရင် သူမ ဒီနေရာက မီးဖိုချောင်ကို သုံးပြီးတော့ အစားအစာတွေပို ချက်ပြုတ်ဖို့ လေ့လာလို့ရတာပဲမလား။


ဆူဇန်နာ ကိုကြည့်ရတာ သူမချက်ပြုတ်တာကို စိတ်ဝင်စားနေတဲ့ပုံပင်။ ကျီရှောင်အုံး မီးဖိုရှေ့တွင် အိုးတွေနဲ့ အလုပ်ရှုပ်စွာ မတ်တပ်ရပ်နေချိန်မှာတော့ သူမကို သေချာလာကြည့်လိုက်ပြီး မကြာမကြာဆိုသလို မေးခွန်းတွေ လာထုတ်လိုက်ခဲ့တယ်။


သူမတို့နှစ်ယောက်သား တစ်ယောက်စကား တစ်ယောက်နားမလည်နိုင်ပေမဲ့ ရံဖန်ရံခါ အနည်းငယ်လေး အဆီအငေါ်မတည့်တဲ့စာကြောင်းတွေကို တစ်ကြောင်း နှစ်ကြောင်း ဖလှယ်လိုက်ခဲ့တယ်။


ခဏလောက်ကြာတော့ ကျီရှောင်အုံး ကောင်းကောင်းပြီးမြောက်ခဲ့ပြီး သူမ ဟင်းနှစ်ပန်းကန်လုံး ထည့်လိုက်ကာ ဆူဇန်နာ ရှေ့ကို တစ်လုံး ချပေးလိုက်ခဲ့တယ်။


"နင် စမ်းစားကြည့်ချင်လား" ကျီရှောင်အုံး အစာစားတဲ့ ဟန်အမူအရာတစ်ခု လုပ်လိုက်ခဲ့တယ်။


ဆူဇန်နာက သူမရှေ့က ရောင်စုံဟင်းရည်ကို ကြည့်ပြီး ရေရွတ်လိုက်တယ် "နင်တို့တွေက ဒါတွေချည်း နေ့တိုင်း စားနေတာလား........."


- ....ဒါကြီးက စားလို့ရမဲ့ ပုံလည်းမပေါ်ဘူး။


ဒီလိုပြောလိုက်လည်း အနည်းငယ်လေး မြည်းကြည့်လိုက်ဆဲပင်ဖြစ်တယ်။


မမျှော်လင့်ဘဲ အရသာက သူမထင်ထားတာထက် အနည်းငယ် ပိုကောင်းနေခဲ့တယ်။


ကံမကောင်းစွာပဲ ဟင်းက အရမ်းကို အသက်လွတ်နေခဲ့တယ်။ ဆူဇန်နာက သောက်လိုက်ကာ နည်းနည်းကိုက်စားလိုက်ပြီး သူမပါးစပ် တွန့်ကွေးသွားခဲ့တယ် ။


သို့သော်လည်း ဒဏ်ရာပြန်ကောင်းဖို့ အချိန်ယူနေရဆဲဖြစ်တဲ့ ကျီရှောင်အုံး အတွက်ကတော့ ကွက်တိဖြစ်နေခဲ့တယ်။ အသား အများကြီးစားတာ ဒါမှမဟုတ် အသားဟင်းတွေက သူမ စားဖို့ မသင့်တော့ပေ။


အဲဒီနောက်ပိုင်းမှာတော့ ဆူဇန်နာ မကြာခဏဆိုသလို ရမ့်အိမ်ကိုလာပြီးတော့ ကျီရှောင်အုံးနဲ့ အဖော်ပြုပေးလိုက်ခဲတယ် ။


တခါတရံ သူမက ကျီရှောင်အုံး ချက်ပြုတ်တာကို ကြည့်ပြီး တခါတလေကျ ဝါဂွမ်းတွေ ကျစ်တာကို ကြည့်ပြီး တစ်ခါ​​တလေ ကျီရှောင်အုံးအား ကျားသစ်ဘာသာစကား အခြေခံတွေကို သင်ပေးလိုက်ခဲ့တယ် . .


