Chapter 33
Viewers 9k

 


 အပိုင်း(၃၃)



ရမ်၏ အသံက အေးစက်ပြီး သီးသန့်ဆန်နေခဲ့တယ်၊ အဲဒီနောက် ည၏တိတ်ဆိတ်ငြိမ်သက်ခြင်းလို မည်းမှောင်ကျပြီး အရိုးခိုက်အောင် စူးရှတဲ့ အေးစက်တဲ့ လေပြေထက်ကိုကျော်လွန်၍ အပြုံးတစ်ပွင့် ဖြစ်တည်လိုက်ခဲ့တယ်။


ခေါရီ က ယဲ့ယဲ့လေး ရှက်ကိုးရှက်ကန်းဖြစ်သွားလိုက်ပြီး " ငါ ပြောတာ မှားတယ်လို့တော့ မပြောဘူးမလား၊ မိန်းမပျိုက အိပ်ရာထဲမှာဆို ကျေနပ်..."


ရမ်က ထခုန် လိုက်ပြီး ခေါရီအား မြေပြင်ပေါ်သို့ လှဲသိပ်လိုက်ကာ သူ့မျက်နှာဘေးရှိ မြေကြီးကို လက်သီးနဲ့ထိုးဖောက်ရန် သူ့လက်ကို မြှောက်လိုက်ခဲ့တယ်......


"သူနဲ့ပတ်သတ်လို့ ဘာအတွေးမှ လာ မရောက်နဲ့" ရမ် က စကားလုံး တစ်လုံးချင်းစီကို တစ်လုံးပြီးတစ်လုံး ပြောကာ ဟိန်းဟောက်လိုက်ခဲ့တယ်။


သူ့ဗိုက်အောက်ကို ဖိထားသော ခြေသည်းများသည် အားကောင်းကာ ချွန်ထက်နေခဲ့တယ်၊ အဲဒီလက်သည်းက အခုလေးတင် တောဝက်ထီး၏ ရင်ဘတ်ကို အပေါက်ဖောက်လိုက်တဲ့လက်မှန်း ခေါရီ သတိရသွားလိုက်တယ်။ သူ့ အာဒန်ပန်းသီးက ဒေါသတကြီးနဲ့ လိမ့်တက်သွားလိုက်ပြီး ထောင်း ခနဲ ပေါက်ကွဲထွက်သွားလိုက်တယ် "ခေါင်းဆောင် ဒီအတွေးက ငါတစ်ယောက်တည်း တွေးတာ မဟုတ်ဘူး! ဝင်းတားနဲ့ ဒိုး တို့လည်း မင်းရဲ့ ကောင်မလေးကို အရမ်းစိတ်ဝင်စားနေကြတာ.......။"


ဒီအပြင် ဒါက ကောင်မလေး တစ်ယောက်ပဲလေ။ ဘာလို့ သူ ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေရတာလဲ။'


ဝင်းတား က ရုတ်တရက် ခုန်ထွက်လာပြီး "ငါ အဲလို မပြောခဲ့ပါဘူး!"


အဲဒီ ရမ် က အဲဒီကောင်မလေးကို သူ့မျက်စိအောက်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး မိန်းမပျိုလေးက ပထမနေရာမှာရှိတဲ့ ကျားသစ်တစ်ကောင် မဟုတ်ခဲ့ပေ။


ကျားသစ်မျိုးနွယ်စုက မိန်းမပျိုတွေကို စိတ်တိုင်းကျ မျှဝေခံစားနိုင်ပေမဲ့ အခြား မျိုးနွယ်စုတွေကတော့ သေချာပေါက် အဲဒီလိုမျိုး မလုပ်ဆောင်ကြပေ။ ဘော်နီးယားကုန်းမြေ တိုက်ကြီးပေါ်မှာတော့ မိန်းမပျိုတစ်ယောက်နဲ့ "မိတ်လိုက်ဖော်" လို့ များသောအားဖြင့် ခေါ်ကြတဲ့ အမျိုးသားတစ်ဦးနှင့် အတူနေနေကြဖို့က ပိုတွေ့နေကျဖြစ်တယ်။


ခေါင်းဆောင်က ဒီမိန်းမပျိုလေး ကို ဘယ်အချိန်ထိ ဆက်ထိန်းသိမ်းထားချင်နေတာလဲ။ သူက ခေါရီ လောက်တောင် မတွေးတတ်တော့ဘူးလား....... ။


ခေါရီက သူ့ခေါင်းကို ဘေးသို့ လွှဲပြီး အထင်သေးစွာဖြင့် ထွီခနဲ တံတွေးထွေးကာ သူ့အား ရက်စက်စွာ ထုတ်ဖော်လိုက်၏ "ရိုးဒ် ကောင်မလေးကို ခေါ်သွားတုန်းက မင်းလည်း အဲမှာရှိတယ်လေ၊ ကောင်မလေးရဲ့အသံ ကောင်းတယ်လို့တောင် ပြောနေသေးတယ် သူ့ကို နို့မစင်တဲ့ ကြောင်လေးတစ်ကောင်လို့ ခေါ်တောင် ခေါ်လိုက်သေးတာများ..."


ဝင်းတားက သောကရောက်စွာနဲ့ "ငါ.....ငါ က ဒီအတိုင်းပဲ ပြောလိုက်တာကွ! မင်းလောက်တော့ ငါ မတွေးဘူး" ပြီးတော့လည်း ကောင်မလေးရဲ့ အသံက တကယ်အရမ်းကောင်းတာပဲကို။


ခေါရီ က လှောင်ရယ်လိုက်တယ် - "လုပ်စမ်းပါ မင်းအဲဒီတုန်းက မတုံ့ပြန်ဘူးလို့ မင်းပြောရဲလား........"


သူစကားပြောနေရင်းနဲ့ ဝင်းတား၏ ကိုယ်အောက်ပိုင်းကို ကြည့်လိုက်ခဲ့တယ်။


ဝင်းတား က ရှက်လွန်းသဖြင့် ရမ့်ဆီ သတိထားပြီး လှမ်းကြည့်လိုက်၏။ ခေါင်းဆောင်၏ ဘေးတစ်စောင်းမျက်နှာက သစ်ပင်ရိပ်တွင် ကွယ်နေတာကို သူ မြင်လိုက်ရပြီး သူ့မျက်နှာအမူအရာက မဲနေပြီး မသေချာမရေရာ ဖြစ်နေခဲ့တယ်။


ဝင်းတားက တံတွေးမျိုချလိုက်ကာ "ငါ ..."


နောက်အခိုက်အတန့်တွင်တော့ ရမ် က ဖြေလွှတ်လိုက်ပြီး ခေါရီ အား မြေကြီးပေါ်ကနေ ထခွင့်ပြုလိုက်တယ်။


ဝင်းတား ချက်ချင်းပင် သူ့ပါးစပ်ကို ပိတ်ချလိုက်ရတယ်။


ရမ်က သူတို့အားလုံးကို လွှမ်းခြုံ ကြည့်လိုက်ခဲ့တယ်။ "သူက မင်းတို့တွေ မျှဝေနိုင်တဲ့ မိန်းမပျို မဟုတ်ဘူး" သူ့မျက်လုံးတွေထဲ ရေခဲဓားသွားတစ်ချောင်းနဲ့အတူ သူ ပြောလိုက်၏ " တွေးရဲတဲ့ ဘယ်သူမဆို မျိုးနွယ်စုကနေ ထွက်သွားရလိမ့်မယ်။ ချက်ချင်းပဲ။"


ဝင်းတား နှင့် ခေါရီ တို့သာ ကြက်သေ သေသွားရုံသာမကပဲ ကျန်ရှိတဲ့ ကျားသစ်တွေ အားလုံးပင်ဖြစ်၏။


ကျားသစ်တွေက တစ်ကိုယ်တည်းနေတတ်ကြတဲ့ တိရစ္ဆာန်တွေဖြစ်ပေမဲ့လည်း မျိုးနွယ်စုကတော့ သူတို့တတွေအတွက် ခွဲထွက်၍မရသော နေထိုင်မှုအခြေအနေအဖြစ် ရှိနေဆဲပင်။


မျိုးနွယ်စုမှ ထွက်သွားရခြင်းဆိုတဲ့ အဓိပ္ပာယ်က အခြားရန်လိုသော မျိုးနွယ်များ၏ ဝိုင်းရံခံရကာ ဒဏ်ရာရခြင်း ဒါမှမဟုတ်လည်း အသတ်ခံရမယ်လို့ ဆိုလိုတာပင်။


တကယ့်ကိုပဲ ရမ် က မိန်းမပျိုတစ်ယောက်အတွက်နဲ့လေ...... . . အတိတ်တုန်းကတော့ သူတို့ရဲ့ မိန်းမပျိုတွေကို သီးသန့်ထားချင်တဲ့ ယောက်ျားပျို အနည်းငယ်ရှိခဲ့ပေမဲ့ သူတို့တွေက တခြားသူတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ဘဲ နောက်ဆုံးမှာတော့ အပေးအယူလုပ်ပြီးတော့ မျိုးနွယ်စုကနေ ထွက်ခွာသွားကြတာပဲဖြစ်တယ်။


အကယ်၍ တစ်ဖက်လူက ရမ် ဆိုရင်တော့ ဒါက ပြောဖို့ မလွယ်တော့ပေ။


ဒိုး က ရမ့် ကိုကြည့်ကာ ငြိမ်သက်စွာ တွေးတောလိုက်ခဲ့တယ်။


ရမ် က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြောလိုက်တယ်။ "အနားယူကြတော့" 