သုံးရက်ကြာပြီးနောက်မှာတော့ ကျီရှောင်အုံးတစ်ယောက် ကျားသစ်ဘာသာရဲ့ စကားလုံးအချို့ကို နားလည်လာပြီဖြစ်တယ်။ ဒါပေမယ့် သူမ သူမ ပြောဖို့ကျင့်သားမရသေးတဲ့ အရာဝတ္တုတချို့ကို တော့ မပြောနိုင်သေးပေ။


ညနေပိုင်းတွင် ဘတ်ဟမ်က ကျီရှောင်အုံး ချုပ်ရိုးတွေ ဖြေဖို့ တစ်ဖက်ရွာမှ ရောက်လာခဲ့တယ်။


ဒီနေရာမှာက ထုံဆေးမရှိတာမို့ ကျီရှောင်အုံးဗိုက်တွင် ချုပ်ထားတဲ့ ချုပ်ရိုးတွေကို ဆွဲထုတ်လိုက်တဲ့အခါတွင် သူမ မျက်လုံးတွေ နာကျင်မှုကြောင့် တင်းတင်းပိတ်ကာ သူမနှုတ်ခမ်းသားကို တိတ်တဆိတ်ပဲ ကိုက်လိုက်ခဲ့တယ်။


နောက်ဆုံး ထုတ်ယူပြီးတဲ့ နောက်မှာတော့ ဘတ်ဟမ် က ပြောလိုက်တယ် "ဒဏ်ရာရဲ့ အနာကျက်နှုန်းကို သတိချပ်ပြီးစောင့်ကြည့်ထားဦး။ အနာကို ရေနဲ့ထိလို့မရဘူး ရေလည်း မစိုစေနဲ့။ ပြင်းပြင်းထန်ထန် လှုပ်ရှားလို့မရဘူး။ ငါ ဆယ်ရက်အတွင်း ပြန်လာခဲ့မယ် ။ပုံမှန်မဟုတ်တဲ့အရာတွေ မဖြစ်ဘူးဆိုရင်တော့ ဘာကြီးကြီးမားမားပြဿနာမှ ရှိမှာမဟုတ်ပါဘူး"


ကျီရှောင်အုံး က ခေါင်းညိတ်လိုက်ပြီး သူမ မျက်လုံးကို ဖွင့်လိုက်တယ်။ သူမနှုတ်ခမ်းသားပေါ်တွင် ပန်းသွေးရောင် ကိုက်ရာတစ်ခု ရှိနေခဲ့လိုက်တယ်။ "ဒါဆို ကျွန်မ လမ်းလျှောက်လို့ရလား"


"နောက်ထပ် တစ်ရက် နှစ်ရက်လောက် အနားယူတာက အကောင်းဆုံးပဲ" သူ ပြောလိုက်တယ်။ "အဲဒီလောက်ဆို လမ်းတွေက အန္တရာယ်မရှိဘူးဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"


ကျီရှောင်အုံး ဘတ်ဟမ်ကို ကျေးဇူးတင်ကြောင်း အလျင်အမြန် ပြောလိုက်ခဲ့တယ်။


ဘတ်ဟမ်က ပွင့်ပွင့်လင်းလင်းပင် လက်ရမ်းပြလိုက်ကာ "အထင်မလွဲလိုက်နဲ့ဦး။ ငါက ရမ် ပြန်လာပြီး ငါတို့ရဲ့ ဆောင်းတွင်းအစားအစာတွေ ယူလာဖို့ စောင့်နေတုန်းပဲ။ အဲဒါကြောင့်သာ မဟုတ်ရင် ငါ မင်းအတွက် ငါ ဒီလောက်စိတ်နှစ်ပြီး ကုပေးမှာမဟုတ်ဘူး။"


ကျီရှောင်အုံး က သူမ နှုတ်ခမ်းသားကို တင်းတင်းဖိကိုက်လိုက်ပြီး နောက်ထပ်စကား ထပ်မပြောတော့ပေ။


*


ရာမို့စ် တောင်ကြားတွင်ဖြစ်၏။


နံနက်ခင်းက လင်းရောင်ခြည်များဖြင့် ပျောက်တိပျောက်ကြား ကျရောက်နေပြီး တောင်တန်းများက စိမ်းလန်းစိုပြေနေခဲ့တယ်။ နေရောင်ခြည်က သစ်ရွက်များကို ထွင်းဖောက်သွန်းလောင်း၍‌ မြေပြင်ပေါ်တွင် ရုပ်စုံမှန်ပြောင်းအသွင် ဖျန်းပက်လျက်ရှိနေ၏။


ရုတ်တရက်ဆိုသလိုပဲ ကွဲပြားတဲ့အစင်းကျားများနဲ့ ကိုယ်ခန္တာအရွယ်အစားအမျိုးမျိုးရှိတဲ့ ကျားသစ်တော်တော်များများက ဟုန်းခနဲ တိုးထွက်လာကြကာ အခြားတစ်ဖက်ကို မျက်နှာမူနေတဲ့ တောဝက်အုပ်စုဆီ ကဆုန်ပေါက် ပြေးဝင်သွားကြတော့သည်။