ဝင်းတား က သူ့ကိုယ်တိုင် မြေပြင်ပေါ် ဖုတ်ခနဲ ထိုင်ချလိုက်ပြီး ရမ့် စကားအတိုင်း လိုက်ပါလိုက်ခဲ့တယ် "ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ခေါင်းဆောင်"


ကျားသစ်အုပ်စုက ဝက်များကို ခွဲထုတ်ပြီးနောက် ရာမို့စ် ချိုင့်ဝှမ်းနက်ထဲသို့ ဆက်ဝင်သွားကြတော့တယ်။


ရာမို့စ်တောင်ကြားက ကမူဒါတောင်ကြား နှင့် အလွန်ပင် ကွာခြားလှတယ်။ ဒီနေရာက မြေမျက်နှာသွင်ပြင်က ပြန့်ပြူးပြီး စိမ်းလန်းစိုပြေနေပြီး အပင်စားမျိုးစိတ်များ အများစုအခြေချနေထိုင်ကြတာပဲဖြစ်တယ်။


သို့ပေမဲ့လည်း ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင်တော့ အစွယ်ကွေး ကျားတွေ၏အိမ်ပင် ဖြစ်၏။


ရမ် နှင့်သူ့မျိုးနွယ်စုက ဒီချိုင့်ဝှမ်းတွင် သုံးရက်ကြာ နေထိုင်ခဲ့ပြီး သားကောင်များစွာကို ဖမ်းမိခဲ့သည်။


သေချာတာပေါ့ ဒါက အစွယ်ကွေးကျား‌တွေရဲ့ အစာကို လုယက်ခဲ့တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။


ရမ်က သူတို့ရဲ့သားကောင်တွေကို စစ်တမ်းကောက်လိုက်ပြီးနောက် ဘတ်ဟမ်ရဲ့ မျိုးနွယ်အတွက် သူ ပေးဖို့ လိုအပ်တဲ့ အစားအစာတွေကို ဖယ်ထုတ်လိုက်ပြီး ကျန်တာတွေအား မိန်းမပျိုတွေအတွက် ဆောင်းရာသီမှာ အသက်ရှင်သန်ဖို့ ချန်ထားခဲ့လိုက်တယ်။ ဘာမတော်တဆမှုမှ မရှိရင်တော့ သူ ဒီညပဲ အပြန်ခရီးကို ဆက်နိုင်ပြီဖြစ်၏။


-- အကျိုးရောက်မှုကတော့ မနှစ်ကထက် နှစ်ဆ ပိုများနေခဲ့တယ်။


ရမ် သူ့သွားများကို သပ်လိုက်ပြီး အိမ်မှာရှိတဲ့ ရှက်သွေးဖြာတဲ့ မိန်းမပျိုလေးအား သူ့အလိုလို သတိရသွားလိုက်တယ်။


ဆူဇန်နာ နဲ့ သူ ဘယ်လိုများ ရှိနေပါ့မလဲ သူ သိချင်သွားလိုက်တယ်။


'သူမ ကျားသစ်ဘာသာစကားကို သင်လိုက်ပြီလား။'


သူ့ဒဏ်ရာတွေ ဘယ်လောက်တောင် ကောင်းကောင်းသက်သာသွားပြီများလဲ။ ဘတ်ဟမ် ကရော သူမ ချုပ်ရိုးတွေကို ဖယ်ပြီးသွားပြီလား။


ပြီးခဲ့တဲ့အခေါက်တုန်းက သူမနောက်ခံကို သူ ဖော်ထုတ်ခဲ့လိုက်တုန်းက သူမမျက်နှာပေါ်မှာ "အိမ်ပြန်ချင်တယ်" လို့ဖော်ပြတဲ့ အမူအရာက ထပ်ရှိနေပြန်တယ်။


ဆူဇန်နာ က သူမလေးကို ကောင်းကောင်းမွန်မွန်မှ ကြည့်နေပါ့မလား။ ကမူဒါတောင်ကြားက တောရိုင်းကောင်တွေနဲ့ ကြမ်းတမ်းသောမြေမျက်နှာသွင်ပြင်များဖြင့် ဝန်းရံထားတာမို့ သူမ တစ်ယောက်တည်း ထွက်သွားလိုက်လို့ရှိရင် အရမ်းအန္တရာယ်များလွန်းမှာပဲ။


ပြီးတော့လည်း သူမက "မဖြေရှင်းနိုင်တဲ့ဆန်းဆန်းပြားပြား" အရာတွေအများကြီး ကိုင်ဆောင်နေတုန်းပင်။


ရမ်က သူ့ သားရဲပုံစံသို့ အသွင်ပြောင်းလိုက်ပြီးတော့ ပျော့ပျောင်းပြီး ကြံ့ခိုင်သောခန္ဓာကိုယ်က အရေခွံဆုတ်ခွာထားတဲ့ အပင်စားမျိုးစိတ် သားကောင်အ‌လောင်းတွေကို ကျော်ဖြတ်လိုက်ခဲ့တယ်။


"ခေါင်းဆောင်!" ခပ်လှမ်းလှမ်းရှိ အဝါရောင်နှင့် အနက်ရောင် ကျားသစ်တစ်ကောင်က ရမ့် ရှေ့တွင် ရပ်လိုက်ကာ သူ့ပါးစပ်ကိုဖွင့်ပြီး "ဝင်းတား ကျားအကြီးအကဲ ခေါ်သွားတာခံလိုက်ရတယ်"


ရိုင်ယန်၏အကြည့်က ပြောင်းလဲသွားလိုက်ကာ "ဘာပြောတယ်"


"သူ ငါနဲ့ အတူ တောင်နောက်မှာ အမဲအတူလိုက်ဖို့ သွားနေတာ။ ကျားတွေကပြောတယ် သူတို့ အစာကို ငါတို့ လာလုတာမို့ သားကောင်တွေကို ပြန်မပေးရင် သူတို့ ဝင်းတား ကို အရေခွံချွတ်ပစ်မယ်တဲ့!"


"ဒါက စိတ်ဝင်စားစရာတစ်ခုလို့ ငါ ထင်တယ်" လို့ ခေါရီ က သူတို့ဆီ ဖြတ်လာလိုက်ရင်း ပြောလိုက်တယ်။ "ပြီးခဲ့တဲ့အခေါက်တုန်းက ခေါင်းဆောင်က သူ့အသက်ကို ကယ်ပေးလိုက်တုန်းက သူ့ဘာသာသူ ဖြေရှင်းနိုင်တယ်လို့ ပြောခဲ့တယ်မလား။ သူ့ကိုယ်သူ ဖော်ပြဖို့ အခွင့်အရေးကောင်း မရလိုက်ရှာဘူးမလား၊ ဒီတစ်ခါတော့ သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ လွတ်မြောက်ဖို့ စဉ်းစားစမ်းပါစေ။ သားကောင်တွေ က ကြိုးစားပမ်းစားဖမ်းထားရတာ ၊ ငါတို့ သားကောင်တွေကို ကျားတွေဆီ ဘယ်လိုလုပ် လွယ်လွယ် စွန့်လွှတ်‌ပေးရမှာလဲ"


သတင်းပို့သမားက တိတ်တိတ်ဆိတ်ဆိတ် တွေး‌တောနေပေမယ့်လည်း သူဝင်ပြောလိုက်၏။ "ဒါပေမဲ့... . ဝင်းတား ကတော့ ထားလိုက်ပါတော့ အစွယ်ကွေးကျားတွေက ငါတို့မျိုးနွယ်ထဲက မိန်းမပျိုတွေကို သိမ်းပိုက်ထားပုံရတယ်။ ငါတို့မှာ အမြဲတမ်း မိန်းမပျိုတွေ နည်းနည်းလေးပဲ ရှိတာ.......ပြီးတော့ ငါ ခုနက ကြည့်လိုက်ခဲ့ရတယ်။ တစ်ဒါဇင်လောက်တော့ ရှိလောက်မယ် အများစုက အရွယ်ရောက်ပြီးတဲ့ မိန်းမပျိုတွေကြီးပဲ။"


ခေါရီ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး "ငါတို့မိန်းမပျိုတွေက ကျားမျိုးနွယ်ထဲမှာ ဘယ်လိုလုပ် ရောက်သွားတာလဲ။"


"ငါ လည်း မသိဘူး" ကျားသစ်က သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်တယ်။ သူတို့သာ မိန်းမပျိုတွေကို ကယ်တင်နိုင်ရင် ဝက်တွေနဲ့ မိတ်လိုက်ရတာနဲ့စာရင်တော့ အများကြီး ပိုကောင်းတာပဲမလား။


သိသာစွာပင် ခေါရီ နဲ့ တခြားသူတွေလည်း ထိုကဲသို့ တွေးတောလိုက်ကြ၏။


"ခေါင်းဆောင် ငါတို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ" သူတို့က ရမ့်ကို မေးလိုက်ကြတယ်။


ရမ် သူ့ခန္ဓာကိုယ်ကို မတ်လိုက်ပြီး အစွယ်ကွေး ကျားရဲတွင်းဆီသို့ လှမ်း‌မျှော် ကြည့်ကာ "တစ်ချက် သွားကြည့်ရအောင်"


ရမ် က ကျားသစ်သားရဲလူ ခုနစ်ယောက် ရှစ်ယောက်အား သားကောင်‌တွေကို စောင့်ကြည့်ရန် အမိန့်ပေးလိုက်ခဲ့ပြီး ကျန်လူတွေအား သူ့နောက်မှလိုက်ပါစေ၍ ကျားတွင်းဆီသို့ လိုက်သွားကြ‌သည်။