သားကောင်များက ထိတ်လန့်သွားကြပြီး မာန်ဖီကာ ထွက်ပြေးကြတော့တယ်။


ဒါပေမဲ့ ကျားသစ်တွေက သူတို့ရဲ့ သားကောင်ကို အမှတ်အသားပြုလိုက်ခဲ့တယ်။ ချွန်ထက်သော သွားများနှင့် လက်သည်းတွေနဲ့အတူ တစ်ကောင်ပြီး တစ်ကောင် အစဉ်လိုက် ပုံဖော်ကာ တိုက်ခိုက်ခဲ့လိုက်တယ်။


တောဝက်ထဲမှ ဝက်ထီးတစ်ကောင်က ထူးထူးခြားခြား ခက်ထန်နေခဲ့တယ်။ သူက ဒီဝက်အုပ်စုရဲ့ခေါင်းဆောင်ဖြစ်ပုံရပြီး သူ့ အစွယ်တွေက ကောက်ကာ မျက်လုံးတွေက ရက်စက်ပုံပေါက်နေခဲ့တယ်။ ထိုဝက်က အားလုံးအား သူ့နောက်တွင်ထား၍ နီးနီးကပ်ကပ် စောင့်ကြပ်ပေးနေခဲ့တယ် ။


ကျားသစ်တစ်ကောင် ရှေ့ကို တက်လာသည်နှင့် ထိုဝက်က အသေတိုက်ဖို့ အသင့်ပြင်လိုက်ခဲ့ပြီး သူ့ကိုယ်ပိုင်ဒဏ်ရာအား လုံးလုံး ထည့်မစဉ်းစားဘဲ ပြိုင်ဘက်အား အနိုင်ယူဖို့ ရှေ့သို့သာ တဟုန်ထိုး တိုက်ခိုက်လိုက်ခဲ့တယ်။


ကျားသစ်တစ်ချို့တောင် သူ့အား အနိုင်မတိုက်နိုင်ခဲ့ပေ။


တောဝက်ထီး သူ့အစွယ်များကို ဝေ့ရမ်းလိုက်ကာ ကျားသစ်တစ်ကောင်အောက်ဆီ ပစ်ဝင်လိုက်ပြီး အသားတွေအား ထိုးဖောက်လိုက်ခဲ့တယ်။ မီးခိုးရောင်နှင့် အနက်ရောင်ပျောက်ကျားကွက် ကျားသစ်တစ်ကောက် ရုတ်ခြည်းပင် အပေါ်မှ ခုန်ဆင်းကာ တောဝက်ထီး၏လည်မျိုအား သွားဖြင့် ကိုက်ဖြတ်ပစ်လိုက်၏။ ဝက်၏ရင်ဘတ်မှ အသက်ရှုကျပ်လာပြီး ကျားသစ်၏ခြေသည်းများက သူ့နှလုံးထဲသို့ စိုက်ဝင်လိုက်ခဲ့တယ်—


တောဝက်ထီးက နောက်ဆုံးထွက်သက်ကို ရှူထုတ်ရင်း သေဆုံးသွားခဲ့တော့တယ်။


. . .


. . . . . .


ကျားသစ်အချို့က သူတို့၏လူ့ပုံစံသို့ အသွင်ပြောင်းလိုက်ကြကာ ဝက်ထီးကို ခြံရံလျက် ကျောက်တုံးပုံကြီးတစ်ခု ပေါ်တွင် ထိုင်လိုက်ခဲ့တယ်။


"ဝင်းတား မင်း တော်တော်အသုံးမကျတဲ့ကောင်ပဲ။ ဝက်ထီးတစ်ကောင် တိုက်ခိုက်ခံရတယ်.. တကယ့်ကို ကျားသစ်မျိုးနွယ် မျက်နှာပျက်စေလိုက်တာပဲ!" တစ်ယောက်က ပြောလိုက်တယ်။


ဝင်းတား က သူ့ကိုယ်သူ ခုခံဖို့ ကြိုးပမ်းလိုက်တယ် "ငါ့ကို လာမစွပ်စွဲနဲ့။ ခေါင်းဆောင်ကြောင့်သာ မဟုတ်ရင် ငါ ပြန်တိုက်ဖို့ အဆင်သင့်ပြင်ပြီးသား..."