*


ကျားသစ်အုပ်စုက မကြာမီ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သန်မာထွားကြိုင်းတဲ့ ပုံရိပ်များက တောအုပ်ထဲတွင် ရွေ့လျားသွားကာ မကြာမီပင် သဲလွန်စ တစ်စွန်းတစ်စမကျန်အောင် ပျောက်ကွယ်သွားကြ‌တော့၏။


*


ကမူဒါ တောင်ကြား၊ ကျားသစ်မျိုးနွယ်စု။


သူမနဲ့ သုံးလေးရက်‌လောက် ပြောဆိုဆက်ဆံလိုက်ပြီးနောက် ကျီရှောင်အုံး တစ်ယောက် နောက်ဆုံးတွင် ဆူဇန်နာ နှင့် အနည်းငယ် ပြောလို့ဆိုလို့ ရသွားခဲ့တယ်။


ကျီရှောင်အုံးရဲ့ချုပ်ရိုးက ဖြည်ပြီးသွားခဲ့တယ်၊ အဆီများသော အစားအစာတွေကိုတော့ သူမ မစားနိုင်သေး‌ပေ။ သူမ နေ့တိုင်း အရည်ဟင်းတစ်ခွက် ကြိုးစားချက်ခဲ့တယ် သို့ပေမဲ့လည်း သူမနေရာလွတ်ထဲမှာရှိတဲ့ ပါဝင်ပစ္စည်းများမှာ အကန့်အသတ်ရှိပြီး ဆူဇန်နာ ကလည်း သူမနှင့်အတူတူ အမြဲရှိနေခဲ့တယ်။ တချို့ပါဝင်ပစ္စည်းတွေက အရင်က ဆူဇန်နာ တစ်ခါမှ မမြင်ဖူးထားတဲ့ ပစ္စည်းတွေ ဖြစ်‌ေနခဲ့တော့ သူမ သိချင်စိတ်ပြင်းပြစွာနဲ့ ပါဝင်ပစ္စည်းတွေရဲ့မူလဇစ်မြစ်အား မေးခွန်းတွေ လာထုတ်နေခဲ့ပါတယ်။


ဥပမာပြောရင် ကျီရှောင်အုံး ဆောင်းဖရဲသီးနှင့် ရေညှိဟင်းချိုတစ်ခွက် ချက်လိုက်ခဲ့တယ်။


ဆူဇန်နာက အိုးထဲက ပင်လယ်ရေမှော်ကို လက်ညှိုးထိုးပြပြီး မေးလိုက်ခဲ့ပါတယ်။ "အဲဒါက ဘာလဲ၊ သစ်ခေါက်လား။ အရင်က နင်တို့အပင်စားမျိုးစိတ်တွေ ဒီလို အစားစာမျိုး စားတာ ငါ တစ်ခါမှ မတွေ့ဖူးပါဘူး။ နင် အဲဒါကို ဘယ်မှာ ရှာတွေ့တာလဲ"


ကျီရှောင်အုံး မဖြေနိုင်ခဲ့ပေ၊ ဒီတော့ သူမ နားမလည်သည့် ဟန်ဆောင်လိုက်ရပြန်တယ်။


ကံမကောင်းစွာပဲ ဒီလို ဆက်မဖြစ်ပျက်နိုင်တော့ပေ။ ရှောင်လွှဲလို့မရတဲ့ ဆူဇန်နာ ရဲ့ သံသယတွေကို တားဆီးဖို့ ကျီရှောင်အုံးက သူမ အပြင်ထွက်ပြီး လမ်းလျှောက်လို့ရမလားလို့ သူမ‌ကို မေးဖို့ ဆုံးဖြတ်လိုက်တယ်။


ပတ်ဝန်းကျင်မှာ စားလို့ရနိုင်တဲ့ ဘာအပင်တွေရှိလဲဆိုတာကို ကြည့်ဖို့ပဲဖြစ်တယ်။ ဒါပေမဲ့ပြီး‌ေတာ့လည်း ......ဒီနေရာက မြေမျက်နှာသွင်ပြင်နဲ့ပတ်သတ်လို့ စူးစမ်းဖို့ပဲ ဖြစ်တယ်။


ကျီရှောင်အုံးနှင့် ဆူဇန်နာတို့ လက်ဟန်‌ခြေဟန် အမူအရာတစ်ချို့ထည့်ကာ အကြာကြီး စကား‌‌ပြောလိုက်ခဲ့ရတယ်၊ နောက်ဆုံးတွင်တော့ ဆူဇန်နာ သူမဆိုလိုချင်တာကို နားလည်သွားလိုက်တယ်။


"နင်က အပြင်ထွက် လမ်းလျှောက်ချင်လို့လား" ဆူဇန်နာက ခေါင်းငုံ့ထားတဲ့ ကျီရှောင်အုံးကို ကြည့်လိုက်တယ်။ ပထမကတော့ သူမက သဘောမတူလိုက်ခဲ့‌ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ကောင်းကောင်းကြည့်ထားဖို့ ရမ်က ရှင်းပြခဲ့တယ်။ အပြင်မှာက အသားစားမျိုးစိတ်တွေ ပြည့်နှက်နေတာ၊ ဒီ‌ကောင်မလေး သူက အရမ်းအားနည်းတာ။ တကယ်လို့ သူမ တိုက်ခိုက်ခံရရင် သူမ သူ့ကိုသူတောင် ကာကွယ်နိုင်စွမ်း ရှိမှ မဟုတ်လောက်ဘူးပဲ။


သို့သော် သူမ ခမျာ ဆယ်ရက်ကျော်တည်းက ကျားသစ်မျိုးနွယ်ထံ ရောက်လာပြီး တစ်နေကုန်တစ်နေခမ်း အိမ်ထဲမှာပဲ ပိတ်လှောင်ခံနေရတာ မြင်နေရတယ်၊ ပြီးတော့လည်း ရိုးဒ် ခေါ်သွားတာလည်း ခံလိုက်ရတာကလွဲလို့ သူမမှာ ခြံဝင်းတံခါးအပြင်ဘက်‌တောင် မထွက်ရ‌သေးတာပဲ။ သူမက အရမ်းတော့ ထူးဆန်းနေတယ် ဒါပေမဲ့ ဆူဇန်နာ က အင်တင်တင်ဖြင့် ထပ်ထည့်ပြောလိုက်တယ်။ " နင် သေသွားရင် ငါဂရုစိုက်မှာ မို့ဘူးနော်"


ဒီလိုနဲ့ နောက်တစ်နေ့တွင် ကျီရှောင်အုံးတစ်ယောက် ဆူဇန်နာ့ နောက်ကနေလိုက်ပါလျက် ကျားသစ်မျိုးနွယ်စု အပြင်ဘက်သို့ ထွက်သွားလိုက်ခဲ့တော့တယ်။


မျိုးနွယ်စု၏ အနောက်ဘက်တွင် မိုးထိမြင့်လုနီးပါး တောင်တန်းကြီးတစ်ခုရှိပြီး တစ်ဖက်တစ်ချက်စီတွင် အပင်မျိုးစိတ်များစွာရှိသော ကျောက်သားလမ်းရှိတယ်။


ကျီရှောင်အုံး လမ်းလျှောက်လာလိုက်ရင်း အပင်များကို လေ့လာလိုက်ပြီး လမ်းကြောင်းအား တိတ်တဆိတ် မှတ်သားလိုက်ခဲ့တယ်။


"ဒီ‌နေရာမှာ သားကောင်အများကြီးမရှိဘူး။ သာမန်သားရဲလူတွေက ဒီကိုလာမှာမဟုတ်ဘူး။ မြင်မဲ့သူ တစ်ယောက်မှ မရှိဘူး၊ ငါ နင့်ကို ခေါ်သွားပေးမယ်..." ဆူဇန်နာက ပြောလိုက်ပြီးတော့ အခြားတစ်ဖက်က လမ်းလျှောက်နေတဲ့ ကျီရှောင်အုံး ကို ကြည့်ဖို့ နောက်ပြန်ကြည့်လိုက်ခဲ့တယ်။ "ဟေး နင် ဘယ်သွားတာလဲ"


ကျီရှောင်အုံး က သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားလိုက်ကာ သူမ ခေါင်းကို နောက်သို့ ကျတဲ့အထိ မော့လိုက်ပြီး မျက်လုံးနက်နက်များက အပေါ်မှ အသီးများကို ဝင်းပစွာ စိုက်ကြည့်လိုက်တယ်။


"သံလွင်သီးတွေပဲ!" သူမက ဆူဇန်နာ ကိုပြောလိုက်တယ်။


ကံမကောင်းစွာပဲ ဆူဇန်နာ က သူမ‌ ပြောတာကို နားမလည်လိုက်ခဲ့‌ပေ။ သူမက ခြေဖျားထောက်၍ သံလွင်သီးနှစ်လုံးကို ခူးယူလိုက်တယ်။ သူမ တစ်ကိုက် ကိုက်ကြည့်လိုက်ပြီး ဝါးကြည့်လိုက်တယ်။ အရသာက ချဉ်ပြီး အနည်းငယ် စူးတယ် ။ တကယ် သံလွင်သီးပါပဲလား။


ကျီရှောင်အုံး အားရကျေနပ်စွာဖြင့် အံ့ဩသွားလိုက်တယ်။ သံလွင်သီးက ရောဂါတစ်ချို့ကို ကုသပေးနိုင်ရုံမကဘူး ဆီအဖြစ်သို့ ကြိတ်ခွဲလို့ရနိုင်တာပင်။


သူမတို့တွေ ကမ်ပိန်းခရီးစဉ်မှာ ဟင်းချက်ဆီမှလွဲလို့ ကျန်တဲ့အရာ‌တွေအကုန်လုံး ယူဆောင်လာခဲ့တာပဲ။ ဒီရက်တွေမှာ သူမ စွပ်ပြုတ်ချက်တိုင်း တော်တော်သိသာတာပဲ ဆီမပါ ပြားမပါဘဲ အရမ်းပေါ့နေခဲ့တယ်။