သူ့စကားက တစ်ဝက်တစ်ပျက်နဲ့တင် ပျက်ကျသွားလိုက်ပြီး စိတ်အေးလက်အေး ထိုင်နေတဲ့ ရမ့်ကို လှမ်းကြည့်လိုက်တယ်။


ရမ်၏ ခြေထောက်သည် အနည်းငယ်ကွေးလိုက်ကာ သူ့ တံတောင်ဆစ်အား သူ့ဒူးခေါင်းပေါ်တင်ကာ "ဟမ့် ဒါဆိုလဲ နောက်တစ်ခါကျ မင်း ပြန်တိုက်ဖို့ ငါ အခွင့်အရေး ပေးလိုက်ပါ့မယ်"


ဝင်းတားက ရှက်သွားပြီး ဘာမှမပြောလိုက်တော့ပေ။


"ခေါင်းဆောင် ဒီကောင်တွေအပြင် ငါတို့ မိန်းမပျိုတော်တော်များများကို ဖမ်းမိထားတယ်။ အဲဒါတွေကို ရော မျိုးနွယ်စုထဲကို ပြန်ယူဖို့ လိုဦးမှာလား" ဒိုးလ် က မေးလိုက်တယ်။


ဒီတစ်ခါ သူလည်း အမဲလိုက်ဖို့ စီစဉ်ခဲ့တယ်။


ရမ်က ခေါင်းမော့ပြီး "မင်းက ဘာပြန်သယ်သွားချင်လို့လဲ"


ဒိုး က အမှုထမ်းတစ်ယောက်လို လုပ်ငန်းလုပ်တဲ့သူ လေသံဖြင့် ပြောလိုက်၏ "မျိုးနွယ်စုမှာ မိန်းမပျိုတွေ နည်းသထက် နည်းလာပြီ။ လူတွေအတွက် သူတို့ရဲ့ပိုလျှံနေတဲ့ စွမ်းအားတွေ ထွက်ပေါက်ပေးဖို့ ဒါတွေကို ပြန်သယ်သွားရမှာပဲမလား" 


ရမ်က ရုတ်တရက် ထရယ်လိုက်ပြီး သူ့အသံကို နှိမ့်ကာ "အနာဂတ်မျိုးဆက်တွေကို မဲမဲတူးတူးနဲ့ အရုပ်ဆိုးတဲ့ အသီးအရွက်စားမျိုးစိတ်တွေဖြစ်လာမှာကို မင်းစိတ်မရှိဘူးဆိုရင်တော့ ငါ စောဒကတက်စရာ မရှိပါဘူး"


ဒိုး : "... "


ကျားသစ်တွေက တသောသော ရယ်မောလိုက်ကြပြီး နောက်တစ်ယောက်က ထပြောလိုက်၏ "ဒါတွေက ငါ့အာသီသကိုတောင် အော်ကလီဆန်အောင် လုပ်နေတဲ့ဟာတွေ။ မိန်းမပျိုတွေဆိုတာက နူးညံ့ပြီး အိစက်ချောမွေ့နေရမှာကွ၊ အသေချာကိုပဲ ခေါင်းဆောင် ခေါ်လာတဲ့တစ်ယောက်လိုမျိုးပေါ့ကွ။ နူးညံ့ကျိုးပဲ့လွယ်ပြီး ဖြူစင်တယ်၊ သူ့ရဲ့ လူသားမျက်နှာလေးက အရမ်းကောင်းတယ်။ နည်းနည်းပိန်ပေမဲ့လည်း အဲဒီလိုမျိုးအရာတွေလောက်ကတော့ မျက်နှာလေးနဲ့တင် လျစ်လျူရှူလိုက်လို့ရတယ်လေ........."


ကျားသစ်'မိန်းမပျို'တွေက မျှဝေပြီး ယူကြရတာကြောင့်မို့ ဒီလို ခေါင်းစဉ်အကြောင်းအရာမျိုးက တားမြစ်စရာတော့ မဟုတ်ခဲ့။


"ပြီးတော သူ့ အသံလေးကလည်း နူးညံ့နေတာပဲကွာ။ အိပ်ရာထဲမှာ ရောက်လို့ကတော့ ငါ လောင်းရဲတယ်ကွာ နားထောင်လို့ကောင်းနေမယ်ဆိုတာ........"


"ခရက်" ရမ် ၏လက်မှ အသံထွက်ရှိလာလိုက်ပြီး သစ်ကိုင်းသည် အပိုင်းပိုင်း အစအစ ကျိုးသွား၏။


ရမ်၏မျက်လုံးပြာများက ကျဉ်းမြောင်းသွားပြီး ထိုစကားကို ပြောလိုက်တဲ့ ကျားသစ်အား သူ ဖြည်းညှင်းစွာ ကြည့်လိုက်သည်။


"ထပ်ပြောကြည့်လိုက်စမ်း"


End Chapter