တကယ်လို့ သူမ သံလွင်ဆီထည့်ချက်နိုင်မယ်ဆိုရင် ချက်ရတာက ဘာပြဿနာမှ ရှိ‌တော့မှာမဟုတ်တော့ပေ။ သူမနေရာလွတ်ထဲမှာကလည်း အသားကင်စက်က သုံးဖို့အဆင်သင့်ပင်။


ကျီရှောင်အုံးတစ်ယောက် အားရဝမ်းသာဖြစ်သွားခဲ့ပြီး အကိုင်းတစ်ကိုင်းတည်းတွင် သီးနေတဲ့ သံလွင်သီးအားလုံးကို ခူးပစ်လိုက်ခဲ့ပါတယ်။


ကံကောင်းတာက သူမ အိမ်ကနေ မထွက်လာလိုက်ခင် ဝါးခြင်းတောင်းတစ်တောင်းယူလာလို့ပင်၊ သူမ ခူး ထားသော သံလွင်သီးအားလုံးကို ဝါးတောင်းထဲတွင် ထည့်လို့ရသွားလိုက်တယ်။ ဒီနေရာက အကိုင်းမှာ ခူးလိုက်ပြီးတော့ အခြားသစ်ကိုင်းတွေက အရမ်းမြင့်နေခဲ့ပြီး ကျီရှောင်အုံး ခူးလို့မမှီဖြစ်နေခဲ့တယ်။ သူမ ခြေဖျားထောက်ပြီးတော့ အကြိမ်တော်တော်များများ လက်လှမ်းလိုက်ပေမဲ့ အကိုင်းဖျားက သစ်ရွက်ကိုတောင် သူမ မမှီခဲ့ပေ။ 


ဆူဇန်နာ က သစ်ပင်အောက်က ကောင်မလေးကို ကြည့်ပြီး တီးတိုးရေရွတ်လိုက်တယ် "အစိမ်းအသီးက ဘယ်လောက်များ ကောင်းနေလို့လဲ......"


ဆူဇန်နာက အရင်က ဒီလို အသီးမျိုး စားဖူးထားတာပဲဖြစ်တယ်။ အရသာက စားရတာ ချဉ်စပ်စပ်နဲ့ မာလည်းမာသေးတယ်၊ သူမကတော့ ဒီလိုအသီးတွေကိုတော့ စိတ်ကိုမဝင်စားပေ။


ကျီရှောင်အုံးလုပ်နေတာကို ကြည့်နေရတာ နားလည်ဖို့ အနည်းငယ်ခက်ခဲနေခဲ့ပါတယ်။


ကျီရှောင်အုံး မူလက ခုန်ပြီး ခူးမလို့ လုပ်လိုက်ပေမဲ့ သူမဗိုက်က နာနေသေးတာကို စဉ်းစားမိလိုက်ပြီး ဒီလောက်ခက်ခက်ခဲခဲ ဆွဲဖို့က မသင့်လျော်နိုင်တော့ လက်သာလက်‌လျော့လိုက်တော့တယ်။


သူမ နည်းနည်းသာ ခူးလိုက်နိုင်ပြီး သူမ ဝါးတောင်းအောက်ခြေမှာ ထားဖို့ လုံလောက်ရုံလေးပဲရှိတယ်။ ဆီ ထုတ်လို့တော့ မရနိုင်တော့ဘူးပဲ။


ဆူဇန်နာ က သူမရှေ့ကနေ လျှောက်သွားလိုက်ပြီး သူမကတော့ နောက်က လိုက်ပါလာခဲ့ရင်း သူမရဲ့ ဒဏ်ရာ အရှင်းပျောက်တဲ့အထိ စောင့်ရဦးမှာကို စိတ်မချမ်းမသာဖြစ်သွားလိုက်တယ်။


ဒီနေရာက သစ်ပင်တွေအားလုံး ထူးထူးဆန်းဆန်း အပင်တွေဖြစ်ကြပြီး အသီးအနှံတွေက အတော်လေးကို ကွဲပြားခြားနားနေခဲ့တယ်။


ကျီရှောင်အုံး လမ်းတစ်လျှောက်မှာ သူမ သိနေတဲ့ အပင်တွေ အများကြီးကိုလည်း တွေ့လိုက်ခဲ့တယ်။


တောင်ဝါး၊ သစ်ကြားသီး၊ပင် နို့ပန်းသီးပင် တွေပဲ.....


၂၁ ရာစုက အပင်ပုံစံမျိုးနဲ့ အနည်းငယ် ကွဲပြားပေမဲ့ တော်တော်များများက အတူတူပင်ဖြစ်တယ်။


ကျီရှောင်အုံး ရတနာတွေအဖြစ်နဲ့ ဒီဟာတွေကို တွေ့ရှိလိုက်ခဲ့ပြီး သူမ ဝါးခြင်းတောင်းထဲမှာ ထည့်လိုက်ကာ အပြန်ကို သယ်သွားဖို့ စီစဉ်လိုက်ခဲ့တယ်။


သစ်တောထူထပ်သော ပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် အရွက်များက ဒီတောအပိုင်းတွင် ဖူးပွင့်ဝေဆာနေခဲ့သည်။


ကျီရှောင်အုံးက ဆက်လက် လျှောက်လှမ်းနေပြီး နောက်ထပ်ဝေးဝေးသွားရန် အဆင်သင့်ပြင်နေပြီဖြစ်သော်လည်း ရုတ်တရက် ဆူဇန်နာက လက်လှမ်းလိုက်ပြီး သူမကို တားလိုက်ခဲ့တယ် "ထပ် အဝေးကြီးမသွားနဲ့တော့" 


ကျီရှောင်အုံးက ဆူဇန်နာပြောတာကို နားမလည်လိုက်သော်လည်း သူမမျက်လုံးများထဲက အလေးအနက်ရှိမှုနဲ့ ကိုယ်ဟန်အမူအရာကနေ နားလည်လိုက်ခဲ့တယ်။


"ဘာဖြစ်လို့လဲ" ကျီရှောင်အုံးက မေးလိုက်တယ်။


ဆူဇန်နာက ကျီရှောင်အုံး၏လက်ကို တိုက်ရိုက်ဆွဲကိုင်လိုက်ပြီး သူမကို နောက်ပြန်ဆွဲလိုက်ခဲ့တယ်။


ကျီရှောင်အုံး ယိုင်သွားလိုက်ပေမဲ့ သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်ထိန်းထားလိုက်နိုင်ခဲ့တယ် "ခဏနေပါဦး။ ငါတို့ ပြန်တော့မှာလား"


ဆူဇန်နာက ဒီစကားကို နားမလည်လိုက်သလို ကျီရှောင်အုံး ကိုလည်း မရှင်းပြလိုက်ခဲ့ပေ။ သူမလက်ကို မလွတ်ခဲ့ဘဲ သူမတို့ ခပ်ဝေးဝေးကို ရောက်တော့မှ ကျီရှောင်အုံး၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ခဲ့တယ်။


ကျီရှောင်းအုံး သူမ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ပြီး သူမတို့ နောက်က သစ်တောကို ညွှန်ပြလိုက်တယ်။ သူမ ဒီရက်ပိုင်းအတွင်း သင်ထားခဲ့တဲ့ ကျားသစ်ဘာသာစကား သေးသေးမျှင်မျှင်လေးနဲ့ မေးလိုက်ခဲ့တယ် ။ "အဲဒီကို... သွားလို့မရဘူးလား" 


ဆူဇန်နာ က သူမအား အနည်းငယ် အံ့သြသွားစွာနဲ့ ကြည့်လိုက်ခဲ့တယ်။ "နင်က ငါတို့ ဘာသာစကားကို ပြောတတ်နေပြီလား"


သိသာစွာပင် ဆူဇန်နာက ကျီရှောင်အုံး အရမ်းမြန်မြန်ကြီး သင်ယူနိုင်မယ်လို့ မမျှော်လင့်ထားခဲ့တာပဲဖြစ်တယ်။ ဆက်သွယ်ပြောဆိုလို့ရသွားလိုက်တော့ သူမ ကျီရှောင်အုံး ကို လျင်မြန်စွာ ရှင်းပြလိုက်ခဲ့တယ်။ "အဲဒါက ဝံပုလွေတွေရဲ့ ပိုင်နက်နယ်မြေပဲ။ ငါတို့ ဝင်သွားလိုက်ရင် ဝံပုလွေမျိုးနွယ်တွေ အဲဒီမှာ ရှိနေလိမ့်မယ်"


အဲဒီလိုပြောလိုက်ပြီး ဆူဇန်နာ က မျက်မှောင်ကြုတ်ပြီးနောက် သူမလေသံက မနှစ်မြို့တဲ့အသံဖြစ်သွားခဲ့တယ်။ "ဝံပုလွေတွေက အရမ်းကောက်ကျစ်ပြီး စက်ဆုပ်ဖို့ကောင်းတယ်။ ငါတို့နယ်မြေကို လုယက်ဖို့ သူတို့က ရမ့်ကို ဝိုင်းလုပ်ကြံလိုက်ကြသေးတယ်။ သူတို့ရဲ့ အကြီးအကဲ ဟိုလ်ဒန် က ကောင်းတဲ့အကောင်မဟုတ်ဘူး။ တကယ်လို့ နင်မသေချင်ရင် အဲဒီကနေ ဝေးဝေးနေတာ ကောင်းလိမ့်မယ်"


End Chapter